Hate Poem Written With Love࿐
Por --KO--
39.9K 1.3K 136
ရင်ထဲမှာ နက်ရှိုင်းစွာနာကျင်စေတဲ့ ခံစားချက်ကို ဆွဲထုတ်လိုက်တဲ့အခါ မင်းကြောင့်ပဲဆိုတာ သိလာတယ်။ " မင်းဟာလေ... Más
Intro
[1]
[2]
[3]
[4]
[5]
[6]
[7]
[8]
[9]
[10]
[11]
[12]
[13]
[14]
[15]
[16]
[17]
[18]
[19]
[20]
[21]
[22]
[23]
[24]
[28]
[29]
[30]
[31]
[32]
[33]
[34]
[35]
[36]
[37]
[38]
[39]
[40]
[41]
[42]
[43]
[44]
[45]
[46]
[47]
[48]
[49]
[50]
[51]
[52]
[53]
[54]
[55]
[56]
[57]
[58]
[59]
[60]
[61]
[62]
[63]
[64]
[65]
[66]
[66]
118 3 0
Por --KO--
Unicode
မမှတ်မိနိုင်လောက်တော့တဲ့ထိ အချိန်တွေကြာညောင်းလာသည်အခါတွင် သန်းခေါင်ယံမှာ တိတ်ဆိတ်တဲ့ညက မျှော်လင့်ချက်မဲ့နေတဲ့ လူနှစ်ယောက်ရဲ့ စိတ်ကို ထပ်ကာထပ်ကာအဆိပ်ခပ်နေလေသည်။ ကိုးလ်က သူ့ရဲ့မွေးစားအဖေလို့ခေါ်တဲ့ လူရဲ့ ပုခုံးပေါ်မှီထားပြီး မကြာသေးခင်က ထပ်မံအန်ထုတ်လိုက်သော သွေးတစ်ဗွက်ကြောင့် နှုတ်ခမ်းများက သွေးများစွန်းထင်းနေသေးသည်။
သူသည် ပျင်းရိခြောက်ကပ်ဖွယ်သူ့ဘဝထဲကို ကိုးလ်စစ်ဟန်ဆိုပြီး သူကိုယ်တိုင်အမည်မှည့်ပေးထားတဲ့ ကလေးတစ်ယောက်ကို ဆွဲသွင်းခဲ့လေသည်။ ထိုကလေးကို ဘယ်လိုပြုစုစောင့်ရှောက်မလဲ မသိသော်လည်း အကောင်းဆုံးကြိုးစားခဲ့သည်။ မမျှော်လင့်ဘဲ သားတစ်ယောက်ရလာသည့်အခါ အရာရာကိုအလိုလိုက်မိသည့်အပြင် ဆုံးမဖို့လဲမေ့လျော့နေခဲ့သည်။ ထိုကလေးမျက်နှာမှာ ပြုံးနေလျှင် အဖေတစ်ယောက်အနေဖြင့် သူဟာကမ္ဘာပေါ်မှာ အပျော်ဆုံးလူသားဖြစ်လာပြီး ကိုးလ်ဆီက အဆက်အသွယ်လေး ပျက်သွားရင် သူဟာလောကကြီးကို မြေလှန်ရှာမည့်လူစားမျိုးဖြစ်သည်။ 
အခု သူဆီမှာ ဘာမှကျန်တော့မည်မဟုတ်ပေ။ ကိုးလ်စစ်ဟန် ....ထိုကလေးဟာ မကြာခင်မှာ သူ့မျက်စိရှေ့တွင် သေဆုံးတော့မည်ပေ။
" ဘယ်အချိန်ထိ ငိုနေဦးမှာလဲ.....ကျွန်တော့်အတွက် အရာအားလုံးအလိုလိုက်ပေးခဲ့တာ အခုထပ်မငိုပါနဲ့တော့ "
" ကလေးမိုက် ဘာလို့အစောထဲက မပြောပြခဲ့တာလဲ ။ အဖေ့ကို မင်းစိတ်နဲ့သေအောင်လုပ်နေတာလား "
" အဲ့တာကြောင့်လေ ...အခုထဲက ဒီလောက်တောင်ပြိုလဲနေတာ ကျွန်တော်များ မရှိတော့ရင် ဘယ်လိုများအသက်ဆက်ရှင်နေမလဲ သိချင်လိုက်တာ "
ကိုးလ်က အပြုံးတစ်ပွင့်ဖြင့် သူ့အဖေကို ပြန်ခံပြောဖို့လဲ မေ့လျော့မနေပေ။ 
ကိုးလ် အနောက်ကလူက သက်ပြင်းချလိုက်ပြီး ကန့်လန့်ဖြတ်ဓားရာ အမာရွတ်ရှိနေတဲ့ ကိုးလ်ရဲ့လက်ကောက်ဝတ်ကိုကိုင်ပြီး ခပ်ဖွဖွလေးပွတ်သပ်နေသည်။ 
" နာနေသေးလား "
" ဒီလောက်တောင်ကြာနေပြီ အနာကျက်နေပါပြီ ....မနာတော့ဘူး "
" မနာတော့ဘဲ ....လေပြေရှင်းနဲ့သွားတွေ့ခဲ့တယ်ပေါ့ "
ကိုးလ်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းများနဲ့ ဝင်သက်ထွက်သက်များမှာ တစ်မှုတ်ချင်း ရပ်တန့်ကုန်ကြလေသည်။
" ဘယ်အချိန်ထဲက သိနေခဲ့တာလဲ "
" မင်းက‌လေ တစ်ကယ့်ကိုမိုက်ရူးရဲဆန်တဲ့ ကလေးပဲ "
ခေါင်းတစ်ခါခါဖြင့် သက်ပြင်းရှည်ကြီးကို ချလိုက်ကာ ကိုးလ်အဖေက ဆက်ပြောလာသည်။ 
" လေပြေရှင်းကော ...သူအကောင်းတိုင်းပဲလား "
" အွန်း သူအရင်အတိုင်းပဲ သွေးပေလွယ်တဲ့ အဖြူရောင်ကိုလဲ အခုချိန်ထိ ဝတ်ထားတုန်းပဲ။ သူနဲ့ အရမ်းကြည့်ကောင်းတာ အဲ့နေ့က သူ့တစ်ကိုယ်လုံး သွေးတွေနဲ့ရွှဲနစ်နေခဲ့တာတောင် သူကကြည့်ကောင်းနေတုန်းပဲ။ အမြဲတမ်း....အမြဲတမ်း ရှင်းက ပြီးပြည့်စုံတယ်။ "
" အဖေမှတ်မိသေးတယ် အဲ့ဒီ့နေက အရေးပေါ်ခန်းမှာ မင်းအသက်လုနေရတာကိုလေ။ လေပြေရှင်းကို တမင်သေအောင်မသတ်ခဲ့ဘဲ သူ့အိမ်ကိုတောင် ဖုန်းလှမ်းဆက်ပြီး နေရာပြောပြလိုက်သေးတယ်။ သူတို့အချိန်မှီရောက်မလာဘဲ သွေးထွက်လွန်နေမှာကြောက်လို့ မင်းတစ်ချိန်လုံး စိတ်မချဖြစ်နေခဲ့တာ။ မိသားစုအတွက်အမုန်းတရားတွေချေမှုန်းပြီးတော့ သူငယ်ချင်းတစ်ယောက်အနေနဲ့ ကိုယ့်‌လက်ကောက်ဝတ်ကိုယ် ဓားနဲ့လှီးပြီး သူ့နောက်လိုက်ဖို့ကြံတယ်။ ကိုးလ်စစ်ဟန် မင်းတစ်ချိန်လုံး အဖေ့အတွက် စဉ်းစားကြည့်သေးရဲ့လား။ အနားမှာ အဖေလွှတ်ထားတဲ့ လူတွေသာမရှိရင် အဲ့နေ့ထဲက သွေးထွက်လွန်ပြီး သေသွားတဲ့လူက မင်းဖြစ်နေပြီ။ "
" တောင်းပန်ပါတယ် "
ကိုးလ်က အသံတိုးတိုးလေးဖြင့် ဆိုလေသည်။
