Players

By SummerMaung

1.1M 38.3K 1.5K

"Real lifeမှာ စကေးကြမ်းလွန်းတဲ့ စနိုက်ကြော်ဆိုတာမရှိဘူး ပျော်ဝင်သွားတဲ့ယောကျာ်းဆိုတာပဲရှိတယ်" "ခေါင်းလေးပဲညိတ... More

Intro
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
33
34
35
36
37
38
39
40
41
42 Unicode
42 Zawgyi code
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77 (ဇာတ်သိမ်းပိုင်း)
Extra

32

9.4K 358 18
By SummerMaung

💛 Players ( Part - 32 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"မင်း ဘယ်တွေသွားနေတာလဲ ခရာ"

တစ်ယောက်တည်းစိတ်လေနေချိန် တိုက်ခန်းရှေ့ရောက်နေသည့် ကိုစည်းကိုမြင်လိုက်ရကာ ခရာဘာမှမပြောရသေးခင် မေးခွန်းတွေထွက်လာ၏။
စကားလည်းပြန်မပြောချင်၍ ခေါင်းကိုသာ ခါယမ်းပြလိုက်ပြီး အခန်းတံခါးကိုသော့ဖွင့်ကာ ဝင်လာခဲ့တော့ ကိုစည်းက ခရာ့နောက်မှကပ်ပါလာသည်။

"သွေးက ဒီမှာ တစ်ပတ်လောက်နေမယ်လို့ပြောတယ် ပြီးတော့ မင်းအိမ်ပြောင်းချင်တယ်လို့ သူ့ကိုပြောထားတယ်ဆို ငါ့ကိုသူလွှတ်လိုက်တယ် ဘာလုပ်ပေးဖို့လိုသေးလဲ"

"မရာပြန်လာရင် အဲ့ဒီအိမ်မှာသွားနေမှာ ပစ္စည်းတွေကိုအကုန်သိမ်းသွားမှာရယ် ခရာလည်း သူပြန်တာနဲ့Singaporeကိုပြန်မယ်"

"လည်ပင်းက ဘာဖြစ်တာလဲ"

အမြင်စူးသောကိုစည်းရဲ့မေးခွန်းကြောင့် ခရာ ဘာဖြေရမှန်းမသိဘဲ အမှန်အတိုင်းလည်းပြောပြချင်သောကြောင့် Plasterကိုခွာပြလိုက်သည်။
ညိုမဲနေပြီဖြစ်သော Markingရာလေးကို ကိုစည်းကမယုံနိုင်သလိုအကြည့်တွေဖြင့် ခရာ့အနားကပ်လာကာ သေသေချာချာငုံ့ကြည့်ပြန်သည်။

"မင်း တကယ်ပဲ တန်ခိုးနဲ့.."

"ဒီလောက်ဆိုရပြီမဟုတ်လား"

ခရာ့လေသံတိုးတိုးကြောင့် ကိုစည်းရဲ့အကဲခတ်သလိုအကြည့်က ခရာ့မျက်နှာပေါ်ဖြတ်ပြေးသွားကာ ခရာ့အတွက် စိုးရိမ်သွားပုံကို အထင်းသားမြင်လိုက်ရ၏။
ခရာ့ကိုစိတ်မယိုင်ကြဖို့ အားလုံးကပြောနေကြသည့်တိုင် တန်ခိုးဆိုသည့်လူရဲ့ ဆွဲညှို့မှုတွေကြောင့် အရင်ကလည်းရင်ခုန်ခဲ့သည်။
ခုဆိုပိုပြီးရင်းနှီးလာသည့် အခြေအနေမှာ ခရာ့အပေါ် ပိုင်စိုးပိုင်နင်းဆန်လာသောကိုကြီးကြောင့် ရှေ့ဆက်စိတ်မယိုင်ဖို့ ခရာအားတင်းနိုင်ပါ့မလား...

"မင်း ယိုင်သွားလို့မရဘူးနော် အက္ခရာ"

"ကိုစည်း ခရာ့ကိုမတားပါနဲ့လား တားထားရင်ပိုလုပ်ချင်လို့ပါ အဟွန်း!.. ပြီးတော့ ခရာအလုပ်ထွက်တော့မယ်"

"အင်း"

"Resignလာတင်ရမှာလား"

"မလိုဘူး ငါကြည့်ပြီးစီစဥ်လိုက်မယ် အခုမင်းအိမ်ပြောင်းဖို့ကရော"

"အိမ်အပြောင်းအရွှေ့ကုမ္ပဏီကို ဖုန်းဆက်ထားတယ် ကျန်တာက Luggageတစ်လုံးဆိုရပါတယ် မရာတို့အိမ်ကိုပဲဥစ္စာ"

