ေနာက္ဆံုးေသာ ရိုမီယို (နောက်ဆ...

De lonylonylone

406K 28K 2.8K

သင္ ေတြးျကည့္ဖူးလား?..... ဂ်ဴ းလီးယက္သာ ရိုမီယိုကို မခ်စ္ခဲ့ရင္..... ဒါမွမဟုတ္..... ရိုမီယို ခ်စ္ခဲ့သူက ဂ်ဴ း... Mais

စတင္မူ
ျဖစ္တည္မႈ
တည္ရွိ္မူ
လိုအပ္မူ
ၿငိတြယ္မူ
ရုန္းကန္မူ
႐ႈပ္ေထြးမူ
ေတြေဝမူ
ျပင္းျပမူ ( 18 + )
မိုက္မဲမူ
ေမၽႇာ္လင့္မူ
ေတာင္းပန္မူ
ယံုၾကည္မႈ
ခံယူမႈ
ဆံုးရႈံးမူ
တည္ေဆာက္မႈ
လစ္ဟာမူ
ေဝဝါးမႈ ( ေၾကာ္ျငာ )
ေဝဝါးမႈ
စိုးထိတ္မႈ
ၿပီးဆံုးမူ
ဆံုးျဖတ္မႈ
ဂ်ဴးလီယက္ ထံသို႔ (၁)
ဂ်ဴးလီယက္ ထံသို႔ (၂)
ဂ်ဴးလိယက္ ထံသို႔ (၃)
ဂ်ဴးလိယက္ ထံသို႔ (၄)
ဂ်ဴးလိယက္ထံသို႔ (ေနာက္ဆံုးေပးစာ)
ခေတ်သစ် ရိုမီယို (အထူးပိုင်း)

မုန္းတီးမႈ

11.6K 939 104
De lonylonylone

(Z)

"ဘယ္သြားမလို႔လဲ ။ "

"........."

" chanyeol အခု ဘယ္သြားမလို႔လဲဟ ။ "

" ၿငိမ္ၿငိမ္ေလး လိုက္ခဲ့ ။ "

ကြၽန္ေတာ္ ဆြဲေခၚရာေနာက္ ပါလာျပီး အေနာက္တြင္ တတြတ္တြတ္ေျပာေနေသာ သူ႔ရဲ့ စကားကို ကြၽန္ေတာ္ ဘာမွမေျဖပဲ ျပန္ေျပာလိုက္သည္ ။ ကြတ္ျကည့္ ကြတ္ျကည့္ စူးစမ္းၾကည့္ေနၾကေသာ ေက်ာင္းဝင္းထဲရွိ ေက်ာင္းသားမ်ားကို ကြၽန္ေတာ္ ဂရုမစိုက္စြာပင္ ေသးငယ္လွသည့္ သူ႔ရဲ့ လက္ဖဝါးကို တင္းက်ပ္စြာဆုပ္ကိုင္ကာ လွမ္းျမင္ေနရေသာ ကားရပ္ထားရာေနရာသို႔ ေခၚေဆာင္လာခဲ့သည္ ။ ပံုမွန္အခ်ိန္မ်ားတြင္ေတာ့ ကြၽန္ေတာ္တို႔ရဲ့ အႏုပညာတကၠသိုလ္က ေက်ာင္းသားမ်ား အခုေလာက္မ်ားျပားလြန္းသည္မဟုတ္ေပမယ့္ အခုလို စာေမးပြဲေျဖဆိုသည့္ ေန႔မ်ားတြင္ေတာ့ ေက်ာင္းဝင္းအတြင္း ေက်ာင္းသားမ်ား အလိုလိုျပည့္လၽႇံေနသည္မွာ အံ့ဩစရာေတာ့ ေကာင္းလြန္းလွသည္ ။ တစ္ခါတစ္ရံ ေက်ာင္းတက္ေနစဥ္တြင္ တစ္ႀကိမ္တစ္ခါမၽႇ မျမင္ဘူး၊ မေတြ႕ဘူးေသာ ေက်ာင္းသားမ်ားကိုပါ ေတြ႕ရသည္ ။ သူတို႔ေတြ တစ္နွစ္ပတ္လံုး မည္ကဲ့သို႔ ေက်ာင္းတက္ေနသည္လည္း ကြၽန္ေတာ္သိခ်င္သားပင္ ။

ကြၽန္ေတာ္ ရပ္ထားသည့္ ကားအနားေရာက္ေတာ့ ကားတခါးဆြဲဖြင့္ေပးကာ သူ႔အား ကားထဲဝင္ထိုင္ေစလိုက္သည္ ။ သူကေတာ့ ကြၽန္ေတာ့္ လုပ္ရပ္မ်ားကို ဘာမွဆက္မေမးေတာ့ပဲ ကြၽန္ေတာ့္ကိုသာ မ်က္စိတစ္ဆံုးလိုက္ျကည့္ေနသည္ ။ ကြၽန္ေတာ္ သူ႔အား ထိုင္ခံုခါးပတ္ပတ္ေပးျပီး တစ္ဖက္ထိုင္ခံုတြင္ဝင္ထိုင္ကာ ကားစက္နႈိးလိုက္သည္ ။ ေက်ာင္းဝင္းထဲရွိ လမ္းမမ်ားေပၚတြင္ေတာ့ ေမးခြန္းစာရြက္မ်ားက ဟိုနားတစ္စ ဒီနားတစ္စ ပ်ံ႕ႏွံ႔ေနျကသည္ ။ မၾကာခင္ စာေမးပြဲေနာက္ဆံုးေန႔ျဖစ္သည့္အတြက္ ေက်ာင္းသားအခ်ိဳ႕က လြတ္လပ္ျခင္းကို ခံစားကာ ေအာ္ဟစ္ေနျကလိမ့္မည္ ။ တစ္ခ်ိဳ႕ကေတာ့ ခြဲခြာျခင္းကို ေၾကကြဲစြာ ငိုေၾကြးေနျကလိမ့္မည္ ။ တစ္ေယာက္နွင့္တစိေယာက္ အဆက္အသြယ္မျပက္ဖို႔ မွာတမ္းေျခြေနျကလိမ့္မည္ ။ မနက္ျဖန္ဆိုရင္ ကြၽန္ေတာ္တို႔ေတြက ျပင္ပေလာကကို ေရာက္ရွိျကေတာ့မည္ေလ ။ ကိုယ္စီထားရွိျကသည့္ ရည္မွန္းခ်က္မ်ားအတိုင္း အေကာင္အထည္ေဖာ္ျကရေတာ့မည္ ။ ကြၽန္ေတာ္တို႔ေရာ ။ ကြၽန္ေတာ္နွင့္ သူ႔ရဲ့ ရည္မွန္းခ်က္ကေရာ အနာဂတ္မွာ တစ္ထပ္တည္းက်ပါ့လား ။ ကြၽန္ေတာ္ ဘာေၾကာင့္လည္းမသိ ထိုကဲ့သို႔ အေတြးၾကားမွာ စိုးရိမ္ပူပန္မိသည္ ။ သူ႔အေပၚထားခဲ့မိသည့္ ကြၽန္ေတာ့္ရဲ့ ေမၽႇာ္လင့္ခ်က္ေတြက ကြၽန္ေတာ္ ေတြးထင္ထားသည္ထက္ ပိုၿပီးမ်ားျပားေနသည္ ထင္သည္ ။

က်ြန္ေတာ္ ကားကို အႏုပညာတကၠသိုလ္ေက်ာင္းဝင္းထဲမွ ထြက္ကာ အေဝးေျပးလမ္းေပၚသို႔ ဦးတည္လိုက္သည္ ။ ေဘးကသူကေတာ့ တစ္ရိပ္ရိပ္ျဖက္သြားသည့္ ပတ္ဝန္းက်င္မ်ားကို ေငးျကည့္ရင္း တစ္ေျဖးေျဖးအေဝးေရာက္ရွိေနသည့္ ၿမိဳ႕ျပင္အေနအထားေျကာင့္ ကြၽန္ေတာ့္အား နားမလည္စြာ လွည့္ျကည့္လာသည္ ။

" မင္း ဘယ္သြားေနတာလဲ ။ "

ကြၽန္ေတာ္ သူ႔အား တစ္ခ်က္လွည့္ျကည့္လိုက္ေတာ့ သူက ကြၽန္ေတာ့္အေျဖကို ေမၽႇာ္လင့္တျကီး မ်က္လံုးေလးဝိုင္းကာ ၾကည့္ေနသည္ ။ ကြၽန္ေတာ္ ပါးခ်ိဳင့္ေပၚေအာင္ တစ္ခ်က္ျပံဳးကာ ။

" မင္းကို ခိုးေျပးလာတာေလ ။ "

" ဘာ ။ "

အနည္းငယ္ က်ယ္ေလာင္စြာထြက္က်လာသည့္ သူ႔စကားေျကာင့္ ကြၽန္ေတာ္ ျပံဳးေနရာမွ အသံထြက္ တစ္ခ်က္ရီေမာလိုက္မိသည္ ။ သူ႔ကို လွည့္ျကည့္ေတာ့ ပန္းႏုေရာင္သူ႔ႏႈတ္ခမ္းသားဖူးဖူးေလးက တစ္ခုခုေျပာခ်င္ေနသလို တုန္ေနသည္ ။ သူ႔ ရဲ့ ဝိုင္းစက္လြန္းလွသည့္ မ်က္လံုးမ်ားက ပုတ္ခတ္ပုတ္ခတ္ျဖင့္ အံ့ဩေနသည္ ။ ကြၽန္ေတာ့္ စကားလံုးမ်ားမွာ ဘာမ်ား အံ့ဩစရာပါေနလို႔ပါလိမ့္ ။ ဘာေၾကာင့္မ်ား ဒီဂ်ပုက ဒီေလာက္ အံ့ဖြယ္ပံုစံျဖစ္ေနရသည္လဲ ။ ခ်စ္သူကို ခိုးေျပးတာ သဘာဝပင္မဟုတ္လား ။ သိပ္လည္း ဆန္းၾကယ္လြန္းလွသည္လည္း မဟုတ္ပါပဲ ။ တစ္ခုပင္ရွိမည္ ။ အခုလို ေန႔ခင္ေျကာင္ေတာင္ေတာင္ေတာ့ ဘယ္သူမွ မိန္းမ မခိုးတန္ေကာင္းပါရဲ့ ။ ထားလိုက္ပါ ။ ကြၽန္ေတာ္ကလည္း မိန္းမခိုးသည္မွ မဟုတ္ပဲ ။ ေယာက်ာၤးခိုးတာပဲကို ။

" မင္း စေနတာလား ။ "

" မစပါဘူး ။ အတည္ေျပာတာ ။ ငါ မင္းကို ခိုးေျပးလာတာ ။ "

ကြၽန္ေတာ္ ကားကို ေမာင္းရင္း ျပံဳးကာေျပာလိုက္သည္ ။ သူက ဘာမွဆက္မေျပာေတာ့ပဲ သက္ျပင္းတစ္ခ်က္ခ်ကာ ၿငိမ္သက္သြားသည္ ။ ကြၽန္ေတာ္ သူ႔ရဲ့ သက္ျပင္းခ်သံေျကာင့္ သူ႔အားလွည့္ျကည့္လိုက္ေတာ့ ။ သူက ကားမွန္မွတစ္ဆင့္ အျပင္ဘက္ကို ေငးျကည့္ေနသည္ ။ ၿငိမ္သက္ေနသည္ဆိုေပမယ့္ သူ႔ေပါင္ေပၚရွိ သူ႔လက္ေခ်ာင္းမ်ားကေတာ့ စိတ္လႈပ္ရွားမူကို ေဖာ္ျပသလို လႈပ္ရွားေနသည္ ။ ကြၽန္ေတာ္ လမ္းရွင္းေနေသာ အေဝးေျပးကားလမ္းေဘးတြင္ ကားကို ထိုးရပ္လိုက္ေတာ့ သူက ကြၽန္ေတာ့္ကို လွည့္ျကည့္လာသည္ ။

" မင္းက ဘာျဖစ္ေနတာလဲ ။ "

ကြၽန္ေတာ့္စကားေျကာင့္ သူက မ်က္လံုးေလး ျပဴးလာသည္ ။

" ဘာမွ မျဖစ္ပါဘူး ။ "

" ဘာလဲ ။ ငါခိုးေျပးမွာ ဒီေလာက္ ေၾကာက္စရာလား ။ မလိုက္ခ်င္ရင္လည္း မလိုက္ခ်င္ဘူး ျငင္းေပါ့ ။ "

ကြၽန္ေတာ့္ စကားလံုးအဆံုး သူက မ်က္လႊာေလးခ်ကာ ၿငိမ္သက္ေနျပန္သည္ ။ တစ္ခါတေလ အခုလို သူ႔ရဲ့ မထံုတတ္ေသးပံုစံကို ဘာရယ္မဟုတ္ ကြၽန္ေတာ္ စိတ္အလိုမက်ေတာ့ ျဖစ္မိသည္ ။ ကြၽန္ေတာ္ဆိုသည့္ေကာင္က အတိတ္မေမ့ခင္ကေရာ အခု အတိတ္ေမ့ေနခ်ိန္ေရာ သူ႔အတြက္ဆိုရင္ အၿမဲအဆင္သင့္ ရွိေနတတ္သူျဖစ္ျပီး သူ႔အတြက္ အၿမဲ ကာကြယ္ေပးဖို႔ရွိေနတတ္သည္ေလ ။ ဒါေၾကာင့္ ကြၽန္ေတာ့္လိုပင္ သူ႔အား ျဖစ္ေစခ်င္သည္ ။ သူလည္း ကြၽန္ေတာ့္အတြက္ ဘယ္အခ်ိန္မဆို အဆင္သင့္ျဖစ္ေနေစခ်င္သည္ ။ အရင္က သူ႔ဆီက တုန္ျပန္မႈေတြက ကြၽန္ေတာ့္ ေပးဆပ္ျခင္းနွင့္ ထပ္တူမက်ခဲ့ဘူးဆိုရင္ေတာင္ အခုအခ်ိန္မွာေတာ့ ကြၽန္ေတာ့္ ေပးဆပ္ျခင္းေတြအတြက္ တူညီေသာ တုန္ျပန္မႈေတြကို သူ႔ဆီက အျပည့္အဝ ရရွိခ်င္သည္ ။ ဒါကို ေလာဘျကီးလာသည္ ဆိုမလား ။ လူဆိုတာက ေလာဘရဲ့ သားေကာင္ပဲေလ ။ ေပးဆပ္ျခင္းက မြန္ျမတ္မူဆိုရင္ေတာင္ တစ္ဖက္လူက တန္ဖိုးမထားရင္ အေရးမပါသည့္ အျပဳအမူတစ္ခု ျဖစ္သြားတတ္သည္ေလ ။ ဒါေၾကာင့္ ကြၽန္ေတာ့္ ခံစားခ်က္မ်ားအား တန္းဖိုးရွိေစရန္ သူ႔အား တုန႔္ျပန္ေစခ်င္သည္ ။ ကြၽန္ေတာ့္အတြက္ တန္ဖိုးရွိသည့္ ခ်စ္ျခင္းမ်ိဳးကို သူနွင့္ အတူ ဖန္တီးခ်င္သည္ ။

သူက ေခါင္းေလးငံု႔ထားလ်ွက္ပင္ ။

" တစ္ခါတေလ ငါ့ကိုယ္ငါလည္း အားမရဘူး chanyeol "

ကြၽန္ေတာ္ သူ႔စကားကို နားမလည္နိုင္ျဖစ္ေနမိသည္ ။ သူက ဘာကိုအားမရျဖစ္ေနသည္လဲ ။ ဘာကို စိတ္တိုင္းမက်စြာ ခံစားေနမိသည္လဲ ။ သူက ေခါင္းငံု႔ၿပီးေနရာမွ ေခါင္းေမာ့လာကာ ရွင္းလင္းေနေသာ အေဝးေျပးကားလမ္းမျကီးကို တစ္ခ်က္ေငးျကည့္ေနျပန္သည္ ။ တစ္ခါတေလေတာ့လည္း အရင္ကလို သူ႔ရဲ့ ခံစားခ်က္တိုင္းကို နားလည္ျပီး သူနွင့္ ထပ္တူထပ္မ်ွ ခံစားတတ္သည့္ chanyeol ျပန္ျဖစ္ခ်င္သား ။ ကြၽန္ေတာ္ မွတ္မိလာသည့္ ကြၽန္ေတာ္တို႔ အတိတ္ထဲတြင္ သူ႔အား မ်က္ေတာင္မခတ္ေငးျကည့္ရင္း သူ႔ခံစားမႈေတြကို အဓိပၸာယ္လိုက္ေဖာ္ေနသည့္ ရူးေျကာင္ေျကာင္ chanyeol ဆိုတာကို တစ္ခါတေလ ရူးမိုက္လွခ်ည္လားဟု အျပစ္တင္မိေပမယ့္ တစ္ခါတစ္ရံေတာ့လည္း ထိုကဲ့သို႔ ရူးမိုက္မူမ်ိဳးကို ခံစားခ်င္သား ။ သာတယ္ ။ နာတယ္ ။ နိုင္တယ္ ။ ရႈံးတယ္ မတြက္ပဲ အရွိကိုအရွိအတိုင္း ခ်စ္ခ်င္သည္ ။ ဒါေပမယ့္ အတိတ္ေမ့ေနသည့္ ကြၽန္ေတာ္ကေတာ့ အနည္းငယ္မၽႇ သူ႔ကို အနိုင္ယူခ်င္သည္ ။ တစ္စထက္တစ္စ သူ႔ကို ပိုၿပီး ပိုင္ဆိုင္ခ်င္သည္ ။ သူက သက္ျပင္းတစ္ခ်က္ခ်ကာ ။

" အေရွ႕ကို ႀကိဳတင္ေတြးေတာျပီး စိုးရိမ္ေနတဲ့ ငါ့ကိုယ္ငါလည္း ေဒါသထြက္တယ္ ။ မင္းက ငဲ့ကြက္စရာ ဘာတစ္ခုမွ မရွိလို႔ အရာရာကို ျပတ္သားစြာ ဆံုးျဖတ္နိုင္ေပမယ့္ ငါကေတာ့ မင္းလို မဟုတ္ဘူးေလ ။ "

သူက စကားကို ဆက္မေျပာပဲ ကြၽန္ေတာ္က ဆံပင္ကို ဒီထက္တိုေအာင္ မညွပ္နဲ႔ဟု ေျပာထား၍ အနည္းငယ္ရွည္လာသည့္ သူ႔ နဖူးေပၚရွိ ဆံပင္ကို လက္ျဖင့္ သပ္တင္ကာ ႏႈတ္ခမ္းေကြးသည္ဆိုရံုေလး ျပံဳးလိုက္သည္ ။ ထိုအျပံဳးက ေလွာင္ရီသည့္ သေဘာကိုေဆာင္သည္ဟု ကြၽန္ေတာ္ ေတြးလိုက္မိေတာ့ သူ မည္မၽႇေလာက္ ေလာကႀကီးကို စိတ္ပ်က္ေနသည္နည္း ။

" ငါ့မွာ မိသားစုရွိေသးတယ္ေလ ။ "

တိုးတိမ္လြန္းစြာ ထြက္က်လာသည့္ သူ႔ဆီက စကားသံက ဘာရယ္မဟုတ္ ကြၽန္ေတာ့္ ရင္ကို ဆြဲဖဲ့သလို တစ္ခ်က္နာက်င္သြားသည္ ။ မိသားစု ။ မိသားစု ။ မိသားစု ။ ထိုစကားလံုး ကြၽန္ေတာ့္အား အဆိုးဝါးဆံုး နာက်င္မႈကို ျဖစ္ေပၚေစသည္ကို သူ သိရဲ့သားနွင့္ ဘာေၾကာင့္ သူ ေျပာထြက္ရက္သည္လဲ ။ ကြၽန္ေတာ့္ အေတြးထဲ ကြၽန္ေတာ့္ ေၾကာင့္ ကြၽန္ေတာ့္ မိသားစုကို ဆံုး႐ႈံးခဲ့မူကို သတိရမိေတာ့ သူ႔အား စိတ္ထဲ နားျကည္းမူက အလိုလိုကပ္ပါလာသည္ ။ ဒါေပမယ့္ နာက်င္စြာ တစ္ခုခုေျပာရန္ စိတ္ကူးမိေသာ္လည္း တကယ္တမ္းေတာ့ ကြၽန္ေတာ့္ ေရွ႕က ကေလးတစ္ဦးလို ျဖဴစင္ျပီး ေၾကကြဲျခင္းေတြနွင့္ ျပည့္နွက္ေနသည့္ မ်က္ဝန္းကို ျမင္ေတာ့လည္း ကြၽန္ေတာ္ ဘာစကားမွ ေျပာမထြက္ခဲ့ပါ ။ တကယ္ေတာ့ မင္းက ငါ့ကို အရင္ကေရာ အခုေရာ အၿမဲ အနိုင္ရေနျကပါပဲ kyungsoo ။ ကြၽန္ေတာ္ အနည္းငယ္မ်ွ လြင့္ထြက္ခ်င္ေနသည့္ အလိုမက်ျခင္းခံစားမူေတြကို ျမိဳသိပ္ကာ သက္ျပင္းရွည္တစ္ခ်က္ကို ခ်လိုက္ျပီး ကားစက္နႈိူးရန္ ဟန္ျပင္လိုက္ေတာ့သည္ ။ ဘာေတြပဲ ျဖစ္ျဖစ္ ကြၽန္ေတာ္မွ သူ႔ကို မေမ့နိုင္ေသးပဲ ။ အေႏွာင့္အယွက္ျဖစ္စရာ ကိစၥေတြ ကြၽန္ေတာ္တို႔ၾကားမွာ မရွိေစခ်င္ပါ ။

" မင္းနဲ႔အတူ မသြားျဖစ္တဲ့ ေနရာကို သြားမလို႔ ။ "

ကြၽန္ေတာ္ ကားစက္နႈိးျပီး ေျပာလိုက္သည့္ စကားေျကာင့္ သူက ကြၽန္ေတာ္ကို ၾကည့္ကာ ။

" ဘယ္ေနရာလဲ ။ "

ကြၽန္ေတာ္ ေက်နပ္စြာ တစ္ခ်က္ျပံဳးျပီး ကားကို အေဝးေျပးလမ္းမေပၚ ျပန္လည္ေနရာယူကာ အရွိန္ျမင့္ေမာင္းလိုက္သည္ ။

" ဆာဂီမက္ရြာဘက္ကို ။ "

ကြၽန္ေတာ့္ စကားဆံုးေတာ့ သူက ဆာဂီမက္ရြာဆိုသည့္ စကားကို တိုးတိုးေလး ေရရြတ္ေနသည္ ။ ၿပီးေတာ့ ကြၽန္ေတာ့္ကို နားမလည္စြာ ၾကည့္ျပီး ။

" ဘယ္မွာရွိတာလဲ ။ ေဝးလား ။ "

ကြၽန္ေတာ္ မ်က္လံုးျပဴးကာျကည့္ေနသည့္ သူ႔ကို တစ္ခ်က္လွည့္ျကည့္ျပီး ျပံဳးလိုက္မိသည္ ။

" မေဝးပါဘူး ။ ခ်ဳခ်ဳန္းေဒသဘက္မွာပါ ။ ဆိုးလ္ၿမိဳ႕နဲ႔ ၂ နာရီေက်ာ္ေလာက္ပဲ ေမာင္းရတာပါ ။ အခု ၁၁နာရီဆိုရင္ ည မိုးမခ်ဳပ္ခင္ မင္း အိမ္ျပန္ေရာက္ပါတယ္ ။ စိတ္ခ်လက္ခ်ေန ။ ငါလည္း မိန္းမမယူခ်င္ေသးပါဘူး ။ "

ကြၽန္ေတာ့္ စကားေျကာင့္ သူ ေခါင္းျငိမ့္ေနရာမွ ေခါင္းေထာင္လာကာ ကြၽန္ေတာ့္ကို လွည့္ျကည့္လာသည္ ။

" ဘာ မိန္းမ မယူခ်င္တာလဲ ။ ငါက မိန္းမလား ။ မင္းေျပာပံုက ။ "

ကြၽန္ေတာ္ သူ႔ စကားေျကာင့္ ကားေမာင္းရင္း တဟားဟား ေအာ္ရီလိုက္မိသည္ ။

" မင္းက ငါ့မိန္းမပဲေလ ။ အခုထိ မသိေသးဘူးလားကြ ။ "

ကြၽန္ေတာ္ ရီသံမ်ားျကားမွ ကားေမာင္းရင္း ေဘးတြင္ထိုင္ေနေသာ သူ႔ဘက္ ကိုယ္ေလးေစာင္းျပီး ေျပာလိုက္သည္ ။ သူကေတာ့ ေစာင္းက်လာသည့္ ကြၽန္ေတာ့္ ပုခံုးကို လက္နွစ္ဘက္ျဖင့္ တြန္းလႊတ္ကာ ကြၽန္ေတာ့္အား မ်က္ေစာင္းျဖင့္ စိုက္ျကည့္လာသည္ ။ ၿပီးေတာ့ ကြၽန္ေတာ့္ လက္ေမာင္းကို သူ႔လက္သီးေသးေသးေလးေတြနွင့္ ထုရိုက္ရင္း ။

" မင္းေသခ်င္ေနတာလား ။ ဘာ မိန္းမလဲ ။ ေအး မင္း ငါ့အေျကာင္း သိမယ္ ။ "

အေဝးေျပးကားလမ္းမေပၚရွိ အရွိန္ျမင့္ကာ ေမာင္းေနသည့္ ကားေပၚတြင္ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ရဲ့ ရီေမာသံနွင့္ ေအာ္ဟစ္သံမ်ားက ျဖတ္တိုက္ေနေသာ ေလနွင့္အတူ ပ်ံ႕ႏွံ႔ေနလိမ့္မည္ ။ တစ္ခ်က္တစ္ခ်က္ သူ႔ရဲ့ စိတ္ဆိုးကာ ကြၽန္ေတာ့္ လက္ေမာင္းနွင့္ ကြၽန္ေတာ့္ ဗိုက္ကို လာေရာက္ ထိုးနွက္သည့္ အျပဳအမူေၾကာင့္ ကြၽန္ေတာ့္ရဲ့ ေအာ္သံျပာျပာျကီးက က်ယ္ေလာင္စြာထြက္ေပၚလာသည္ ။

ကြၽန္ေတာ္နွင့္သူ အခ်ိန္၂နာရီေက်ာ္မ်ွ ကားေမာင္းျပီး ဆာဂီမက္ရြာသို႔ေရာက္ရွိလာသည္ ။ ဆိုးလ္ၿမိဳ႕နွင့္ အလွမ္းမေဝးေပမယ့္ ဆာဂီမက္ေက်းရြာကေတာ့ အနည္းငယ္မ်ွ ေရွးဆန္ကာ ရိုးသားေသာ ေက်းရြာသားမ်ားနွင့္ ေတာင္ယာသမားမ်ား ေနထိုင္ျကသည္ ။ ထိုေဒသက ဂ်င္စင္းထြက္သည့္ ေဒသလည္း ျဖစ္သည္ ။ ႀကီးမားၿပီး တန္ဖိုးျကီးသည့္ ဂ်င္စင္းမ်ားထြက္ရွိျပီး ျပည္ပအထိပါ တင္ပို႔နိုင္သည္ ။

" မင္း ဂ်င္စင္းလာစားတာေတာ့ မဟုတ္ပါဘူးေနာ္ ။ "

ရြာထဲ ကားကို ခပ္ေျဖးေျဖးေမာင္းနွင္လာေတာ့ သူက ရြာလမ္းေဘးရွိ ႀကီးမားလွသည့္ ဂ်င္စင္းစိုက္ထားသည့္ ေတာင္ကုန္းမ်ားကို ေငးျကည့္ရင္း ေျပာလာသည္ ။

" ငါတို႔ အသက္ႀကီးလာရင္ ဒီရြာမွာ အတူတူေနျကမယ္ေလ ။ "

" ဒီရြာကို သေဘာက်လို႔လား ။ "

" ဟင့္အင္း ။ ဂ်င္စင္းစားခ်င္လို႔ ။ "

" ............"

