Poisonous Love

By SeluDeerMoe

195K 15.6K 233

funny & romantic fic This is my first yaoi fan fic.My fic include Hunhan Kaisoo Chanyeol Taoris If you don... More

Teaser
Our daily lives
Our Dreams in Korea
Unexpected First Meeting
The best idea for Sehun
Three new boys for their group
Secret of Baekyeol
Accidental Kiss
Meeting with Old Friend
What Happen to Kai
Is it Love ?
Only Hope For Sehun
I help for him
Now,I give you all my love
I was trapped myself
What is Kai's real mind ?
Don't go :(
Can you date with me ?
Rules of dating
As your wish
First Dating
I wish it isn't true
Thank for meeting u
Love is complex
Prove of my love
Is poison sweet ?

I will let you go

5.4K 525 13
By SeluDeerMoe

Do ဆီပြေးသွားကာ လက်ထဲက suitcase ကို ဆွဲယူလိုက်တယ် ပီးမှ ဆူသလိုပုံနဲ့

Luhan '' ဒီလောက် အေးနေတာကို အပြင်မှာ ဒီတိုင်းစောင့်နေရလား ငါသာ စောစောမလာရင် ဘယ်လိုလုပ်မလဲ ဖုန်းလေး ဘာလေးမဆက်ဘူး ''

Soo '' Hun နဲ့ Date လုပ်နေတာ မနှောက်ယှက်ချင်လို့ပါကွာ ပီးတော့ ငါ အပြင်မှာ မနေပါဘူး ဒီနားကကော်ဖီဆိုင်မှာ စောင့်နေတာ မင်းကိုတွေ့မှ ထွက်လာတာ ဒါနဲ့Lu ငါမင်းအိမ်မှာ ရက်နဲနဲ လောက်လာနေမလို့ ငါ . . ''

Luhan '' သိပီးသား မင်းလာမယ်ဆိုတာ ''

Soo '' O-o ဘယ်လိုသိ ''

Luhan '' ဒီနေ့ Hun ပြောပြတာ မင်း အလုပ်သစ်ရလို့ ဂျယ်ဂျူကို ပြောင်းသွားတယ် ဆိုပီးလေ အဲတော့ ငါစဉ်းစားမိတာ ဂျယ်ဂျူတော့ သွားမှာမဟုတ်ဘူးပေါ့ Seoul မှာလဲ မင်းအသိ ဆိုလို့ငါပဲရှိတာဆိုတော့ ငါ့အိမ်ပဲရောက်လာမှာပဲ ဆိုပီး စောစောပြန်လာခဲ့တာ ''

Soo '' Lu မင်းက ငါ့စိတ်ကို သိနေတာပဲ နေပါဦး ဒါဆို Hun နဲ့ Date လုပ်နေတာ ငါ့ကြောင့် စောစောပြန်လာရတာပေါ့ အချိန်တွေ သွားပါပီ ''

Luhan '' အမလေး စိတ်မပူနဲ့ DO မင်းကြောင့် သူက ပိုအမြတ်ရသွားတာ ငါက ဒီနေ့အစား နောက်နေ့တွေအချိန်တိုးပေးမို့ ''

Soo '' အော် အဲလိုလား တော်သေးတာပေါ့ ''
ပြုံးနေပေမယ့် ဝမ်းနည်းနေတဲ့ မျက်လုံးတွေ နွမ်းလျနေတဲ့ မျက်နှာကို ဖုံးကွယ်မထားနိုင်တဲ့ DO ကိုကြည့်ပီး သက်ပြင်းတိုးတိုးချမိတယ်။ အိမ်ပေါ်ထပ်က ကျွန်တော့်အခန်းဘေးက အခန်းမှာ သူ့ကိုနေရာချထားပေးပီး DO ကို ကုတင်ပေါ် ထိုင်စေကာ ကျွန်တော်လဲ ဝင်ထိုင်လိုက်တယ်။

Luhan '' DO မင်းဒီမှာ ကြိုက်သလောက် နေနိုင်တယ် ငါလဲ တစ်ယောက်ထဲပဲလေ ''

Soo '' ငါ LA ပြန်မလားလို့ Lu ''

Luhan '' Wae? ဟိုမှာ မင်း၁ယောက်ထဲ ဖြစ်နေမှာပေါ့ ဒီမှာပဲ ငါနဲ့နေလေ ခုကရော ဘာလို့ အဲလိုလိမ်ပီးထွက်လာတာလဲ ''

