Players

By SummerMaung

809K 24.4K 1.1K

"Real lifeမှာ စကေးကြမ်းလွန်းတဲ့ စနိုက်ကြော်ဆိုတာမရှိဘူး ပျော်ဝင်သွားတဲ့ယောကျာ်းဆိုတာပဲရှိတယ်" "ခေါင်းလေးပဲညိတ... More

Intro
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
35
36
37
38
39
40
41
42 Unicode
42 Zawgyi code
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63

34

5.5K 278 16
By SummerMaung

💛 Players ( Part - 34 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

လင်းလွန်းသောအလင်းရောင်ကြောင့် မျက်နှာလေးရှုံ့မဲ့သွားပြီး လက်တစ်ဖက်ဖြင့်ကာလိုက်ကာ ထထိုင်ပစ်လိုက်သည်။
အသိစိတ်ပြန်ကပ်သွားတော့မှာ ခရာသတိရလိုက်တာက ဒါကိုကြီးရဲ့အခန်း...

ခရာကတော့ သူ့အိပ်ယာမှာအိပ်ပြီး ကိုကြီးကတော့ဧည့်ခန်းကဆိုဖာမှာ အိပ်နေခဲ့တာမို့ သူ့အရပ်ကြီးဖြင့်ကွေးအိပ်ရမှာကို သတိရလိုက်ပြန်သည်။
ကိုကြီးညောင်းများညောင်းနေမလား...

ကိုယ့်အတွေးကို ရှက်ပြုံးလေးပြုံးလိုက်ရင်း ရေချိုးခန်းထဲဝင်လာခဲ့တော့ ခရာ့အတွက်ထုတ်ပေးထားသော သွားတိုက်တံလေးက သွားတိုက်ဆေးထည့်ထားလျက်။
ဘာမှမစဥ်းစားတော့ဘဲ ရေပါချိုးပစ်လိုက်ပြီး သဘက်လေးပတ်ပြီးမှ သတိရလိုက်သည်က သူမမှာအဝတ်အစားအပိုမပါ...

"ကြာနေပြီနော် Bae မင်းမပြီးသေးဘူးလား"

အပြင်မှကိုကြီးအသံကြောင့် ခရာဘယ်လိုပြောရမလဲ တွေးနေမိစဥ် တံခါးခေါက်သံထပ်ထွက်လာသည်။

"Bae"

"ခရာ ရေချိုးလိုက်မိတယ် ကိုကြီး.. အင်္ကျီမပါတာကိုမေ့သွားပြီး"

"ငါ့အင်္ကျီထုတ်ပေးထားမယ် ထွက်ခဲ့တော့ အအေးမိမယ်"

နောက်ထပ်ဘာသံမှမကြားတော့၍ ခရာ ရေချိုးခန်းတံခါးဖွင့်ကာ ခေါင်းလေးထွက်ကြည့်မိတော့ အခန်းထဲမှာ ကိုကြီးမရှိတော့။
ထိုအခါမှ ခရာ သဘက်လေးကိုင်ပြီး ထွက်လာခဲ့ကာ ကိုကြီးထုတ်ပေးခဲ့သောအင်္ကျီကိုကြည့်မိသည်။
ရှပ်လက်ရှည်တွေကိုသာ အမြဲဝတ်တတ်သည့်ကိုကြီးဟာ အခုလည်းရှပ်လက်ရှည်အဖြူကိုပဲ ထုတ်ပေးခဲ့တာမို့ အတွင်းခံကမဝတ်လို့မရ။

သူ့ရှေ့မှာလည်း ဒီအတိုင်းမနေရဲတာမို့ ကိုယ့်Underwearတွေပဲပြန်ဝတ်လိုက်ကာ ကိုကြီးအင်္ကျီကိုကောက်ဝတ်လိုက်သည်။
ဆံပင်တွေကိုတော့ ဒီအတိုင်းပဲထားလိုက်ကာ အခန်းအပြင်ထွက်လာခဲ့ရင်း ရှည်လွန်းသောအင်္ကျီလက်ကို ခေါက်တင်နေမိသည်။

"မင်းနဲ့လိုက်တယ်"

