ဂျင်​ကလည်​ Twelve [ZG + UN]
By Exo12wolves88
320K 32.1K 1.4K
Why we call them JinGaLel. More
မိတ်​ဆက်​.
ဂျင်​ကလည်​....1[ZG+UN]
Chicken for Kai [ZG + UN]
မွှေပါ​ပေ့ Chen...[ZG+UN]
ဆင့်​​ခေါ်မှု[ZG+UN]
ဂျင်​ကလည်​ဖန်​တဲ့အမှု...
ဆိုင်​ရာ​အောင့်​အီးချက်​ 1
Final​အောင့်​အီးချက်​....
သူတို့ပဲ....
ကျွနု​ပ်​တို့အတွက်​...စာ​မေးပွဲဟူသည်​...
Modification
ပလွန်​...
သင်​ရိုး
ဆုပွဲ...
ကျေးဂျူးပြု၍...
Vacation For 12
လျှာမည်သည်...???
စက္ကန့်နဲ့အမျှ ချစ်ရသူ...
ဂျင်ကလည့်တာဝန်...
Cry For You
မောင်ညီမလေးတို့ရေ...
ဟိုးရှေ့ရှေ့တုန်းကပေါ့ကွယ်...(1)
ဟိုးရှေးရှေးတုန်းကပေါ့ကွယ်...(2)
ဟိုးရှေးရှေးတုန်းကပေါ့ကွယ်...(3)
Housekeeping
ယူသာယူပါ​လေ...
သက်​ဆိုင်​သူတို့သိကြ​စေ...
Give Up
ကျွန်​​တော့်​အမှား...
ဘာသာပြန်​သူ
3rd Anniversary Ls
Warmly Welcome
မေးမယ်​...​ဖြေမယ်​...
လာနှုတ်​ဆက်​ပါ၏...
ဆိုပါ​ပေ့ ​မောင်​...
တို့ဂုဏ်အင်...
ရိုးရိုးလေးပါပဲ...
ဆိုင်​ရာ​အောင့်​အီးချက်​ (2)
9.2K 1K 19
By Exo12wolves88
     "ဟုတ်ပါပီ..Baekhyun...မင်းကရော.
         ဘယ်သူ့ကို တိုင်ချက်ဖွင့်ချင်တာလဲ.."
  ချွေးသုတ်ရင်းမေးလိုက်တဲ့..ရပ်ကွက်လူကြီး
အသံမှာ.ကြောက်ရွံ့ဟန်တွေက အထင်းသား။
ရပ်ကွက်လူကြီးမေးခွန်းကြောင့်..Baekက
နှုတ်ခမ်းလေးနှစ်ခုကို စုထော်လိုက်ပြီး...
Baek:::" ဘယ်သူရှိရမှာလဲ...Suho Omma
               ကို တိုင်ချင်တာ..."
    Suhoက.."အဟမ်း"ဟုဆိုကာ.နောက်နည်း
နည်းဆုတ်သွား၏...။
ပိစိလေးက Suhoကို တစ်ချက်ဂျိုလှမ်းကစ်
လိုက်ပြီး...
Baek:::" ရပ်ကွက်လူကြီး.စဉ်းစားကြည့်ပါ"
    အင်း...စဉ်းစားခိုင်းပြန်ပီ..နောက်၁ယောက်
က..ပီးတော့..ဟုတ်တိပတ်တိလည်းမဟုတ်..။
ရပ်ကွက်လူကြီးစိတ်ထဲမှတွေးလိုက်မိခြင်းပါ
လေ..။
Baek::" ရပ်ကွက်လူကြီးဆိုလည်း...ရပ်ကွက်
              လူကြီးတန်ဖိုးထားတဲ့ပစ္စည်း..ဥပမာ
အခု..ကြက်ဗျာ...ရပ်ကွက်လူကြီးက ကြက်ကို
တန်ဖိုးထားတယ်မလား....."
အမလေးလေး...ဘာရည်ရွယ်မှမပါပေမယ့်
ဒီပိစိလုပ်တာနဲ့..သူတော့..အိမ်က မိန်းမနှင်
ထုတ်တာခံရချေသေးရဲ့...။ကြက်..ကြက်နဲ့။
Baek:::" အဲ့လိုမျိုးတန်ဖိုးထားခံရတဲ့အရာကို
ဖျက်ဆီးခံလိုက်ရတဲ့အခါ...ဘယ်လိုခံစားရ
မလည်း...ရပ်ကွက်လူကြီး နားလည်မှာပါ..။
ကျွန်တော့်အတွက် တန်ဖိုးရှိတဲ့အရာ...တန်ဖိုး
ရှိတဲ့အရာလေးကို........"
