Poisonous Love

By SeluDeerMoe

195K 15.6K 233

funny & romantic fic This is my first yaoi fan fic.My fic include Hunhan Kaisoo Chanyeol Taoris If you don... More

Teaser
Our daily lives
Our Dreams in Korea
Unexpected First Meeting
The best idea for Sehun
Three new boys for their group
Secret of Baekyeol
Accidental Kiss
Meeting with Old Friend
What Happen to Kai
Is it Love ?
Only Hope For Sehun
I help for him
Now,I give you all my love
I was trapped myself
Don't go :(
Can you date with me ?
Rules of dating
As your wish
First Dating
I will let you go
I wish it isn't true
Thank for meeting u
Love is complex
Prove of my love
Is poison sweet ?

What is Kai's real mind ?

5.7K 515 5
By SeluDeerMoe

ကောင်းကင်မှာ တဖြေးဖြေးမြင့်တတ်လာတဲ့ နေမင်းကြီးက ဆောင်းမနက်ခင်းအလှကို ပိုလို့လှပနေစေတယ်။နေရောင်ခြည်နွေးနွေးလေးကြောင့် အရမ်းလဲမချမ်းပဲ သာယာတဲ့နေ့လေး
တစ်ရက်ပေါ့။ဒီလို Date လုပ်လို့ကောင်းတဲ့ နေ့လေးမျိုးမှာ Mask တပ်ထားတဲ့ အသားညိုညိုကောင်လေးတစ်ယောက်ရယ် တလောကလုံးပိုင်ဆိုင်ထားသလို ပြုံးပျော်နေပီး မျက်လုံးပြူးပြူးလေးတွေနဲ့ကောင်လေးတစ်ယောက်ကတော့ တစ်ယောက်လက်တစ်ယောက်တွဲ

ကာ လမ်းလျှောက်နေကြတယ်။သေချာကြည့်

ရင်တော့ အသည်းပုံနှုတ်ခမ်းပိုင်ရှင်လေး ရှက်ရိပ်သန်းနေတာ တွေ့ရပါလိမ့်မယ်။

Kai " Hyung ဘယ်သွားချင်လဲ ဘာစားချင်လဲ "

Kyungsoo " Jongin သဘောပါ သွားချင်တဲ့ နေရာသွားလေ "

Kai " inn . . .ကစားကွင်းသွားရ

အောင် ကျွန်တော် Idol ဖြစ်ထဲက မရောက်ဖြစ်တာကြာပီ ဘယ်လိုလဲ Hyung သွားမလား "

Kyungsoo " inn သွားလေ Hyung လဲမရောက်တာကြာပီ ဒါပေမယ့် အဲမှာလူတွေ အများကြီးပဲ Jongin ကိုသတိထားမိနေဦး
မယ် "

Kai " သတိမထားမိအောင်နေမှာပေါ့ ပီးတော့ အားလုံးက သူ့အာရုံနဲ့သူပါ ကျွန်တော်တို့ကို ဂရုမစိုက်နိုင်ပါဘူး Hyung ရဲ့ khaja သွားရအောင် "

Kai က ပြောလဲပြော Kyungsoo လက်ကိုဆွဲကာ ခေါ်သွားတယ်။

ကစားကွင်းရောက်တော့ Kai တစ်ယောက် Idol ဆိုတဲ့ အသိကိုဘေးချိတ်ကာ အပျော်ကြီးပျော်နေတော့တယ်။ Kyungsoo လဲ Kai ကိုကြည့်ပီး ကြည်နူးနေမိတယ်။ ဘယ်ထဲက အငြိုးထားထားတယ်မသိ Kai တစ်ယောက် တစ်ခုပီးတစ်ခုလိုက်စီးနေတာ နေ့လည်ထမင်းစားချိန်လောက်ထိမရပ်သေး။

