My Beloved Lady

By ExoL_SuhoTar

53.1K 4.3K 303

Episode 1 သူမ အ​ဝေး​ပြေးကားဂိတ်​ထဲမှာ သူ့ကို ရှာ​နေတာ နာရီဝက်​​လောက်​ ရှိပြီ ခုချိန်​ထိ မ​တွေ့​သေး ... စိတ်​​... More

Episode 1
Episode 2
Episode 3
Episode 4
Christmas Special Present for my reader
Episode 6
Episode 7
Episode 8
Suho Birthday Special Fanfiction Book
Episode 9
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Final
Bonus
SuLay New Fic

Episode 5

2.3K 221 6
By ExoL_SuhoTar

My Beloved Lady
Episode 5

ထိုအချိန်​ ထိုင်​ခုံမှာ ထိုင်​​နေတဲ့သူ ဒီဘက်​လှည့်​လာ​တော့ သူမ ကြည့်​လိုက်​မိသည်

'ဟင်​ '

'ကဲ Luna မင်း အလုပ်​​တွေ မပြီး​သေးဘူးလား မပြီး​သေးရင်​ ငါ သွားမယ်​ '

ဒီအခန်းထဲမှာ Boss ရှိတယ်​လို့ Krytal ​ပြောတယ်​ ဒါဆို ဒီလူက Boss ​ပေါ့

သူမ ရင်​ထဲ ​နားမလည်​နိုင်​တာ​တွေနဲ့ ရှုပ်​​ထွေးသွားသည်​ ... သူလိုလူက ဘာလို့ သူမတို့အိမ်​မှာ ​လာ​နေတာလဲ ....

သူမ ​ခေါင်း​တွေ ရှုပ်​​နေလို့ ကျန်​တာ​တွေလဲ ​ခေါင်းထဲ မဝင်​​တော့ .... သူ့ကိုသာ စိုက်​ကြည့်​မိရင်း ​ကြောင်​​နေမိသည်

'ပြီးပါပြီ Xing ရယ်​ ကဲ သွား​တော့ Kim Suho ဒါ ​နောက်​ဆုံး အကြိမ်​ ခွင့်​လွတ်​ခြင်းပဲ ကြားလား '

'ဟုတ်​ကဲ့ '

သူမ နားမလည်​ခြင်းများစွာနဲ့ အခန်းထဲ ထွက်​လာခဲ့သည်

အခန်းထဲက ထွက်​ထွက်​ခြင်း Krystal ရဲ့ ​မေးခွန်း​တွေလဲ မ​ဖြေနိုင်​ပဲ ကိုယ့်​​နေရာမှ ထိုင်​ရင်း ​ကြောင်​​တောင်​​တောင်​ ဖြစ်​​နေမိသည်

*ဘာလဲ ဘာ​တွေလဲ ဘာလို့ သူက ဒီကို ​ရောက်​​နေတာလဲ *

သူမ စိတ်​​တွေ ရှုပ်​လာတာမို့ ​ခေါင်းမိုးထပ်​ကို တက်​သွားလိုက်​သည်

အ​ပေါ်​ရောက်​​တော့မှ ​လေ​ကောင်း​လေသန့်​ရ​တော့မှ

'ဟူးးး ခုမှပဲ နည်းနည်းသက်​သာသွား​တော့တယ်​ '

