Players

By SummerMaung

832K 26.2K 1.2K

"Real lifeမှာ စကေးကြမ်းလွန်းတဲ့ စနိုက်ကြော်ဆိုတာမရှိဘူး ပျော်ဝင်သွားတဲ့ယောကျာ်းဆိုတာပဲရှိတယ်" "ခေါင်းလေးပဲညိတ... More

Intro
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
39
40
41
42 Unicode
42 Zawgyi code
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65

38

6.3K 328 12
By SummerMaung

💛 Players ( Part - 38 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

လေးလံပိကျနေသည့်မျက်လုံးတွေကြောင့် မထချင်ထချင်ဖြင့် ထထိုင်လိုက်ကာ ပျင်းကြောဆန့်ရင်း ဝါးခနဲသန်းဝေလိုက်မိသည်။
လည်ဂုတ်လေးကို လက်ဖဝါးနှင့်ပွတ်နေရင်း အင်္ကျီကော်လံကိုထိမိသွား၍ ဘာလဲဟု အတွေးဝင်ကာ ငုံ့ကြည့်မိတော့ ခရာ့ကိုယ်ပေါ်မှ ဖဲသားညဝတ်အင်္ကျီအပြာရောင်ရှိနေသည်။
ခရာ ညအိပ်ရင် ဒါမျိုးတွေမဝတ်တတ်...

ကြောင်တောင်တောင်ဖြစ်သွားမိပြီးနောက် ခရာအခန်းကိုဝေ့ကြည့်မိတော့ မျက်နှာချင်းဆိုင်မှာ ကနုတ်ပန်းတွေဖြင့်ပုံဖော်ထားသော မီးလင်းဖိုတစ်ခုရှိကာ ထိုအနားမှာလည်း ဆိုဖာအရှည်တစ်လုံး ချထားသည်။
ခရာထိုင်နေသည့်ကုတင်ကလည်း ပွတ်လုံးတွေပါသည့် ကျွန်းကုတင်ကြီးဖြစ်ပြီး ကြမ်းပြင်သည် အမွှေးပွကော်ဇော်အနီရောင်ကို အခန်းပြည့်ခင်းထား၍ ထည်ဝါနေသည်။

မျက်နှာကျက်တည့်တည့်မှာ သလင်းကျောက်မီးဆိုင်းတစ်ခုရှိနေပြီး အခန်းသည် ထိုမီးဆိုင်းအလင်းရောင်နှင့် နံရံကပ်မီးရောင်တွေသာရှိတာမို့ ဘယ်အချိန်ရှိနေပြီလဲမသိ။
အကောင်းစားHotelတစ်ခုလို ထည်ဝါနေသည့် ဒီအခန်းကို ခရာ ဘယ်လိုရောက်နေခဲ့တာလဲ ဟု စဥ်းစားမိတော့ အရင်ဆုံးသတိရလိုက်တာက ကိုကြီး…

"နိုးပြီလား"

အခန်းတံခါးဝမှ ကိုကြီးအသံကြောင့် လှည့်ကြည့်မိတော့ ကိုကြီးကခါတိုင်းလို ရှပ်လက်ရှည်အဖြူကို ဘောင်းဘီအနက်နှင့်တွဲဝတ်ထားပြီး အဝတ်ဖိနပ်အနက်ရောင်နှင့်ဖြစ်သည်။
ခါတိုင်းလို သန့်ပြန့်ချောမွေ့နေသည့် ကိုကြီးကို တွေ့တော့ ခရာ အိပ်မက် မက်နေသလားဟု ဇဝေဇဝါပြန်ကြည့်မိသည်။

"ဘာတွေကြည့်နေတာလဲ မင်းအိပ်နေတာအကြာကြီးမို့ လာကြည့်တာ"

နူးညံ့နေသည့်အကြည့်တွေ၊ စကားသံတွေနှင့် ကိုကြီးက ခရာ့အနားရောက်လာပြီး ခုချိန်ထိလည်ဂုတ်ပေါ်က မဖယ်ရသေးသောလက်ကို ဆွဲယူသည်။
ဒါအိပ်မက်မဟုတ်ဘူး။ တကယ်ပဲ...

"ကိုကြီး"

"အင်း"

"ခရာ ဘယ်ရောက်နေတာလဲ"

"လားရှိုးစံအိမ်မှာ"

ထိုအချိန်အထိ ခရာမယုံသေးတာမို့ လက်ကိုဖယ်ချပစ်ကာ အိပ်ရာပေါ်ကဆင်းပြေးလာခဲ့ပြီး လိုက်ကာတွေကို ဆွဲဖယ်ပစ်တော့ အပြင်ကမြင်ကွင်းကြောင့်ပါးစပ်အဟောင်းသားဖြစ်သွားသည်။
အိမ်သည် တောင်ကုန်းပေါ်မှာရှိပုံရပြီး ခပ်ဝေးဝေးက ထင်းရှူးပင်တွေ၊ စိမ်းဖန့်နေသောမြက်ခင်းပြင်နှင့် ကျောက်ခင်းထားသောကားလမ်းလေးတွေဖြင့် ခြံကျယ်ကျယ်ကြီးတစ်ခု။
ဟိုးအောက်ဘက်မှာတော့ ခေါင်မိုးနီနီလေးတွေဖြင့် အိမ်လေးတွေကစီတန်းလို့...

"မတွဲချင်ဘူး ငြင်းရဲတယ်ဆိုလို့ ရအောင်ခေါ်လာတာ မင်းဘယ်လိုဆက်လုပ်မလဲ"

ဒါတကယ်လားဟုမယုံနိုင်ဖြစ်နေတုန်း ကိုကြီးက ခရာ့ကျောဘက်ကနေ ခါးလေးကိုဖက်ကာ ပခုံးပေါ်ရောက်နေပြီဖြစ်သော ဆံပင်တွေကိုငုံ့နမ်းသည်။
ရင်ထဲကျဥ်ခနဲဖြစ်သွားပြီး ကိုကြီးရဲ့ပွေ့ဖက်နွေးထွေးမှုကြောင့် ရင်တွေခုန်လာသလို တကယ်ကြီးလုပ်ချပစ်တာပဲဆိုသည့် အတွေးဖြင့် ကြောက်လည်းကြောက်သွားမိသည်။

"ဟင့်အင်း ကိုကြီးဖယ်.. ခရာပြန်မယ် အိမ်ကစိတ်ပူနေတော့မှာ ဖယ်ပါဆို"

အတင်းရုန်းဖယ်ပစ်နေတာကိုလည်း ဂရုမစိုက်စွာဖြင့် ခရာ့လည်ပင်းနှင့် နားရွက်ကလေးကို နမ်းဖို့ကြိုးစားနေ၍ ခရာငိုချင်လာပြီး ကိုကြီးလက်တွေကို အတင်းဖယ်ချပစ်မိသည်။
ဖေကြီး ခရာ့ကို အသေသဝာ်မလား၊ ဒါမှမဟုတ် Singaporeပြန်ခေါ်မလားဆိုသည့် အတွေးတွေဖြင့် ဘယ်လိုမှနေမရအောင် ကြောက်ရွံ့လာမိသည်။
ဒီကြားထဲ အတင်းနမ်းနေသောကိုကြီးကြောင့် ငိုချင်ပြင်းပြလာရ၍ အင့်ခနဲငိုချပစ်လိုက်တော့မှ ကိုကြီးရပ်သွားပြီး သူ့လက်တွေကိုကုတ်ဖဲ့ပြီး ငိုနေသည့်ခရာ့ကို ပြန်ကြည့်၏။

"မင်းပျောက်နေတာ မနေ့ညကတည်းကပဲ Bae ငါမင်းကိုခေါ်လာမှန်းလည်းသိကြတယ် မင်းနဲ့ငါ လက်ထပ်ရတော့မှာ သိရဲ့လား"

