တရားဝင်သမီး လက်ထပ်ထိမ်းမြားခြ...

By Swae_Nyoe

137K 11.6K 95

ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက... More

Description
Part 1
Part 2
Part 3.1
Part 3.2
Part 4.1
Part 4.2
Part 5.1
Part 5.2
Part 6.1
Part 6.2
Part 7.1
Part 7.2
Part 8.1
Part 8.2
Part 9.1
Part 9.2
Part 10.1
Part 10.2
🥰🥰တယ်လီဂရမ်ဂရုလေးရရှိပြီ ဖြစ်ပါကြောင်း
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36.1
Part 36.2
Part 37.1
Part 37.2
Part 38.1
Part 38.2
Part 39.1
Part 39.2
Part 40.1
Part 40.2
Part 41
ဗီလိန်အတုမှ အမြောက်စာဇာတ်ကောင်သို့... အစအဆုံးပြီးဆုံးကြောင်း...
Part 42
Part 43
Part 44
Part 45
Part 47
Telegram ကို လာခဲ့နော်
Part 48
Part 49
Completed in Telegram
Part 50
Part 51.1

Part 46

1K 109 0
By Swae_Nyoe

Ch 46

ကျန်းလီက သူမင်ယီကျောင်းသွားတဲ့အခါမှာ ပိုင်ရွှယ်တစ်ယောက်ထဲကိုသာ ခေါ်သွားမှာ ဖြစ်တယ်။ မင်ယီကျောင်းတော်မှာ အရာရှိ အရာခံတွေရဲ့ သားသမီးတွေပဲ တက်ရောက်နေကြတာဆိုပေမယ့် စည်းကမ်းတွေက တော်တော် တင်းကျပ်တယ်။ သူသာ အရင်ဘဝက ဒီကဆရာတွေနဲ့ အဆက်အသွယ် မရှိခဲ့ဘူးဆိုရင် အခုချိန်မှာ ဒီနေရာကို လုံးဝကို လစ်လျူရှု လှောင်ပြောင်မိမှာကျိန်းသေတယ်။

ကျန်းယို့ရောင်နဲ့ကျန်းယွီအာက တမင်တကာ ကျန်းလီက လူပုံအလယ်မှာ ရယ်စရာဟာသကြီးဖြစ်တာကိုကြည့်ဖို့အတွက် စုရုံးပြီး အတူတူ သွားကြတာဖြစ်တယ်။ ကျန်းလီက ပိုင်ရွှယ်နဲ့အတူ ရထားလုံးပေါ်တက်လိုက်တော့ အပြင်မှာ ကျန်နေခဲ့တဲ့ တုန်အာက ပြောတယ်။ "မမလေး စောစော ပြန်လာရမယ်နော်"

ချင်ချန်းတောင်ပေါ်မှာထဲကသူတို့နှစ်ယောက်ထဲပဲ အမြဲတစေ မခွဲမခွာရှိနေခဲ့ကြတာ ဆိုတော့ အခုကျန်းလီမှာ နောက်ထပ်အစေခံတွေရှိလာတဲ့အခါ သူမက အတော်လေး ဘာလုပ်လို့ဘာကိုင်ရမှန်း မသိဖြစ်နေတယ်။ တော်သေးတာက ကျန်းလီက သူမကိုခဏလောက် နှစ်သိမ့်ပေးခဲ့တယ်။

