Poisonous Love

By SeluDeerMoe

195K 15.6K 233

funny & romantic fic This is my first yaoi fan fic.My fic include Hunhan Kaisoo Chanyeol Taoris If you don... More

Teaser
Our daily lives
Our Dreams in Korea
Unexpected First Meeting
The best idea for Sehun
Three new boys for their group
Secret of Baekyeol
Accidental Kiss
Meeting with Old Friend
What Happen to Kai
Is it Love ?
Only Hope For Sehun
I help for him
Now,I give you all my love
I was trapped myself
What is Kai's real mind ?
Don't go :(
Can you date with me ?
As your wish
First Dating
I will let you go
I wish it isn't true
Thank for meeting u
Love is complex
Prove of my love
Is poison sweet ?

Rules of dating

5.6K 528 5
By SeluDeerMoe

'' Boya! Baek က မင်းရည်းစား ဟုတ်လား Yeol ''

သာမန်ထက် ကျယ်လောင်လာတဲ့ Appa အသံကြောင့် ဘေးနားက ဒူးထောက်လျက်သား Baek ကိုယ်လေး တွန့်ခနဲ ဖြစ်သွားတာ တွေ့တော့ လက်ကလေးကို အသာဖမ်းဆုပ်ထား ရင်း

Yeol '' Nae Appa Baek က ကျွန်တော့်ချစ်သူ arnyi ကျွန်တော် လက်ထပ် မယ့်သူပါ အဲဒါမို့ Na Na နဲ့ ကိစ္စကို ...''

Appa '' တော်စမ်း Yeol မင်းကို ပညာတွေ သင်ပေးပီး ဝါသနာပါရာကို လုပ်ပါစေတော့ ဆိုပီး လွှတ်ပေးထားတာ ခုလို အသိဥာဏ်မဲ့တဲ့ အလုပ်တွေ လုပ်လာဖို့ မဟုတ်ဘူး ''

Yeol '' ကျွန်တော် Baek ကို ချစ်တာ အသိဥာဏ်မရှိလို့ မဟုတ်တာလုပ်နေတာမှ မဟုတ်ဘဲ ''

Appa '' အော် ဒါဆို ချစ်သူပါ ဆိုပီး အိမ်ကို မိန်းကလေးမဟုတ်ပဲ ယောင်္ကျားလေး၁ယောက် ကို ခေါ်လာတာက ဟုတ်တာလုပ်နေတာလား Yeol ပြောစမ်းပါဦး ''

Yeol '' အချစ်မှာ မိန်းကလေး ယောင်္ကျား လေး ခွဲခြားမထားပါဘူး Appa ''

Yeol '' ဘာ အချစ် ဟုတ်လား မင်းအချစ်က ဟုတ်မှမဟုတ်ပဲ ယောင်္ကျားလေး အချင်းချင်းကိုကွာ လူကြားလို့မှ မကောင်း ဒီမှာ Yeol ငါ့ အသိုင်းအဝိုင်းထဲမှာ တခါမှ ဒီလို မရှိခဲ့ဘူးသလို ငါ့ကျမှ ဒီလိုအဖြစ်မခံနိုင်ဘူး အဲတော့ မင်း Na Na ကိုပဲ လက်ထပ်ရမယ် ''

Yeol '' ကျွန်တော် Na Na ကို လုံးဝ လက်ထပ်မှာ မဟုတ်ဘူး Appa.ကျွန်တော် တသက်လုံး Baek ကိုပဲ လက်တွဲသွားမှာ Appa တို့ ဒီလိုပဲ ပြောမယ်ဆိုတာ အစထဲက တွေးထားပီးသားပါ ဒီနေ့လာတာ Appa တို့ ကို သဘောတူဖို့လာတောင်းဆိုတာမဟုတ်ပါဘူး ကျွန်တော် လက်ထပ်မယ့်သူက Baek ဆိုတာကို လာအသိပေးတာပါ ''