ခရာ့ကိုကြည့်ပြီး ကိုကြီးပြောလာတော့ နည်းနည်းရှက်သွားမိ၍ ခေါင်းလေးငုံ့ကာ ကိုကြီးအနားလျှောက်လာခဲ့သည်။
သူကတော့ပြုံးစိစိနှင့် ခရာ့ပခုံးလေးကိုဖက်ကာ ထမင်းစား စားပွဲမှာထိုင်ခိုင်းပြီး ထမင်းထည့်ထားသော ပန်းကန်လုံးလေးကို ရှေ့တိုးပေးသည်။

"ငါကအိမ်မှာသိပ်မစားဖြစ်လို့ ရှိတာပဲလုပ်ထားတာ မင်းဖြစ်ရဲ့လား"

"ကိုကြီး ချက်ထားတာလား"

စားပွဲပေါ်ပြင်ဆင်ထားသည့်အထဲမှာ ကြက်ဥဟပ်ဖရိုက်လည်းပါသလို ဝက်အူချောင်းနီနီလေးတွေက ပန်းကန်လုံးလေးထဲမှာစားချင့်စဖွယ်။
ခေါက်ဆွဲပြုတ်ထဲမှာလည်း စိမ်းစိုနေသောအရွက်တွေနှင့် အသားတုံးလေးတွေက သပ်သပ်ရပ်ရပ်။
ကိုကြီးပုံစံနဲ့ မီးဖိုချောင်က ဘယ်လိုမှမအပ်စက်တာမို့ ခရာသည် ရင်ထဲကြိတ်ဆွေးသွားမိသည်အထိ။

"ချက်တယ်လည်းမဟုတ်ပါဘူး မင်းဘာစားမှန်းမသိလို့ စားချင်မယ်ထင်တာ လုပ်ပေးထားတာ"

"ဒါတွေပဲစားပါ့မယ် ခရာ ခေါက်ဆွဲပြုတ်ကြိုက်တယ်"

"ကြိုက်ရင်စား... ငါလုပ်ပေးတာစားဖူးတာ မင်းကဒုတိယမြောက်ပဲ"

တူကိုကိုင်ပြီးစားဖို့ပြင်နေသော ခရာ့လက်ကလေးတွေရပ်တံ့သွားကာ ကိုကြီးကိုပြန်ကြည့်ရင်း စိတ်ထဲမှာဝမ်းနည်းသွားမိသည်။
မရာ့ရဲ့လူမှန်းသိပါလျက် သူမ စိတ်အလိုလိုက်ကာ ကိုကြီးနဲ့အတူရှိခဲ့သည့်အဖြစ်မှာ ခရာဟာ သူ့အတွက် ဒုတိယလူပဲ...
ပြီးတော့ ခရာအရှုံးပေးကာ နောက်ဆုတ်ဖို့ရွေးချယ်ခဲ့ပြီးပြီမို့ သူတို့နှစ်ယောက်ဟာ အရင်လို ပြန်လက်တွဲသွားကြမှာပဲ..
ဒါကို ကိုယ်တိုင်လည်းသိနေခဲ့ပါလျက် ဘာကိုဝမ်းနည်းသွားမိသည်မသိ...

"ပထမတစ်ယောက်က အမေ"

"ဟင်!!"

"ငါ့အမေလို့ပြောတာ ဝမ်းနည်းပြီးငိုင်မနေနဲ့ စားစရာရှိတာစား ပြီးရင်ပြန်လိုက်ပို့ပေးမယ်"

ထိုအခါမှ ဝမ်းနည်းနေသောသူမမျက်နှာလေးက ပြန်ပြီးကြည်လင်လာကာ သူမအတွက် ခေါက်ဆွဲပြုတ်ကိုယူစားတော့၏။
ဗိုက်ဆာနေပုံရသည့် သူ့ရဲ့Baeက ထည့်ပေးထားသမျှ အကုန်စားပစ်သောကြောင့် စိတ်ထဲမှာကျေနပ်သွားသလို စောစောထရကျိုးလည်းနပ်သွားသည်။
သူ့ဘာသာတောင် ဒီလိုတွေမလုပ်ဖြစ်တာကြာခဲ့ပြီကိုး...