" ဂ်င္စင္းက အားရွိတယ္ဆိုေတာ့ ။ ဂ်င္စင္းစားလိုက္ မင္းကို စားလိုက္ ။ မင္းကို စားလိုက္ ဂ်င္စင္းစားလိုက္ ။ ဘယ္ေလာက္မိုက္လဲ ။ "

ကြၽန္ေတာ့္ စကားမဆံုးခင္ပင္ သူ႔ဆီက လက္တစ္ဖက္က ကြၽန္ေတာ့္ နားရြက္ကို လာဆြဲလိမ္ေတာ့သည္ ။ ကြၽန္ေတာ္ ႀကိဳတင္ေတြးေတာထားမိ၍ ကိုယ္ကို အနည္းငယ္ ယိမ္းကာ ေရွာင္လိုက္ေတာ့ ။ သူ႔ဆီက နဂါးမ်က္ေစာင္းက ကြၽန္ေတာ့္ကို စူးရဲစြာ စိုက္ျကည့္လာေတာ့သည္ ။

က်ြန္ေတာ္ ကားကို ရြာအဝင္လမ္းအတိုင္းေမာင္းလာျပီး ရြာရဲ့ ေတာင္ဘက္ပိုင္းတြင္ရွိသည့္ ေတာအုပ္ေလးရွိရာ ေတာင္ေျခေလာက္တြင္ ကားကို လမ္းေဘးထိုးရပ္လိုက္သည္ ။ ၿပီးေတာ့ ကြၽန္ေတာ္ ကားေနာက္ခန္းထဲမွ ေက်ာပိုးအိတ္ကို ဆြဲယူေကာက္လြယ္ျပီး ကားေပၚမွ ဆင္းလိုက္ေတာ့ သူလည္း ကားေပၚမွ ဆင္းလာသည္ ။

" လာ ။ လိုက္ခဲ့ ။ "

ကြၽန္ေတာ္ သူ႔လက္ကို ဆြဲကာ အစိမ္းေရာင္ေတာအုပ္ေလးရွိရာ ေတာင္ကုန္းလမ္းေပၚ ဦးတည္ေလ်ွာက္လိုက္သည္ ။ စိမ္းစိုေနေသာ ပတ္ဝန္းက်င္အတြင္း ကြၽန္ေတာ္တို႔ႏွစ္ေယာက္ ေရွ႕ေနာက္ေလ်ွာက္ေနသည့္ ေျမလမ္းေလးက လူေတြ သြားလာရ အဆင္ေျပရန္သာ လုပ္ထားသည့္ ပံုစံမ်ိဳးပင္ ျဖစ္သည္ ။ လူ ႏွစ္ေယာက္သာ ယွဥ္တြဲေလ်ွာက္နိုင္သည့္ လမ္းအက်ယ္အဝန္းက အေကြ႕အေကာက္မ်ားနွင့္ပင္ ။ တစ္ခ်ိဳ႕ တက္ရခက္ခဲသည့္ ေနရာတြင္ေတာ့ လမ္း၏ တစ္ဖက္တြင္ ဝါးလံုးျဖင့္ တန္းထားသည့္ လက္ရမ္းလို အတန္းမ်ိဳး ျပဳလုပ္ေပးထားသည္ ။

" ဘယ္ေတြ သြားေနတာလဲ။ ေတာထြက္ၿပီး တရားက်င့္ေတာ့ မလို႔လား ။ "

" ........."

" မေရာက္ေသးဘူးလား ။ ငါ ေမာေနျပီ ။ "

"........."

" chanyeol yahh . "

အေနာက္တြင္ လိုက္ပါလာသည့္ သူ႔ဆီက အဆက္မျပတ္ ထြက္က်လာသည့္ စကားသံမ်ားေျကာင့္ ကြၽန္ေတာ္ ပိုၿပီး ေမာဟိုက္ကာ အသက္ရႈေတာင္ က်ပ္ခ်င္လာသလို ခံစားရသည္ ။ ကြၽန္ေတာ္ ေဘးရွိ ဝါးလက္တန္းကို ထိန္းကိုင္ရင္း အေနာက္ဘက္ရွိ သူ႔ကို လွည့္ျကည့္လိုက္သည္ ။

" ခဏပဲ ေရာက္ေတာ့မွာ ။ ငါ့ကိုလည္း ကိုယ္ခ်င္းစားပါကြ ။ ငါက ေက်ာပိုးအိတ္ေတာင္ လြယ္ခဲ့တာ ။ "

သူကလည္း ဝါးလက္တန္းကို ထိန္းကိုင္ရင္း ခက္ခက္ခဲခဲ အသက္ရွထုတ္ကာ ကြၽန္ေတာ့္အား ေပေစာင္းေစာင္းျကည့္လာသည္ ။

" မင္းက ေန႔တိုင္း အားကစားလုပ္တဲ့သူေလ ။ သက္လံုေကာင္းမွာေပါ့ ။ "

" မင္းကိုလည္း ငါနဲ႔အတူ လုပ္ပါေျပာတာပဲ ။ မင္းပဲ မလုပ္တာေလ ။ "

" မလုပ္ခ်င္ပါဘူး ။ စိတ္ညစ္စရာေကာင္းတယ္ ။ "

" ေအးေလ ။ မင္း မလုပ္လို႔ အခုလို အေမာမခံနိုင္တာေပါ့ ။ ၿပီးေတာ့ မင္း အားကစားမလုပ္လို႔ ငါ့ေလာက္လည္း စိတ္သြားတိုင္း ကိုယ္မပါဘူးမဟုတ္လား ။ တစ္ခါတေလ တစ္ခ်ီတည္းနဲ႔ မင္း မထနိုင္ဘူးေလ ။ "

ကြၽန္ေတာ္ စကားၾကားေတာ့ သူက ကြၽန္ေတာ့္ေျခေထာက္ကို လွမ္းကန္ရင္း ။

" ေတာ္စမ္းပါ ။ တဏွာအာဂျကီးတဲ့ ေကာင္ရဲ့ ။ မင္းလို ဘယ္သူမွ အဲေလာက္ အေခါက္အေရအတြက္ အမ်ားျကီး မမြန္နိုင္ဘူး ။ "

ကြၽန္ေတာ္ ေအာ္ရီရင္း သူ႔ရဲ့ ေျခေထာက္ကန္ခ်က္ေျကာင့္ ယိုင္သြားသည့္ အေနအထားကို ထိန္းကာ အေရွ႕သို႔ ဆက္ေလ်ာက္လိုက္သည္ ။ ေဟာ ။ ေရာက္ၿပီ ။

ကြၽန္ေတာ္ လွမ္းျမင္ေနရသည့္ ေက်ာက္ဖ်ာႀကီးနွင့္ ၾကားေနရသည့္ ေရစီးသံကို ၾကားေတာ့ ခပ္ျမန္ျမန္ေလ်ွာက္လိုက္သည္ ။

" ေရာက္ျပီ ။ လာခဲ့ ။ "

ကြၽန္ေတာ္ သူ႔လက္ကို ဆြဲကာ အေရွ႕သို႔ ျမန္ျမန္ေလ်ွာက္လိုက္သည္ ။ အနည္းငယ္ေလၽႇာက္ၿပီး သူ႔လက္ကို ဆြဲကာ သူ႔အား ကြၽန္ေတာ့္ အေရွ႕တြင္ ရပ္ခိုင္းလိုက္သည္ ။

" ကဲ ။ ၾကည့္ ။ "

ကြၽန္ေတာ့္ စကားအဆံုး သူက ကြၽန္ေတာ္ ျပရာ ေနရာကို ပါးစပ္ေလး ဟကာ ေငးေမာျကည့္ေနသည္ ။ မေငးျကည့္ပဲ သူ မေနနိုင္ဘူးေလ ။ ကြၽန္ေတာ္နွင့္ သူ လွမ္းျမင္ေနရသည့္ ကြၽန္ေတာ္တို႔အေရွ႕က ျမင္ကြင္းက သိပ္ကိုလွပလြန္းလွသည္ ။ အနည္းငယ္ျမင့္မားသည့္ ေက်ာက္ေဆာင္ေပၚမွ တသြင္သြင္စီးက်ေနသည့္ ျပာလဲ့လဲ့ ေရတံခြန္က ေနေရာင္ေအာက္မွာ ပန္းခ်ီကားတစ္ခ်က္ပမာ သဘာဝက်က် လွပေနသည္ ။

" ေရတံခြန္ေလ ။ လွတယ္ မဟုတ္လား ။ "

" အင္း ။ "

သူ႔ပုခံုးေလးနွစ္ဖက္ကို အေနာက္မွ ကိုင္ကာ ေမးလိုက္သည့္ ကြၽန္ေတာ့္အေမးကို သူက ေခါင္းေလးျငိမ့္ကာ ေျဖေလသည္ ။ ကြၽန္ေတာ္ သူ႔ကိုယ္ေလးကို ေရွာင္ျပီး တသြင္သြင္စီးက်ေနသည့္ ေရတံခြန္ေဘးရွိ ျကီးမားသည့္ ေက်ာက္ဖ်ာေပၚ ရပ္လိုက္သည္ ။ ၿပီးေတာ့ လြယ္ထားသည့္ ေက်ာပိုးအိတ္ကို ေက်ာက္ဖ်ာေပၚ ပစ္ခ်ကာ ေဘာင္းဘီအိတ္ထဲမွ ဖုန္းကို ထုတ္ျပီး ကြၽန္ေတာ့္ အေရွ႕ျမင္ကြင္းထဲရွိ ျပာလဲ့လဲ့ေရထဲ ဒိုင္ပင္ထိုးခ်လိုက္သည္ ။

" ဝိုးးးး ။ "

" ဗြမ္းးးး ။ "

ကြၽန္ေတာ္ရဲ့ လြတ္လပ္စြာေအာ္ဟစ္သံနွင့္အတူ ကြၽန္ေတာ္ကိုယ္ေလး အရွိန္ျဖင့္ ေရထဲက်သြားသည့္ အသံက ေရွ႕ဆင့္ေနာက္ဆင့္ ထြက္ေပၚလာသည္ ။ ေအးျမေသာေရရဲ့ အရသာက ကြၽန္ေတာ့္စိတ္ကိုပါ လန္းဆန္းသြားေစသည္ ။ ကြၽန္ေတာ္ ေရေပၚျပန္လည္ေပၚလာျပီး သူ႔ကို ေမာ့ျကည့္လိုက္သည္ ။ သူက ကြၽန္ေတာ့္ကို ၾကည့္ရင္း ရီေမာေနသည္ ။

" ဘာရပ္ေနတာလဲ ။ လာေလ ။ ခုန္ခ်လိုက္ ။ "

ကြၽန္ေတာ္ လက္လွမ္းကာ ေခၚေတာ့ သူလည္း ဖိနပ္ကို ခ်ြတ္ကာ အေနာက္သို႔ ေျခလွမ္းအနည္းငယ္ ဆုတ္လိုက္သည္ ။ ၿပီးေတာ့ ေျပးလာကာ အရွိန္ျဖင့္ ေရထဲ ခုန္ခ်လိုက္ေလေတာ့သည္ ။

" kyungsoo ကြ ။ "

" ဗြမ္း ။ "

ေရထဲမွ ဆံပင္ကို လွန္တင္ျပီး ျပန္လည္ေပၚလာသည့္ သူ႔ မ်က္နာက လန္းဆန္းမူေတြ အျပည့္နွင့္ပင္ ။ သူက လြတ္လပ္စြာပင္ ေရထဲ ေပါ့ပါးစြာ ကူးခတ္လိုက္ေသးသည္ ။ တိတ္ဆိတ္ေနေသာ ေတာထဲရွိ အခုလို သဘာဝအတိုင္း တည္ရွိေနသည့္ ေရတံခြန္ထဲ သူနွင့္ ကြၽန္ေတာ္ တစ္ေယာက္ကိုတစ္ေယာက္ ေရျဖင့္ လွမ္းပတ္ကာ စေနာက္ရင္း ကူးခတ္ေနျကသည္ ။ တစ္လလံုး စိတ္ဖိစီးမႈမ်ားနွင့္ ျပည့္နွက္ေနေသာ စာေမးပြဲျကီး ၿပီးဆံုးသြားသည့္ အထိမ္းအမွတ္အျဖင့္ ပိုၿပီး လြတ္လပ္စြာေပါ့ပါးေနျကသည္ ။

ျမင့္မားလွသည့္ ေရတံခြန္ေတာင္ေပၚမွ ကြၽန္ေတာ္ ဒိုင္ပင္ထိုးခ်ေတာ့ သူလည္း ကြၽန္ေတာ့္လို လိုက္ကာ ခုန္ခ်သည္ ။

" မေျကာက္နဲ႔ ။ ခုန္တာခ်လိုက္ ။ "

ကြၽန္ေတာ္ လွမ္းျမင္ေနရသည့္ စီးက်ေနေသာ ေရတံခြန္အထိပ္ရွိရာ ေက်ာက္ဖ်ာေပၚမွ မတ္တပ္ရပ္ေနေသာ သူ႔အား လွမ္းေအာ္ေျပာလိုက္သည္ ။ ေရစီးက်သံမ်ားနွင့္ ကြၽန္ေတာ့္ စကားသံကို သူ ျကားမျကားေတာ့ ကြၽန္ေတာ္ မသိပါ ။ ဒါေပမယ့္ လက္ဟန္ျဖင့္ ခုန္ခ်ရန္ေျပာေနေသာ ေရထဲရွိ ကြၽန္ေတာ့္အား သူ ျမင္ရမွာပါ ။ ခဏအျကာေတာ့ သူက မ်က္လံုးကို စံုမွိတ္ကာ ျမင့္မားလွသည့္ ေရတံခြန္အေပၚမွ ခုန္ခ်လိုက္သည္ ။ သူ႔ရဲ့ ေသးငယ္လြန္းသည့္ ခႏၶာကိုယ္ေလးက စီးက်ေနေသာ ေရတို႔နွင့္အတူ ေရာေထြးကာ က်လာသည္ ။ ကြၽန္ေတာ္ ထင္သည္ ဒါက လွပလြန္းသည့္ ပန္းခ်ီကားတစ္ခ်ပ္ျဖစ္မည္ဆိုတာပင္ ။ ကြၽန္ေတာ္ သူ႔ရွိရာဘက္ ကူးခတ္သြားလိုက္သည္ ။ သူက ေရေအာက္မွ ေပၚထြက္လာကာ ကြၽန္ေတာ့္ကို လြတ္လပ္စြာျပံဳးျပလာသည္ ။ ေရစက္တို႔နွင့္ေရာေထြးေနသည့္ သူ႔မ်က္နာက ျဖဴေဖြးလြန္းလွသည္ ။ ၿပီးေတာ့ လြတ္လပ္လြန္းသည့္ သူ႔အျပံဳးက ပန္းဆီေရာင္သူ႔နုတ္ခမ္းကို လွပစြာ ေကြးညႊတ္သြားေစျပီး ျမင္ေနျကျဖစ္သည့္ ကြၽန္ေတာ့္အား ခဏတာမ်ွ အသက္ရႈမူ ရပ္တန္႔သြားေစသည္ ။ တစ္ခါတေလ သူ႔ရဲ့ ျမင္ေနျက အျပဳအမူေလးတစ္ခုကေတာင္ ကြၽန္ေတာ့္အား ဘာလို႔ ရင္ခုန္စိတ္လႈပ္ရွားစရာျဖစ္ေစတာလဲဆိုတာ ကြၽန္ေတာ္ စဉ္းစားမရျဖစ္မိသည္ ။ သူက ဘာေမွာ္အစြမ္းမွ မရွိပဲ ဘယ္လိုေၾကာင့္ ကြၽန္ေတာ့္အား အခုလို ျပဳစားနိုင္လြန္းလွသည္လဲ ။

ကြၽန္ေတာ္ ေရထဲတြင္ ကိုယ္ေဖာ့ကာ ေခါင္းတစ္လံုးေပၚေနေသာ သူ႔အေရွ႕တြင္ ရပ္လိုက္သည္ ။ ေရစိုေနေသာ မ်က္ဝန္းမ်ားျဖင့္ ကြၽန္ေတာ့္အား ၾကည့္ေနေသာ သူ႔ရဲ့ လွပေသာ မ်က္လံုးဝိုင္းဝိုင္းေလးကို စိုက္ျကည့္ကာ ကြၽန္ေတာ္ ရင္ခုန္စြာျပံဳးလိုက္သည္ ။

" ဒီေလာက္ ေတာ္တဲ့ မင္းကို ဆုခ်ရမွာေပါ့ ။ "

" ဆု ။ "

တအံ့တျသျဖစ္ေနေသာ သူ႔ရဲ့ ျပဴးေျကာင္ေျကာင္ မ်က္ဝန္းတို႔ကို မသိက်ိဳးက်ြန္ျပဳကာ ကြၽန္ေတာ္ သူ႔ရဲ့ လည္တိုင္ေဖြးေဖြးကို လက္နွစ္ဖက္ျဖင့္ ဆုပ္ကိုင္ကာ သူ႔ရဲ့ ပန္းဆီေရာင္ ႏႈတ္ခမ္းအိအိေလးကို ျငင္သာစြာ နမ္းလိုက္သည္ ။ ပံုမွန္ဆိုရင္ ကြၽန္ေတာ့္ရဲ့ အနမ္းကို တစ္ခုခုတုန္႔ျပန္ျပီးမွ လက္ခံတတ္သည့္ သူက အခုလို ေရထဲတြင္ ကိုယ္ေဖာ့ထားသည့္ အေနအထားတြင္ေတာ့ ဘာမွ မတုန္႔ျပန္နိုင္ခဲ့ပါ ။ ကြၽန္ေတာ့္ရဲ့ ေရစိုေနေသာ အက်ႌရင္ဘက္ကို ဆုပ္ကိုင္လ်ွက္ပင္ မ်က္လႊာပိတ္ထားေတာ့သည္ ။ ၾကည္လင္သည့္ ေရတံခြန္ရွိေရမ်ားက ကြၽန္ေတာ္တို႔ကို ေအးစက္ေစသည္ဆိုေပမယ့္ ျငင္သာသည္လည္းမဟုတ္ ၾကမ္းတမ္းသည္လည္း မဆိုတဲ့ ကြၽန္ေတာ္တို႔ရဲ့ ရမၼက္ကင္းသည့္ အနမ္းမ်ားက ကြၽန္ေတာ္တို႔ကို ေႏြးေထြးေစသည္ ။ ဒီလိုအနမ္းမ်ိဳး ။ ဒီလို လြတ္လပ္ျခင္းမ်ိဳး ။ ဒီလို ေအးခ်မ္းမူမ်ိဳး ။ ဒီလို ေႏြးေထြးမူမ်ိဳး ။ ဒီလို ၾကည္ႏူးမူမ်ိဳး ။ ၿပီးေတာ့ ဒီလို ခ်စ္ဖို႔ေကာင္းလွသည့္ ကြၽန္ေတာ့္ရဲ့ ခ်စ္သူမ်ိဳးကို ထာဝရပိုင္ဆိုင္ခ်င္မိရဲ့ ။ အခ်ိန္ေတြကို ရပ္တန္႔ထားခ်င္ရဲ့ ။ ခဏအျကာေတာ့ သူနွင့္က်ြန္ေတာ္ ေရကူးလို႔ဝသြားသျဖင့္ ေရတံခြန္ေဘးရွိ ေက်ာက္ဖ်ာေပၚတြင္ ထိုင္ကာ အေမာေျဖေနလိုက္သည္ ။ ကြၽန္ေတာ္ သယ္လာသည့္ ေက်ာပိုးအိတ္ထဲရွိ မုန္႔မ်ားကိုထုတ္ျပီး အေပၚပိုင္းအဝတ္ဗလာျဖင့္ ေဘာင္းဘီတိုမ်ားျဖင့္သာ ထိုင္ေနျကသည္ ။

သူကေတာ့ ေက်ာပိုးအိတ္ထဲမွ ကြၽန္ေတာ္ ယူေဆာင္လာေသာ အဝတ္အစားအပိုမ်ားကို ၾကည့္ၿပီး ကြၽန္ေတာ့္ကို ခ်ီးက်ဴးေနေသးသည္ ။ ငါပါကြ ။ မင္းထင္သေလာက္လည္း ေပါ့ပ်က္ပ်က္မနိုင္ပါဘူး ။

" ဒါနဲ႔ ငါနဲ႔အတူ မသြားျဖစ္တဲ့ေနရာ ဟုတ္လား ။ "

မုန္႔စားေနရင္း ေမးခာသည့္ သူ႔အား ကြၽန္ေတာ္ ေခါင္းျငိမ့္ျပလိုက္သည္ ။

" ဘာကိုေျပာတာလဲ ။ မသြားျဖစ္တယ္ဆိုတာ ။ "

" ေအာ္ ။ ဘာမွ မဟုတ္ဘူး ။ တစ္ခါမွ မသြားဘူးလို႔ ေျပာလိုက္တာ ။ "

သူက ေခါင္းတစ္ျငိမ့္ျငိမ့္နွင့္ ေနေလသည္ ။ ကြၽန္ေတာ္လည္း မုန္႔ကို အၿပီးသတ္စားလိုက္ျပီး ေက်ာက္ဖ်ာေပၚ လက္နွစ္ဖက္ကို ေနာက္ျပန္ေထာက္ကာ စီးက်ေနေသာ ေရတံခြန္ကို ေငးျကည့္ေနသည္ ။

" kyungsoo yahhh . "

" ဟင္ ။ "

သူ ကြၽန္ေတာ့္အား လွည့္ျကည့္လာေပမယ့္ ကြၽန္ေတာ္ ကေတာ့ ေရတံခြန္ကိုသာ ေငးျကည့္ေနမိသည္ ။

" ငါ ေနာက္အပတ္ စေနေန႔ အေမရိကားသြားမွာ ။ "

" အင္း ။ ဘယ္နွရက္ျကာမွာလဲ ။ အလုပ္ ကိစၥလား ။ "

ကြၽန္ေတာ္ တစ္ခ်က္ျပံဳးလိုက္ျပီး သူ႔ကို လွည့္ျကည့္လိုက္ေတာ့ သူက ေပါ့ပါးစြားပင္ ကြၽန္ေတာ့္အား ၾကည့္ေနသည္ ။

" အလုပ္ ကိစၥပါ ။ ဒါေပမယ့္ ။ ငါ အၿပီးသြားမွာ ။ "

