Hun '' Hyung အေးတယ် မှန်တင်ထား ပါလား ´´
ဖွင့်ထားသော ကားမှန်ဘောင်ပေါ် မေးတင်ကာ အပြင်ငေးနေတဲ့ Luhan ကို Hun ကားမောင်း နေရင်းမှ ပြောလိုက်တယ်။
Luhan '' Arnyi ဒီအတိုင်း လေခံရတာ သဘောကျလို့ Hun အေးလို့လား ´´
Hun '' မအေးပါဘူး Hyung ကိုစိတ်ပူလို့ပါ
မာဖလာ လုံအောင်ပတ်ထားနော် ဆောင်းလေ က ဖျားတတ်တယ် ´´
အဖိုးကြီးလို စိုးရိမ်စွာ ပြောနေတဲ့ Hun ကို ရီချင်သွားတယ်။ ဘယ်သူက အကြီးမို့ ဂရုစိုက် နေတာပါလိမ့်။
Luhan '' Nae ´´
Luhan ရဲ့ ခပ်ရွဲ့ရွဲ့အဖြေကြောင့် Hun လှည့်ကြည့်တော့ ပြုံးစိစိဖြစ်နေတဲ့ Hyung ကြောင့် သူပါလိုက်ရီဖြစ်တယ်။ ဘာရယ်မဟုတ် တဲ့ အဖြစ်အပျက်လေးကြောင့် ကားလေးထဲမှာ ရီသံတွေလွှမ်းသွားတယ်။
Luhan Hun ရဲ့ ကားမောင်းနေပုံကို ဘေးက နေ ခိုးကြည့်မိတယ်။ Drama ကားတွေထဲမှာ မိန်းကလေးတွေရဲ့စိတ်ကို ကားမောင်းရင်း ဖမ်းစားနိုင်တဲ့ ယောင်္ကျား လေးပုံစံမျိုးက Hun နဲ့ကိုက်ညီမယ်ထင်တယ်။ ဘေးတိုက် အနေအထားမှာတောင် ကျော့ရှင်းလွန်းတဲ့ ဟန်မူယာပါပဲ။ ရှေ့ကို အာရုံစိုက်မောင်းနေပုံက လေးနက်တည်ကြည်လွန်းတယ်။ ခုလဲ ကျွန်တော့် ဘက်လှည့်ပီး မျက်လုံးတွေမှိတ် တဲ့ထိ ရီနေပြန်ပီ။ ရီနေရင် ခုနက ပုံစံနဲ့ကွဲထွက် ကာ ချစ်စရာ ကောင်းနေတတ်ပြန်တယ်။ အဲ့လိုရီနေရင် ကျွန်တော်ပါ အပျော်တွေ ကူးစက်လာသလိုပင်။ အဲ့လောက်ဖြူစင်တဲ့ အပြုံးတွေ အရင်က တိမ်မြုပ်နေခဲ့တာ နှမြောစရာပဲ။
Luhan '' Hun idol ဘာလို့ဖြစ်ချင်တာ လဲ ´´
ရုတ်တရက် ကောက်မေးတဲ့ ကျွန်တော့်မေးခွန်း ကြောင့် Hun လှည့်ကြည့်လာတယ်။ ပီးမှ ပြုံးကာ
Hun '' အခြေအနေ၂မျိုးရှိတယ် idol မဖြစ်ခင်ကနဲ့ ဖြစ်ပီးသွားတဲ့ အခြေအနေ။ အစက Idol ဖြစ်ရင် ပိုက်ဆံအများကြီးရမယ် နာမည်ကြီးမယ် ဆိုပီး လောဘနဲ့ ခြေစုံပစ်ဝင် ခဲ့တာ။ ဒါပေမယ့် အောင်မြင်ဖို့ ဆိုတာ မလွယ်ကူသလို သူနဲ့ ထိုက်တန်တဲ့ စွန့်လွှတ်မှု တွေ လွတ်လပ်မှုတွေ ပြန်ပေးဆပ်ရတာ သိလာခဲ့ရတယ်။ နောက်ဆုံး ကိုယ့်ဘဝကိုယ် မပိုင်တော့သလိုမျိုးထိပေါ့။ တစ်ခါတစ်ခါ အပြင်လူတွေကို အားကျတယ်။ သူတို့မှာ ချုပ်ထိန်းထားစရာ ဘာမှမရှိလို့လေ။ အစားအသောက် အနေအထိုင် တွေကအစပေါ့။ idol ဖြစ်သွားပီးတော့ အရင်ကနဲ့ လုံးဝကွဲလွဲသွားတာတစ်ခုက အလုပ်တစ်ခုလို့ သဘောမထားနိုင်တော့ပဲ သီချင်းနဲ့ Dancing သာ ကိုယ့်ဘဝတစ်ခုလို ဖြစ်သွားတာ ´´