Kyungsoo ခမျာလဲ Kai စီးသမျှအကုန် လိုက်စီးရ သရဲကြောက်သော်လဲ သရဲအိမ်လိုက်ဝင်ရနဲ့ပေါ့။Kyungsoo သရဲကြောက်တာကို အခွင့်ကောင်းယူကာ သရဲအိမ်ထဲမှာ လျှပ်တပြတ်ခိုးခိုးနမ်းသေးသည်။
Kyungsoo မှာ သရဲထက် Kai ကိုပိုလန့်နေရ တာပေါ့။

Kyungsoo " Jongin ya လူတွေမြင်ကုန်တော့မှာပဲ "

Kai " ဘယ်သူမှမမြင်ပါဘူး Hyung ရယ် မြင်လဲ ကိုယ့်ချစ်သူကိုယ်နမ်းတာ ဘာဖြစ်လဲ "

*****CHU*****

Kyungsoo " O-o အယ် ပြောနေရင်းနဲ့ကို မှန်မှန်ပြော Mask ချွတ်လို့ရတာ ဒီတစ်နေရာပဲရှိလို့ Hyung မဝင်ရဲဘူးပြောတာ တောင်အတင်းဝင်တာမဟုတ်လား "

Kai တစ်ယောက်မသိချင်ယောင်ဆောင်ကာ ရှေ့ဆက်သွားနေလိုက်တယ်။ Kyungsoo ကတော့ Kai ကိုကြည့်ကာ ပြုံးမိလိုက်တယ်။
ဟုတ်နေတာပဲ ဒီကလေးတော့ :)

ကစားကွင်းကထွက်လာကာ နေ့လည်စာစားပီး ရုပ်ရှင်သွားကြည့်ကြတယ်။ရုပ်ရှင်က ဟာသကားပေမယ့် မရီနိုင်တာက Kai ပင်။

ကလေးတစ်ယောက်လို ဖြူစင်စွာရီနေတဲ့ Kyungsoo ကိုကြည့်ပီး ငြိမ်သက်နေတယ်။

မျက်လုံးတွေကပြုံးရိပ်သန်းရမယ့်အစား ဆွေးရိပ်သန်းနေပီး ဝမ်းနည်းနေသလိုလို။  သေချာကြည့်ရင် မျက်ရည်လိုလို အရည်လေးတွေလဲ့နေတယ်။ ဘေးနားမှာ ရှိနေတဲ့ Kyungsoo ကတော့ ရုပ်ရှင်ထဲအာရုံစိုက်နေတော့ သတိမထားမိပေ။

************************************************************

Kaisoo date လုပ်နေချိန်မှာ Dorm မှာ Chanbaek ၂ယောက်သာကျန်နေခဲ့တယ်။ Chanyeol တစ်ယောက် စိတ်ထဲရှိတဲ့အတိုင်းဆို ညကပြန်ရောက်ထဲက Baek ကိုရှင်းပြချင်နေတာ။ဒါပေမယ့် Baek အကြောင်းသူအသိဆုံး စိတ်မတည်ငြိမ်သေးရင် ရှင်းပြလို့ နားဝင်မှာမဟုတ်။မနက်ကျရင်လဲ Baek ထွက်သွားမှာစိုးလို့ ညထဲက Baek အခန်းဝမှာအိပ်ဖြစ်သွားတယ်။မနက်မိုးလင်းတော့ Kris Hyung တို့က ရှောင်ပေးတဲ့အနေနဲ့ အပြင်ထွက်သွားပေးကြတယ်။တော်သေးတာပေါ့ ကျန်တဲ့သူတွေရှိနေရင် အားနာနေရဦးမယ် လေ ခုတော့ ကောင်းကောင်းရှင်းပြနိုင်တာပေါ့။ Baek ကလဲခုထိ အခန်းထဲက မထွက်လာသေး ကြာတော့ Yeol တစ်ယောက်စိတ်ပူလာပီ။

Yeol " Baek ya အပြင်ထွက်ပီး မနက်စာ လာစားဦးလေ "