ကြၽန္ေတာ့္ရဲ့ စကားသံဆံုးသည္နွင့္ ေစာေစာက သူ႔ဆီက ေပါ့ပါးသည့္ အျပံဳးက ရပ္တန္႔သြားကာ သူက အံ့ဩကာျဖင့္ ကြၽန္ေတာ့္အား ေငးျကည့္လာသည္ ။ သူ႔ မ်က္ဝန္းက အဓိပၸာယ္မ်ားစြာပါဝင္ေနျပီး စကားလံုးမ်ားစြာ ေျပာေနေပမယ့္ တကယ္တမ္းေတာ့ သူ ဘာမွ ေျပာထြက္မလာခဲ့ပါ ။ ထိုအေျကာင္းအရာအတြက္ ေျပာစရာစကားလံုးမ်ား သူ႔မွာ အဆင္သင့္မရွိဘူးထင္သည္ ။ ဟုတ္မွာပါ ။ ကြၽန္ေတာ္ကိုယ္တိုင္ေတာင္ ထိုဆံုးျဖတ္ခ်က္ကို ေသခ်ာစြာစဥ္းစားျပီး ခ်ခဲ့ရသည္ပဲေလ ။ ဒီမွာက ေဖေဖတို႔ရဲ့ လုပ္ငန္းမ်ားရွိသည္ဆိုေပမယ့္ ရံုးခ်ဳပ္တည္ရွိရာ အေမရိကားကို ကြၽန္ေတာ္ သြားေနသည္က ပိုၿပီးေတာ့ မွန္ကန္လိမ့္မည္ ။ ကြၽန္ေတာ့္မွာ သင္ယူစရာေတြက မ်ားျပားလြန္းလွသည္မဟုတ္လား ။ ၿပီးေတာ့ ေတာင္ကိုရီးယာထက္ အေမရိကားက ကြၽန္ေတာ္တို႔ ႏွစ္ေယာက္အတြက္ ပိုၿပီး အဆင္ေျပမည္ ထင္မိသည္ ။

" ငါ ေလယာဉ္လက္မွတ္ နွစ္ေစာင္ဝယ္ထားတယ္ ။ "

သူ ဘာမွ မေျပာဘဲ ကြၽန္ေတာ္အား ေငးျကည့္ေနဆဲပါ ။

" ငါတို႔အတူတူ ပတ္ဝန္းက်င္အသစ္မွာ အတူေနရေအာင္ kyungsoo . "

" ငါ ။ ငါ ။ "

" ဟင့္အင္း ။ "

အနည္းငယ္ တုန္ေနေသာ သူ႔ရဲ့ စကားလံုးမ်ားကို နားေထာင္ရင္း ကြၽန္ေတာ္ သူ႔ကို လက္ခါကာ ဆက္မေျပာရန္ တားလိုက္သည္ ။

" မင္း ေသခ်ာ စဉ္းစားလို႔ ရတယ္ ။ အခ်ိန္ရွိေသးတယ္ ။ ေလယာဉ္မထြက္ခင္အထိ မင္း ဆံုးျဖတ္ခြင့္ ရွိတယ္ ။ "

သူ ေခါင္းငံု႔ၿပီး သက္ျပင္း တစ္ခ်က္ ခ်လိုက္သည္ ။ မိသားစုရွိသည့္ သူ႔အတြက္ အနည္းငယ္ ခက္ခဲသည္ဆိုေပမယ့္ ကြၽန္ေတာ္အတြက္ မွန္ကန္သည့္ ဆံုးျဖတ္ခ်က္ကို သူ ခ်နိုင္လိမ့္မည္ဟု ကြၽန္ေတာ္ ယံုၾကည္သည္ ။ ကြၽန္ေတာ္ သူ႔ကို သိပ္ခ်စ္သည္ေလ ။ ၿပီးေတာ့ သူလည္း ကြၽန္ေတာ့္အား သိပ္ခ်စ္သည္ပဲေလ ။

" မင္းကို အေမရိကားမွာ ျပဇာတ္ေမဂ်ာ ဘြဲ႕တစ္ခုထပ္ရေအာင္ တကၠသိုလ္ဆက္တက္ခိုင္းမွာ ။ မင္း လုပ္ခ်င္တာ အားလံုး လုပ္ခြင့္ေပးမယ္ ။ မင္း ငါ့အနားမွာ ရွိေနဖို႔ပဲ မင္း လိုက္ေလ်ာေပးရင္ ရၿပီ ။ "

သူက ေခါင္းငံု႔ၿပီးေနရာမွ ႏႈတ္ခမ္းေလး ေကြးကာ ျပံဳးလာသည္ ။ ကြၽန္ေတာ္ အဓိပၸာယ္ေဖာ္ရခက္သည့္ သူ႔ အျပံဳးကို ေငးျကည့္ရင္း ဘာရယ္မဟုတ္ စိတ္ထဲ ေမာလာသည့္ ေလးလံသည့္ ခံစားမႈေၾကာင့္ စိတ္ဖိစီးကာ သက္ျပင္းခ်လိုက္ျပန္သည္ ။ ထင္သေလာက္ မလြယ္ကူေပမယ့္ ငါတို႔ အခ်စ္က အရာရာကို ေက်ာ္ျဖတ္နိုင္မွာပါ kyungsoo ။ အခ်စ္က အရာရာကို ေက်ာ္လႊားသြားမွာပါ ။

»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»

" ဖုန္း မကိုင္ဘူးလား ။ "

ကြၽန္ေတာ္ စားပြဲေပၚရွိ ျမည္ေနေသာ ဖုန္းကို ၾကည့္ရင္း တစ္ေယာက္ထိုင္ ခပ္လံုးလံုး ဆိုဖာထိုင္ခံုတြင္ ထိုင္ကာ ေဘာလံုးပြဲၾကည့္ေနေသာ baekhyun ကို လွမ္းေျပာလိုက္သည္ ။ baekhyun က ဖုန္းကို တစ္ခ်က္ လွမ္းၾကည့္ျပီး ေဘာလံုးပြဲကို ဆက္ျကည့္ေနသည္ ။ ကြၽန္ေတာ္ စိတ္မရွည္စြာ ဖုန္းကို ေကာက္ယူကာ ကိုင္လိုက္သည္ ။ ဒီေကာင္ကို ၾကည့္မရဘူး ။

" ဟဲလို ။ ဒီမွာ baekhyun က ဖုန္းမကိုင္ခ်င္ဘူးတဲ့ ။ "

" ေဟ့ေကာင္ ။ ဘာလုပ္တာလဲ ။ "

ကြၽန္ေတာ္ ကိုင္လိုက္မွ အသည္းအသန္ ဖုန္းကို လာလုသည့္ baekhyun ကို ကြၽန္ေတာ္ ကန္လိုက္သည္ ။

" အခုေျပာေနတာ park chanyeol လား ။ "

တစ္ဖက္က ေျပာလိုက္သည့္ စကားသံေျကာင့္ လွမ္းကန္ေနေသာ ကြၽန္ေတာ့္ရဲ့ ကန္ခ်က္က ေလေပၚမွာ ရပ္တန္႔သြားကာ ကြၽန္ေတာ္ ထိုင္ခံုေပၚ ဖင္ထိုင္လ်ွက္ က်သြားသည္ ။ ဒီအသံ ။ ကြၽန္ေတာ့္ရဲ့ နာမည္ကို ေခၚသည့္ ဒီစကားသံ ။ ကြၽန္ေတာ္ ခ်က္ခ်င္းမွတ္မိေနသည္က သူမ အသံက အံ့ဩစရာေကာင္းေန၍ မဟုတ္ပါ ။ နွစ္လိုဖြယ္မရွိသည့္ သူမရဲ့ အထက္ဆီးဆန္ဆန္ အသံက တစ္ခါျကားရံုနွင့္ ကြၽန္ေတာ့္ အား မွတ္မိေစခဲ့သည္ကိုး ။ lunhan ။ ကြၽန္ေတာ္ မ်က္ေမွာင္ျကုံ႕ကာ baekhyun အား အထူးအဆန္းသဖြယ္ လွည့္ျကည့္ေတာ့ baekhyun က စိတ္ရႈပ္ေထြးစြာ ေခါင္းကို လက္ျဖင့္ ထိုးဖြေနသည္ ။

" က်ြန္မ lunhan ပါ ။ ရွင့္ သူငယ္ခ်င္းနဲ႔ ခဏေလာက္ စကားေျပာခ်င္လို႔ ။ "

" ေရာ့ ။ မင္းနဲ႔ ေျပာခ်င္လို႔တဲ့ ။ "

ကြၽန္ေတာ္ အလိုလို ဖုန္းအား baekhyun ဆီ လွမ္းေပးလိုက္မိသည္ ။ ဘာ ကိစၥ သူမ စကားကို နားေထာင္ခဲ့မိပါလိမ့္လို႔ ေတြးကာ ခ်က္ခ်င္း ေဒါသထြက္လာေပမယ့္ သူမက တစ္ပါးသူကို လႊမ္းမိုးနိုင္တာကို လက္ခံရမည္ ။ baekhyun က ကြၽန္ေတာ့္လက္ထဲမွ ဖုန္းကို ယူကာ ဝရံတာဘက္ ထြက္သြားသည္ ။ စိတ္ထဲ ေကာင္ေလးတန္မဲ့ သူတို႔ စကားေျပာေနသည္ကို နားေထာင္ခ်င္မိေပမယ့္ မလုပ္သင့္ဘူးဟု ေတြးကာ တီဗြီအေရွ႕တြင္ ထိုင္လ်ွက္သာ ဖုန္းေျပာေနေသာ baekhyun ကို လွမ္းျကည့္ေနလိုက္သည္ ။ တီဗြီတြင္လာေနေသာ မန္ယူအသင္းနင့္ အာဆင္နယ္အသင္းတို႔ ကစားေနျကသည့္ အႀကိတ္အနယ္ေဘာလံုးပြဲကို မျကည့္အား ။ စာေမးပြဲၿပီးကတည္းက ကြၽန္ေတာ့္ဆီ သိပ္မေရာက္ျဖစ္သည့္ baekkie က ဒီေန႔မွာေတာ့ မန္ယူနွင့္ အာဆင္နယ္ ေဘာလံုးပြဲေၾကာင့္ ကြၽန္ေတာ္တိုက္ခန္းသို႔ ေရာက္လာသည္ဆိုရမည္ ။ အာဆင္နယ္ပရိသတ္ျဖစ္သည့္ baekkie အေဖေရွ႕မွာ မန္ယူအတြက္ ေအာ္သံေတြကို က်ယ္က်ယ္မေအာ္ရ၍ျဖစ္သည္ ။ ဒါေၾကာင့္ ဒီေကာင္က ကြၽန္ေတာ့္ဆီ လာျကည့္သည္ျခင္း ျဖစ္သည္ ။ ကြၽန္ေတာ္ကေတာ့ သူတို႔သားအဖေတြလို ေဘာလံုးအသင္းကို အစြဲအလမ္းမထာဎတတ္သူျဖစ္ျပီး ေဘာလံုးကစားကြက္ေတြကိုသာ ျကိုက္နွစ္သက္သူျဖစ္သည္ ။ ဒါေၾကာင့္ အသင္းထက္ ကြၽန္ေတာ္က အားကစားသမားကို ပိုၿပီး သေဘာက်တတ္သည္ ။ ငယ္ငယ္တုန္းက အာဆင္နယ္အသင္းက ကစားသမားအြန္နရီကို သေဘာက်၍ အာဆင္နယ္ကို သေဘာက်ခဲ့ျပီး အနည္းငယ္အရြယ္ေရာက္ေတာ့ ေတာရက္စ္လို ကစားသမားကို ပိုၿပီး သေဘာက်လာသည္ ။ အသင္းတစ္သင္းမွာ ႏွစ္ရွည္လမ်ား ေနနိုင္သည့္ ေတာရက္စ္၏ သစၥာရွိမူကို အံ့ဩခဲ့ဖူးသည္ေလ ။ ဒါေပမယ့္ အခုေတာ့ မက္ဆီနွင့္ ဖာဖရီဂတ္လို ဘက္စံုေတာ္သည့္ ကစားသမားကို ပိုၿပီး အားေပးမိသလိုပင္ ။ ကြၽန္ေတာ္သိသေလာက္ေတာ့ ကြၽန္ေတာ္က ငယ္ငယ္ကတည္းက အႀကိဳက္ေတြကို ခဏခဏေျပာင္းလဲတတ္သူဆိုတာပင္ ။ ဒါေပမယ့္ kyungsoo ဆိုသည့္ေကာင္ကိုေတာ့ မေျပာင္းလဲစြာ အရင္ကေရာ အခုေရာ သေဘာက်မိသည္မွာေတာ့ အံ့ဖြယ္ရာတစ္ခုပင္ ျဖစ္သည္ ။ ငယ္ငယ္ကေတာ့ အာဆင္နယ္ကန္သည့္ ေဘာလံုးပြဲေန႔ဆိုရင္ baekkie အိမ္သို႔ ကြၽန္ေတာ္ အလည္မသြားပါ ။ အာဆင္နယ္ အေျခအေနမေကာင္းရင္ ကြၽန္ေတာ္နွင့္ baekkie က အမွားတစ္ခုခုလုပ္မိရံုျဖင့္ ေဒါသက ကြၽန္ေတာ္တို႔အေပၚ ေပါက္ကြဲလာတတ္သည္ ။ ငယ္ငယ္ကေတာ့ ဒါနဲ႔မ်ား ဘာလို႔ အာဆင္နယ္ျကိုက္ေနေသးလဲ ။ တစ္ျခားအသင္းေျပာင္းျကိုက္ပါလား ။ ေအာင္ျမင္မႈေတြ ဆြတ္ခူးေနေသာ တစ္ျခားအသင္းနွင့္အတူ ေအာင္ျမင္မႈအရသာကို ခံစားလိုက္ပါလားဟု ေတြးေတာမိသည္ ။ အခု အသက္ႀကီးလာေတာ့ ထိုကဲ့သို႔ စြဲလမ္းမႈေတြကို နားလည္လာမိသည္ ။ ေအာင္ျမင္မႈကို သေဘာက်၍မဟုတ္ကဲ ကိုယ္ သေဘာက်သည့္ အသင္းကို ေအာင္ျမင္ေစခ်င္သည့္ ေလာဘစိတ္ေလးတစ္ခုပင္ ။ ေအာင္ျမင္မႈေနာက္ကို လိုက္ၿပီး အႀကိဳက္ေတြ ေျပာင္းလဲေနသည္ကို အခုေခတ္စကားအရ ေျပာရင္ေတာ့ ေပၚပင္လုပ္သည္ ဆိုမလား ။ ကြၽန္ေတာ္ လွမ္းျကည့္ေတာ့ baekhyun တစ္ေယာက္ ဝရံတာကို လက္တစ္ဖက္ေထာက္ကာ စိတ္ဖိစီးေနေသာ မ်က္နာျဖင့္ ဖုန္းေျပာေနသည္ ။ lunhan ဆိုသည့္ မာနႀကီးေသာ သူမက baekhyun ဆီ ဘာအေျကာင္းေျကာင့္ ဖုန္းဆက္သည္လဲ ဆိုတာ ကြၽန္ေတာ္ စဉ္းစား၍မရပဲ ျဖစ္ေနသည္ ။ ခဏအျကာေတာ့ baekkie တစ္ေယာက္ ဖုန္းခ်ျပီး ကြၽန္ေတာ္ ထိုင္ေနရာ ေနရာနားေရာက္လာျပီး ေစာေစာက baekkie ထိုင္ခဲ့သည့္ ထိုင္ခံုတြင္သာ ဝင္ထိုင္လိုက္သည္ ။

" မင္းတို႔ အဆက္အသြယ္ရွိေနေသးတာလား ။ "

ကြၽန္ေတာ့္ အေမးကို baekkie က ခ်က္ခ်င္းမေျဖေသးပဲ တီဗြီအသံကို အနည္းငယ္က်ယ္ေအာင္ ျမင့္လိုက္သည္ ။

" မဟုတ္ပါဘူး ။ မနက္ကမွ တစ္ခါလာတာပါ ။ "

" ဘာ ကိစၥလဲ ။ "

ကြၽန္ေတာ့္စကားသံက မေက်နပ္ျခင္းေတြ ပါဝင္ေနလိမ့္မွာ အမွန္ပင္ ။ ကြၽန္ေတာ္ရဲ့ ေနထိုင္မႈပံုစံကို သေဘာမက်ပါဘူးဟု ပြင့္လင္းစြာ ေျပာထာသည့္ သူမကို ကြၽန္ေတာ့္စိတ္ထဲ အနည္းငယ္ အလိုမက်ျဖစ္မိတာ မိန္းမဆန္သြားသည္ဆိုရမည္လား ။ ဒါေပမယ့္ မတတ္နိုင္ပါ ။ ကြၽန္ေတာ္ သူမကို သေဘာမက်ပါ ။ မာနႀကီးျပီး သူတစ္ပါးရဲ့ ခံစားခ်က္ေတြကို လ်စ္လ်ဳရႈကာ ခပ္နိုမ္နိုမ္ေျပာတတ္သည့္ သူမရဲ့ အက်င့္ကို ကြၽန္ေတာ္ သေဘာမက်ပါ ။ အရာရာၿပီးျပည့္စံုျပီး ျပစ္ခ်က္မရွိသည့္ သူမ အလွကို ကြၽန္ေတာ္ လက္ခံခ်င္ေသာ္လည္း ကြၽန္ေတာ့္ရဲ့ သူငယ္ခ်င္းေလး baekkie အား ဒီထက္ ၿပီးျပည့္စံုသည့္ မိန္းကေလးမ်ိဳးနွင့္ ဖူးစာပါေစခ်င္ပါသည္ ။ baekkie စကားကို နာခံတတ္သည့္ သိမ္ေမြ႕ျပီး သေဘာထားျပည့္ဝေသာ မိန္းကေလးမ်ိဳးကို baekkie ႏွင့္ ဆံုေတြ႕ေစခ်င္ပါသည္ ။

" ဘာမွ မဟုတ္ပါဘူး ။ "

စိတ္ေတြ ႐ႈပ္ေထြးေနသည့္ baekkie ပံုစံေၾကာင့္ ကြၽန္ေတာ္ ဆက္ေမးရန္ စကားလံုးေတြကို ျမိဳသိပ္လိုက္သည္ ။ ကြၽန္ေတာ္ ဘာမွမေျပာေတာ့ပဲ တီဗြီမွလာေနသည့္ ေဘာလံုးပြဲကိုသာ အၾကည့္လြဲလိုက္သည္ ။

" သူ အိမ္ေထာင္ဖက္ ေတြ႕ရေတာ့မယ္တဲ့ ။ ဒီညတဲ့ ။ "

တိုးတိုးေလး ၾကားလိုက္ရသည့္ baekkie ဆီမွ စကားသံေၾကာင့္ ကြၽန္ေတာ္ အံ့ဩကာ baekkie ကို လွည့္ျကည့္လိုက္သည္ ။ ေဆြးေျမ့ေနသည့္ baekkie မ်က္ဝန္းေတြက နာက်င္မႈေတြ အျပည့္နွင့္ပင္ ။ ကြၽန္ေတာ္ အလိုလို ေျပာခ်င္သည့္ စကားလံုးေတြက နာက်င္ေနေသာ baekkie မ်က္ဝန္းေအာက္မွာ လြင့္ပ်ယ္သြားသည္ ။ ကြၽန္ေတာ္ မည္ကဲ့သို႔ ႏွစ္သိမ့္ရမည္လဲ ။ ကြၽန္ေတာ့္ကိုသာ အစဉ္အၿမဲေပ်ာ္ရႊင္ေအာင္ ျပဳလုပ္ေပးတတ္သည့္ သူငယ္ခ်င္း ကို ကြၽန္ေတာ္ ေပ်ာ္ရႊင္ေအာင္ ျပန္မလုပ္ေပးနိုင္ခဲ့ပါ ။ ကြၽန္ေတာ္ ထိုင္ေနလ်ွက္ပင္ ေပါင္ေပၚလက္ေထာက္ကာ ၿငိမ္သက္ေနမိသည္ ။ တီဗြီတြင္လာေနသည့္ ဂိုးဆိုသည့္ အသံက မန္ယူအသင္းကလား အာဆင္နယ္အသင္းကလား ကြၽန္ေတာ္ မသိေတာ့ေခ် ။

" ငါ့ကို ေမးတယ္ ။ "

"........."

" သူ သြားေတြ႕ရမွာလားတဲ့ ။ "

ကြၽန္ေတာ္ နဖူးေပၚရွိ ဆံပင္ကို ဆြဲတင္လိုက္သည္ ။ baekkie က ဆိုဖာထိုင္ခံုကို စိတ္ပ်က္လက္ပ်က္ ေက်ာမွီလိုက္သည္ ။

" မင္း ဘာေျဖလိုက္လဲ ။ "

baekkie တစ္ခ်က္ ျပံဳးလိုက္သည္ ။ အၿမဲတမ္း ျဖဴစင္ျပီး ေပါ့ပါးစြာ ျပံဳးတတ္သည့္ baekkie အျပံဳးက အခုေတာ့ ရင့္က်က္မူေျကာင့္လား ဘာလားေတာ့ မသိပါ ။ အဓိပၸာယ္ေတြ ခံစားမႈေတြ အမ်ားႀကီး ပါဝင္ေနသည္ ထင္သည္ ။

" ငါက ဘာေျဖရမွာလဲ ။ ငါ့ကို ေျဖစရာ အေျဖ မရွိေအာင္ သူပဲ လုပ္ခဲ့တာေလ ။ ငါက ဘာကို ေျဖရမွာလဲ ။ "

ကြၽန္ေတာ္ ထိုင္ေနရာမွ ထရပ္ကာ မီးဖိုခန္းရွိ ေရခဲေသတၱာထဲမွ ဘီယာနွစ္ဘူးကို ယူလိုက္သည္ ။ ၿပီးေတာ့ ထိုင္ေနသည့္ baekkie ကို တစ္ဗူးလွမ္းေပးကာ ေနာက္တစ္ဗူးကို ေဖာက္ကာ ကြၽန္ေတာ္ တစ္ငံုေသာက္လိုက္သည္ ။ ေလာကတြင္ လူေတြ မသင္ပဲ တတ္ေျမာက္လာသည့္ အရာေတြခဲတြင္ မေကာင္းမူက ပိုမိုမ်ားျပားမည္ထင္သည္ ။

" ငါ့ကို ငဲ့မေနနဲ႔ ေဟ့ေကာင္ ။ ငါက ေနာက္သံုးေလးရက္ဆို ဒီက ထြက္သြားေတာ့မွာေလ ။ ဒီအေျခအေနဆိုရင္ lunhan လည္း စိတ္ခ်မွာပါ ။ "

baekkie တစ္ခ်က္ ထရီလိုက္သည္ ။ baekkie ရဲ့ ရီသံေျကာင့္ ကြၽန္ေတာ့္စကား ဘာမွားလဲ စဥ္းစားလိုက္မိသည္ ။ ဘာေတြမ်ား ရီစရာပါေနလို႔လဲ ။

" မင္းထြက္သြားတာနဲ႔ ငါတို႔က သူငယ္ခ်င္းမဟုတ္ေတာ့ဘူးလား ။ "

" အဲလို မဟုတ္ဘူးေလ ။ "

" ငါတို႔ ႏွစ္ေယာက္ ကိစၥက မင္းနဲ႕ငါ ငယ္သူငယ္ခ်င္းျဖစ္ေနတာနဲ႔ မဆိုင္ဘူး ။ ငါနဲ႔ သူရဲ့ အေတြးေတြ မတူတာက အဓိကက်တယ္ ။ "

"............"