Luhan တစ်ယောက် ခေါင်းတငြိမ့်ငြိမ့်နဲ့ နားထောင်နေမိတယ်။
Luhan '' သာမန်အလုပ်တစ်ခုတောင် အခက်အခဲတွေရှိတာ အောင်မြင်မှုဆိုတဲ့ နောက်ကွယ်က အခက်အခဲကပိုဆိုးမှာပေါ့ ´´
Hun '' Hyung အကြောင်းပြောပြဦးလေ ´´
Luhan '' ပြောပြစရာ ထွေထွေထူးထူးမရှိပါ ဘူး PaPa အလုပ်တွေ စိတ်မဝင်စားတာနဲ့ Designer လုပ်ဖို့ Korea ထွက်လာတယ် ပေါ့ ´´
Luhan ပေါ့ပြတ်ပြတ်ပြောလိုက်တော့ Hun က ပြုံးလိုက်တယ်။
Hun '' Hyung သိလား တစ်ခါတစ်ရံ လူ၁ယောက်အတွက် ဘာမှမဟုတ်တာလေးက အခြားတစ်ယောက်အတွက် အဖိုးမဖြတ်နိုင်တာ ဖြစ်နေတတ်တယ်။ ကျွန်တော်လေ အဲ့ထွေထွေထူးထူးမဟုတ်တာလေးကိုပဲ ကျေးဇူး အရမ်းတင်တာ။ အဲ့လို အခြေအနေတွေ ကြောင့် Hyung နဲ့ ဆုံခွင့်ရခဲ့တာလေ ´´
Luhan Hun ကို လှည့်ကြည့်တော့ Hun က အနူးညံ့ဆုံး အပြုံးတစ်ပွင့် ပြုံးပြလိုက်တယ်။
Hun pov : ' တကယ်ပါ Hyung အတိတ် ကံမကောင်းခဲ့ပေမယ့် Hyung နဲ့ဆုံတွေ့ခွင့်ပေး ခဲ့တဲ့ ကံကြမ္မာကို အရမ်းကျေးဇူးတင်မိတာပါ ´
******************************
Luhan '' DO ya ဘာဖြစ်လို့လဲ ´´
Luhan ပြန်လာတော့ DO ကို အပြင်မှာမတွေ့တာနဲ့ အခန်းထဲလာကြည့်တော့ ပစ္စည်းတွေပျံ့ကျဲနေတဲ့ ကုတင်ပေါ်မှာ ဒူးခေါင်း၂ဖက်ကို လက်နဲ့သိုင်းဖက်ထားရာပေါ် ခေါင်းမှောက်ထားကာ ကျုံ့ကျုံ့လေး ထိုင်နေတဲ့ DO ကို တွေ့လိုက်ရတော့ စိုးရိမ်စွာမေးလိုက် တယ်။
Soo '' Lu . . . ´´
Luhan '' Wae? DO ဘာဖြစ်လို့လဲ မြန်မြန်ပြောပါဦး စိတ်ပူလာပီ ´´
Soo '' သူ...သူ သိနေပီးသား ထင်တယ် ´´
Luhan '' ဘယ်သူက ဘာကို သိနေတာလဲ ´´
Soo '' Kai သူ . .သူ ငါ ဘယ်သူဆိုတာ သိနေတယ် ထင်တယ် Lu ´´
Luhan '' ဘယ်လို ! မင်းပြောသလိုဆို ငါတို့ မပြောရင် မသိနိုင်ဘူးဆို ´´
Soo '' ငါလဲ အဲ့လိုပဲ ယုံကြည်ထားခဲ့တာ ဒီစာအုပ်လေးမတွေ့ခင်ထိပေါ့ ´´
DO ပြတဲ့ Diary စာအုပ်လေးကိုကြည့်ပီး Luhan မျက်မှောင်ကြုံ့ကာ
Luhan '' အဲ့ဒါ ဘာစာအုပ်မို့လဲ ´´