"ခရာ ဆေးလိုက်မယ်"

ပန်းကန်တွေကိုစုထပ်ကာ ဘေစင်ဆီသယ်သွားတော့ ပေါင်လယ်အထိရောက်နေသော သူ့အင်္ကျီကြောင့် ပေါင်တံဖြူဖြူလေးတွေမြင်နေရပြီး ကပိုကရိုလေးဖြင့်ချစ်စရာ။
ကြည့်ပြီးသဘောတကျပြုံးနေမိတုန်း ခရာက နောက်ပြန်လှည့်ကြည့်ကာ မျက်စောင်းလေးထိုးရင်း...

"ကိုကြီးနော် နောက်ကနေကြည့်ပြီး မျက်စိအရသာခံမနေနဲ့"

"Aww aww မျက်စိအရသာခံရအောင် မင်းက ဘာနေရာတွေများကိတ်နေလို့လဲ သေးသေးလေးတွေမို့လို့ မြင်တောင်မမြင်ရဘူး ကိုယ့်ကိုယ်ကိုမသိလို့လား"

"ဘာနေနေ မကြည့်နဲ့ ဟိုဘက်သွား"

"မသွားပါဘူး ငါ့အိမ်ထဲငါနေချင်သလိုနေမှာပေါ့ ဘယ်ပဲကြည့်ကြည့်"

"သွားလို့"

အက္ခရာရှက်နေသည့်အခါတွေတိုင်း သူ သဘောကျသည်။
အသားဖြူသူမို့ သူမ ရှက်သွားပြီဆို ပါးလေးတွေရော၊ နားရွက်ဖျားလေးပါ ရဲတက်လာကာ ရှက်မျက်စောင်းထိုးချင်ထိုး၊ မဟုတ်ရင်နှုတ်ခမ်းကိုက်ပြီး ခြေဆောင့်နေကျ။

ခုလည်း မျက်စောင်းထိုးပြီး ခြေဆောင့်နေပြီမို့ ခရာ့ကျောဘက်နားမှာရပ်ကာ ခါးလေးကိုဖက်ထားလိုက်တော့ ကိုယ်သင်းရနံ့လေးတစ်ခုရလိုက်ကာ လည်ဂုတ်သားလေးကို တဝကြီးနမ်းပစ်လိုက်သည်။
ထို့နောက် အညိုရောင်ပျပျလေးသာ ကျန်တော့သည့်Markingလေးကို တစ်ချက်ငုံ့နမ်းလိုက်တော့ သူမ ပြန်ရုန်းကာ...

"ကိုကြီးနော် မနမ်းနဲ့ ပျောက်ခါနီးနေပြီ"

"အဲ့ဒါဆိုဒီဘက်လှည့်"

သူမကိုယ်လေးကိုဆွဲလှည့်လိုက်တော့ မျက်လုံးပြူးလေးဖြင့်မော့ကြည့်လာကာ လက်ကလေးတွေက သူ့ရင်ဘတ်ကိုတွန်းပစ်ဖို့ အဆင်သင့်အနေအထား။
ခါးလေးကိုခပ်တင်းတင်းဖက်ကာ ပင့်ချီလိုက်တော့ ရင်ဘတ်ချင်းကပ်သွားသလို သူမမျက်နှာလေးလည်း မော့လာသည်။

"ငါမင်းနဲ့အတူအမြဲရှိချင်တယ် ခုလိုမျိုးလေး.."

"လွှတ်ပါကိုကြီးကလည်း ပန်းကန်တွေ.."

"ထားလိုက် မင်း ငါ့ကိုရုန်းမရအောင်ပြုစားနေတာ Bae.. မင်းနဲ့တွဲချင်တယ် ဘာပဲဖြစ်ဖြစ် အတူရင်ဆိုင်ကြမယ်ကွာ ဘာမှမပြောချင်ရင်တောင် ခေါင်းညိတ်ပေး"

"ဟင့်အင်း မတွဲဘူး.."

"အဲ့လိုငြင်းမပစ်ပါနဲ့ကွာ ငါတို့တစ်ယောက်ကိုတစ်ယောက် သိတယ်မဟုတ်လား ဒါကိုဘာလို့မင်းကငြင်းနေတာလဲ"

"ခရာက.."

