Players
By SummerMaung
1.1M 38.2K 1.5K
"Real lifeမှာ စကေးကြမ်းလွန်းတဲ့ စနိုက်ကြော်ဆိုတာမရှိဘူး ပျော်ဝင်သွားတဲ့ယောကျာ်းဆိုတာပဲရှိတယ်" "ခေါင်းလေးပဲညိတ... More
Intro
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
34
35
36
37
38
39
40
41
42 Unicode
42 Zawgyi code
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77 (ဇာတ်သိမ်းပိုင်း)
Extra
33
9.1K 340 28
By SummerMaung
💛 Players ( Part - 33 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫
ဘဲလ်သံကြောင့် ကိုကြီးကိုလှည့်ကြည့်မိတော့ ကိုကြီးက ဖုန်းပြောနေ၍ ဘဲလ်သံကိုကြားဟန်မရှိ။
နာရီကိုလှမ်းကြည့်တော့လည်း ၁၁နာရီထိုးတော့မည်မို့ ဒီအချိန်မှလာသောဧည့်သည်ဟာ ဘယ်သူများဖြစ်နိုင်လဲ...
ကိုစည်းများလား...
ခရာ ထိုင်နေရာမှထပြီး တံခါးကိုသွားဖွင့်ပေးလိုက်တော့ မြင့်မားသောအရပ်ကြီးက တံခါးပေါက်ကိုထိတော့မတတ် ရှည်လျားသည်။
ရှပ်လက်ရှည်အနက်ရောင်ကို ဘောင်းဘီအနက်နှင့်တွဲဝတ်ထားကာ စူးရဲအေးစက်သောအကြည့်တွေက ခရာ့တစ်ကိုယ်လုံးကို ဖောက်ထွင်းတော့မလို။
ဒါဘယ်သူလဲ...
"Awww"
ထိုသူက ခရာ့ကိုကြည့်ကာ ခပ်ပြုံးပြုံးမျက်နှာဖြစ်သွားပြီး ထိုအပြုံးက ကိုကြီးနှင့်ဆင်တူလှသည်။
ဘယ်သူမှန်းမသိပေမယ့် ဖယ်ဆိုသည့်သဘောဖြင့် လက်ညှိုးလေးလှုပ်ပြတော့ ခရာတံခါးကိုကျယ်ကျယ်ဖွင့်ပေးလိုက်၍ ထိုလူဟာ အခန်းထဲဝင်လာလေ၏။
ရဲတင်းပုံကတော့ သူ့အိမ်သူ့ယာကို အလည်ပြန်ရောက်လာသလိုမို့ ဒါဟာ ကိုကြီးနဲ့ဘယ်လိုရင်းနှီးသည့်လူလဲ...
"ဟိတ်.. ဟိုကောင်မလေး မင်းအဲ့မှာဘာရပ်လုပ်နေတာလဲ တံခါးပြန်ပိတ်ခဲ့.. လာခဲ့ဒီကို"
အာဏာသံအပြည့်ပါလှသော ထိုလူ့စကားကြောင့် ခရာတံခါးကိုပြန်ပိတ်ကာ ဧည့်ခန်းကိုပြန်ရောက်တော့ ကိုကြီးကလည်း ဧည့်ခန်းကိုရောက်နေပြီ။
ခရာကပဲ စိတ်ထင်၍လားမသိ၊ ကိုကြီးက ထိုလူ့ရှေ့ရောက်သည်နှင့် အပြစ်လုပ်ထားသောကလေးတစ်ယောက်လို မဝံ့မရဲဖြစ်သွားလေသည်။
"ရောက်မယ့်ရောက်တော့လည်း ချက်ချင်းပဲ"