ပြန်ဖြေသံမကြားရပေ

Yeol " Baek ya ကိုယ်မှားပါတယ်ကွာ ကိုယ်ရှင်းပြတာနားထောင်ပေးပါဦး။ ကိုယ့်ကို စကားမပြောချင်လဲ အစားတော့ထွက်စားပါဦး အဲလိုအခန်းအောင်းနေတော့ ကိုယ်စိတ်ပူလာပီ "

ဘာမှမထူးခြား ဒီအတိုင်းဆို ဒီနေ့ထွက်လာမယ်မထင်။Yeol လဲ Manager Hyung ကိုခေါ်ကာ သော့လှမ်းတောင်းလိုက် တယ်။ သူတို့ Dorm ကသော့ပုံစံတူတွေကို Manager Hyung ကတစ်တွဲယူထားတာကိုး။

အရေးကြီးရင် သုံးရအောင်လို့လေ။ဒါလဲ အရေးကြီးတာပဲလေ အားလုံးကရှောင်ပေးနေ တာ လက်လွှတ်ခံလို့ဘယ်ဖြစ်ပါ့မလဲ။

Manager " Yeol ဘယ်သူဘာဖြစ်လို့လဲ သော့တွေလှမ်းတောင်းတယ်ဆိုတော့ "

Yeol " Arnyi ဘာမှထွေထွေထူးထူးမဖြစ် ပါဘူးHyung ရဲ့ ဟိုလေ ကျွန်တော် သော့ အခန်းထဲမှာမေ့ထားခဲ့ပီး ဂျက်ချမိတော့ ဖွင့်မရလို့ "

Manager " အဆင်ပြေရဲ့လား Hyung လာလုပ်ပေးရမလား "

Yeol " Gwinchana Hyung ရ ဘာခက်တာမှတ်လို့ Hyung လဲ အိမ်ပြန်နားပါတော့ နားရက်ကို လှမ်းခေါ်မိတာ miyanae Hyung "

Manager " ရပါတယ်ကွာ ဒါဆို Hyung သွားပီနော် "

Yeol " Nae ကောင်းကောင်းသွားပါ "

Manager Hyung ကိုအားနာမိသား ခေါ်လဲခေါ်သေး Dorm ထဲတောင်ပေးမဝင်ခိုင်း မိဘူး ပေးဝင်လိုက်ရင် အားလုံးမရှိတာ သိကုန်မှာစိုးလို့လေ။

Yeol သော့ကိုင်ကာ အပေါ်ထပ်အမြန်

ပြေးတတ်ကာ Baek တံခါးကိုဖွင့်လိုက်တယ်။

တံခါးဖွင့်လိုက်တာနဲ့ Yeol မျက်နှာကို လာမှန်တဲ့ ခေါင်းအုံးပျံ . . . . .

Baek " Yarr! ထွက်သွား ဝင်မလာနဲ့ "

Yeol အခန်းထဲကြည့်လိုက်တော့ မျက်လုံးတွေမို့အစ်ပီး နှာထိပ်လေးတွေရဲနေတဲ့ Baek ကိုတွေ့လိုက်ရတယ်။အော် . . . သူ့ချစ်သူလေး ငိုထားတာပဲ အဲလိုငိုတာလဲ သူ့ကြောင့်ဆိုတာက ရင်ထဲကိုဆို့နင့်စေတယ်။

Baek " Yarr! ထွက်သွားလို့ ပြော. . . "

Baek ကို Yeol က ရင်ခွင်ထဲသိမ်းကြုံးဖက် ထားလိုက်တယ်။

Baek " လွှတ် ငါ့ကိုလွှတ် . . .  "

Baek ကတော့ Yeol ရင်ခွင်ထဲကနေ မရရအောင် ရုန်းထွက်နေပေမယ့် Yeol က ပိုတင်းကျပ်နေအောင် ဖက်ထားတာကြောင့် အရာမထင်ပေ။

Yeol " Miyanae Baek ကိုယ့်ကြောင့် မျက်ရည်ကျနေရပီ။Jinja Miyanae "