Soo '' Kai က င့ါ..ငါ့ကို Dorm မှာမနေစေ ချင်တော့ဘူးတဲ့ ''

Luhan '' O-o Wae? ဘာလို့လဲ အကုန်သိသွားလို့လား ''

Soo '' မဖြစ်နိုင်ဘူး ငါနဲ့မင်းပဲ ဒီကိစ္စတွေ သိထားတာလေ ငါတို့ မပြောဘဲ သူသိမှာ မဟုတ်ဘူး ''

Luhan '' ဒါဆို ဘာလို့ မင်းကို Kai က ဒီလိုလုပ်မှာလဲ ငါသိသလောက် Kai က အဲလောက်သဘောမဆိုးပါဘူး ''

Soo '' Lu ငါပြောပြမယ် မင်း ငါတို့ကို ဘယ်လိုထင်မလဲ မသိပေမယ့် သူနဲ့ငါနဲ့ ဘယ်သူမှ မသိအောင် ချစ်ခဲ့ကြတယ် Lu ငါကလဲ အစထဲက သူ့ကို ချစ်နေခဲ့တာကိုး သူ့ဘက်က အဲ့လို စိတ်ဝင်စားမယ် မထင်ထား ပေမယ့်လို့ပေါ့ ''

Luhan '' Boya! DO သူနဲ့မင်းက ဘယ်လိုမှ မဖြစ်နိုင်တာ နောက်ဆုံး၂ယောက်လုံး နာကျင်ရမှာမသိဘူးလား ''

Soo '' ငါ စိတ်ကို ထိန်းခဲ့ပါသေးတယ် ဒါ..ဒါပေမယ့် Lu ငါ..ငါလေ လောဘကြီးခဲ့ တယ် သူ့ကို အဝေးကကြည့်နေရရုံထက် ပိုချင်လာတယ် ငါသူ့ကို တစ်ခါလောက် ပွေ့ဖက်ချင်ခဲ့တယ် တစ်ခါလောက် သူ့ကို နမ်းဖူးချင်တယ် တစ်ခါလောက်သူ့လက်ကို တွဲထားချင်ခဲ့တယ် မဖြစ်နိုင်ဘူးဆိုတာ သိရဲ့နဲ့ ငါရှေ့ဆက်မိတယ် သူဖွင့်ပြောလာတော့ ငါ လက်ခံမိတယ် ခု အဲ့လောဘတွေကြောင့် ငါ အပြစ်ပေးခံရတာ ထင်တယ် ''

ပြောရင်း မျက်ရည်တွေကျနေတဲ့ DO ပခုံးကို အသာ ဆွဲညှစ်ထားပီး အားပေးမိတယ်။

Luhan '' မင်းခံစားချက်ကို နားလည်ပါတယ် ငါလဲ မင်းနေရာမှာဆို ဒီလိုပဲ လုပ်မိမယ်ထင်တယ် ဒါဆို ခုကိစ္စမှာ မင်းထင်တာက ''

Soo '' သူငါ့ကို စိတ်ကုန်သွားတာနေမှာ ဒီရက်ပိုင်းတွေမှာ ငါ့ကိုရှောင်နေတာ သိသာတယ် တွဲပီးတဲ့လူတစ်ယောက်ကို တစ်အိမ်ထဲမှာ အတူ နေဖို့မသင့်တော်လို့ ငါ့ . . . ငါ့ကို အဲလိုပြောတာနေမှာ ဒါပေမယ့် ငါကျေနပ်ပါတယ် အကြောင်းတွေသိသွားပီး သူငါ့ကိုတကယ်ချစ်နေမှ သူနာကျင်ရမှာ ခုလို ငါကြောင့် အခိုက်အတန့်တစ်ခုလောက် ပျော်ရွှင်ခဲ့ဖူးတာ ပိုကောင်းတယ် Lu T-T ''

Luhan '' DO ya ''

မျက်နှာအုပ်ကာ ငိုရှိုက်နေတဲ့ DO ကို ကုတင်ပေါ်မှထကာ မတ်တပ်အနေအထားနဲ့ ဖက်ထားလိုက်တယ်။ စိတ်ကြိုက်ငိုပါစေလေ ရင်ထဲမှာ မြိုသိပ်ထားလို့ ဘယ်လောက်တောင် တင်းကြပ်နေမလဲ။ အော် တစ်ယောက်ယောက်ကို ချစ်နေရတဲ့သူတွေ ဆိုတာ အမြဲရှုံးနေရသလိုပါပဲလား။