" ကျွန်တော်မကောင်းမှန်း သိပါတယ်။ ရှင်းရဲ့ နှလုံးကို ရှောင်ပြီး ဓားနဲ့တမင်ထိုးခဲ့ပေမယ့် သွေးအိုင်ထဲကသူ့ကို ကျွန်တော်မျက်နှာချင်းဆိုင်ပြီး မကြည့်ရဲဘူး။ ကျွန်တော်အစက အကုန်လုံးကိုသတ်ပစ်ချင်ခဲ့တာ ။ ဒါပေမယ့် ဦးမင်းအာကာကလွှဲရင် သူတို့အကုန်လုံး ကျွန်တော့်အပေါ်ကောင်းကြတယ် ။ ကျွန်တော်ဘယ်တုန်းကမှ လူတစ်ယောကိုသတ်ဖို့ မတွေဝေဖူးဘူး။ ဒါပေမယ့်အဲ့နေ့က ပထမဆုံးအနေနဲ့ ကြောက်စိတ်ဝင်မိတယ်..... အကယ်၍များ ရှင်း တစ်ကယ်သေသွားခဲ့ရင်ရော ၊ ကျွန်တော်ထိုးလိုက်တဲ့ဓားက သူ့နှလုံးကို တစ်ကယ်စိုက်ဝင်သွားရင်ကော ။ ကျွန်တော့်ခေါင်းထဲအတွေးတစ်ခုပဲဝင်လာတယ် အဲ့ဒါက ကျွန်တော်သူနဲ့လိုက်သွားချင်တယ်။ ရှင်းသေရင် ကျွန်တော်လည်းသေမယ်။ "
" ကိုးလ် UKက ဖေ့ဖေ့အသိဆရာဝန်ကို ခေါ်လိုက်မယ် "
" အချိန်ကုန်မခံပါနဲ့တော့ ကျွန်တော် ကိုယ့်ကိုကိုယ်သိပါတယ်။ ဒီအသက်က ဆွဲဆန့်ထားလဲ ပင်ပန်းရုံပဲအဖတ်တင်တယ်။ ကျွန်တော့်ကို လက်လွှတ်လိုက်ပါတော့  "
" ဘာတွေလျှောက်ပြောနေတာလဲ အဖေ့သားက အခုမှငယ်ငယ်လေးရှိသေးတာ  "
" ကျေးဇူးတင်ပါတယ် အဲ့နေ့က ကျွန်တော့်ကို မွေးစားခဲ့လို့ ပြီးတော့ တောင်းပန်ပါတယ် စိုးရိမ်ပူပန်မှုတွေကလွဲပြီး ကျွန်တော်အဖေ့အပေါ် ဘာမှပြန်မပေးနိုင်ခဲ့ဘူး "
ကိုးလ်က အလွန်အမင်းပင်ပန်းနေပြီဖြစ်သည့်အတွက် တင်းခံထားသည့်စိတ်များကို လျော့ချလိုက်ရာ ချက်ချင်းအိပ်ပျော်သွားတော့သည်။
နေရောင်ခြည်စူးစူက မျက်လုံးကို လာကစားနေမှ ပြန်နိုးလာသည့်အချိန်မှာ နေ့လည် 11 နာရီ ဖြစ်နေမှန်းသိလိုက်ရသည်။ ခန္ဓာကိုယ်က အနည်းငယ်ပေါ့ပါးနေသည်ကို သတိထားမိလိုက်ပြီး ရေသောက်ရန် အောက်ထပ်ဆင်းသွားလိုက်တော့ မီးဖိုချောင်မှာ ဟင်းချက်နေတဲ့ သူ့အဖေကို မြင်လိုက်ရသည်။
" ဘာတွေချက်နေတာလဲ "
" နိုးပြီလား  "
" အွန်း "
" သားအကြိုက်တွေချက်နေတာလေ မကြာခင်ရတော့မှာ မျက်နှာသစ်ပြီးရင် လာစားလို့ရပြီ "
ကိုးလ်ကညှင်ညှင်သာသာလေး ပြုံးပြလိုက်ပြီး လည်ချောင်းဝကို ဆန်တက်လာသည့် ချွဲပျစ်ပျစ်သွေးများကို အန်ထုတ်ရန် ခပ်မြန်မြန်လှည့်ထွက်လာလိုက်လေသည်။ အခန်းထဲရောက်ရောက်ချင်း ဘေစင်ဆီပြေးသွားကာ ချုပ်တည်းမထားတော့သည့် အခြေအနေတွင် လည်ချောင်းထဲက သွေးများက ချောင်းနဲ့အတူအပြင်ကို ထွက်လာသည်။ ကိုးလ်ရဲ့ ခံတွင်းတစ်ခုလုံးက မသတီစရာအရသာကို ခံစားနေရပြီး အဖြူရောင် ဘေစင်က သွေးတွေချင်းချင်းနီနေသည်မှာ ဆေးကြောလို့ မပြောင်နိုင်တော့သည့် ပုံစံအလား။ 
သူဟာအချိန်အတော်အကြာထိ ချောင်းဆိုးနေခဲ့ပြီး ခံတွင်းတစ်ခုလုံး ဆေးကြောပြီးပြီလို့ ထင်နေသည့်အချိန်တွင် နှာခေါင်းထဲက ထွက်လာတဲ့ သွေးတွေက ကိုးလ်ကိုပိုပြီး ထိတ်လန့်သွားစေသည်။ အရင်က နှာခေါင်းသွေးလျှံတာ မကြာခဏဖြစ်တတ်သော်လည်း ယခုအခါမှာ ကြောက်မခန်းလိလိပင် သွေးတွေ စီးဆင်းနေသည်။ နှာခေါင်းကို လက်နဲ့သုတ်ပစ်လိုက်သည့်အခါ လက်တစ်ခုလုံး သွေးတွေနဲ့ ပေကျံသွားပြန်သည်။
" ဟာ....ချီး !  "
ဆဲရေးတိုင်းထွာလိုက်ပြီး ရေတွေနဲ့အသည်းအသန်ဆေးကြောပစ်သော်လည်း ၎င်းတို့က ပြောင်စင်မသွားသေးချေ။
" မြန်မြန်လုပ်ရမယ် ..... သူမြင်သွားလို့မဖြစ်ဘူး ။ ငါ အဖေ့ကို ထပ်စိတ်မညစ်စေချင်ဘူး "
ကိုးလ်ရဲ့အတွေးများဟာ နောက်ကျနေခဲ့လေပြီပင်။ သူ့ရဲ့မွေးစားအဖေဟာ အချိန်အတော်ကြာထဲက သူ့နောက်မှာတိတ်တိတ်ကလေး ရှိနေပြီး သူ့သားရဲ့သွေးတွေကိုပြောင်အောင်ဆေးကြောနေတဲ့ သနားစရာပုံစံကို မျက်ရည်အဝိုင်းသားဖြင့် ငေးကြည့်နေခဲ့သည်မှာလည်း ကြာလှပြီပင်။ သို့သော် ထိုဖခင်စိတ်အပြည့်ရှိသောလူသားမှာ အောက်ထပ်ကိုပြန်ဆင်းသွားပြီး အမူအယာမပြတ်ယွင်းဘဲ ပုံမှန်အတိုင်း ဆက်ပြုမူနေလိုက်လေသည်။
" ကိုးလ်......မျက်နှာသစ်တာအရမ်းကြာနေပြီ ဟင်းတွေအေးကုန်တော့မယ် မြန်မြန်လာနော် "
သိပ်မကြာပါပင် ကိုးလ် အပေါ်ထပ်ကနေပြန်ဆင်းလာပြီး စားပွဲမှာ ဝင်ထိုင်လိုက်သည်။
" အင်္ကျီဘာလို့လဲလိုက်တာလဲ "
" အာ ...ဟို...မျက်နှာသစ်ရင်း ရေတွေစိုသွားလို့ "
အမှန်စင်စစ်တွင် သွေးတွေပေနေတာကြောင့် ကိုးလ်နောက်တစ်စုံလဲခဲ့ချင်းရယ်ပါ။
သားဖြစ်သူက ကြိုးစားပန်းစားလိမ်နေတာကို ထောက်ထားပြီး ကိုးလ်ရဲ့မွေးစားအဖေက မသိချင်ယောင်‌ဆောင်နေ‌ပေးခဲ့လေသည်။
" ကိုးလ်....သားသွားချင်တဲ့နေရာတွေဘာတွေရှိလား။ ဒါမှမဟုတ် လုပ်ချင်တာ တစ်ခုခုဖြစ်ဖြစ် "
" ကျွန်တော် မိဘမဲ့ဂေဟာကို ပြန်သွားချင်တယ် "
" အဲ့နေရာလား  "
" အွန်း "
" အဖေလိုက်ပို့ပေးမယ် "
" မဟုတ်ဘူး ကျွန်တော်အရင်ထဲက လူတစ်ယောက်နဲ့ ချိန်းထားတယ် ။ ချိန်းထားတာကြာလွန်းလို့ မေ့တောင်မေ့နေလောက်ပြီ။ ဒါပေမယ့် ကိစ္စမရှိပါဘူး ကျွန်တော်ပဲ မှတ်မိနေရင်ဖြစ်တာပဲ။ "
"ကိုးလ် ! "
" ဟင်းတွေအကုန်လုံး အရမ်းစားကောင်းတာပဲ ကျွန်တော့်ဗိုက်နဲ့တောင် မဆံ့တော့ဘူး "