ကိုစည်းက ခေါင်းညိတ်ပြပြီး ခရာ့ကိုနှုတ်ဆက်ကာ လှည့်ပြန်သွားသည့်အခါ ခရာ သက်ပြင်းလေးချလိုက်မိရင်း ခေါင်းကိုမော့ထားလိုက်မိသည်။
အမှန်အတိုင်းဝန်ခံရရင် ခရာသည် ဒီကစားပွဲမှာ အနိုင်ယူရမလား၊ အရှုံးပေးရမလား၊ အခုချိန်ထိမသဲကွဲသေးဘူးဆို အပြစ်ဖြစ်နေမလား…

ကိုကြီးဆီမှာ ခရာပျော်ဝင်နေခဲ့မိပြီမို့ ဒါကိုလည်း မဖြစ်သင့်သည့်စိတ်ဖြင့် တားဆီးနေမိပေမယ့် ခရာကိုယ်တိုင်လည်း ပင်ပန်းရသည်။
မရာနဲ့ခရာသည် ညီအစ်မအရင်းတွေမဟုတ်ကြပေမယ့် ခရာသည် မရာ့ချစ်သူကိုလုယူသူလည်း မဖြစ်ချင်။
ကိုကြီး ခရာ့အပေါ်ငြိတွယ်နေသောစိတ်ကို မရာသိသွားခဲ့ရင်လည်း ကိုကြီးဟာသစ္စာမရှိသော၊ မျက်နှာများသောလူအဖြစ် ကိုကြီးရဲ့အကျင့်သိက္ခာဟာ စွန်းထင်းသွားနိုင်သည်။

ယုတ်မာသည်ပဲဆိုဆို၊ ရှုံးနိမ့်သည်ပဲပြောပြော ခရာသည် ဒီကစားပွဲကိုအနိုင်မလိုချင်တော့သလို အထူးသဖြင့် ခရာ့ကိုဆေးခတ်ခဲ့သည်အထိ ဖိအားပေးခဲ့သည့်ကိုစည်းကို သူမ မနိုင်စေချင်။
လက်ရှိအနေအထားအတိုင်း ရှောင်ထွက်သွားသည်က အကောင်းဆုံးဖြစ်ကာ ခရာတို့၃ယောက် ထိပ်တိုက်တွေ့မှ ခရာ့ကို Playerတစ်ယောက်အဖြစ် ကိုကြီး မုန်းသွားပါစေတော့...

တကယ်လည်း ပန်းထက်အက္ခရာဟာ Playerတစ်ယောက်ပဲမဟုတ်လား…

💛💛▫▫▫💛💛

"သွေးမနက်ဖြန်ရောက်မယ် ခဏတွေ့ရအောင်နော်"

ပို့ထားသည့်SMSက တိုတိုလေးဖြစ်ပေမယ့် အခေါက်ခေါက်အခါခါပြန်ဖတ်ရင်း စိတ်ထဲမှာဘာကြောင့်ရယ်မသိဘဲ ကျေနပ်နေမိသည်။
သူ့ဘုရင်မလေးကတော့ ဆိုဒ်ထဲမှာ အလုပ်ပြန်ဆင်းနေပြီမို့ ခါတိုင်းလို အလုပ်သမားတွေကြားမှာ အနိုင်ကျင့်လုယက်နေစမြဲ။

ထူးခြားသည်က စည်းဆိုသည့် သူ့သူငယ်ချင်းဟာ ဆိုဒ်ထဲသိပ်မဆင်းဖူးပါဘဲ ဒီနေ့မှာတော့ သူ့အနားမှာကပ်နေကာ အက္ခရာကို ထိခိုက်မိမှာစိုးသလို ကာကွယ်မှုအပြည့်နှင့်။
ဘယ်သူက ဘယ်သူ့ကိုမထိအောင်ကာကွယ်နေသလဲဟု စဥ်းစားနေစရာမလိုဘဲ မတော်ရသေးသည့်ခယ်မကို ကပ်စေးနှဲနေသည့်စည်းအဖြစ်ကို ရယ်ချင်သွားမိသည်။
မင်း ငါ့ချစ်သူကိုတော့ လုယူခဲ့ပြီးမှ စည်းရယ်...

