အမြှောက်စာအုပ်စုက ငါ့စိတ်ကိုဖ...

Par dream_n99

264K 22.4K 161

Total Chapters -491 ဘာသာပြန် - Dreamy Team This story is not mine. Just fun translations. Plus

Discription
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70

Chapter 55

2.5K 262 0
Par dream_n99

Chapter 55 - မြင်မြင်ချင်းအချစ်
.

အရေးအကြီးဆုံးအချက်က ဒီမိန်းမလှလေးက လှရုံတင်လှတာမဟုတ်ဘဲ သူမရဲ့အသွင်အပြင်၊ ပုံပန်းသဏ္ဍာန်ကအစ အရာအားလုံးက သူ့ရဲ့အလှရသခံစားမှုနဲ့ ကိုက်ညီနေသလိုပင်။

ထိုအချိန် ရွှီရှန့်တုန်းမှာ ဘေးကအသံတွေ ပျောက်ကွယ်သွားသလို ခံစားလိုက်ရတယ်။  တိတ်ဆိတ်သွားသည်က သိသာလွန်းလို့ သူ့ရဲ့တစ်ချက်ပြီးတစ်ချက် ပဲ့တင်ထပ်ကာ ခုန်နေပြီး အရှိန်မြန်လာတဲ့သူ့နှလုံးခုန်သံကိုပဲ ကြားရတော့တယ်။

တစ်ချက်တစ်ချက်ခုန်လိုက်တိုင်း သူရဲ့နှလုံးသားက လည်ချောင်းကနေဖောက်ပြီး အပြင်ကိုထွက်လာတော့မလိုပင်။

အဲဒီ့အချိန်မှာပဲ မြင်မြင်ချင်းအချစ်ဆိုတာ ဘာမှန်း ရွှီရှန့်တုန်း နားလည်သွားသည်။

တကယ်က ခုနကပြောတာပြန်ပြောရမယ်ဆို ပညာတတ်လူငယ်စွန်းနဲ့တုန်းက မြင်မြင်ချင်းအချစ်ကို သူခံစားခဲ့ရဖူးပါသည်။

ဒါက သူ့ကိုယ်ပိုင်အချစ်မဟုတ်ပဲ တစ်ယောက်ယောက်က သူ့စိတ်ထဲကို အတင်းထိုးထည့်ပြီး ချစ်ခိုင်းတာမျိုးပင်။ ဒါပေမဲ့ အခုသူပြန်တွေးမိတော့ ပညာတတ်လူငယ်စွန်းက တကယ်လှတာမှန်ပေမဲ့ သူမရဲ့အသွင်အပြင်က သူစွဲလမ်းသွားရလောက်တဲ့ ပုံစံမျိုးအထိတော့ မဟုတ်ပေ။

အဲ့တာကို ဘယ်လိုဖြစ်ပြီးများ ပညာတတ်လူငယ်စွန်းကို သူမြင်မြင်ချင်း ချစ်မိသွားရတာလဲ။

သူအခုဖြစ်သွားတာကမှ မြင်မြင်ချင်းအချစ်ဆိုတာမျိုး ဖြစ်လောက်မည်။

သူ့အရှေ့ကကောင်မလေးကိုကြည့်ရင်း သူ့ခန္ဓာကိုယ်ထဲကသွေးတွေ ဆူပွက်လာတယ်လို့ ရွှီရှန့်တုန်းခံစားလိုက်ရသည်။ ရွှီရှန့်တုန်း သူမကို တချိန်လုံးစိုက်ကြည့်နေမှန်း ၀မ်ယွီလန်သိပြီးတော့ သူနဲ့ပင် သူမအကြည့်ချင်းဆုံမိခဲ့သည်။ သူမကိုယ့်မျက်နှာကိုယ်သိလို့ ဒါကသူမမျှော်လင့်ထားတဲ့အတွင်းမှာပဲ ရှိတယ်။

ရွှီရှန့်တုန်း သူမကိုစိုက်ကြည့်နေပေမဲ့လည်း သူမ စိတ်ထဲမသက်မသာ မဖြစ်မိပေ။ တခြားယောက်ျားတွေလိုမျိုး နှာဘူးအကြည့်နဲ့ သူများနေရခက်အောင် ကြည့်တာမျိုးမဟုတ်ဘဲ ရွှီရှန့်တုန်းရဲ့မျက်လုံးတွေကရှင်းလင်းစွာပင် နှစ်သက်သဘောကျ၊ ကြည်နူး‌နေတယ်ဆိုတာ သိနိုင်ပါသည်။