ကိုးလ်က အမြဲတမ်း စကားလမ်းကြောင်းလွှဲနေသည်ကို ရိပ်မိနေသော်လည်း သားဖြစ်သူအလိုကျ အဖေဖြစ်သူမှာ ခွင့်ပြုပေးထားရလေသည်။
" ကြိုက်တယ်ဆိုရင် နောက်ခါလဲ အမြဲချက်ကျွေးမယ် ဟုတ်ပြီလား "
" အွန်း အဖေရှိတာ တစ်ကယ်ကောင်းလိုက်တာ "
ပြုံးရုံလေး ပြုံးလိုက်ပြီး သူဟာဘာမှဆက်မပြောဖြစ်လိုက်ပေ။ ကိုးလ်စစ်ဟန်လေးဟာ မကြာခင်မှာ ပျောက်ကွယ်သွားတော့မည်ဆိုသည့် အသိလေးနှင့်ပင် ရင်ဘတ်တစ်ခုလုံး လောင်ကျွမ်းနေသည့်ဒဏ်ကို ဥပေက္ခာပြုထားဖို့ ဆိုတာလည်း တော်ရုံလူလုပ်နိုင်တဲ့ ကိစ္စမှ မဟုတ်ဘဲ။ 
" ကိုးလ် အဲ့ကို တစ်ယောက်ထဲသွားချင်တာလား "
" အွန်း "
" လေပြေရှင်းကိုကော မတွေ့သွားတော့ဘူးလား "
ကိုးလ်က ပန်းကန်ထဲမှာ မွှေနှောက်နေတဲ့ ဇွန်းကို ရပ်တန့်လိုက်ပြီး အကြာကြီး တွေဝေနေခဲ့သည်။ သူဟာ တစ်ခုခုကိုထုတ်ပြောဖို့ရာ မဝံ့မရဲဖြစ်နေသည့် သဏ္ဌာန်လေးနှင့် နောက်ဆုံးတွင် ခေါင်းခါပြလာသည်။
" မတွေ့တော့ဘူး။ ကျွန်တော်တို့နှစ်ယောက် မတွေ့မိအောင် နေကြတာပဲ ကောင်းပါတယ်။ "
" ကျွန်တော် ဗိုက်ဝသွားပြီ အပေါ်တက်နှင့်တော့မယ် "
ထိုက်ခုံကထလိုက်ချင်းမှာပင် ကိုးလ်ရဲ့ အမြင်အာရုံတွေက ဝေဝါးနေခဲ့သည်။ လက်လှမ်းမိရာ တစ်ခုခုကို လှမ်းကိုင်လိုက်သော်ငြား လေဟာနယ်ကိုသာ ဖမ်းဆုပ်မိသွားပြီး သူ့တစ်ကိုယ်လုံး ထိန်းချုပ်မှုကင်းလွတ်သွားခဲ့လေသည်။
ပြန်နိုးလာချိန်တွင် သူဟာသူ့အခန်းထဲက ကုတင်ပေါ်မှာ လဲလျောင်းနေမှန်း သိလိုက်ရလေသည်။ စကားပြောဖို့ အားယူလိုက်သော်ငြား အသံတစ်စုံတစ်ရာမှ ထွက်မလာခဲ့ပါချေ။ လက်ချောင်းလေး တစ်ချောင်းလှုပ်လိုက်ရုံလေးနှင့်ပင် သူ့အားတွေကုန်ဆုံးသွားသလိုခံစားနေရသည်။ 
နောက်ဆုံးတော့ ဒီအချိန်ကိုရောက်လာပြီလား။ သူစောစောကလေးတင် အကောင်းကြီး ရှိနေသေးတာ မဟုတ်ဘူးလား။ သူ့အတွက်အချိန်က တစ်လတောင် မကျန်တော့တာမဟုတ်ဘဲ 10ရက်တောင်မခံတော့တာပါလား။
ဘေးနားမှာခိုးငိုနေတဲ့ အဖေ့ကို မမြင်ချင်ယောင်ဆောင်လိုက်ပြီး အခုမှနိုးလာသည့်ပုံစံ ဟန်ဆောင်လိုက်သည်။
" အဖေ..... "
" နိုးလာပြီလား "
လက်မှာချိတ်ထားတဲ့ ဆေးထိုးအပ်ကနေဝင်လာသည့် သွေးတွေအရဆိုလျှင် ဆရာဝန်လာသွားသည်မှာ မလွဲမသွေပေ။
" ...... "
" ကိုးလ်သားမှာ အချိန်တစ်ပါတ်တောင် မကျန်တော့ဘူး "
ကိုးလ်တစ်ယောက် သိနေပြီးသားဖြစ်သော်လည်း အမှန်တစ်ကယ်ရင်ဆိုင်လိုက်ရသည့်အခါတွင် မျက်ဝန်းရှုထောင့်က ထိန်းရတာကြာသည်ဖြစ်သည့် မျက်ရည်များကို ဆက်မထိန်းထားနိုင်ခဲ့တော့ချေ။ 
" ကျွန်တော်အဆင်ပြေပါတယ် "
ကိုးလ်အသံများ တုန်ယင်နေခဲ့ပါတော့သည်။
" အစထဲက ကြုံလာရမယ့်အရာပဲ မဟုတ်လား။ ဘာလို့ဝမ်းနည်းနေရမှာလဲ "
" သား ..... အဖေ့အတွက် အရမ်းမြန်လွန်းတယ်ကွယ်။ "
ကိုးလ်ရဲ့မျက်နှာလေးကို တစ်ယုတယကိုင်လိုက်ပြီး ဖခင်တစ်ဦးဟာ စက္ကန့်နဲ့အမျှ နှမျောတသဖြစ်နေခဲ့သည်။
" အဖေ့မှာသားနဲ့အတူနေခဲ့ရတဲ့ရက်တွေ ဘယ်လောက်မှမရှိသေးဘူး။ မနေ့တနေ့ကမှ သားဖြစ်သူမှာ ရောဂါရှိနေမှန်းသိလိုက်ရပြီး နောက်ရက်ကျတော့ တစ်ပါတ်တောင် အချိန်မကျန်တော့ဘူးတဲ့လားလေ။ ဘယ်အချိန်ထဲကများ တစ်ယောက်ထဲ ကြိတ်ခံစားပြီး ဒုက္ခခံနေခဲ့တာလဲ အဖေ့ကို ပြောပါဦး။ တစ်ယောက်ထဲ ဘယ်လောက်တောင် နာကျင်ခဲ့လိမ့်မလဲ "
ကိုးလ်တစ်ယောက် ဘာစကားမှပြန်မပြောနိုင်ခဲ့ချေ။ သူလုပ်နိုင်သော တစ်ခုတည်းသောအရာမှာ ရက်ပေါင်းများစွာ ဂရုမစိုက်မိခဲ့သော သူ့အဖေကို တင်းကြပ်အောင်ဖက်ပြီး ငိုနေခဲ့ခြင်းတစ်ခုရယ်သာ။
နောက်ရက်တွေတွင် ကိုးလ်ဟာ ရောဂါရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် ချောင်းဆိုးတိုင်းသွေးအန်သည့် ပမာဏက ပိုပိုများလာခဲ့ပြီး နှာခေါင်းသွေးလျှံတာလည်း စိပ်လာသည်။ ညဘက်အိပ်မပျော်တာတွေကြောင့် မျက်ကွင်းတွေညိုလာပြီး အစားသေချာမစားတာကြောင့် အရင်ထဲကပိန်နေသည့် ခန္ဓာကိုယ်လေးသည် ပိုလို့သေးလာလေသည်။ နှုတ်ခမ်းတွေမှာအမြဲအက်ကွဲနေပြီး မျက်နှာက သွေးရောင်ကင်းမဲ့နေသည်မှာ အမှန်တစ်ကယ်ပဲ သေမင်းနှင့် စစ်ခင်းနေရသည့် လူတစ်ယောက်ဆိုတာ မြင်တဲ့သူတိုင်းသိနိုင်သည်ဖြစ်သည်။ သုံးရက်အတွင်း လူတစ်ယောက်ဟာ ထိုသို့ပြောင်းလဲသွားလေသည်။
နောက်ရက်တွေလည်း ကိုးလ်ဟာ တမှိုင်မှိုင်တတွေတွေဖြင့် သေခြင်းတရားကို ထိုင်စောင့်နေသည့် လူငယ်လေးတစ်ယောက်အပြင်ပိုမနေခဲ့ချေ။
ငါးရက်မြောက်နေ့တွင် ကိုးလ်ဟာ တစ်ခုခုကို ထုတ်ပြောလာသည်။
" ကျွန်တော် မိဘမဲ့ဂေဟာကို သွားချင်တယ် "
" အဖေလိုက်ပို့ပေးမယ်လေ "
" မဟုတ်ဘူး ကျွန်တော်တစ်ယောက်ထဲ သွားချင်တာ "