"မင်း ဆိုဒ်ထဲသိပ်မဆင်းဖြစ်ဘဲ ဘာလို့အခုမှရောက်လာတာလဲ စည်း"

"ဒီဆိုဒ်ကပြီးတော့မှာလေ ဖောရှောလာလုပ်တာပေါ့ မဟုတ်လည်း ငါမှအလုပ်မရှိတာ"

"သိပ်အားနေရင်လည်း မင်းစော်ကိုပဲ အချိန်ပေးလိုက်လေ ဂန်းမသားရဲ့"

ထိုအခါမှ စည်းက တစ်ခုခုကိုသတိရသွားဟန်ဖြင့် အလုပ်သမားတွေနှင့်မုန့်စားနေသောအက္ခရာကို တစ်ချက်လှမ်းကြည့်ပြီး သူ့နားနားကပ်ကာ ခပ်တိုးတိုးပြောလေသည်။

"ဟိုညက မင်းအက္ခရာကိုခေါ်သွားတာ ငါသိတယ် တန်ခိုး မင်းတို့ဘာမှမဖြစ်ဘူးလား"

"ဘာဖြစ်ရမှာလဲ ငါကအဲ့လိုအချောင်သမားမဟုတ်ဘူး စည်း.. ငါ့သိက္ခာကိုမစော်ကားနဲ့ အက္ခရာသာ မင်းရဲ့ညီမဆို မင်းအဲ့လိုမေးမလား"

စည်းကျော်လွန်းသောစကားကြောင့် စိတ်ထဲဆတ်ဆတ်အထိမခံနိုင်အောင်ဖြစ်သွား၍ တင်းတင်းမာမာဖြင့် ပုတ်ခတ်ပြောလိုက်တော့ စည်းမျက်နှာပျက်သွားသည်။
အက္ခရာကို သူ ရယူပိုင်ဆိုင်ချင်သည်ဆိုပေမယ့် ထိုနည်းလမ်းနဲ့တော့မဟုတ်သလို တရားဝင်လက်ထပ်ယူပြီး သူ့ဇနီးရယ်လို့ဖြစ်လာမှသာ ပိုင်ဆိုင်ဖို့ကြိုးစားမှာ...

"ဆောရီးကွာ ငါပြောတာကတစ်ခြားဟာပါ သူ့လည်ပင်းမှာ ငါတွေ့လိုက်တယ် မင်းအရင်ကအဲ့လိုမဟုတ်ဘူးမလား ငါကမင်းကိုမနူးညံ့တတ်တဲ့ကောင်လို့ထင်ထားတာ ငါအံ့သြသွားလို့ပါ Sorryကွာ"

"အင်း.. ချစ်စရာလေးမို့နမ်းလိုက်မိတာ သူကထူးခြားတယ်လေ အဲ့ဒါကြောင့် ငါ့အပိုင်ဖြစ်ကြောင်း တံဆိပ်ကပ်လိုက်တာ"

"သွေးကရော"

"ငါပြောပြီသားပဲ စည်းရာ သူငါ့ကိုမချစ်ဘူး ငါ့ကိုတွဲတာက ချစ်သင့်တဲ့သူလို့ ထင်လို့တဲ့ အဲ့ဒီတော့ငါလည်း ငါ့ဘက်ကချစ်ရုံနဲ့ ဆက်ပြီးဆုပ်ကိုင်မထားချင်တော့ဘူး တရားမျှတပါတယ်"

"မင်း အက္ခရာနဲ့ကိစ္စ သွေးကိုပြောပြမှာလား"

"ပြောမှာပေါ့ ငါတို့ချင်း လိုမှမလိုအပ်ကြတော့ဘဲ သူ မနက်ဖြန်ရောက်မယ်တဲ့ ငါနဲ့တွေ့မယ်လို့ပြောတယ်"

"တကယ်ကြီးလား မင်းပုံစံနဲ့ အဲ့ဒီကောင်မလေးကို"

သူ ဟက်ခနဲရယ်ချလိုက်တော့ စည်းစကားသည် ထိုးရပ်ခြင်းသို့ရောက်ကာ ဒီကောင်ဘယ်လိုဖြစ်သွားမလဲဆိုသည့် ခံစားချက်ကိုသိနေ၍ ပိုပြီးရယ်ချင်မိ၏။
သွေးကို သူလိုချင်မက်မောခဲ့မိပေမယ့် သွေးဟာ မထိရက်မတို့ရက်၊ တန်ဖိုးထားချစ်တတ်မှုနဲ့ မထိုက်တန်သည့်အပြင် သူ့အပေါ်မှာလည်း အယောင်ဆောင်မာယာတွေနဲ့...

"မင်းမှတ်ထား စည်း မြတ်နိုးတယ် တန်ဖိုးထားတယ်ဆိုတာ ချစ်တဲ့စိတ်ကလာတယ် ချစ်တဲ့စိတ်မရှိတော့ရင် အဲ့ဒါတွေအကုန်ပျောက်သွားတယ် သွေးအတွက် ငါ့မှာဘာမှမရှိတော့ဘူး ဒါပေမယ့်"

သူ ရယ်မောနေသည့်အက္ခရာကို မေးဆတ်ပြလိုက်ကာ...