"မသိဘူး လက်မထပ်ဘူး ကိုကြီးနဲ့တွဲဖို့တောင် ခေါင်းထဲမရှိတာ"

"အခုမရှိလို့မရတော့ဘူးလေ မင်းကို လက်ထပ်ခွင့်တောင်းနေတာ မဟုတ်ဘူးနော် အက္ခရာ မင်း မဖြစ်မနေလက်ထပ်ရတော့မယ့်ကိစ္စကိုပြောနေတာ"

ကိုကြီးပြောသည့်စကားကလည်း မှန်နေသောကြောင့် ခရာ ကိုကြီးကိုမကြည့်ချင်တော့ဘဲ နေရာမှာပဲထိုင်ချပစ်ကာ မျက်နှာလေးမှောက်ပြီးငိုချမိသည်။
အခုဘယ်နှနာရီရှိနေပြီလဲမသိပေမယ့် မနေ့ညကတည်းကဆိုတော့ ပါပါးတို့ရော၊ ဖေကြီးတို့ပါသိသွားကြပြီပေါ့။
ပြီးတော့ ခရာသာ ဒီလူကြီးကိုယူလိုက်ရလျှင် ရှေ့ဆက်ရမည့် ပညာရေးလမ်းခရီးတွေလည်း အဆုံးသတ်သွားပြီလား...

"Bae မော့စမ်း ငါ့ကိုကြည့်"

"ဟင့်အင်း"

ခေါင်းလေးခါရင်း တအီးအီးငိုချမိပေမယ့် ကိုကြီးက ခရာ့မျက်နှာလေးကိုပင့်ယူကာ မျက်ရည်တွေသုတ်ပေးပြီး သေချာစူးစိုက်ကြည့်ပြီး ပြုံးသည်။
ထိုအပြုံးဟာ ခရာ့ကိုချစ်စနိုးအကြည့်တွေဖြင့် ဂျီကျနေသောကလေးပိစိလေးကို စိတ်ရှည်လက်ရှည်ချောမည့်ပုံမို့ ခရာငေးခနဲဖြစ်သွားမိသေးသည်။
ကိုကြီးက ခရာ့လက်ကလေးကိုဆွဲယူ၍ ကုတင်ပေါ်မှာပြန်ထိုင်ခိုင်းပြီး သူက ခရာ့ရှေ့မှာ မုဆိုးဒူးထောက်ကာ ခရာ့ကိုမော့ကြည့်သည်။

"မင်းကိုငါခိုးလာတာ ငါတကယ်မြတ်နိုးလို့၊ ငါ့အတွက်မင်းက သိပ်အရေးပါတဲ့လူမို့လို့၊ အဆုံးရှုံးမခံနိုင်လို့ ခေါ်လာတာ"

"မသိဘူး အဟင့်!!.. ခရာ့ကိုပြန်ပို့ပေးပါနော် ဖေကြီးက ခရာ့ကိုသတ်လိမ့်မယ်"

"Baeရာ ဘယ်သူမှမင်းကိုမထိရဘူး လက်ဖျားနဲ့တောင် ထိခွင့်မပေးဘူး ငါ့ကိုယုံလိုက်"

ခရာခေါင်းခါပြလိုက်တော့ ကိုကြီးက ကျွတ်ခနဲစုပ်သပ်ကာ ထိုင်နေရာမှထရပ်ပြီး နဖူးလေးကိုငုံ့နမ်းကာ ခရာ့လက်ကလေးကိုပြန်လွှတ်ပေးသည်။
ဖေကြီးအကြောင်း ခရာအသိဆုံးဖြစ်ကာ ခရာ့ကိုယုံကြည်ပြီး ခဏလောက်လက်လွှတ်ပေးထားသည့် ဤအချိန်လေးမှာ ခရာ ဖြစ်ချင်သလိုဖြစ်သွားသောကြောင့် ဘယ်လောက်ထိဒေါသဖြစ်နေလိမ့်မလဲ…

"ရေချိုးလိုက် မင်းဝတ်ဖို့အကုန်စီစဥ်ပေးထားတယ် ပြီးရင်အောက်ဆင်းလာခဲ့ ဒါမင်းရဲ့အိမ်ပဲ လွတ်လွတ်လပ်လပ်နေ"

"အိမ်ပြန်မယ်လို့"

"မပြန်ရဘူး ပြန်လစ်ပြေးမယ်လည်းမကြံနဲ့နော် မင်းကိုငါပိုင်တယ် ငါနဲ့ပဲနေရမယ် မင်း ငါ့ဆီကတစ်ခါထွက်ပြေးပြီးပြီ နောက်တစ်ခါထွက်ပြေးရင် ခွင့်မလွှတ်ဘူး မင်းခြေထောက်တွေကိုရိုဂာ်ချိုးပစ်မယ်"

ပြောပြီးသည်နှင့် လှည့်ထွက်သွားသော ကိုကြီးရဲ့ကျောပြင်ကျယ်ကြီးကိုကြည့်ရင်း ခရာ အီးခနဲငိုချရင်း မျက်ရည်တွေသုတ်ပစ်လိုက်သည်။
သူများဘဝကို ဒီလိုမျိုး ချယ်လှယ်ချင်တိုင်း ချယ်လှယ်လို့ရမလား…
ခရာကရော အဲ့လိုလွယ်လွယ်လေးနဲ့ အရှုံးပေး အညံ့ခံမယ့်သူမို့လား...

💛💛▫▫▫💛💛

"ပြော.. ငါ့သမီးကို ဘယ်သူကခေါ်သွားတာလဲ"

အေးစက်စူးရှသော လေးလေးရဲ့အကြည့်ကြောင့် ရင်တုန်နေရသည့်အပြင် လေးလေးရဲ့အသံက ဒေါသဖြင့်မာကျောနေကာ မြင်မြင်သမျှလူကို သဝာ်ပစ်ချင်နေသည့်ပုံစံဖြင့်။
အပြစ်ပေး ရက်စက်တတ်သော လေးလေးအကြောင်းသိနေ၍ သွေးကြောက်ရွံ့တုန်လှုပ်နေမိသလို ထိုကြောက်ရွံ့ခြင်းက ရင်ဘတ်ထဲက လာသည်။
ဘာမှလည်းပြန်မပြောရဲဘဲ နှလုံးခုန်သံတွေမြန်လာသလို အသက်ရှုသံတွေပါမြန်လာပြီး ရှေ့မှာထိုင်နေသော လေးလေးကို မော့မကြည့်ရဲ...

"အမရာ"

ဝုန်းခနဲထရပ်လိုက်သည့် လေးလေးကြောင့် သွေး ဟန်မဆောင်နိုင်တော့ဘဲ ဒူးတွေညွတ်ခွေကျသွားပြီး လေးလေးကို အသနားခံသလိုမော့ကြည့်မိသည်။
အလိုလိုက်စရာရှိလာရင် ကမ်းကုန်အောင်အလိုလိုက်ပြီး ရက်စက်စရာရှိလာရင်လည်း လေးလေးက မညှာတာတတ်သူ။

"တန်ခိုး.. သူ့နာမည်တန်ခိုးပါ Min Groupရဲ့ ဆိုဒ်အင်ဂျင်နီယာတစ်ယောက်ပါ"

"သာမာန်ဆိုဒ်အင်ဂျင်နီယာတစ်ယောက်က ငါ့သမီးကို ခိုးသွားရဲတဲ့သတ္တိရှိတယ်ပေါ့ ဟုတ်လား နင်ငါ့ကိုလိမ်နေတာလား"

"ခရာ့ကို လေးလေးရဲ့သမီးမှန်း သူ မသိပါဘူး သူတို့ချင်း ဒီအတိုင်း.."

