Hun အိမ်ပြန်ရောက်တော့ Kai အခန်း မီးလင်းနေတာတွေ့လို့ တံခါးခေါက်ပီး အထဲဝင်တော့ ကုတင်ပေါ်မှာ နားကျပ်တပ်ပီး လှဲနေတဲ့ Kai က နားကျပ်ဖြုတ်ရင်း
Kai '' Hun ပြန်လာပီလား ဒီနေ့ပျော်ခဲ့ရဲ့ လား ´´
Hun '' Nae Hyung ´´
Kai '' ဒါနဲ့ ပြောစရာရှိနေတာလား ´´
Hun '' Hyung တစ်ခုခုအကြောင်းရှိတယ် မဟုတ်လား Soo Hyung ကို ဒီလိုလုပ်ရ လောက်တဲ့ အကြောင်းအရင်းလေ ´´
Kai '' အဲ့ကိစ္စဆို လာမပြောနဲ့တော့ Hun မင်း သိပီးသားပဲ ငါ Soo Hyung ပုံစံကို သဘောမကျလို့ပါလို့ ´´
Hun '' Hyung လိမ်နေတာ ´´
Kai '' Boya Hun ငါက ဘာကို လိမ်ရမှာ လဲ နေပါဦး မင်းကဘာလို့ ငါလိမ်နေပါတယ်လို့ အတိအကျပြောနိုင်ရတာလဲ ´´
Hun '' Hyung မှတ်မိလား Kris Hyung တို့တွေ သူတို့အိမ်တွေ ပြန်ကြပီး ကျွန်တော်ရယ် Hyung ရယ် Soo Hyung ရယ်ပဲ အိမ်မှာရှိနေခဲ့တဲ့ အချိန်ကိုလေ။ Hyung ဖျားနေလို့ ကျွန်တော်တစ်ယောက်ထဲ Siwon Hyung ဆီ သွားခဲ့ရတယ်လေ။ ဒါပေမယ့် အဲ့နေ့က ကျွန်တော် အိမ်ကအထွက် Siwon Hyung တို့ဖို့ လက်ဆောင်မေ့ကျန်ခဲ့လို့ Dorm ပြန်လာခဲ့တော့ မီးဖိုချောင်ထဲက Hyung နဲ့ Soo Hyung တို့ကို မြင်ခဲ့ရတယ် ´´
Kai '' ……………… ´´
Hun '' ဟုတ်တယ်မှတ်လား Hyung ကိစ္စတစ်ခုခုရှိနေလို့ မဟုတ်လား ´´
Kai '' Hk Hun မင်း အရမ်းအတွေးလွန် နေပီ။ လူ၁ယောက်နဲ့၁ယောက် Kiss ပေးတာ အပျော်သဘောလဲဖြစ်နိုင်တာပဲ။ ခဏတာ သာယာမှုရှာမိတဲ့ သဘောပေါ့ ´´
Hun '' Hyung လိမ်နေပြန်ပီ ´´
Kai '' မင်းမယုံလဲ မတတ်နိုင်ဘူး ´´
ပြောရင်း အိပ်ရာပေါ်ပြန်လှဲကာ နားကျပ်ပြန်တပ် မလို့လုပ်ပီး Hun ကို ထွက်သွားဖို့ အရိပ်အခြည် ပြနေတယ်။Hun '' Hyung က အဲ့လို မစဉ်းစား မဆင်ခြင်ပဲ ခဏတာ သာယာတတ်တဲ့သူ မဟုတ်တာ သိသလို ယောင်္ကျားလေး ၁ယောက် မို့ အဲ့လို လုပ်ဖို့ ပိုလို့တောင် မဖြစ်နိုင်တာ ကျွန်တော့် ကိုယ်တွေ့ပဲ Hyung.ဒါပေမယ့် Hyung ကျွန်တော် တစ်ခုလောက်ပြောချင်လို့ ဘယ်လိုဆိုးရွားတဲ့ ကိစ္စတွေရှိခဲ့ရှိခဲ့ ကိုယ့်ချစ်သူကို လက်မလွှတ်ပါနဲ့ လား ကျွန်တော်လို ကိုယ့်ကို မချစ်တဲ့သူကို ချစ်မိတဲ့ ဒုက္ခထက် အချင်းချင်းချစ်နေတာက ကံအကောင်းဆုံးမို့ပါ ´´
YOU ARE READING
Poisonous Love
Fanfictionfunny & romantic fic This is my first yaoi fan fic.My fic include Hunhan Kaisoo Chanyeol Taoris If you don't like yaoi, you should pass this.I am writing this fic with Myanmar