Only Hope For Sehun

6.5K 572 5
                                    

Kris နောက်ကြည့်မှန်ကိုကြည့်ကာ ကိုယ့်ကိုကိုယ် စိတ်တိုင်းကျ ပြင်ဆင်ပီးမှ

ကားပေါ်က ဆင်းလိုက်တယ်။ Tao သူလာတာသိရင် အံ့သြနေမှာအမှန်။

Tao နဲ့ တွေ့ရတော့မယ်ဆိုတော့ ပျော်နေမိတယ်။ အဲ ပန်ဒါလေးကို မမြင်ရတာ တစ်ပတ်လောက်ရှိတော့မှာ မဟုတ်လား။


Kris အိမ်ပြန်သွားတာ စိတ်အပန်းဖြေဖို့နဲ့ မိသားစုတွေနဲ့ ပြန်တွေ့ဖို့ပါ။ ဒါပေမယ့် တကယ်တမ်း ရောက်သွားတော့ စိတ်အပန်းမပြေတဲ့ အပြင် ရောဂါပါ တိုးခဲ့သေး။ ပန်ဒါ ရောဂါပေါ့။ စားတော့လဲ ထမင်းပန်းကန်မှာ Tao မျက်နှာ၊ TV ကြည့်တော့လဲ TV screen ပေါ်မှာ Tao ပုံပဲမြင်နေတယ်လေ။ အိမ်ထဲမှာ အဲလိုဖြစ်နေလို့ အပြင်ထွက်တော့လဲ တွေ့သမျှလူ Tao ထင်နေတာ။ ဖြစ်ဖြစ်ချင်း လူလဲ ကိုယ့်ကိုကိုယ် ဂေါက်ပီထင်တာ။ အိမ်က လူတွေဆို စားရင်း၊ TV ကြည့်ရင်း ထထအော် နေတဲ့ ကျွန်တော့်ကိုကြည့်ပီး ဆေးခန်းခေါ်ဖို့ တိုင်ပင်နေတာတောင် ကြားလိုက်သေး။


တစ်နေ့ကလဲ အိပ်ရာထထချင်း ကိုယ့်ကိုကိုယ် မှန်ထဲ ကြည့်တော့ Tao မျက်နှာ မြင်လိုက်ရလို့ ထအော်တာ Omma ၀င်လာပီး ဘာဖြစ်တာလဲမေးတော့ မှန်ထိုးပြပီး ပန်ဒါဆိုပီးအော်နေလို့ မကြီးမငယ် မှန်ကြည့်ပီးအော်နေရလား ဆိုပီး Omma ခေါင်းခေါက်တာ ခံလိုက်ရသေး။

မှန်ထဲမှာ ကိုယ့်နှုတ်ခမ်းကို မြင်ရတိုင်း ဟိုနေ့က ထိတွေ့လိုက်ရတဲ့ နှုတ်ခမ်းလေးကိုပဲ

ပြေးမြင်နေမိတာ။ နောက်ရက်တွေမှာ သေချာစဉ်းစားကြည့်တော့ သူ Tao ဆေး overdose ဖြစ်သွားတာပါလားလို့။ ဟိုကတော့ သိတောင်သိပါ့မလားမသိ ဒီမှာတော့ ကြာရင် ရွာသာကြီးရောက်တော့မယ် ထင်ရဲ့။


ချစ်နေရတဲ့သူကို တွေ့ရတော့မယ်ဆိုတော့ ကြည်နူးမိပေမယ့် ဟိုနေ့က သူ Kongfu

စာမိထားတာတော့ လုံးဝမကျေနပ်နိုင်။ ချစ်ပေမယ့် ဒီတိုင်း အလျော့ပေးလိုက်ရင်

နောက်ပိုင်း Kongfu ပဲ ကျွေးခံနေရရင် မဖြစ် ဒီ ချောလွန်းတဲ့ ရုပ်ရည်လေး ပျက်စီးသွားရင်မလွယ် ။ ကိုယ်ကတော့ ဘာမှမဖြစ် ကောင်မလေးတွေ ထိုင်ငိုနေမှာ စိုးလို့ပါ :) Tao ... ခင်ဗျားလေးကို နည်းနည်းတော့ ပညာပြန်ပေးရလိမ့်မယ်။

Poisonous LoveWhere stories live. Discover now