"တိတ်စမ်း"

အနီးအနားမှာ ဖေဖေရှိပေမယ့် လေးလေးသောင်းကျန်းနေသမျှကိုမတားသလို မေမေကလည်း သွေးကိုမကြည့်ဘဲ ငိုနေသည့်အန်တီနှင်းပန်းကိုသာ ချော့နေသည်။
ခရာ့ကိုခေါ်သွားခွင့်ရအောင် သွေးက လမ်းဖောက်ပေးခဲ့သည်ဟု ဖေဖေတို့အားလုံးထင်နေကြ၍ သွေးဘက်မှာ ဘယ်သူမှမရှိသည့်အပြင် စူးရှသော လေးလေးအကြည့်တွေကြောင့် သွေး တုန်ခိုက်နေအောင် ကြောက်နေမိသည်။
ဒါတွေက နင့်ကြောင့်ပဲ အက္ခရာ။ နင်သာလိုက်မသွားရင်...

"ဆရာကြီး BG 4ရောက်ပါပြီ"
(BG - Bodyguard )

BG 4ဆိုတာ ခရာ့ရဲ့ကိုယ်ရံတော်မှန်း သွေးသိနေပြီး  လေးလေးအမိန့်ဖြင့် ခရာ့ကို စောင့်ကြည့်ရသူဖြစ်ကာ ထိုလူကိုခရာပြန်လွှတ်လိုက်ပြီဟု ထင်ခဲ့မိသည်။
အခုမှသာ ထိုလူဟာခရာ့နောက်မှာရှိနေဆဲမှန်း သိလိုက်ရပြီး လေးလေးသည် ခရာ့ကို ဘယ်တော့မှ တစ်ယောက်တည်းမထားမှန်း သွေးသိလိုက်ရ၏။

"မင်းကဘယ်ရောက်နေလို့ အက္ခရာပျောက်သွားမှ ပေါ်လာရတာလဲ"

"ကျွန်တော်အဖမ်းခံရတာပါ ဆရာကြီး"

"ဘယ်သူကဖမ်းတာလဲ"

"ဖမ်းတာကတော့ ရဲတွေပါ လက်နဂာ်ကိုင်ဆောင်တယ်လို့ တစ်ယောက်ယောက်က တိုင်လိုက်ပုံပဲ အစစ်အဆေးမရှိဖမ်းသွားတာ အခုမှ အထက်လူကြီးနဲ့စကားပြောခွင့်ရလို့ ပြန်ထွက်လာတာပါ"

BG 4ရဲ့ဖြေရှင်းစကားကြောင့် လေးလေးအကြည့်တွေ သွေးဆီပြန်ရောက်လာပြီး အံကြိတ်သံနှင့်စကားဆိုလာ၏။
အံကြိတ်သံသည် ဒေါသမာန်အပြည့်နှင့်မို့ ကြက်သီးထဖွယ်...

"တွေ့လား အဲ့ဒါသေသေချာချာ အကွက်ချစီမံထားတာ ခရာ့နောက်မှာBG 4ရှိတာ သူကိုယ်တိုင်တောင်မသိဘူး ဒီကောင်အဖမ်းခံရတဲ့အချိန်မှာ အက္ခရာပျောက်သွားတာ တိုက်ဆိုင်မှုမဟုတ်ဘူး သာမာန်အင်ဂျင်နီယာတစ်ယောက်က အဲ့လောက်ထိလည်း မထက်မြက်နိုင်ဘူး
သေချာတယ် အဲ့ဒီတန်ခိုးဆိုတာ သာမာန်ကောင်မဟုတ်ဘူး"

လေးလေးစကားကြောင့် သွေးတုန်လှုပ်သွားမိကာ သွေးဘာမှမသိခဲ့ရသည့် ကို့ရဲ့နောက်ကြောင်းဟာ ဒီလိုအာဏာတွေ၊ အကွက်ရွှေ့မှုတွေနဲ့ သက်ဆိုင်နေမလား…
ဒါဆို ကိုဟာ ဘယ်လိုလူမျိုးလဲ....

💛💛▫▫▫💛💛

လွှဲရိုက်လိုက်သည့် ဂေါ့ဖ်တံနှင့်အတူ အဝေးသို့လွင့်ထွက်သွားသည့် ဂေါ့ဖ်သီးကိုလှမ်းကြည့်တော့ ကျင်းအနားထိရောက်သွား၍ အစ်ကိုက တစ်ချက်ပြုံးသည်။
သူကတော့ ဂေါ့ဖ်တံပေါ် လက်နှစ်ဖက်လုံးတင်ထားလျက် ပခုံးတွန့်ကာ...

"အစ်ကို့ရိုက်ချက်က ကောင်းလှချေလား"

"ကောင်းဆို မနေ့တစ်နေ့ကပဲ ဒီဂေါ့ဖ်တံနဲ့ ငါ့ကိုသစ္စာဖောက်သွားတဲ့ကောင်ကို ရိုက်ခွဲထားတာ"

ဒါကတော့ဖြစ်ရိုးထုံးစံပဲမို့ သူ ဟက်ခနဲရယ်လိုက်တော့ အစ်ကိုကလက်အိတ်ကိုချွတ်ပြီး လက်ချောင်းတွေကိုဖြန့်လိုက်၊ ပြန်ဆုပ်လိုက် လုပ်နေသည်။
ညီအစ်ကိုနှစ်ယောက်လည်း မဆုံတာကြာပြီမို့ အေးအေးလူလူ ခြံထဲမှာဂေါ့ဖ်ရိုက်နေရင်း စကားစမြည်ပြောကာ အလုပ်ကိစ္စတွေတိုင်ပင်ဖြစ်သည်။
အထူးသဖြင့် သူတို့ညီအစ်ကိုရဲ့targetက Min groupဖြစ်ကာ ထိုGroupကို သူတို့လက်ထဲရောက်ဖို့ အစီအစဥ်ကို အသေးစိပ်တိုင်ပင်ကြခြင်း။

"မင်း ဘယ်နေ့ပြန်ဆင်းမှာလဲ တန်ခိုး"

"နောက်ထပ် ၂ရက်ပဲ သူခေါင်းညိတ်လိမ့်မယ်"

"သေချာလှချေလား မြေပြန့်မှာ ဦးမင်းထက်ပြန်ရောက်နေပြီဆိုလို့ အက္ခရာရဲ့ကိုယ်ရံတော်ကို ငါပြန်လွှတ်ပေးလိုက်ပြီ မင်းအချိန်မရတော့ဘူးနော်"

"၂ရက်ပါပဲဆို ဒီကပြန်ရင် ကျွန်တော်ဘာလုပ်ရမှာလဲ"

"အရင်ဆုံး ခယ်မလေးကိုလက်ထပ်ယူလိုက် ပြီးမှကျန်တာဆက်ပြောမယ်"

"အက္ခရာကို မပါမဖြစ်ပြောနေတာပဲ သူ့ကိုအဲ့လောက်ချစ်လား အစ်ကို"

"ကလေးမကချစ်စရာလေးမို့ပါကွာ မင်းသိလားတန်ခိုး ငါကညီမလေးတစ်ယောက်လိုချင်ခဲ့တာ မင်းမွေးလာတုန်းကဆို မင်းကိုမလိုချင်လို့ ငိုခဲ့ရသေးတယ်"

တကယ်လည်း အစ်ကိုက အက္ခရာကို ဘာကိုသဘောကျနေမှန်းမသိဘဲ ခယ်မလေးဟု သူကိုယ်တိုင်နာမည်တပ်ပြီး ခိုးမယ်ဆိုတုန်းကလည်း...