သူမဆီက အငြင်းစကားတွေထွက်မလာခင် ကိုယ်လုံးလေးကို ဘေစင်ပေါ်ပွေ့တင်လိုက်ကာ ခါးလေးကိုသိမ်းဖက်ထားပြီး နှုတ်ခမ်းလေးကို ဖိကပ်နမ်းပစ်လိုက်သည်။
သူအသည်းယားရသည့် အောက်နှုတ်ခမ်းလေးကိုပဲ ခံတွင်းထဲအထိရောက်အောင် အသည်းအသန်စုပ်ယူမိတော့ သူမလက်ကလေးတွေက အင်္ကျီစကိုဆွဲဆုပ်လာ၏။
သူမကိုအနားမှာခေါ်ထားဖို့ ရည်ရွယ်ချက်က ကစားဖို့ဖြစ်ပေမယ့် လက်တွေ့မှာတော့ ဒီမိန်းကလေးကိုနမ်းရုံအပြင် မထိရက်မတို့ရက်။
သူ့မှာ မထိရရင်လည်းမနေနိုင်၊ မနမ်းရရင်လည်း မနေနိုင်တော့…

"ဟင့်အင်း တော်ပါတော့"

ရင်ဘတ်ကိုတွန်းဖယ်ပြီး အတင်းရှောင်ပစ်သော သူမကြောင့် အနမ်းတွေရပ်ပေးလိုက်တော့ မောနေပုံဖြင့် အသက်လုရှူနေရင်း သူ့ရင်ဘတ်ကို တဘုတ်ဘုတ်ထုသည်။
နီရဲနေသောနှုတ်ခမ်းလေးက ခါတိုင်းထက်ပိုလှနေသလို မကျေမနပ်ဖြစ်နေသော ငိုမဲ့မဲ့မျက်နှာလေးက ရင်ခုန်ဖွယ်အတိ။

"ကိုကြီးဟိုတစ်ရက်ကတည်းက ခဏခဏနမ်းနေတာ ပြီးတော့နမ်းလိုက်ရင်လည်းအရမ်းပဲ ဒီမှာနှုတ်ခမ်းတွေနာနေပြီ"

"ဆောရီး နည်းနည်းစိတ်လွတ်သွားတယ်"

"ဖယ်.. လွှတ် မနက်စာချက်ကျွေးရတယ်ဆိုပြီး တန်အောင်ပြန်ယူနေတာ"

"အဟက်!.. မဟုတ်ပါဘူး Baeရာ ဒီအတိုင်းနမ်းချင်လာလို့ပါ နှုတ်ခမ်းတွေနာရင် တခြားနေရာနမ်းမယ်"

"အာ! ဖယ်ပေးလို့"

ငိုမဲ့မဲ့ဖြစ်နေသောမျက်နှာလေးက တကယ်ပဲမျက်ရည်တွေဝဲတက်လာပြီး သူ့ကိုထုနှက်နေသလို ပါးစပ်ကလေးကလည်း အမျိုးမျိုးကျိန်ဆဲနေတော့ သူ အသံထွက်သည်အထိ ရယ်လိုက်မိတော့၏။
သူကလည်း သူပင်..
ဒီလောက်ထုနှက် ကျိန်ဆဲခံနေရသည့်ကြားမှ ထုနှက်နေသောလက်ကလေးတွေကို ခါးနောက်မှာဆွဲချုပ်ပြီး နှုတ်ခမ်းကိုရအောင်နမ်းလိုက်သေးတော့ သူမက စိတ်ဆိုးမာန်ဆိုးဖြစ်သွားလေသည်။

"ကိုကြီးအရမ်းနှာဘူးကျတာပဲ ဖယ်ပေး"

"ဘာလုပ်ရသေးလို့လဲ အသည်းယားလို့ပါဆို.. ထပ်နမ်းချင်သေးရင်လည်းကျိန်ဆဲခံရဦးမယ် အင်္ကျီသွားလဲတော့ ပြန်လိုက်ပို့ပေးမယ်"

ရယ်ကျဲကျဲဖြင့်ပြန်လွှတ်ပေးလိုက်တော့မှ သူမက ကလေးပိစိလေးလို မျက်စောင်းလေးချီကာ ခြေဆောင့်ပြီး အိပ်ခန်းထဲပြန်ဝင်သွားလေရဲ့။
နမ်းမိတာသာပြောလို့...
သူမဘယ်လောက်အသည်းယားဖို့ကောင်းလဲ မသိဘူးလား.....