"သူ့အတွက်ရှိတယ်"

💛💛▫▫▫💛💛

ရုံးချုပ်ကိုပြန်ရောက်တော့ အက္ခရာသည် သူ့ရုံးခန်းထဲ ကမန်းကတန်းပြေးဝင်လာကာ အထုတ်တချို့ကို ဆိုဖာပေါ်ပစ်တင်လိုက်သည်။
ဘာများလဲဟု မော့ကြည့်မိပေမယ့် သူမကတော့ စားပွဲမှာထိုင်နေသည့်ကိုယ့်ကို အရေးမလုပ်အားသလို Toiletထဲပြေးကာမျက်နှာသစ်ပြီး ပြန်ထွက်လာသည်။

"အင်္ကျီလဲမလို့ အပြင်ထွက်ပေးစမ်းပါ ကိုစည်း"

"Aww မတော်ရသေးတဲ့ခဲအိုကို မင်းသိပ်လေးစားပုံပဲ"

"အဲ့ဒီခဲအိုဆိုတာ ခရာ့ကြောင့်ဖြစ်လာမှာလေ ခရာ ဒီည ပါပါးတို့အိမ်မှာသွားအိပ်မလို့"

"ဒီအတိုင်းသွားပါလား ကိုယ့်ဦးလေးအိမ်ကို"

"ဒီပုံစံနဲ့သွားရင် ပါပါးစိတ်မကောင်းဖြစ်နေမယ် ခရာ့ကို ပင်ပင်ပန်းပန်းလုပ်စေချင်တာမဟုတ်ဘူး Singaporeမှာနေတုန်းကလို အပြတ်သားနားနေမှဖြစ်မယ် ကဲ.. သွားပါ အသက်ကဖြင့်ကြီးလှပြီ ကလေးနဲ့ပြိုင်မငြင်းနဲ့"

"မင်းက ကလေးလား"

ကလေးဆန်ဆန်ရန်တွေ့နေသော အက္ခရာကို သူ ထိုမျှသာတုံ့ပြန်နိုင်ကာ ဘာမှမပြောဖြစ်တော့ဘဲ ရုံးခန်းအပြင်ထွက်လာခဲ့ရသည်။
ခဏကြာတော့မှ အက္ခရာက အထုတ်တွေဆွဲကာပြန်ထွက်လာတော့ ဒီပုံစံကသာ သူမရဲ့မူရင်းပုံစံဖြစ်လောက်ကာ တကယ်ပဲသားနားနေ၏။

တီရှပ်အဖြူအောက်ခံဖြင့် ကြက်သွေးရောင်Leatherကုတ်ကို စတိုင်ပန်အနက်ရောင်ဖြင့်တွဲဝတ်ထားပြီး ဖိနပ်ကလည်း ဆဲလ်ဟီးကြက်သွေးရင့်ရောင်။
ဆံပင်တိုတွေက ပခုံးကိုထောက်နေပြီဖြစ်ကာ တစ်ချက်နှစ်ချက်သပ်တင်နေသောကြောင့် အက္ခရာက အခုမှရှေ့နေနှင့်ပိုတူသွားတော့၏။
ဆဲလ်ဟီးဒေါက်စီးထားသောကြောင့်လည်း အရပ်ပိုမြင့်နေကာ သွက်လက်ထက်မြက်သည့်ပုံစံက ပိုပြီးထင်ရှားလာသလို ထင်မှတ်မိသည်။

"မနက်ကျ မရာ့ကိုသွားကြိုရင် ကိုစည်း လိုက်မှာလား"

"မလိုက်တော့ဘူး သူ တန်ခိုးနဲ့တွေ့ဖို့ချိန်းထားသေးတယ်"

ဒါကိုလည်းသိနေပုံရကာ အနီရောင်ဖျော့ဖျော့တင်ထားသော နှုတ်ခမ်းတွေက လှစ်ခနဲပြုံးသွားပြီး ဆံပင်တွေကိုတမင်ခါပြကာ ခရာက မျက်နှာကိုမော့ပြသည်။
ပါးပါးလေးသာကျန်တော့သော markingရာလေးဆီသို့ သူ့အကြည့်တွေရောက်သွားသည့်အခါ ခရာက ကျေနပ်သွားဟန်ဖြင့်...

"မြင်ရသေးတယ်မလား မရာလည်းမြင်မှာပါ"

"Okပါ မင်းကိုပဲအားကိုးပါတယ်"

"ရုံးဆင်းပြီ ခရာ့ကိုအလုပ်ဖြုတ်ဖို့လည်းမမေ့နဲ့ဦး နောက်ရက်စပြီး အလုပ်မလာတော့ဘူးသိလား"

"အေးပါ"

သူမ ဝတ်ခဲ့သည့်အဝတ်တွေကို ပြန်ထည့်သွားပုံဖြင့် အထုတ်တွေဆွဲကာ လှစ်ခနဲပြေးသွားပုံက ရှေ့နေပီပီ လျှပ်စီးလက်နေသလိုပင်။
ပုံစံလေးကလည်း လွင့်ပျံနေကာ ထက်မြက်သောပညာလေးရှိပေမယ့် တစ်ခုတည်းသောပြစ်ချက်လေးက သူမသည် အကွက်ပေါင်းစုံရွှေ့တတ်သည့် ဉာဏ်များလွန်းသောPlayer.....