  ပြောနေရင်းတန်းလန်းဖြင့်..Baekက မျက်နှာ
ကိုအုပ်ကာ ငိုချင်ဟန်ဆောင်သည်။အမယ်...
တစ်ချက် နှစ်ချက်ကလည်း ရှိုက်ပြလိုက်သေး၊
Baek:::" ကျွန်တော့်အတွက်တန်ဖိုးရှိတဲ့အရာ
က...EyeLinerလေးတွေပါ...တယုတယပိုး
မွေးသလိုမွေးထားတဲ့ ကျွန်တော့် Eyeliner
လေးတွေကို...Suho Hyungလေ...သူက..
ဘယ်လိုလုပ်ပစ်လိုက်တယ်ထင်လဲ..."
    အင်း...ဘယ်လိုလုပ်ပစ်လိုက်တာလဲလို့်
တော့...ရပ်ကွက်လူကြီးပြန်မေးမနေတော့..။
မမေးလည်း...ကိုယ်ကတော့ ဆက်ပြောမှာပဲ
လို့ခံယူထားတဲ့..အသေးလေးက ၀မ်းနည်းသံ
ကြီးနှင့် စကားကိုဆက်၏...။
Baek:::" ရိုးရိုးလိပ်စာကဒ်ကြီးကို ကျွန်တော့်
Linerတွေနဲ့ ထိုင်ခြယ်ပြီး...Black Cardဆိုပီး
ဟိုTaoကို ရော့.မင်းဝယ်ချင်တာတွေသွား
ဝယ်ဆိုပီး.ပေးလိုက်တယ်လေ...
ဟိုpandaကလည်း..ဘာရယ်ညာရယ်မသိ
ဝမ်းသာအားရပြေးဝယ်တာ ဆိုင်က သူတို့ကို
လာနောက်နေတယ်ဆိုပီး.မောင်းထုတ်မှသိ
တာ....။သူတို့အချင်းချင်းနောက်တာက.ပြသနာမ၇ှိပါဘူး...ပြသနာက ကျွန်တော့်Linerတွေ
အကုန်ကုန်ကုန်တာပါပဲ....။
နှမြောလွန်းလို့ ကျွန်တော်တောင်နည်းနည်းပဲ
ဆိုးတာကို.....လိပ်စာ၁ကဒ်လုံးကို မညှာမတာ
ဆိးုပစ်လိုက်တယ်ဆိုတာကတော့....
ဘာလို့ဆိုးတာလဲမေးတော့...ပျင်းလို့ဆေး
ရောင်ခြယ်တာပါတဲ့...အဲ့ဒါကြောင့်..ကျွန်
တော် Suho Hyungကို တိုင်ချက်ဖွင့်တာပါ.."
   Linerကြောင့်..တိုင်ချက်ဖွင့်သည်ပေါ့..။
ကောင်းသားပဲလေ...။ရပ်ကွက်လူကြီး သက်
ပြင်းမောကြီးကိုချပြီး..."Suho"အမှု..Linerအ
သုံးပြုမှု ဟု စာအုပ်ထဲချရေးလိုက်သည်..။
ဘောပင်လေးမှ ချမယ်မကြံသေး...အစောက
အနောက်ထဲရောက်နေသော...Suhoက..
ရှေ့တိုးထွက်လာပြီး...
Suho:::" နေပါဦး..ကျွန်တော် တိုင်ဦးမယ်.."
ရပ်ကွက်လူကြီး:::" ဗျာ!!! "
    ရပ်ကွက်လူကြီးပါးစပ်ကပင် အာမေဍိတ်သံ
ထွက်လာသည်...။လာပြန်ပြီ...။
ရပ်ကွက်လူကြီး:::" ဒါနဲ့...တိုင်မယ့်လူက...
      မင်းတို့အဖွဲ့ထဲကတော့ မဟုတ်ပါဘူးနော်"
Suho:::" Arnyi...ဒီအဖွဲ့ထဲကပဲ.....ကျွန်တော်
တိုင်မှာက...ဟိုပေါက်စီ Xiuxiuကို....
တော်ပီ..ရပ်ကွက်လူကြီး ဖြတ်မမေးနဲ့ ဖြတ်မ
ပြောနဲ့...ကျွန်တော်ဆက်တိုက်ပြောမယ်..."
       "အဲ့ဒါကောင်းပါတယ်..."