ထို့ပြင် သူမရဲ့မျက်နှာအစစ်ကိုထုတ်ပြတာကလည်း ရွှီရှန့်တုန်းသူမကို ချစ်မိသွားအောင်လုပ်ဖို့အတွက်ပင်။

အဲဒီတော့…

ရွှီရှန့်တုန်း သူမရုပ်ရည်နဲ့ပတ်သက်ပြီး ကျေနပ်ရဲ့လား။

၀မ်ယွီလန် ပျော်ရွှင်နေပြီး နည်းနည်းလည်း ရှက်နေလေတယ်။

ထိုအချိန် ဘေးကအဒေါ်စွန်းကတော့ ပထမဆုံးလှုပ်ရှားလိုက်သည်။

သူမက အမှားလုပ်မိမှာစိုးလို့ ဒါက၀မ်ယွီလန်အိမ် ဟုတ်၊ မဟုတ်ဆိုတာ နှစ်ခါတောင် စစ်ဆေးလိုက်လေတယ်။ ဒါက ၀မ်ယွီလန်ရဲ့အိမ်မှန်း အတည်ပြုပြီးသွားတော့ အဒေါ်စွန်းက မေးလိုက်သည်။

“ တဆိတ်လောက် ၀မ်ယွီလန်အိမ်မှာရှိလား မသိဘူး?”

အဒေါ်စွန်းက စိတ်ထဲမှာဝမ်ယွီလန်ဆိုတဲ့ကောင်မလေးကတော့ တစ်ခုခုတော့တစ်ခုခုပဲလို့ တွေးလိုက်သည်။ ရွှီရှန့်တုန်းအိမ်ကိုလာမှာ သိရဲ့သားနဲ့ ဘာလို့ဒီလောက်လှတဲ့မိန်းကလေးကို အိမ်မှာထား,ထားရတာလဲ။ မတော်လို့ သူတို့အချင်းချင်း သဘောကျသွားရင် ဘယ်လိုလုပ်ကြမတုန်း။

ရွှီရှန့်တုန်းရဲ့ပုံစံကိုကြည့်ရတာ လူငယ်လေးက ဒီကောင်မလေးကို သဘောကျသွားတဲ့ပုံပင်။

အင်းလေ ဘယ်သူက ဒီလိုရုပ်ရည်မျိုးကို မကြိုက်ဘဲနေနိုင်မှာလဲ။

ဒါပေမဲ့ ရွှီရှန့်တုန်းနဲ့ ၀မ်ယွီလန်တွေ့မယ့် အစီအစဉ်ကရော။

၀မ်ယွီလန်နဲ့မတွေ့ဘဲ ဒီကောင်မလေးနဲ့ပဲ တွေ့ဖြစ်သွားမှာလား။

မရဘူးလေ။

ဒါပေမဲ့ ကောင်မလေး နောက်စက္ကန့်ပိုင်းမှာ ‌ဖြေလိုက်တဲ့အဖြေက အဒေါ်စွန်းကို လုံး၀ ကြက်သေသေသွားစေခဲ့သည်။

“အဒေါ်စွန်း ကျွန်မက၀မ်ယွီလန်ပါ”

“ဘယ်လို၊ မင်းက မိန်းကလေးယွီလန် ဟုတ်လား။ မဖြစ်နိုင်တာ။”

သူမအရှေ့က မိန်းမလှလေးက၀မ်ယွီလန်တဲ့။ ဒါဆိုမနေ့ညက သူမတွေ့ခဲ့တာ ဘယ်သူကြီးလဲ?

“အဒေါ်စွန်း အဒေါ်ပဲမနေ့က ကျွန်မကို သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီး ကောင်းကောင်းမွန်မွန်လေး ၀တ်စားထားဆို”

၀မ်ယွီလန်က ရှက်ကိုးရှက်ကန်းလေး ပြောလိုက်သည်။

တကယ်ပဲ အဒေါ်စွန်းက ၀မ်ယွီလန်ကို အခုလိုပြောခဲ့တာပါ။

ဘာလို့လဲဆိုတော့ သူမ မနေ့ကတွေ့ခဲ့တဲ့ ၀မ်ယွီလန်က တကယ်ကြီး…

မျက်နှာကမဲညစ်နေပြီး မျက်နှာတစ်၀က်လောက်က ဆံပင်တွေနဲ့ဖုံးနေသည်။ ဒါကြောင့် သူမမျက်နှာကို သေသေချာချာမမြင်နိုင်ပေ။