💛💛▫▫▫💛💛

မြို့ပတ်လမ်းမှာ ကားတားနေသော မိန်းကလေးတစ်ယောက်ကိုမြင်လိုက်၍ ကူညီဖို့ကားရပ်လိုက်ကာမှ အက္ခရာဖြစ်နေသောကြောင့် သူ ကားပေါ်ကဆင်းလိုက်သည်။
အက္ခရာကို Scoopyဆိုင်ကယ်ဖြင့်သာ အမြဲတွေ့တတ်သောကြောင့် သူမနဲ့ကားတစ်စီးကို ယှဥ်တွဲပြီးမြင်ရခြင်းဟာ ထူးဆန်းနေ၏။
ဒါ့အပြင် စောစောကပုံစံနဲ့မတူဘဲ ထူးခြားစွာလွင့်ပျံနေသောပုံစံကြောင့် သူ မျက်မှောင်ကုပ်သွားတော့ သူမက ဟဲခနဲရယ်ပြ၏။

"ပါပါးဆီသွားမလို့ပြင်ထားတာပါ ကားကလည်း ပါပါးရဲ့ကားလေ ကိုကြီး ကားကြည့်တတ်တယ်မလား ကယ်တင်ပေးပါဦး နောက်ကျတော့မယ်"

သူ ခေါင်းညိတ်ပြလိုက်တော့ မယ်မင်းကြီးမက သူ့ကားနားသွားရပ်ကာ ဘယ်သူ့ဆီဖုန်းဆက် အကြောင်းကြားနေသလဲမသိ။
ကားစက်ဖုံးကိုဖွင့်ကာ စစ်ကြည့်ပေမယ့် ဘာမှမပျက်သလို အစိပ်အပိုင်းအားလုံးကလည်း ပုံမှန်ဖြစ်သည်။
ထိုအခါမှ ကားထဲဝင်ကြည့်တော့ ဆီဂိတ်က Eအထိရောက်နေ၍ ဒီဆီဂိတ်ကိုတောင်မမြင်သည့် ဒီမိန်းကလေးကိုသာ ခေါင်းခေါက်ချင်သွားသည်။
သို့သော် သူ့စိတ်ကူးထဲမှာ ညစ်ချင်စိတ်လေး ပေါ်လာရသည်မို့...

"ဒီနားလေးက ပစ္စည်းလေးတစ်ခု ကျိုးသွားတာ အဲ့ဒါကပြန်လုပ်ဖို့အချိန်ကြာမယ် မင်းဘယ်လိုလုပ်မလဲ"

ထင်ထားသည့်အတိုင်း ကားအကြောင်းဘာမှနားမလည်သောသူမက မျက်နှာလေးငယ်ကျသွားပြီး သူ့ကိုပဲ အားကိုးသလိုပြန်မော့ကြည့်လာသည်။

"ခရာက ကားဆို လီဗာနင်းရင်ပြေးပြီး ဘရိတ်နင်းရင် ရပ်တာပဲသိတာ အဲ့ဒါတွေဘယ်သိမှာလဲ အခုကနောက်ကျနေပြီ ပါပါးဆီပဲဖုန်းဆက်လိုက်ရမလား"

"ကျွတ်!! လူကြီးကိုကွာ.. ထားလိုက်တော့ ငါဝပ်ရှော့ကိုဖုန်းဆက်ပြီးလာဆွဲခိုင်းလိုက်မယ် မင်းအဲ့ဒီကိုပဲသွားမှာမလား ငါလိုက်ပို့မယ်"

"ဟုတ်"

လီဗာနင်းရင်ပြေးပြီး ဘရိတ်နင်းရင်ရပ်တာပဲသိတာ ဆိုတဲ့ အူကြောင်ကြောင်ကလေးမလေး။
သူအလုပ်လုပ်ခဲ့သည့်Medium automartကို ဖုန်းဆက်သည့်အခါ ကောင်လေးတွေက ချက်ချင်းထွက်လာကြပေမယ့် မြို့ပတ်လမ်းကိုရောက်တော့နောက်ကျနေပြီမို့ မှောင်စပြုနေပြီ။
လူပြတ်သည့်လမ်းမို့ ခရာက ကြောက်နေသလို သူ့အနားကပ်နေကာ ကားပေါ်မှာ သွားထိုင်နေပါဆိုမှ သူ့ကားပေါ်ရောက်သွား၏။