Soo '' Noona မဆုံးခင် ငါ့အတွက် ရေးပေးခဲ့တဲ့ စာအုပ်လေးပါ။ ငါ ဒီစာအုပ်ကို အမြဲဖတ်လေ့မရှိဘူး တစ်ယောက်ထဲရှိတဲ့ချိန် Noona ကိုလွမ်းတဲ့ချိန်မှ ထုတ်ဖတ်ဖြစ်တယ် Lu။ မင်းမှတ်မိမှာပါ ငါနဲ့မင်း ပြန်ဆုံတဲ့ party မှာလေ။ မင်းကို ရင်ဖွင့်မယ်ဆုံးဖြတ်ထားတော့ အဲ့ညက ငါ ဒီစာအုပ်လေးထုတ်ဖတ်ဖြစ်ခဲ့တယ်။ မနက်ကျတော့ Kris တို့တွေ သွားချိန်အမှီ ပြင်ဆင်ပေးနေတော့ ငါ စာအုပ်ပြန်မသိမ်းမိ လိုက်တာ မင်းနဲ့တွေ့ပီး ပြန်ရောက်တဲ့ထိပဲ။ ပြန်ရောက်တော့လဲ အမှုမဲ့ အမှတ်မဲ့ပဲ သိမ်းလိုက်မိတယ်။ ငါ့အခန်းထဲ ဘယ်သူမှ မဝင်လောက်ဘူး ထင်ခဲ့တာလဲ အမှန်ပဲ။ အဲ့နေ့ကတည်း က သိမ်းထားတာ ဒီနေ့မှ ပြန်ထုတ်ကြည့်မိတယ် ဆိုပါတော့။ ငါ သန်းခေါင်ချိန်ဆို ရေဆာတတ်လို့ အိပ်ရာဘေး စားပွဲမှာ ရေအမြဲယူထားတတ်တာ မင်းအသိပဲ။ သေချာတာက အဲ့နေ့က စားပွဲပေါ်မှာ ရေပါတဲ့ ဖန်ခွက်တစ်ခွက်ရှိနေတယ်။ ပြန်ရောက်တော့ အဲ့ရေခွက် ရေရှိမရှိ ငါ သတိမထားမိဘူး။ ဒီမှာကြည့် Lu ´´
DO ကမ်းပေးတဲ့ စာအုပ်လေး လှမ်းယူလိုက် တော့ စာအုပ်အချို့နေရာတွေက ရေကွက်တွေ အထင်အရှားပင်။ ပီးတော့ သိသာစွာ ဆေးကွက် လျက် တွန့်နေသော ဓာတ်ပုံလေး
Luhan '' ဒီဟာကို ကြည့်ရုံနဲ့ Kai မြင်တယ်လို့ ဘာလို့ပြောနိုင်တာလဲ Hun လဲ ဖြစ်နိုင်တာပဲလေ အဲ့နေ့က Hun လဲ မင်းတို့နဲ့ ကျန်ခဲ့တယ်မဟုတ်လား ´´
DO '' ငါလဲ မင်းမလာခင်ထိ အဲ့ကိစ္စပဲ စဉ်းစား နေတာ။ Hun သာဆို ငါနဲ့ Noona ပုံကိုတွေ့လဲ တွန့်ကြေနေအောင် ကိုင်ထားစရာ အကြောင်း မရှိသလို လွတ်လွတ်ကင်းကင်းရှိနေတဲ့ ရေခွက် မှောက်ကျလောက်အောင်လဲ အံ့သြစရာမှ မရှိတာ။ သူမှ Noona ကိုမမြင်ဘူးတာလေ။ အကယ်၍ မှောက်ကျခဲ့တယ်ဆိုဦးတော့ စာအုပ်အတွက် ငါ့ကို တောင်းပန်မှာပေါ့။ ပီးတော့ အဲ့နေ့က Kai နောက်ကျမှ မိုးရေတွေ ရွှဲပီး ပြန်ရောက်လာခဲ့တာ သူတစ်ခုခုဖြစ်လာတာ ငါရော Hun ရော သတိထားမိခဲ့တယ် ´´
Luhan '' မင်းဆိုလိုချင်တာက Kai က အဲ့နေ့က မင်းထက်အရင်ရောက်ပီး သူ မင်းအခန်းထဲဝင်တော့ ဒီစာအုပ်တွေ့သွားခဲ့တယ် ပေါ့ ဟုတ်လား ´´
Soo '' မပြောတတ်ဘူး Lu သူက လွဲပီး ဘယ်သူသိနိုင်မှာလဲ ´´
Luhan '' တကယ်လို့ အဲ့ဒါသာ အမှန်ဆို မင်းဘယ်လိုလုပ်မလဲ DO ´´
Soo '' ------- ´´
Lu အဲ့စကားမေးလာချိန်မှာ ကျွန်တော့်မှာ ဖြေစရာ အဖြေမရှိခဲ့။ မွန်းကျပ်မှုတွေက လည်ပင်းထဲ တစ်ဆို့နေသလို ခံစားရကာ တစ်ခုခုကို စဉ်းစားမိတော့ ဝမ်းနည်းမှုက လှိုက်ခနဲ။