"မင်းကိုသူ ခေါင်းညိတ်ရင် ငါလက်ရှောင်မယ် သူငြင်းရင်တော့ ငါဆက်လုပ်မယ် အဲ့ဒါကိုPlan Bထားလိုက်"

ဟု ဆိုခဲ့သူ။
အတွေးကိုယ်စီဖြင့် ပြုံးနေကြတုန်း ဒိန်းခနဲသေနတ်ဖောက်သံကြောင့် အသံလာရာဆီလှည့်ကြည့်မိတာက ပြိုင်တူ။
ချက်ချင်းလိုလို အစ်ကို့ဆီဖုန်းဝင်လာ၍ အစ်ကိုက ဖုန်းကိုင်လိုက်ကာ သူ့ကိုကားပေါ်တက်ဖို့မေးဆတ်ပြသည်။

"မင်းရဲ့အက္ခရာထွက်ပြေးလို့"

လျှပ်စစ်ကားလေးကို အစ်ကိုက ကိုယ်တိုင်မောင်းကာ အိမ်ကျောဘက်ကိုရောက်လာတော့ အစ်ကိုတပည့်တွေ ဝိုင်းထားသည့်ကြားမှာ ထိုင်လျက်လေးရှိနေသော ခရာ။
စောစောကညအိပ်ဝတ်စုံကိုတောင် မလဲရသေးတာမို့ ဒေါသဖြစ်သွားမိပြီး ကားရပ်လိုက်သည်နှင့် ဂေါ့ဖ်တံကို လက်ကနေတရွတ်တိုက် ဆွဲယူလာခဲ့သည်။

"ထွက်မပြေးနဲ့လို့ သေချာမှာခဲ့တယ်မလား"

သူ ရောက်လာပြီမို့ အစ်ကိုတပည့်တွေက နောက်ဆုတ်သွားပြီး ကိုယ့်နေရာကိုပြန်သွားကြကာ အစ်ကိုလည်း ကားကိုပြန်မောင်းသွား၍ သူတို့၂ယောက်သာကျန်နေခဲ့တော့၏။
သေနတ်သံကိုလန့်နေပုံရသည့် ခရာက ထိုင်ရာမှမထသေးဘဲ သူ့ကိုမော့ကြည့်ရင်း ငိုမဲ့မဲ့လေးဖြစ်သွားကာ...

"ခရာအိမ်ပြန်ချင်တယ်"

ဟု ဂျစ်ကန်ကန် တောင်းဆိုလာပြန်သည်။
ဒူးလောက်သာရှည်သောဘောင်းဘီလေးကြောင့် ဖြူဖွေးသွယ်လျသော ခြေထောက်ကလေးကို အတိုင်းသားမြင်နေရ၍ အကြည့်က ထိုနေရာသို့ရောက်သွားသည်။
ခါတိုင်းလည်းမြင်ဖူးနေပေမယ့် ဒီတစ်ခါမှ စိတ်ထဲမရိုးမရွဖြစ်လာမိပေမယ့် ဒီကောင်မလေးကို နည်းနည်းတော့ ခြောက်ပေးမှဖြစ်မှာမို့...

"မင်းခြေထောက်ကလေးတွေ သိပ်လှတယ် Bae.. အဲ့ဒီတော့ ရွေးချယ်ခွင့်ပေးမယ်ကွာ အဲ့ဒီခြေထောက်ကလေးတွေကို အကောင်းအတိုင်းထားရမလား ဒါမှမဟုတ် မပြေးနိုင်ရုံလေးချိန်ဆပြီး ဒီဂေါ့ဖ်တံနဲ့..."

စကားမဆုံးခင် သူမ အော်ငိုလိုက်သံက ပတ်ဝန်းကျင်တစ်ခုလုံးဖုံးလွှမ်းသွားတော့၏။
သူကအလျှော့မပေးဘဲ ခြေထောက်ကလေးကို ဂေါ့ဖ်တံနှင့်ရွယ်လိုက်တော့ သူမအသည်းအသန်ထရပ်ပြီး သူ့လက်ကို ထပ်အုပ်ဆုပ်ကိုင်၏။

"မလုပ်နဲ့လို့"

"ကြောက်တယ်ပေါ့ ဟုတ်လား ကြောက်ရင်ဘာလို့ ငါ့စကားကိုနားမထောင်တာလဲ"

"အိမ်ပြန်ချင်လို့ပါ အိမ်ပြန်ချင်လို့ နားမထောင်တာပါဆို အဟင့်!.. ခရာ့ကိုမရိုက်ပါနဲ့ ရိုက်ရင် ရှင်ကြီးကိုမုန်းပစ်မှာ"

"မုန်းတဲ့စကားထပ်မပြောနဲ့ အက္ခရာ.. ငါရှိနေတဲ့နေရာကမင်းရဲ့အိမ်ပဲ မင်းနားမလည်သေးဘူးလား ထပ်ပြောမယ် မင်းကိုငါပိုင်တယ် မင်းငါနဲ့ပဲနေရမယ်"

"ဟင့်အင်း မနေချင်ဘူး ကိုကြီးကိုမုန်းတယ် အီးဟီး!.."

သူ့ရင်ဘတ်ကို လက်သီးဆုပ်သေးသေးလေးတွေဖြင့် ထုနှက်ကာ ငိုမြဲငိုနေ၍ အသည်းယားသွားပြီး နဖူးလေးကိုငုံ့နမ်းလိုက်မိသည်။
ပြီးမှလက်ကလေးကိုဆွဲယူပြီး အိမ်ဘက်ပြန်လာခဲ့တော့ သူမသည် ငြင်းလည်းမငြင်းရဲဘဲ တအိအိငိုယိုနေရင်း သူ့နောက်က ပါလာ၏။

"သူ့ကိုရေချိုးခိုင်းပြီး သေချာစောင့်ကြည့်နေ.. ဘာမှလည်းမထိခိုက်စေနဲ့ ထွက်လည်းမပြေးစေနဲ့ သူ နောက်တစ်ခါထွက်ပြေးရင် မင်းတို့အားလုံးသေမယ်"

သူမ,ကြားအောင် အိမ်အကူကောင်မလေးနှစ်ယောက်ကို တမင်ကြိမ်းမောင်းပြီး ခရာ့ကို သူ့အခန်းထဲပြန်ထည့်ထားခဲ့တော့ Baeသည် သူ့ကိုမကျေမနပ်ကြည့်နေဆဲဖြစ်သည်။
အောက်ထပ်ကိုဆင်းလာတော့ ဧည့်ခန်းမှာရှိနေသော အစ်ကိုက သူ့ကိုကြည့်ကာ ပြုံးစိစိလုပ်နေ၍ မသိဟန်ဆောင်ပြီး ခုံတစ်လုံးမှာဝင်ထိုင်လိုက်သည်။

သူ သည်းသည်းလှုပ်နေတာ အစ်ကိုတောင်သတိထားမိနေပြီလား...