"အဲ့ဒါကအသာထားစမ်းပါ မင်းကဘာလဲ"
"ဘာဆိုင်လို့လဲ ဒါကျွန်တော်လွတ်လပ်ခွင့်လေ အစ်ကိုလိုက်မပြောပါနဲ့"
အစ်ကိုဆိုပါလား...ခရာသိသလောက်တော့ သူ့အစ်ကိုဆိုတာက သေပြီဆို။
ဒါဆို ဒီအစ်ကိုဆိုတာက ဘယ်လိုအစ်ကိုပါလိမ့်။ ဝမ်းကွဲများလား…
အတွေးတွေဖြင့် ခရာ ကိုကြီးနောက်ကျောဘက်မှာ ကပ်နေလိုက်တော့ ကိုကြီးက အခန်းထဲသွားနေဖို့ မေးဆတ်ပြ၏။
"မပြောပါဘူး အံ့သြသွားလို့ပါ မင်းလိုကောင် ဒီတစ်သက်စွံပါဦးမလားလို့တောင် တွေးနေမိတာ"
"လာရင်းကိစ္စကိုပဲပြော အစ်ကို"
"အဖေ မင်းကိုအလုပ်ကထွက်ခိုင်းလိုက်တယ်"
သူ နည်းနည်းသံသယဝင်သွားမိကာ အစ်ကို့ကိုမယုံသလိုကြည့်လိုက်တော့ အစ်ကိုက ထောင့်မကျိုးစွာရယ်နေခဲ့၍ စိတ်ထဲကြိတ်ဒေါသဖြစ်သွားမိသည်။
အဖေအလုပ်ကထွက်ခိုင်းသည်မှာ လားရှိုးမှာဆုံကတည်းက တစ်ခါတည်းပြောလိုက်ပြီးသားမို့ ဒါဟာတကူးတကလာပြောရမည့်ကိစ္စမဟုတ်။
အစ်ကိုက Baeကိုတွေ့ဖူးချင်နေတာ...
ဒါကြောင့် ခရာ သူ့ဆီရောက်နေတုန်း တကူးတကလာကြည့်တာ...
"ရပြီ ကျွန်တော်နားလည်ပြီ"
"မဆိုးဘူးငါ့ညီ မင်းတကယ်တော်လာပြီပဲ သေချာအောင်ငါ့မျက်လုံးနဲ့လာကြည့်တာပါ ကဲ..ငါပြန်မယ်"
ပြုံးစိစိမျက်နှာဖြင့် ခေါင်းကိုတဆတ်ဆတ်ညိတ်ပြရင်း အစ်ကိုပြန်ဖို့ပြင်တော့ သူကအခန်းတံခါးနားအထိ လိုက်ပို့ပေးလိုက်သည်။
အခန်းအပြင်ရောက်တော့မှ အစ်ကိုက သူ့ရင်ဘတ်ကို လက်သီးတစ်ချက်လှမ်းထိုးကာ...
"မဆိုးဘူး အနီးကပ်ကြည့်တော့မှ ပိုချစ်စရာကောင်းတယ် မင်းနဲ့တော့လိုက်တယ်.. ခယ်မလေးကတော့ လူရွေးမှားပြီ"
"ပြန်ပါတော့ အစ်ကို"
"အေးပါ ပြန်ပါပြီ Ballပဲ ခွေးကောင်"
💛💛▫▫▫💛💛
"ဘာထူးသေးလဲ"
"ညနေကတည်းက ကိုတန်ခိုးခေါ်သွားတာ"
NovaမှာPartyလုပ်ပြီးကတည်းက တန်ခိုးနဲ့အက္ခရာကို သူစောင့်ကြည့်နေတာဖြစ်ပြီး ကျေနပ်စရာကောင်းသော ရလဒ်တစ်ခုထွက်လာ၏။
ကားပါကင်မှာ နှစ်ယောက်သား ပွေ့ဖက်နမ်းရှိုက်နေကြသည်ကိုလည်း CCTVမှတ်တမ်းရထားသည့်အပြင် ထိုညမှာလည်း တန်ခိုးက အက္ခရာကို အိမ်ခေါ်သွားသည်တဲ့..
ဒီနေ့လည်း တစ်ခါခေါ်သွားပြန်သည်တဲ့...