Soo '' အဲ့ဒါသာအမှန်ဆို Kai ငါ့ကို တကယ်ချစ်ခဲ့တာမဟုတ်ဘူး Lu။ ငါက သူ့အတွက် ခဏတာရင်ခုန်မှုလေးတောင် မပေး နိုင်ခဲ့တဲ့ သူ့ရဲ့လက်တုံ့ပြန်မယ့် ပစ်မှတ်တစ်ခုပဲ ´´
ပြောရင်း အသံတွေ တိမ်ဝင်ကာ မျက်ရည်တွေ က အဆက်မပြတ်စီးကျလာပီ။ မျက်ရည်တွေ မကုန်ပဲမကုန်နိုင်။ လက်ခံနိုင်ရမှာပေါ့ ကျေနပ်နိုင်ရမှာပေါ့ ဒီထက်ဆိုးရွားတဲ့ပုံစံတွေ တောင် စိတ်ကူးယဉ်ခဲ့ဖူးတာပဲ။ Kai ရဲ့ ရက်စက်တဲ့မျက်နှာထားနဲ့ အခါခါသတ်ခဲ့တာကို ညညတွေ မကြာခဏ အိမ်မက်ဆိုးမက်ခဲ့ဖူးတာ ပဲ။ လှည့်စားခဲ့တယ်ဆိုတာ မဆိုသလောက် အပြစ်ဒဏ်လေးဆိုတာသိတာပဲ။ ဒါ. . .ဒါပေမယ့်
နာကျင်ရတယ် ရင်ဘတ်ထဲက တစ်ဆစ်ဆစ်နဲ့ နာကျင်ရတယ်။ ဦးနှောက်ရဲ့ သတိပေးချက်ကို လိုက်နာဖို့ နှလုံးသားက ခံနိုင်ရည်မှ မရှိသေးပဲ။ ဖြစ်ပျက်ခဲ့သမျှ အမှားတွေအတွက် နောက်ဆုံး အပြစ်ဒဏ်ကျခဲ့ရတဲ့ နှလုံးသားက ဘာအပြစ်ရှိ မှာလဲ။ မချစ်သင့်တဲ့သူကို ချစ်မိတာက လွဲလို့ပေါ့။ ဒါပေမယ့် အဲ့ဒါ အပြစ်မှမဟုတ်တာ။ ဒီလိုနာကျင်ရမယ့်အစား လက်ညိုးထိုးကာ ဆဲဆိုသွားတာမှ ပိုခံသာမယ်ထင်တယ်။
Luhan '' အဲ့တော့ ဘာလုပ်မယ် စဉ်းစား ထားလဲ DO ´´
Soo '' အဖြေကရှင်းနေပီပဲ အားလုံးသိသွား မှတော့ ရင်ဆိုင်ပီး တောင်းပန်ရတော့မှာပေါ့ ´´
Luhan '' တောင်းပန်စရာမှမလိုပဲ Kai ကို ရှင်းပြရမှာပေါ့ သူက အထင်လွဲနေခဲ့တာလေ ´´
Soo '' မလိုတော့ပါဘူး ရှင်းပြလိုက်လို့ ဘာထူးမှာလဲ အားလုံးပြီးသွားပီပဲ အမှန်တရား သိသွားလဲ ၂ယောက်လုံး ပြန်တွေးမိပီး အမှားတွေအတွက် သောကရောက်ရမှာ။ အဲတော့ သူသိနေတဲ့ အမှန်တရားဆိုတာနဲ့ တသက်လုံး ငါ့ကို မုန်းရင်း သူငါ့ကိုလှည့်စားခွင့်ရလိုက်လို့ ကျေနပ်ရင်း နေသွားတာ သူ့အတွက်ပိုကောင်းပါတယ် ´´
Luhan '' DO ya မင်း ကံကလဲကွာ ´´
******************************
Kris '' ဟာ Hun ပါလား Hyung တို့လဲ ခုပဲ ပြန်လာတော့မလို့ ´´
Hun '' ကျွန်တော် ဒီရှေ့ကဖြတ်လို့ ဝင်လာလိုက်တာ။ Wahh ! ဘယ်လောက်တောင်ကြာပီလဲ ဒီကို မလာဖြစ်တာ ´´
Training Room ကို လှည့်ပတ်ကြည့်ကာ ပြောလိုက်တယ်။
Chanyeol '' Ha Ha အလွမ်းပြေ ဝင်လာ တာပေါ့လေ။ မထင်ပေါင် Training Room က တစ်ယောက်ယောက်အစား ဖြစ်မယ်။ ခုလေး တင်တွေ့ပီးတာပါနော် ´´