" သူက အထက္တန္းက်က်ေနျပီး ေနထိုင္မႈ ပံုစံနဲ႔ လူေတြကို အဆင့္အတန္းသတ္မွတ္တယ္ ။ ငါက လြတ္လပ္ေပါ့ပါးစြာေနျပီး စိတ္အေတြးခံစားမူနဲ႔ လူေတြကို အဆင့္အတန္း သတ္မွတ္တယ္ ။ အရသာရွိဖို႔သာ အဓိကထားၿပီး လမ္းေဘးစားေသာက္ဆိုင္ထိုင္ရလည္း တန္ဖိုးက်တယ္ မထင္တဲ့ ငါနဲ႔ သူက လမ္းေဘးစားေသာက္ဆိုင္ထိုင္ရမွာကို သိကၡာက်တယ္တယ္လို႔ မွတ္ယူထားတဲ့ သူမက ေရရွည္မွာ ဘယ္လို ေရွ႕ဆက္ရမလဲ ။ "

ကြၽန္ေတာ္ စိတ္ေမာစြာ ဘီယာကို တစ္ငံုေမာ့ေသာက္လိုက္သည္ ။ ထိုအတူ baekkie လည္း တစ္ငံုေမာ့ေသာက္လိုက္သည္ ။ လူနွစ္ေယာက္ေပါင္းဖက္ဖို႔ရာ ဘာေၾကာင့္မ်ား ခက္ခဲလြန္းလွသည္လဲ ။ အစကေတာ့ လူနွစ္ေယာက္ေပါင္းဖက္ဖို႔ရာ ထိုလူနွစ္ေယာက္ရဲ့ အခ်စ္သာ လိုအပ္မည္ဟု ေတြးထင္ယံုျကည္ထားခဲ့တာ ။ တကယ္ေတာ့ အခ်စ္ထပ္ အေရးႀကီးတာေတြ အမ်ားႀကီး ရွိေနေသးသည္လား ။ ထိုကဲ့သို႔ ေတြးမိေတာ့လည္း ကြၽန္ေတာ္နွင့္ သူ႔ရဲ့ အေနအထားကို ေတြးပူမိလာျပန္သည္ ။ တစ္ခါတေလ ခန္႔မွန္းရခက္သည့္ သူ႔ရဲ့ စိတ္ကို ကြၽန္ေတာ္ စိုးရိမ္မိသည္ ။

" မင္းေရာ အေမရိကားသြားဖို႔ မင္း ခ်စ္ခ်စ္နဲ႔ ေဆြးေႏြးၿပီးၿပီလား ။ "

ကြၽန္ေတာ္ ေက်နပ္စြာ ပါးခ်ိဳင့္ေပၚေအာင္ ျပံဳးလိုက္သည္ ။ သူနွင့္ ပါတ္သက္ရင္ ကြၽန္ေတာ့္မွာ ယံုၾကည္ခ်က္ေတြ ခိုင္မာေနတတ္တာ အက်င့္တစ္ခုပင္ ျဖစ္ေနသည္ ။

" အင္း ေျပာ ၿပီးၿပီ ။ "

" အေျခအေနက ။ "

" ဘာကိုလဲ ။ "

ကြၽန္ေတာ္ နားမလည္စြာ ေမးေတာ့ baekkie က ဂိုးသြင္းလိုက္သည့္ မန္ယူအသင္းကို အားေပးေနသည္ ။ ကြၽန္ေတာ္ကေတာ့ အရင္က ေရာ္နယ္ဒိုရွိစဥ္ကထက္ အနည္းငယ္ ကစားကြက္ေလ်ာ့ရဲ့လာသည့္ မန္ယူအသင္းကို အႀကိဳက္ျကီးမဟုတ္ေပမယ့္ အာဆင္နယ္ထက္ေတာ့ ပိုၿပီး အားေပးျဖစ္သည္ထင္သည္ ။ ဒါကလည္း ကြၽန္ေတာ့္အနား အၿမဲရွိေနတတ္သည့္ baekkie က မန္ယူပရိသတ္ျဖစ္၍ ျဖစ္နိုင္သည္ ။

" သူကေရာ မင္းနဲ႔ အတူ လိုက္မွာတဲ့လား ။ "

" ဘာလို႔ သူက ငါနဲ႔အတူ မလိုက္ခဲ့ရမွာလဲ ။ "

baekkie က ဘာမွ မေျပာပဲ ကြၽန္ေတာ့္ကိုသာ စိတ္ပ်က္လက္ပ်က္ ၾကည့္ေနသည္ ။

" အရင္တစ္ခါကေတာင္ သူ ငါ့ေနာက္လိုက္ခဲ့ဖို႔ ဆံုးျဖတ္ခ်က္ခ်ခဲ့ေသးတာပဲ ။ အခုလည္း သူ အဲလိုဆံုးျဖတ္မယ္ ဆိုတာ ငါ ယံုတယ္ ။ "

" အရာရာတိုင္းက မင္းထင္ထားသေလာက္ မလြယ္ကူဘူးေလ ။ ေျပာင္းလဲေနတဲ့ အခ်ိန္ေတြထဲမွာ အေနအထားေတြလည္း အမ်ားႀကီး ေျပာင္းလဲေနမွာေပါ့ ။ "

" ငါ ယံုတယ္ ။ ငါ သူ႔ကို ယံုတယ္ baekkie ။ ငါ့အေပၚထားတဲ့ သူ႔ရဲ့ အခ်စ္ကို ငါ ယံုတယ္ ။ "

ကြၽန္ေတာ္ရဲ့ ခိုင္မာသည့္ စကားသံအဆံုးမွာ baekkie တစ္ေယာက္ ပင့္သက္တစ္ခ်က္ ခ်လိုက္သည္ ။ ကြၽန္ေတာ္နွင့္ baekkie ဘာမွ ဆက္မေျပာေတာ့ပဲ ေဘာလံုးပြဲသာ အာ႐ံုစိုက္ျကည့္လိုက္သည္ ။ ည ၉ နာရီေလာက္ ေရာက္မွ ေဘာလံုးပြဲျပီ၍ baekkie ျပန္သြားသည္ ။ ကြၽန္ေတာ္ ရႈပ္ပြေနသည့္ မုန္႔အက်န္နွင့္ ဘီယာဘူးမ်ားကို သိမ္းရင္း အိမ္တံခါးဖြင့္သံေျကာင့္ မီးဖိုခန္းမွ လွမ္းေအာ္လိုက္သည္ ။ baekkie တစ္ေယာက္ ဘာေမ့က်န္ခဲ့၍လဲ ။

" ဘာေမ့က်န္ခဲ့တာလဲ ။ "

ဘာမွ ျပန္ေျဖသံမျကားရ၍ ကြၽန္ေတာ္ လွမ္းျကည့္လိုက္ေတာ့ ကြၽန္ေတာ့္ကို ေငးျကည့္ေနသည့္ သူ႔ရဲ့ မ်က္လံုးဝိုင္းဝိုင္းေလးကို ျမင္လိုက္ရသည္ ။

" kyungsoo ဘယ္လို ေရာက္လာတာလဲ ။ "

ကြၽန္ေတာ္ အမႈိက္မ်ားကို သိမ္းဆည္းျပီး အိမ္ေရွ႕သို႔ ျပန္ထြက္လာလိုက္သည္ ။ သူက ဘာမွ ဆက္မေျပာပဲ ရုတ္တရက္ ကြၽန္ေတာ့္ရင္ခြင္ထဲ တိုးဝင္လာျပီး ကြၽန္ေတာ့္ကို လြတ္ထြက္သြားမတတ္ဖက္ထားေလသည္ ။ မထင္မွတ္ထားသည့္ သူ႔ရဲ့ အျပဳအမူေၾကာင့္ ကြၽန္ေတာ္ အံ့ဩေနရာမွ ရင္ထဲ ၾကည္ႏူးမိျပန္သည္ ။ သူ႔ဆီက အခုလို တုန္႔ျပန္မူေတြက ရခဲသည္မဟုတ္လား ။

" ဒီည မင္းဆီမွာ ညအိပ္မလို႔ ။ "

" မေျကာက္ဘူးလား ။ ငါ့လို တဏွာအာဂျကီးတဲ့ ေကာင္ကို ။ "

ကြၽန္ေတာ္ သူ႔ကို ျပန္လည္ ေထြးေပြ႔ထားရာမွ ညစ္က်ဲက်ဲ ေျပာလိုက္သည္ ။ သူကလည္း ကြၽန္ေတာ့္အား ပိုၿပီး တင္းက်ပ္စြာ ဖက္ထားေလသည္ ။

ဘာေတြ အဆင္မေျပျဖစ္ခဲ့သည္လဲ ဟု ကြၽန္ေတာ္ ေမးခ်င္ေပမယ့္ ။ ကြၽန္ေတာ္ မေမးရန္ ဆံုးျဖတ္လိုက္သည္ ။ ကြၽန္ေတာ့္ဆီ ေရာက္ေနသည့္ သူ႔အား ပူပန္မႈေတြ အနည္းငယ္မ်ွ ေျဖေလၽႇာ႕ေစခ်င္ပါသည္ ။ ကြၽန္ေတာ့္ေဘးနား ရွိေနစဥ္ သူ႔အား ေပ်ာ္ရႊင္ေစခ်င္ပါသည္ ။ ဒါေၾကာင့္လည္း မင္းကို ငါနဲ႔အတူ အေမရိကားကို လိုက္ခဲ့ေစခ်င္တာေပါ့ kyungsoo yahh ။ မင္းကို အခုလို နာက်င္စရာ ပတ္ဝန္းက်င္ကေန ဆြဲထုတ္ေခၚသြားခ်င္တာ ။ ၿပီးေတာ့ လွပတဲ့ ကမၻာတစ္ခုကို ငါကိုယ္တိုင္ ဖန္တီးေပးခ်င္တာပါ ။

ကြၽန္ေတာ့္အား လႊတ္ရန္စိတ္ကူးမရွိသည့္ သူ႔အေျခအေနကို ကြၽန္ေတာ္ သေဘာေပါက္ခံစားမိေတာ့ သူ႔အား ဖက္ထားလ်ွက္ပင္ ခါးမွပင့္ခ်ီလိုက္ကာ အိပ္ခန္းထဲ ေခၚေဆာင္လာခဲ့သည္ ။ ၿပီးေတာ့ ကုတင္ေပၚ ညင္သာစြာ လဲေလ်ာင္းခ်လိုက္ေတာ့ ။ သူ႔ရဲ့ တင္းက်ပ္စြာ ဖက္ထားသည့္ အျပဳအမူေၾကာင့္ ကြၽန္ေတာ္ပါ သူ႔အေပၚ ထပ္လ်က္ လဲက်သြားသည္ ။ ကေလးတစ္ဦးလို ဆိုးႏြဲ႕သည့္ သူ႔ ပံုစံေၾကာင့္ ကြၽန္ေတာ္ အသည္းယားစြာ ျပံဳးလိုက္သည္ ။ သူ႔ရဲ့ ခပ္လံုးလံုးနွာသီးဖ်ားေလးကို ကြၽန္ေတာ့္နွာေခါင္းျဖင့္ က်ီဆယ္လိုက္ေတာ့ သူ႔ဆီက ရီေမာသံတိုးတိုးေလး ထြက္က်လာသည္ ။

" တစ္ညလံုး မင္း မအိပ္ရဘူးမွတ္ ။ "

သူက ႏႈတ္ခမ္းကို ေကာ့ညြတ္သြားေအာင္ ျပံဳးကာ ကြၽန္ေတာ့္ရဲ့ ဆံပင္မ်ားကို သူ႔လက္ေသးေသးေလးျဖင့္ ေဆာ့ကစားေနသည္ ။ ကြၽန္ေတာ္ ဆံပင္မ်ားကို ေဆာာ့ကစားေနသည့္ သူ႔ဘက္ကို ဆြဲယူကာ ပါးစပ္တြင္ ထည့္ငံုလိုက္သည္ ။ ၾကည့္ ။ သူ သေဘာက်စြာ ရီေမာျပန္သည္ ။ သူ႔ရဲ့ ရီေမာသည့္ ရီသံေလးက ကြၽန္ေတာ့္ကို ပိုၿပီး မက္ေမာေစသည္ဆိုတာကို သူ မသိတာလား ။ ဒါဆိုရင္ေတာ့ သူကို အ လွခ်ည္ရဲ့ဟု ဆိုရမည္ ။ ဒါမွမဟုတ္ သိသိရက္နွင့္ သူ လုပ္တာလား ။ ဒါဆိုရင္ေတာ့ သူ႔ကို မိုက္မဲလွခ်ည္ရဲ့ဟု ဆိုရမည္ ။

ကြၽန္ေတာ္ သူ႔လက္ဖဝါးကို ဖြဖြေလးကိုက္ကာ သူ႔ရဲ့ အေပၚဝတ္အက်ႌကို ဆြဲခ်ြတ္လိုက္သည္ ။ သူက ဘာမွမေျပာပဲ ကြၽန္ေတာ့္ လုပ္ရပ္ေတြကို တစ္ခုခ်င္း မ်က္ေတာင္မခတ္ေငးျကည့္ေနသည္ ။ ကြၽန္ေတာ္ သူ႔ရဲ့ မ်က္ေတာင္ကို အၾကင္နာေပးေတာ့ သူ မ်က္လြာခ်သြားသည္ ။ ၿပီးေတာ့ မ်က္လံုးေလးျပန္ဖြင့္ျပီး ကြၽန္ေတာ့္ လည္ပင္းကို သူ႔လက္နွစ္ဖက္ျဖင့္ သိုင္းကာဖက္ရင္း ကြၽန္ေတာ္တို႔ ခႏၶာကိုယ္ခ်င္း ထိကပ္ေအာင္ သူ ဆြဲယူလိုက္သည္ ။

" chanyeollie ။ မင္းကို ငါ အရမ္းခ်စ္တယ္ ။ "

ကြၽန္ေတာ္ ေက်နပ္စြာ ျပံဳးရင္း သူ႔ကို ေထြးေပြ႕လိုက္သည္ ။ ဒီညေတာ့ ကြၽန္ေတာ္တို႔နွစ္ေယာက္ရဲ့ အခ်စ္ေတြနွင့္ ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ရဲ့ အိမ္မက္ေတြ လွပေနလိမ့္မည္ ။ မၾကာခင္ ကြၽန္ေတာ့္အခန္းထဲမွ ကြၽန္ေတာ္နွင့္ သူရဲ့ ခ်စ္တင္းေနွာသည့္ သံဇဥ္ေလးေတြ ပ်ံလြင့္လာလိမ့္မည္ ။ ထို သံဇဥ္မ်ားက ကမၻာဦးအစကတည္းက ထြက္ေပၚလာခဲ့သည့္ အခ်စ္စစ္ရဲ့ သေကၤတတစ္ခုဟု ဆိုရမည္ ။ အခ်စ္မွာ ရမၼက္မပါရင္ ျပည့္စံုသည့္ အခ်စ္ကို ရရွိမွာ မဟုတ္ဘူးဟု မွတ္ယူထားသည့္ ကြၽန္ေတာ္က အခ်စ္ကို ေပးဆပ္ကာ ပိုင္ဆိုင္ခြင့္ရရွိသည္ ။ အခ်စ္ကို စြန္႔လႊတ္ကာ အရႈံးေပးသည့္ လူမ်ိဳးေတာ့ မျဖစ္ခ်င္ပါ ။ ဒါေၾကာင့္ ကြၽန္ေတာ္ ေပးဆပ္ထားသည္နွင့္ ထိုက္တန္ေသာ အခ်စ္ကို ပိုင္ဆိုင္ခ်င္သည္ ။ ဘာေၾကာင့္လဲဆိုေတာ့ ။ kyungsoo ။ မင္းက ငါ့ရဲ႕ ေနာက္ဆံုးပန္းတိုင္ ျဖစ္ေနလို႔ပါ ။

»»»»»»»»»»»»»»»»»»»»»»»»»»»»»»»«»»»»»«

ကြၽန္ေတာ္ လက္မွ နာရီကို ၾကည့္ရင္း စိတ္ေတြ လႈပ္ရွားေနသည္ ။ ဒီအခ်ိန္ဆိုရင္ေတာ့ သူ ေရာက္သင့္ျပီဟု ေတြးကာ ပတ္ဝန္းက်င္ကို တစ္ခ်က္ ေငးေမာျကည့္မိေသာ္လည္း ကြၽန္ေတာ္ ျမင္ေနရသည့္ ပတ္ဝန္းက်င္ျမင္ကြင္းထဲမွာ သူ႔ အရိပ္အေယာင္ကို ေယာင္လို႔ေတာင္ မျမင္မိေသးပါ ။ ဟင့္အင္း ။ သူ႔ကို ကြၽန္ေတာ္ ယံုၾကည္တယ္ ။ သူ႔ကို ကြၽန္ေတာ္ ယံုတယ္ ။ စိတ္ထဲ ထပ္ခါထပ္ခါ ေတြးေတာေနမိေပမယ့္ တစ္ခ်က္တစ္ခ်က္ေတာ့ စိုးရိမ္စိတ္ျကားမွာ လူက ရင္ဘတ္တစ္ခုလံုး ပူေလာင္လာခဲ့ျပန္သည္ ။

လက္တြင္ ကိုင္ထားသည့္ ဖုန္းကို ၾကည့္ရင္း သူ႔ဆီ ဖုန္းေခၚရန္ စိတ္ကူးမိေပမယ့္ ေခၚဆိုဖို႔လည္း ထိတ္လန္႔ေနမိျပန္သည္ ။ သူ ေမ့ေနသည္လား ။ ဟင့္အင္း ။ မျဖစ္နိုင္ဘူး ။ ဒီေန႔က သူ ေမ့ရမည့္ ေန႔ရက္မွ မဟုတ္ပဲ ။ ညကေတာင္ သူနွင့္ ကြၽန္ေတာ္ ဖုန္းေျပာခဲ့သည္ပဲ ။ ကြၽန္ေတာ္ ႐ႈပ္ေထြးေနသည့္ လူမ်ားျကားမွ ထိုင္ခံုတစ္ခုတြင္ထိုင္လ်ွက္ လူေတြျကားမွ ျမင္ရမည့္ အရိပ္တစ္ခုကို ရွာေဖြေနမိသည္ ။

" ေလယာဉ္အခ်ိန္ နီးေနျပီ ။ "

ေဘးတြင္ ရပ္ေနသည့္ အတြင္းေရးမႉးရဲ့ စကားသံေၾကာင့္ ကြၽန္ေတာ္ စိတ္တိုစြာ ထိုအတြင္းေရးမွဴးကို တစ္ခ်က္ စိုက္ျကည့္လိုက္သည္ ။ ကြၽန္ေတာ္ရဲ့ မေက်နပ္သည့္ အၾကည့္ေၾကာင့္ထင္ အတြင္းေရးမႉးက မ်က္နာလြဲကာ အေနာက္သို႔ အနည္းငယ္ ဆုတ္သြားသည္ ။ ခဏအၾကာေတာ့ အတြင္းေရးမႉးက ကြၽန္ေတာ့္ အဝတ္အစားေသတၱာမ်ားကို အရင္သယ္သြားသည္ ။ ကြၽန္ေတာ္ လႈပ္ရွားေနသည့္ လူမ်ားျကးမွ နာက်င္စြာ ငိုေၾကြးခ်င္လာသည္ ။ စိတ္ထဲ သူ လာမွာဟု ယံုၾကည္ဆဲပင္ ။ လက္ထဲ ကိုင္ထားသည့္ ေလယာဉ္လက္မွတ္နွစ္ေစာင္ကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ကာ မြန္းက်ပ္ေနေသာ စိတ္ခံစားမႈမ်ားကို ထိန္းခ်ဳပ္ေနရသည္ ။

ဂိတ္ေပါက္မွ ကြၽန္ေတာ္တို႔ ခရီးစဉ္ကို စတင္ဝင္ေရာက္ရန္ ေၾကျငာသံကို ကြၽန္ေတာ္ ၾကားေနရသည္ ။ ကြၽန္ေတာ္ ထိုင္ေနရာမွ ထရပ္ကာ မလွမ္းမကမ္းရွိ အတြင္းေရးမႉးကို လွမ္းျကည့္လိုက္ေတာ့ အတြင္းေရးမႉးက ကြၽန္ေတာ့္အနား အေျပးေလးေရာက္လာသည္ ။

" ပစၥည္းေတြ ျပန္ယူလိုက္ ။ "

" ဗ်ာ ။ "

ေျကာင္ေတာင္ေတာင္ ျဖစ္ေနသည့္ အတြင္းေရးမႉးကို ကြၽန္ေတာ္ ေသခ်ာစြာ ၾကည့္ျပီး ။

" ေနာက္မွ ကြၽန္ေတာ္ သြားမယ္ ။ "

အတြင္းေရးမႉးက ကြၽန္ေတာ့္အနားမွ ထြက္သြားေတာ့ ကြၽန္ေတာ္ ဖုန္းကို ဖြင့္ကာ သူ႔ဖုန္းနံပါတ္ကို နိုပ္လိုက္သည္ ။ ကြၽန္ေတာ္ စိတ္ပူပန္ေနျပီ ။ သူ တစ္စံုတစ္ရာ ျဖစ္ေန၍သာ ကြၽန္ေတာ့္ ဆီ ေရာက္မလာတာ ျဖစ္နိုင္သည္ ။ မဟုတ္ရင္ သူ ကြၽန္ေတာ့္ဆီ မလာစရာ အေၾကာင္းမွ မရွိပဲ ။ သူ ဘာမွ မျဖစ္ပါေစနဲ႔ဟု ဆုေတာင္းေနမိသည္ ။ ဖုန္းက ဝင္ေပမယ့္ မကိုင္ေတာ့ ကြၽန္ေတာ္ ပိုၿပီး စိုးရိမ္လာမိသည္ ။ ကြၽန္ေတာ္ ခ်က္ခ်င္းပင္ ဖုန္းကို ခ်ကာ ႐ႈပ္ေထြးေနသည့္ လူမ်ားျကားမွ ေျပးထြက္လာမိသည္ ။ ကြၽန္ေတာ္ ေဆာက္တည္မရျဖစ္ေနသည့္ ပူပန္မႈမ်ားျကားမွ လူေတြကို ဝင္တိုက္ခဲ့မိသည္လားေတာင္ မေသခ်ာပါ ။ တိုက္ခဲ့မိသည့္ လူေတြကို မၾကည့္ဘဲ ေတာင္းပန္ပါတယ္ဟုသာ ပါးစပ္က ေျပာခဲ့နိုင္သည္ ။ ကြၽန္ေတာ္ ေလဆိပ္အေပၚထပ္မွ ေအာက္ထပ္သို႔ ဆင္းလာရင္း လူမ်ားၾကားမွ ရိပ္ခနဲ ျမင္လိုက္သည့္ ပံုရိပ္ေၾကာင့္ ကြၽန္ေတာ္ ေျပးလက္စေျခလွမ္းမ်ား တိခနဲ ရပ္တန္႔သြားသည္ ။ ကြၽန္ေတာ္ ျမင္လိုက္ရသည့္ ပံုရိပ္ေၾကာင့္ စိတ္ထဲ ၾကည္ႏူးေပ်ာ္ရႊင္သြားကာ ထိုေနရာသို႔ လ်င္ျမန္စြာေျပးသြားလိုက္မိသည္ ။ ေဟာ ။ ေတြ႕ျပီ ။ သူကလည္း ကြၽန္ေတာ့္ကို ျမင္ေတာ့ ေျပးေနသည့္ ေျခလွမ္းမ်ား ရပ္တန္႔သြားသည္ ။ ေျခလွမ္းနွစ္လွမ္းစာမ်ွ အကြာအေဝးေလာက္တြင္ သူနွင့္ ကြၽန္ေတာ္ မ်က္ႏွာခ်င္းဆိုင္ ရပ္ေနမိသည္ ။ ၿပီးေတာ့ တစ္ေယာက္ မ်က္နာကို တစ္ေယာက္ မလြတ္တမ္းေငးျကည့္ေနမိသည္ ။ ကြၽန္ေတာ့္ရဲ့ အၾကည့္က ၾကည္ႏူးေပ်ာ္ရႊင္မႈေတြ ျပည့္နွက္ေနေပမယ့္ သူ႔ရဲ့ အၾကည့္ထဲမွာေတာ့ ေၾကကြဲမူေတြကို ကြၽန္ေတာ္ ခံစားမိေတာ့ ။ တစ္ခုခု မွားယြင္းေနျပီဆိုသည့္ ခံစားမႈႀကီးျဖင့္ ကြၽန္ေတာ္တို႕ အေနအထားကို ျပန္လည္စမ္းစစ္ေနမိသည္ ။ ေျပးလာ၍ ေမာပန္းေနသည္ သူက အသက္ရႈသံေတြေတာင္ က်ယ္ေလာင္စြာထြက္ေပၚေနသည္ ။ ဂ်င္းေဘာင္းဘီနက္ျပာနွင့္ တီရွပ္အျဖဴကို အေပၚအေႏြးထည္ထူထူတစ္တစ္ထည္ထပ္ဝတ္ထားသည့္ သူ႔ပံုစံက ႐ိုးရွင္းလြန္းလွသည္ ။ ၿပီးေတာ့ က်စ္ေနေအာင္ဆုပ္ထားသည့္ လက္သီးဆုပ္ေလးက အနီေရာင္ေတာင္ သန္းေနသည္ ။ ေနစမ္းပါဦး ။ တစ္ခုခု လြဲေခ်ာ္ေနျပီ ။ ဘာလဲ ။ ကြၽန္ေတာ္ အံ့ဩကာ ေနရာမွ ထိုတစ္စံုတစ္ရာကို ေတြးေတာမိေတာ့ မယံုၾကည္နိုင္စြာ အံ့ဩေနမိသည္ ။ မဟုတ္ဘူး ။ မဟုတ္ေသးဘူး ။ သူ ဘာမွ ပါမလာခဲ့ဘူးလား ။

" ေတာင္းပန္ပါတယ္ chanyeol ။ "

တိုးတိုးေလး ထြက္က်လာသည့္ သူ႔ဆီက စကားသံက ကြၽန္ေတာ့္ မယံုၾကည္မူကို အတည္ျပဳလိုက္သလိုပင္ ။ ကြၽန္ေတာ္ ပါးစပ္ေလးဟကာ အထိတ္တလန္႔ အေနာက္သို႔ ေျခလွမ္းဆုတ္လိုက္မိသည္ ။ ဒါက အေျဖလား ။ ဒါက ကြၽန္ေတာ့္ ေပးဆပ္ျခင္းေတြအတြက္ ျပန္ရလိုက္သည့္ တန္ဖိုးတစ္ခုလား ။ ဘာလို႔ မင္းမွာ သတၱိမရွိရတာလဲ ။ သူက ကြၽန္ေတာ့္ကို နာက်င္ေၾကကြဲေနသည့္ မ်က္ဝန္းမ်ားျဖင့္ ေငးျကည့္ေနသည္ ။ ထိုမ်က္ဝန္းေတြထဲမွာ နာက်င္မႈေတြ ၊ ေၾကကြဲမူေတြ ၊ ဆံုး႐ႈံးမႈေတြ ၊ ထိခိုက္မႈေတြ ခံစားမႈမ်ိဳးစံုရွိေနသည္ ။ သူ႔ မ်က္လံုးက မ်က္ရည္မ်ားက အရည္လဲ့ကာ စီးက်ေတာ့မလို သူ႔ရဲ့ မ်က္လံုးအိမ္မွာ တြဲလြဲခိုေနျကသည္ ။

" ေတာင္းပန္ပါတယ္ ။ ငါ ။ ငါ ။ "

" ဆက္မေျပာနဲ႔ေတာ့ ။ "