💛💛▫▫▫💛💛

"ငါပြန်ရောက်နေတာကြာလှပြီ"

ခရာ့ကိုမကျေမနပ်ကြည့်ကာ စိတ်ဆိုးနေသော မရာ့မျက်နှာကြောင့် သူမ ဟဲခနဲပြုံးပြလိုက်ကာ မရာ့ပါးလေးကိုလှမ်းဆွဲဖဲ့လိုက်သည်။
ဖုန်းကို Silentလုပ်ထားမိတာမို့ မရာဖုန်းခေါ်နေတာတွေကိုလည်း မသိခဲ့သလို တိုက်ခန်းကိုပြန်ရောက်မှ ဖုန်းကိုကြည့်မိသည့်အဖြစ်။
မရာ့ရဲ့missed callတွေအပြင် ကိုစည်းရဲ့ Missed callတွေကလည်း အများကြီးမို့ ခရာနဲ့ကိုကြီး ခိုးDateနေတုန်း သူတို့ဘယ်လောက်တောင်စိတ်ဆိုးနေလိုက်ကြမလဲ…

"ညကတည်းကပြန်ရောက်နေတာဆိုရင် နင်အိမ်ပြန်သွားတာလား"

"မဟုတ်ပါဘူး"

"ဟယ်.. ကြည့်စမ်း နင် ကိုစည်းနဲ့Dateခဲ့တာမလား နင်အရမ်းကဲတာပဲ"

"ခရာနော် စကားလမ်းကြောင်းမလွှဲနဲ့ နင် ညကဘယ်သွားတာလဲ စည်းကိုလွှတ်လိုက်သေးတယ် နင်တိုက်ခန်းမှာလည်းမရှိဘူး"

သူမ ပခုံးတွန့်ပြလိုက်ကာ ဘာရယ်မဟုတ်ဘဲဆံပင်တွေသပ်တင်လိုက်တော့ မရာ့အကြည့်တွေ လည်ပင်းသို့ရောက်သွားတော့သည်။
သွားပြီ ဆိုသည့်အတွေးဖြင့် ညိုဖျဖျအမှတ်ကလေးကို ခရာဆံပင်တွေဖြင့် မသိမသာပြန်ဖုံးလိုက်ပေမယ့် မရာက ခရာ့ဆံပင်တွေကို ဆွဲဖယ်ပစ်ကာ အသေအချာကပ်ကြည့်၏။

"ဘာမှမဟုတ်ပါဘူး နင်ကလည်း"

"နင်ဘဲရနေပြီပဲ ဘယ်ကလူလဲ"

"ဘဲမဟုတ်ပါဘူး"

"ပြောစမ်း ခရာမ ဒီမှာ ၈လလောက်နေလိုက်တာနဲ့ ဘဲရသွားတယ်ပေါ့ ဘယ်ကကောင်လဲ လေးလေးသိရင်နင့်ကိုသတ်မှာနော်"

"ဘဲမဟုတ်ပါဘူးဆိုဟာ"

"ဘဲမဟုတ်ရင်ဒါကဘာလဲ အကောင်ကိုက်တာလို့တော့ လာမပြောနဲ့ ငါကလေးမဟုတ်ဘူး"

"ဘဲမဟုတ်ဘူး ဒီတိုင်းပဲ"

"အေး.. နင်လည်းအရွယ်ရောက်နေပြီပဲ မပြောချင်လည်းနေပါ ငါသိချင်တာက လောင်းကြေးကိစ္စဘယ်လိုဖြစ်သွားပြီလဲ"

မရာကသာ စိတ်အားထက်သန်စွာမေးလာပေမယ့် သူမကတော့ ထိုအကြောင်းကိုမပြောချင်တော့သလို စိတ်လည်းမပါတော့။
သို့ပေမယ့် ခရာကိုယ်တိုင်စခဲ့သော ကစားပွဲစာ ခရာ့ကြောင့်ပဲအဆုံးသတ်ရမှာမို့ မပြောလို့လည်းမရပြန်…

"မှိုင်လှချေလား ဘာလဲ နင်တန်ခိုးကိုကြွေသွားလို့လား ကြွေမယ်ဆိုလည်းကြွေစရာနော် ငါ့လူကအမိုက်စား"