ထူးဆန်းသည်က တန်ခိုးဟာ အလွန်လျှို့ဝှက်တတ်သူမို့ ဘယ်သူ့ကိုမှ၊ ယုတ်စွအဆုံး သွေးကိုတောင်မှ သူ့အိမ်သို့ခေါ်တတ်သည့်လူမဟုတ်။
အက္ခရာကိုတော့ နှစ်ရက်တောင် ခေါ်သွားပုံအရဆို ဒီမိန်းကလေးကို အတော်လေးကြွေကျနေပုံရသည်။
ဒါ့အပြင် မယ်မင်းကြီးမလေးကလည်း တန်ခိုးနဲ့ချိန်းတွေ့မည့်အရေးကို ပါပါးတို့အိမ်သွားဖို့ဟု မှင်သေသေဖြင့် လိမ်သွားသေး၏။
"အခု တန်ခိုးရဲ့ကွန်ဒိုမှာလား နှစ်ယောက်လုံး"
"ဟုတ်တယ် ကိုစည်း"
"သူတို့ကိုသေချာကြည့်ထား ပြီးတော့ မနက်ဖြန်ကအရေးကြီးတယ် မနက်ဖြန်မှာ သေသေချာချာစောင့်ကြည့်ထား"
ပြောပြီးသည်နှင့် ဖုန်းချပစ်လိုက်ကာ မျက်လုံးတွေမှိတ်ပြီး ကျေကျေနပ်နပ်ပြုံးနေခိုက် ဖုန်းကထပ်ဝင်လာပြန်သည်။
တန်ခိုးကိုစောင့်ကြည့်နေသူပဲဟု စိတ်မှာထင်မှတ်မိ၍ မကြည့်တော့ဘဲ ကိုင်လိုက်ကာ...
"ပြော ဘာကျန်သေးလို့လဲ"
"သွေး ပြန်ရောက်နေပြီ"
ရုတ်တရက်ကြားလိုက်ရသော သွေးအသံကြောင့် သူ အံ့သြသွားသလို လျော့တိလျော့ရဲထိုင်နေရာမှ ဆတ်ခနဲဖြစ်သွားသည်အထိ။
"ဘယ်လို!! မင်းအစောကြီး"
"ဟုတ်တယ် စောစောFlightနဲ့လိုက်လာတာ မနက်ဖြန်ညနေလောက် ကိုနဲ့တွေ့မလို့.. ပြီးတော့ ခရာရောဘယ်မှာလဲ သွေးကိုလာကြိုမယ်ဆိုလို့ ဖုန်းဆက်နေတာ ဖုန်းလည်းမကိုင်ဘူး"
ခရာ့ဆီဖုန်းဆက်မရ၍ နည်းနည်းစိတ်တိုနေပုံရသည့် သွေးရဲ့လေသံကြောင့် သူပြုံးလိုက်မိသည်။
ခရာဆိုသည့် ချာတိတ်မလေးဟာ တန်ခိုးရဲ့ကောင်မလေးဖြစ်နေပြီဆိုတာ သူ ပြောပြလိုက်ရမလား...
ဒီည သူတို့နှစ်ယောက်အတူရှိနေကြောင်းကိုရော ပြောပြလိုက်ရမလား...
"သွေးပြောနေတာကြားလား ခရာ ရုံးမှာမရှိဘူးလား"
"သူအလုပ်ထွက်သွားပြီလေ အိမ်မှာရှိလောက်ပါတယ် မင်းညီမက သူ့သူငယ်ချင်းတွေနဲ့ လည်ပတ်နေလားမှမသိတာ ကိုယ်လူလွှတ်လိုက်ရမလား"
"နေပါစေ ဖုန်းထပ်ဆက်လို့ မကိုင်ရင် သွေးဘာသာပဲလာလိုက်တော့မယ် ခဏနေ ကွန်ဒိုမှာတွေ့မယ်နော်"
သွေးဖုန်းချသွားသည့်အခါ သူ ကျေကျေနပ်နပ်ပြုံးလိုက်မိကာ ဖုန်းက်ုပြန်ချလိုက်ပြီး ကားသော့ကိုလှမ်းယူကာ အပြင်ထွက်လာခဲ့သည်။
သူ့ဦးတည်ရာက သွေးနဲ့တွေ့နေကျ ကွန်ဒိုသို့...