******************************

Kai '' Hyung ဘာလို့ အဝတ်တွေ ပြန်ထည့်နေတာလဲ ကျွန်တော် ဒီမှာပဲ နေဦးမှာ ''

Kris '' မလိုတော့ဘူး Dorm ပြန်လာလို့ရပီ Kyungsoo Hyung ထွက်သွားပီ ''

Kai '' Jinja! Hyung ပြောလိုက်တာ လား ''

Baek '' မင်းကတော့ရှောင်နေပီး ငါတို့က တော့ မျက်နှာပြောင်တိုက် ပြောရမယ်ပေါ့ ''

Baek ရွဲ့ကာပြောလိုက်တယ်။ ခုတလော Kai အပေါ် နားမလည်နိုင်ပဲ Soo Hyung ကို တွေးမိတိုင်း ဂရုဏာဒေါသထွက်ရတယ်လေ။

Kris '' Baek တော်ပီ Kyungsoo Hyung က ဂျယ်ဂျူကို အလုပ်သစ်အတွက် ထွက်သွားပီ အဲတော့ Dorm ပြန်ကြမယ် လာ ''
သူ့အထုပ်ကိုင်ကာ ထွက်သွားတဲ့ Kris နဲ့ Hyung တွေရဲ့ကျောပြင်ကို ကြည့်ရင်း နေရာ မှာ မလှုပ်မရက် ရပ်နေမိတာက Kai ပင်။ မျက်နှာမှာ အံ့သြခြင်းတွေက အပြည့်နဲ့ နှုတ်မှတိုးတိတ်ရေရွတ်မိတာက

Kai '' ဂျယ်ဂျူဒို . . . ''

******************************

မနက်မိုးလင်းလာပီး အိပ်ရာကနိုးတော့ အောက်ထပ်ဆင်းလာလိုက်တယ်။ နောက်ဖေး ဝင်လာလိုက်တာ စားပွဲခုံအရောက် မိန့်မိန့်ကြီး ထိုင်နေတဲ့ Tao ကိုမြင်ရတော့ ရုတ်တရက် လန့်ဖြန့်သွားကာ

Luhan '' Yar! အသံမပေးဘာမပေး ရောက်နေပြန်ပီလား နေပါဦး ဒီနောက်ဖေးမှာ ဘာထိုင်လုပ် . . . ''

Luhan စကားဆက်မပြောဖြစ်ပါ ခုမှ Tao ထိုင်နေရာစားပွဲပေါ်မှာ ထမင်းဟင်းတွေနဲ့ စုံလင်နေတဲ့ မနက်စာကို မြင်လိုက်တာကိုး။ ဟုတ်သား အိမ်မှာ DO ရောက်နေတာပဲ ဒါဆို Tao . . .

Tao '' Luhan မင်းက မနက်စာတွေ ဘာတွေချက်လို့လား ရုပ်က ခုမှ အိပ်ရာထတဲ့ ရုပ်နဲ့ ဒါတွေ ဘယ်ချိန်ထဲက ချက်ထားတာလဲ ''

DO အပြင်ထွက်သွားတာလား ပုန်းနေတာလား မပြောတတ်။ ဘာပဲဖြစ်ဖြစ် Tao မသိသွားတာ ကံကောင်းသည်။ Tao ကိုမယုံတာတော့ မဟုတ်ပေမယ့် လှို့ဝှက်ချက်ဆိုတာ လူသိနည်းလေ ပိုကောင်းလေ မဟုတ်လား

Luhan '' လတ်စသတ်တော့ ဒါတွေ မြင်ပီး ငတ်တီး လာကျနေတာကိုး ''

Tao '' အံမယ် ငါစားပီးသားပါကွ စေတနာနဲ့ မင်းကို ဒီနေ့လဲ အကျီလာရွေးပေးတာ ဝေဒနာ ဖြစ်ပါပီ ''