ကိုးလ်မှာ အရမ်းပြင်းပြသည့် နောက်ထပ်ဆန္ဒတစ်ခုလည်း ရှိနေသေးပါသည်။ ဤသည်မှာ လေပြေရှင်းကို သေလုမတတ်တွေ့ချင်နေခြင်းပင်ဖြစ်သည်။ ဤသည်မှာ ဘယ်တော့မှမဖြစ်လာနိုင်သည့် ဆန္ဒလေးတစ်ခု။ သေသည်အထိ ယူဆောင်သွားရမည့် လျှို့ဝှက်ချက်လေးတစ်ခု။ 
သူဟာ သူ့ကိုယ်သူ ယခုထိတိုင် နားမလည်နိုင်သေးသည့် ကိစ္စလေးတစ်ခုမှာကား  " လေပြေရှင်း " ထိုအမျိုးသားဟာ သူနောက်ဆုံးအကြိမ်တွေ့သွားချင်သော တစ်ဦးတည်းသောလူဖြစ်လေသည်။ စကားတွေအများကြီးပြောစရာမလိုဘဲ မျက်နှာလေး မြင်ရရုံလေးဖြင့်ပင် သူ့ရင်ထဲက လောဘကို ဖြေဖျောက်ပစ်နိုင်သည်အထိ ထိုလူသားဟာ သူလိုလူအပေါ် လွှမ်းမိုးနိုင်သည်။ 
ဒါပေမယ့် သူတို့နှစ်ယောက်ဟာ ပုံမှန်လူတွေလို အတူနေလို့မရနိုင်ပေ။ မျက်နှာချင်း ဆိုင်မိပြီဆိုသည်နှင့် နှစ်ယောက်ထဲက တစ်ယောက်ကတော့ ပျောက်ကွယ်သွားဖို့ ကံကြမ္မာပါနေပြီးသားဖြစ်သည်။ သေခြင်းတရားကို လက်နက်ချ အရှုံးပေးရခြင်းထက် လေပြေရှင်းကို မတွေ့အောင်နေဖို့ ကံကြမ္မာကို လက်နက်ချပေးရခြင်းက ကိုးလ်အတွက်ပိုခက်ခဲနေခဲ့လေသည်။
နောက်တစ်ရက်တွင် ကိုးလ်က ရောဂါရဲ့တိုက်စားမှုကြောင့် အတော်လေး ပင်ပန်းနွမ်းနယ်နေခဲ့လေသည်။ သူဟာ သူ့ကိုယ်သူအချိန်ဘယ်လောက်လေးမှ မကျန်တော့မှန်း သိနေခဲ့ပြီး ဂေဟာကို နောက်ဆုံးအချိန်မသွားလိုက်ရမှာကို စိုးရိမ်နေခဲ့သည်။ အသက်ရှုဖို့ရာတောင် ကိုးလ်အတွက် ဝန်ထုတ်ဝန်ပိုးသယ်ပိုးထားရသလို လေးလံလွန်းနေခဲ့သည်။ ခေါင်းမာလွန်းသည့် ကိုးလ်စစ်ဟန်သည် သူ့အိပ်ခန်းထဲက စားပွဲခုံပေါ်မှာ ဖခင်အတွက် နောက်ဆုံးစာကို ချန်ထားခဲ့ပြီး taxi ငှားကာ နောက်ဆုံးခွန်အားဖြင့် မိဘမဲ့ဂေဟာကို ထွက်လာခဲ့သည်။
လတိုင်း အမည်မဖော်လိုသူအနေဖြင့် သူအလှူငွေထည့်နေကျနေရာဖြစ်ပြီး သူသံယောဇဉ်တွယ်မိသောနေရာလေးလဲဖြစ်ပေသည်။ လက်စားချေမည့် ကိစ္စဘက်ကို အာရုံရောက်နေခဲ့သည့်အတွက် ထိုနေရာကို သူပြန်မလာဖြစ်သည်မှာလည်း နှစ်တွေနဲ့အမျှချီနေခဲ့လေပြီ။ မသေခင်လေးတော့ သူဟာထိုသေးငယ်သော ဆန္ဒလေးကို ပြည့်သွားချင်သည့်အတွက် ထပ်မံအရဲစွန့်ခဲ့လေသည်။
ကိုးလ်က စွတ်စွတ်ဖြူသည့် အဖြူရောင်ဝမ်းဆက်လေးကို ဝတ်ထားပြီး ကားမှန်ကို  ပျင်းရိလေးတွဲစွာ မှီနေခဲ့လေသည်။ ချောင်းဆိုးတိုင်း ပါလာသည့် သွေးတွေကြောင့် လက်ကိုင်ပါဝါကလည်း သွေးတွေနဲ့သာ ချင်းချင်းနီနေခဲ့သည်။ ကိုးလ်က အဖြူရောင်ကို တမင်ရွေးကာ ဝတ်ခဲ့ခြင်းဖြစ်လေသည်။ လေပြေရှင်းကို သူမတွေ့နိုင်ပေ။ သို့သော် ရှင်းနဲ့ သက်ဆိုင်သည့် အသေးအဖွဲအရာလေးတွေနှင့် သူထိတွေ့နိုင်သေးပေသည်။ ဖြူဖျော့ဖျော့ မျက်နှာနဲ့ အင်္ကျီအရောင်ဟာ အလွန်ပင်မအပ်လွန်းလှပေ။ လူကိုပိုလို့ ဖြူဖျော့သွားပြီး အားနည်းသွားစေသည်မှာ ကိုးလ်ပုံးစံလေးအား ပိုလို့သနားချင့်စဖွယ် ကောင်းသွားစေလေသည်။
" နေမကောင်းဘူးလား အဆင်ပြေရဲ့လား "
ကားမောင်းနေတဲ့လူက ကိုးလ်ရဲ့ပုံစံကို သတိထားမိသွားပြီး မှန်ကတဆင့် အနောက်ကိုလှမ်းကြည့်ကာ ဂရုတစိုက်မေးမြန်းလာလေသည်။
ကိုးလ်းစစ်ဟန်က အပြင်ကိုသာ ငေးနေရင်း တစ်သတ်မှတ်တည်း ပြန်ဖြေလာသည်။
" ဂရုမစိုက်နဲ့ "
ကားဆရာလည်း ထိုအဖြေကြောင့် ကသိကအောင့်ဖြစ်သွားပြီး ဘာမှထပ်မပြောလာတော့သော်လည်း တအောင့်အကြာ ကိုးလ်က အဆက်မပြတ် ချောင်းတွေဆိုးလာသည့်အခါတွင် ထိုသူဟာ ရဲဆေးတင်ပြီး မေးလာပြန်သည်။
" ဆေးရုံကို မောင်းလိုက်ရမလား သွေးတွေအများကြီး ထွက်နေတာပဲ "
" ဂေဟာကို မြန်မြန်မောင်း  "
" အခုခေတ်လူငယ်တွေ ခေါင်းမာလိုက်တာများ "
ထိုသူဟာ ခေါင်းတစ်ခါခါဖြင့် ညည်းရုံလေးသာ ညည်းလိုက်ပြီး ဂေဟာကို အမြန်မောင်းပေးရှာလေသည်။
တစ်ဖက်တွင် သားဖြစ်သူအား ဗိုက်ဝစေရန် ကိုယ်တိုင်ချက်လာသော အစားအစာလေးကို ပိုက်လျက် ကိုးလ်ရဲ့အခန်းထံခါးကို နှစ်‌ချက်လောက်ခေါက်ပြီး ထိုသူဟာ ဝင်သွားခဲ့လေသည်။ သို့သော်ငြား ရင်ဝကိုစောင့်ကန်ရန် ကြိုတင်အကွက်ချထားသော စာတစ်စောင်က ကိုးလ်အိပ်ယာပေါ်မှာ စောင့်ကြိုနေလေသည်။
စာထဲမှာ ရေးထားသောအရာများကို အကြမ်းဖျဉ်းဖော်ပြရလျှင် 
" ကျွန်တော် တောင်းပန်ပါတယ်။ နာရီပိုင်းလောက်ပဲ ကျန်တော့တဲ့အချိန်မှာတောင် ကျွန်တော်ဟာ မိုက်ရူးရဲဆန်နေတဲ့အတွက် မရည်ရွယ်ဘဲ အဖေ့ကို သိမ်ငယ်အောင် လုပ်မိပြန်ပါပြီ။ မစိုးရိမ်နေပါနဲ့ ကျွန်တော်ဂေဟာကို သွားကြည့်တာပါ။ အရင်နှစ်တွေတုန်းကလူတစ်ယောက်နဲ့ အတူသွားဖို့ ကတိပေးခဲ့ဖူးပေမယ့် အခုကျွန်တော်တစ်ယောက်လဲ အဆင်ပြေပါတယ်။ 
စာရွက်ကို ဆက်မဖတ်နိုင်တော့ဘဲ ဖခင်တစ်ယောက်ဟာ ရှိုက်ကြီးတငင် ငိုကြွေးနေခဲ့လေသည်။ သူ့မျက်ခမ်းစပ်က ကျလာတဲ့ မျက်ရည်တွေဟာ ကိုးလ်စာရေးနေစဉ်က ကျခဲ့သော မျက်ရည်များနဲ့ ရောထွေးလျက် စာရွက်ပေါ်က မှင်များမှာ ပျံ့ကျဲကုန်ရလေတော့သည်။ 