💛💛▫▫▫💛💛
"ကိုကြီး truth or dareဆော့ရအောင်လေ မပျင်းဘူးလား"
မနက်ဖြန်မှ သွေးနဲ့စာရင်းရှင်းဖို့ရှိသောကြောင့် ဒီညသူမနဲ့ရှိချင်တာမို့ တမင်ပြန်မပို့ဘဲ သူ့အခန်းကိုအတင်းခေါ်လာ၍ စူပုတ်ပုတ်လေးဖြစ်နေသေးသည်။
အခုတော့ ပျင်းကြောလေးဆန့်ကာ ဆော့ဖို့စကားစလာတော့ ခရာပျင်းနေပြီထင်၏။
အစ်ကို့မိတ်ဆွေရဲ့အိမ်အတွက် လုပ်စရာရှိတာတွေလုပ်နေရာမှ Laptopကိုပိတ်လိုက်ကာ ခရာ့ဘက်ကိုလှည့်ထိုင်လိုက်ရင်း...
"မအားတော့မအားသေးဘူး ဒါပေမယ့်ဆော့မယ်လေ မင်းကိုအရင်မေးမယ် truth or dare"
"Truth"
"မင်းရဲ့တကယ့်အလုပ်က ဘာလဲ"
"ရှေ့နေ ဟီး!.. ရှေ့နေနဲ့လည်းမတူဘူးမလား ကိုကြီးကရော truth or dare"
"Dare"
"သီချင်းဆိုပြ"
ညစ်ကျယ်ကျယ်မျက်နှာလေးဖြင့် သူ့ကလေးလေး တောင်းဆိုလာတော့ သူ ပြုံးရုံပြုံးလိုက်သည်။
ဒီအဖြစ်ဟာ သူ့ကစားပွဲထဲမှာမပါပေမယ့် အက္ခရာကို သူတကယ်လက်မလွှတ်ချင်တော့၍ တဖြည်းဖြည်းချင်းသိမ်းယူနေခြင်းဖြစ်သည်။
လက်ရှိအတိုင်းဆို သူတို့ချင်းငြိတွယ်နေပြီဖြစ်ပေမယ့် ထက်လွန်းသောမိန်းမတစ်ယောက်ဟာ သူမရဲ့အိမ်မက်ကိုတော့ အလွယ်တကူလက်လျှော့မည်မထင်။
Although loneliness has always been a friend of mine
(အထီးကျန်ခြင်းက ကိုယ့်ရဲ့မိတ်ဆွေလို ဖြစ်နေခဲ့လည်း)
I'm leaving my life in your hands
(မင်းလက်အစုံမှာပဲ ကိုယ့်ဘဝကိုပုံအပ်ထားမယ်)
People say I'm crazy and that I am blind
(ကိုယ်က အချစ်ရူးမျက်ကန်းတစ်ယောက်လို့
လူတွေကပြောကြတယ်)
Risking it all in a glance
(အားလုံးကိုမျက်ကွယ်ပြုထားရင်း)
And how you got me blind is still a mystery
(မင်းက ကိုယ့်ကို မျက်ကန်းဖြစ်စေတာ ဆန်းကျယ်လိုက်တာ)
I can't you out of my head
(မင်းကို ကိုယ့်အတွေးထဲကထုတ်လို့မရဘူး)
Don't care what is written in your history
(မင်းရဲ့သမိုင်းကြောင်းမှာ ဘာတွေပဲရေးခဲ့ရေးခဲ့ ဂရုမစိုက်ဘူး)
As long as you're here with me
(မင်းနဲ့အချိန်အကြာကြီး ရှိနေမှာမို့ပါ)
I don't care who you are, where you're from, what you did
(မင်းဘယ်သူပဲဖြစ်ဖြစ် ဘယ်ကပဲဖြစ်ဖြစ် ဘာတွေပဲလုပ်ခဲ့လုပ်ခဲ့ ကိုယ်ဂရုမစိုက်ဘူး)
As long as you love me
(မင်းကိုယ့်ကိုချစ်နေသရွေ့အထိ)
who you are, where you're from, don't care what you did
(မင်းဘယ်သူပဲဖြစ်ဖြစ် ဘယ်ကပဲဖြစ်ဖြစ် ဘာတွေပဲလုပ်ခဲ့လုပ်ခဲ့ ကိုယ်ဂရုမစိုက်ဘူး)
As long as you love me
(မင်းကိုယ့်ကိုချစ်နေသရွေ့အထိ)
နားထောင်နေရင်းပြုံးစိစိဖြစ်လာသော သူမမျက်နှာလေးကြောင့် ပါးအိအိလေးကိုဆွဲဖဲ့ရင်း နှုတ်ခမ်းနှင့်ထိရုံလေး နမ်းမိသည်။
ခစ်ခနဲရယ်သံလေးနှင့်အတူ သူ့ရင်ခွင်ထဲတိုးဝင်လာသော ကိုယ်လုံးပိစိလေးကို အလိုက်သင့်ပြန်ဖက်ထားရင်း သူတို့အဖြစ်ဟာ ဘာနဲ့တူနေပြီလဲမသိ။
"ကိုကြီးအရမ်းလည်တယ်နော် သီချင်းအဓိပ္ပါယ်ကြီးကလည်း.. ဟွန့်!.."