Baek '' Yeol ya ဘာလို့အဲလို ပြောတာ လဲ Arnyi arjushi ကျွန်တော်တို့ကို သဘောတူလာတဲ့ထိ စောင့်ပါ့မယ် Yeol ပြန်တောင်းပန်လိုက်လေ ''

Appa '' အေး ကိုယ်လုပ်ချင်ရာလုပ်ပီး မိဘတွေ အစ်မတွေ အရှက်ရလောက်တဲ့အထိ မင်းအချစ်က တန်ဖိုးကြီးနေရင် ဒီနေ့ကစပီး မင်းနဲ့ ငါတို့နဲ့ ဘာမှ မသက်ဆိုင်တော့ဘူး ''

Appa စကားက ရင်ထဲမှာ မြှားတစ်စင်း စိုက်သွားသလိုပင်။ ခုချိန်ထိ စကားဝင်မပြောဖြစ် ပဲ Appa နဲ့ Yeol ကို အလန့်တကြား ကြည့်နေတဲ့ Omma က မျက်ရည်တွေ ဝဲလာပီး

Omma '' Yeol's Appa အဲလို မပြောပါနဲ့ ရှင် ကျွန်မ ဖြောင်းဖြကြည့်ပါဦးမယ် ''

Appa '' သူတောင် ငါတို့ မျက်နှာကို မထောက် လုပ်ချင်ရာ လုပ်သေးတာ ငါတို့က ဘာမှ ထောက်ထားနေစရာမလိုဘူး Yeobo ''

Omma က ကျွန်တော်တို့ရှေ့ လာပီး
Omma '' Yeol သား Omma က Baek ကို လဲ တကယ့်သားအရင်း ၁ယောက်လို ချစ်ပါတယ် ဒါပေမယ့် သားတို့ ပြန်စဉ်းစားကြ ပါဦး Dorm ၁ခုမှာ နှစ်အကြာကြီး အတူနေလာတဲ့ သံယောဇဉ် ကြောင့် အချစ်လို့ ခေါင်းစဉ်တပ်မှားတာ နေမှာပါ ''

Yeol '' Omma ကျွန်တော်တို့ ပြန်စဉ်းစား စရာမလိုအောင် စမ်းစစ်ခဲ့ပီးမှ ဒီထိ ရောက်လာ တာပါ Omma ကျွန်တော်တို့ တကယ်ချစ်ကြ တာပါ။ Omma ကျန်းမာရေး ဂရုစိုက်နော် Noona ကိုလဲ နှုတ်ဆက်တယ် ပြောပေးပါ ''

Omma '' yeol Omma ကို မသနားတော့ ဘူးလား မသွားပါနဲ့ သားရယ် T-T ''

Yeol တို့ Appa နဲ့ Omma ကို ကန်တော့ပီး အိမ်ပြင်ထွက်လာခဲ့တယ် နောက်လှည့်မကြည့် တော့ပါဘူး Omma မျက်ရည်တွေကို မကြည့်ရက်ဘူးလေ။ Omma jinja miyanae T-T

အပြန်လမ်းတလျှောက် Baek က Yeol ပခုံးပေါ် ခေါင်းမှီကာ တွဲထားတဲ့လက်တွေ မဖြုတ်ဖြစ်ပေမယ့် ဘာစကားတစ်လုံးမှတော့ မပြောဖြစ်ကြ။စကားလုံးတွေ မလိုဘဲ အချင်းချင်း နားလည် သဘောပေါက်ပီးသားလေ။ Taxi သမားကတော့ နောက်ခန်းက ၁ယောက်လက် ၁ယောက်တွဲထားတဲ့ ကောင်လေး၂ယောက်ကို အံ့သြသလို ကြည့်နေလေရဲ့။