ကျန်းလီက ပိုင်ရွှယ်ကို မင်ယီကျောင်းတော်ကိုခေါ်သွားတဲ့အခါ တခြားသူတွေက သူမရဲ့ ရုပ်မလှ ခပ်ကြီးကြီးကိုယ်လုံးနဲ့ အပြင်ပန်းကိုကြည့်ပြီး ဟားတိုက်လှောင်ပြောင်ကြလိမ့်မယ်။ ဒါပေမယ့် စာအုပ်တစ်အုပ်ကို အဖုံးပဲကြည့်ပြီး ဆုံးဖြတ်လို့ မရဘူး ဆိုတဲ့အတိုင်း လောကကြီးက ဘယ်အရာကိုမဆို အပြင်ပန်းပဲကြည့်ပြီး ဝေဖန်ဖို့ မသင့်ဘူး။ ပိုင်ရွှယ်ရဲ့ သွင်ပြင်က တခြားအစေခံမလေးတွေလို လှပထက်မြက်ပုံ မပေါက်ပေမယ့်လည်း သူ့ရဲ့ ခွန်အားကိုတော့ သွားအထင်သေးလို့မရဘူး။ ကျန်းလီက သူတစ်ခါသေပြီးသွားတော့ ဒီလိုမျိုးအမြဲတွေးမိတယ်။ အဲ့အချိန်တုန်းကသာ သူ့ဘက်မှာကိုယ်ခံပညာတတ်တဲ့လူတစ်‌ယောက်သာ ရှိခဲ့မယ်ဆို အကူအညီမဲ့ ရက်စက်စွာနဲ့ သေသွားမယ့်အစား ထွက်ပြေးလို့ရလောက်မလားပေါ့ ဒါပေမယ့် ကိုယ်ခံပညာဆိုတာကလည်း တစ်ညထဲနဲ့ လေ့ကျင့်လိုက်လို့ တတ်သွားနိုင်တာမှ မဟုတ်တာ။ အဲ့ဒါထက် သူက ဂုဏ်သရေရှိကျန်းအိမ်တော်က နူးနူးညံ့ညံ့သခင်မလေးတစ်ယောက်အနေနဲ့ ဒီလို ကြမ်းတမ်းတဲ့ပညာကို သင်စရာဘာအကြောင်းမှ မရှိသလို ဒီခန္ဓာကိုယ်ကလည်း အဲ့လောက်အကြမ်းမခံနိုင်လောက်ဘူး။ အဲ့တော့ သူဒီအကြံကို လက်လွှတ်လိုက်သင့်ပြီ။ သူက ဒါကိုမသင်နိုင်မှတော့ ခွန်အားကြီးတဲ့သူတစ်‌ယောက်ကိုရှာပြီးခန့်လိုက်မှာပေါ့။ ကျန်းလီက အတွေ့အကြုံရှိတဲ့သူတစ်ယောက်အနေနဲ့ အသက်ရှင်နေမှသာ မျှော်လင့်ချက်ရှိတယ်ဆိုတာ သဘောပေါက်တယ်။ သူကဒီဘဝမှာတော့ ရှင်သန်ဖို့အတွက် ကောက်ရိုးတစ်မျှင်ဆိုတောင် ဖမ်းဆွဲထားမှာဘဲ...ဒါမှ လိုအပ်လာတဲ့အခါ ကောင်းကောင်းကြီး အသုံးဝင်လာလိမ့်မယ်။ ကျန်းလီတို့ကလမ်းမှာ အခုမှ လာနေတုန်းဖြစ်ပြီး ကျန်းယို့ရောင်တို့ကတော့ ရောက်နှင့်နေပြီ။ အရင်ကဆို ကျန်းယို့ရောင်က ဘယ်တော့မှ ကျန်းယွီအာတို့နဲ့ အတူတူမသွားဘူး။ ဘာဘဲဖြစ်ဖြစ် သူတို့က တတိယမိသားစုက အဆင့်နိမ့်တွေဘဲဆိုတော့ သူက အထင်သေးတယ်။ ဒါပေမယ့် ကျန်းယွီအာက နှုတ်ချိုပြီး သူမကိုအမြဲချီးမွမ်းပေးတော့ သူက ကျန်းယွီအာကိုတော့ နည်းနည်းမျက်နှာသာပေးတယ်။

ဒီနေ့တော့ ကျန်းလီရဲ့ကျေးဇူးကြောင့် သူကထိုနှစ်‌ယောက်ကို အရင် သူနဲ့အတူတူသွားဖို့ခေါ်ခဲ့ရတယ်။ဒါကို မင်ယီကျောင်းကအကြည့်ပေါင်းများစွာက တွေ့တော့ တစ်ခုခု ပုံမှန်မဟုတ်တာလာတော့မယ်လို့ ခံစားလိုက်ရတယ်။