Baek " Hk Hk ရောဂါပေးပီးမှ ဆေးပေးနေ တာလား။ ဒီမှာဘာလုပ်နေတာလဲ Na Na ဆီသွားရမှာပေါ့ လက်ထပ်ပွဲလေး ခမ်းနားအောင် ပြင်ဆင်ရဦးမှာပေါ့ "

Yeol " Baek ya ကိုယ့်ကို အဲလိုမရွဲ့ပါနဲ့ ကိုယ်ဘယ်လောက် Baek ကိုချစ်တယ်ဆိုတာ သိရဲ့သားနဲ့ ကိုယ်ရှင်းပြတာလေးတော့ နားထောင်ပါဦး "

Baek " ရှင်းနေစရာလိုသေးလို့လား ဘာမှရှုပ်မနေပါဘူး အားလုံး ရှင်းရှင်းလင်းလင်း မြင်ရပီးပီပဲ "

Yeol " Baek ကို ကိုယ်ချစ်ခွင့်ပန်ထဲက တစ်ခါထဲ ပြောပီးသားပါ ကိုယ့်ဘဝမှာ Baek က ပထမဆုံးနဲ့ နောက်ဆုံးအချစ်ပါလို့။ Baek ကိုမတွေ့ခင်က ကိုယ့်မှာချစ်ရမယ့်သူမရှိခဲ့သလို Baek နဲ့ တွေ့ပီးနောက်ပိုင်းလဲ ချစ်ရမယ့်သူ ရှိမလာနိုင် arnyi ရှိလာမှာကိုမဟုတ်ဘူး။ ကိုယ် လက်ထပ်ရမယ့်သူကလဲ ကိုယ့်အသက်တမျှ ချစ်တဲ့ Baek ကလွဲပီး ဘယ်သူမှမဖြစ်နိုင်ပါဘူး Baek ရယ် "

Baek " ဖြစ်နိုင်လို့ပဲ လူကိုယ်တိုင်လာသွား တာပေါ့ ဘယ်မိန်းကလေးမှ အရှက်မရှိ မဟုတ်တာကို ဟုတ်တယ်မပြောဘူး ထင်တယ်။

ချစ်တယ် ဟုတ်လား Hk Hk ချစ်တဲ့သူတွေက ဒီလိုပဲ တစ်ယောက်နဲ့တစ်ယောက် ဖုံးကွယ်ထားကြတာလား ဒီကြားထဲမှာ ပိပိရိရိ လှည့်စားသွားနိုင်တာ လေးစားပါတယ် "

Baek ပြောရင်း မျက်ရည်တွေကျလာပြန်ပီ ညကတစ်ညလုံးငိုထားတာတောင် မကုန်နိုင် သေးပါလား။ မကြာပါ ငိုနေတဲ့ကြားက Baek ပခုံးလေး စိုစွတ်သွားတာကို သတိထားမိလိုက်
တယ်။

Baek ကိုယ်လေးတုန်ကာ ငိုနေတာ တွေ့တော့ Yeol ရင်ဘတ်တစ်ခုလုံး စုတ်ဆွဲခံလိုက်ရ
သလိုနာကျင်ကာ မျက်ရည်ကပေါက်ခနဲ။

Yeol " Baek မငိုပါနဲ့ ကိုယ့်အတွက်ကြောင့် ထပ်မငိုပါနဲ့တော့ Baek မကြိုက်ဘူးဆိုရင် ကိုယ်ထွက်သွားပါ့မယ်။ Baek ကိုယ့်ကို နားလည်လာတဲ့ အချိန်ထိ စောင့်ပါ့မယ် "

Yeol Baek ကိုလွှတ်ပေးလိုက်ပီး အခန်းပြင်ကို ပြေးထွက်လာလိုက်တယ်။ ကိုယ့်အခန်းထဲရောက်မှ အားရပါးရငိုချလိုက်မိ
တယ်။

Yeol pov :' ကိုယ်မပြောခဲ့ဘူးဆိုတာ Baek စိတ်အနှောက်အယှက်ဖြစ်မှာစိုးလို့ပါကွာ  '