******************************

Luhan ဘယ်လို ဆုံးဖြတ်ရမယ် တကယ် မသိ။ အရင်က Date လုပ်တာကို ခဏခဏ စိတ်ကူးယဉ်ခဲ့ဖူးပေမယ့် Sehun နဲ့ကတော့ တမျိုးကြီးလေ။ တနေကုန် သွားသွား စားစား ဒါပဲ စဉ်းစားနေတာတောင် ခုထိ အဖြေက မတင်မကျ။ ဒုက္ခကောင်းကောင်း ပေးသွားတဲ့ ကိုယ်တော်ကို လှမ်းကြည့်တော့ ကုတင်ပေါ်မှာ အိပ်တာ သိုးလို့။ အမြင်ကပ်ပုဒ်မနဲ့ မျက်စောင်း ၂ခါ၃ခါ ဆင့်ထိုးပေးလိုက်တယ်။ ပီးတော့ စဉ်းစားရင်း စဉ်းစားရင်း အိပ်ပျော်သွား တော့တယ်။

Sehun မျက်လုံးတွေ အသာဖွင့်ကြည့်ပီး ဟိုဘက်စောင်းအိပ်နေရာမှ Hyung ကုတင်ဘက်ပြန်လှည့်ကာ အသံ မထွက်အောင် ကြိတ်ရီမိတယ်။ တနေကုန် ခေါင်းကုတ်လိုက် ငူငူငိုင်ငိုင်ဖြစ်လိုက်နဲ့ Hyung ပုံစံက ရီစရာလဲကောင်းသလို ချစ်စရာလဲ ကောင်းတယ်လေ။ ခုလဲ ခေါင်းကုတ်လွန်းလို့ ဌက်သိုက်ဖြစ်နေတဲ့ ဆံပင်တွေနဲ့ သမင် မျက်စောင်းကလဲ ထိုးသွားသေး အသည်းယား လို့ တစ်ခုခုလုပ်လိုက်ချင်စိတ်ကို မနည်းထိန်း ထားရတယ်လေ။ Hyung ရေ ကျွန်တော့်မှာ Hyungနဲ့အတူရှိနေတဲ့ ကာလတလျှောက် အကျင့်ရနေတာ Hyung ဘယ်သိပါ့မလဲ။ ညတိုင်း အိပ်ချင်ယောင်ဆောင်ပီး မှန်ထဲက Hyung အပြုအမူတွေကို ခိုးကြည့်ခဲ့ရတဲ့ အကျင့်ရယ် Hyung မျက်နှာလေးကြည့် နေရင်းနဲ့မှ အိပ်ပျော်တတ်တဲ့ အကျင့်ရယ်လေ။

Hyung ya ကျွန်တော့်ကြောင့် စိတ်ရှုပ်နေတာ လား နက်ဖြန် Hyung ပေးမယ့်အဖြေက ဘာပဲဖြစ်နေနေ ကျွန်တော် လက်ခံဖို့ အဆင်သင့်ပါ။ ဒီလိုနဲ့ Hun လဲ တဖြည်းဖြည်း အိမ်မက်ကမ္ဘာထဲသို့ ...

******************************

မနက်မိုးလင်းလို့ အောက်ထပ်ဆင်းလာတော့ မြင်လိုက်ရတဲ့ မြင်ကွင်းက Kris ကို စိတ်သက်သာရာ ရစေလိုက်ပါတယ်။ Chanbaek ၂ယောက်ကို အရင်လို ရီရီမောမော တွေ့နေရတာကိုး။ ညထဲက ပြန်ရောက်တာ သိပေမယ့် အခြေအနေ ဘာမှန်း မသိလို့ ငြိမ်နေလိုက်တာ။

Kris '' အဆင်ပြေသွားကြပီပေါ့ ''

Yeol '' Nae Hyung ကျွန်တော်တို့ ဒီအတောအတွင်း စိတ်အနှောင့်အယှက်ပေးမိ ရင် miyanae Hyung ''

Kris '' Arnyi မပေးခဲ့ပါဘူး ခု အဆင်ပြေ သွားပီဆိုတော့ ခုမှ အနှောင့်အယှက်စပေးတော့ မှာ ဟုတ်တယ် မှတ်လား Soo Hyung ''