" ကျွန်တော် မရှိတော့ရင်လည်း ကောင်းကောင်းအသက်ရှင်နေရမယ်နော်။ မတည့်စာတွေလဲ ခေါင်းမာပြီးမစားနဲ့တော့။ နေမကောင်းလဲ မဖြစ်စေနဲ့။ ကျွန်တော့်ကိုလည်း အရမ်းကြီးသတိရမနေပါနဲ့ ။ ညဘက်တွေလည်း ခိုးမငိုနဲ့။ အဖေငိုတာ တစ်ကယ်ရုပ်ဆိုးတယ်။ ကျွန်တော့်ကို ဘယ်တော့မှ မငိုဘူးလို့ ကတိပေးပါ။ အခုကစပြီး ကျွန်တော့်ကြောင့် ထပ်မငိုဘူးလို့ ကတိပေးပါ။ "
" ကောင်းပြီ အဖေကတိပေးတယ် ။ ဒီနေ့နောက်ဆုံးပါပဲ .... ဒီနေ့ပြီးရင် သားဖြစ်ချင်တဲ့အတိုင်း အဖေဘယ်တော့မှ ထပ်မငိုတော့ဘူး ။ " 
အောက်ဆုံးတွင်ကိုးလ်ဟာ စာလေးတစ်ကြောင်းကို ထပ်ရေးထားသေးလေသည်။
သံသရာတစ်ခုက လွတ်မြောက်ဖို့ ဒီနည်းလမ်းပဲ ရှိနေတဲ့အခါ ဘာကြောင့်များ ဝမ်းနည်းနေရမှာလဲ။
စာဖတ်ပြီးသွားသည့်အခါတွင်  ကိုးလ်စစ်ဟန်ရဲ့ နောက်ဆုံး ဆန္ဒ ၊သေသည်အထိ လျှိုဝှက်ချက်အဖြစ် ယူဆောင်သွားချင်သော ထိုဆန္ဒလေးကို သူဟာဖြည့်ဆည်းပေးလိုက်ချင်လေသည်။ သူ့သားလေးမှာ နာရီပိုင်းလောက်ပဲ အသက်ရှင်နိုင်တော့မည်ဖြစ်ရာ သူဟာအရဲစွန့်ပြီး လေပြေရှင်းရဲ့ ဆိုင်ကို ရောက်လာခဲ့လေသည်။
" ကြိုဆိုပါတယ် "
မိန်းမငယ်လေးတစ်ယောက်က ပူပန်နေတဲ့သူ့ကို  ဆိုင်ဝကနေ ကြိုဆိုလေသည်။
" လေပြေရှင်း ..... လေပြေရှင်းနဲ့ တွေ့ချင်လို့ပါ "
" ကိုကိုနဲ့ ဘာကိစ္စရှိလို့လဲဟင် "
" အရေးကြီးလို့ အရင်ခေါ်ပေးပါလား "
ပြောကာဆိုကာဖြင့် ဆိုင်အပေါ်ထပ်က ဆင်းလာသော လေပြေရှင်းကို တွေ့လိုက်ရလေသည်။
" ကိုကို ဒီက ဦးလေးက ကိုကိုနဲ့ တွေ့ချင်လို့တဲ့ "
နောက်မိနစ်ပိုင်းတွင် လေပြေရှင်းနဲ့ ထိုင်ပြီး စကားပြောဖို့ အခွင့်အရေးရခဲ့လေသည်။ သူဟာတွန့်ဆုတ်မနေဘဲ လိုရင်းကိုပြောရန် စကားလမ်းကြောင်း ရှာနေခဲ့တော့သည်။
" ဦးက ကိုးလ်စစ်ဟန်ရဲ့ မွေးစားအဖေပါ "
စတင်မိတ်ဆတ်မှုမှာပင် လေပြေရှင်းထံမှ ခါးသီးနေတဲ့အငွေ့အသက်များ ဆက်တိုက်ခံစားနေရသော်ငြား ကိုးလ်အတွက် ဒီတစ်နည်းထဲသာ ရှိပေတော့မည်။
" ကျွန်တော့်ကို တွေ့ချင်တယ်ဆိုတာ ဘာကိစ္စလဲ "
" ကျေးဇူးပြုပြီး ဦးရဲ့သားလေးကို မိဘမဲ့ဂေဟာမှာ သွားတွေ့ပေးပါလားကွယ် "
" ဟက် ကျွန်တော်ကသွားတွေ့မယ်ဆိုပြီး ဘယ်လိုယုံကြည်ချက်တွေ ဦးကိုပေးလိုက်တာလဲ "
" သူ့ဘဝနောက်ဆုံးအချိန်ကို ရောက်နေပြီ။ သူမင်းကို တွေ့သွားချင်နေတာ။ သူ့မှာ သွေးကင်ဆာ ရှိနေပြီ "
ရှင်းရဲ့ မျက်အိမ်လေးများ လှုပ်ရမ်းသွားပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်ထွေးမိသွားလေသည်။ အပြင်ဘက်တွင်တော့ ဘာမှမဖြစ်သည့် ပုံစံလေးဖြင့် ခုံကိုမှီကာ ထိုင်နေပြီး အလေးအနက်မထားသည့်ဟန်ကို ပြသနေသည်။
" အဲ့တော့ "
အေးစက်စက်အဖြေတစ်ခုကို ရှင်း ထုတ်ပေးလိုက်လေသည်။
" သူမင်းကို ကယ်ခဲ့တာကို ထောက်ထားပြီး သူ့ကိုသွားတွေ့ပေးပါလားကွယ် ။ အဲ့ကလေးက စိတ်ထဲမှာရှိတာကို ဘယ်တော့မှ ထုတ်မပြတတ်ဘူး။ ဒါပေမယ့် သူမင်းအပေါ်ကောင်းတာတော့ တစ်ကယ်ပါ "
" မသွားဘူး "
" ဦးလေး တောင်းပန်ပါတယ် ။သူ့နောက်ဆုံးအချိန်ကို ရောက်နေပြီမလို့ပါ "
" သူကျွန်တော့်အပေါ်ကောင်းတယ်ပေါ့လေ။ ဟက် သူကျွန်တော့်အပေါ်ကောင်းတာ ရည်ရွယ်ချက်ရှိရှိ ကျွန်တော်ရင်ဝကို ဓားနဲ့ထိုးချင်လို့ဆိုတာသိရဲ့လား။ အခုကျမှ ကျွန်တော့်ကို တွေ့သွားချင်တယ်တဲ့လား အိပ်မက်သာ မက်နေလိုက်။ ကျွန်တော်သူ့ကို ဘယ်တော့မှ သွားမတွေ့ဘူး ခင်‌ဗျားလည်း ပြန်သင့်ပြီ "
လေပြေရှင်းဟာ ထိုလူကြီးကို နှင်ထုတ်ပြီး အရည်မရအဖတ်မရစကားတွေကို ဆက်နားမထောင်ချင်တော့တာကြောင့် နေရာကထွက်ခွာရန် ပြင်ဆင်နေလိုက်သော်လည်း အချည်းနှီးသာကျန်ရစ်ခဲ့ရလေသည်။
" ကိုးလ်စစ်ဟန် သူကလေ မင်းကိုဓားနဲ့ထိုးခဲ့တဲ့နေ့က  ကိုယ့်လက်ကောက်ဝတ်ကို ဓားနဲ့လှီးပြီး လိုက်သေဖို့ ကြိုးစားခဲ့တယ် သိရဲ့လား "
လှုပ်ခပ်အားပြင်းတဲ့ ငလျင်လှိုင်းကြောင့် ရှင်းရဲ့ မဟာပထဝီဝင် မြေကြီးဟာ တုန်လှုပ်သွားခဲ့သည်။
လေပြေရှင်းတစ်ယောက် တိတ်ဆိတ်နေပြီး ဘာစကားမှပြန်မချေပနိုင်ခဲ့ချေ။ မတ်တပ်ရပ်လျက်သားဖြင့် ကိုးလ်စစ်ဟန်ရဲ့လက်ကောက်ဝတ်က နက်ရှိုင်းတဲ့ ကန့်လန့်ဖြတ်ဓားရာက မျက်လုံးထဲတွင် ပုံပြန်ပေါ်လာသည်။
" သူမင်းကို ဘယ်တုန်းကမှ သတ်ဖို့မရည်ရွယ်ခဲ့ဘူး။ ကိုးလ်စစ်ဟန်ရဲ့ အကျွမ်းကျင်ဆုံးအရာက ဘာလဲသိရဲ့လား "
" ......... "
" ဓားကိုကျွမ်းကျွမ်းကျင်ကျင် ကိုင်တတ်တာပဲ။ ၁၅နှစ်လုံးလုံး ဓားကိုင်နည်းလေ့ကျင့်လာတဲ့လူက မျက်စိရှေ့က သားကောင်ကို လွဲသွားတာ ဖြစ်နိုင်ပါ့မလား ။ မင်းကံကောင်းပြီး မသေခဲ့တာမဟုတ်ဘူး သူမင်းကို အသက်ရှင်ခွင့်ပေးခဲ့တာ။ ဒါပေမယ့် အဲ့နေ့က သူကတော့ တစ်ကယ်သေမလိုဖြစ်ခဲ့တာ "