"ကားကဆီပြတ်သွားတာ ငါတို့သွားမှဆီထည့်ပြီးမောင်းသွားလိုက် မနက်မှဘယ်ကိုပို့ရမလဲ ငါပြန်ဆက်မယ်"

"အဲ့ဒါမင်းကောင်မလေးလား တန်ခိုး"

အလုပ်လုပ်ချိန်က ညီအစ်ကိုတွေလိုနေခဲ့သူမို့ လျှိုထားစရာမရှိ၍ သူခေါင်းညိတ်ပြလိုက်တော့ ဒီကောင်တွေက ခရာ့ကိုပြုံးပြနှုတ်ဆက်ကြသည်။
သူတို့နှစ်ယောက်ကအရင် ထိုနေရာကထွက်လာခဲ့ကာ အက္ခရာသည် စကားမပြောချင်သည့်ပုံစံဖြင့် လက်ကိုပိုက်ကာ ပြတင်းပေါက်ဘက်ငေးနေ၏။

"ငါတို့တွဲရအောင်"

တိတ်ဆိတ်နေသောဒီအခြေအနေကို သဘောမကျသလို သွေးပြန်ရောက်တော့မှာမို့ သူမလေးကို ဒီကစားပွဲမှာ အနိုင်ရစေချင်သည်။
သို့ပေမယ့် ခရာက မကြားလိုက်သလို ဘာမှပြန်မပြောဘဲ ငြိမ်သက်နေစမြဲ။

"အက္ခရာ"

"ခရာ စိတ်ရှုပ်နေလို့ စကားမပြောပါနဲ့လား"

တမင်ရှောင်ရှားချင်သလို မျက်လုံးလေးတွေမှိတ်ကာလက်ပိုက်ပြီး ငြိမ်ငြိမ်လေးဖြစ်သွားသဖြင့် နောက်ထပ်မပြောတော့ဘဲ ကားကိုလမ်းကြောင်းပြောင်းပစ်ကာ သူ့ကွန်ဒိုရှိရာဆီမောင်းလာခဲ့သည်။
ခရာကတော့ စိတ်ရှုပ်ချင်ယောင်ဆောင်ပြီး မျက်လုံးမှိတ်ထား၍ ဘာမှမသိချေ။
ကွန်ဒိုရဲ့မြေအောက်ကားပါကင်မှာ ကားကိုရပ်တော့မှ ခရာကမျက်လုံးပွင့်လာကာ ထိုအခါမှပတ်ဝန်းကျင်ကိုကြည့်ကာ ချက်ချင်းအထိတ်တလန့်ဖြစ်သွားပြီး...

"ကိုကြီး ဘယ်ကိုခေါ်လာ.."

"မင်းယုံအောင် ဘယ်လိုပြောရမလဲတော့မသိဘူး ငါကချစ်ရုံပဲချစ်တတ်တာ ထုတ်မပြတတ်ဘူး အဲ့ဒါကြောင့်လည်း ဟိုတစ်ယောက်က စိတ်ပျက်သွားတာနေမှာပေါ့
အဲ့ဒါကတော့ထားပါ အခုငါပြောနိုင်တာက တစ်ခုပဲရှိတယ် အက္ခရာ မင်းကိုငါ.."

"ကိုကြီး"

သူမသည် ရုတ်တရက်ကြံရာမရဖြစ်သွားသလို သူ့နှုတ်ခမ်းတွေကိုလက်ဖဝါးလေးနဲ့ အချိန်မီလှမ်းပိတ်၏။
အမှတ်တမဲ့ထ,လုပ်လိုက်ပြီးမှ သတိဝင်သွားသလို သက်ပြင်းလေးချကာ လက်ကိုပြန်ရုတ်ပြီး အရောင်လဲ့နေသည့်မျက်ဝန်းတွေဖြင့် သူ့ကိုမော့ကြည့်သည်။

"ခရာက ကိုကြီးသိထားသလောက် ရိုးသားတဲ့သူမဟုတ်ဘူး ကိုကြီးအပေါ်လိမ်ခဲ့တာတွေ အများကြီးပဲ ပြီးတော့ ခရာ ကိုကြီးနဲ့တွဲလို့မရဘူး"

"ဘာဖြစ်လို့မရတာလဲ"

"မရတဲ့အကြောင်းရင်းတွေရှိနေလို့"

ပြောနေရင်း အရောင်လဲ့နေသောမျက်ဝန်းတွေက ကားအတွင်းမီးရောင်အောက်မှာ ပြိုးပြက်လက်လာ၍ မျက်ရည်ဝဲနေပြီမှန်း သိလိုက်ရ၏။
ဘာလို့မျက်ရည်ဝဲနေတာလဲBae..
မင်းလိုချင်တာ ဒါမဟုတ်ဘူးလား၊ ဒါမှမဟုတ် မင်းတကယ်ပဲ ငါ့ကို...