"ယို့ရောင်" တံခါးနားက ပန်းရောင်ဝတ်စုံနဲ့မိန်းမငယ်လေးက သိချင်ဇောနဲ့ ဟိုဒီကြည့်ရင်းမေးတယ်။ "နင်တို့အိမ်တော်က ဒုတိယ သခင်မလေး ဒီနေ့ကျောင်းလာမှာ မဟုတ်ဘူးလား ဘာလို့သူ့အရိပ်ကိုတောင် မတွေ့ရတာလဲ အတူတူလာတာ မဟုတ်ဘူးလား"

သူကဘာမှပြန်မပြောရသေးခင် ကျန်းယွီအာက တမင်တကာ ပိုပိုသာသာလုပ်ယူပြီးပြောတယ်။ "ဒုတိယမမက အိပ်ရာထနောက်ကျနေလို့ သူအခုဆို ဘာဝတ်ရမလဲရွေးရင်း အလုပ်ရှုပ်နေလောက်တယ် ဒီနေ့က သူ့ရဲ့ ပထမဆုံးနေ့ဆိုတော့ သူက ပုံပန်းသွင်ပြင်ကို အရမ်းအလေးထား ဂရုစိုက်နေတာလေ"

ပုံမှန်ဆို ကျန်းယို့ရောင်က သူဒီလိုဝင်ပြောတာကို မကြိုက်ပေမယ့် ဒီနေ့တော့ လွှတ်ထားပေးလိုက်တယ်။ကျန်းယွီအာပြောတာကိုကြားတော့ ဘေးကအရပ်ရှည်ရှည်နဲ့ တစ်‌ယောက်က ခပ်ထေ့ထေ့ လှောင်ရင်းပြောတယ်။ "အဝတ်ရွေးတယ် ဒီနေရာက သူလှလှပပဝတ်လာရအောင် ဘုရင့်ကိုယ်လုပ်တော်ရွေးတဲ့နေရာ မဟုတ်ဘူး သူကဘာတွေများ ရွေးနေစရာလိုလဲ"

"အဲ့သခင်မလေးကို မြင်ပြီးသွားတဲ့သူတွေပြောကြတာတော့ နူးညံ့လှပတဲ့ မိန်းမငယ်လေးတဲ့"

ကျန်းယို့ရောင်ကို ကြည့်နေတဲ့နောက်ထပ် မိန်းကလေးတစ်ယောက်လည်းရှိသေးတယ်။သူကပြောတယ်။

"သူက တကယ်ရော လှလို့လား နင့်ကိုတော့ ဘယ်ယှဥ်နိုင်မှာလဲ"

မင်ယီကျောင်းတော်မှာ ကျန်းယို့ရောင်က ထိပ်တန်းစာအတော်ဆုံးတော့ မဟုတ်ပေမယ့် သူမရဲ့ အလှအပကြောင့် လူသိများတယ်။ သူ့ထက်စာတော်တဲ့သူတွေက သူ့အလှကိုမယှဥ်နိုင်ကြသလို သူ့ထက်လှတဲ့သူတွေကျတော့လည်း သူ့အရည်အချင်းကို မမှီကြပြန်ဘူး။ ဒါ့အပြင် ကျန်းယွမ်ပိုင်ရဲ့ ရာထူးဂုဏ်ရှိန်ကြောင့် သူမရဲ့ အဆင့်အတန်းက မင်ယီကျောင်းမှာဆို နေရာတစ်ခုရှိတယ်လို့ ယူဆလို့ရတယ်။ ကျန်းယွီအာက ပြုံးရင်း

"ဒုတိယမမက တကယ်ကြည့်ကောင်းပါတယ် ဘာလို့ဆို သူကတောင်ပေါ်မှာ ၈နှစ်လောက်နေခဲ့တာဆိုတော့ သူ့စိတ်နေသဘောထားက......"