သူမ တစ်​​ယောက်​တည်း ​ရေရွတ်​လိုက်​သည်

ခဏကြာ​တော့မှ ​အောက်​ကို ပြန်​ဆင်းလာခဲ့သည်

~~~~~~~~~

သူမ ရုံးဆင်း​တော့ ခြင်း​လေးဆွဲကာ Krystal တို့ကို နှုတ်​ဆက်​ပြီး Bus Stop ကို ထွက်​လာခဲ့သည်

သူမ Bus stop ​ရောက်​​တော့ Bus ​စောင့်​​နေတုန်း သူမ​ရှေ့မှာ ​ပြောင်​လက်​​နေ​သော အနက်​​ရောင်​ ကားတစ်​စီး ရပ်​လာကာ လူတစ်​​ယောက်​ ဆင်းလာသည်

သူမ​ရှေ့ကို လာရပ်​ကာ

'အစ်​ကို​လေးက ​ခေါ်ခိုင်းလိုက်​လို့ပါ အစ်​မ '

'ဘယ်​က အစ်​ကို​လေးလဲ '

'Zhang Yixing အစ်​ကို​လေးပါ '

သူမ မသိတဲ့ နာမည်​ပါ ....

'ဘယ်​က Zhang Yixing လဲ ကျွန်​မ မသိဘူး '

'arr ​မေ့​နေလို့ Siwon လို့ ​ပြောလိုက်​ပါတဲ့ '

*​အော်​ သူကိုး *

'ဘာကိစ္စရှိလို့လဲ '

'မသိပါဘူးခင်​ဗျာ ကျွန်​​တော်​လဲ ​ခေါ်ခိုင်းလို့ လာ​ခေါ်တာပါ '

'​ကောင်းပြီ​လေ လိုက်​ခဲ့မယ်​ ဒါ​ပေမဲ့ မင်းတို့ကားနဲ့ မဟုတ်​ဘူး ​နေရာ​ပြောလိုက်​ လာခဲ့မယ်​လို့ '

'ဗျာ !!!!'

လာ​ခေါ်တဲ့ ​ကောင်​​လေး လန့်​သွားတဲ့ ပုံပါ ....

'ခဏ​လေး​နော်​ အစ်​မ ကျွန်​​တော်​ ဖုန်းဆက်​လိုက်​ဦးမယ်​ '

သူမ ခဏ ​စောင့်​​နေလိုက်​သည်​ ခဏ​နေ​တော့ ထို​ကောင်​​လေး ပြန်​လာပြီး စာရွက်​တစ်​ရွက်​လာ​ပေးသည်

လိပ်​စာ​ပေါ့ ...

တွေ့ကြ​သေးတာ​ပေါ့ Siwon အတုရယ်​ .....

~~~~~~

သူမ သူ​ပြောတဲ့​နေရာကို ​ရောက်​​တော့ အ​ပေါ်ကို ​မော့ကြည့်​လိုက်​သည်

Xing Restaurant..

သူမ တစ်​ချက်​ ကြည့်​ပြီး အထဲကို ဝင်​သွားလိုက်​သည်​ အထဲ​ရောက်​​တော့ ခုနက ​ကောင်​​လေးက ရပ်​​စောင့်​​နေသည်

သူက သူမကို တစ်​ချက်​ ပြုံးပြလိုက်​ပြီး

'အစ်​မ အ​ပေါ်ကို ကြွပါ အ​ပေါ်မှာ အစ်​ကို​လေး ​စောင့်​​နေတယ်​ '

*ဟွန်း ဘယ်​​လောက်​ ကြီးကျယ်​မြက့်​မြတ်​တဲ့ လူမို့ Su ကို ကိုယ်​တိုင်​လာမ​ခေါ်ပဲ လူလွတ်​လိုက်​ ..ဟိုသွားခိုင်းလိုက်​ ဒီလာခိုင်းလိုက်​နဲ့ ... *

သူမ အ​တွေး​တွေ ဆုံးသွား​တော့ အ​ပေါ်ထပ်​ကို ​ရောက်​သွားသည်

အ​ပေါ်ထပ်​က ခုံ​တွေ အကုန်​လုံးမှာ လူတစ်​​ယောက်​မှ မရှိ ....

သူမ တက်​လာသည့်​ဘက်​ကို ​ကျော​ပေးထားတဲ့ ခုံမှာ လူတစ်​​ယောက်​ ထိုင်​​နေသည်​​လေ

သူပဲ ဖြစ်​မှာ​ပေါ့ ...သူမလဲ သူ့ရှိ​နေတဲ့စားပွဲကို ​လျောက်​လာလိုက်​သည်

သူ့ ​ဘေးမှာ ရပ်​လိုက်​ပြီး

'ရှင်​ ဘာ​ပြောစရာ ရှိတာလဲ ​ပြောစရာ ရှိတာ မြန်​မြန်​​ပြော '

'​အော်​ ​ရောက်​လာပြီလား ထိုင်​ပါဦး '

သူက သူ့​ရှေ့က ခုံကို လက်​ညွှန်​ပြရင်း ​ပြောလိုက်​သည်

သူမ တစ်​ချက်​ မဲ့လိုက်​ပြီး

'ထိုင်​စရာ မလိုပါဘူး ရှင်​ ​ပြောစရာ ရှိတာ​ပြော '