Galaxy ပိုင်ရှင်ကြီး..ကို Kris..။
Suho:::" Wae...??"
Kris:::" ဘာ Waeလဲ..၀င်ပြောမယ့်လူမရှိ
တာတောင် မင်းစကားမင်းလိပ်ပတ်လည်
အောင်ပြောတတ်လို့လား..အဲ့ဒါကြောင့်..
ရပ်ကွက်လူကြီးကို မင်းအဲ့လိုကြိုမေတ္တာရပ်ခံ
ထားတာကောင်းတယ်လို့ပြောတာ..."
    Krisစကားကြောင့် Suhoက."အေးပါကွာ"
ဟုဆိုလာသည်...။
Suho:::" ငါ့ဆို အထင်သေးတယ်..ငါ့စကား
ငါဘာလို့လိပ်ပတ်လည်အောင်မပြောတတ်ရ
မှာလဲ...ဒီမှာ နားထောင် စကားဆိုတာ..သေ
ချာပြောရင် ပြောသလိုအကျုံးဝင်တယ်...
မင်းတို့မသိသေးတာပဲ.စကားရဲ့အသုံးဝင်ပုံ
တွေ...ငါလည်းသိတာပေါ့.စကားအသုံးဝင်
တာ..မင်းတို့က ငါ့ဆို စကားကိုလိပ်ပတ်လည်
အောင်မပြောတတ်ဘူး..မပြောတတ်ဘူးနဲ့...
ဘာလဲ..အထင်သေးတာလား..ငါလဲအဲ့လောက်
တော့.နားလည်ပါတယ်...သေသေချာချာ
ပြောရင် စကားဆိုတာအကျုံးဝင်တာပဲ...ငါလဲ
သိတာပေါ့...စကားရဲ့အသုံးဝင်တာကို...."
အင်း...အဖွဲ့သားတွေပြောမယ်ဆိုလည်း ပြော
လောက်ပါတယ်..။အမှုတောင်မဖွင့်ရသေးဘူး၊
စကားနိဒါန်းချီနေတာကိုက...တမှုဖွင့်တာ
လောက်ကြာနေတယ်...။မဖြစ်တော့...
ကြားထဲက ၀င်ဖြတ်ပေးမှရတော့မယ်...။ရပ်ကွက် လူကြီးအတွေးဖြင့်...
ရပ်ကွက်လူကြီး:::" နောက်မှ မင်းအိမ်လာပြီး
စကားအသုံးဝင်ပုံတွေ စာအုပ်ထုတ်ဖို့လာမေး
မယ်..ခု မင်းတိုင်ချက်ဖွင့်မယ့်အကြောင်း
အရာက...."
Suho:::" အော်...ဟုတ်သား.ဒီလိုပါ..ရပ်ကွက်
လူကြီး...ရပ်ကွက်လူကြီးလဲသိတဲ့အတိုင်းပဲ..
ကျန်းမာရေးဆိုတာ လူတိုင်းအတွက်အရေး
ကြီးတာကို..။ကျွန်တော်လည်းသိတာပေါ့..
အဲ့တာကြောင့် ကျွန်တော်အားကစားလုပ်
တယ်လေ...အဲ..ကျွန်တော်က golfရိုက်တာ
ပေါ့နော်....။golfရိုက်တာ ကျွန်တော့်အတွက်
တော့...အရမ်း အကျိုးဖြစ်တယ်လေ...။
ကျန်းမာရေးအတွက်ပေါ့ဗျာ...ရပ်ကွက်လူကြီး
လဲသိမှာပါ...ကျန်းမာရေးဆိုတာ ကျွန်တော့်
အတွက်.ရပ်ကွက်လူကြီးအတွက်တင်မဟုတ်
ဘူး...အားလုံးအတွက်ဆုလာဘ်၁ခုဆိုတာ...
ကျွန်တော်လဲအဲ့ဆုလာဘ်ကို လိုချင်လို့...
ကျန်းမာရေးထိန်းသိမ်းတဲ့အနေနဲ့...Golfရိုက်
တယ်လေ..။Golfရိုက်တာ....ခန္ဓာကိုယ်
အကြောအားတွေကို အညောင်းညာပြေစေ
တယ်ဗျ....ရပ်ကွက်လူကြီးလည်း တခါတလေ
ကျွန်တော်နဲ့လိုက်ကစားပါလား.ကျန်းမာရေး
ထိန်းသိမ်းရာရောက်တာပေါ့...ကျန်းမာရေးဆို
တာကလည်း အရမ်းအဖိုးတန်တာကား...။
ကိုယ်တိုင်ထိန်းသိမ်းနိုင်မှတော်ကာကျမှာ..."