ကြၽန္ေတာ္ တားျမစ္ျပီး နာက်င္စြာ ရီေမာလိုက္သည္ ။ ၿပီးေတာ့ အလိုလိုျဖစ္တည္လာသည့္ မ်က္လံုးရွိ မ်က္ရည္မ်ားကို လက္နွစ္ဖက္ျဖင့္ ၾကမ္းတမ္းစြာ ပြတ္တိုက္ကာ သုတ္လိုက္သည္ ။ ကြၽန္ေတာ့္ကို ၾကည့္ၿပီး သူ႔မ်က္လံုးမွ ရစ္ခိုေနေသာ မ်က္ရည္စက္က ပါးျပင္ေပၚ တစ္စက္စီးက်လာသည္ ။ ကြၽန္ေတာ္ ရင္ဘတ္တစ္ခုလံုး ေပါက္ကြဲကာ ပြင့္ထြက္ေတာ့မည္ထင္သည္ ။ အသက္ရႈရတာေတာင္ ေမာပန္းလြန္းလွသည္ ။ ထိုအခ်ိန္ ဂိတ္က ေလယာဉ္အခ်ိန္ကို ေနာက္ဆံုးသတိေပးသံ ထြက္ေပၚလာသည္ ။။ ထိုအတူ အတြင္းေရးမႉးကလည္း အထုတ္မ်ားနွင့္ အတူ ကြၽန္ေတာ္အနား ေရာက္လာသည္ ။ ကြၽန္ေတာ္ အတြင္းေရးမႉးကို လွည့္ျကည့္ကာ ။

" ျပန္ထားလိုက္ ။ "

" ဗ်ာ။။ "

ကြၽန္ေတာ္ အေရွ႕က သူ႔အား နာက်င္စြာ စိုက္ျကည့္လိုက္သည္ ။ မ်က္ရည္မ်ားနွင့္ ပုတ္ခတ္ပုတ္ခတ္ျဖစ္ေနသည့္ သူ႔မ်က္လံုးက ဖန္လံုးေလးလို ၾကည္လင္လြန္းလွသည္ ။ ေဆာင္းဦးဝင္သည့္ ရာသီဥတုျဖစ္၍ ေအးစက္ေနသည့္ သူ႔ ႏွာေခါင္းက နီရဲေနသည္ ။ သူ႔ရဲ့ ပန္းဆီေရာင္ ႏႈတ္ခမ္းကေတာ့ ကြၽန္ေတာ့္ကို နာက်င္ေစလွသည္ ။

" chanyeol ။ "

" အေၾကာင္းျပခ်က္ေတြ မေျပာနဲ႔ kyungsoo ။ ဒါက မင္းရဲ႕ ဆံုးျဖတ္ခ်က္လား ။ "

ကြၽန္ေတာ့္ ေမးခြန္းအဆံုး သူက ေျဖးညင္းစြာ ေခါင္ျငိမ့္လာေတာ့ ကြၽန္ေတာ္ လက္သီးကို ဆုပ္ထားလိုက္မိသည္ ။

ဒီ ရိုးသားတဲ့ မ်က္ဝန္းကို ကြၽန္ေတာ္ မုန္းတယ္ ။

ဒီ ျဖဴေဖြးတဲ့ ပါးျပင္ကို ကြၽန္ေတာ္ မုန္းတယ္ ။

ဒီ အိစက္တဲ့ ႏႈတ္ခမ္းသားဖူးဖူးကို ကြၽန္ေတာ္ မုန္းတယ္ ။

ဒီ ျပတ္သားတဲ့ အၾကည့္ကို ကြၽန္ေတာ္ မုန္းတယ္ ။

ဒီ နာက်င္ေနတဲ့ အသက္ရႈသံကို ကြၽန္ေတာ္ မုန္းတယ္ ။

ဒီ ပ်ံလြင့္ေနတဲ့ ကိုယ္သင္းရနံကို ကြၽန္ေတာ္ မုန္းတယ္ ။

ဒီ လႈပ္ရွားသြားလာေနတဲ့ အပူအပင္မရွိတဲ့ လူေတြကို က်ြန္ေတာ္ မုန္းတယ္ ။

ေဟာ ။ ဒီနွစ္ရဲ့ အေစာဆံုးနွင့္ ပထမဆံုး နွင္းက်ေနျပီ ။ ေလဆိပ္ရဲ့ အျပင္ဘက္တြင္ နွင္းမ်ား စတင္က်လာသည္ကို ကာရံထားသည့္ မွန္မ်ားမွ တစ္ဆင့္ ကြၽန္ေတာ္ ျမင္ေနရသည္ ။

ျဖဴေဖြးေနသည့္ နွင္းဖက္မ်ား လြင့္က်ေနသည္မွာ ပန္းခ်ီကားတစ္ခ်က္ပမာ လွပလြန္းလွသည္ ။ ဒါေပမယ့္ ။ ကြၽန္ေတာ္ နွင္းေတြကို မုန္းတယ္ ။ ၿပီးေတာ့ ။ ၿပီးေတာ့ ။

ကြၽန္ေတာ္ သူ႔ကို တည္ၿငိမ္စြာ စိုက္ျကည့္လိုက္သည္ ။

" မင္းကို ငါ မုန္းတယ္ ။ Do Kyungsoo ။ "

ကြၽန္ေတာ့္ စကားေျကာင့္ မ်က္ရည္မ်ား စီးက်ေနသည့္ သူ႔ဆီက အံ့ဩသြားသည့္ မ်က္ဝန္းနွင့္ ယူက်ဳံးမရျဖစ္သြားသည့္ အၾကည့္ေတြ ။ ကြၽန္ေတာ့္ကို တစ္ခုခု ေျပာခ်င္စိတ္ျဖင့္ သူ႔ ႏႈတ္ခမ္းက လႈပ္ေနေပမယ့္ သူ ရႈိက္သံမ်ားနွင့္ ဘာမွ မေျပာနိုင္ ။ ကြၽန္ေတာ့္ကိုသာ တအံ့တျသ ျကည့္ေနသည္ ။ ကြၽန္ေတာ္ သူ႔ရဲ့ မယံုျကည္နိုင္ မ်က္ဝန္းကို စိုက္ျကည့္ရင္း ႏႈတ္ခမ္းကို တြန္႔ကာ မဲ့ျပံဳးတစ္ခု တပ္ဆင္လိုက္ျပီး နာက်င္စြာ ရီေမာလိုက္သည္ ။

ငါ ခ်စ္ခဲ့သေလာက္ ငါ့ကို ျပန္ မခ်စ္တဲ့ မင္းကို ငါ နားျကည္းတယ္ ။ မုန္းတီးတယ္ kyungsoo ။ တကယ္ေတာ့ အခ်စ္ဆိုတာ မင္းလို လူမ်ိဳးနဲ႔ မတန္ဘူး ။

»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»

(Un)

" ဘယ်သွားမလို့လဲ ။ "

"........."

" chanyeol အခု ဘယ်သွားမလို့လဲဟ ။ "

" ငြိမ်ငြိမ်လေး လိုက်ခဲ့ ။ "

ကျွန်တော် ဆွဲခေါ်ရာနောက် ပါလာပြီး အနောက်တွင် တတွတ်တွတ်ပြောနေသော သူ့ရဲ့ စကားကို ကျွန်တော် ဘာမှမဖြေပဲ ပြန်ပြောလိုက်သည် ။ ကွတ်ကြည့် ကွတ်ကြည့် စူးစမ်းကြည့်နေကြသော ကျောင်းဝင်းထဲရှိ ကျောင်းသားများကို ကျွန်တော် ဂရုမစိုက်စွာပင် သေးငယ်လှသည့် သူ့ရဲ့ လက်ဖဝါးကို တင်းကျပ်စွာဆုပ်ကိုင်ကာ လှမ်းမြင်နေရသော ကားရပ်ထားရာနေရာသို့ ခေါ်ဆောင်လာခဲ့သည် ။ ပုံမှန်အချိန်များတွင်တော့ ကျွန်တော်တို့ရဲ့ အနုပညာတက္ကသိုလ်က ကျောင်းသားများ အခုလောက်များပြားလွန်းသည်မဟုတ်ပေမယ့် အခုလို စာမေးပွဲဖြေဆိုသည့် နေ့များတွင်တော့ ကျောင်းဝင်းအတွင်း ကျောင်းသားများ အလိုလိုပြည့်လျှံနေသည်မှာ အံ့ဩစရာတော့ ကောင်းလွန်းလှသည် ။ တစ်ခါတစ်ရံ ကျောင်းတက်နေစဉ်တွင် တစ်ကြိမ်တစ်ခါမျှ မမြင်ဘူး၊ မတွေ့ဘူးသော ကျောင်းသားများကိုပါ တွေ့ရသည် ။ သူတို့တွေ တစ်နှစ်ပတ်လုံး မည်ကဲ့သို့ ကျောင်းတက်နေသည်လည်း ကျွန်တော်သိချင်သားပင် ။

ကျွန်တော် ရပ်ထားသည့် ကားအနားရောက်တော့ ကားတခါးဆွဲဖွင့်ပေးကာ သူ့အား ကားထဲဝင်ထိုင်စေလိုက်သည် ။ သူကတော့ ကျွန်တော့် လုပ်ရပ်များကို ဘာမှဆက်မမေးတော့ပဲ ကျွန်တော့်ကိုသာ မျက်စိတစ်ဆုံးလိုက်ကြည့်နေသည် ။ ကျွန်တော် သူ့အား ထိုင်ခုံခါးပတ်ပတ်ပေးပြီး တစ်ဖက်ထိုင်ခုံတွင်ဝင်ထိုင်ကာ ကားစက်နှိုးလိုက်သည် ။ ကျောင်းဝင်းထဲရှိ လမ်းမများပေါ်တွင်တော့ မေးခွန်းစာရွက်များက ဟိုနားတစ်စ ဒီနားတစ်စ ပျံ့နှံ့နေကြသည် ။ မကြာခင် စာမေးပွဲနောက်ဆုံးနေ့ဖြစ်သည့်အတွက် ကျောင်းသားအချို့က လွတ်လပ်ခြင်းကို ခံစားကာ အော်ဟစ်နေကြလိမ့်မည် ။ တစ်ချို့ကတော့ ခွဲခွာခြင်းကို ကြေကွဲစွာ ငိုကြွေးနေကြလိမ့်မည် ။ တစ်ယောက်နှင့်တစိယောက် အဆက်အသွယ်မပြက်ဖို့ မှာတမ်းခြွေနေကြလိမ့်မည် ။ မနက်ဖြန်ဆိုရင် ကျွန်တော်တို့တွေက ပြင်ပလောကကို ရောက်ရှိကြတော့မည်လေ ။ ကိုယ်စီထားရှိကြသည့် ရည်မှန်းချက်များအတိုင်း အကောင်အထည်ဖော်ကြရတော့မည် ။ ကျွန်တော်တို့ရော ။ ကျွန်တော်နှင့် သူ့ရဲ့ ရည်မှန်းချက်ကရော အနာဂတ်မှာ တစ်ထပ်တည်းကျပါ့လား ။ ကျွန်တော် ဘာကြောင့်လည်းမသိ ထိုကဲ့သို့ အတွေးကြားမှာ စိုးရိမ်ပူပန်မိသည် ။ သူ့အပေါ်ထားခဲ့မိသည့် ကျွန်တော့်ရဲ့ မျှော်လင့်ချက်တွေက ကျွန်တော် တွေးထင်ထားသည်ထက် ပိုပြီးများပြားနေသည် ထင်သည် ။

ကျွန်တော် ကားကို အနုပညာတက္ကသိုလ်ကျောင်းဝင်းထဲမှ ထွက်ကာ အဝေးပြေးလမ်းပေါ်သို့ ဦးတည်လိုက်သည် ။ ဘေးကသူကတော့ တစ်ရိပ်ရိပ်ဖြက်သွားသည့် ပတ်ဝန်းကျင်များကို ငေးကြည့်ရင်း တစ်ဖြေးဖြေးအဝေးရောက်ရှိနေသည့် မြို့ပြင်အနေအထားကြောင့် ကျွန်တော့်အား နားမလည်စွာ လှည့်ကြည့်လာသည် ။

" မင်း ဘယ်သွားနေတာလဲ ။ "

ကျွန်တော် သူ့အား တစ်ချက်လှည့်ကြည့်လိုက်တော့ သူက ကျွန်တော့်အဖြေကို မျှော်လင့်တကြီး မျက်လုံးလေးဝိုင်းကာ ကြည့်နေသည် ။ ကျွန်တော် ပါးချိုင့်ပေါ်အောင် တစ်ချက်ပြုံးကာ ။

" မင်းကို ခိုးပြေးလာတာလေ ။ "

" ဘာ ။ "

အနည်းငယ် ကျယ်လောင်စွာထွက်ကျလာသည့် သူ့စကားကြောင့် ကျွန်တော် ပြုံးနေရာမှ အသံထွက် တစ်ချက်ရီမောလိုက်မိသည် ။ သူ့ကို လှည့်ကြည့်တော့ ပန်းနုရောင်သူ့နှုတ်ခမ်းသားဖူးဖူးလေးက တစ်ခုခုပြောချင်နေသလို တုန်နေသည် ။ သူ့ ရဲ့ ဝိုင်းစက်လွန်းလှသည့် မျက်လုံးများက ပုတ်ခတ်ပုတ်ခတ်ဖြင့် အံ့ဩနေသည် ။ ကျွန်တော့် စကားလုံးများမှာ ဘာများ အံ့ဩစရာပါနေလို့ပါလိမ့် ။ ဘာကြောင့်များ ဒီဂျပုက ဒီလောက် အံ့ဖွယ်ပုံစံဖြစ်နေရသည်လဲ ။ ချစ်သူကို ခိုးပြေးတာ သဘာဝပင်မဟုတ်လား ။ သိပ်လည်း ဆန်းကြယ်လွန်းလှသည်လည်း မဟုတ်ပါပဲ ။ တစ်ခုပင်ရှိမည် ။ အခုလို နေ့ခင်ကြောင်တောင်တောင်တော့ ဘယ်သူမှ မိန်းမ မခိုးတန်ကောင်းပါရဲ့ ။ ထားလိုက်ပါ ။ ကျွန်တော်ကလည်း မိန်းမခိုးသည်မှ မဟုတ်ပဲ ။ ယောကျာၤးခိုးတာပဲကို ။

" မင်း စနေတာလား ။ "

" မစပါဘူး ။ အတည်ပြောတာ ။ ငါ မင်းကို ခိုးပြေးလာတာ ။ "

ကျွန်တော် ကားကို မောင်းရင်း ပြုံးကာပြောလိုက်သည် ။ သူက ဘာမှဆက်မပြောတော့ပဲ သက်ပြင်းတစ်ချက်ချကာ ငြိမ်သက်သွားသည် ။ ကျွန်တော် သူ့ရဲ့ သက်ပြင်းချသံကြောင့် သူ့အားလှည့်ကြည့်လိုက်တော့ ။ သူက ကားမှန်မှတစ်ဆင့် အပြင်ဘက်ကို ငေးကြည့်နေသည် ။ ငြိမ်သက်နေသည်ဆိုပေမယ့် သူ့ပေါင်ပေါ်ရှိ သူ့လက်ချောင်းများကတော့ စိတ်လှုပ်ရှားမူကို ဖော်ပြသလို လှုပ်ရှားနေသည် ။ ကျွန်တော် လမ်းရှင်းနေသော အဝေးပြေးကားလမ်းဘေးတွင် ကားကို ထိုးရပ်လိုက်တော့ သူက ကျွန်တော့်ကို လှည့်ကြည့်လာသည် ။

" မင်းက ဘာဖြစ်နေတာလဲ ။ "

ကျွန်တော့်စကားကြောင့် သူက မျက်လုံးလေး ပြူးလာသည် ။

" ဘာမှ မဖြစ်ပါဘူး ။ "

" ဘာလဲ ။ ငါခိုးပြေးမှာ ဒီလောက် ကြောက်စရာလား ။ မလိုက်ချင်ရင်လည်း မလိုက်ချင်ဘူး ငြင်းပေါ့ ။ "

ကျွန်တော့် စကားလုံးအဆုံး သူက မျက်လွှာလေးချကာ ငြိမ်သက်နေပြန်သည် ။ တစ်ခါတလေ အခုလို သူ့ရဲ့ မထုံတတ်သေးပုံစံကို ဘာရယ်မဟုတ် ကျွန်တော် စိတ်အလိုမကျတော့ ဖြစ်မိသည် ။ ကျွန်တော်ဆိုသည့်ကောင်က အတိတ်မမေ့ခင်ကရော အခု အတိတ်မေ့နေချိန်ရော သူ့အတွက်ဆိုရင် အမြဲအဆင်သင့် ရှိနေတတ်သူဖြစ်ပြီး သူ့အတွက် အမြဲ ကာကွယ်ပေးဖို့ရှိနေတတ်သည်လေ ။ ဒါကြောင့် ကျွန်တော့်လိုပင် သူ့အား ဖြစ်စေချင်သည် ။ သူလည်း ကျွန်တော့်အတွက် ဘယ်အချိန်မဆို အဆင်သင့်ဖြစ်နေစေချင်သည် ။ အရင်က သူ့ဆီက တုန်ပြန်မှုတွေက ကျွန်တော့် ပေးဆပ်ခြင်းနှင့် ထပ်တူမကျခဲ့ဘူးဆိုရင်တောင် အခုအချိန်မှာတော့ ကျွန်တော့် ပေးဆပ်ခြင်းတွေအတွက် တူညီသော တုန်ပြန်မှုတွေကို သူ့ဆီက အပြည့်အဝ ရရှိချင်သည် ။ ဒါကို လောဘကြီးလာသည် ဆိုမလား ။ လူဆိုတာက လောဘရဲ့ သားကောင်ပဲလေ ။ ပေးဆပ်ခြင်းက မွန်မြတ်မူဆိုရင်တောင် တစ်ဖက်လူက တန်ဖိုးမထားရင် အရေးမပါသည့် အပြုအမူတစ်ခု ဖြစ်သွားတတ်သည်လေ ။ ဒါကြောင့် ကျွန်တော့် ခံစားချက်များအား တန်းဖိုးရှိစေရန် သူ့အား တုန့်ပြန်စေချင်သည် ။ ကျွန်တော့်အတွက် တန်ဖိုးရှိသည့် ချစ်ခြင်းမျိုးကို သူနှင့် အတူ ဖန်တီးချင်သည် ။

သူက ခေါင်းလေးငုံ့ထားလျှက်ပင် ။

" တစ်ခါတလေ ငါ့ကိုယ်ငါလည်း အားမရဘူး chanyeol "

ကျွန်တော် သူ့စကားကို နားမလည်နိုင်ဖြစ်နေမိသည် ။ သူက ဘာကိုအားမရဖြစ်နေသည်လဲ ။ ဘာကို စိတ်တိုင်းမကျစွာ ခံစားနေမိသည်လဲ ။ သူက ခေါင်းငုံ့ပြီးနေရာမှ ခေါင်းမော့လာကာ ရှင်းလင်းနေသော အဝေးပြေးကားလမ်းမကြီးကို တစ်ချက်ငေးကြည့်နေပြန်သည် ။ တစ်ခါတလေတော့လည်း အရင်ကလို သူ့ရဲ့ ခံစားချက်တိုင်းကို နားလည်ပြီး သူနှင့် ထပ်တူထပ်မျှ ခံစားတတ်သည့် chanyeol ပြန်ဖြစ်ချင်သား ။ ကျွန်တော် မှတ်မိလာသည့် ကျွန်တော်တို့ အတိတ်ထဲတွင် သူ့အား မျက်တောင်မခတ်ငေးကြည့်ရင်း သူ့ခံစားမှုတွေကို အဓိပ္ပာယ်လိုက်ဖော်နေသည့် ရူးကြောင်ကြောင် chanyeol ဆိုတာကို တစ်ခါတလေ ရူးမိုက်လှချည်လားဟု အပြစ်တင်မိပေမယ့် တစ်ခါတစ်ရံတော့လည်း ထိုကဲ့သို့ ရူးမိုက်မူမျိုးကို ခံစားချင်သား ။ သာတယ် ။ နာတယ် ။ နိုင်တယ် ။ ရှုံးတယ် မတွက်ပဲ အရှိကိုအရှိအတိုင်း ချစ်ချင်သည် ။ ဒါပေမယ့် အတိတ်မေ့နေသည့် ကျွန်တော်ကတော့ အနည်းငယ်မျှ သူ့ကို အနိုင်ယူချင်သည် ။ တစ်စထက်တစ်စ သူ့ကို ပိုပြီး ပိုင်ဆိုင်ချင်သည် ။ သူက သက်ပြင်းတစ်ချက်ချကာ ။

" အရှေ့ကို ကြိုတင်တွေးတောပြီး စိုးရိမ်နေတဲ့ ငါ့ကိုယ်ငါလည်း ဒေါသထွက်တယ် ။ မင်းက ငဲ့ကွက်စရာ ဘာတစ်ခုမှ မရှိလို့ အရာရာကို ပြတ်သားစွာ ဆုံးဖြတ်နိုင်ပေမယ့် ငါကတော့ မင်းလို မဟုတ်ဘူးလေ ။ "

သူက စကားကို ဆက်မပြောပဲ ကျွန်တော်က ဆံပင်ကို ဒီထက်တိုအောင် မညှပ်နဲ့ဟု ပြောထား၍ အနည်းငယ်ရှည်လာသည့် သူ့ နဖူးပေါ်ရှိ ဆံပင်ကို လက်ဖြင့် သပ်တင်ကာ နှုတ်ခမ်းကွေးသည်ဆိုရုံလေး ပြုံးလိုက်သည် ။ ထိုအပြုံးက လှောင်ရီသည့် သဘောကိုဆောင်သည်ဟု ကျွန်တော် တွေးလိုက်မိတော့ သူ မည်မျှလောက် လောကကြီးကို စိတ်ပျက်နေသည်နည်း ။

" ငါ့မှာ မိသားစုရှိသေးတယ်လေ ။ "

တိုးတိမ်လွန်းစွာ ထွက်ကျလာသည့် သူ့ဆီက စကားသံက ဘာရယ်မဟုတ် ကျွန်တော့် ရင်ကို ဆွဲဖဲ့သလို တစ်ချက်နာကျင်သွားသည် ။ မိသားစု ။ မိသားစု ။ မိသားစု ။ ထိုစကားလုံး ကျွန်တော့်အား အဆိုးဝါးဆုံး နာကျင်မှုကို ဖြစ်ပေါ်စေသည်ကို သူ သိရဲ့သားနှင့် ဘာကြောင့် သူ ပြောထွက်ရက်သည်လဲ ။ ကျွန်တော့် အတွေးထဲ ကျွန်တော့် ကြောင့် ကျွန်တော့် မိသားစုကို ဆုံးရှုံးခဲ့မူကို သတိရမိတော့ သူ့အား စိတ်ထဲ နားကြည်းမူက အလိုလိုကပ်ပါလာသည် ။ ဒါပေမယ့် နာကျင်စွာ တစ်ခုခုပြောရန် စိတ်ကူးမိသော်လည်း တကယ်တမ်းတော့ ကျွန်တော့် ရှေ့က ကလေးတစ်ဦးလို ဖြူစင်ပြီး ကြေကွဲခြင်းတွေနှင့် ပြည့်နှက်နေသည့် မျက်ဝန်းကို မြင်တော့လည်း ကျွန်တော် ဘာစကားမှ ပြောမထွက်ခဲ့ပါ ။ တကယ်တော့ မင်းက ငါ့ကို အရင်ကရော အခုရော အမြဲ အနိုင်ရနေကြပါပဲ kyungsoo ။ ကျွန်တော် အနည်းငယ်မျှ လွင့်ထွက်ချင်နေသည့် အလိုမကျခြင်းခံစားမူတွေကို မြိုသိပ်ကာ သက်ပြင်းရှည်တစ်ချက်ကို ချလိုက်ပြီး ကားစက်နှိုူးရန် ဟန်ပြင်လိုက်တော့သည် ။ ဘာတွေပဲ ဖြစ်ဖြစ် ကျွန်တော်မှ သူ့ကို မမေ့နိုင်သေးပဲ ။ အနှောင့်အယှက်ဖြစ်စရာ ကိစ္စတွေ ကျွန်တော်တို့ကြားမှာ မရှိစေချင်ပါ ။

" မင်းနဲ့အတူ မသွားဖြစ်တဲ့ နေရာကို သွားမလို့ ။ "

ကျွန်တော် ကားစက်နှိုးပြီး ပြောလိုက်သည့် စကားကြောင့် သူက ကျွန်တော်ကို ကြည့်ကာ ။

" ဘယ်နေရာလဲ ။ "

ကျွန်တော် ကျေနပ်စွာ တစ်ချက်ပြုံးပြီး ကားကို အဝေးပြေးလမ်းမပေါ် ပြန်လည်နေရာယူကာ အရှိန်မြင့်မောင်းလိုက်သည် ။

" ဆာဂီမက်ရွာဘက်ကို ။ "

ကျွန်တော့် စကားဆုံးတော့ သူက ဆာဂီမက်ရွာဆိုသည့် စကားကို တိုးတိုးလေး ရေရွတ်နေသည် ။ ပြီးတော့ ကျွန်တော့်ကို နားမလည်စွာ ကြည့်ပြီး ။

" ဘယ်မှာရှိတာလဲ ။ ဝေးလား ။ "