Hun '' Arr Hyung ကလဲ ´´
လက်ကို လည်ပင်းပွတ်ကာ ရှက်နေတဲ့ Hun ကို ကြည့်ပီး အားလုံးပွဲကျသွားတယ်။
Hun '' ဒါနဲ့ Kai Hyung ရော ´´
Baek '' Dancing Room ထဲမှာလေ။
တနေကုန် အဲ့အခန်းထဲက မထွက်ဘူး အရင်က အမြဲတက်ကြွနေတဲ့ သူက ခု ဘာတွေဖြစ်နေလဲ လက်လှမ်းမမှီတော့ဘူး ´´
နံရံအပြည့်မှန်တွေ ကာရံထားတဲ့ အခန်းထဲမှာ မြူးကြွတဲ့ သီချင်းတွေကြား စည်းချက်ညီညီ ကနေတဲ့ လူတစ်ယောက်။ ဒီလို ဆောင်းရာသီမှာ နှာဖူး တင်မက တစ်ကိုယ်လုံး ချွေးများစို့နေပေမယ့် မရီမပြုံး မရပ်မနားဘဲ ကနေတဲ့ သူ။ Kai ကိုကြည့်နေရင်း Hun စိတ်မကောင်းစွာ ခေါင်းခါမိတယ်။ အရင်က အမြဲ ပျော်ပျော်နေတတ်ပီး စကားရွှန်းရွှန်းဝေဝေ ပြောတတ်ခဲ့တဲ့ သူ့စိတ်ထဲ ဘာတွေရှိနေမလဲက တော့ သူကိုယ်တိုင်ပဲသိပါလိမ့်မယ်။
******************************
Seoul မြို့ရဲ့ ပြယုဂ် တစ်ခုအဖြစ် တင်စားလို့ရ တဲ့ Namsan Tower မှာ အချစ်သက်သေ သော့ရောင်စုံတွေကြားမှာ Seoul မြို့ရဲ့ မနက်ခင်းအလှကို ခံစားနေတဲ့သူ ၂ယောက်
Luhan '' ဒီနေ့တောင် Comeback Show နေ့တောင် ရောက်လာပီ ဘာလိုလိုနဲ့ Hun ခွဲစိတ်ရမယ့်နေ့ တောင်နီးပီနော် ´´
Hun '' ……… ´´
Luhan '' ဘာဖြစ်လို့လဲ ´´
Hun '' အမှန်တိုင်းပြောရရင် ကြောက်နေမိ တယ် ´´
Luhan '' Hyung ကတော့ ယုံကြည်တယ် Hun ဒီအခက်အခဲကို ကောင်းကောင်း ကျော်လွှားနိုင်မယ်ဆိုတာလေ ´´
Hun '' Gomawo Hyung ´´
Luhan '' Hyung ရေသွားဝယ်လိုက်ဦးမယ် ဒီမှာ စောင့်နေနော် ´´
Hun '' Nae ´´
တူ . . . .တူ . . . . တူ
Hun '' Hyung ဖုန်း Message ဝင်လာ တာပဲ password လဲမလုပ်ထားဘူး ဟင် Soo Hyung ´´
သူများဖုန်းကို စပ်စုတတ်တာ ဝါသနာ မပါပေမယ့် Soo Hyung ဆိုတော့ စိတ်ဝင်စား မိသွားတယ်။ Soo Hyung ကို ဆက်သွယ်လို့ မရခဲ့ဘူးလေ။ ဒါကြောင့် Screen ပေါ်ရှိတဲ့ စာသားတွေဆီ အာရုံကရောက်ရှိသွားတယ်
Soo ' Lu Miyan မင်းကိုကျေးဇူးတင် ပေမယ့် ငါဆုံးဖြတ်ပီးပီ ဒီည Show ပွဲပီးရင် စောင့်ဦး အိမ်တူတူပြန်ကြတာပေါ့ ´´
လုပ်သင့်လားမလုပ်သင့်လား စဉ်းစားမနေနိုင် တော့ပဲ လက်တွေက လျင်မြန်စွာ လှုပ်ရှားလိုက် တယ်။ Soo Hyung Show ပွဲအမှန်တကယ် လာကြည့်မယ်ဆို Kai Hyungအတွက် အခွင့်အရေးရှိနေတာပဲ။