Luhan '' O-o အမလေး အဲ့ စေတနာကြီး လန့်လွန်းလို့ပါ တော်ပါ မင်းကိုထပ်ယုံရင် ငါးပါးမဟုတ်ဘူး ဆယ်ပါးမှောက်မယ် ဒါနဲ့ မင်းကိုပြောရဦးမယ် ဒီရက်ပိုင်း Sojin အိမ်မှာ ခဏလာနေမလို့တဲ့ ခဏနေရောက်လာမှာမို့ ငါလဲ မနက်စာ ထချက်ထားတာ ''

Tao '' ဘာ သူကဘာလာလုပ်မှာလဲ Ashii ငါ့အတွက် ဒီရက်ပိုင်း မင်းအိမ်ကတော့ ရန်သူနယ်ပဲဟေ့ သူမလာခင် ငါလစ်ပီ နောက်မှတွေ့မယ် ကောင်းကောင်း Date လုပ်ခဲ့နော် ''

နှင်မထုတ်ရပဲ အပြေးပြန်သွားတဲ့ Tao ကိုကြည့်ပီး Luhan ပြုံးမိတယ်။ Sojin ဆိုတာ Joy အစ်မပါ Tao ကို ငယ်ငယ်ထဲက အသေရရ အရှင်ရရမို့ Tao ပတ်ရှောင်နေရတာ အမြဲလေ။ ဒါပေမယ့် အားနာစိတ်လဲ ဖြစ်မိတယ်။ အဲ့လိုမှ မလိမ်ရင် သူက ရုတ်တရက်ပေါက်ချ လာတတ်လွန်းလို့လေ။ အိမ်သော့ပေးထားတော့ ပိုဆိုးတာပေါ့။

Luhan pov:' miyanae Tao '

Soo '' ငါ တံခါးဖွင့်သံ ကြားလို့ အခန်းထဲဝင်နေလိုက်တာ တော်သေး မရိမ်မိသွားလို့ ''

Luhan '' အင်း စိတ်ချ သူ ဒီရက်ပိုင်း လာမှာ မဟုတ်တော့ဘူး Wahh! မင်းလက်ရာ ထပ်စား ရတော့မှာပဲ လာ မင်းပါ လာစားလေ ''

Soo '' အင်း ''

ထမင်းစားပွဲပေါ်ထိုင်နေပေမယ့် DO ကောင်းကောင်းမစားပေ။ ထမင်းပန်းကန်ကို တူနဲ့မွှေလိုက် ထမင်း တစ်စေ့လောက်ကပ်ပါ လာတဲ့ တူကို ပါးစပ်ထဲထည့်လိုက်နဲ့ ဟင်းဆို တို့ကိုမတို့ပေ။ ကျွန်တော် သူ့ကို စိတ်ပူမှာစိုးလို့ စားဖို့မငြင်းတာ ဖြစ်မယ်။ မျက်နှာကလဲ ညက ငိုလွန်းလို့ထင် ဖောင်းမို့ကာ ရဲနေသည်။

Luhan '' DO မင်း ငါ့ကုမ္မဏီမှာ ငါနဲ့အတူ Designer လာလုပ်ပါလား သူဌေးကိုယ်တိုင် ကမ်းလှမ်းတာနော် လက်မလွှတ်သင့်ဘူး :) ငါ မင်းကို LA တော့ မပြန်စေချင်ဘူး ''

Soo '' ငါသူ့ကို မေ့နိုင်မှာ မဟုတ်ဘူး Lu ဟိုမှာဆို TV ထဲမှာပဲ မြင်နိုင်တာလေ ဒီမှာဆို ငါ စိတ်မထိန်းနိုင်ပဲ သူ့ရှေ့ထပ်သွားမိမှာစိုးတယ် ပီးတော့ ငါသူ့ကို အဆုံးထိ မစောင့်ရှောက်ခဲ့ရတဲ့ အတွက် ကတိမတည်တဲ့ ငါက Noona ခေါင်းချခဲ့တဲ့ ဒီမြေမှာ ငါ ဘယ်လိုဆက်နေရမလဲ ''

Luhan '' ဒါပေမယ့် DO ya မင်းအိမ်မက် ကိုတောင် စွန့်လွှတ်ခဲ့ပီး ခုလဲ မင်း နှလုံးသားတစ်ခုလုံးကို လျော်ကြေးအနေနဲ့ ပေးဆပ်ပီးပီပဲ လုံလောက်နေပါပီ မင်းမလုပ်ခဲ့တဲ့ အမှားတစ်ခု အတွက် ဒီလောက်နဲ့ ထိုက်တန်နေပါပီ မင်းအဲ့ အတိတ်တွေထဲက ရုန်းထွက်သင့်နေပီ ''