တကယ်လည်း သွေးပြောသလို ကိုကြီးကအမိုက်စားဘဲကြီးဖြစ်သည်။
ရှပ်လက်ရှည်ရောင်စုံကိုပဲ အမြဲတစေဝတ်တတ်၍ လူကြီးဆန်သောတည်ကြည်မှုရှိကာ ရုံးမှာဆို ကိုကြီးကိုကြိတ်ကြွေနေသော ကောင်မလေးတွေအများသား။
သို့သော် ကိုကြီးက သူကိုင်သည့်ဆိုဒ်နှင့်လုပ်ငန်းကိစ္စတွေကလွဲလျှင် ဘာမှစိတ်မဝင်စား၍ ဘာကိုမှလည်းသတိထားမိမှာမဟုတ်။

ကစားပွဲဟာ ကိုယ့်ဘက်ကနိုင်နေပြီဖြစ်သည့် လောင်းကြေးဖြစ်ပေမယ့် ကိုကြီးနဲ့ခရာဟာ မဆုံနိုင်သည့်လမ်းကြောင်းမှာ တွေ့ခဲ့ရသည့်လူတွေ...
သူရော၊ ကိုယ်ရော ချစ်ကြရင်တောင်မှ ခရာဘယ်လိုရှေ့ဆက်တိုးရမှာလဲ...
ကိုကြီးဘက်က အရာအားလုံးကိုရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေခဲ့ရင်တောင် သူ့တစ်မျက်နှာကို တစ်ကမ္ဘာထင်ပြီး ခရာမစွန့်စားရဲပါ…

"ဘာလို့ကြွေရမှာလဲ ငါ့ရဲ့Harvardအိမ်မက်လေးလွင့်ပြယ်သွားလို့ ကြေကွဲနေတာ နင့်လူကရေခဲတုံးထက်ဆိုးတယ် မရာရယ် ဘယ်လိုတောင်ရွေးလိုက်သလဲ"

ထိုအခါမှ မရာ့မျက်နှာလေးပြုံးသွားကာ သူ့ဘဲကြီးအတွက် ဂုဏ်ယူဝင့်ကြွားစွာပြုံးလိုက်ပြီး ခရာ့ဆံပင်တွေကိုဆွဲဖွသည်။
ခေါင်းကိုင်တာကို သူမ မကြိုက်သောကြောင့် စောင်းငဲ့ကာ ရှောင်တိမ်းပစ်လိုက်တော့ မရာက ခပ်လှောင်လှောင်ရယ်သံလေးဖြင့်…

"ဒီလိုပါပဲ နင် သူ့ကိုမဖျားယောင်းတတ်လို့ပါ"

"အဲ့လိုလည်းပါမှာပေါ့ ငါက ငါ့နည်းငါ့ဟန်နဲ့ကြိုးစားတာလေ အဲ့လိုဖျားယောင်းတာ၊ သွေးဆောင်တာမျိုးမှမလုပ်တတ်ဘဲ"

"ထားပါ အခု နင်ရှုံးတယ်ဆိုပါတော့ ဝန်ခံလား"

"အေး"

"စိတ်ထဲသိပ်ခံစားမနေပါနဲ့ ခရာရယ် တကယ်ဆိုနင်ညံ့လို့မဟုတ်ပါဘူး ငါကိုကအရမ်းတော်သွားလို့ပါ"

စလာပြီ.. ခရာ မရှုံးချင်ခဲ့တာ ဒါတွေကြောင့်မို့...
မရာနဲ့စကားနိုင်လူဖြစ်တိုင်း၊ ခရာ့ရဲ့တစ်သက်စာလုံး မရာနဲ့တွေ့တိုင်း ဒီစကားဟာ အမြဲပါလာတော့မည့်အဖြစ်ကိုတွေးပြီး စိတ်ထဲမောသွားသည်။
အကယ်၍ အဖြစ်မှန်ကို မရာသိသွားရင်လည်း ကိုကြီးဟာ သစ္စာမရှိသော၊ မျက်နှာများသောသူဖြစ်မှာကိုလည်း ခရာလက်မခံနိုင်။