Baek လဲ အိပ်ရာခင်းကို မျက်နှာအပ်ပီး တရှုံ့ရှုံ့ငိုနေမိတယ်။ညလယ်လောက်က အခန်းပြင်ထွက်တော့ Yeol အခန်းဝမှာအိပ်နေတာ တွေ့လိုက်ရပီးသားပါ။

Yeol ကိုမယုံတာမဟုတ် ယုံပါတယ်။ ယုံလို့ပဲ Yeol အချစ်ကို လက်ခံခဲ့တာပါ။ဒါပေမယ့် ဒီကိစ္စမှာ Yeol သူ့ကို ဖုံးကွယ်ထားတာ အထင်အရှားပင်။ချစ်သူအချင်းချင်း ဖုံးကွယ်မထားသင့်ဘူးလေ။ခုတော့ Na Na ရောက်လာမှ သိခဲ့ရတယ် အမှန်ဆို အဆိုး အကောင်း အကုန်တိုင်ပင်ဖို့ကောင်းတယ်လေ။ Yeol နဲ့ Na Na ရဲ့အခြေအနေမှန်ကို တကယ်တော့ သိပ်သိချင်နေပေမယ့် Yeol နောက်တခါ ဒီလိုမလုပ်အောင် အပြစ်ပေးရမယ်။ Baek လိုချင်တာက ဆိုးတူကောင်းဖက် အတူ အကုန်ရင်ဆိုင် သွားဖို့ပါ Yeol ကိုနောက်ဒီလို ဖုံးကွယ်ပီး တစ်ယောက်ထဲ ကြိတ်မခံစားစေချင်။ ခုနက Yeol ငိုတာတွေ့တော့လဲ ကိုယ်ပါ နာကျင်ရပြန်တယ်။

************************************************************

Kris Dorm ပြန်ရောက်တော့ Kaisoo တောင်ပြန်ရောက်နေပီ။

Kris "Kai ya Chanbaek အခြေအနေ?

ပြေလည်သွားကြပီလား "

Kai " အခြေအနေမကောင်းသေးဘူး Hyung ရေ Baek တော်တော် စိတ်ဆိုးနေပုံပဲ ၂ယောက်လုံး တစ်ယောက်မှ အခန်းထဲက ထွက်မလာကြသေးဘူး။ Yeol ကြည့်ရတာလဲ အလဲလဲအကွဲကွဲပဲ "

Kris " Hyung က ပြေလည်နေပီတောင်

ထင်တာ ဒီ၂ယောက် ဘယ်လိုလုပ်ရပါ့မလဲ။ ဒါနဲ့ မင်းနဲ့ Soo Hyung ဘယ်သွားတာလဲ ငါ့ကျမခေါ်ဘူး "

Kai " ဟို . . .ဟိုလေ ဒီလိုပါပဲ Soo Hyung နဲ့ လုပ်စရာလေးရှိလို့ပါ။ Hyung ထမင်းစား မလား "

Kai စကားလမ်းကြောင်းလွဲလိုက်တယ်။

Kris " arnyi စားလာပီးပီ မင်းတို့ရော စားပီးပီလား "

Kai " စားပီးပီ ဟို ၂ယောက်ကိုတော့ အခန်းထဲ သွားပို့ထားတယ် စားမစားတော့ မသိဘူး။ဒါဆို Hyung နားတော့လေ နက်ဖြန် practice လဲရှိသေးတယ် ပီးတော့ Hun ပတ်တီးဖြည်ပီနော် "

Kris " အင်း Hun လေးကို စိတ်ပူတယ် သူ့ဆုံးဖြတ်ချက်မပြင်တော့ဘူးလားမသိဘူး။ကဲ ကဲ မင်းလဲနားတော့နော် နက်ဖြန်ညနေ Hun ဆီလဲသွားကြတာပေါ့ကွာ "

Kai " Nae Hyung Good Night "

Kris " Good Night "