"မင်းဆိုခိုင်းလို့ဆိုပြတာလေ ဘာသိီချင်းဆိုဆိုပေါ့.. ဘယ်သူ့ကိုမှလည်းသီချင်းဆိုမပြဖူးသလို Backstreet Boysက ငါ့ရဲ့favourite singerဆိုတာ ဘယ်သူမှလည်းမသိဘူး ဒီအခန်းမှာညအိပ်ဖူးတာရော၊ သီချင်းဆိုပြတာရော မင်းပထမဆုံးပဲ"
"ဟွန့်.. ယုံပါဘူး မေးကြည့်ရအောင်လည်း ဘယ်သူမှသိမှာမဟုတ်ဘူး ဒါနဲ့လေ ဘာလို့ ကိုကြီးအကြောင်းတွေ သူများကိုပေးမသိတာလဲဟင် ကိုစည်းဆို ကိုကြီးသူငယ်ချင်းဆိုပေမယ့် မသိတာတွေအများကြီးပဲ"
"ဘယ်သူမှမသိတာပဲကောင်းလို့ မပြောတာ"
"ဒီBaeလေးကိုရော"
ရင်ခွင်ထဲခေါင်းလေးမှီထားရာမှ ခရာက သူ့ကိုယ်သူ လက်မနှင့်ညွှန်ကာ မေးလာတော့ နဖူးလေးကိုဖွဖွနမ်းရင်း ခေါင်းညိတ်ပြလိုက်သည်။
တစ်နေ့နေ့မှာ သူ့ဇနီး၊သူ့မိန်းကလေးဆိုသည့် တော်စပ်မှုဖြင့် မိသားစုဝင်ဖြစ်လာဖို့ ရည်ရွယ်ထားသည်မလား...
"မေး ဘာသိချင်လဲ"
"အစ်ကိုတစ်ယောက်ရှိတယ်ဆို သေသွားတာလိုလို ဘာလိုလိုကြားဖူးတယ် အဲ့ဒါဟုတ်လားဟင်?"