အဒေါ်စွန်း အပြင်ဘက်မှာကြားခဲ့ရတဲ့ ကောလဟလတွေအရတော့ ၀မ်ယွီလန်က မျက်နှာကို ဆံပင်တွေနဲ့ဖုံးထားတာက အကျည်းတန်လွန်းလို့ဟု။

ဒါပေမဲ့ မမျှော်လင့်ဘဲ…

“အဒေါ်စွန်း ကျွန်မက မိဘမဲ့တစ်ယောက်ပါ။ မိဘမဲ့အနေနဲ့ မျက်နှာလှလှလေးရှိနေတာက အမြဲတမ်းကောင်းတဲ့အရာမဟုတ်ဘူး‌လေ”

၀မ်ယွီလန် ရှင်းပြလိုက်သည်။

ရှိနေတဲ့လူအားလုံးက ထိုရှင်းပြချက်ကိုကြားတော့ ပြောချင်တာကို နားလည်သွားခဲ့ကြသည်။

အဒေါ်စွန်းလည်း ရုတ်တရက်ကြီး သဘောပေါက်သွားခဲ့သည်။ လတ်စသတ်တော့… လတ်စသတ်တော့…

အစက ၀မ်ယွီလန်မှာ မျက်နှာလှလှလေးရှိပေမဲ့ သူမကတမင်ရုပ်ဆိုးအောင်လုပ်ပြီး ဖုံးထားခဲ့တာပဲ။ ဘာပဲဖြစ်ဖြစ် သူမပြောတာ အဓိပ္ပာယ်ရှိသည်။ ၀မ်ယွီလန်က မိဘတွေလည်း မရှိသလို မှီခိုအားထားစရာ လူမရှိသဖြင့် တကယ့်မိဘမဲ့တစ်ယောက်ပင်။

တစ်ချိန်တည်းမှာပဲ ဒီလို အံ့ဩဖို့ကောင်းတဲ့ အလှမျိုးရှိတဲ့ မိဘမဲ့တစ်ယောက်ဟာ အထူးသဖြင့် ယောက်ျား‌တွေရဲ့အာရုံကို မလိုချင်ဘဲ ဆွဲဆာင်မိနေပြီး ပြဿနာပဲဖြစ်စေလိမ့်မည်။

၀မ်ယွီလန် လုပ်တာမှန်တယ်။ သူမကပါးနပ်တာပဲ။

ကျန်းအိုက်လျန်လည်း ထိုသို့ခံစားလိုက်ရပြီး သူမနဲ့ အဒေါ်စွန်းရဲ့မျက်လုံးထဲမှာ အထင်ကြီးမှုက ထင်ရှားနေလေသည်။ ၀မ်ယွီလန်ရဲ့ စကားတွေကိုကြားတော့ ရွှီရှန့်တုန်းလည်း မနေနိုင်ဘဲ သူမရဲ့အခြေအနေကို စိတ်မကောင်းဖြစ်မိသွားတယ်။

သူနဲ့၀မ်ယွီလန် အရင်ကတွေ့ခဲ့ဖူးတဲ့ အကြိမ်အနည်းငယ်အကြောင်း ပြန်စဉ်းစားမိတော့ တကယ်ကြီး သူမမျက်နှာက မဲညစ်နေပြီးတော့ ဖုံးကွယ်ထားလေသည်။

ဒါပေမဲ့ အခုတော့…

၀မ်ယွီလန်ရဲ့အခြေအနေက တကယ့်ကို ခက်ခဲပါသည်။ လွန်ခဲ့တဲ့နှစ် သူနဲ့၀မ်ယွီလန် တောအုပ်လေးထဲမှာ ဆုံခဲ့တဲ့အချိန်တုန်းက သူမကသေတော့မလို အေးခဲနေပြီးတော့ ဆာလောင်နေခဲ့တာပါ။ အဲဒီ့အချိန်တုန်းကသာ သူမရဲ့အလှကို မဖုံးကွယ်ထားခဲ့ရင် သူမ ပိုပြီးတော့တောင် ဒုက္ခရောက်မှာပင်။

အဲ့တာကြောင့် သူမကိုယ်သူမ ရုပ်ဆိုးအောင် တမင်လုပ်ပြီး အပြင်လောကကြီးက သူမရဲ့ရုပ်ရည်ကို အကျည်းတန်တယ်လို့ ပြောတာတောင်မှ သူမကဂရုမစိုက်ခဲ့ပေ။