Soo '' အဲလိုလား ''
Soo ကပြုံးရင်း ပြန်မေးတော့

Baek '' Hyung ရာ အကောင်းပြောတာ ကို လာနောက်ရလား ကျွန်တော်တို့ရှိမှ Dorm က စိုစိုပြေပြေရှိတာပါနော် ''

Kris '' Ha Ha ဟုတ်ပါတယ် ဟုတ်ပါတယ် ''

Yeol '' ဒါနဲ့ Kai ရော မတွေ့ပါလား ''

Soo '' ခုတလော နှိုးဖို့အခန်းထဲ သွားရင် မရှိတော့ဘူး အစောကြီး အပြင်ထွက်ထွက် သွားပုံပဲ ''

Kris '' မစိုးရိမ်ပါနဲ့ Hyung ရ Kai က ဒီလိုပဲ ပွဲနီးရင် Practice room ကို အစောကြီးသွားပီး လေ့ကျင့်တတ်တယ်။ ခုက Hun လဲမရှိတော့ ပိုဆိုးပေါ့ ကဲ ငါတို့လဲ မြန်မြန် စားပီး သွားရအောင် ''

Baek '' Soo Hyung ကျွန်တော်တို့နဲ့ အတူလာမစားဘူးလား ''

Soo '' မစားတော့ဘူး Hyung မဆာသေးလို့ပါ ''

Soo နောက်ထဲဝင်သွားပီး သက်ပြင်းချမိတယ်။ Kris ပြောတဲ့အတိုင်း ဖြစ်ပါစေလို့ ဆုတောင်း နေမိတယ်။ခုတလော Kai နဲ့သူနဲ့ မျက်နှာချင်း ဆိုင်တောင် သိပ်မတွေ့ဖြစ်။ ညဘက်တွေပြန် လာရင် ထမင်းစားပီးတာနဲ့ ပင်ပန်းလို့ဆိုပီး အခန်းထဲ ဝင်အိပ်သွားတတ်တယ်။ မနက်ဘက် ဆိုလဲ အစောကြီး ထထသွားတတ်တယ်လေ။ စိတ်ထဲ တမျိုးဖြစ်နေပေမယ့် အလုပ်ရှုပ်နေတာ ဖြစ်မှာပါလေ။

******************************

Sehun စိတ်ပေါက်ပေါက်နဲ့ ကုတင်ပေါ်မှာ ငုတ်တုတ်ထိုင်ကာ Luhan လုပ်နေသမျှကို မျက်မှောင်ကြုတ်ကာ ထိုင်ကြည့်နေလိုက်တယ်။ ဟုတ်တယ်လေ မနက်ထဲက နောက်ထဲဝင်လိုက် သန့်စင်ခန်းဝင်လိုက် ရေချိုးလိုက် အပြင်ထွက်သွားလိုက်နဲ့ သူနဲ့ မျက်နှာချင်းကို မဆိုင်အောင် လုပ်နေတယ်လေ။ ခုလဲ ဘာမှ လုပ်စရာမရှိတာကို အလုပ်များချင်ယောင် ဆောင်နေတယ်။ အဖြေပေးရမှာ ဝတ်လည် ကြောင်ပတ် လုပ်နေတဲ့ ကိုသမင်ကို စိတ်တိုလာ တာမို့ ထိုင်ကြည့်နေတာလေ။Luhan လဲ သတိထားမိပုံပါ Hun နားကို ကပ်ကိုမလာ။ Hun ကြာလာတော့ စိတ်မရှည်တော့

Hun '' Hyung ကျွန်တော့်ကို ရှောင်နေတာ လား ''

Luhan '' A..Arnyi ဘာလို့ရှောင်ရမှာ လဲ မရှောင်ပါဘူး Hyung အလုပ်ရှုပ်နေလို့ပါ ''

Hun '' ဘာအလုပ်မှမရှိတာကို ခု ဖုန်သုတ်နေတဲ့နေရာက ခုသုတ်တာနဲ့ဆို တနေ့ထဲမှာ ၄ခါရှိပီ သိလား ''

Luhan '' ဟုတ် ဟုတ်လို့လား Hun ရ Hyung တော့ မသုတ်ရသေးဘူး ထင်တာပဲ ''