"မသေပါဘူး စောစောကမှ မင်းကိုလာကြည့်သွားတာ အဲ့ဒါငါ့အစ်ကိုပဲ"
"ဟင်! အစ်ကိုရင်းပေါ့ အဲ့ဒါကိုဘာလို့"
"အစ်ကိုက ငါ့အသက် 10နှစ်လောက်ကတည်းက အိမ်ကထွက်သွားတာ အဲ့ဒီကတည်းက မိသားစုကို လုံးဝအဆက်အသွယ်မလုပ်ဘူး အခုတော့ ရှမ်းရှေ့ကလွဲရင် နေရာတိုင်းက အစ်ကို့ရဲ့နယ်ဖြစ်နေပြီ
ပြောရရင်ကွာ အစ်ကိုကအင်အားကြီးနေပြီ မိသားစုကိုကာကွယ်နိုင်ပြီ အဲ့ဒါကြောင့်အခုမှအိမ်ပြန်လာတာ မင်းတို့မပြောနဲ့ ငါတို့နဲ့ရင်းနှီးတဲ့သူတွေတောင် အစ်ကို့ကိုသေပြီထင်ကြတာ"
"ဘယ်လိုနယ်လဲ ကိုကြီးရဲ့အစ်ကိုက ဘာလဲဟင်"
"အကြီးစားလက်နက်ကုန်သည်.. အဲ့လောက်ဆို မင်းသိမှာပါ"
"လျှောက်ပြောနေတာ စောစောကအစ်ကိုကြီးကဖြင့် ဒီလောက်ကြည့်ကောင်းနေတာ လက်နက်ကုန်သည်နဲ့လည်းမတူပါဘူး"
ပွင့်ပွင့်လင်းလင်းပြောပြလိုက်တော့လည်း ခရာက မျက်လုံးလေးပြူးကာ မယုံသလိုမေးခွန်းတွေဖြင့် သူ့ရင်ဘတ်ကိုဘုတ်ခနဲထုသည်။
သူ အသံထွက်သည်အထိရယ်တော့ ခရာက တကယ်ပြောနေတာလားဆိုသည့် အူကြောင်ကြောင်အကြည့်ဖြင့် ကြည့်နေဆဲ။
"အဲ့လောက်ပဲသိထားလေ တခြားသူတွေထက်စာရင် မင်းကအများကြီးသိနေပြီပဲ"
"သိချင်သေးတယ်"
"မေးခွန်းတစ်ခုအတွက် တစ်ခါနမ်းမယ် ဘယ်လိုလဲ"
ခရာနောက်ထပ်မျက်လုံးပြူးသွားပြီး ကိုယ်လေးရို့ကာ သူ့ရင်ခွင်ထဲမှ မသိမသာနောက်ဆုတ်သွား၍ လက်မောင်းလေးနှစ်ဖက်ကနေ ဆွဲယူလိုက်သည်။
နှစ်​ယောက်လုံး ဆိုဖာနှင့်စားပွဲခုံကြား ကြမ်းပြင်မှာထိုင်နေကြခြင်းဖြစ်ကာ ခရာထိုင်နေရာက ဆိုဖာထောင့်မှာမို့ ဒီ့ထက်လည်းနောက်ဆုတ်လို့မရတော့။
ဒါကိုသိနေဟန်ဖြင့် လက်ဖဝါးသေးသေးလေးက သူ့မေးရိုးကို ခပ်ဖွဖွလေးထိကပ်ကိုင်ပြီး...
"ကိုကြီးကချောလိုက်တာ ဟီး.."
"သိချင်တာတွေရှိသေးတယ်ဆို"
စချင်လာ၍ မျက်နှာကိုတမင်ငုံ့ချတော့ တစ်ယောက်ရဲ့ဝင်သက်ထွက်သက်ဟာ တစ်ယောက်ရဲ့ပါးပေါ်သို့ ထိခတ်မိသည်အထိ နီးကပ်သွား၍ သူမ အသက်ရှူသံတွေမြန်လာသည်။
မျက်လုံးလေးတွေဝိုင်းစက်ကာ ငြင်းဆန်ချင်ပုံဖြစ်ပေမယ့် မသိချင်ယောင်ဆောင်လိုက်ပြီး သူ့စိတ်အာရုံထဲမှာ သူမနှုတ်ခမ်းလေးကို ထပ်နမ်းချင်စိတ်က စိုးမိုးနေခဲ့၏။
"ဟို.. နောက်မှမေးမယ်လေနော် ခရာမနမ်းတတ်ဘူး"
"ရတယ် သင်ပေးမယ် ရှေ့နေနဲ့မဆိုင်တဲ့ Constructionကိုတောင် မင်းကိုသင်ပေးခဲ့သေးတာပဲ ဒီလောက်ကတော့ ဖြစ်တယ်"
"မသင်ချင်ဘူးလို့ ကိုကြီးနော် သူများကို.."
စူထော်နေသည့်နှုတ်ခမ်းလေးကို ဖျတ်ခနဲထိရုံလေးနမ်းပစ်လိုက်တော့ ခရာရှက်သွားပြီး သူ့ရင်ခွင်ထဲကအတင်းပြန်ရုန်းတော့၏။
နမ်းရုံလေးနမ်းတာတောင် ဒီလောက်ရှက်တတ်နေသည့်ပုံစံလေးကိုက အတွေ့အကြုံမရှိမှန်း သိသာနေသော အပြုအမူလေး...