ဘာလို့လဲဆိုတော့ တစ်ယောက်တည်းဖြစ်နေတဲ့သူအတွက် ဒီနည်းကသာကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်မည်ဖြစ်သည်။

ရွှီရှန့်တုန်း သူမအတွက် တကယ်စိတ်မကောင်းဖြစ်မိတယ်။ ၀မ်ယွီလန် သူနဲ့လက်ထပ်ပြီးရင် သူမကိုတမင်ရုပ်ဆိုးတဲ့ပုံစံလုပ်ပြီး မနေခိုင်းတော့ဘူးဟု သူတွေးလိုက်သည်။ သူမ အ၀တ်အစားလှလှလေးတွေ ၀တ်ချင်တယ်၊ ဒါမှမဟုတ် နှင်းပွင့်ခရင်မ်လိမ်းချင်တယ် ဆိုရင်တောင် သူမဆန္ဒတွေကို သူအတတ်နိုင်ဆုံး ဖြည့်ဆည်းပေးပြီး သူမကို ကာကွယ်ပေးမည်။

ဟုတ်ပါတယ်၊ ရွှီရှန့်တုန်းက သူရှေ့ကကောင်မလေးက ၀မ်ယွီလန်‌ဆိုတာ သေချာသွားတော့ သူမနဲ့လက်တွဲဖြစ်ဖြစ် မဖြစ်ဖြစ်ဆိုတဲ့ ပေါ့တန်တန်သဘောထားကို စွန့်ပယ်လိုက်တာကြာပြီဖြစ်ပြီး သူမကိုပေါ့ပေါ့ပါးပါး အကဲလာခတ်ရုံမဟုတ်တော့ဘဲ တကယ်ကြီးသူမကို စိတ်၀င်စားသဘောကျသွားခဲ့သည်။

သူတကယ် သဘောကျသွားပြီဆိုမှတော့ အလေးအနက်ထားချင်မိတယ်။ ဒီနေ့ပဲကိစ္စတွေအတည်ပြု၊ စုံတွဲတွေဖြစ်လာပြီး စေ့စပ်ကြောင်းလမ်းကာ အကောင်းဆုံးလက်ထပ်၊ ဒီနှစ်အတွင်းအကုန်လုံးပြီးသွားရင် အကောင်းဆုံးဖြစ်ပေလိမ့်မည်။

[ သူက၀မ်ယွီလန်ပေါ့၊ တကယ်ကြီးလှတာပဲ။]

[ သူ့ကံကြမ္မာက တကယ်ကြီး၀မ်းနည်းစရာပဲနော် အစ်ကိုကြီး။ နင်သာ ၀မ်ယွီလန်ကိုလက်မထပ်ရင် သူ့အချိန်တွေက မကြာခင်ကုန်သွားလိမ့်မယ်။]

ရွှီရှန့်တုန်းက သူ့ညီမရဲ့စိတ်ထဲကအသံကို ကြားလိုက်တော့ ချက်ချင်းကိုသတိကပ်သွားသည်။

၀မ်ယွီလန် အသက်အန္တရာယ်ရှိတယ်လို့ သူ့ညီမပြောခဲ့ဖူးပြီးတော့ ရွှီရှန့်တုန်း ၀မ်ယွီလန်နဲ့ ကြင်ဖက်လာတွေ့ရတဲ့ကနဦး‌ရည်ရွယ်ချက်ကလည်း သူမရဲ့၀မ်းနည်းစရာကံကြမ္မာကို ကူညီပေးနိုင်ဖို့အတွက်ပင်။

အခုတော့ ရွှီရှန့်တုန်းမှာ ၀မ်ယွီလန်အပေါ် ခံစားချက်တွေဖြစ်လာတော့ သူမကျရောက်မယ့် အန္တရာယ်ကနေကာကွယ်ပေးဖို့ ပိုပြီးတောင်အရေးကြီးသွားခပြီ။

[ သူ့ဒုတိယဦးလေးလင်မယားနဲ့ ၀မ်ဟွေ့ဟွေ့တို့က တကယ်ရက်စက်တယ်။ သူတို့တွေက ၀မ်ယွီလန်ကို တောင်ပေါ်ကချွေ့မိသားစုနဲ့ ပေးစားပြီး ချွေ့ညီအစ်ကိုသုံးယောက်လုံးရဲ့ မိန်းမလုပ်ခိုင်းဖို့ စီစဉ်နေကြတာ!]