Hun မျက်ရည်အနည်းငယ် ဝဲတတ်လာပီး

Hun '' ကျွန်တော်သိပါတယ် Hyung ကျွန်တော့်ကို ငြင်းရမှာ မျက်နှာပူလို့ အဲလို ရှောင်နေတာကို။ Hyung မလုပ်ချင်ရင် လက်မခံဖို့ပြောပီးပီပဲ ခုလို မသိချင်ယောင် ဆောင်တာက ကျွန်တော့်ကို ဝမ်းနည်းစေတယ် ''

Luhan အဲတော့မှ Hun နားလာပီး

Luhan '' Hun ya miyanae Hyung တမင်လုပ်တာ မဟုတ်ပါဘူး Hy..Hyung က . . .''

Hun '' ဒါဆို Hyung အဖြေကို ကျွန်တော် နားလည်လိုက်ပါပီ Hyung ကျွန်တော်လုပ်ခဲ့တဲ့ အဖြစ်အပျက်တွေကြောင့် ကျွန်တော့်ကို လန့်နေတာ မဟုတ်လား အမှန်တိုင်းပြော လိုက်ပါ Hyung ကျွန်တော် ခံနိုင်ပါတယ် ''

မျက်ရည်ဝဲနေတဲ့ Hun ကို ကြည့်ပီး Luhan ခေါင်းကို ငုံ့ကာ

Luhan '' အဲလိုမဟုတ်ဘူး Hun Hy..Hyung မင်းနဲ့ Da..Date လုပ်မှာပါ
အဲဒါပြောဖို့ Hyung တမျိုးဖြစ်နေလို့ပါ ''

Hun မျက်လုံးအပြူးသားနဲ့ လှမ်းကြည့်မိတယ်။ Hun မျက်ရည်တွေကြားက ပြုံးမိသွားတယ်။ ကျွန်တော့် Hyung က ကျွန်တော့်ကို လန့်လို့ မဟုတ်ဘဲ အဖြေပေးရမှာ ရှက်နေတာကိုး။ ရှက်နေတဲ့ Hyung ကို ကုတင်ပေါ်က ဆင်းကာ ရင်ခွင်ထဲ သွင်းထားပီး

Hun '' Gomawo Gomawo Hyung ''

ထဖက်မယ်မထင်ထားတာကြောင့် Luhan မျက်လုံးပြူးသွားရတယ်။ ရှက်ပါတယ် ဆိုမှ။ ပြန်တွန်းထုတ်ပီး

Luhan '' Date လုပ်ဖို့ လက်ခံပေမယ့် စည်းကမ်းချက်ရှိတယ် ''

Hun ကြောင်တောင်တောင် ဖြစ်သွားပီး

Hun '' ဘာ စည်းကမ်းချက်လဲ Hyung ''

Luhan '' ရော့ ဖတ်ကြည့် ''

Hun '' ဒါက ဘာတွေလဲ ''

Luhan '' စည်းကမ်းချက်တွေ စာရွက်နဲ့ ရေးထားတာ Date လုပ်နေတဲ့ အတော အတွင်း ဒီ rules တွေ မဖောက်ဖျက်ဖို့ ကတိပေးမှ လက်ခံနိုင်မယ် ''

Hun စာရွက်ကို ဖတ်ကြည့်ရင်း ပြုံးနေမိတယ်။ စုစုပေါင်း ၁၅ ချက်လောက်ရှိမယ် ထင်ရဲ့။ ဘယ်အချိန်က ဘယ်လို ထလုပ်ထားမှန်းမသိ။ စည်းကမ်းချက်တွေ တော်တော်များများက လူလည်ခေါင်မှာ ဒါမလုပ်ရဘူး ဘာမလုပ်ရဘူး တားမြစ်ချက်တွေပါ။ မသိရင် လူက ဘူးလုံးလုံး ဖြစ်လို့