သူဆက်ပြောစရာတောင် မလိုတော့ဘူး။လူတိုင်းက ကျန်းလီရဲ့လုပ်ရပ်ကြောင့် တောင်ပေါ်အပို့ခံလိုက်ရတာကို ပြန်သတိရသွားကြတယ်။ အဲ့လိုတောချုံတောင်ကြားမှာ ၈နှစ်လောက်နေခဲ့ရတဲ့သူက လုံးဝ မအူမလည် တောသားငနုံဖြစ်နေမှာ ကျိန်းသေတယ်။ မြို့တော်ကိုပြန်လာလိုက်ရုံနဲ့ ဘယ်လိုလုပ် ချက်ချင်း အကုန်သိနားလည်သွားမှာတဲ့လဲ အခုနက ကျန်းလီအကြောင်း သိပ်စပ်စုချင်နေကြတဲ့ သခင်မလေးတွေအားလုံးက အခုတော့ သူ့ကိုအထင်သေးသွားကြပြီး အမှုမထားကြတော့ဘူး။ မင်ယီကျောင်းမှာ သင်ယူနေကြတဲ့ သခင်မလေးတွေအားလုံးက သူတို့ရဲ့ ဘယ်သူဘယ်ဝါဆိုတဲ့ ရာထူးအဆင့်အတန်း၊ပုံပန်းသွင်ပြင်၊ အရည်အချင်းတွေကြောင့်သာ တက်ရောက်လို့ရတာ ဖြစ်တယ်။ သူတို့တစ်ယောက်ချင်းစီက ကိုယ့်မိသားစုရဲ့ နှလုံးသည်းပွတ် အချစ်ခံရဆုံးလေးတွေ ဖြစ်ကြတယ်။အဲ့ဒီလို နေရာမှာရှိနေကြတဲ့ သူတို့က တခြားသူတွေသူတို့ထက် သာလွန်သွားမှာကို မခံချိမခံသာနဲ့ သိပ်ခံပြင်းကြတာ သဘာဝဘဲ။အဲ့တော့ လူသစ်ရောက်လာတဲ့အခါတိုင်း သူတို့က သူ့ထက်ငါ အမြဲပြိုင်ဆိုင်ချင်ကြတယ်။

ကျန်းလီမှာက အဖေက အကြီးအကဲချုပ်ဆိုတာကလွဲ ဘာကောင်းကွက်မှရှိတာ မဟုတ်ဘူး။အဲ့ဒါအပြင် အဲ့ရာထူးကြီးအဖေကလည်း သူ့ကို အသိမှတ်ပြုပြီး သေချာဂရုစိုက်တာမှ မဟုတ်တာ အဲ့တော့ ဒီကျန်းသခင်မလေးမှာ ဂရုပြုမိလောက်အောင် ထင်ရှားတာ ဘာရှိလို့လဲ

အဲ့ဒီအချိန်မှာပဲ မထင်မရှား စပ်စုတဲ့ကျောင်းသူတစ်ယောက်က ရုတ်တရက် ထအော်လိုက်တယ်။ "ကျန်းသခင်မလေး ၂ရောက်ပြီတဲ့!"

အဲ့မှာရှိတဲ့သူအားလုံးရဲ့ခေါင်းတွေက တံခါးဘက်စုပြုံလှည့်သွားတယ်။ တံခါးပေါက်ကနေ မိန်းကလေးနှစ်ယောက် ဝင်လာတယ်။ အစေခံဖြစ်လောက်တဲ့ တစ်ယောက်က ပုံမှန်အစေခံတွေထက် ပိုပြီး တောင့်တောင့်တင်းတင်းနဲ့ သူ့အသားအရေကလည်း ပိုညိုသေးတယ်။ သူဝတ်ထားတဲ့ အစေခံတွေဝတ်ရတဲ့ လိမ္မော်နီရောင်စကပ်က ကြည့်လို့မကောင်းဘဲ အသားရောင်ကြောင့် တော်တော်လေး ရယ်ချင့်စဖွယ်ဖြစ်နေတယ်။သူ့ရဲ့ လှုပ်ရှားပုံကလည်း ရွာကကောက်စိုက်သမတွေလို ကြမ်းကြမ်းတမ်းတမ်းနဲ့ ဖြစ်နေသေးတယ်။ သူမရဲ့ လူရွှင်တော်လိုပုံစံက လူအများအာရုံစိုက်ချင်စရာဆိုပေမယ့် သူ့ဘေးက မိန်းကလေးနဲ့ ယှဥ်ရင်တော့ ဖုန်မှုန့်သာသာဘဲဖြစ်သွားတယ်။