'ခဏ​တော့ ထိုင်​ပါကွာ ကိုယ်​​ အ​ရေးတကြီး ​ပြောစရာ ရှိလို့ပါ '

သူမ သူ ​ပြော​တော့မှ သူ့​ရှေ့ခုံမှာ ဝင်​ထိုင်​လိုက်​ပြီး လက်​ထဲက ခြင်းကို ​ဘေးကို ချလိုက်​သည်

'​ဘာ​သောက်​မလဲ '

'ဒီမှာ ရှင်​နဲ့ ကျွန်​မ ငြိမ်းချမ်း​ရေး ယူဖို့လာတာ မဟုတ်​ဘူး ​'

'Ok '

သူက ​ပြောပြီး သူ့ပါးချိုင့်​​လေး ​ပေါ်တဲ့ အထိ ရယ်​လိုက်​သည်

'ကိုယ်​ ​ပြောတဲ့စကားကို ​သေချာနား​ထောင်​​ပေးပါ ... ကိုယ်​ မင်းကို လက်​ထပ်​ချင်​တယ်​ '

'ဘာ !!!!'

ဒီလူ ​ကျောလှချည်​လား .... ရည်​စားစကား​တောင်​ မ​ပြောပဲ လက်​ထပ်​ချင်​လို့တဲ့ ... လူကို အဲ့​လောက်​​တောင်​ အထင်​​သေး​နေတာလား ....

'ရှင်​ ဘာစကား​ပြောတာလဲ '

'ကိုယ်​​ပြောတာ မင်းကို လက်​ထပ်​ချင်​တယ်​လို့ ​ပြောရရင်​ ရိုင်းသွားလိမ့်​မယ်​ကွ .. ဒါ​ပေမဲ့ မ​ပြောလို့လဲ မဖြစ်​ဘူး ဒီလိုပါ ကိုယ်​ လက်​ထပ်​ချင်​တာက အလုပ်​သ​ဘောအရပါ '

' အဲ့ဒါဆို ပိုဆိုးသွားပြီ ရှင် ​တော်​​တော်​ လူကို အလွယ်​မှတ်​တာပဲ '

သူမ ​ပြောပြီး ထရပ်​လိုက်​သည်

'ခဏ​လေး '

သူက လက်​ပြပြီး တားသည်

'မင်း တကယ်​လို့ လက်​ခံတယ်​ဆိုရင်​ စာချုပ်​ချုပ်​ပြီးခြင်း ကိုယ်​ သိန်း၁၀၀၀ ​ပေးမယ်​ ၆လ စာချုပ်​ဆို​တော့ ကြားထဲမှာ တစ်​လကို ၅၀၀ စီ ​ပေးသွားမယ်​ မငိး စိတ်​ဝင်​စားရင်​ ကိုယ့်​ဆီ ဆက်​သွယ်​လိုက်​​ပေါ့ '

သူက ​ပြောပြီး သူမ ကိုင်​ထားတဲ့ ခြင်း​လေးထဲကို Visiting Card ထည့်​လိုက်​သည်

ပြီး​တော့ သူရဲ့ ပါးချိုင့်​​တွေ ​ပေါ်သွား​အောင်​ ပြုံးလိုက်​ရင်း

'မင်း စိတ်​​ပြောင်းသွားရင်​ ဆက်​​နော်​ '

သူက ​ပြောပြီး လက်​ကို တယ်​လီဖုန်းဆက်​ဆိုတဲ့ စတိုင်​နဲ့ မျက်​နှာနဲ့ နားနား ကပ်​ကာ ​ပြောလိုက်​သည်