"သွားတော့မယ်"

ခရာ ကားပေါ်ကဆင်းကာ တံခါးပြန်ပိတ်တော့ ကားသည်ငြိမ့်ခနဲ တစ်ချက်ဖြစ်သွားခဲ့သည်။
သူမဟာ နိုင်နှင့်နေပြီဖြစ်သောလောင်းကြေးကို ဘာကြောင့်မယူနိုင်တာလဲ…
သူ ရုတ်တရက်အသိစိတ်လွတ်သွားသလို ကားပေါ်ကဆင်းကာ ခရာ့နောက်ကို ခြေလှမ်းကျဲတွေဖြင့်အမှီလိုက်ပြီး လက်တစ်ဖက်ကိုဆွဲယူလိုက်သည်။

"ကိုကြီး ဟင့်အင်း!!"

သူမတစ်ကိုယ်လုံးရင်ခွင်ထဲရောက်လာတော့ ရင်ဘတ်ချင်းကပ်သွားသည်အထိ ဖက်ထားလိုက်ကာ မက်မောနေပြီဖြစ်သော နှုတ်ခမ်းလေးကိုနမ်းဖို့ပြင်တော့ ခရာက အနမ်းမခံဘဲ အတင်းပြန်ရုန်းသည်။
လက်သေးသေးလေးတွေက ရင်ဘတ်ကိုတွန်းလာသည့်အပြင် မျက်နှာလေးဘယ်ညာရမ်းကာ သူ့ကိုငြင်းဆန်နေ၍ စိတ်မရှည်တော့...

"မင်းဖြစ်နေဖို့ပဲလိုတာ"

သူမ ငြင်းဆန်ရှောင်ဖယ်နေသမျှ ငြိမ်သက်သွားပြီး မျက်နှာလေးမော့ကာ သူ့ကိုကြည့်လာတော့
ပခုံးလေးကို ခပ်တင်းတင်းဆုပ်ကိုင်ထားရင်း ကြောက်နေပုံရသည့်ထိုမျက်နှာလေးကို ချစ်စနိုးငုံ့ကြည့်မိသည်။
ယုန်ပေါက်ကလေးလို ဖြူစင်သည့်မျက်နှာလေးဖြင့် သူမဟာ အဆုံးစွန်အထိ မလိမ်ညာတတ်ခဲ့တာပဲ…

"မင်း ရိုးသားတဲ့သူဖြစ်နေဖို့မလိုဘူး မလိမ်တဲ့သူဖြစ်နေဖို့မလိုဘူး မင်းလှိမ့်ချင်တိုင်းလှိမ့်လို့ရတယ် လိမ်ချင်တိုင်းလိမ်လို့ရတယ် ငါယုံပေးမယ်
မင်းက အက္ခရာဖြစ်နေဖို့ပဲလိုတာ မင်းရဲ့ဖြစ်တည်မှုတိုင်းကို ငါလက်ခံပေးနိုင်တယ်"

နဖူးပြောင်ပြောင်လေးကို ငုံ့နမ်းလိုက်သည့်အခါ အမျိုးအမည်မဖော်တတ်သော နွေးထွေးမှုက ရင်ထဲစီးဝင်လာသလို သူမမျက်နှာလေးပိုမော့လာသည်။
တဆတ်ဆတ်တုန်လာသည့် နှုတ်ခမ်းလေးက တစ်ခုခုကိုပြောဖို့ အားယူနေသလိုမို့ သူ ထိုနှုတ်ခမ်းလေးကိုပဲ တိတ်တဆိတ်ကြည့်နေမိသည်။

"ခရာ့ကိုချစ်တယ်လို့မပြောပါနဲ့"

"ဘယ်လို!"

"တစ်​ယောက်ကိုတစ်ယောက် ချစ်တယ်မပြောဘဲ တွဲလို့ရတယ်မလား.. ဟင်?.. ပြောလို့.. ဒီမှာရူးတော့မယ် အဟင့်!"

ဟန်မဆောင်စတမ်းငိုချလိုက်သောကြောင့် ပါးနုနုလေးမှာ မျက်ရည်စီးကြောင်းလေးဖြစ်သွားကာ ခပ်တိုးတိုးထွက်လာသည့် ထိုစကားလေးကို သူသဘောမပေါက်ပါ။
သူ ချစ်တယ်ပြောမှနိုင်ရမည့်လောင်းကြေးမှာ ထိုစကားကိုမပြောဖို့ သူမ ဘာကြောင့်တားဆီးနေတာလဲ...

"အဲ့လိုရတယ်မလား..? လို့"

"ရတယ် မင်းမကြားချင်တဲ့စကားကိုမပြောတော့ဘူး"

ဒါပေမယ့် Baeရယ်
မင်းစိတ်ထဲကိုငါနားလည်နေတယ် အသံမပါဘဲ ကြားနေရတဲ့စကားတွေအများကြီးပဲ...