"မမေးတော့ဘူးလို့"
"မမေးတော့လည်းနမ်းချင်တယ် မင်းငြိမ်ငြိမ်နေ"
ဘာထပ်ပြောမလဲမစောင့်တော့ဘဲ မေးဖျားလေးကိုပင့်ယူကာ သူချစ်သည့် အောက်နှုတ်ခမ်းလေးကို စုပ်ယူနမ်းပစ်လိုက်တော့ သူမ ပြန်မရုန်း။
အရင်ကထက်ပိုပြီး မက်မောစရာကောင်းလာသော ထိုနှုတ်ခမ်းလေးက သူ့စိတ်ကိုအမျိုးမျိုးမြှူဆွယ်နေ၍ ခဏခဏနမ်းချင်သည်။
ထိမိတိုင်းအိစက်နေသော နှုတ်ခမ်းလွှာလေးတွေ၊
သူသဘောကျရသည့် တောက်ပသော မျက်လုံးကလေးတွေ၊
နမ်းလိုက်တိုင်း နှာတံတစ်ခုလုံး နစ်ဝင်သွားတတ်သည့်ပါးနုနုလေးတွေ...
အစရှိသဖြင့် ထိုမျက်နှာလေးတစ်ခုလုံး နေရာလပ်မကျန်အောင် ထိတွေ့ရမ်းကားပစ်ပြီး ပြန်လွှတ်ပေးလိုက်တော့ သူမ ရှက်ကိုးရှက်ကန်းဖြင့် ရင်ခွင်ထဲ မျက်နှာဖွက်သည်။
"နောက်ဆို ကိုကြီးနဲ့ဘာမှမကစားဘူး"
တဲ့...
အသည်းယားရလွန်း၍ လက်ဖမိုးလေးကိုဖမ်းဆုပ်ကာ နှုတ်ခမ်းနှင့်ဖိကပ်နမ်းပစ်တော့လည်း သူမ ရှက်နေပြန်သည်။
နှုတ်ခမ်းလေးကိုက်ကာ ရှက်နေသောထိုမျက်နှာလေးက သူ့မျက်လုံးထဲမှာ နတ်သမီးတစ်ပါးလိုသိပ်လှနေသည်။
သူမရဲ့အကျင့်တစ်ခုချင်းစီတိုင်းမှာ၊ ခန္ဓာကိုယ်အစိပ်အပိုင်းတစ်ခုချင်းစီတိုင်းကို သူတကယ်ကြွေကျနေပါပြီ။
"မင်း တကယ်.."
"ကိုကြီးနော် မပြောပါနဲ့ဆို"
လက်ညှိုးလေးဖြင့် သူ့နှုတ်ခမ်းတွေကိုပိတ်ပစ်ရင်း ခပ်တင်းတင်းလေးပြောလာတော့ ထိုလက်ကလေးကိုဆွဲဖယ်ရင်း သူမကိုယ်လေးကိုဖက်ထားလိုက်၏။
ထိုအခါ သူ့ရင်ဘတ်ကိုပါးလေးကပ်ပြီး သူ့ခါးကိုသိုင်းဖက်လာကာ မျက်နှာလေးမော့လာပြီး…
"ကိုကြီးမပြောလည်း ခရာသိပါတယ် ခရာမပြောလည်းကိုကြီးသိတယ်မလား ဒါကြောင့်မို့တိတ်တိတ်လေးနေရအောင်နော်"
"ဘာလို့လဲ သိခွင့်ရှိမလား"
"မနက်ဖြန်ကျရင်ပြောပြမယ် ကိုကြီးနားလည်သွားရင်လေ ခရာ့ကိုအမြင်ကတ်ချင်ကတ်သွားနိုင်တယ် မုန်းချင်မုန်းသွားနိုင်တယ်"
"မဖြစ်နိုင်တာ"
သူရယ်လိုက်မိရင်း ထိုနှုတ်ခမ်းလေးကို ဖွဖွလေးထပ်နမ်းတော့ သူမကစူပုတ်ပုတ်လေးဖြစ်သွားလေ၏။
အမြင်မကတ်နိုင်လို့၊ မမုန်းနိုင်လို့ ဒီလိုဖက်ထားပြီး ဒီလိုခဏခဏနမ်းနေတာပဲ Baeရယ်…
မင်းထင်နေသလို ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး…
💛💛▫▫▫💛💛
Part 34 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~
💛 Players ( Part - 33 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫
ကိုစည်းများလား...