သူမက​တော့ ​ဒေါသ​တွေ တစ်​​ပွေံ့တစ်​ပိုက်​နဲ့ အိမ်​သို့ ပြန်​ခဲ့ရသည်

~~~~~~~~

အိမ်​သို့ ​ရောက်​​ရောက်​ခြင်း ကြားလိုက်​ရတဲ့ သတင်း​ကြောင့်​ လူက မယိုင်​လဲရုံ တစ်​မည်​ ....

ဘေးနားအိမ်​က က​လေးက လာ​ပြောတာ

'မမအ​ဖေကို ရဲ​တွေ ဖမ်းသွားကြတယ်​ 'တဲ့

သူမလဲ ​ဘေးအိမ်​က အန်​တီကို ​မေးကြည့်​​တော့

'ကား​ပေါ်မှာ ဘိန်းတင်​မှုလို့​ပြောတာပဲ ​ရောက်​​ရောက်​လာခြင်း ​ခေါ်သွားတာ 'တဲ့

ဟုတ်​ပါသည်​ ဖြစ်​နိုင်​ပါသည်​ သုမတို့အိမ်​က တစ်​စီးတည်းသာ ရှိတဲ့ ကားကို ငှားလိုက်​တာ မကြာ​သေး..... ​ဖေ​ဖေက သူမ Taxi ဆွဲတာ မကြိုက်​လို့ သူ ထွက်​သွာ့းပြီးကတည်းက ထိုကားကို လပြတ်​နဲ့ ငှားခဲ့တာ .... အဲ့ကား owner ​ပေါက်​ကေ​ဖ​ဖေနာမည်​နဲ့ပါ

ငှားသွားတဲ့သူ​တွေ မဟုတ်​တာ လုပ်​လာတာပဲ ဖြစ်​မယ်

သူမ ချက်​ချင်းပဲ အိမ်​ထဲက ပြန်​ထွက်​ကာ Taxi ငှားကာ ​ဖေ​ဖေ ရှိရာ စခန်းသို့ သွားသည်

ဟို​ရောက်​​တော့ ​ဖေ​ဖေက ရဲဝန်​ထမ်းရဲ့ ​ရှေ့မှာ ထိုင်​​နေပြီး အစစ်​​ဆေး ခံ​နေပုံ ရသည်

သူမ ​ဖေ​ဖေ​ဘေးမှာ သွားရပ်​လိုက်​ပြီး

'​ဖေ​ဖေ '

'သမီး '

'သမီးတို့ ဘယ်​လိုလုပ်​ကြမလဲဟင်​ ဘိန်းအမှုဆို​တော့ ​တော်​​တော်​နဲ့ ရမှာ မဟုတ်​ဘူး '

သူမ ​ဖေ​ဖေအတွက်​ စိတ်​ပူပြီး မျက်​ရည်​က ​ပေါက်​ခနဲ ....

'မငိုနဲ့ သမီး အမှန်​တရားက ​ပေါ်​ပေါက်​လာမှာပါ '

တကယ်​​တော့ ထိုကားငှားသွားတဲ့လူ​တွေက ကားနဲ့ နယ်​စပ်​ကို ဘိန်းဖြူသယ်​ရာမှာ မိသွားလို့ ကားကို ထားပြီး လူ​တွေက ထွက်​​ပြေးသွားကြသည်

အဲ့ဒါကို ရဲ​တွေက ကား owner ကို တရားခံအဖြစ်​ ဖမ်းသည်

သူမ ဘာလုပ်​ရမလဲ .... ခု​တော့ ​ဖေ​ဖေက အစစ်​​ဆေးခံပြီး ​ဘေးက သံတိုင်​​တွေနဲ့ ကာထားတဲ့ အခန်းထဲမှာ ထိုင်​​နေသည်​​လေ

သူမ ​ဖေ​ဖေကို အဲ့လိုမြင်​ရတာ ရင်​​တွေ ဆွဲစုပ်​ခံထားရတဲ့ အတိုင်းပဲ ....မဖြစ်​ဘူး ဒီအတိုင်း ထိုင်​​နေလို့​တော့ မဖြစ်​ .... ရဲမှုးဆီသွားပြီး တစ်​ခုခု ညှိနှိုင်းကြည့်​ရမယ်​ ... ဟုတ်​တယ်

သူမ ပါးပြင်​​ပေါ်က မျက်​ရည်​​တွေကို သုတ်​လိုက်​ပြီး ထရပ်​လိုက်​ကာ စခန်းထဲသို့ ဝင်​ခဲ့သည်

ပြီး​တော့ ရဲဝန်​ထမ်း တစ်​ယောက်​ကို

'ရဲမှုးကြီးနဲ့ ​တွေ့ချင်​လို့ပါ '

'ဟုတ်​ကဲ့ ဟိုအခန်းပါပဲ '

သူမ ထိုအခန်းထဲဝင်​ပြီး ​ဆွေး​နွေးခဲ့သည်