Hun '' ဒါတော့ Hyung လွန်လွန်းတာ မဟုတ်ဘူးလား ကျွန်တော့်ကို အခွင့်အရေးသမားထင်လို့လား ပီးတော့ Date လုပ်ပါတယ်ဆိုမှ ကျွန်တော်က Hyung ကို ထိလို့တောင်မရဘူးလား ''

Luhan '' မ မဟုတ်ဘူးလေ လူများတဲ့ နေရာတွေမှာ ပြောပါတယ်။ Hyung က Samnamja ဆိုတော့ လူမြင်လို့ မကောင်းဘူးလေ ပီးတော့ Hun က cele မဟုတ်လား ''

Hun လဲ samnamja လို့ အော်နေတဲ့ Hyung ကို စချင်လာ တာနဲ့

Hun '' ဒါဆို ခု အခန်းထဲမှာ Hyung ရယ် ကျွန်တော်ရယ် ၂ယောက်ထဲ ဆိုတော့ ''

ကျွန်တော်အနားတဖြေးဖြေးကပ်သွားတော့ Hyung မျက်လုံးပြူးပီး နောက်တဖြေးဖြေး ဆုတ်သွားတယ်။ ဒါပေမယ့် ခဏပါပဲ ခဏနေတော့ Hyung လက်က ကျွန်တော့် ခေါင်းပေါ် ဂေါက်ခနဲ

Luhan '' လူကြီးကိုများ လာစနေတယ် နောက်တခါ လာလုပ်ကြည့် Galaxy ရောက် သွားမယ် ''

ပြောပီး Luhan နောက်ထဲဝင်သွားတယ်။
Hun ပြုံးဖြစ်သွားပြန်တယ်။ Hyung နဲ့အတူနေလာတဲ့အကျိုးဆက်က Hyung ရဲ့ အပြုအမူတွေ ရင်းနှီးလာတာပါပဲ။ ပြီးသွားတဲ့ အဖြစ်အပျက်တွေကြောင့် လန့်မနေဘဲ ချက်ချင်း တုံ့ပြန်တတ်လာတယ်လေ။ ခုတော့ Hyung ကြောင့် နာသွားတဲ့ ခေါင်းကို ဖွဖွပွတ်ရင်း

Hun pov: ' Gomawo Jinja Gomawo Hyung :) ''

Luhan ရင်ဘတ်ကို အသာဖိထားရတယ် ဘာလို့ အဲလောင်ခုန်နေတာပါလိမ့်။ လူက သူ့မြင်ရင် ပူထူနေပါတယ်ဆိုမှ ထဖက်လိုက် အနားတိုးလာလိုက်နဲ့ ပြောတော့ အခွင့်အရေး သမားမဟုတ်ဘူးတဲ့ ခေါင်းခေါက်ခံရတာတောင် နည်းသေး . . .

************************************************************

Thank u very much for reading :) plz vitamin votes :)
Thz for votes & comments :)

အနော် public ရပါပီလို့ :) ဘာမှတင်မရလို့ စိတ်ညစ်နေတာပါ ခုလို Friday မှာ ပြန်ရတာလဲ တော်တော်ပျော်ပါတယ် :) sorry for too late :) Today is Friday Yo Yo!

Continue Reading

You'll Also Like

2K 219 7
#TGMyanmar သကြ်န်ပြိုင်ပွဲဝင်ဆူရစာမူ - အစိမ်းရောင်ပုံပြင် သက်ြန်ပြိုင်ပွဲဝင်ဆူရစာမူ - အစိမ်းရောင်ပုံပြင်
229K 13.2K 37
Taekook ⚠️ រឿងភាគខ្លីᕦ⁠༼⁠✩⁠ل͜⁠✩⁠༽⁠ᕤ
2.6M 251K 40
1920ခုနှစ်လောက်က လူနေမှုပုံစံတွေကို inspireယူပြီး ရေးဖွဲ့ထားတဲ့ Own Creation rebirth fictionလေးပါ။ _________# Starting date_26.6.2020 Ending date_6.1...
5.3K 718 12
FanFiction from 'Inside Me'