ထမင်းစားပွဲက ရုတ်ချည်း ငြိမ်သက်သွားတယ်။ ဘာစကား တစ်ခွန်းမှ မပြောဖြစ်ကြတော့။ တိတ်ဆိတ်မှုကို စဖြိုခွင်းသူက

Soo '' ငါဝပီ ခုနက ချက်ရင်းမြည်းလိုက်တာ များသွားပုံပဲ ငါ အပေါ်တတ်နှင့်တော့မယ် ပစ္စည်းတွေ နေရာချရဦးမယ် ''

Luhan '' အင်း သွားလေ ပစ္စည်းတွေ ဟိုမှာ ကျန်ခဲ့တာရှိရင်ပြော ငါသွားယူပေးမယ် ''

Soo '' အင်း စစ်ကြည့်လိုက်ဦးမယ် ဒီနေ့ ငါ မင်းရဲ့ Designer လုပ်ပေးမယ် ငါ အကျီ ရွေးပေးထားမယ် ရေချိုးပီး လဲလိုက်နော် ''

Luhan '' Gomawo DO ငါ့ Designer ရဲ့အရည်အချင်းကို စောင့်ကြည့်တာပေါ့ :) ''

DO ရဲ့ အားမပါသလို အပြုံးနဲ့ပဲ Luhan နှိမ့်သိမ့်လိုက်ရတယ်။ DO စိတ်မကောင်းဖြစ် သွားမှာ သိလို့ သူ မပြောချင်ပေမယ့် ပြောလိုက်မိတယ်။ သူငယ်ချင်းကိုတော့ အဲ့လို အတိတ်ဆိုးတွေထဲမှာ တစ်သက်လုံး မနစ်မြုပ်စေချင် . . .

******************************

DO အကြောင်းတွေးရင်း နေလိုက်တာ Hun ခေါ်သံကြားမှ သတိဝင်မိတယ်။

Hun '' Hyung ရောက်ပီ ကားပေါ်မှာ တချိန်လုံး ဘာတွေတွေးနေတာလဲ ''

Luhan '' ဒီလိုပါပဲ အတွေးစုံသွားလို့ miyanae ခု ဘယ်လာတာလဲ ''

Hun '' တောင်းပန်စရာမလိုပါဘူး Hyung ရ ခု ကျွန်တော်တို့ Yeouido Park မှာ Hyung ရောက်ဖူးလား ဒီကို ''

Luhan '' ဒါပထမဆုံးအကြိမ်ပဲ ဟင် Hun ခြေထောက်က အခြေအနေဆိုးလာလို့လား လမ်းလျှောက်တာ ပုံမှန်မဟုတ်ဘူး ''

Hun '' Nae Hyung မနေ့က skate စီးတာ နည်းနည်းဒဏ်ဖြစ်သွားပုံပဲ ''

Luhan '' Arr Maja! Miyanae Hyung အတင်းခေါ်လို့ဖြစ်ရတာ ဒီတိုင်း ဘယ်နေလို့ရမလဲ ဆေးရုံခဏသွားပြကြည့်ရ . . ''

Hun '' Arnyi Hyung ကျွန်တော် မသွားပါရစေနဲ့ ကျွန်တော် Hyung နားမှာ ရှိနေမယ့် ဒီတပတ်မှာ အချိန်တွေ အလကား အကုန်မခံချင်လို့ပါ ပီးတော့ ကျွန်တော် တကယ်ဘာမှမဖြစ်တာပါ ''

လမ်းလျှောက်နေရင်းကျွန်တော့်ကိုမကြည့်ပဲ ရှေ့ကိုပဲ စူးစိုက်ကြည့်ကာ ပြောနေတဲ့ Hun စကားတွေကြောင့် သူ့ကို ဘာရယ်မဟုတ် ငေးမိသွားတယ်။ ဘာစကားမှမပြောမိပဲ တိတ်ဆိတ်နေရာမှ

Hun '' ဒီ ပန်းခြံလေးက Han မြစ်ဘေးမှာ ရှိတာလေ Hyung ဟိုမှာ Banpo bridge လေ ''