Kris ကုတင်ပေါ်ကျောချလိုက်တာနဲ့ ခေါင်းထဲဝင်လာတာ စိတ်ပူစရာတွေပါ။ ပြောရမယ်ဆို ပင်ပန်းတယ်။Leader တစ် ယောက်ရော အကိုတစ်ယောက်အနေနဲ့ရော ကိစ္စတွေအားလုံး အဆင်ပြေစေချင်
တယ်။ ညီငယ်တွေအပေါ်အကောင်းဆုံး ဖြစ်စေချင်တယ်။ ခုတလော အဆင်မပြေတာတွေ ဖြစ်ပျက်နေတာကို စိတ်တိုင်းမကျပေမဲ့ ဘာမှမလုပ်ပေးနိုင်တဲ့ အတွက် စိတ်မကောင်း။

Kris သက်ပြင်းမှုတ်ထုတ် လိုက်တယ်။စိတ်ရှုပ်စရာတွေ ခေါင်းထဲက ဖယ်ထုတ်ဖို့စဉ်းစားတော့ ဒီနေ့ ဖြစ်ပျက်ခဲ့တာလေး ပြန်တွေးမိပီး ကြည်နူးစွာ ပြုံးလိုက်မိတယ် မသိလိုက်ခင်မှာတင် လက်က ကိုယ့်နှုတ်ခမ်းတွေ ကိုယ်ကိုင်မိလျက်သားနဲ့ပေါ့။

Flash Back. . . .

Kris တစ်ယောက် ဘယ်နေရာမှာ ဘာလုပ်ရမလဲ စဉ်းစားလို့မရ။ Chanbaek အဆင်ပြေဖို့ ရှောင်ပေးရတာနဲ့ သူပါ ဘုံပျောက်တာလေ။ဘယ်သွားရမလဲ မသိပါဘူးဆိုမှ Kai နဲ့ Kyungsoo Hyung ကလဲ တူတူထွက်သွားကြတယ်လေ။ဘယ်သွား မှာလဲမေးတော့ ဟိုလိုလိုဒီလိုလိုနဲ့ ဘာတွေမှန်းကို မသိ။ကျွန်တော့်ကျတော့ မခေါ်ကြဘူး ကျွန်တော့်အကျင့်ကလဲ ကိုယ်က လိုက်မယ်လို့ မပြောချင်။ Cool guy စတိုင် ပျက်သွားမှာစိုးရသေးတာကိုး။ Cool guy style အပျက်မခံတာ ခုတော့ ယောင်ခြောက်ဆယ် ဖြစ်နေပီ။ ခုတော့လဲ ခေါင်းတခါခါနဲ့

Kris " This position is not my style "

Hun ဆီသွားဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ အမှန်မှန်ဆို နက်ဖြန် Hun ပတ်တီးဖြည်မှာမို့ နက်ဖြန် အားလုံးလာမလို့ စီစဉ်ထားတာ။ ခုတော့ ၂ခေါက်ရောက်တာပေါ့လေ။ ဆေးရုံမြင်တော့မှ စိတ်ထဲမှာ နင့်ခနဲ။ ကိုယ့် ညီလေး၁ယောက် ဒီဆေးရုံမှာ ရှိနေပါလားဆိုတဲ့ အသိကြောင့်ပေါ့။ ဖြစ်နိုင်ရင် ဒီလိုနေရာမျိုးမှာ ကိုယ်ချစ်တဲ့သူတွေကို ရှိမနေစေချင်။