အဲ့ဒီ မိန်းကလေးရဲ့ မျက်နှာမှာ နွေဦးလေပြည်လိုသိမ်မွေ့တဲ့ အပြုံးလေးက မြင်ရသူတိုင်းရဲ့ စိတ်နှလုံးကို ပွတ်တိုက်ဖြတ်သန်းသွားကာ စိတ်အေးချမ်းမှုကို ပေးစွမ်းနိုင်တယ်။ သူမရဲ့မျက်နှာ အစိတ်အပိုင်းတွေက သေသပ်ပြည့်စုံပြီး မျက်ခုံးတန်းတွေက ရဲရင့်တဲ့အသွင်ဆောင်နေတယ်။ သိမ်မွေ့နူးညံ့ပေမယ့် တစ်ပြိုင်တည်းမှာဘဲ ရဲရင့်ပြီး ဇွဲကြီးတဲ့ပုံလည်း ပေါက်နေတယ်။

"အဲ့ဒါ ကျန်းသခင်မလေး ၂လား" တစ်စုံတစ်ယောက်က ခပ်တိုးတိုးပြောတယ်။

"သူက တောင်ပေါ်မှာ ကြီးပြင်းခဲ့တဲ့ပုံတောင် မပေါ်ဘူး"

ပထမဆုံးကျောင်းစတက်တဲ့နေ့ ပထမဆုံးစိမ်းသက်တဲ့နေရာမှာ ပထမဆုံးမရင်းနှီးတဲ့ သူစိမ်းတွေနဲ့ တွေ့ရတာတောင် သူမက နေရခက်ဟန်တစိုးတစိမှ မရှိဘဲ သဘာဝဆန်ဆန်ပုံစံက ဒီက နေသားကျပြီးသား သူတွေအတိုင်းပဲ။

"ငါကတော့ သူကတကယ်တောင်ပေါ်မှာ ကြီးပြင်းလာပုံပေါက်တယ်လို့ ထင်တာပဲ"

နောက်တစ်ယောက်က တိတ်တိတ်လေး ပြောပြန်တယ်။

"သူ့မှာ စိတ်အားမာန်လို တစ်ခုခု ရှိနေတယ်"

'စိတ်အားမာန်' တကယ်ကို စကားလုံးနဲ့ ဖော်ပြဖို့ခက်တဲ့ ခံစားချက်ပဲ။ ဒါက ဆရာတစ်ယောက်နောက် ရက်အနည်းငယ်လိုက်ပြီးတာနဲ့ သင်ယူတတ်မြောက်နိုင်တာ မဟုတ်ဘူး။ ငွေအင်အားသုံးပြီးဝယ်နိုင်တဲ့အရာမျိုးလဲ မဟုတ်ဘူး။ ဒီမိန်းကလေးရဲ့မျက်လုံးတွေက နွေဦးရာသီရဲ့ ရေကန်လေးလို ကြည်လင်နက်ရှိုင်းတယ်။ သူတို့အားလုံးဟာ ဒီသခင်မလေးရဲ့ ရက်စက်ယုတ်မာမှုတွေအကြောင်း ကောလဟာလတွေ အများကြီး ကြားခဲ့ရပေမယ့် သူမရဲ့အပြင်ပန်းကိုကြည့်ပြီး အဖြစ်မှန်ကို ယုံဖို့တောင် ဒွိဟပွားသွားကြတယ်။