Hun ပြမှကျွန်တော် Han မြစ်ကို မြင်တာ အမှန်ပင်။ ကျွန်တော် ဘယ်လောက်အတွေးတွေ လွန်နေမှန်းမသိ။ပန်းခြံထဲ စဝင်လိုက်တာနဲ့ pinic ထွက်လာဟန် ခြင်းတောင်းလေးတွေ ကိုယ်စီနဲ့ မိသားစုတွေ ချစ်သူစုံတွဲတွေ အစီအရီ ပါပဲ။ ကလေးတွေက စွန်လွှတ်နေကြတယ်။ ဘာလိုလိုနဲ့ နေမွန်းတည့်ချိန်ရောက်နေပီ ဆိုတော့ ရာသီဥတု ကသာယာနေတယ်။ အချို့ စုံတွဲတွေ စက်ဘီးစီးနေကြသေးတယ်။

Hun '' အစက ကျွန်တော် ဒီနေရာလာတာ Hyungနဲ့စက်ဘီးအတူစီးမလို့ ဒါပေမယ့် ကျွန်တော့်ခြေထောက်က ''

Luhan '' ဘာဖြစ်လဲ Hyung စက်ဘီးနင်း တတ်သားပဲ Hun နောက်က ထိုင်လိုက်ခဲ့ သွားစီးရအောင် Hyung လဲ စိတ်ဝင်စားတယ် ''

Hun '' တကယ်လား အဲ့ဒါဆို စက်ဘီး သွားဌားရအောင် ''

စက်ဘီးသွားရွေးတော့ Hun သဘောအတိုင်း နှစ်ယောက်နင်းတဲ့ အပြာရောင် စက်ဘီးရွေးလာ ကြတယ်။ ခြေထောက်မကောင်းသေးလို့ မနင်းပါနဲ့ ဆိုပီး တားသော်လည်း တားမရခဲ့ပေ။

ဆောင်းတွင်းရဲ့ နေရောင်ခြည်ရေးရေးလေး လွှမ်းခြုံထားတဲ့ ပန်းခြံထဲမှာ စက်ဘီးနင်းရတဲ့ အရသာက ဘာနဲ့မှတူမယ်မထင်။ မျက်နှာကို တိုးဝင်လာတဲ့ဆောင်းနံ့သင်းသင်းနဲ့ လေညှင်း လေးတွေကလဲ စိတ်ကိုလန်းဆန်းသွားစေတယ် လေ။ စက်ဘီးနင်းလာရင်း ရောက်လာတဲ့ နေရာတစ်နေရာမှာတော့ လမ်းတစ်လျှောက် Luhan ပါးစပ်ပြန်မစိနိုင်ခဲ့ပါ။ Cherry ဟုတ်တယ် Cherry ပင်တွေ လမ်းတောက်လျှောက်အပြည့် တစ်ပင်နဲ့တစ်ပင် ထိစပ်နေပီး တစ်ချက် ဆောင်းလေညှင်းက ကျီစယ်လိုက်တိုင်း မြေပေါ်သက်ဆင်းလာတဲ့ Cherry ပွင့်ဖတ်များက ပန်းလမ်းခင်းပေးထား သလိုပင်။

Hun '' Hyung လှတယ်နော် ကျွန်တော်တို့ ကံကောင်းတာ ဒီမြင်ကွင်းမျိုးက ဒီလို ဆောင်းတွင်းမှာပဲ မြင်ရတာ ''

Luhan '' အင်း ''

Hun '' ခဏရပ်ဦး Hyung ကျွန်တော်တို့ လမ်းလျှောက်သွားရအောင် ဗိုက်လဲဆာနေပီ မှတ်လား ဆိုင်တစ်ဆိုင် ဝင်စားရအောင် ''

Hun ပြောတာ မှန်သည် ခုမှ ဗိုက်က အချက်ပေးလာသလိုလို။ စက်ဘီးရပ်ပီး ရှေ့မှာ မြင်နေရတဲ့ Fast Food ဆိုင်ထဲ ဝင်ပီး မုန့်ဝယ်ကာ လမ်းဘေးက ခုံတန်းလျားလေးပေါ် မှာ ထိုင်စားဖြစ်ခဲ့တယ်။ Hun အအေးဖောက် ကာ Hyung ကိုလှမ်းအတိုက် မြင်လိုက်ရတဲ့ Hyung ပုံစံကြောင့် တခွီးခွီးရီပါတော့တယ်။ Hyung မုန့်စားတာ တကယ် ကလေး၁ယောက်လိုပင် Hamburger က mayonnaise များက ပါးစပ်တဝိုက်မှာ ပေပွပီး ဆလပ်ရွက်အစတစ်စက မေးစေ့နားမှာ ကပ်လို့။