နောက်​ဆုံး သူက သိန်း၅၀၀ ​ပေးရင်​ အမှု​တွေဘာ​တွေ မလုပ်​​တော့ဘူးတဲ့

အဲ့ သိန်း၅၀၀ ဘယ်​က သွားရှာရမလဲ ....

Su ဘယ်​လိုလုပ်​ရမလဲေ​ဖ​ဖေရယ်​ ...

သူမ စခန်းထဲက ထွက်​လာပြီး ခုနက ထိုင်​ခဲ့တဲ့ ​နေရာမှာ အရုပ်​ကြိုးပြတ်​ထိုင်​ချလိုက်​သည်

သူမ တစ်​ခု .. သတိရမိသွားတာ ... သူ .... ဟုတ်​တယ်

သူမ ခြင်းထဲက Visiting Card ကို ယူကြည့်​လိုက်​သည်

Zhang YiXing
LMR Com. CEO

အောက်​မှာ​တော့ ဖုန်းနံပါတ်​တစ်​ခု ....

သူမ ဆက်​သင့်​သလား ... သူမ သူ​ပြောတဲ့ ကိစ္စလက်​ခံလိုက်​ရင်​ ​ဖေ​ဖေ့ကိစ္စ အဆင်​​ပြေသွားမယ်​ ...

ဒါ​ပေမဲ့ တစ်​ဖက်​မှာလဲ ....

သူ ငါ့ကို အထင်​​သေးသွားမလား ဟင့်​အင်း မဖြစ်​​သေးပါဘူး ​အဲ့​လောက်​ အညှာ မလွယ်​နဲ့ Su....

တစ်​​ယောက်​ထဲ စိတ်​​တွေ ​ယောက်​ယပ်​ခက်​​နေသည်​ ....

လုပ်​ရမလား.... မလုပ်​ရဘူးလား ....

နောက်​ဆုံး​တော့ သူမ ဆုံးဖြတ်​ချက်​တစ်​ခု ချလိုက်​သည်

TBC

ဘာဆုံးဖြတ်​ချက်​ ဖြစ်​မလဲ...?????

update မလုပ်​တာ ​တော်​​တော်​ ကြာသွားပါတယ်​ အဲ့​ကြောင့်​ ရှည်​ရှည်​​လေး ​ရေး​ပေးလိုက်​ပါတယ်​လို့

Update လုပ်​ခိုင်းတဲ့ Saeng @tinmikyi678​ရေ update လုပ်​လိုက်​ပြီ​နော်

အ​နော်​KT Fic ​လေး တစ်​ခု တင်​ထားပါတယ်
Title က He(President's Grandson )ပါ
Wall ထဲ အလည်​လာခဲ့ပါဦးလို့

Thank you ....

Continue Reading

You'll Also Like

145K 14.5K 27
Zhang Chenfi(ကျန်းချန်ဖေး)ဟာ Car Accidentကြောင့် ဦးနှောက်ကိုထိသွားပြီး သူ့ကိုယ်သူ Novelထဲက ဇာတ်ကောင်လို့ ထင်သွားပါတော့တယ် Jiao Qi(ကျောင်းချီ)ကလဲ...
3.7K 704 9
එක් වැසිබර දවසක BTSලාගේ ජීවිතේ සදහටම වෙනස් උනා.. අවුරුදු 5කට පස්සේ ජීසෝ ජන්ග්කුක් මුණ ගැහෙනවා අහම්බෙන්.. ඒත් ඒක අහම්බයක් නෙමෙයි ඒක දෛවය.. මේ දෙන්නට...
352K 28.2K 76
ခပ်တည်"နေတတ်တဲ့ ဂိုဏ်းခေါင်းဆောင် Luó Yù(လောယွီ)နဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အယောင်ဆောင် ကောလိပ်ကျောင်းသား Ruǎn Zhēng(ရွမ်ကျန်း)... Author(s)...
79.6K 3K 20
လက်ထပ်ဖို့ထိ ရည်ရွယ်ထားတဲ့ ချစ်သူ ရှိလျက်နဲ့ ရည်းစားများပြီး ပွေရှုပ်နေဆဲ ဖြစ်တဲ့ မြတ်မင်းမောင် ။ ချစ်သူက ရည်းစားများတဲ့အပြင် သူ တွဲတဲ့မိန်းကလေးတွေနဲ...