ထို့အတူ မှုံပြောခဲ့သည့်
"သူတစ်ပါးရဲ့ခံစားချက်ကိုချနင်းပြီး နင်ရောက်ချင်တဲ့နေရာရောက်သွားပြီဆိုပါစို့ နင်ပျော်မယ်လို့ထင်လား"
ဆိုသလို ခရာ မပျော်နိုင်မှာမှန်းလည်း အလိုလိုသိနေခဲ့၏။
ကိုကြီးကိုလိမ်ပြီး အမြင့်လည်းမရောက်ချင်တော့သလို ကိုကြီးရဲ့အချစ်ကိုလည်း မလိမ်ချင်တော့။

"ညနေ ငါသူနဲ့သွားတွေ့မှာ နင်ရောလိုက်ခဲ့ရမယ်"

"ဘာလိုက်လုပ်ရမှာလဲ နင်နိုင်တယ် ငါရှုံးတယ် အဲ့ဒါဆိုရပြီပဲမလား မလိုက်ချင်ပါဘူး"

"တန်ခိုးက ငါ့ကိုရန်လုပ်မှာကို နင်စိုးရိမ်နေတယ်မလား အဲ့လိုတွေဖြစ်မလာဘူးလို့ လက်တွေ့ပြမလို့.. သူ့ကိုငါပိုင်ပါတယ် ပြီးတော့ နင်တို့ချင်းလည်းရင်းနှီးပြီးသားမလား"

"နင်ဟာ ရှုံးလို့စိတ်ညစ်နေပါတယ်ဆိုမှ အေးဆေးမညစ်ရဘူး"

"မရဘူး နင်လိုက်ခဲ့ရမယ်"

💛💛▫▫▫💛💛

တစ်ယောက်တည်း စားပွဲပေါ်ခွေခေါက်အိပ်နေရင်း Laptopကိုကြည့်မိတော့ ခရာ့ရဲ့အိပ်မက်ဖြစ်သည့် Harvard Law School၏ပုံရိပ်ကြီးပေါ်လာ၏။
ရောက်တော့ရောက်ခဲ့ပေမယ့် ခရာ လှည့်ပြန်လာခဲ့သည်ဆိုလျှင် မိုက်ရူးရဲဆန်ရာကျနေမလား…

"ကောင်းပါတယ် ခရာရယ် ငါတို့ကအစကတည်းက ဒီပွဲကိုမဖြစ်စေချင်တာပါ နင်လုပ်ချင်တယ်ဆိုလို့ ကူညီပေးခဲ့ကြတာ"

"အခုဘယ်လိုလုပ်မလဲ Singaporeပြန်မှာလား"

"အေးပေါ့"

Video callထဲမှတစ်ယောက်တစ်ပေါက်ဆူညံနေသော စကားသံတွေကို လျစ်လျူရှူထားလိုက်ရင်း ကိုကြီးကိုယ်တိုင် ဒီဇိုင်းဆွဲပေးခဲ့သည်ဆိုသော ဆွဲကြိုးကလေးကိုသာ ငေးနေမိ၏။
အနားမှာမရှိလည်း အမှတ်တရတွေရှိနေခဲ့ဦးမှာပဲမလား…

"ခရာ"

"ငါအသည်းကွဲနေတာလား"

"မကွဲပါဘူးဟာ နင်တစ်ခါမှမကြုံဖူးလို့ အဲ့လိုခံစားရတာပါ တစ်ပတ်လောက်နေရင် သက်သာသွားမှာပါ မနက်ဖြန် ငါတို့အုပ်စုMovie Dateကြမယ် ဘယ်လိုလဲ"

"အေး ကြည့်ကြမယ် ချစ်လျက်နဲ့ကွဲသွားတဲ့ Me before Youလိုကားမျိုး"

"တော်ပါဟာ ခရာ နင်အဲ့လိုတွေမတွေးစမ်းနဲ့ ငါပြောပြမယ်"

ချောအသံကို အသေအချာကြားလိုက်ပေမယ့် Video callကိုချပစ်လိုက်ပြီး စားပွဲပေါ်မျက်နှာလေးမှောက်ချကာ ခရာငိုလိုက်မိတော့၏။
ကိုကြီးဟာ ခရာ့အတွက်တော့ တောင်တန်းကြီးတွေလိုပါပဲ…
အမြင်မှာနီးပေမယ့် လက်တွေ့မှာကျ မိုင်ရာချီဝေးနေတတ်တယ်…
ဒါပေမယ့် တောင်တန်းဆိုတာမျိုးက အဝေးကကြည့်မှပဲလှတတ်တဲ့အပြင် လွမ်းဆွတ်သလိုလိုဖြစ်သွားစေတဲ့ခံစားချက်မျိုးနဲ့မလား…