ဒါဘယ်သူလဲ...
"Awww"
အတွေးတြွေဖင့် ခရာ ကိုကြီးနောက်ကျောဘက်မှာ ကပ်နေလိုက်တော့ ကိုကြီးက အခန်းထဲသွားနေဖို့ မေးဆတ်ပြ၏။
"ပြန်ပါတော့ အစ်ကို"
💛💛▫▫▫💛💛
"ဘာထူးသေးလဲ"
အက္ခရာကိုတော့ နှစ်ရက်တောင် ခေါ်သွားပုံအရဆို ဒီမိန်းကလေးကို အတော်လေးကြွကျေနေပုံရသည်။
"ဟုတ်တယ် ကိုစည်း"
"ပြော ဘာကျန်သေးလို့လဲ"
"သွေး ပြန်ရောက်နေပြီ"
"ဘယ်လို!! မင်းအစောကြီး"
💛💛▫▫▫💛💛
"Truth"
"Dare"
"သီချင်းဆိုပြ"
လူတွေကပြောကြတယ်)
I can't you out of my head
As long as you love me
As long as you love me
"မင်းဆိုခိုင်းလို့ဆိုပြတာလေ ဘာသီချင်းဆိုဆိုပေါ့.. ဘယ်သူ့ကိုမှလည်းသီချင်းဆိုမပြဖူးသလို Backstreet Boysက ငါ့ရဲ့favourite singerဆိုတာ ဘယ်သူမှလည်းမသိဘူး ဒီအခန်းမှာညအိပ်ဖူးတာရော၊ သီချင်းဆိုပြတာရော မင်းပထမဆုံးပဲ"
"ဒီBaeလေးကိုရော"
"မေး ဘာသိချင်လဲ"
ပွင့်ပွင့်လင်းလင်းပြောပြလိုက်တော့လည်း ခရာက မျက်လုံးလေးပြူးကာ မယုံသလိုမေးခွန်းတြွေဖင့် သူ့ရင်ဘတ်ကိုဘုတ်ခနဲထုသည်။
"သိချင်သေးတယ်"
စချင်လာ၍ မျက်နှာကိုတမင်ငုံ့ချတော့ တစ်ယောက်ရဲ့ဝင်သက်ထွက်သက်ဟာ တစ်ယောက်ရဲ့ပါးပေါ်သို့ ထိခတ်မိသည်အထိ နီးကပ်သွား၍ သူမ အသက်ရှူသံတြွေမန်လာသည်။
"မမေးတော့ဘူးလို့"
တဲ့...
သူမရဲ့အကျင့်တစ်ခုချင်းစီတိုင်းမှာ၊ ခန္ဓာကိုယ်အစိပ်အပိုင်းတစ်ခုချင်းစီတိုင်းကို သူတကယ်ကြွကျေနေပါပြီ။
"မင်း တကယ်.."
"မဖြစ်နိုင်တာ"
မင်းထင်နေသလို ဘယ်တော့မြှဖစ်လာမှာမဟုတ်ဘူး…ယုံ…
💛💛▫▫▫💛💛
Part 34 ဆက်ရန်
#shinthant1141997
Continue Reading
You'll Also Like
57.9K 383 6
Roland growled, a deep rumble coming from his chest, He pulled my ankles up to his shoulders and readied his massive manhood in his hand. Yoga is pea...
684K 98K 37
Yaduvanshi Series #3 it is a book under yaduvanshi series. But it could be read as standalone too. Nitya Raghavendra is a telugu businesswoman earnin...
986 220 27
Jisung encontró el amor donde menos lo esperaba, pero no lo entendió. Todo era intenso y abrumador. Buscó respuestas, y consiguió muchas, pero él s...
532K 17.8K 126
Read and find out...