    အမယေး....မသောက်ပဲ မူးကုန်ပါပီ...။
ဂျာအေး သူ့အမေရိုက်တာတောင် သူ့လောက်
ရိုက်နိုင်မှာမဟုတ်...။
ကြာတော့ သည်းမခံနိုင်တော့သည်ထင်...။
အတိုင်ခံရသူ..Xiuxiu ကိုယ်တိုင် စားပွဲခုံရှေ့
တည့်တည့်တိုးလာပြီး...
Xiuxiu:::" ဒီလိုပါ၊...သူ့အတွက်အရမ်းအဖိုး
တန်လှပါတယ့်...golfရိုက်တံတွေကို..ကျွန်
တော်ဟိုး၁နေ့က.ယူပြီး.ပေါက်စီရောင်းတဲ့
မတရုတ်မကို.လိုက်ရိုက်လို့ပါ...အဲ့တာကြောင့်
တိုင်ချက်ဖွင့်ခံရတာပါ..."
    ကောင်းရော....အမှုဖွင့်ခံရသူကိုယ်တိုင်
ဝန်ခံဖွင့်ရသည်အထိ.Suhoတို့ စကားကို
စွမ်းဆောင်ပြောနိုင်သည်မှာ.နည်းတဲ့အရည်
အချင်းမဟုတ်...။
ရပ်ကွက်လူကြီး:::" ဟုတ်ပီ..ဟုတ်ပီ...
နားလည်ပီ...ဒါနဲ့ ၁ခုမရှင်းလို့...ဘာလို့.
မတရုတ်မကို လိုက်ရိုက်တာလဲ...Golfရိုက်တံ
နဲ့ လိုက်ရိုက်ရလောက်အောင်.မင်းအပေါ်
ဘာအပြစ်တွေများ လုပ်လိုက်လို့လဲ...."
Xiuxiu::" လုပ်တာပေါ့...ပေါက်စီတွေကို
အလုံးသေးလိုက်တယ်လေ...ဈေးကျမလျှော့
ပဲနဲ့....အလုံးကိုသေးလိုက်လို့...အဲ့တာကြောင့်
စိတ်တိုပီး.လိုက်ရိုက်တာ...."
    အော်...တော်တော်ကြီးမားသည့်.အပြစ်ပါ
လား....။
Xiuxiu:::" အလုံးကိုသေးပစ်လိုက်တဲ့အပြင်..
အထဲထဲက အသားတတွေကိုပါ နည်းပစ်ပီး
အလကားနီးပါးရတဲ့ ကြက်သွန်တွေကျ ဇွတ်
ထည့်ထားတယ်.သူ့ပေါက်စီစားရတာ ကြက်
သွန်ခင်းထဲ ၀က်ပေါက်လေး၁ကောင်ဖြတ်
သွားသလိုပဲ...အသားကနည်းပါတယ်ဆိုမှ.
အာ!!!!အခုမှ သတိရတယ်...ကျွန်တော်လဲ
တိုင်စရာရှိတယ်....."
     လျှာရှည်ပီး မေးလိုက်မိသည့် မိမိကိုယ်ကို
သာ..ရပ်ကွက်လူကြီး အပြစ်တင်လိုက်မိ
တော့သည်...။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
We R 1
We always Support Exo
♥ EXO & EXO L ♥
Exo is our soul
Saranghaeyoe My Readers
Continue Reading
You'll Also Like
453K 41.1K 58
Note::Possessive Type မျိုးတွေ🔴 စကားလုံးရင့်သီးတာတွေ ပွင့်လင်းရိုင်းစိုင်းတာတွေပါနေတာမို့ဒါမျိုးတွေမကြိုက်ရင်မဖတ်ကြရန်မေတ္တာရပ်ခံပါသည်။
28.9K 2.8K 19
ဝိုင်.....🍷 မြည်းစမ်းရုံနဲ့ ရူးနှမ်းစေမယ့် ဝိုင်... ဦးကိုကိုရဲ့ နှုတ်ခမ်းက ချိုပေမယ့် အဆိပ်တွေနဲ့.. ဒါပေမဲ့ ကျွန်တော်ကြိုက်တယ်..။ ❗ZhanYi Fanfic 20...
33.9K 4.2K 38
I don't wanna be right .
4.7K 763 18
Jungkook Atlas Francis - Taehyung Rowan Elliot