ကျွန်တော် မျက်လုံးပြူးကာကြည့်နေသည့် သူ့ကို တစ်ချက်လှည့်ကြည့်ပြီး ပြုံးလိုက်မိသည် ။

" မဝေးပါဘူး ။ ချုချုန်းဒေသဘက်မှာပါ ။ ဆိုးလ်မြို့နဲ့ ၂ နာရီကျော်လောက်ပဲ မောင်းရတာပါ ။ အခု ၁၁နာရီဆိုရင် ည မိုးမချုပ်ခင် မင်း အိမ်ပြန်ရောက်ပါတယ် ။ စိတ်ချလက်ချနေ ။ ငါလည်း မိန်းမမယူချင်သေးပါဘူး ။ "

ကျွန်တော့် စကားကြောင့် သူ ခေါင်းငြိမ့်နေရာမှ ခေါင်းထောင်လာကာ ကျွန်တော့်ကို လှည့်ကြည့်လာသည် ။

" ဘာ မိန်းမ မယူချင်တာလဲ ။ ငါက မိန်းမလား ။ မင်းပြောပုံက ။ "

ကျွန်တော် သူ့ စကားကြောင့် ကားမောင်းရင်း တဟားဟား အော်ရီလိုက်မိသည် ။

" မင်းက ငါ့မိန်းမပဲလေ ။ အခုထိ မသိသေးဘူးလားကွ ။ "

ကျွန်တော် ရီသံများကြားမှ ကားမောင်းရင်း ဘေးတွင်ထိုင်နေသော သူ့ဘက် ကိုယ်လေးစောင်းပြီး ပြောလိုက်သည် ။ သူကတော့ စောင်းကျလာသည့် ကျွန်တော့် ပုခုံးကို လက်နှစ်ဘက်ဖြင့် တွန်းလွှတ်ကာ ကျွန်တော့်အား မျက်စောင်းဖြင့် စိုက်ကြည့်လာသည် ။ ပြီးတော့ ကျွန်တော့် လက်မောင်းကို သူ့လက်သီးသေးသေးလေးတွေနှင့် ထုရိုက်ရင်း ။

" မင်းသေချင်နေတာလား ။ ဘာ မိန်းမလဲ ။ အေး မင်း ငါ့အကြောင်း သိမယ် ။ "

အဝေးပြေးကားလမ်းမပေါ်ရှိ အရှိန်မြင့်ကာ မောင်းနေသည့် ကားပေါ်တွင် ကျွန်တော်တို့နှစ်ယောက်ရဲ့ ရီမောသံနှင့် အော်ဟစ်သံများက ဖြတ်တိုက်နေသော လေနှင့်အတူ ပျံ့နှံ့နေလိမ့်မည် ။ တစ်ချက်တစ်ချက် သူ့ရဲ့ စိတ်ဆိုးကာ ကျွန်တော့် လက်မောင်းနှင့် ကျွန်တော့် ဗိုက်ကို လာရောက် ထိုးနှက်သည့် အပြုအမူကြောင့် ကျွန်တော့်ရဲ့ အော်သံပြာပြာကြီးက ကျယ်လောင်စွာထွက်ပေါ်လာသည် ။

ကျွန်တော်နှင့်သူ အချိန်၂နာရီကျော်မျှ ကားမောင်းပြီး ဆာဂီမက်ရွာသို့ရောက်ရှိလာသည် ။ ဆိုးလ်မြို့နှင့် အလှမ်းမဝေးပေမယ့် ဆာဂီမက်ကျေးရွာကတော့ အနည်းငယ်မျှ ရှေးဆန်ကာ ရိုးသားသော ကျေးရွာသားများနှင့် တောင်ယာသမားများ နေထိုင်ကြသည် ။ ထိုဒေသက ဂျင်စင်းထွက်သည့် ဒေသလည်း ဖြစ်သည် ။ ကြီးမားပြီး တန်ဖိုးကြီးသည့် ဂျင်စင်းများထွက်ရှိပြီး ပြည်ပအထိပါ တင်ပို့နိုင်သည် ။

" မင်း ဂျင်စင်းလာစားတာတော့ မဟုတ်ပါဘူးနော် ။ "

ရွာထဲ ကားကို ခပ်ဖြေးဖြေးမောင်းနှင်လာတော့ သူက ရွာလမ်းဘေးရှိ ကြီးမားလှသည့် ဂျင်စင်းစိုက်ထားသည့် တောင်ကုန်းများကို ငေးကြည့်ရင်း ပြောလာသည် ။

" ငါတို့ အသက်ကြီးလာရင် ဒီရွာမှာ အတူတူနေကြမယ်လေ ။ "

" ဒီရွာကို သဘောကျလို့လား ။ "

" ဟင့်အင်း ။ ဂျင်စင်းစားချင်လို့ ။ "

" ............"

" ဂျင်စင်းက အားရှိတယ်ဆိုတော့ ။ ဂျင်စင်းစားလိုက် မင်းကို စားလိုက် ။ မင်းကို စားလိုက် ဂျင်စင်းစားလိုက် ။ ဘယ်လောက်မိုက်လဲ ။ "

ကျွန်တော့် စကားမဆုံးခင်ပင် သူ့ဆီက လက်တစ်ဖက်က ကျွန်တော့် နားရွက်ကို လာဆွဲလိမ်တော့သည် ။ ကျွန်တော် ကြိုတင်တွေးတောထားမိ၍ ကိုယ်ကို အနည်းငယ် ယိမ်းကာ ရှောင်လိုက်တော့ ။ သူ့ဆီက နဂါးမျက်စောင်းက ကျွန်တော့်ကို စူးရဲစွာ စိုက်ကြည့်လာတော့သည် ။

ကျွန်တော် ကားကို ရွာအဝင်လမ်းအတိုင်းမောင်းလာပြီး ရွာရဲ့ တောင်ဘက်ပိုင်းတွင်ရှိသည့် တောအုပ်လေးရှိရာ တောင်ခြေလောက်တွင် ကားကို လမ်းဘေးထိုးရပ်လိုက်သည် ။ ပြီးတော့ ကျွန်တော် ကားနောက်ခန်းထဲမှ ကျောပိုးအိတ်ကို ဆွဲယူကောက်လွယ်ပြီး ကားပေါ်မှ ဆင်းလိုက်တော့ သူလည်း ကားပေါ်မှ ဆင်းလာသည် ။

" လာ ။ လိုက်ခဲ့ ။ "

ကျွန်တော် သူ့လက်ကို ဆွဲကာ အစိမ်းရောင်တောအုပ်လေးရှိရာ တောင်ကုန်းလမ်းပေါ် ဦးတည်လျှောက်လိုက်သည် ။ စိမ်းစိုနေသော ပတ်ဝန်းကျင်အတွင်း ကျွန်တော်တို့နှစ်ယောက် ရှေ့နောက်လျှောက်နေသည့် မြေလမ်းလေးက လူတွေ သွားလာရ အဆင်ပြေရန်သာ လုပ်ထားသည့် ပုံစံမျိုးပင် ဖြစ်သည် ။ လူ နှစ်ယောက်သာ ယှဉ်တွဲလျှောက်နိုင်သည့် လမ်းအကျယ်အဝန်းက အကွေ့အကောက်များနှင့်ပင် ။ တစ်ချို့ တက်ရခက်ခဲသည့် နေရာတွင်တော့ လမ်း၏ တစ်ဖက်တွင် ဝါးလုံးဖြင့် တန်းထားသည့် လက်ရမ်းလို အတန်းမျိုး ပြုလုပ်ပေးထားသည် ။

" ဘယ်တွေ သွားနေတာလဲ။ တောထွက်ပြီး တရားကျင့်တော့ မလို့လား ။ "

" ........."

" မရောက်သေးဘူးလား ။ ငါ မောနေပြီ ။ "

"........."

" chanyeol yahh . "

အနောက်တွင် လိုက်ပါလာသည့် သူ့ဆီက အဆက်မပြတ် ထွက်ကျလာသည့် စကားသံများကြောင့် ကျွန်တော် ပိုပြီး မောဟိုက်ကာ အသက်ရှုတောင် ကျပ်ချင်လာသလို ခံစားရသည် ။ ကျွန်တော် ဘေးရှိ ဝါးလက်တန်းကို ထိန်းကိုင်ရင်း အနောက်ဘက်ရှိ သူ့ကို လှည့်ကြည့်လိုက်သည် ။

" ခဏပဲ ရောက်တော့မှာ ။ ငါ့ကိုလည်း ကိုယ်ချင်းစားပါကွ ။ ငါက ကျောပိုးအိတ်တောင် လွယ်ခဲ့တာ ။ "

သူကလည်း ဝါးလက်တန်းကို ထိန်းကိုင်ရင်း ခက်ခက်ခဲခဲ အသက်ရှထုတ်ကာ ကျွန်တော့်အား ပေစောင်းစောင်းကြည့်လာသည် ။

" မင်းက နေ့တိုင်း အားကစားလုပ်တဲ့သူလေ ။ သက်လုံကောင်းမှာပေါ့ ။ "

" မင်းကိုလည်း ငါနဲ့အတူ လုပ်ပါပြောတာပဲ ။ မင်းပဲ မလုပ်တာလေ ။ "

" မလုပ်ချင်ပါဘူး ။ စိတ်ညစ်စရာကောင်းတယ် ။ "

" အေးလေ ။ မင်း မလုပ်လို့ အခုလို အမောမခံနိုင်တာပေါ့ ။ ပြီးတော့ မင်း အားကစားမလုပ်လို့ ငါ့လောက်လည်း စိတ်သွားတိုင်း ကိုယ်မပါဘူးမဟုတ်လား ။ တစ်ခါတလေ တစ်ချီတည်းနဲ့ မင်း မထနိုင်ဘူးလေ ။ "

ကျွန်တော် စကားကြားတော့ သူက ကျွန်တော့်ခြေထောက်ကို လှမ်းကန်ရင်း ။

" တော်စမ်းပါ ။ တဏှာအာဂကြီးတဲ့ ကောင်ရဲ့ ။ မင်းလို ဘယ်သူမှ အဲလောက် အခေါက်အရေအတွက် အများကြီး မမွန်နိုင်ဘူး ။ "

ကျွန်တော် အော်ရီရင်း သူ့ရဲ့ ခြေထောက်ကန်ချက်ကြောင့် ယိုင်သွားသည့် အနေအထားကို ထိန်းကာ အရှေ့သို့ ဆက်လျောက်လိုက်သည် ။ ဟော ။ ရောက်ပြီ ။

ကျွန်တော် လှမ်းမြင်နေရသည့် ကျောက်ဖျာကြီးနှင့် ကြားနေရသည့် ရေစီးသံကို ကြားတော့ ခပ်မြန်မြန်လျှောက်လိုက်သည် ။

" ရောက်ပြီ ။ လာခဲ့ ။ "

ကျွန်တော် သူ့လက်ကို ဆွဲကာ အရှေ့သို့ မြန်မြန်လျှောက်လိုက်သည် ။ အနည်းငယ်လျှောက်ပြီး သူ့လက်ကို ဆွဲကာ သူ့အား ကျွန်တော့် အရှေ့တွင် ရပ်ခိုင်းလိုက်သည် ။

" ကဲ ။ ကြည့် ။ "

ကျွန်တော့် စကားအဆုံး သူက ကျွန်တော် ပြရာ နေရာကို ပါးစပ်လေး ဟကာ ငေးမောကြည့်နေသည် ။ မငေးကြည့်ပဲ သူ မနေနိုင်ဘူးလေ ။ ကျွန်တော်နှင့် သူ လှမ်းမြင်နေရသည့် ကျွန်တော်တို့အရှေ့က မြင်ကွင်းက သိပ်ကိုလှပလွန်းလှသည် ။ အနည်းငယ်မြင့်မားသည့် ကျောက်ဆောင်ပေါ်မှ တသွင်သွင်စီးကျနေသည့် ပြာလဲ့လဲ့ ရေတံခွန်က နေရောင်အောက်မှာ ပန်းချီကားတစ်ချက်ပမာ သဘာဝကျကျ လှပနေသည် ။

" ရေတံခွန်လေ ။ လှတယ် မဟုတ်လား ။ "

" အင်း ။ "

သူ့ပုခုံးလေးနှစ်ဖက်ကို အနောက်မှ ကိုင်ကာ မေးလိုက်သည့် ကျွန်တော့်အမေးကို သူက ခေါင်းလေးငြိမ့်ကာ ဖြေလေသည် ။ ကျွန်တော် သူ့ကိုယ်လေးကို ရှောင်ပြီး တသွင်သွင်စီးကျနေသည့် ရေတံခွန်ဘေးရှိ ကြီးမားသည့် ကျောက်ဖျာပေါ် ရပ်လိုက်သည် ။ ပြီးတော့ လွယ်ထားသည့် ကျောပိုးအိတ်ကို ကျောက်ဖျာပေါ် ပစ်ချကာ ဘောင်းဘီအိတ်ထဲမှ ဖုန်းကို ထုတ်ပြီး ကျွန်တော့် အရှေ့မြင်ကွင်းထဲရှိ ပြာလဲ့လဲ့ရေထဲ ဒိုင်ပင်ထိုးချလိုက်သည် ။

" ဝိုးးးး ။ "

" ဗွမ်းးးး ။ "

ကျွန်တော်ရဲ့ လွတ်လပ်စွာအော်ဟစ်သံနှင့်အတူ ကျွန်တော်ကိုယ်လေး အရှိန်ဖြင့် ရေထဲကျသွားသည့် အသံက ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာသည် ။ အေးမြသောရေရဲ့ အရသာက ကျွန်တော့်စိတ်ကိုပါ လန်းဆန်းသွားစေသည် ။ ကျွန်တော် ရေပေါ်ပြန်လည်ပေါ်လာပြီး သူ့ကို မော့ကြည့်လိုက်သည် ။ သူက ကျွန်တော့်ကို ကြည့်ရင်း ရီမောနေသည် ။

" ဘာရပ်နေတာလဲ ။ လာလေ ။ ခုန်ချလိုက် ။ "

ကျွန်တော် လက်လှမ်းကာ ခေါ်တော့ သူလည်း ဖိနပ်ကို ချွတ်ကာ အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည် ။ ပြီးတော့ ပြေးလာကာ အရှိန်ဖြင့် ရေထဲ ခုန်ချလိုက်လေတော့သည် ။

" kyungsoo ကွ ။ "

" ဗွမ်း ။ "

ရေထဲမှ ဆံပင်ကို လှန်တင်ပြီး ပြန်လည်ပေါ်လာသည့် သူ့ မျက်နာက လန်းဆန်းမူတွေ အပြည့်နှင့်ပင် ။ သူက လွတ်လပ်စွာပင် ရေထဲ ပေါ့ပါးစွာ ကူးခတ်လိုက်သေးသည် ။ တိတ်ဆိတ်နေသော တောထဲရှိ အခုလို သဘာဝအတိုင်း တည်ရှိနေသည့် ရေတံခွန်ထဲ သူနှင့် ကျွန်တော် တစ်ယောက်ကိုတစ်ယောက် ရေဖြင့် လှမ်းပတ်ကာ စနောက်ရင်း ကူးခတ်နေကြသည် ။ တစ်လလုံး စိတ်ဖိစီးမှုများနှင့် ပြည့်နှက်နေသော စာမေးပွဲကြီး ပြီးဆုံးသွားသည့် အထိမ်းအမှတ်အဖြင့် ပိုပြီး လွတ်လပ်စွာပေါ့ပါးနေကြသည် ။

မြင့်မားလှသည့် ရေတံခွန်တောင်ပေါ်မှ ကျွန်တော် ဒိုင်ပင်ထိုးချတော့ သူလည်း ကျွန်တော့်လို လိုက်ကာ ခုန်ချသည် ။

" မကြောက်နဲ့ ။ ခုန်တာချလိုက် ။ "

ကျွန်တော် လှမ်းမြင်နေရသည့် စီးကျနေသော ရေတံခွန်အထိပ်ရှိရာ ကျောက်ဖျာပေါ်မှ မတ်တပ်ရပ်နေသော သူ့အား လှမ်းအော်ပြောလိုက်သည် ။ ရေစီးကျသံများနှင့် ကျွန်တော့် စကားသံကို သူ ကြားမကြားတော့ ကျွန်တော် မသိပါ ။ ဒါပေမယ့် လက်ဟန်ဖြင့် ခုန်ချရန်ပြောနေသော ရေထဲရှိ ကျွန်တော့်အား သူ မြင်ရမှာပါ ။ ခဏအကြာတော့ သူက မျက်လုံးကို စုံမှိတ်ကာ မြင့်မားလှသည့် ရေတံခွန်အပေါ်မှ ခုန်ချလိုက်သည် ။ သူ့ရဲ့ သေးငယ်လွန်းသည့် ခန္ဓာကိုယ်လေးက စီးကျနေသော ရေတို့နှင့်အတူ ရောထွေးကာ ကျလာသည် ။ ကျွန်တော် ထင်သည် ဒါက လှပလွန်းသည့် ပန်းချီကားတစ်ချပ်ဖြစ်မည်ဆိုတာပင် ။ ကျွန်တော် သူ့ရှိရာဘက် ကူးခတ်သွားလိုက်သည် ။ သူက ရေအောက်မှ ပေါ်ထွက်လာကာ ကျွန်တော့်ကို လွတ်လပ်စွာပြုံးပြလာသည် ။ ရေစက်တို့နှင့်ရောထွေးနေသည့် သူ့မျက်နာက ဖြူဖွေးလွန်းလှသည် ။ ပြီးတော့ လွတ်လပ်လွန်းသည့် သူ့အပြုံးက ပန်းဆီရောင်သူ့နုတ်ခမ်းကို လှပစွာ ကွေးညွှတ်သွားစေပြီး မြင်နေကြဖြစ်သည့် ကျွန်တော့်အား ခဏတာမျှ အသက်ရှုမူ ရပ်တန့်သွားစေသည် ။ တစ်ခါတလေ သူ့ရဲ့ မြင်နေကြ အပြုအမူလေးတစ်ခုကတောင် ကျွန်တော့်အား ဘာလို့ ရင်ခုန်စိတ်လှုပ်ရှားစရာဖြစ်စေတာလဲဆိုတာ ကျွန်တော် စဉ်းစားမရဖြစ်မိသည် ။ သူက ဘာမှော်အစွမ်းမှ မရှိပဲ ဘယ်လိုကြောင့် ကျွန်တော့်အား အခုလို ပြုစားနိုင်လွန်းလှသည်လဲ ။

ကျွန်တော် ရေထဲတွင် ကိုယ်ဖော့ကာ ခေါင်းတစ်လုံးပေါ်နေသော သူ့အရှေ့တွင် ရပ်လိုက်သည် ။ ရေစိုနေသော မျက်ဝန်းများဖြင့် ကျွန်တော့်အား ကြည့်နေသော သူ့ရဲ့ လှပသော မျက်လုံးဝိုင်းဝိုင်းလေးကို စိုက်ကြည့်ကာ ကျွန်တော် ရင်ခုန်စွာပြုံးလိုက်သည် ။

" ဒီလောက် တော်တဲ့ မင်းကို ဆုချရမှာပေါ့ ။ "

" ဆု ။ "

တအံ့တသြဖြစ်နေသော သူ့ရဲ့ ပြူးကြောင်ကြောင် မျက်ဝန်းတို့ကို မသိကျိုးကျွန်ပြုကာ ကျွန်တော် သူ့ရဲ့ လည်တိုင်ဖွေးဖွေးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ သူ့ရဲ့ ပန်းဆီရောင် နှုတ်ခမ်းအိအိလေးကို ငြင်သာစွာ နမ်းလိုက်သည် ။ ပုံမှန်ဆိုရင် ကျွန်တော့်ရဲ့ အနမ်းကို တစ်ခုခုတုန့်ပြန်ပြီးမှ လက်ခံတတ်သည့် သူက အခုလို ရေထဲတွင် ကိုယ်ဖော့ထားသည့် အနေအထားတွင်တော့ ဘာမှ မတုန့်ပြန်နိုင်ခဲ့ပါ ။ ကျွန်တော့်ရဲ့ ရေစိုနေသော အင်္ကျီရင်ဘက်ကို ဆုပ်ကိုင်လျှက်ပင် မျက်လွှာပိတ်ထားတော့သည် ။ ကြည်လင်သည့် ရေတံခွန်ရှိရေများက ကျွန်တော်တို့ကို အေးစက်စေသည်ဆိုပေမယ့် ငြင်သာသည်လည်းမဟုတ် ကြမ်းတမ်းသည်လည်း မဆိုတဲ့ ကျွန်တော်တို့ရဲ့ ရမ္မက်ကင်းသည့် အနမ်းများက ကျွန်တော်တို့ကို နွေးထွေးစေသည် ။ ဒီလိုအနမ်းမျိုး ။ ဒီလို လွတ်လပ်ခြင်းမျိုး ။ ဒီလို အေးချမ်းမူမျိုး ။ ဒီလို နွေးထွေးမူမျိုး ။ ဒီလို ကြည်နူးမူမျိုး ။ ပြီးတော့ ဒီလို ချစ်ဖို့ကောင်းလှသည့် ကျွန်တော့်ရဲ့ ချစ်သူမျိုးကို ထာဝရပိုင်ဆိုင်ချင်မိရဲ့ ။ အချိန်တွေကို ရပ်တန့်ထားချင်ရဲ့ ။ ခဏအကြာတော့ သူနှင့်ကျွန်တော် ရေကူးလို့ဝသွားသဖြင့် ရေတံခွန်ဘေးရှိ ကျောက်ဖျာပေါ်တွင် ထိုင်ကာ အမောဖြေနေလိုက်သည် ။ ကျွန်တော် သယ်လာသည့် ကျောပိုးအိတ်ထဲရှိ မုန့်များကိုထုတ်ပြီး အပေါ်ပိုင်းအဝတ်ဗလာဖြင့် ဘောင်းဘီတိုများဖြင့်သာ ထိုင်နေကြသည် ။

သူကတော့ ကျောပိုးအိတ်ထဲမှ ကျွန်တော် ယူဆောင်လာသော အဝတ်အစားအပိုများကို ကြည့်ပြီး ကျွန်တော့်ကို ချီးကျူးနေသေးသည် ။ ငါပါကွ ။ မင်းထင်သလောက်လည်း ပေါ့ပျက်ပျက်မနိုင်ပါဘူး ။

" ဒါနဲ့ ငါနဲ့အတူ မသွားဖြစ်တဲ့နေရာ ဟုတ်လား ။ "

မုန့်စားနေရင်း မေးခာသည့် သူ့အား ကျွန်တော် ခေါင်းငြိမ့်ပြလိုက်သည် ။

" ဘာကိုပြောတာလဲ ။ မသွားဖြစ်တယ်ဆိုတာ ။ "

" အော် ။ ဘာမှ မဟုတ်ဘူး ။ တစ်ခါမှ မသွားဘူးလို့ ပြောလိုက်တာ ။ "

သူက ခေါင်းတစ်ငြိမ့်ငြိမ့်နှင့် နေလေသည် ။ ကျွန်တော်လည်း မုန့်ကို အပြီးသတ်စားလိုက်ပြီး ကျောက်ဖျာပေါ် လက်နှစ်ဖက်ကို နောက်ပြန်ထောက်ကာ စီးကျနေသော ရေတံခွန်ကို ငေးကြည့်နေသည် ။

" kyungsoo yahhh . "

" ဟင် ။ "

သူ ကျွန်တော့်အား လှည့်ကြည့်လာပေမယ့် ကျွန်တော် ကတော့ ရေတံခွန်ကိုသာ ငေးကြည့်နေမိသည် ။

" ငါ နောက်အပတ် စနေနေ့ အမေရိကားသွားမှာ ။ "

" အင်း ။ ဘယ်နှရက်ကြာမှာလဲ ။ အလုပ် ကိစ္စလား ။ "

ကျွန်တော် တစ်ချက်ပြုံးလိုက်ပြီး သူ့ကို လှည့်ကြည့်လိုက်တော့ သူက ပေါ့ပါးစွားပင် ကျွန်တော့်အား ကြည့်နေသည် ။

" အလုပ် ကိစ္စပါ ။ ဒါပေမယ့် ။ ငါ အပြီးသွားမှာ ။ "

ကျွန်တော့်ရဲ့ စကားသံဆုံးသည်နှင့် စောစောက သူ့ဆီက ပေါ့ပါးသည့် အပြုံးက ရပ်တန့်သွားကာ သူက အံ့ဩကာဖြင့် ကျွန်တော့်အား ငေးကြည့်လာသည် ။ သူ့ မျက်ဝန်းက အဓိပ္ပာယ်များစွာပါဝင်နေပြီး စကားလုံးများစွာ ပြောနေပေမယ့် တကယ်တမ်းတော့ သူ ဘာမှ ပြောထွက်မလာခဲ့ပါ ။ ထိုအကြောင်းအရာအတွက် ပြောစရာစကားလုံးများ သူ့မှာ အဆင်သင့်မရှိဘူးထင်သည် ။ ဟုတ်မှာပါ ။ ကျွန်တော်ကိုယ်တိုင်တောင် ထိုဆုံးဖြတ်ချက်ကို သေချာစွာစဉ်းစားပြီး ချခဲ့ရသည်ပဲလေ ။ ဒီမှာက ဖေဖေတို့ရဲ့ လုပ်ငန်းများရှိသည်ဆိုပေမယ့် ရုံးချုပ်တည်ရှိရာ အမေရိကားကို ကျွန်တော် သွားနေသည်က ပိုပြီးတော့ မှန်ကန်လိမ့်မည် ။ ကျွန်တော့်မှာ သင်ယူစရာတွေက များပြားလွန်းလှသည်မဟုတ်လား ။ ပြီးတော့ တောင်ကိုရီးယာထက် အမေရိကားက ကျွန်တော်တို့ နှစ်ယောက်အတွက် ပိုပြီး အဆင်ပြေမည် ထင်မိသည် ။