💛💛▫▫▫💛💛

Part 39 ဆက်ရန်

စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997

~~~~~~~~~~~~~~~~~~~~~~~~~~

    
💛 Players ( Part - 38 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

ေလးလံပိက်ေနသည့္မ်က္လံုးေတြေၾကာင့္ မထခ်င္ထခ်င္ျဖင့္ ထထိုင္လိုက္ကာ ပ်င္းေၾကာဆန႔္ရင္း ဝါးခနဲသန္းေဝလိုက္မိသည္။
လည္ဂုတ္ေလးကို လက္ဖဝါးႏွင့္ပြတ္ေနရင္း အက်ႌေကာ္လံကိုထိမိသြား၍ ဘာလဲဟု အေတြးဝင္ကာ ငံု႔ၾကၫ့္မိေတာ့ ခရာ့ကိုယ္ေပၚမွ ဖဲသားညဝတ္အက်ႌအျပာေရာင္ရိွေနသည္။
ခရာ ညအိပ္ရင္ ဒါမ်ိဳးေတြမဝတ္တတ္...

ေၾကာင္ေတာင္ေတာင္ျဖစ္သြားမိၿပီးေနာက္ ခရာအခန္းကိုေဝ့ၾကၫ့္မိေတာ့ မ်က္ႏွာခ်င္းဆိုင္မွာ ကႏုတ္ပန္းေတျြဖင့္ပံုေဖာ္ထားေသာ မီးလင္းဖိုတစ္ခုရိွကာ ထိုအနားမွာလည္း ဆိုဖာအရွည္တစ္လံုး ခ်ထားသည္။
ခရာထိုင္ေနသၫ့္ကုတင္ကလည္း ပြတ္လံုးေတြပါသၫ့္ ကၽြန္းကုတင္ႀကီးျဖစ္ၿပီး ၾကမ္းျပင္သည္ အေမႊးပြေကာ္ေဇာ္အနီေရာင္ကို အခန္းျပၫ့္ခင္းထား၍ ထည္ဝါေနသည္။

မ်က္ႏွာက်က္တၫ့္တၫ့္မွာ သလင္းေက်ာက္မီးဆိုင္းတစ္ခုရိွေနၿပီး အခန္းသည္ ထိုမီးဆိုင္းအလင္းေရာင္ႏွင့္ နံရံကပ္မီးေရာင္ေတြသာရိွတာမို႔ ဘယ္အခ်ိန္ရိွေနၿပီလဲမသိ။
အေကာင္းစားHotelတစ္ခုလို ထည္ဝါေနသၫ့္ ဒီအခန္းကို ခရာ ဘယ္လိုေရာက္ေနခဲ့တာလဲ ဟု စဥ္းစားမိေတာ့ အရင္ဆံုးသတိရလိုက္တာက ကိုႀကီး…

"ႏိုးၿပီလား"

အခန္းတံခါးဝမွ ကိုႀကီးအသံေၾကာင့္ လွၫ့္ၾကၫ့္မိေတာ့ ကိုႀကီးကခါတိုင္းလို ရွပ္လက္ရွည္အျဖဴကို ေဘာင္းဘီအနက္ႏွင့္တဲြဝတ္ထားၿပီး အဝတ္ဖိနပ္အနက္ေရာင္ႏွင့္ျဖစ္သည္။
ခါတိုင္းလို သန႔္ျပန႔္ေခ်ာေမြ့ေနသၫ့္ ကိုႀကီးကို ေတြ့ေတာ့ ခရာ အိပ္မက္ မက္ေနသလားဟု ဇေဝဇဝါျပန္ၾကၫ့္မိသည္။

"ဘာေတြၾကၫ့္ေနတာလဲ မင္းအိပ္ေနတာအၾကာႀကီးမို႔ လာၾကၫ့္တာ"

ႏူးညံ့ေနသၫ့္အၾကၫ့္ေတြ၊ စကားသံေတြႏွင့္ ကိုႀကီးက ခရာ့အနားေရာက္လာၿပီး ခုခ်ိန္ထိလည္ဂုတ္ေပၚက မဖယ္ရေသးေသာလက္ကို ဆဲြယူသည္။
ဒါအိပ္မက္မဟုတ္ဘူး။ တကယ္ပဲ...

"ကိုႀကီး"

"အင္း"

"ခရာ ဘယ္ေရာက္ေနတာလဲ"

"လားရိႈးစံအိမ္မွာ"

ထိုအခ်ိန္အထိ ခရာမယံုေသးတာမို႔ လက္ကိုဖယ္ခ်ပစ္ကာ အိပ္ရာေပၚကဆင္းေျပးလာခဲ့ၿပီး လိုက္ကာေတြကို ဆဲြဖယ္ပစ္ေတာ့ အျပင္ကျမင္ကြင္းေၾကာင့္ပါးစပ္အေဟာင္းသားျဖစ္သြားသည္။
အိမ္သည္ ေတာင္ကုန္းေပၚမွာရိွပံုရၿပီး ခပ္ေဝးေဝးက ထင္းရႉးပင္ေတြ၊ စိမ္းဖန႔္ေနေသာျမက္ခင္းျပင္ႏွင့္ ေက်ာက္ခင္းထားေသာကားလမ္းေလးေတျြဖင့္ ၿခံက်ယ္က်ယ္ႀကီးတစ္ခု။
ဟိုးေအာက္ဘက္မွာေတာ့ ေခါင္မိုးနီနီေလးေတျြဖင့္ အိမ္ေလးေတြကစီတန္းလို႔...

"မတဲြခ်င္ဘူး ျငင္းရဲတယ္ဆိုလို႔ ရေအာင္ေခၚလာတာ မင္းဘယ္လိုဆက္လုပ္မလဲ"

ဒါတကယ္လားဟုမယံုႏိုင္ျဖစ္ေနတုန္း ကိုႀကီးက ခရာ့ေက်ာဘက္ကေန ခါးေလးကိုဖက္ကာ ပခံုးေပၚေရာက္ေနၿပီျဖစ္ေသာ ဆံပင္ေတြကိုငံု႔နမ္းသည္။
ရင္ထဲက်ဥ္ခနဲျဖစ္သြားၿပီး ကိုႀကီးရဲ့ေပြ့ဖက္ေနြးေထြးမႈေၾကာင့္ ရင္ေတြခုန္လာသလို တကယ္ႀကီးလုပ္ခ်ပစ္တာပဲဆိုသၫ့္ အေတြးျဖင့္ ေၾကာက္လည္းေၾကာက္သြားမိသည္။

"ဟင့္အင္း ကိုႀကီးဖယ္.. ခရာျပန္မယ္ အိမ္ကစိတ္ပူေနေတာ့မွာ ဖယ္ပါဆို"

အတင္းရုန္းဖယ္ပစ္ေနတာကိုလည္း ဂရုမစိုက္စြာျဖင့္ ခရာ့လည္ပင္းႏွင့္ နားရြက္ကေလးကို နမ္းဖို႔ႀကိဳးစားေန၍ ခရာငိုခ်င္လာၿပီး ကိုႀကီးလက္ေတြကို အတင္းဖယ္ခ်ပစ္မိသည္။
ေဖႀကီး ခရာ့ကို အေသသဝာ္မလား၊ ဒါမွမဟုတ္ Singaporeျပန္ေခၚမလားဆိုသၫ့္ အေတြးေတျြဖင့္ ဘယ္လိုမွေနမရေအာင္ ေၾကာက္ရြံ႔လာမိသည္။
ဒီၾကားထဲ အတင္းနမ္းေနေသာကိုႀကီးေၾကာင့္ ငိုခ်င္ျပင္းျပလာရ၍ အင့္ခနဲငိုခ်ပစ္လိုက္ေတာ့မွ ကိုႀကီးရပ္သြားၿပီး သူ႔လက္ေတြကိုကုတ္ဖဲ့ၿပီး ငိုေနသၫ့္ခရာ့ကို ျပန္ၾကၫ့္၏။

"မင္းေပ်ာက္ေနတာ မေန့ညကတည္းကပဲ Bae ငါမင္းကိုေခၚလာမွန္းလည္းသိၾကတယ္ မင္းနဲ႔ငါ လက္ထပ္ရေတာ့မွာ သိရဲ့လား"

"မသိဘူး လက္မထပ္ဘူး ကိုႀကီးနဲ႔တဲြဖို႔ေတာင္ ေခါင္းထဲမရိွတာ"