💛💛▫▫▫💛💛

Part 34 ဆက်ရန်

စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997

~~~~~~~~~~~~~~~~~~~~~~~

  
💛 Players ( Part - 34 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫






"Bae"





"မင်းနဲ့လိုက်တယ်"



"ကိုကြီး ချက်ထားတာလား"






"ပထမတစ်ယောက်က အမေ"

"ဟင်!!"



"ခရာ ဆေးလိုက်မယ်"

ပန်းကန်တွေကိုစုထပ်ကာ ဘေစင်ဆီသယ်သွားတော့ ပေါင်လယ်အထိရောက်နေသော သူ့အင်္ကျီကြောင့် ပေါင်တံဖြူဖြူလေးတြွေမင်နေရပြီး ကပိုကရိုလေးဖြင့်ချစ်စရာ။





"သွားလို့"




"အဲ့ဒါဆိုဒီဘက်လှည့်"





"ဟင့်အင်း မတွဲဘူး.."


"ခရာက.."


"ဟင့်အင်း တော်ပါတော့"






"အာ! ဖယ်ပေးလို့"

သူကလည်း သူပင်..



နမ်းမိတာသာပြောလို့...

💛💛▫▫▫💛💛




"မဟုတ်ပါဘူး"



သွားပြီ ဆိုသည့်အတွေးဖြင့် ညိုဖျဖျအမှတ်ကလေးကို ခရာဆံပင်တြွေဖင့် မသိမသာပြန်ဖုံးလိုက်ပေမယ့် မရာက ခရာ့ဆံပင်တွေကို ဆွဲဖယ်ပစ်ကာ အသေအချာကပ်ကြည့်၏။



"ဘဲမဟုတ်ပါဘူး"


"ဘဲမဟုတ်ပါဘူးဆိုဟာ"





"မှိုင်လှချေလား ဘာလဲ နင်တန်ခိုးကိုကြွသွေားလို့လား ကြွမေယ်ဆိုလည်းကြွစေရာနော် ငါ့လူကအမိုက်စား"

ရှပ်လက်ရှည်ရောင်စုံကိုပဲ အမြဲတစေဝတ်တတ်၍ လူကြီးဆန်သောတည်ကြည်မှုရှိကာ ရုံးမှာဆို ကိုကြီးကိုကြိတ်ကြွနေသော ကောင်မလေးတွေအများသား။


"ဘာလို့ကြွရေမှာလဲ ငါ့ရဲ့Harvardအိမ်မက်လေးလွင့်ပြယ်သွားလို့ ကြေကွဲနေတာ နင့်လူကရေခဲတုံးထက်ဆိုးတယ် မရာရယ် ဘယ်လိုတောင်ရွေးလိုက်သလဲ"





"အေး"






"တန်ခိုးက ငါ့ကိုရန်လုပ်မှာကို နင်စိုးရိမ်နေတယ်မလား အဲ့လိုတြွေဖစ်မလာဘူးလို့ လက်တွေ့ပြမလို့.. သူ့ကိုငါပိုင်ပါတယ် ပြီးတော့ နင်တို့ချင်းလည်းရင်းနှီးပြီးသားမလား"



💛💛▫▫▫💛💛




"အေးပေါ့"


"ခရာ"

"ငါအသည်းကွဲနေတာလား"





💛💛▫▫▫💛💛

Part 34 ဆက်ရန်

#shinthant1141997

Continue Reading

You'll Also Like

36K 403 40
Helluva Boss is one of my favorite shows now and it's amazing and I want to make this so yeah! Also not my artwork on the cover an like all my books...
4.2M 262K 100
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
2.9M 54.8K 17
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
63.5K 2.5K 106
Fall In Love with The Sickly BOSS in The Fear Tour 在恐游里和病娇BOSS谈恋爱 Author: 雾星灯 Status: 107 Chapters (Completed) Description: Others were desperately f...