Cherry ပွင့်တွေ တရိပ်ရိပ်ကြွေနေတဲ့ ပန်းလမ်းလေးပေါ်မှာ အပြာရောင် စက်ဘီးလေး ဒေါက်ထောက်ထားပီး ဘေးကခုံတန်းလျားလေး ပေါ်မှာ မုန့်ထိုင်စားရင်း ရီမောနေတဲ့ ကောင်လေး ၁ယောက်နဲ့ ကြောင်တောင်တောင် ဖြစ်နေတဲ့ ကောင်လေး၁ယောက် မြင်ကွင်းလေးက ချစ်စဖွယ် ကောင်းနေတယ်။ တကယ်လို့ အချစ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာသာဆို ပိုကြည်နူးဖို့ ကောင်းနေခဲ့မယ်ထင်တယ်။

******************************

ညနေစောင်းတဲ့ထိ ပန်းခြံထဲမှာ အချိန်ကုန် ဖြစ်ခဲ့တယ်။

Hun '' Hyung လာ ''

Hun လက်ဆွဲခေါ်ရာနောက် လိုက်သွားတော့ Han မြစ်ကမ်းနားကို ရောက်လာတယ်။ ရေပန်းတွေ မြင်နေရပါတယ်။

Hun '' Hyung နဲ့ဒီနေရာ ကို ခုလို ညဘက် လာချင်ခဲ့တာ Hyung မနေ့က ညဘက်တွေ ထိနေပေးမယ် ပြောတော့ ဒီနေ့ ချက်ချင်း လာခဲ့တာ 8:00 မှစမှာ Hyung နည်းနည်း နောက်ကျရင် ဖြစ်တယ်မဟုတ်လား ''

Luhan ဘာမှပြန်မပြောမိပါ ဒီထိရောက်လာမှ တော့ ကြည့်သွားဦးမယ်လေ။ Han မြစ်ဆိုတာ Seoul တင်မက Korea ရဲ့ ပြယုဂ်တစ်ခု မဟုတ်လား ဒီလိုနေရာမျိုးမှာ အံ့သြဖွယ် ကောင်းလောက်တဲ့ အလှတရားတစ်ခု ရှိနေသေးတယ်ဆိုတာ ကြားဖူးနားဝသာ ရှိဖူး တာပါ။ တဖြေးဖြေး အမှောင်ထု အုပ်စိုးလာချိန် မှာ အဲ့ဒီအလှတရားကို ကျွန်တော် မျက်မြင်တွေ့ ခဲ့ရတယ်။ Banpo Bridge Rainbow Fountain ဆိုတာ အပြောသက်သက် မဟုတ်တာ လက်တွေ့ခံစားရပီလေ။ တံတားပေါ်ကနေ wave ပုံစံအမျိုးမျိုးနဲ့ ဖြာကျနေတဲ့ ရေပန်းတွေက မီးရောင်စုံနဲ့ တကယ့် သက်တံ့ပုံစံ လှပလွန်းတယ်။ ဖွင့်ထားတဲ့ music နဲ့ လိုက်ဖက်စွာ ကခုန်နေသလို။ ကမ်းနား မှာရှိနေကြတဲ့ လူတွေအားလုံး အဲ့အလှတရားမှာ မျောလွင့်နေကြတယ်။

Hun လဲ Han မြစ်နဲ့ Rainbow foundain အလှတရားကို ခံစားတတ်ပေမယ့် အဲ့အလှတရားထက် ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်း ကိန်းဝပ်နေတဲ့ Hyung ရဲ့ပုံရိပ်တွေက ပိုဖမ်းစား နေတယ်။ ဘေးတိုက်မြင်နေရတဲ့ Hyung မျက်နှာလေးကို ငေးကြည့်နေမိတယ်။ အမှောင်ထဲမှာတောင် တောက်ပနေသလိုပါပဲ အဲလိုလှလွန်းတဲ့ ကျွန်တော်ချစ်ရတဲ့သူပါ . . .