လေပြေရှင်းဟာ နေရာမှာပင် မလှုပ်မယှက် ရပ်နေဆဲဖြစ်ပြီး ကြားခဲ့သောစကားများကို ပြန်ခွဲခြမ်းစိတ်ဖြာနေခဲ့လေသည်။
" ကိုးလ်ကအမြဲတမ်း ဆေးရုံကို လူလွှတ်ပြီး မင်းကိုစောင့်ကြည့်နေခဲ့တာ။ မင်းနဲ့ပက်သက်တဲ့ သတင်းအသေးအဖွဲ့လေးကအစ သူ့အာရုံကိုဖမ်းစားနိုင်တယ်။ အခု ဦးလေးတောင်းပန်ပါတယ်။ ဦးလေးသားက မကြာခင်မှာ သေရတော့မယ်။ သူ့ရဲ့နောက်ဆုံးဆန္ဒက လေပြေရှင်း မင်းကိုတွေ့သွားချင်တာ။ 15မိနစ် မဟုတ်ဘူး 5မိနစ်လောက်ပဲ ကိုးလ်နဲ့အတူ 5မိနစ်လောက်ပဲ ရှိနေပေးပါ။ ဦးလေး သူ့ကိုဒီလောကထဲကနေ စိတ်ဖြောင့်ဖြောင့်နဲ့ ထွက်သွားစေချင်တယ်။ "
လေပြေရှင်း‌တစ်ယောက် သစ်သားကျောင်တိုင်အလားပင် နည်းနည်းလေးမှ ရွေ့မလာဘဲ ငြိမ်သက်ကာ ဘာတစ်ခုမှ ဆိုမလာပေ။  အချိန်အနည်းငယ်ယူကာ ထပ်စဉ်းစားလိုက်ပြီးနောက် ခိုင်မာသည့် ဆုံးဖြတ်ချက်နဲ့အတူ ရာဇသံနဲ့တူသည့် တစ်ခွန်းတည်းသောစကားကို ဆိုလာသည်။ 
" ကိုးလ်စစ်ဟန် သူဘယ်မှာလဲ "
" ရောင်စဉ်မဲ့ မိဘမဲ့ဂေဟာမှာ "
ရှင်းက အလျင်စလိုပင် လှုပ်ရှားလိုက်ကာ ကားသော့ယူလျက် ချက်ခြင်းဆိုင်ထဲက ထွက်ဖို့ဟန်ပြင်လေသည်။
" ကိုကို ! "
အနောက်ဘက်က တုန်ယင်နေတဲ့ အသံလှိုင်းပိုင်ရှင် ညီမလေးကို လှည့်ကြည့်လိုက်ပြီး ရှင်း ခပ်ဖွဖွလေး ပြုံးပြလိုက်လေသည်။
ကိုကို ပြန်လာခဲ့မယ် ဆိုင်ကိုသေချာကြည့်ပေးထားနော်။
လေပြေညှင်းတစ်ယောက် တွေးမိပြန်‌လေသည်။
နောက်ဆုံးတော့လဲ အချစ်ဆိုတဲ့ ဝဲဂယက်ထဲမှာ အလွန်သန်မာသည့် လေပြေရှင်းပင်လျှင် လွတ်မြောက်နိုင်ရိုး ထုံးစံမရှိပေ။
ရှင်းက ကာပါကင်မှာ ရပ်ထားသောကားကို အပြေးသွားယူပြီး အလျင်စလို ထွက်သွားလေပြီ။
" သေချာပေါက် ကိုးလ်နဲ့တွေ့ပြီး အတည်ပြုရမယ်။ တစ်ကယ်ပဲ အဲ့နေ့က သူနဲ့အတူလိုက်သေဖို့ ဆုံးဖြတ်ထားတာလား။ လက်ကောက်ဝတ်က သေစေနိုင်လောက်တဲ့ ဓ၏ျားရာက သူ့ကြောင့် ဖြစ်လာတာတဲ့လား။ လက်စားချေပြီးရင်လည်း ကောင်းကောင်းမွန်မွန်လေး အသက်ဆက်ရှင်သွားရမှာပေါ့ သွေးကင်ဆာတဲ့လား။ ကိုးလ်..... မင်းတစ်ကယ်ပဲ ကိုယ့်ကို နောက်ဆုံးအချိန်ထိ အလွတ်မပေးဘူးဘဲ။ "
လေပြေရှင်း ရဲ့ကားလေးဟာ အရှိန်ပြင်းပြင်းမောင်း‌နှင်နေခဲ့ပြီး ကိုးလ်ရဲ့နောက်ဆုံးအချိန်ကို အမှီရောက်အောင်သွားဖို့ အရမ်းလောနေခဲ့လေသည်။ သူတို့ကြားတွင် အများကြီး ဖြစ်ပျက်ခဲ့ဖူးသည်။ မတော်တဆ နမ်းမိတဲ့ ပထမဦးဆုံးအနမ်းတွင် ကိုးလ်ဟာ ရှင်းရဲ့ မှတ်ဉာဏ်ကို လုံးဝဖြတ်တောက်ပစ်ခဲ့ပြီး သူကိုယ်တိုင်ကတော့ ရင်တွေခုန်လွန်းလို့ တစ်ညလုံးအိပ်မပျော်နိုင်ခဲ့ပေ။ သေဆုံးသွားသည့်တိုင် ယူဆောင်သွားမည့် လျှို့ဝှက်ချက်လေး ဖြစ်သော်ငြား ကိုးလ်ကတော့ ထိုညကို ရှင်းရှင်းလင်းလင်း မှတ်မိနေပါသေးသည်။ မတော်တဆအမှားတစ်ခု ဖြစ်နေပါလျက် တစ်စုံတစ်ယောက်ရဲ့ နှလုံးသားမှာ နှစ်ရှည်လများ နေရာယူအမှတ်တတရခြင်း ခံနေရလေသည်။ ကြည်နူးစရာအခိုက်အတံ့လေး ဖြစ်ပါသော်ငြား တစ်ချိန်ထဲမှာ ဝမ်းနည်း ကြေကွဲဖွယ်ရာလည်း ကောင်းနေပြန်သည်။ 
နှုတ်ဆက်လမ်းခွဲဖို့ အခွင့်မသာတဲ့အခြေအနေအတွက် တိတ်တဆိတ်လေး ထွက်ခွာသွားတော့မည်ဆဲဆဲတွင် နှစ်ရှည်လများ လိမ်လည်ထားသည့် ခံစားချက်တွေကိုပြောပြဖို့ ကံကြမ္မာက အခွင့်အရေးပေးခဲ့ပြန်သည်။
ကိုးလ်စစ်ဟန် တစ်ယောက် ပက်လက်ကုလားထိုင်ပေါ်တွင် အလွန်အမင်း ပျင်းရိစွာထိုင်နေခဲ့ပြီး သူ့မြင်ကွင်းထဲတွင် ကလေးတစ်သိုက်က အပြေးအလွှား ဘောလုံးကန်နေကြလေသည်။ ထိုင်နေသည့်နေရာ အရိပ်ကောင်းသည့် သစ်ပင်အောက်တွင် ဖြစ်ပါသော်လည်း သစ်ရွက်ကြားက နေရောက်တစ်စွန်းတစ်က ကိုးလ် မျက်နှာပေါ် လာရောက်ကျီစယ်နေခဲ့သည်။ အားမရှိတဲ့လက်ကိုမြှောက်လိုက်ပြီး ထိုအလင်းရောင်လေးကို ဖမ်းဆုပ်လိုက်သော်ငြား သူနဲ့မဆိုင်သလို ပျောက်ကွယ်သွားပြန်သည်။ ထိုအရာအား သူ့အပိုင်အဖြစ် လုံးဝမရနိုင်ပေ။ ဆင်တူရိုးမှားစွာဖြင့် လေပြေရှင်းကို အပိုင်ရယူချင်နေသည့်အလား ဆင်တူလှချေ၏။ နှစ်ခုစလုံးသည် သူပိုင်ဆိုင်ဖို့ရာအတွက် မြင့်လည်းမြင့်မားသလို ၊တောက်ပသည့် စွမ်းအင်လည်း ရှိပေသည်။
" ကိုကို "
ကိုးလ်က အသံလာရာဆီလှည့်ကြည့်မိလိုက်တော့ သူကိုယ်တိုင် ဂေဟာကို မွေးစားဖို့ လာပေးထားသည့် ကလေးဖြစ်သည်။ အခုဆိုအလွန်ဆုံးရှိမှ ထိုကလေးက 8 နှစ်လောက်ပဲ ရှိပါလိမ့်ဦးမည်။
ကိုကိုမလာတာ အရမ်းကြာပြီနော်။ ကျွန်တော်နေ့တိုင်း ကိုကိုရောက်လာမှာကိုမျှော်နေတာ "
" ဟာရု လား "
" ကိုကို အရမ်းပိန်သွားတယ် နေမကောင်းဘူးလား "