" ငါ လေယာဉ်လက်မှတ် နှစ်စောင်ဝယ်ထားတယ် ။ "

သူ ဘာမှ မပြောဘဲ ကျွန်တော်အား ငေးကြည့်နေဆဲပါ ။

" ငါတို့အတူတူ ပတ်ဝန်းကျင်အသစ်မှာ အတူနေရအောင် kyungsoo . "

" ငါ ။ ငါ ။ "

" ဟင့်အင်း ။ "

အနည်းငယ် တုန်နေသော သူ့ရဲ့ စကားလုံးများကို နားထောင်ရင်း ကျွန်တော် သူ့ကို လက်ခါကာ ဆက်မပြောရန် တားလိုက်သည် ။

" မင်း သေချာ စဉ်းစားလို့ ရတယ် ။ အချိန်ရှိသေးတယ် ။ လေယာဉ်မထွက်ခင်အထိ မင်း ဆုံးဖြတ်ခွင့် ရှိတယ် ။ "

သူ ခေါင်းငုံ့ပြီး သက်ပြင်း တစ်ချက် ချလိုက်သည် ။ မိသားစုရှိသည့် သူ့အတွက် အနည်းငယ် ခက်ခဲသည်ဆိုပေမယ့် ကျွန်တော်အတွက် မှန်ကန်သည့် ဆုံးဖြတ်ချက်ကို သူ ချနိုင်လိမ့်မည်ဟု ကျွန်တော် ယုံကြည်သည် ။ ကျွန်တော် သူ့ကို သိပ်ချစ်သည်လေ ။ ပြီးတော့ သူလည်း ကျွန်တော့်အား သိပ်ချစ်သည်ပဲလေ ။

" မင်းကို အမေရိကားမှာ ပြဇာတ်မေဂျာ ဘွဲ့တစ်ခုထပ်ရအောင် တက္ကသိုလ်ဆက်တက်ခိုင်းမှာ ။ မင်း လုပ်ချင်တာ အားလုံး လုပ်ခွင့်ပေးမယ် ။ မင်း ငါ့အနားမှာ ရှိနေဖို့ပဲ မင်း လိုက်လျောပေးရင် ရပြီ ။ "

သူက ခေါင်းငုံ့ပြီးနေရာမှ နှုတ်ခမ်းလေး ကွေးကာ ပြုံးလာသည် ။ ကျွန်တော် အဓိပ္ပာယ်ဖော်ရခက်သည့် သူ့ အပြုံးကို ငေးကြည့်ရင်း ဘာရယ်မဟုတ် စိတ်ထဲ မောလာသည့် လေးလံသည့် ခံစားမှုကြောင့် စိတ်ဖိစီးကာ သက်ပြင်းချလိုက်ပြန်သည် ။ ထင်သလောက် မလွယ်ကူပေမယ့် ငါတို့ အချစ်က အရာရာကို ကျော်ဖြတ်နိုင်မှာပါ kyungsoo ။ အချစ်က အရာရာကို ကျော်လွှားသွားမှာပါ ။

»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»

" ဖုန်း မကိုင်ဘူးလား ။ "

ကျွန်တော် စားပွဲပေါ်ရှိ မြည်နေသော ဖုန်းကို ကြည့်ရင်း တစ်ယောက်ထိုင် ခပ်လုံးလုံး ဆိုဖာထိုင်ခုံတွင် ထိုင်ကာ ဘောလုံးပွဲကြည့်နေသော baekhyun ကို လှမ်းပြောလိုက်သည် ။ baekhyun က ဖုန်းကို တစ်ချက် လှမ်းကြည့်ပြီး ဘောလုံးပွဲကို ဆက်ကြည့်နေသည် ။ ကျွန်တော် စိတ်မရှည်စွာ ဖုန်းကို ကောက်ယူကာ ကိုင်လိုက်သည် ။ ဒီကောင်ကို ကြည့်မရဘူး ။

" ဟဲလို ။ ဒီမှာ baekhyun က ဖုန်းမကိုင်ချင်ဘူးတဲ့ ။ "

" ဟေ့ကောင် ။ ဘာလုပ်တာလဲ ။ "

ကျွန်တော် ကိုင်လိုက်မှ အသည်းအသန် ဖုန်းကို လာလုသည့် baekhyun ကို ကျွန်တော် ကန်လိုက်သည် ။

" အခုပြောနေတာ park chanyeol လား ။ "

တစ်ဖက်က ပြောလိုက်သည့် စကားသံကြောင့် လှမ်းကန်နေသော ကျွန်တော့်ရဲ့ ကန်ချက်က လေပေါ်မှာ ရပ်တန့်သွားကာ ကျွန်တော် ထိုင်ခုံပေါ် ဖင်ထိုင်လျှက် ကျသွားသည် ။ ဒီအသံ ။ ကျွန်တော့်ရဲ့ နာမည်ကို ခေါ်သည့် ဒီစကားသံ ။ ကျွန်တော် ချက်ချင်းမှတ်မိနေသည်က သူမ အသံက အံ့ဩစရာကောင်းနေ၍ မဟုတ်ပါ ။ နှစ်လိုဖွယ်မရှိသည့် သူမရဲ့ အထက်ဆီးဆန်ဆန် အသံက တစ်ခါကြားရုံနှင့် ကျွန်တော့် အား မှတ်မိစေခဲ့သည်ကိုး ။ lunhan ။ ကျွန်တော် မျက်မှောင်ကြုံ့ကာ baekhyun အား အထူးအဆန်းသဖွယ် လှည့်ကြည့်တော့ baekhyun က စိတ်ရှုပ်ထွေးစွာ ခေါင်းကို လက်ဖြင့် ထိုးဖွနေသည် ။

" ကျွန်မ lunhan ပါ ။ ရှင့် သူငယ်ချင်းနဲ့ ခဏလောက် စကားပြောချင်လို့ ။ "

" ရော့ ။ မင်းနဲ့ ပြောချင်လို့တဲ့ ။ "

ကျွန်တော် အလိုလို ဖုန်းအား baekhyun ဆီ လှမ်းပေးလိုက်မိသည် ။ ဘာ ကိစ္စ သူမ စကားကို နားထောင်ခဲ့မိပါလိမ့်လို့ တွေးကာ ချက်ချင်း ဒေါသထွက်လာပေမယ့် သူမက တစ်ပါးသူကို လွှမ်းမိုးနိုင်တာကို လက်ခံရမည် ။ baekhyun က ကျွန်တော့်လက်ထဲမှ ဖုန်းကို ယူကာ ဝရံတာဘက် ထွက်သွားသည် ။ စိတ်ထဲ ကောင်လေးတန်မဲ့ သူတို့ စကားပြောနေသည်ကို နားထောင်ချင်မိပေမယ့် မလုပ်သင့်ဘူးဟု တွေးကာ တီဗွီအရှေ့တွင် ထိုင်လျှက်သာ ဖုန်းပြောနေသော baekhyun ကို လှမ်းကြည့်နေလိုက်သည် ။ တီဗွီတွင်လာနေသော မန်ယူအသင်းနင့် အာဆင်နယ်အသင်းတို့ ကစားနေကြသည့် အကြိတ်အနယ်ဘောလုံးပွဲကို မကြည့်အား ။ စာမေးပွဲပြီးကတည်းက ကျွန်တော့်ဆီ သိပ်မရောက်ဖြစ်သည့် baekkie က ဒီနေ့မှာတော့ မန်ယူနှင့် အာဆင်နယ် ဘောလုံးပွဲကြောင့် ကျွန်တော်တိုက်ခန်းသို့ ရောက်လာသည်ဆိုရမည် ။ အာဆင်နယ်ပရိသတ်ဖြစ်သည့် baekkie အဖေရှေ့မှာ မန်ယူအတွက် အော်သံတွေကို ကျယ်ကျယ်မအော်ရ၍ဖြစ်သည် ။ ဒါကြောင့် ဒီကောင်က ကျွန်တော့်ဆီ လာကြည့်သည်ခြင်း ဖြစ်သည် ။ ကျွန်တော်ကတော့ သူတို့သားအဖတွေလို ဘောလုံးအသင်းကို အစွဲအလမ်းမထာဎတတ်သူဖြစ်ပြီး ဘောလုံးကစားကွက်တွေကိုသာ ကြိုက်နှစ်သက်သူဖြစ်သည် ။ ဒါကြောင့် အသင်းထက် ကျွန်တော်က အားကစားသမားကို ပိုပြီး သဘောကျတတ်သည် ။ ငယ်ငယ်တုန်းက အာဆင်နယ်အသင်းက ကစားသမားအွန်နရီကို သဘောကျ၍ အာဆင်နယ်ကို သဘောကျခဲ့ပြီး အနည်းငယ်အရွယ်ရောက်တော့ တောရက်စ်လို ကစားသမားကို ပိုပြီး သဘောကျလာသည် ။ အသင်းတစ်သင်းမှာ နှစ်ရှည်လများ နေနိုင်သည့် တောရက်စ်၏ သစ္စာရှိမူကို အံ့ဩခဲ့ဖူးသည်လေ ။ ဒါပေမယ့် အခုတော့ မက်ဆီနှင့် ဖာဖရီဂတ်လို ဘက်စုံတော်သည့် ကစားသမားကို ပိုပြီး အားပေးမိသလိုပင် ။ ကျွန်တော်သိသလောက်တော့ ကျွန်တော်က ငယ်ငယ်ကတည်းက အကြိုက်တွေကို ခဏခဏပြောင်းလဲတတ်သူဆိုတာပင် ။ ဒါပေမယ့် kyungsoo ဆိုသည့်ကောင်ကိုတော့ မပြောင်းလဲစွာ အရင်ကရော အခုရော သဘောကျမိသည်မှာတော့ အံ့ဖွယ်ရာတစ်ခုပင် ဖြစ်သည် ။ ငယ်ငယ်ကတော့ အာဆင်နယ်ကန်သည့် ဘောလုံးပွဲနေ့ဆိုရင် baekkie အိမ်သို့ ကျွန်တော် အလည်မသွားပါ ။ အာဆင်နယ် အခြေအနေမကောင်းရင် ကျွန်တော်နှင့် baekkie က အမှားတစ်ခုခုလုပ်မိရုံဖြင့် ဒေါသက ကျွန်တော်တို့အပေါ် ပေါက်ကွဲလာတတ်သည် ။ ငယ်ငယ်ကတော့ ဒါနဲ့များ ဘာလို့ အာဆင်နယ်ကြိုက်နေသေးလဲ ။ တစ်ခြားအသင်းပြောင်းကြိုက်ပါလား ။ အောင်မြင်မှုတွေ ဆွတ်ခူးနေသော တစ်ခြားအသင်းနှင့်အတူ အောင်မြင်မှုအရသာကို ခံစားလိုက်ပါလားဟု တွေးတောမိသည် ။ အခု အသက်ကြီးလာတော့ ထိုကဲ့သို့ စွဲလမ်းမှုတွေကို နားလည်လာမိသည် ။ အောင်မြင်မှုကို သဘောကျ၍မဟုတ်ကဲ ကိုယ် သဘောကျသည့် အသင်းကို အောင်မြင်စေချင်သည့် လောဘစိတ်လေးတစ်ခုပင် ။ အောင်မြင်မှုနောက်ကို လိုက်ပြီး အကြိုက်တွေ ပြောင်းလဲနေသည်ကို အခုခေတ်စကားအရ ပြောရင်တော့ ပေါ်ပင်လုပ်သည် ဆိုမလား ။ ကျွန်တော် လှမ်းကြည့်တော့ baekhyun တစ်ယောက် ဝရံတာကို လက်တစ်ဖက်ထောက်ကာ စိတ်ဖိစီးနေသော မျက်နာဖြင့် ဖုန်းပြောနေသည် ။ lunhan ဆိုသည့် မာနကြီးသော သူမက baekhyun ဆီ ဘာအကြောင်းကြောင့် ဖုန်းဆက်သည်လဲ ဆိုတာ ကျွန်တော် စဉ်းစား၍မရပဲ ဖြစ်နေသည် ။ ခဏအကြာတော့ baekkie တစ်ယောက် ဖုန်းချပြီး ကျွန်တော် ထိုင်နေရာ နေရာနားရောက်လာပြီး စောစောက baekkie ထိုင်ခဲ့သည့် ထိုင်ခုံတွင်သာ ဝင်ထိုင်လိုက်သည် ။

" မင်းတို့ အဆက်အသွယ်ရှိနေသေးတာလား ။ "

ကျွန်တော့် အမေးကို baekkie က ချက်ချင်းမဖြေသေးပဲ တီဗွီအသံကို အနည်းငယ်ကျယ်အောင် မြင့်လိုက်သည် ။

" မဟုတ်ပါဘူး ။ မနက်ကမှ တစ်ခါလာတာပါ ။ "

" ဘာ ကိစ္စလဲ ။ "

ကျွန်တော့်စကားသံက မကျေနပ်ခြင်းတွေ ပါဝင်နေလိမ့်မှာ အမှန်ပင် ။ ကျွန်တော်ရဲ့ နေထိုင်မှုပုံစံကို သဘောမကျပါဘူးဟု ပွင့်လင်းစွာ ပြောထာသည့် သူမကို ကျွန်တော့်စိတ်ထဲ အနည်းငယ် အလိုမကျဖြစ်မိတာ မိန်းမဆန်သွားသည်ဆိုရမည်လား ။ ဒါပေမယ့် မတတ်နိုင်ပါ ။ ကျွန်တော် သူမကို သဘောမကျပါ ။ မာနကြီးပြီး သူတစ်ပါးရဲ့ ခံစားချက်တွေကို လျစ်လျုရှုကာ ခပ်နိုမ်နိုမ်ပြောတတ်သည့် သူမရဲ့ အကျင့်ကို ကျွန်တော် သဘောမကျပါ ။ အရာရာပြီးပြည့်စုံပြီး ပြစ်ချက်မရှိသည့် သူမ အလှကို ကျွန်တော် လက်ခံချင်သော်လည်း ကျွန်တော့်ရဲ့ သူငယ်ချင်းလေး baekkie အား ဒီထက် ပြီးပြည့်စုံသည့် မိန်းကလေးမျိုးနှင့် ဖူးစာပါစေချင်ပါသည် ။ baekkie စကားကို နာခံတတ်သည့် သိမ်မွေ့ပြီး သဘောထားပြည့်ဝသော မိန်းကလေးမျိုးကို baekkie နှင့် ဆုံတွေ့စေချင်ပါသည် ။

" ဘာမှ မဟုတ်ပါဘူး ။ "

စိတ်တွေ ရှုပ်ထွေးနေသည့် baekkie ပုံစံကြောင့် ကျွန်တော် ဆက်မေးရန် စကားလုံးတွေကို မြိုသိပ်လိုက်သည် ။ ကျွန်တော် ဘာမှမပြောတော့ပဲ တီဗွီမှလာနေသည့် ဘောလုံးပွဲကိုသာ အကြည့်လွဲလိုက်သည် ။

" သူ အိမ်ထောင်ဖက် တွေ့ရတော့မယ်တဲ့ ။ ဒီညတဲ့ ။ "

တိုးတိုးလေး ကြားလိုက်ရသည့် baekkie ဆီမှ စကားသံကြောင့် ကျွန်တော် အံ့ဩကာ baekkie ကို လှည့်ကြည့်လိုက်သည် ။ ဆွေးမြေ့နေသည့် baekkie မျက်ဝန်းတွေက နာကျင်မှုတွေ အပြည့်နှင့်ပင် ။ ကျွန်တော် အလိုလို ပြောချင်သည့် စကားလုံးတွေက နာကျင်နေသော baekkie မျက်ဝန်းအောက်မှာ လွင့်ပျယ်သွားသည် ။ ကျွန်တော် မည်ကဲ့သို့ နှစ်သိမ့်ရမည်လဲ ။ ကျွန်တော့်ကိုသာ အစဉ်အမြဲပျော်ရွှင်အောင် ပြုလုပ်ပေးတတ်သည့် သူငယ်ချင်း ကို ကျွန်တော် ပျော်ရွှင်အောင် ပြန်မလုပ်ပေးနိုင်ခဲ့ပါ ။ ကျွန်တော် ထိုင်နေလျှက်ပင် ပေါင်ပေါ်လက်ထောက်ကာ ငြိမ်သက်နေမိသည် ။ တီဗွီတွင်လာနေသည့် ဂိုးဆိုသည့် အသံက မန်ယူအသင်းကလား အာဆင်နယ်အသင်းကလား ကျွန်တော် မသိတော့ချေ ။

" ငါ့ကို မေးတယ် ။ "

"........."

" သူ သွားတွေ့ရမှာလားတဲ့ ။ "

ကျွန်တော် နဖူးပေါ်ရှိ ဆံပင်ကို ဆွဲတင်လိုက်သည် ။ baekkie က ဆိုဖာထိုင်ခုံကို စိတ်ပျက်လက်ပျက် ကျောမှီလိုက်သည် ။

" မင်း ဘာဖြေလိုက်လဲ ။ "

baekkie တစ်ချက် ပြုံးလိုက်သည် ။ အမြဲတမ်း ဖြူစင်ပြီး ပေါ့ပါးစွာ ပြုံးတတ်သည့် baekkie အပြုံးက အခုတော့ ရင့်ကျက်မူကြောင့်လား ဘာလားတော့ မသိပါ ။ အဓိပ္ပာယ်တွေ ခံစားမှုတွေ အများကြီး ပါဝင်နေသည် ထင်သည် ။

" ငါက ဘာဖြေရမှာလဲ ။ ငါ့ကို ဖြေစရာ အဖြေ မရှိအောင် သူပဲ လုပ်ခဲ့တာလေ ။ ငါက ဘာကို ဖြေရမှာလဲ ။ "

ကျွန်တော် ထိုင်နေရာမှ ထရပ်ကာ မီးဖိုခန်းရှိ ရေခဲသေတ္တာထဲမှ ဘီယာနှစ်ဘူးကို ယူလိုက်သည် ။ ပြီးတော့ ထိုင်နေသည့် baekkie ကို တစ်ဗူးလှမ်းပေးကာ နောက်တစ်ဗူးကို ဖောက်ကာ ကျွန်တော် တစ်ငုံသောက်လိုက်သည် ။ လောကတွင် လူတွေ မသင်ပဲ တတ်မြောက်လာသည့် အရာတွေခဲတွင် မကောင်းမူက ပိုမိုများပြားမည်ထင်သည် ။

" ငါ့ကို ငဲ့မနေနဲ့ ဟေ့ကောင် ။ ငါက နောက်သုံးလေးရက်ဆို ဒီက ထွက်သွားတော့မှာလေ ။ ဒီအခြေအနေဆိုရင် lunhan လည်း စိတ်ချမှာပါ ။ "

baekkie တစ်ချက် ထရီလိုက်သည် ။ baekkie ရဲ့ ရီသံကြောင့် ကျွန်တော့်စကား ဘာမှားလဲ စဉ်းစားလိုက်မိသည် ။ ဘာတွေများ ရီစရာပါနေလို့လဲ ။

" မင်းထွက်သွားတာနဲ့ ငါတို့က သူငယ်ချင်းမဟုတ်တော့ဘူးလား ။ "

" အဲလို မဟုတ်ဘူးလေ ။ "

" ငါတို့ နှစ်ယောက် ကိစ္စက မင်းနဲ့ငါ ငယ်သူငယ်ချင်းဖြစ်နေတာနဲ့ မဆိုင်ဘူး ။ ငါနဲ့ သူရဲ့ အတွေးတွေ မတူတာက အဓိကကျတယ် ။ "

"............"

" သူက အထက်တန်းကျကျနေပြီး နေထိုင်မှု ပုံစံနဲ့ လူတွေကို အဆင့်အတန်းသတ်မှတ်တယ် ။ ငါက လွတ်လပ်ပေါ့ပါးစွာနေပြီး စိတ်အတွေးခံစားမူနဲ့ လူတွေကို အဆင့်အတန်း သတ်မှတ်တယ် ။ အရသာရှိဖို့သာ အဓိကထားပြီး လမ်းဘေးစားသောက်ဆိုင်ထိုင်ရလည်း တန်ဖိုးကျတယ် မထင်တဲ့ ငါနဲ့ သူက လမ်းဘေးစားသောက်ဆိုင်ထိုင်ရမှာကို သိက္ခာကျတယ်တယ်လို့ မှတ်ယူထားတဲ့ သူမက ရေရှည်မှာ ဘယ်လို ရှေ့ဆက်ရမလဲ ။ "

ကျွန်တော် စိတ်မောစွာ ဘီယာကို တစ်ငုံမော့သောက်လိုက်သည် ။ ထိုအတူ baekkie လည်း တစ်ငုံမော့သောက်လိုက်သည် ။ လူနှစ်ယောက်ပေါင်းဖက်ဖို့ရာ ဘာကြောင့်များ ခက်ခဲလွန်းလှသည်လဲ ။ အစကတော့ လူနှစ်ယောက်ပေါင်းဖက်ဖို့ရာ ထိုလူနှစ်ယောက်ရဲ့ အချစ်သာ လိုအပ်မည်ဟု တွေးထင်ယုံကြည်ထားခဲ့တာ ။ တကယ်တော့ အချစ်ထပ် အရေးကြီးတာတွေ အများကြီး ရှိနေသေးသည်လား ။ ထိုကဲ့သို့ တွေးမိတော့လည်း ကျွန်တော်နှင့် သူ့ရဲ့ အနေအထားကို တွေးပူမိလာပြန်သည် ။ တစ်ခါတလေ ခန့်မှန်းရခက်သည့် သူ့ရဲ့ စိတ်ကို ကျွန်တော် စိုးရိမ်မိသည် ။

" မင်းရော အမေရိကားသွားဖို့ မင်း ချစ်ချစ်နဲ့ ဆွေးနွေးပြီးပြီလား ။ "

ကျွန်တော် ကျေနပ်စွာ ပါးချိုင့်ပေါ်အောင် ပြုံးလိုက်သည် ။ သူနှင့် ပါတ်သက်ရင် ကျွန်တော့်မှာ ယုံကြည်ချက်တွေ ခိုင်မာနေတတ်တာ အကျင့်တစ်ခုပင် ဖြစ်နေသည် ။

" အင်း ပြော ပြီးပြီ ။ "

" အခြေအနေက ။ "

" ဘာကိုလဲ ။ "

ကျွန်တော် နားမလည်စွာ မေးတော့ baekkie က ဂိုးသွင်းလိုက်သည့် မန်ယူအသင်းကို အားပေးနေသည် ။ ကျွန်တော်ကတော့ အရင်က ရော်နယ်ဒိုရှိစဉ်ကထက် အနည်းငယ် ကစားကွက်လျော့ရဲ့လာသည့် မန်ယူအသင်းကို အကြိုက်ကြီးမဟုတ်ပေမယ့် အာဆင်နယ်ထက်တော့ ပိုပြီး အားပေးဖြစ်သည်ထင်သည် ။ ဒါကလည်း ကျွန်တော့်အနား အမြဲရှိနေတတ်သည့် baekkie က မန်ယူပရိသတ်ဖြစ်၍ ဖြစ်နိုင်သည် ။

" သူကရော မင်းနဲ့ အတူ လိုက်မှာတဲ့လား ။ "

" ဘာလို့ သူက ငါနဲ့အတူ မလိုက်ခဲ့ရမှာလဲ ။ "

baekkie က ဘာမှ မပြောပဲ ကျွန်တော့်ကိုသာ စိတ်ပျက်လက်ပျက် ကြည့်နေသည် ။

" အရင်တစ်ခါကတောင် သူ ငါ့နောက်လိုက်ခဲ့ဖို့ ဆုံးဖြတ်ချက်ချခဲ့သေးတာပဲ ။ အခုလည်း သူ အဲလိုဆုံးဖြတ်မယ် ဆိုတာ ငါ ယုံတယ် ။ "

" အရာရာတိုင်းက မင်းထင်ထားသလောက် မလွယ်ကူဘူးလေ ။ ပြောင်းလဲနေတဲ့ အချိန်တွေထဲမှာ အနေအထားတွေလည်း အများကြီး ပြောင်းလဲနေမှာပေါ့ ။ "

" ငါ ယုံတယ် ။ ငါ သူ့ကို ယုံတယ် baekkie ။ ငါ့အပေါ်ထားတဲ့ သူ့ရဲ့ အချစ်ကို ငါ ယုံတယ် ။ "

ကျွန်တော်ရဲ့ ခိုင်မာသည့် စကားသံအဆုံးမှာ baekkie တစ်ယောက် ပင့်သက်တစ်ချက် ချလိုက်သည် ။ ကျွန်တော်နှင့် baekkie ဘာမှ ဆက်မပြောတော့ပဲ ဘောလုံးပွဲသာ အာရုံစိုက်ကြည့်လိုက်သည် ။ ည ၉ နာရီလောက် ရောက်မှ ဘောလုံးပွဲပြီ၍ baekkie ပြန်သွားသည် ။ ကျွန်တော် ရှုပ်ပွနေသည့် မုန့်အကျန်နှင့် ဘီယာဘူးများကို သိမ်းရင်း အိမ်တံခါးဖွင့်သံကြောင့် မီးဖိုခန်းမှ လှမ်းအော်လိုက်သည် ။ baekkie တစ်ယောက် ဘာမေ့ကျန်ခဲ့၍လဲ ။