အခန်းဝရောက်တော့ အထဲမဝင်သေးပဲ အခန်းထဲကို လှမ်းကြည့်မိတော့ တံခါးဘုကို လှမ်းနေမိတဲ့လက်တွေ ရပ်တန့်သွားတယ်။ ကုတင်ပေါ်မှာ ခေါင်းတင်အိပ်ပျော်နေတဲ့ Luhan Hyung ကို Hun က ကုတင်ပေါ်မှာ မေးထောက်ပီး စိုက်ကြည့်နေတာပါ။ နှုတ်ခမ်းတွေကလဲ ပြုံးနေပီး မျက်လုံးတွေကလဲ ကြည်နူးရိပ်အပြည့် အဝေးကတောင် မြင်နေရတယ်။ ငယ်လေး ဒီလို
ပြုံးတာ မတွေ့ရတာ ကြာပီလေ။ သူအထဲဝင်မယ့် ခြေလှမ်းတွေ နောက်ဆုတ်လိုက်တယ်။ ငယ်လေးရဲ့ ကြည်နူးမှုလေးကို သူမဖျက်ဆီးသင့် ဘူးလေ။

Kris " အော် ဒီနေ့ ငါကိုလက်ခံမယ့် နေရာ မရှိပါလား ဟင်း . . . . "

Kris သက်ပြင်းချပီး ဓာတ်လှေကားအပြင် ထွက်လာတော့

Kris " O-o Tao "

Tao  " Kris O-o "

၂ယောက်လုံး အံသြသွားတယ်။

Kris " Luhan Hyung ဆီလာတာလား "

Tao " Nae Sehun ဆီလာတာလား ကျွန်တော် အပေါ်တတ်သွားလိုက်ဦးမယ် ကောင်းကောင်းသွားပါနော် "

Kris လဲ ဓာတ်လှေကားထဲ ဝင်တော့မယ့် Tao ကို လှမ်းဆွဲထားပီး

Kris " ကျွန်တော်ပဲ ပြန်ရမှာ မဟုတ်ဘူးထင် တယ်။ လာ ကျွန်တော်ဗိုက်ဆာနေပီ မနက်ထဲက ဘာမှမစားရသေးဘူး တစ်ခုခု သွားစားကြမယ် "

Tao "O-o ဟို ကျွန်တော်က Luhan ဆီလာတာလေ "

Tao ခမျာ Kris နောက် ယက်ကန်ယက်ကန် နဲ့ ဘုမသိဘမသိ ပါသွားလေရဲ့ . . . . . .  

************************************************************

Thank u very much for reading :) plz vitamin votes :)

Miyanae my readers :( update အရမ်းနောက်ကျသွားတယ်နော် ဒီရက်ပိုင်းလုံးဝမအားလို့ပါ နောက်တပိုင်းမြန်မြန်တင်ပေးပါ့မယ်လို့ :(

စိတ်ဆိုးကြနဲ့နော် :) Sarahae my readers :)

အနော့် fic အသစ် 'i don't want to hurt him anymore ' Teaser တင်ထားပါပီလို့ အနော် fb မှာပါ တင်ဖို့စဉ်းစားထားပါတယ် ဖတ်မယ်ဆိုရင်ပေါ့ မဖတ်ရင်မတင်ပါဘူး အနော့် fb name က Hunhan-deer Moe Exo-l ပါ :)
အနော် စကားရှည်သွားပီ  miyan :)

Continue Reading

You'll Also Like

3M 265K 48
!အမှန်တော့ မင်းက ကိုယ်အမြဲတမ်း အမှတ်တရ သိမ်းထားချင်မိတဲ့ အစိမ်းရောင် ပျော်ရွှင်ခြင်းလေးပါ... Oct9.2021 !အ...
212K 31.6K 71
Title : Po Yun (破云) Author : Huai Shang (淮上) Chapter:155 chapters + 6 Extras Genre:Action,Crime,Adult,Mystery,Drama,BL,bittersweet Content warning :...
115K 7K 26
Ogre ဘီလူးမျိုးနွယ်ဝင် ကောင်လေးတစ်ယောက်နှင့် လူသားကောင်လေးတို့၏ ချစ်ခရီးလမ်းကလေး သာယာဖြောင့်ဖြူးနိုင်ပါမည်လော??? boyXboy Dew ••• ogre မျိုးနွယ်ဝ...
229K 13.2K 37
Taekook ⚠️ រឿងភាគខ្លីᕦ⁠༼⁠✩⁠ل͜⁠✩⁠༽⁠ᕤ