ဒါပေမယ့် message box ထဲမှာ အပြန်အလှန်ပြောနေခဲ့ကြတဲ့ Message တွေကြား Hun ခဏမျှ ငြိမ်သက် သွားတယ်။
Luhan '' Hun ဘာလုပ် . . . ´´
Hun လက်ထဲက ဖုန်းလေးကိုကြည့်ပီး Luhan စကားတို့ပျောက်ရှသွားတယ်။
Hun '' တကယ်မထင်ထားဘူး Soo Hyung ဒီရက်ပိုင်းတွေ Hyung အိမ်မှာ ရှိနေတာပဲ။ Soo Hyung က ဘာလို့ ကျွန်တော်တို့ကိုညာရတာလဲ ´´
Luhan '' Miyan Hun အကြောင်းအမျိုး မျိုးကြောင့်ပေါ့ ´´
Hun '' ကျွန်တော်သိခွင့်ရှိမလား Hyung တကယ်လို့ ကျွန်တော်က Kai Hyung နဲ့ Soo Hyung ရဲ့ပတ်သတ်ခဲ့ဖူးတာ သိနေတဲ့ သူဆိုရင်ပေါ့ ´´
Luhan အံအားသင့်သွားမိတယ်။ ပီးမှ
Luhan '' Hun က အချို့အရာတွေ သိထား ပီးပီပဲ။ Hyung ရှင်းပြပါ့မယ် ´´
Hyung ပြောပြနေတဲ့ အမှန်တရားတွေက မယုံနိုင်စရာကောင်းလွန်းနေတယ်။ Soo Hyung က Chef ၁ယောက်မဟုတ်ဘဲ Designer ၁ယောက်တဲ့ ပီးတော့ Kai Hyung က Soo Hyung ကို တမင် လိမ်ညာပီး တွဲခဲ့တာတဲ့။
Hun '' ဒါဆို Soo Hyung ဆုံးဖြတ်လိုက် တယ်ဆိုတာ ဘာကို ဆိုလိုတာလဲ Hyung ´´
Luhan '' တားနေပေမယ့်လဲ LA ပြန်မယ် တဲ့လေ။ ဒီနေ့ Show ပွဲမတိုင်ခင် Kai နဲ့သွားတွေ့မယ်တဲ့ မပြန်ခင် နောက်ဆုံး အနေနဲ့ တောင်းပန်ချင်လို့တဲ့လေ ´´
Hun '' ကျွန်တော့်စိတ်ထင် ပြောရရင် Kai Hyung လဲ စိတ်ထိခိုက်နေပုံရတယ်။ ကျွန်တော်တို့ ဒီအတိုင်း လက်ပိုက်ကြည့်နေမှာ လား Hyung ´´
Luhan '' Hyung တို့က ဘေးလူလေ ဘယ်လိုဝင်ပါလို့ရမှာလဲ သူတို့ဘာသာ ဖြေရှင်းပါစေ ´´
အဲ့နောက် ၂ယောက်သား အတွေးကိုယ်စီနဲ့ Namsan Tower ကို ကျောခိုင်းခဲ့ကြတယ်။
************************************************************
Thank u very much for reading :) Waiting vitamin feedbacks :)
Update တွေ အမြဲနောက်ကျနေလို့ Jinja Miyanae :( အလုပ်မှာ အရမ်းပင်ပန်းနေလို့ နားလည်ပေးကြပါနော် :) Typing ကိုတော့ အားရင်အားသလို ရိုက်နေပါတယ် :)
HH အကြောင်းအရမ်းများတော့ အီနေပီထင်လို့ တစ်ရက် ကျော်လိုက်တယ်နော် :) ဒီ fic လေး အဆုံးသတ်ခံနီးနေပါပီ အဆုံးသတ်သင့်တာ လဲကြာပါပီ။ အပိုင်းတွေများနေလို့ ပျင်းနေ လောက်ပီပေါ့ :) Sarahae my readers :) 90 ° Bow :)