ရုတ်တရက် နောက်ကနေ လာရောက်ဖက်ထား ခြင်းခံလိုက်ရတော့ Luhan လန့်သွားမိတယ်။
သို့ပေမယ့် တွန်းမထုတ်မိ ခံစားမိနေတယ် ကျောပြင်မှာ လာရောက်ထိကပ်နေတဲ့ ခုန်နေတဲ့ နှလုံးသားတစ်ခုကိုလေ။ သူကိုယ်တိုင်လဲ အဓိပ္ပာယ်မဖော်တတ်တဲ့ ခံစားချက် တစ်ခုကြောင့် ဘယ်လိုအင်အားမျိုးတွေက ဖမ်းချုပ်ထားမှန်း မသိအောင် တုပ်တုပ်မျှ မလှုပ်နိုင်ခဲ့။

Hyung ကိုယ်လေးကို နောက်ကနေ သိမ်းကြုံး ဖက်ထားရင်း ဘယ်သူမှမမြင်အောင် ပါးပြင်ပေါ် ကြွေကျလာတဲ့ မျက်ရည်တစ်စက် . . . .

Hun pov: ' Hyung နဲ့အတူရှိနေရတဲ့ ဒီချိန်လေးတွေက ကျွန်တော့်အတွက် အလှပဆုံးအချိန်တွေပါ ဒီလို လှပမှုတွေ ခံစားခွင့်ပေးခဲ့တဲ့အတွက် ကျေးဇူးပါ စိတ်ချ တစ်ပတ်ပါပဲ တစ်ပတ်တိတိပြည့်တဲ့နေ့ကစပီး Hyung ကို ကျွန်တော် တွယ်ကပ်မနေတော့ ပါဘူး Hyung ကို ထွက်သွားခွင့်ပြုမှာပါ '

15 min ဆိုတဲ့ တိုတောင်းလှတဲ့ အချိန်လေး အတွင်းမှာ လူတွေရဲ့ ရင်ခုန်မှုတွေ ဝမ်းနည်းမှု တွေ ပျော်ရွှင်မှုတွေလျစ်လျူရှုကာ Rainbow Fountain ကတော့ အခမ်းနားဆုံး လှပနေပေးခဲ့တယ်။

************************************************************

Thank u very much for reading :) Waiting votes & comments :)

update နောက်ကျသွားတာ jinja miyanae ပါ :( အနော် အလုပ်နဲ့ဆိုတော့ fic တွေ နောက်ကျနိုင်ပါတယ်လို့ ကြိုပြောထားပါရ စေ။ တတ်နိုင်သလောက် ကြိုးစားရေးပီး မြန်မြန် တင်ပေးပါ့မယ်နော် :) ခုလဲ အနော် ပင်ပန်းတဲ့ ကြားထဲက မဖြစ်ဖြစ်အောင် တင်ပေးတာမို့ အားဆေးတွေ မျှော်နေတယ်နော် :)

နဲနဲစကားရှည်ဦးမယ်နော် HH Date လုပ်တဲ့ တစ်ပတ်ကို အကျယ်ချဲ့ရေးမှာဆိုတော့ အနော် သိသလောက် Korea က Dating လုပ်လို့ကောင်းမယ့်နေရာလေးတွေကို ( ပြောရရင် ကိုယ်သွားချင်နေတဲ့ နေရာတွေပါ :)) သိသလောက်ထည့်ရေးမှာမို့ အမှားပါရင် ခွင့်လွှတ်ပါလို့ :) Lotte World တုန်းက ပုံမတင်ဖြစ်ပေမယ့် EXO ကြော်ငြာလို့ သိပီးသားနေမှာပါ အခု ပုံလေးတွေ တင်ပေးထားပါတယ် မျက်လုံးထဲမြင်အောင်လို့ ပါ :) Sarahae my readers :)

Continue Reading

You'll Also Like

25.4K 3.7K 29
ජීවිතේ ප්‍රේමනීය පරිච්ඡේද ලියවුනේම ආදරනීය හමුවීම් එක්ක.... ......❤️
13.9K 1.2K 2
Lots Of Love for the Puppy Couple ~
424K 88.8K 106
මේ ලෝකෙ කැතයි කියලා පාටක් නෑ... හැම පාටම ලස්සනයි.... ඔයා සුදු පාටට ආසයි... මම කලුපාටට ආසයි... සරලයි ... ඔයා ආස දේ මම ආස දේ නොවෙන්න පුලුවන් ... ඒත් මම...