"အခုမရိွလို႔မရေတာ့ဘူးေလ မင္းကို လက္ထပ္ခြင့္ေတာင္းေနတာ မဟုတ္ဘူးေနာ္ အကၡရာ မင္း မျဖစ္မေနလက္ထပ္ရေတာ့မယ့္ကိစၥကိုေျပာေနတာ"

ကိုႀကီးေျပာသၫ့္စကားကလည္း မွန္ေနေသာေၾကာင့္ ခရာ ကိုႀကီးကိုမၾကၫ့္ခ်င္ေတာ့ဘဲ ေနရာမွာပဲထိုင္ခ်ပစ္ကာ မ်က္ႏွာေလးေမွာက္ၿပီးငိုခ်မိသည္။
အခုဘယ္ႏွနာရီရိွေနၿပီလဲမသိေပမယ့္ မေန့ညကတည္းကဆိုေတာ့ ပါပါးတို႔ေရာ၊ ေဖႀကီးတို႔ပါသိသြားၾကၿပီေပါ့။
ၿပီးေတာ့ ခရာသာ ဒီလူႀကီးကိုယူလိုက္ရလ်ွင္ ေရ႔ွဆက္ရမၫ့္ ပညာေရးလမ္းခရီးေတြလည္း အဆံုးသတ္သြားၿပီလား...

"Bae ေမာ့စမ္း ငါ့ကိုၾကၫ့္"

"ဟင့္အင္း"

ေခါင္းေလးခါရင္း တအီးအီးငိုခ်မိေပမယ့္ ကိုႀကီးက ခရာ့မ်က္ႏွာေလးကိုပင့္ယူကာ မ်က္ရည္ေတြသုတ္ေပးၿပီး ေသခ်ာစူးစိုက္ၾကၫ့္ၿပီး ႃပံုးသည္။
ထိုအႃပံုးဟာ ခရာ့ကိုခ်စ္စႏိုးအၾကၫ့္ေတျြဖင့္ ဂ်ီက်ေနေသာကေလးပိစိေလးကို စိတ္ရွည္လက္ရွည္ေခ်ာမၫ့္ပံုမို႔ ခရာေငးခနဲျဖစ္သြားမိေသးသည္။
ကိုႀကီးက ခရာ့လက္ကေလးကိုဆဲြယူ၍ ကုတင္ေပၚမွာျပန္ထိုင္ခိုင္းၿပီး သူက ခရာ့ေရ႔ွမွာ မုဆိုးဒူးေထာက္ကာ ခရာ့ကိုေမာ့ၾကၫ့္သည္။

"မင္းကိုငါခိုးလာတာ ငါတကယ္ျမတ္ႏိုးလို႔၊ ငါ့အတြက္မင္းက သိပ္အေရးပါတဲ့လူမို႔လို႔၊ အဆံုးရႈံးမခံႏိုင္လို႔ ေခၚလာတာ"

"မသိဘူး အဟင့္!!.. ခရာ့ကိုျပန္ပို႔ေပးပါေနာ္ ေဖႀကီးက ခရာ့ကိုသတ္လိမ့္မယ္"

"Baeရာ ဘယ္သူမွမင္းကိုမထိရဘူး လက္ဖ်ားနဲ႔ေတာင္ ထိခြင့္မေပးဘူး ငါ့ကိုယံုလိုက္"

ခရာေခါင္းခါျပလိုက္ေတာ့ ကိုႀကီးက ကၽြတ္ခနဲစုပ္သပ္ကာ ထိုင္ေနရာမွထရပ္ၿပီး နဖူးေလးကိုငံု႔နမ္းကာ ခရာ့လက္ကေလးကိုျပန္လႊတ္ေပးသည္။
ေဖႀကီးအေၾကာင္း ခရာအသိဆံုးျဖစ္ကာ ခရာ့ကိုယံုၾကည္ၿပီး ခဏေလာက္လက္လႊတ္ေပးထားသၫ့္ ဤအခ်ိန္ေလးမွာ ခရာ ျဖစ္ခ်င္သလိုျဖစ္သြားေသာေၾကာင့္ ဘယ္ေလာက္ထိေဒါသျဖစ္ေနလိမ့္မလဲ…

"ေရခ်ိဳးလိုက္ မင္းဝတ္ဖို႔အကုန္စီစဥ္ေပးထားတယ္ ၿပီးရင္ေအာက္ဆင္းလာခဲ့ ဒါမင္းရဲ့အိမ္ပဲ လြတ္လြတ္လပ္လပ္ေန"

"အိမ္ျပန္မယ္လို႔"

"မျပန္ရဘူး ျပန္လစ္ေျပးမယ္လည္းမႀကံနဲ႔ေနာ္ မင္းကိုငါပိုင္တယ္ ငါနဲ႔ပဲေနရမယ္ မင္း ငါ့ဆီကတစ္ခါထြက္ေျပးၿပီးၿပီ ေနာက္တစ္ခါထြက္ေျပးရင္ ခြင့္မလႊတ္ဘူး မင္းေျခေထာက္ေတြကိုရိုဂာ္ခ်ိဳးပစ္မယ္"

ေျပာၿပီးသည္ႏွင့္ လွၫ့္ထြက္သြားေသာ ကိုႀကီးရဲ့ေက်ာျပင္က်ယ္ႀကီးကိုၾကၫ့္ရင္း ခရာ အီးခနဲငိုခ်ရင္း မ်က္ရည္ေတြသုတ္ပစ္လိုက္သည္။
သူမ်ားဘဝကို ဒီလိုမ်ိဳး ခ်ယ္လွယ္ခ်င္တိုင္း ခ်ယ္လွယ္လို႔ရမလား…
ခရာကေရာ အဲ့လိုလြယ္လြယ္ေလးနဲ႔ အရႈံးေပး အညံ့ခံမယ့္သူမို႔လား...

💛💛▫▫▫💛💛

"ေျပာ.. ငါ့သမီးကို ဘယ္သူကေခၚသြားတာလဲ"

ေအးစက္စူးရွေသာ ေလးေလးရဲ့အၾကၫ့္ေၾကာင့္ ရင္တုန္ေနရသၫ့္အျပင္ ေလးေလးရဲ့အသံက ေဒါသျဖင့္မာေက်ာေနကာ ျမင္ျမင္သမ်ွလူကို သဝာ္ပစ္ခ်င္ေနသၫ့္ပံုစံျဖင့္။
အျပစ္ေပး ရက္စက္တတ္ေသာ ေလးေလးအေၾကာင္းသိေန၍ ေသြးေၾကာက္ရြံ႔တုန္လႈပ္ေနမိသလို ထိုေၾကာက္ရြံ႔ျခင္းက ရင္ဘတ္ထဲက လာသည္။
ဘာမွလည္းျပန္မေျပာရဲဘဲ ႏွလံုးခုန္သံေတျြမန္လာသလို အသက္ရႈသံေတြပါျမန္လာၿပီး ေရ႔ွမွာထိုင္ေနေသာ ေလးေလးကို ေမာ့မၾကၫ့္ရဲ...

"အမရာ"

ဝုန္းခနဲထရပ္လိုက္သၫ့္ ေလးေလးေၾကာင့္ ေသြး ဟန္မေဆာင္ႏိုင္ေတာ့ဘဲ ဒူးေတြၫြတ္ေခြက်သြားၿပီး ေလးေလးကို အသနားခံသလိုေမာ့ၾကၫ့္မိသည္။
အလိုလိုက္စရာရိွလာရင္ ကမ္းကုန္ေအာင္အလိုလိုက္ၿပီး ရက္စက္စရာရိွလာရင္လည္း ေလးေလးက မၫွာတာတတ္သူ။

"တန္ခိုး.. သူ႔နာမည္တန္ခိုးပါ Min Groupရဲ့ ဆိုဒ္အင္ဂ်င္နီယာတစ္ေယာက္ပါ"

"သာမာန္ဆိုဒ္အင္ဂ်င္နီယာတစ္ေယာက္က ငါ့သမီးကို ခိုးသြားရဲတဲ့သတၲိရိွတယ္ေပါ့ ဟုတ္လား နင္ငါ့ကိုလိမ္ေနတာလား"

"ခရာ့ကို ေလးေလးရဲ့သမီးမွန္း သူ မသိပါဘူး သူတို႔ခ်င္း ဒီအတိုင္း.."

"တိတ္စမ္း"

အနီးအနားမွာ ေဖေဖရိွေပမယ့္ ေလးေလးေသာင္းက်န္းေနသမ်ွကိုမတားသလို ေမေမကလည္း ေသြးကိုမၾကၫ့္ဘဲ ငိုေနသၫ့္အန္တီႏွင္းပန္းကိုသာ ေခ်ာ့ေနသည္။