တစ်စက္ကန့်လေးအတွင်း ဘေးနားကလူတွေ အားလုံးရဲ့ ပြောင်းလဲသွားတဲ့ စိတ်ထားကို ကျန်းယို့ရောင်နဲ့ သူ့နောက်လိုက်က အသေအချာကို ဖမ်းမိလိုက်တယ်။ ကျန်းယို့ရောင်က ပျာယာခပ်သွားတယ်။ မထင်မှတ်ထားဘဲ ကျန်းလီက သူ့အမေကိုယ်တိုင်စိတ်ကြိုက်ရွေးပြီးပို့ပေးလိုက်တဲ့ အဝတ်တွေကို မဝတ်ခဲ့ဘူး။ သူမက ရည်ရွယ်ချက်ရှိရှိနဲ့ အများကြား ထင်ပေါ်အောင် လုပ်လာတာပဲလို့ထင်နေတယ်။ ကျန်းယို့ရောင်ရဲ့တွေးပုံတွေးနည်းတွေက အတော်လေး အကျိုးအကြောင်းမသင့်ဘူး။ ကျန်းလီသာ အကယ်လို့ သူ့အမေပေးတဲ့ဟာတွေ ဝတ်လာလိုက်ရင်ပိုတောင် လူတွေရဲ့ အာရုံစိုက်မှု ခံရဦးမယ်။ အခုချိန်က အဲ့လိုထင်ပေါ်ကျော်ကြားအောင် လုပ်ရမယ့် အချိန်ကောင်း မဟုတ်ဘူးဆိုတာ ကျန်းလီက သဘောပေါက်တယ်။ ဒါကြောင့်သူက ရိုးရိုးပဲ ဝတ်လာခဲ့ပေမယ့် သူ့နဂိုပုံကိုယ်၌က ကျော့ရှင်းပြီး တခြားသခင်မလေးတွေနဲ့ ကွဲပြားတာကြောင့် သူကတမင်ထင်ပေါ်အောင် မလုပ်သော်ငြားလည်း ပိုပြီး ရေပန်းစားသွားရတယ်။

တစ်ဖက်က ကျန်းယွီအာက အင်မတန်ပဟေဠိဖြစ်သွားတယ်။ ကျန်းလီရဲ့သတင်းတွေက လုံးဝဆိုးဝါးနေတာကို ဒီလူတွေရဲ့မျက်နှာမှာ ဘာလို့ ရွံရှာစက်ဆုပ်နေတာမျိုး မရှိရတာလဲ ဒါမှမဟုတ် သတင်းတွေက ကောင်းကောင်း ဆိုးဆိုး အရေးမကြီးဘူးလား

ကျန်းလီက ရင်ထဲမှာ ကြိတ်ပြုံးလိုက်တယ်။ အမြဲတမ်း လူတွေရဲ့ မျက်စိနဲ့ မမြင်နိုင်တဲ့ အရာတွေရှိတယ်။ အဲ့ဒီမမြင်နိုင်တဲ့အရာတွေက လှည့်စားလို့ရတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် လူတွေအများစုက သူတို့မြင်ရတာကိုပဲ အဟုတ်ကြီး မှတ်ပြီး ယုံချင်ကြတာ။ သာဓကအနေနဲ့ လူတစ်ယောက်က ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ အကြောင်းအရင်းဆိုတာ ရှိတယ်။ အပေါ်ယံပဲကြည့်ပြီး အကုန်နားလည်တယ်ဆိုရင် ရှင်းပါတယ် ဒါဝေဖန်တာပဲ။

အဲ့လိုအပြင်ပန်းဘဲကြည့်တာဆိုရင် သူမ နည်းနည်းလောက် ကြိုးပမ်းအားထုတ်လိုက်ရုံနဲ့တောင် အေးအေးလူလူနဲ့ လူကောင်းပုံဖမ်းရင်း လူကောင်းဖြစ်သွားနိုင်သေးတယ်။

Telegram မှာ အပိုင်း ၁၄၇အထိ ရောက်ပါပြီနော်။

Continue Reading

You'll Also Like

229K 23.6K 106
ဘာသာပြန်သူ - စွဲညို့အသင်း
16.6K 1.9K 32
Totally Credited to original author
583K 75.2K 200
English Name: Rebirth of the Evil Mother-in-law Associated Names: 豪门宠文恶婆婆重生了 豪门宠文极品婆婆重生了 Chinese Author: Zhái Mi...
173K 24.8K 108
Name - Fisherman Author - Island in the World Chapter - 82 parts main Mc /MC Gong ၊ Transmigration ၊ rag to rich ၊ Male prag ၊ sweet and warm ၊ no...