" မင်းတောင် တော်တော်ကြီးလာပြီပဲ "
အားယူလိုက်ပြီး ကိုးလ်စစ်ဟန်ဟာ ကလေးငယ်ကို ဆက်ပြောလာသည်။
" နောက်ခါကျရင် ကိုကို့ ကို မစောင့်နဲ့တော့။ "
" ဘာဖြစ်လို့လဲ "
" ကိုကိုက ဟိုးအဝေးကြီးကို ထွက်သွားရတော့မှာမလို့။ တစ်သက်လုံး ပြန်မလာတော့တာလဲ ဖြစ်နိုင်တယ် ....အဟွတ်....အဟွတ် "
ပါးစပ်ကို လက်နဲ့ကာပြီးထိန်းလိုက်သော်လည်း ကိုးလ်ရဲ့ အဖြူရောင်အင်္ကျီပေါ်ကို သွေးတွေစင်ဖြစ်အောင် စင်သွားသေးလေသည် ။
" ဟာရု သွားဆော့တော့ "
" ဒါပေမယ့် ကိုကို "
" သွား "
ကလေးငယ်လေးဟာ ထွက်မသွားချင်သေးသော်လည်း ကိုးလ်ကို ကြောက်လည်းကြောက် ၊ချစ်လည်းချစ်သည့်အတွက် တွန့်ဆုတ်နေပြီး နောက်ဆုံးတွင် ကိုးလ် စကားကို နားထောင်ရန် ရွေးချယ်လိုက်လေသည် ။
ဖြူဖျော့ဖျော့မျက်နှာလေးနှင့် အင်္ကျီကိုပေသွားသည့် သွေးများကို ကိုးလ် သုတ်ပစ်နေခဲ့ပြီး နဂိုအဖြူရောင်လေးအတိုင်းရှိအောင် ကြိုးပမ်းနေခဲ့လေသည်။ သို့သော် သူဘယ်လောက်သုတ်သုတ် အရင်တိုင်း သန့်ရှင်းမနေတော့ချေ။ ထို့ပြင်သူ့လက်ကသွေးတွေကြောင့် အင်္ကျီမှာ ပိုလို့တောင်ညစ်ပတ်သွားသေးသည်။ နောက်ဆုံးတွင် ကိုးလ်က လက်လျော့လိုက်ပြီး တီးတိုးရေရွတ်လိုက်လေသည်။
" မပြောင်တော့ဘူး။ ဘယ်လောက်ကြိုးစား၊ ကြိုးစား အရင်တိုင်းပြန်မဖြစ်နိုင်တော့ဘူးပဲ။ "
ကိုးလ်ရဲ့ ဘယ်လောက်မှ မကျန်တော့သည့်အချိန်အတွက် လေပြေရှင်းက သူ့ရဲ့ကားကို အရှိန်မလျော့ဘဲ ဆက်တိုက်မောင်းနှင်လာခဲ့လေသည်။ ဘယ်လောက်တောင်လဲဆိုလျှင် ရှင်းက မီးနီနေတာတောင် ဂရုမစိုက်ဘဲ မောင်းနေခဲ့တာဖြစ်သည်။
သူဟာ လူတစ်ယောက်ကို အပြီးတိုင် ဆုံးရှုံးရခါနီးသည့်အချိန်မှ သူဘာကိုလိုချင်နေတာလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိသွားခဲ့ပြီဖြစ်သည်။
လွန်ခဲ့တဲ့နှစ်တွေတုန်းက ရည်းစားတစ်ခါမှ မထားဖူးသည့် လေပြေရှင်းသည် ကိုးလ် အပေါ်သက်ရောက်နေသည့် သူ့ခံစားချက်တွေကို လုံးဝနားမလည်ခဲ့ပေ။ ဒါကြောင့်သူဟာ သူငယ်ချင်းအဖြစ်သာ ကိုးလ်ကို ခံယူခဲ့ပြီး ထိုခံစားချက်တွေကိုလည်း သူငယ်ချင်း အချင်းချင်း ဂရုစိုက်ပေးရာက ထွက်ပေါ်လာသည့်အရာတွေလို့သာ မြင်ခဲ့လေသည်။ အမှန်စင်စစ်တွင် လုံးဝဟုတ်မနေချေ။
" ဒါက သူငယ်ချင်း‌အပေါ်ထားတဲ့ ခံစားချက်မဟုတ်ဘူး။ ငါအရမ်းတုံးအ နေလို့သာ သတိမထားမိခဲ့တာ။ ဘယ်သူငယ်ချင်းတွေကမှ အပိုင်သိမ်းပြီး သော့ခတ်ထားချင်လောက်တဲ့ထိ တွေးကြမှာ မဟုတ်ဘူး။ လေပြေရှင်း မင်းဒီ‌တစ်လျှောက်လုံး ဘာတွေများ လုပ်နေခဲ့တာလဲကွာ။ "
ရှင်းရဲ့ စိတ်တွေဟာ ရှုပ်ထွေးနေခဲ့ပြီး နှလုံးသားမှာ တစ်ချိန်လုံး နာကျင်မှုအပြည့်စိုးမိုးပါတော့သည်။ သူ့ခံစားချက်တွေကိုနားလည်လိုက်ပြီ ဖြစ်သော်ငြား တစ်ဖက်လူကြားအောင်ပြောဖို့ ရှင်းမှာ အချိန်လုံလုံလောက်လောက် မရှိမှာကိုပဲ စိုးရိမ်ရပေသည်။ ကိုးလ်က လက်ခံသည်ဖြစ်စေ ၊လက်မခံသည်ဖြစ်စေ ဂရုမစိုက်ပါချေ။
နောက်ဆုံးတွင် ရှင်းရဲ့ ကားလေးက လမ်းစုံတစ်ခု ကို ကျော်ဖြတ်ပြီး မကြာခင်တွင် ကိုးလ်ရှိရာအရပ်ကို ရောက်နိုင်တော့မည်ဖြစ်သည်။ သို့သော် မထင်မှတ်ထားသည်များက အမြဲတစေ ရောက်လာစမြဲပါပေ။  လေပြေရှင်းဟာ လမ်းစုံကိုဖြတ်ကျော်ဖို့ အရှိန်ပြင်းပြင်းမောင်းနှင်ခဲ့ပြီး တစ်ဖက်ကကွေ့လာသည့်ကားသည် ဘရိတ်မမိသည့်အလား ယိမ်းထိုးကာ လမ်းတစ်ခုလုံး အပိုင်စီးယူထားလေသည်။ ရှင်းက မြင်လိုက်ရချင်းမှာပင် ရှောင်တိမ်းဖို့  အလျင်အမြန်ကြိုးစားလိုက်ပြီး အခြားတစ်ဖက်ကို ကွေ့လိုက်ရာ ပုံမှန်အတိုင်းလာနေသည့် ကားတွေနဲ့ တိုက်မိမလိုဖြစ်သွားပြီး ရှင်းရဲ့ကားက အရှိန်ကလည်း အလွန်ပြင်းနေသည့်အတွက် ကားကိုထိန်းချုပ်ဖို့ကလည်း အလွန်ခက်ခဲနေသည့် အနေအထားဖြစ်သည်။
လေပြင်းရှင်းရဲ့ အသိစိတ်ကနိုးကြားနေဆဲဖြစ်ပြီး ရှင်းက ဘေးပလပ်ဖောင်းကို ထိုးရပ်ဖို့ ကြံစည်ပြီး ကားကိုထပ်ကွေ့ဖို့ ဟန်ပြင်နေစဉ်မှာပဲ ထိုအရှိန်မထိန်းနိုင်သည့်ကားက ရှင်းရဲ့ကားနောက်ကနေ ဝင်တိုက်မိလေသည်။ ကားနှစ်ခုလုံးသည် ပြင်းထန်သည့် ဝင်တိုက်မှုကြောင့် ထိန်းချုပ်မှုများ လုံးဝကင်းလွတ်သွားခဲ့ပြီဖြစ်သည်။ ရှင်းရဲ့ကားသည် အနောက်ကကားဆီမှ အရှိန်အရမ်းပြင်းစွာ တရွတ်တိုက် ဝင်တိုက်ခံရနေရသည့်အတွက် မောင်းနေသူရဲ့အကူအညီမပါဘဲ  အရှေ့သို့ ဆက်လက်ရွေ့နေဆဲဖြစ်ပြီး နောက်ဆုံး ပလပ်ဖောင်းက အုတ်နံရံကို ဝင်စောင့်မိမှသာ နှစ်ကားလုံး အရှိန်သေသွားသည်။ ‌