ခရာ့ကိုေခၚသြားခြင့္ရေအာင္ ေသြးက လမ္းေဖာက္ေပးခဲ့သည္ဟု ေဖေဖတို႔အားလံုးထင္ေနၾက၍ ေသြးဘက္မွာ ဘယ္သူမွမရိွသၫ့္အျပင္ စူးရွေသာ ေလးေလးအၾကၫ့္ေတြေၾကာင့္ ေသြး တုန္ခိုက္ေနေအာင္ ေၾကာက္ေနမိသည္။
ဒါေတြက နင့္ေၾကာင့္ပဲ အကၡရာ။ နင္သာလိုက္မသြားရင္...

"ဆရာႀကီး BG 4ေရာက္ပါၿပီ"
(BG - Bodyguard )

BG 4ဆိုတာ ခရာ့ရဲ့ကိုယ္ရံေတာ္မွန္း ေသြးသိေနၿပီး  ေလးေလးအမိန႔္ျဖင့္ ခရာ့ကို ေစာင့္ၾကၫ့္ရသူျဖစ္ကာ ထိုလူကိုခရာျပန္လႊတ္လိုက္ၿပီဟု ထင္ခဲ့မိသည္။
အခုမွသာ ထိုလူဟာခရာ့ေနာက္မွာရိွေနဆဲမွန္း သိလိုက္ရၿပီး ေလးေလးသည္ ခရာ့ကို ဘယ္ေတာ့မွ တစ္ေယာက္တည္းမထားမွန္း ေသြးသိလိုက္ရ၏။

"မင္းကဘယ္ေရာက္ေနလို႔ အကၡရာေပ်ာက္သြားမွ ေပၚလာရတာလဲ"

"ကၽြန္ေတာ္အဖမ္းခံရတာပါ ဆရာႀကီး"

"ဘယ္သူကဖမ္းတာလဲ"

"ဖမ္းတာကေတာ့ ရဲေတြပါ လက္နဂာ္ကိုင္ေဆာင္တယ္လို႔ တစ္ေယာက္ေယာက္က တိုင္လိုက္ပံုပဲ အစစ္အေဆးမရိွဖမ္းသြားတာ အခုမွ အထက္လူႀကီးနဲ႔စကားေျပာခြင့္ရလို႔ ျပန္ထြက္လာတာပါ"

BG 4ရဲ့ေျဖရွင္းစကားေၾကာင့္ ေလးေလးအၾကၫ့္ေတြ ေသြးဆီျပန္ေရာက္လာၿပီး အံႀကိတ္သံႏွင့္စကားဆိုလာ၏။
အံႀကိတ္သံသည္ ေဒါသမာန္အျပၫ့္ႏွင့္မို႔ ၾကက္သီးထဖြယ္...

"ေတြ့လား အဲ့ဒါေသေသခ်ာခ်ာ အကြက္ခ်စီမံထားတာ ခရာ့ေနာက္မွာBG 4ရိွတာ သူကိုယ္တိုင္ေတာင္မသိဘူး ဒီေကာင္အဖမ္းခံရတဲ့အခ်ိန္မွာ အကၡရာေပ်ာက္သြားတာ တိုက္ဆိုင္မႈမဟုတ္ဘူး သာမာန္အင္ဂ်င္နီယာတစ္ေယာက္က အဲ့ေလာက္ထိလည္း မထက္ျမက္ႏိုင္ဘူး
ေသခ်ာတယ္ အဲ့ဒီတန္ခိုးဆိုတာ သာမာန္ေကာင္မဟုတ္ဘူး"

ေလးေလးစကားေၾကာင့္ ေသြးတုန္လႈပ္သြားမိကာ ေသြးဘာမွမသိခဲ့ရသၫ့္ ကို႔ရဲ့ေနာက္ေၾကာင္းဟာ ဒီလိုအာဏာေတြ၊ အကြက္ေရႊ့မႈေတြနဲ႔ သက္ဆိုင္ေနမလား…
ဒါဆို ကိုဟာ ဘယ္လိုလူမ်ိဳးလဲ....

💛💛▫▫▫💛💛

လႊဲရိုက္လိုက္သၫ့္ ေဂါ့ဖ္တံႏွင့္အတူ အေဝးသို႔လြင့္ထြက္သြားသၫ့္ ေဂါ့ဖ္သီးကိုလွမ္းၾကၫ့္ေတာ့ က်င္းအနားထိေရာက္သြား၍ အစ္ကိုက တစ္ခ်က္ႃပံုးသည္။
သူကေတာ့ ေဂါ့ဖ္တံေပၚ လက္ႏွစ္ဖက္လံုးတင္ထားလ်က္ ပခံုးတြန႔္ကာ...

"အစ္ကို႔ရိုက္ခ်က္က ေကာင္းလွေခ်လား"

"ေကာင္းဆို မေန့တစ္ေန့ကပဲ ဒီေဂါ့ဖ္တံနဲ႔ ငါ့ကိုသစၥာေဖာက္သြားတဲ့ေကာင္ကို ရိုက္ခဲြထားတာ"

ဒါကေတာ့ျဖစ္ရိုးထံုးစံပဲမို႔ သူ ဟက္ခနဲရယ္လိုက္ေတာ့ အစ္ကိုကလက္အိတ္ကိုခၽြတ္ၿပီး လက္ေခ်ာင္းေတြကိုျဖန႔္လိုက္၊ ျပန္ဆုပ္လိုက္ လုပ္ေနသည္။
ညီအစ္ကိုႏွစ္ေယာက္လည္း မဆံုတာၾကာၿပီမို႔ ေအးေအးလူလူ ၿခံထဲမွာေဂါ့ဖ္ရိုက္ေနရင္း စကားစျမည္ေျပာကာ အလုပ္ကိစၥေတြတိုင္ပင္ျဖစ္သည္။
အထူးသျဖင့္ သူတို႔ညီအစ္ကိုရဲ့targetက Min groupျဖစ္ကာ ထိုGroupကို သူတို႔လက္ထဲေရာက္ဖို႔ အစီအစဥ္ကို အေသးစိပ္တိုင္ပင္ၾကျခင္း။

"မင္း ဘယ္ေန့ျပန္ဆင္းမွာလဲ တန္ခိုး"

"ေနာက္ထပ္ ၂ရက္ပဲ သူေခါင္းညိတ္လိမ့္မယ္"

"ေသခ်ာလွေခ်လား ေျမျပန႔္မွာ ဦးမင္းထက္ျပန္ေရာက္ေနၿပီဆိုလို႔ အကၡရာရဲ့ကိုယ္ရံေတာ္ကို ငါျပန္လႊတ္ေပးလိုက္ၿပီ မင္းအခ်ိန္မရေတာ့ဘူးေနာ္"

"၂ရက္ပါပဲဆို ဒီကျပန္ရင္ ကၽြန္ေတာ္ဘာလုပ္ရမွာလဲ"

"အရင္ဆံုး ခယ္မေလးကိုလက္ထပ္ယူလိုက္ ၿပီးမွက်န္တာဆက္ေျပာမယ္"

"အကၡရာကို မပါမျဖစ္ေျပာေနတာပဲ သူ႔ကိုအဲ့ေလာက္ခ်စ္လား အစ္ကို"

"ကေလးမကခ်စ္စရာေလးမို႔ပါကြာ မင္းသိလားတန္ခိုး ငါကညီမေလးတစ္ေယာက္လိုခ်င္ခဲ့တာ မင္းေမြးလာတုန္းကဆို မင္းကိုမလိုခ်င္လို႔ ငိုခဲ့ရေသးတယ္"

တကယ္လည္း အစ္ကိုက အကၡရာကို ဘာကိုသေဘာက်ေနမွန္းမသိဘဲ ခယ္မေလးဟု သူကိုယ္တိုင္နာမည္တပ္ၿပီး ခိုးမယ္ဆိုတုန္းကလည္း...

"မင္းကိုသူ ေခါင္းညိတ္ရင္ ငါလက္ေရွာင္မယ္ သူျငင္းရင္ေတာ့ ငါဆက္လုပ္မယ္ အဲ့ဒါကိုPlan Bထားလိုက္"

ဟု ဆိုခဲ့သူ။
အေတြးကိုယ္စီျဖင့္ ႃပံုးေနၾကတုန္း ဒိန္းခနဲေသနတ္ေဖာက္သံေၾကာင့္ အသံလာရာဆီလွၫ့္ၾကၫ့္မိတာက ၿပိဳင္တူ။
ခ်က္ခ်င္းလိုလို အစ္ကို႔ဆီဖုန္းဝင္လာ၍ အစ္ကိုက ဖုန္းကိုင္လိုက္ကာ သူ႔ကိုကားေပၚတက္ဖို႔ေမးဆတ္ျပသည္။