သူ ခေါင်းညိတ်ပြလိုက်တော့မှ မျက်ရည်တွေကို ပွတ်သုတ်ပစ်ကာ သူ့ကျောပြင်ကို ပြန်သိုင်းဖက်လာ၍ သူမကိုယ်လေးကို ပွေ့ပိုက်ထားမိတာ မေ့မေ့မူးမူး။
ပြီးမှ သူမမျက်နှာလေးကိုပင့်ယူကာ အောက်နှုတ်ခမ်းလေးကို ငုံ့နမ်းမိတော့ ခွင့်ပြုခြင်းဖြင့် မျက်လုံးလေးမှိတ်ထားပေးရင်း အနမ်းတွေထဲနစ်မျောလာသော သူ့ရဲ့ကလေးမလေး…

မင်းရဲ့အိမ်မက်တွေထက် ငါ့ကိုရွေးလိုက်တာလား...
ငါ လူရွေးတကယ်မှန်သွားတယ်
ဘုရင်မဖြစ်ဖို့ မင်းတကယ်ပဲထိုက်တန်တယ် Bae.
ငါမင်းကို တကယ်ချစ်မိတော့မယ်…

💛💛▫▫▫💛💛

Part 33 ဆက်ရန်

စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997

~~~~~~~~~~~~~~~~~~~~~

  
💛 Players ( Part - 32 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫





"လည်ပင်းက ဘာဖြစ်တာလဲ"

ညိုမဲနေပြီဖြစ်သော Markingရာလေးကို ကိုစည်းကမယုံနိုင်သလိုအကြည့်တြွေဖင့် ခရာ့အနားကပ်လာကာ သေသေချာချာငုံ့ကြည့်ပြန်သည်။






"အင်း"

"Resignလာတင်ရမှာလား"







💛💛▫▫▫💛💛













"သွေးကရော"








"သူ့အတွက်ရှိတယ်"

💛💛▫▫▫💛💛






"ဒီပုံစံနဲ့သွားရင် ပါပါးစိတ်မကောင်းဖြစ်နေမယ် ခရာ့ကို ပင်ပင်ပန်းပန်းလုပ်စေချင်တာမဟုတ်ဘူး Singaporeမှာနေတုန်းကလို အပြတ်သားနားနေမြှဖစ်မယ် ကဲ.. သွားပါ အသက်ကဖြင့်ကြီးလှပြီ ကလေးနဲ့ပြိုင်မငြင်းနဲ့"

"မင်းက ကလေးလား"









"အေးပါ"


💛💛▫▫▫💛💛








"ဟုတ်"





"ငါတို့တွဲရအောင်"

သို့ပေမယ့် ခရာက မကြားလိုက်သလို ဘာမြှပန်မပြောဘဲ ငြိမ်သက်နေစမြဲ။

"အက္ခရာ"



"ကိုကြီး ဘယ်ကိုခေါ်လာ.."


"ကိုကြီး"

အမှတ်တမဲ့ထ,လုပ်လိုက်ပြီးမှ သတိဝင်သွားသလို သက်ပြင်းလေးချကာ လက်ကိုပြန်ရုတ်ပြီး အရောင်လဲ့နေသည့်မျက်ဝန်းတြွေဖင့် သူ့ကိုမော့ကြည့်သည်။


"ဘာဖြစ်လို့မရတာလဲ"



"သွားတော့မယ်"

သူ ရုတ်တရက်အသိစိတ်လွတ်သွားသလို ကားပေါ်ကဆင်းကာ ခရာ့နောက်ကို ခြေလှမ်းကျဲတြွေဖင့်အမှီလိုက်ပြီး လက်တစ်ဖက်ကိုဆွဲယူလိုက်သည်။

"ကိုကြီး ဟင့်အင်း!!"







"ဘယ်လို!"



"အဲ့လိုရတယ်မလား..? လို့"


ဒါပေမယ့် Baeရယ်



💛💛▫▫▫💛💛

Part 33 ဆက်ရန်

#shinthant1141997

Continue Reading

You'll Also Like

51K 1.7K 17
Y/n, a girl who discovers time travel. She has only one chance to go back in time and to come back. She is ready to go back to world war two, to save...
350K 11.8K 54
Lady Isabella Victoria Parr isn't looking for a husband, but His Majesty is looking for a wife. When news arrives that King Edward's first wife has d...
990 220 27
Jisung encontró el amor donde menos lo esperaba, pero no lo entendió. Todo era intenso y abrumador. Buscó respuestas, y consiguió muchas, pero él s...
3.6M 80.7K 39
Ace Carter Greyson, her husband of five long years demanded divorce on the night of their fifth wedding anniversary. Reason? Simply because she can't...