ကောင်းကင်မှာ တဖြေးဖြေးမြင့်တတ်လာတဲ့ နေမင်းကြီးက ဆောင်းမနက်ခင်းအလှကို ပိုလို့လှပနေစေတယ်။နေရောင်ခြည်နွေးနွေးလေးကြောင့် အရမ်းလဲမချမ်းပဲ သာယာတဲ့နေ့လေး
တစ်ရက်ပေါ့။ဒီလို Date လုပ်လို့ကောင်းတဲ့ နေ့လေးမျိုးမှာ Mask တပ်ထားတဲ့ အသားညိုညိုကောင်လေးတစ်ယောက်ရယ် တလောကလုံးပိုင်ဆိုင်ထားသလို ပြုံးပျော်နေပီး မျက်လုံးပြူးပြူးလေးတွေနဲ့ကောင်လေးတစ်ယောက်ကတော့ တစ်ယောက်လက်တစ်ယောက်တွဲကာ လမ်းလျှောက်နေကြတယ်။သေချာကြည့်
ရင်တော့ အသည်းပုံနှုတ်ခမ်းပိုင်ရှင်လေး ရှက်ရိပ်သန်းနေတာ တွေ့ရပါလိမ့်မယ်။
Kai " Hyung ဘယ်သွားချင်လဲ ဘာစားချင်လဲ "
Kyungsoo " Jongin သဘောပါ သွားချင်တဲ့ နေရာသွားလေ "
Kai " inn . . .ကစားကွင်းသွားရ
အောင် ကျွန်တော် Idol ဖြစ်ထဲက မရောက်ဖြစ်တာကြာပီ ဘယ်လိုလဲ Hyung သွားမလား "
Kyungsoo " inn သွားလေ Hyung လဲမရောက်တာကြာပီ ဒါပေမယ့် အဲမှာလူတွေ အများကြီးပဲ Jongin ကိုသတိထားမိနေဦး
မယ် "Kai " သတိမထားမိအောင်နေမှာပေါ့ ပီးတော့ အားလုံးက သူ့အာရုံနဲ့သူပါ ကျွန်တော်တို့ကို ဂရုမစိုက်နိုင်ပါဘူး Hyung ရဲ့ khaja သွားရအောင် "
Kai က ပြောလဲပြော Kyungsoo လက်ကိုဆွဲကာ ခေါ်သွားတယ်။
ကစားကွင်းရောက်တော့ Kai တစ်ယောက် Idol ဆိုတဲ့ အသိကိုဘေးချိတ်ကာ အပျော်ကြီးပျော်နေတော့တယ်။ Kyungsoo လဲ Kai ကိုကြည့်ပီး ကြည်နူးနေမိတယ်။ ဘယ်ထဲက အငြိုးထားထားတယ်မသိ Kai တစ်ယောက် တစ်ခုပီးတစ်ခုလိုက်စီးနေတာ နေ့လည်ထမင်းစားချိန်လောက်ထိမရပ်သေး။
Kyungsoo ခမျာလဲ Kai စီးသမျှအကုန် လိုက်စီးရ သရဲကြောက်သော်လဲ သရဲအိမ်လိုက်ဝင်ရနဲ့ပေါ့။Kyungsoo သရဲကြောက်တာကို အခွင့်ကောင်းယူကာ သရဲအိမ်ထဲမှာ လျှပ်တပြတ်ခိုးခိုးနမ်းသေးသည်။
Kyungsoo မှာ သရဲထက် Kai ကိုပိုလန့်နေရ တာပေါ့။Kyungsoo " Jongin ya လူတွေမြင်ကုန်တော့မှာပဲ "
Kai " ဘယ်သူမှမမြင်ပါဘူး Hyung ရယ် မြင်လဲ ကိုယ့်ချစ်သူကိုယ်နမ်းတာ ဘာဖြစ်လဲ "
YOU ARE READING
Poisonous Love
Fanfictionfunny & romantic fic This is my first yaoi fan fic.My fic include Hunhan Kaisoo Chanyeol Taoris If you don't like yaoi, you should pass this.I am writing this fic with Myanmar