"မင္းရဲ့အကၡရာထြက္ေျပးလို႔"

လ်ွပ္စစ္ကားေလးကို အစ္ကိုက ကိုယ္တိုင္ေမာင္းကာ အိမ္ေက်ာဘက္ကိုေရာက္လာေတာ့ အစ္ကိုတပၫ့္ေတြ ဝိုင္းထားသၫ့္ၾကားမွာ ထိုင္လ်က္ေလးရိွေနေသာ ခရာ။
ေစာေစာကညအိပ္ဝတ္စံုကိုေတာင္ မလဲရေသးတာမို႔ ေဒါသျဖစ္သြားမိၿပီး ကားရပ္လိုက္သည္ႏွင့္ ေဂါ့ဖ္တံကို လက္ကေနတရြတ္တိုက္ ဆဲြယူလာခဲ့သည္။

"ထြက္မေျပးနဲ႔လို႔ ေသခ်ာမွာခဲ့တယ္မလား"

သူ ေရာက္လာၿပီမို႔ အစ္ကိုတပၫ့္ေတြက ေနာက္ဆုတ္သြားၿပီး ကိုယ့္ေနရာကိုျပန္သြားၾကကာ အစ္ကိုလည္း ကားကိုျပန္ေမာင္းသြား၍ သူတို႔၂ေယာက္သာက်န္ေနခဲ့ေတာ့၏။
ေသနတ္သံကိုလန႔္ေနပံုရသၫ့္ ခရာက ထိုင္ရာမွမထေသးဘဲ သူ႔ကိုေမာ့ၾကၫ့္ရင္း ငိုမဲ့မဲ့ေလးျဖစ္သြားကာ...

"ခရာအိမ္ျပန္ခ်င္တယ္"

ဟု ဂ်စ္ကန္ကန္ ေတာင္းဆိုလာျပန္သည္။
ဒူးေလာက္သာရွည္ေသာေဘာင္းဘီေလးေၾကာင့္ ျဖဴေဖြးသြယ္လ်ေသာ ေျခေထာက္ကေလးကို အတိုင္းသားျမင္ေနရ၍ အၾကၫ့္က ထိုေနရာသို႔ေရာက္သြားသည္။
ခါတိုင္းလည္းျမင္ဖူးေနေပမယ့္ ဒီတစ္ခါမွ စိတ္ထဲမရိုးမရျြဖစ္လာမိေပမယ့္ ဒီေကာင္မေလးကို နည္းနည္းေတာ့ ေျခာက္ေပးမျွဖစ္မွာမို႔...

"မင္းေျခေထာက္ကေလးေတြ သိပ္လွတယ္ Bae.. အဲ့ဒီေတာ့ ေရြးခ်ယ္ခြင့္ေပးမယ္ကြာ အဲ့ဒီေျခေထာက္ကေလးေတြကို အေကာင္းအတိုင္းထားရမလား ဒါမွမဟုတ္ မေျပးႏိုင္ရံုေလးခ်ိန္ဆၿပီး ဒီေဂါ့ဖ္တံနဲ႔..."

စကားမဆံုးခင္ သူမ ေအာ္ငိုလိုက္သံက ပတ္ဝန္းက်င္တစ္ခုလံုးဖံုးလႊမ္းသြားေတာ့၏။
သူကအေလ်ွာ့မေပးဘဲ ေျခေထာက္ကေလးကို ေဂါ့ဖ္တံႏွင့္ရြယ္လိုက္ေတာ့ သူမအသည္းအသန္ထရပ္ၿပီး သူ႔လက္ကို ထပ္အုပ္ဆုပ္ကိုင္၏။

"မလုပ္နဲ႔လို႔"

"ေၾကာက္တယ္ေပါ့ ဟုတ္လား ေၾကာက္ရင္ဘာလို႔ ငါ့စကားကိုနားမေထာင္တာလဲ"

"အိမ္ျပန္ခ်င္လို႔ပါ အိမ္ျပန္ခ်င္လို႔ နားမေထာင္တာပါဆို အဟင့္!.. ခရာ့ကိုမရိုက္ပါနဲ႔ ရိုက္ရင္ ရွင္ႀကီးကိုမုန္းပစ္မွာ"

"မုန္းတဲ့စကားထပ္မေျပာနဲ႔ အကၡရာ.. ငါရိွေနတဲ့ေနရာကမင္းရဲ့အိမ္ပဲ မင္းနားမလည္ေသးဘူးလား ထပ္ေျပာမယ္ မင္းကိုငါပိုင္တယ္ မင္းငါနဲ႔ပဲေနရမယ္"

"ဟင့္အင္း မေနခ်င္ဘူး ကိုႀကီးကိုမုန္းတယ္ အီးဟီး!.."

သူ႔ရင္ဘတ္ကို လက္သီးဆုပ္ေသးေသးေလးေတျြဖင့္ ထုႏွက္ကာ ငိုၿမဲငိုေန၍ အသည္းယားသြားၿပီး နဖူးေလးကိုငံု႔နမ္းလိုက္မိသည္။
ၿပီးမွလက္ကေလးကိုဆဲြယူၿပီး အိမ္ဘက္ျပန္လာခဲ့ေတာ့ သူမသည္ ျငင္းလည္းမျငင္းရဲဘဲ တအိအိငိုယိုေနရင္း သူ႔ေနာက္က ပါလာ၏။

"သူ႔ကိုေရခ်ိဳးခိုင္းၿပီး ေသခ်ာေစာင့္ၾကၫ့္ေန.. ဘာမွလည္းမထိခိုက္ေစနဲ႔ ထြက္လည္းမေျပးေစနဲ႔ သူ ေနာက္တစ္ခါထြက္ေျပးရင္ မင္းတို႔အားလံုးေသမယ္"

သူမ,ၾကားေအာင္ အိမ္အကူေကာင္မေလးႏွစ္ေယာက္ကို တမင္ႀကိမ္းေမာင္းၿပီး ခရာ့ကို သူ႔အခန္းထဲျပန္ထၫ့္ထားခဲ့ေတာ့ Baeသည္ သူ႔ကိုမေက်မနပ္ၾကၫ့္ေနဆဲျဖစ္သည္။
ေအာက္ထပ္ကိုဆင္းလာေတာ့ ဧၫ့္ခန္းမွာရိွေနေသာ အစ္ကိုက သူ႔ကိုၾကၫ့္ကာ ႃပံုးစိစိလုပ္ေန၍ မသိဟန္ေဆာင္ၿပီး ခံုတစ္လံုးမွာဝင္ထိုင္လိုက္သည္။

သူ သည္းသည္းလႈပ္ေနတာ အစ္ကိုေတာင္သတိထားမိေနၿပီလား...

💛💛▫▫▫💛💛

Part 39 ဆက္ရန္

စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997

Continue Reading

You'll Also Like

854K 70.8K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
383K 10.2K 33
alice rowle became his antidote, and she didn't know, but he needed her. daughter of thorfinn and gemma rowle, alice grew up in a house of death eat...
104K 2.9K 30
"Arya, they need you, even if they don't know it yet." A child, taken away from her father and brother too soon. A warrior willing to give her life f...
52.4K 862 32
Veronica Bella is a 12-year old bookworm girl and Count Olaf's daughter and she can only hope for her unfortunate life to be over and it does when sh...