ရွှီကျင်းနင်ရဲ့အတွေးတွေ ထွက်ပေါ်လာတော့ ရွှီရှန့်တုန်းတင်မဟုတ်ဘဲ ၀မ်ယွီလန်ပါ ကြားလိုက်‌ရလေသည်။

သူမရှေ့ကကောင်မလေးက စကားလည်းမပြောဘဲ သူမဘာလို့ကြားနေရတာလဲဆိုတာကို မသိသေးပေမဲ့လည်း ကလေးမလေးစကားတွေကို ကြားလိုက်ရတဲ့အခါမှာ သူမလုံး၀ ထိတ်လန့်သွားတယ်။ သူမဦးလေးက သူမကို‌ တောင်ပေါ်ကချွေ့မိသားစုရဲ့ မျှသုံးတဲ့မိန်းမအဖြစ် ပေးစားပစ်မလို့တဲ့လား။

ရွှီကျင်းနင်က သူမရဲ့အတွေးတွေကို ဆက်သည်။

[သူတို့တွေက အစ်မယွီလန်ကို ဆေးခပ်ပြီး ချွေ့မိသားစုဆီပို့ပစ်မှာ၊ ပြီးတော့ ချွေ့မိသားစုကလည်း အစ်မယွီလန် လက်ခံခံ၊ မခံခံ ဂရုမစိုက်ဘဲ မိန်းမဖြစ်နေရင်ကိုရပြီဆိုတဲ့အမျိုးတွေလေ။]

[ အစ်မယွီလန်နိုးလာချိန်မှာ အားလုံးကပြန်ပြင်လို့မရတော့ဘူး။ ]

[ အထူးသဖြင့် ချွေ့ညီအစ်ကိုတွေက အစ်မယွီလန်ရဲ့အလှကိုတွေ့သွားတော့ ပိုပြီးတော့တောင် လွှတ်ပေးချင်စိတ်မရှိကြတော့ဘူးလေ။]

[အစ်မယွီလန် ထွက်ပြေးချင်ရင်တောင် သူတို့က အစ်မယွီလန်ကို ရိုက်နှက်ပြီးတော့ သော့ခတ်ထားကြမှာ။]

[ နောက်ဆုံးကျတော့ အစ်မယွီလန်ကအရှက်ရမှုကိုမခံနိုင်တော့လို့ တောင်စောင်းကနေခုန်ဆင်းသွားမှာ။]

[ ဒုတိယဦးလေး၀မ်မိသားစုကတော့ တင်တောင်းကြေးယွမ် ၃၀၀နဲ့ စီရင်စုမြို့ပေါ်မှာသူတိုသား စက်ရုံအလုပ်သမားဖြစ်အောင် လုပ်ပေးလိုက်တာပေါ့]

[ သူတို့သားကလူ့အသိုင်းအဝိုင်း လှေကားကိုတက်သွားကောင်းတက်သွားနိုင်ခဲ့ပေမယ့် ဒါက အစ်မယွီလန်ဘဝနဲ့ရင်းထားခဲ့တာ။]





.






Continuer la Lecture

Vous Aimerez Aussi

36.1K 972 56
Yu Huizhen thought her hardest chapter had ended with a finalized divorce and six children in tow. But fate had other plans. Caught in a sudden torna...
5.2K 383 9
Novel Name : အရှင်မင်းကြီးက ငါ့ကိုယ်စား မောင်းမဆောင်ကို တိုက်ခိုက်ပေးနေတယ်။ Total Episode: 62 Chapters + 4 Extras {Paid ongoing} fees-3000 MMK This...
394K 38.6K 164
The Transmigrated Li Jin's Daily Farming Life 《穿越之黎锦的农家日常》 ကူးပြောင်းသွားသော လီကျင်၏ နေ့စဉ် စိုက်ပျိုးရေးဘ၀ Author Hui Mou Yi Ban Xia @回眸已半夏 Looking...
17.8K 1.1K 39
သူကူးပြောင်းသွားသည့်ညတွင် သူ့ "ဇနီး" ကလေးမွေးနေပြီဟု သိလိုက်ရသည်။ သားဖွားခန်းထဲဝင်သွားတော့ သူ့မိန်းမက ယောက်ျားတစ်ယောက်ဆိုတာ တွေ့လိုက်ရတယ်။ ဒီ့ထက် ပို...
Application Wattpad - Débloquez des fonctionnalités exclusives