" ဘာမေ့ကျန်ခဲ့တာလဲ ။ "

ဘာမှ ပြန်ဖြေသံမကြားရ၍ ကျွန်တော် လှမ်းကြည့်လိုက်တော့ ကျွန်တော့်ကို ငေးကြည့်နေသည့် သူ့ရဲ့ မျက်လုံးဝိုင်းဝိုင်းလေးကို မြင်လိုက်ရသည် ။

" kyungsoo ဘယ်လို ရောက်လာတာလဲ ။ "

ကျွန်တော် အမှိုက်များကို သိမ်းဆည်းပြီး အိမ်ရှေ့သို့ ပြန်ထွက်လာလိုက်သည် ။ သူက ဘာမှ ဆက်မပြောပဲ ရုတ်တရက် ကျွန်တော့်ရင်ခွင်ထဲ တိုးဝင်လာပြီး ကျွန်တော့်ကို လွတ်ထွက်သွားမတတ်ဖက်ထားလေသည် ။ မထင်မှတ်ထားသည့် သူ့ရဲ့ အပြုအမူကြောင့် ကျွန်တော် အံ့ဩနေရာမှ ရင်ထဲ ကြည်နူးမိပြန်သည် ။ သူ့ဆီက အခုလို တုန့်ပြန်မူတွေက ရခဲသည်မဟုတ်လား ။

" ဒီည မင်းဆီမှာ ညအိပ်မလို့ ။ "

" မကြောက်ဘူးလား ။ ငါ့လို တဏှာအာဂကြီးတဲ့ ကောင်ကို ။ "

ကျွန်တော် သူ့ကို ပြန်လည် ထွေးပွေ့ထားရာမှ ညစ်ကျဲကျဲ ပြောလိုက်သည် ။ သူကလည်း ကျွန်တော့်အား ပိုပြီး တင်းကျပ်စွာ ဖက်ထားလေသည် ။

ဘာတွေ အဆင်မပြေဖြစ်ခဲ့သည်လဲ ဟု ကျွန်တော် မေးချင်ပေမယ့် ။ ကျွန်တော် မမေးရန် ဆုံးဖြတ်လိုက်သည် ။ ကျွန်တော့်ဆီ ရောက်နေသည့် သူ့အား ပူပန်မှုတွေ အနည်းငယ်မျှ ဖြေလျှော့စေချင်ပါသည် ။ ကျွန်တော့်ဘေးနား ရှိနေစဉ် သူ့အား ပျော်ရွှင်စေချင်ပါသည် ။ ဒါကြောင့်လည်း မင်းကို ငါနဲ့အတူ အမေရိကားကို လိုက်ခဲ့စေချင်တာပေါ့ kyungsoo yahh ။ မင်းကို အခုလို နာကျင်စရာ ပတ်ဝန်းကျင်ကနေ ဆွဲထုတ်ခေါ်သွားချင်တာ ။ ပြီးတော့ လှပတဲ့ ကမ္ဘာတစ်ခုကို ငါကိုယ်တိုင် ဖန်တီးပေးချင်တာပါ ။

ကျွန်တော့်အား လွှတ်ရန်စိတ်ကူးမရှိသည့် သူ့အခြေအနေကို ကျွန်တော် သဘောပေါက်ခံစားမိတော့ သူ့အား ဖက်ထားလျှက်ပင် ခါးမှပင့်ချီလိုက်ကာ အိပ်ခန်းထဲ ခေါ်ဆောင်လာခဲ့သည် ။ ပြီးတော့ ကုတင်ပေါ် ညင်သာစွာ လဲလျောင်းချလိုက်တော့ ။ သူ့ရဲ့ တင်းကျပ်စွာ ဖက်ထားသည့် အပြုအမူကြောင့် ကျွန်တော်ပါ သူ့အပေါ် ထပ်လျက် လဲကျသွားသည် ။ ကလေးတစ်ဦးလို ဆိုးနွဲ့သည့် သူ့ ပုံစံကြောင့် ကျွန်တော် အသည်းယားစွာ ပြုံးလိုက်သည် ။ သူ့ရဲ့ ခပ်လုံးလုံးနှာသီးဖျားလေးကို ကျွန်တော့်နှာခေါင်းဖြင့် ကျီဆယ်လိုက်တော့ သူ့ဆီက ရီမောသံတိုးတိုးလေး ထွက်ကျလာသည် ။

" တစ်ညလုံး မင်း မအိပ်ရဘူးမှတ် ။ "

သူက နှုတ်ခမ်းကို ကော့ညွတ်သွားအောင် ပြုံးကာ ကျွန်တော့်ရဲ့ ဆံပင်များကို သူ့လက်သေးသေးလေးဖြင့် ဆော့ကစားနေသည် ။ ကျွန်တော် ဆံပင်များကို ဆောာ့ကစားနေသည့် သူ့ဘက်ကို ဆွဲယူကာ ပါးစပ်တွင် ထည့်ငုံလိုက်သည် ။ ကြည့် ။ သူ သဘောကျစွာ ရီမောပြန်သည် ။ သူ့ရဲ့ ရီမောသည့် ရီသံလေးက ကျွန်တော့်ကို ပိုပြီး မက်မောစေသည်ဆိုတာကို သူ မသိတာလား ။ ဒါဆိုရင်တော့ သူကို အ လှချည်ရဲ့ဟု ဆိုရမည် ။ ဒါမှမဟုတ် သိသိရက်နှင့် သူ လုပ်တာလား ။ ဒါဆိုရင်တော့ သူ့ကို မိုက်မဲလှချည်ရဲ့ဟု ဆိုရမည် ။

ကျွန်တော် သူ့လက်ဖဝါးကို ဖွဖွလေးကိုက်ကာ သူ့ရဲ့ အပေါ်ဝတ်အင်္ကျီကို ဆွဲချွတ်လိုက်သည် ။ သူက ဘာမှမပြောပဲ ကျွန်တော့် လုပ်ရပ်တွေကို တစ်ခုချင်း မျက်တောင်မခတ်ငေးကြည့်နေသည် ။ ကျွန်တော် သူ့ရဲ့ မျက်တောင်ကို အကြင်နာပေးတော့ သူ မျက်လွာချသွားသည် ။ ပြီးတော့ မျက်လုံးလေးပြန်ဖွင့်ပြီး ကျွန်တော့် လည်ပင်းကို သူ့လက်နှစ်ဖက်ဖြင့် သိုင်းကာဖက်ရင်း ကျွန်တော်တို့ ခန္ဓာကိုယ်ချင်း ထိကပ်အောင် သူ ဆွဲယူလိုက်သည် ။

" chanyeollie ။ မင်းကို ငါ အရမ်းချစ်တယ် ။ "

ကျွန်တော် ကျေနပ်စွာ ပြုံးရင်း သူ့ကို ထွေးပွေ့လိုက်သည် ။ ဒီညတော့ ကျွန်တော်တို့နှစ်ယောက်ရဲ့ အချစ်တွေနှင့် ကျွန်တော်တို့ နှစ်ယောက်ရဲ့ အိမ်မက်တွေ လှပနေလိမ့်မည် ။ မကြာခင် ကျွန်တော့်အခန်းထဲမှ ကျွန်တော်နှင့် သူရဲ့ ချစ်တင်းနှောသည့် သံဇဉ်လေးတွေ ပျံလွင့်လာလိမ့်မည် ။ ထို သံဇဉ်များက ကမ္ဘာဦးအစကတည်းက ထွက်ပေါ်လာခဲ့သည့် အချစ်စစ်ရဲ့ သင်္ကေတတစ်ခုဟု ဆိုရမည် ။ အချစ်မှာ ရမ္မက်မပါရင် ပြည့်စုံသည့် အချစ်ကို ရရှိမှာ မဟုတ်ဘူးဟု မှတ်ယူထားသည့် ကျွန်တော်က အချစ်ကို ပေးဆပ်ကာ ပိုင်ဆိုင်ခွင့်ရရှိသည် ။ အချစ်ကို စွန့်လွှတ်ကာ အရှုံးပေးသည့် လူမျိုးတော့ မဖြစ်ချင်ပါ ။ ဒါကြောင့် ကျွန်တော် ပေးဆပ်ထားသည်နှင့် ထိုက်တန်သော အချစ်ကို ပိုင်ဆိုင်ချင်သည် ။ ဘာကြောင့်လဲဆိုတော့ ။ kyungsoo ။ မင်းက ငါ့ရဲ့ နောက်ဆုံးပန်းတိုင် ဖြစ်နေလို့ပါ ။

»»»»»»»»»»»»»»»»»»»»»»»»»»»»»»»«»»»»»«

ကျွန်တော် လက်မှ နာရီကို ကြည့်ရင်း စိတ်တွေ လှုပ်ရှားနေသည် ။ ဒီအချိန်ဆိုရင်တော့ သူ ရောက်သင့်ပြီဟု တွေးကာ ပတ်ဝန်းကျင်ကို တစ်ချက် ငေးမောကြည့်မိသော်လည်း ကျွန်တော် မြင်နေရသည့် ပတ်ဝန်းကျင်မြင်ကွင်းထဲမှာ သူ့ အရိပ်အယောင်ကို ယောင်လို့တောင် မမြင်မိသေးပါ ။ ဟင့်အင်း ။ သူ့ကို ကျွန်တော် ယုံကြည်တယ် ။ သူ့ကို ကျွန်တော် ယုံတယ် ။ စိတ်ထဲ ထပ်ခါထပ်ခါ တွေးတောနေမိပေမယ့် တစ်ချက်တစ်ချက်တော့ စိုးရိမ်စိတ်ကြားမှာ လူက ရင်ဘတ်တစ်ခုလုံး ပူလောင်လာခဲ့ပြန်သည် ။

လက်တွင် ကိုင်ထားသည့် ဖုန်းကို ကြည့်ရင်း သူ့ဆီ ဖုန်းခေါ်ရန် စိတ်ကူးမိပေမယ့် ခေါ်ဆိုဖို့လည်း ထိတ်လန့်နေမိပြန်သည် ။ သူ မေ့နေသည်လား ။ ဟင့်အင်း ။ မဖြစ်နိုင်ဘူး ။ ဒီနေ့က သူ မေ့ရမည့် နေ့ရက်မှ မဟုတ်ပဲ ။ ညကတောင် သူနှင့် ကျွန်တော် ဖုန်းပြောခဲ့သည်ပဲ ။ ကျွန်တော် ရှုပ်ထွေးနေသည့် လူများကြားမှ ထိုင်ခုံတစ်ခုတွင်ထိုင်လျှက် လူတွေကြားမှ မြင်ရမည့် အရိပ်တစ်ခုကို ရှာဖွေနေမိသည် ။

" လေယာဉ်အချိန် နီးနေပြီ ။ "

ဘေးတွင် ရပ်နေသည့် အတွင်းရေးမှူးရဲ့ စကားသံကြောင့် ကျွန်တော် စိတ်တိုစွာ ထိုအတွင်းရေးမှူးကို တစ်ချက် စိုက်ကြည့်လိုက်သည် ။ ကျွန်တော်ရဲ့ မကျေနပ်သည့် အကြည့်ကြောင့်ထင် အတွင်းရေးမှူးက မျက်နာလွဲကာ အနောက်သို့ အနည်းငယ် ဆုတ်သွားသည် ။ ခဏအကြာတော့ အတွင်းရေးမှူးက ကျွန်တော့် အဝတ်အစားသေတ္တာများကို အရင်သယ်သွားသည် ။ ကျွန်တော် လှုပ်ရှားနေသည့် လူများကြးမှ နာကျင်စွာ ငိုကြွေးချင်လာသည် ။ စိတ်ထဲ သူ လာမှာဟု ယုံကြည်ဆဲပင် ။ လက်ထဲ ကိုင်ထားသည့် လေယာဉ်လက်မှတ်နှစ်စောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ မွန်းကျပ်နေသော စိတ်ခံစားမှုများကို ထိန်းချုပ်နေရသည် ။

ဂိတ်ပေါက်မှ ကျွန်တော်တို့ ခရီးစဉ်ကို စတင်ဝင်ရောက်ရန် ကြေငြာသံကို ကျွန်တော် ကြားနေရသည် ။ ကျွန်တော် ထိုင်နေရာမှ ထရပ်ကာ မလှမ်းမကမ်းရှိ အတွင်းရေးမှူးကို လှမ်းကြည့်လိုက်တော့ အတွင်းရေးမှူးက ကျွန်တော့်အနား အပြေးလေးရောက်လာသည် ။

" ပစ္စည်းတွေ ပြန်ယူလိုက် ။ "

" ဗျာ ။ "

ကြောင်တောင်တောင် ဖြစ်နေသည့် အတွင်းရေးမှူးကို ကျွန်တော် သေချာစွာ ကြည့်ပြီး ။

" နောက်မှ ကျွန်တော် သွားမယ် ။ "

အတွင်းရေးမှူးက ကျွန်တော့်အနားမှ ထွက်သွားတော့ ကျွန်တော် ဖုန်းကို ဖွင့်ကာ သူ့ဖုန်းနံပါတ်ကို နိုပ်လိုက်သည် ။ ကျွန်တော် စိတ်ပူပန်နေပြီ ။ သူ တစ်စုံတစ်ရာ ဖြစ်နေ၍သာ ကျွန်တော့် ဆီ ရောက်မလာတာ ဖြစ်နိုင်သည် ။ မဟုတ်ရင် သူ ကျွန်တော့်ဆီ မလာစရာ အကြောင်းမှ မရှိပဲ ။ သူ ဘာမှ မဖြစ်ပါစေနဲ့ဟု ဆုတောင်းနေမိသည် ။ ဖုန်းက ဝင်ပေမယ့် မကိုင်တော့ ကျွန်တော် ပိုပြီး စိုးရိမ်လာမိသည် ။ ကျွန်တော် ချက်ချင်းပင် ဖုန်းကို ချကာ ရှုပ်ထွေးနေသည့် လူများကြားမှ ပြေးထွက်လာမိသည် ။ ကျွန်တော် ဆောက်တည်မရဖြစ်နေသည့် ပူပန်မှုများကြားမှ လူတွေကို ဝင်တိုက်ခဲ့မိသည်လားတောင် မသေချာပါ ။ တိုက်ခဲ့မိသည့် လူတွေကို မကြည့်ဘဲ တောင်းပန်ပါတယ်ဟုသာ ပါးစပ်က ပြောခဲ့နိုင်သည် ။ ကျွန်တော် လေဆိပ်အပေါ်ထပ်မှ အောက်ထပ်သို့ ဆင်းလာရင်း လူများကြားမှ ရိပ်ခနဲ မြင်လိုက်သည့် ပုံရိပ်ကြောင့် ကျွန်တော် ပြေးလက်စခြေလှမ်းများ တိခနဲ ရပ်တန့်သွားသည် ။ ကျွန်တော် မြင်လိုက်ရသည့် ပုံရိပ်ကြောင့် စိတ်ထဲ ကြည်နူးပျော်ရွှင်သွားကာ ထိုနေရာသို့ လျင်မြန်စွာပြေးသွားလိုက်မိသည် ။ ဟော ။ တွေ့ပြီ ။ သူကလည်း ကျွန်တော့်ကို မြင်တော့ ပြေးနေသည့် ခြေလှမ်းများ ရပ်တန့်သွားသည် ။ ခြေလှမ်းနှစ်လှမ်းစာမျှ အကွာအဝေးလောက်တွင် သူနှင့် ကျွန်တော် မျက်နှာချင်းဆိုင် ရပ်နေမိသည် ။ ပြီးတော့ တစ်ယောက် မျက်နာကို တစ်ယောက် မလွတ်တမ်းငေးကြည့်နေမိသည် ။ ကျွန်တော့်ရဲ့ အကြည့်က ကြည်နူးပျော်ရွှင်မှုတွေ ပြည့်နှက်နေပေမယ့် သူ့ရဲ့ အကြည့်ထဲမှာတော့ ကြေကွဲမူတွေကို ကျွန်တော် ခံစားမိတော့ ။ တစ်ခုခု မှားယွင်းနေပြီဆိုသည့် ခံစားမှုကြီးဖြင့် ကျွန်တော်တို့ အနေအထားကို ပြန်လည်စမ်းစစ်နေမိသည် ။ ပြေးလာ၍ မောပန်းနေသည် သူက အသက်ရှုသံတွေတောင် ကျယ်လောင်စွာထွက်ပေါ်နေသည် ။ ဂျင်းဘောင်းဘီနက်ပြာနှင့် တီရှပ်အဖြူကို အပေါ်အနွေးထည်ထူထူတစ်တစ်ထည်ထပ်ဝတ်ထားသည့် သူ့ပုံစံက ရိုးရှင်းလွန်းလှသည် ။ ပြီးတော့ ကျစ်နေအောင်ဆုပ်ထားသည့် လက်သီးဆုပ်လေးက အနီရောင်တောင် သန်းနေသည် ။ နေစမ်းပါဦး ။ တစ်ခုခု လွဲချော်နေပြီ ။ ဘာလဲ ။ ကျွန်တော် အံ့ဩကာ နေရာမှ ထိုတစ်စုံတစ်ရာကို တွေးတောမိတော့ မယုံကြည်နိုင်စွာ အံ့ဩနေမိသည် ။ မဟုတ်ဘူး ။ မဟုတ်သေးဘူး ။ သူ ဘာမှ ပါမလာခဲ့ဘူးလား ။

" တောင်းပန်ပါတယ် chanyeol ။ "

တိုးတိုးလေး ထွက်ကျလာသည့် သူ့ဆီက စကားသံက ကျွန်တော့် မယုံကြည်မူကို အတည်ပြုလိုက်သလိုပင် ။ ကျွန်တော် ပါးစပ်လေးဟကာ အထိတ်တလန့် အနောက်သို့ ခြေလှမ်းဆုတ်လိုက်မိသည် ။ ဒါက အဖြေလား ။ ဒါက ကျွန်တော့် ပေးဆပ်ခြင်းတွေအတွက် ပြန်ရလိုက်သည့် တန်ဖိုးတစ်ခုလား ။ ဘာလို့ မင်းမှာ သတ္တိမရှိရတာလဲ ။ သူက ကျွန်တော့်ကို နာကျင်ကြေကွဲနေသည့် မျက်ဝန်းများဖြင့် ငေးကြည့်နေသည် ။ ထိုမျက်ဝန်းတွေထဲမှာ နာကျင်မှုတွေ ၊ ကြေကွဲမူတွေ ၊ ဆုံးရှုံးမှုတွေ ၊ ထိခိုက်မှုတွေ ခံစားမှုမျိုးစုံရှိနေသည် ။ သူ့ မျက်လုံးက မျက်ရည်များက အရည်လဲ့ကာ စီးကျတော့မလို သူ့ရဲ့ မျက်လုံးအိမ်မှာ တွဲလွဲခိုနေကြသည် ။

" တောင်းပန်ပါတယ် ။ ငါ ။ ငါ ။ "

" ဆက်မပြောနဲ့တော့ ။ "

ကျွန်တော် တားမြစ်ပြီး နာကျင်စွာ ရီမောလိုက်သည် ။ ပြီးတော့ အလိုလိုဖြစ်တည်လာသည့် မျက်လုံးရှိ မျက်ရည်များကို လက်နှစ်ဖက်ဖြင့် ကြမ်းတမ်းစွာ ပွတ်တိုက်ကာ သုတ်လိုက်သည် ။ ကျွန်တော့်ကို ကြည့်ပြီး သူ့မျက်လုံးမှ ရစ်ခိုနေသော မျက်ရည်စက်က ပါးပြင်ပေါ် တစ်စက်စီးကျလာသည် ။ ကျွန်တော် ရင်ဘတ်တစ်ခုလုံး ပေါက်ကွဲကာ ပွင့်ထွက်တော့မည်ထင်သည် ။ အသက်ရှုရတာတောင် မောပန်းလွန်းလှသည် ။ ထိုအချိန် ဂိတ်က လေယာဉ်အချိန်ကို နောက်ဆုံးသတိပေးသံ ထွက်ပေါ်လာသည် ။။ ထိုအတူ အတွင်းရေးမှူးကလည်း အထုတ်များနှင့် အတူ ကျွန်တော်အနား ရောက်လာသည် ။ ကျွန်တော် အတွင်းရေးမှူးကို လှည့်ကြည့်ကာ ။

" ပြန်ထားလိုက် ။ "

" ဗျာ။။ "

ကျွန်တော် အရှေ့က သူ့အား နာကျင်စွာ စိုက်ကြည့်လိုက်သည် ။ မျက်ရည်များနှင့် ပုတ်ခတ်ပုတ်ခတ်ဖြစ်နေသည့် သူ့မျက်လုံးက ဖန်လုံးလေးလို ကြည်လင်လွန်းလှသည် ။ ဆောင်းဦးဝင်သည့် ရာသီဥတုဖြစ်၍ အေးစက်နေသည့် သူ့ နှာခေါင်းက နီရဲနေသည် ။ သူ့ရဲ့ ပန်းဆီရောင် နှုတ်ခမ်းကတော့ ကျွန်တော့်ကို နာကျင်စေလှသည် ။

" chanyeol ။ "

" အကြောင်းပြချက်တွေ မပြောနဲ့ kyungsoo ။ ဒါက မင်းရဲ့ ဆုံးဖြတ်ချက်လား ။ "

ကျွန်တော့် မေးခွန်းအဆုံး သူက ဖြေးညင်းစွာ ခေါင်ငြိမ့်လာတော့ ကျွန်တော် လက်သီးကို ဆုပ်ထားလိုက်မိသည် ။

ဒီ ရိုးသားတဲ့ မျက်ဝန်းကို ကျွန်တော် မုန်းတယ် ။

ဒီ ဖြူဖွေးတဲ့ ပါးပြင်ကို ကျွန်တော် မုန်းတယ် ။

ဒီ အိစက်တဲ့ နှုတ်ခမ်းသားဖူးဖူးကို ကျွန်တော် မုန်းတယ် ။

ဒီ ပြတ်သားတဲ့ အကြည့်ကို ကျွန်တော် မုန်းတယ် ။

ဒီ နာကျင်နေတဲ့ အသက်ရှုသံကို ကျွန်တော် မုန်းတယ် ။

ဒီ ပျံလွင့်နေတဲ့ ကိုယ်သင်းရနံကို ကျွန်တော် မုန်းတယ် ။

ဒီ လှုပ်ရှားသွားလာနေတဲ့ အပူအပင်မရှိတဲ့ လူတွေကို ကျွန်တော် မုန်းတယ် ။

ဟော ။ ဒီနှစ်ရဲ့ အစောဆုံးနှင့် ပထမဆုံး နှင်းကျနေပြီ ။ လေဆိပ်ရဲ့ အပြင်ဘက်တွင် နှင်းများ စတင်ကျလာသည်ကို ကာရံထားသည့် မှန်များမှ တစ်ဆင့် ကျွန်တော် မြင်နေရသည် ။

ဖြူဖွေးနေသည့် နှင်းဖက်များ လွင့်ကျနေသည်မှာ ပန်းချီကားတစ်ချက်ပမာ လှပလွန်းလှသည် ။ ဒါပေမယ့် ။ ကျွန်တော် နှင်းတွေကို မုန်းတယ် ။ ပြီးတော့ ။ ပြီးတော့ ။

ကျွန်တော် သူ့ကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည် ။

" မင်းကို ငါ မုန်းတယ် ။ Do Kyungsoo ။ "

ကျွန်တော့် စကားကြောင့် မျက်ရည်များ စီးကျနေသည့် သူ့ဆီက အံ့ဩသွားသည့် မျက်ဝန်းနှင့် ယူကျုံးမရဖြစ်သွားသည့် အကြည့်တွေ ။ ကျွန်တော့်ကို တစ်ခုခု ပြောချင်စိတ်ဖြင့် သူ့ နှုတ်ခမ်းက လှုပ်နေပေမယ့် သူ ရှိုက်သံများနှင့် ဘာမှ မပြောနိုင် ။ ကျွန်တော့်ကိုသာ တအံ့တသြ ကြည့်နေသည် ။ ကျွန်တော် သူ့ရဲ့ မယုံကြည်နိုင် မျက်ဝန်းကို စိုက်ကြည့်ရင်း နှုတ်ခမ်းကို တွန့်ကာ မဲ့ပြုံးတစ်ခု တပ်ဆင်လိုက်ပြီး နာကျင်စွာ ရီမောလိုက်သည် ။

ငါ ချစ်ခဲ့သလောက် ငါ့ကို ပြန် မချစ်တဲ့ မင်းကို ငါ နားကြည်းတယ် ။ မုန်းတီးတယ် kyungsoo ။ တကယ်တော့ အချစ်ဆိုတာ မင်းလို လူမျိုးနဲ့ မတန်ဘူး ။

»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»

Continue lendo

Você também vai gostar

836K 31.8K 20
Crayon ~ ကျွန်တော့်ရဲ့ Crayon. Own characters* Unicode/ZAWGYI Completed. April 16 2023 - August 25 2023
2.5M 345K 50
အနာဂတ်စီမံကိန်းများစွာ ရေးခြစ်ရင်း ကျွန်တော်ဟာ အဖြူ ရောင်မေတ္တာတွေနဲ့ သူ့ဘေးနားမှာ တသက်လုံးနေဖို့ ရည်စူးခဲ့သတဲ့... အဝါရောင် နှင်းဆီပန်းကလေးဟာ မသိလို...
1.2M 63.8K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...