လေပြေရှင်းရဲ့ကားအဖြူရောင်က ပလပ်ဖောင်းနဲ့ အနောက်က ကားကြားမှာ ညပ်နေပြီး အရှေ့ပိုင်းရော ၊အနောက်ပိုင်းရောက တစစီကြေမွနေခဲ့ပြီဖြစ်သည်။ ကားနှစ်ခုလုံးကနေ မီးခိုးငွေ့တွေ လှိုင်လှိုင်ထွက်နေကာ အထဲက လူတွေသေလားရှင်လား ဘယ်သူမှ မသိနိုင်ပေ။
ရှင်းရဲ့ အတွေးများက တစ်စက္ကန့်လေးမှ မလပ်အောင် ကိုးလ်အကြောင်းကိုပဲ စဉ်းစားနေခဲ့လေသည်။ ရင်ဘတ်တစ်ခုလုံး တစစီကြေအောင် ခံစားနေရပြီး ကိုးလ်စစ်ဟန်ကို မတွေ့သွားလိုက်ရမှာကို သေရမှာထက် ကြောက်စိတ်ဝင်မိသည်။
အက်ရှကာ သွေးတွေနဲ့ ဗလုံးဗထွေးဖြစ်နေသည့် အသံလှိုင်းတစ်ခု လေထုထဲပျံ့လွင့်လာလေသည်။
" ဘာလို့များလဲ ........ငါ နည်းနည်းပဲလိုတော့တာ။ နောက်ထပ်နည်းနည်းလောက်ဆိုရင်...... ငါကိုးလ်ဆီ ရောက်နိုင်တော့မှာ။ ကိုးလ်... "
လေပြေရှင်းတစ်ယောက် ထိုနာမည်ကိုသာ တသသရွတ်နေရင်း ကိုးလ်ဆီ ရောက်အောင်သွားဖို့ လှုပ်ရှားမှုပြုလုပ်လိုက်သော်လည်း သူ့တစ်ကိုယ်လုံး လုံးဝလှုပ်ရှားလို့ရမနေခဲ့ပေ။ ဦးခေါင်းခွံက သေချာပေါက်ကွဲသွားပြီဖြစ်ရာ သွေးတွေဆက်တိုက်စီးကျနေလေသည်။ နှစ်ထွာလောက်ရှိသည့် ဖန်ကွဲစသည် ရှင်းရဲ့ ရင်ဘတ်တည့်တည့်မှာ နက်နက်ရှိုင်းရှိုင်းစိုက်ဝင်နေခဲ့သည်။ ထိုရင်ဘတ်ကနေလည်း သွေးစိမ်းရှင်ရှင် စိမ့်ထွက်နေဆဲပါပဲ။ နာကျင်မှုဆိုတဲ့အရာကို ရှင်း အခေါက်ပေါင်းများစွာ ကြုံတွေ့ဖူးပါလေသည်။ သို့သော်သူဟာ ဒီတစ်ခေါက်မှာ သူ့ရင်ဘတ်ကနေ သည်းမခံနိုင်လောက်အောင် နာကျင်လွန်းသည့် ဝေသနာထက် အဆပေါင်းများစွာ နာကျင်ခံစားနေရသည့် ဝေသနာမှာ ရင်ဝတည့်တည့် စိုက်ဝင်နေသည့် ဖန်ကွဲစကြောင့် မဟုတ်ပါပေ။ တစ်ချိန်လုံး မရိပ်မိခဲ့သည့် လျို့ဝှက်ချက်လေးကို နောက်ဆုံးအချိန်ထိ ကိုးလ်သိ‌အောင် ဖွင့်မပြောလိုက်ရလေခြင်းဆိုသည့် ဝေသနာကြောင့်သာဖြစ်ပါလိမ့်မည်။
" ကိုးလ် ကိုယ်မင်းကို တွေ့ချင်လိုက်တာ ။ ကိုယ်တို့ရဲ့နောက်ဆုံးအချိန်မှာတောင် ကိုယ့်ဆန္ဒတွေပြည့်ဝမသွားခဲ့နိုင်ဘူးပဲ။ ကိုယ်အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ် ကိုးလ်ရယ် ။ ကိုယ်မင်းရဲ့ နောက်ဆုံးအချိန်မှာ ကိုယ့်ရင်ထဲက စကားတွေကို ပြောပြချင်ခဲ့တာ။ "
တစ်ချိန်တည်းမှာပင် ကိုးလ်စစ်ဟန်ဆိုတဲ့ ကောင်လေးကလည်း သေမင်းနဲ့စစ်ခင်းနေရသည့် အချိန်အတိုင်းအတာမှာတောင် လေပြေရှင်းကို တွေ့သွားချင်သည့် စိတ်ကလေးကို မချိုးဖြတ်နိုင်သေးပေ။
" ရှင်း ....ကြည့်ရတာ ကျွန်တော်သွားရတော့မယ်ထင်ပါတယ်။ ရှင်းကတော့ ကျွန်တော့်ကို မုန်းနေလောက်ရောပေါ့။ ကျွန်တော်မရှိတော့တဲ့ သတင်းကိုများ ကြားခဲ့ရင် ရှင်း ပျော်နေလောက်မှာပေါ့နော်.... "
ကိုးလ်က အားတင်းကာ ခပ်ဖွဖွလေးပြုံးပြီး ဆက်ပြောလာခဲ့သည်။
" တော်ပါသေးရဲ့ ကျွန်တော် နောက်ဆုံးအကြိမ် ရှင်းကို ပျော်အောင်လုပ်ပေးနိုင်ခဲ့လို့။ "
တစ်ချိန်ထဲမှာပဲ လေပြေရှင်းဟာလည်း ကိုးလ်ကို တွေ့ချင်လွန်းလို့ ရူးမတတ်ဖြစ်နေသည့် အနေအထားပင်ဖြစ်သည်။ ရင်ဘတ်က နှလုံးသားနေရာတည့်တည့်စိုက်ဝင်နေတဲ့ မှန်ကွဲစက ပေးတဲ့နာကျင်မှုထက် သူဟာ ကိုးလ်ကို နောက်ဆုံးအနေနဲ့ပြောသွားချင်သည့် စကားတစ်ခွန်းအာ မပြောလိုက်ရမှာကို ပိုပြီးကြောက်ရွံ့ တုန်လှုပ်မိလေသည်။ သွေးတစ်ဗွက်အန်ထုတ်လိုက်ပြီး လက်ချောင်းလေးများ လှုပ်ရှားလိုက်သော်လည်း အားအင်အစုံက ကုန်ခမ်းနေခဲ့ပြန်သည်။ ရှင်း ထံတွင် အချိန်သိပ်မကျန်တော့ပေ။ ဒါကို ရှင်း ကိုယ်တိုင်လည်းသိသည်။
လေပြေရှင်းက မျက်ဝန်းရှုထောင့်ကနေ ကျဆင်းလာတဲ့ မျက်ရည်စက်တွေရဲ့ ဌာနေတည်ရာ ကိုးလ်စစ်ဟန်ဆီမှာသာ တစ်ချိန်လုံးစိတ်ရောက်နေပြီး နောက်ဆုံးသေရတော့မည်ဆိုလျှင်တောင် မချုပ်ငြိမ်းသေးတဲ့ သူ့ဝိဉာည်ဟာ ကိုးလ်စစ်ဟန် အမြဲတစေရှာဖွေနေလိမ့်မည်ဖြစ်သည်။ နောက်ဆုံးတွင် သူဟာ ရင်နှင့်အမျှ တန်ဖိုးထားရပါသည့် စကားတစ်ခွန်းကို နှစ်နှစ်ကာကာ ဆိုပေလိမ့်မည်။
" ကိုးလ် ကိုယ်မင်းအပေါ် သူငယ်ချင်း သံယောဇဉ်ထက် ပိုနေမိပြီထင်တယ် "
ထိုစကားဆိုနေရင်း ကျန်နေသေးသည့် စကားလေး ငါးလုံးကို ထပ်ပြောရန် ရှင်း အနေဖြင့် မလုံလောက်တော့သည့် အချိန်အပိုင်းအခြားလေးကို လွန်ဆွဲနေရလေသည်။
" ကိုးလ် ....ကိုယ် ....အဟွတ်....ဟွတ် "
ပါးစပ်ထဲက သွေးတွေဟာ ချောင်းနဲ့အတူ အလုံးအရင်းဖြင့် မျက်နှာတစ်ခုလုံး ပေပွအောင် မွန်းမံနေသည့်အခိုက် ခေါင်းပေါ်က စီးကျနေဆဲသွေးတွေမှာတော့ ကြည့်ကောင်းလွန်းတဲ့ မျက်နှာလေးကို ထပ်ကာထပ်ကာ ဖျက်ဆီးနေခဲ့တော့သည်။ ရှင်းရဲ့ ဖြူလွန်းတဲ့အသားအရည်နဲ့ အဖြူရောင်အဝတ်အစားတွေမှာတော့ သွေးတွေနဲ့ ချင်းချင်းနီနေပြီး အင်မတန်ရုပ်ပျက်ဆင်းပျက်ဖြစ်နေရသည်။
" ကိုးလ် ...ကိုယ် .....ဟာ့ ....ကိုယ်မင်းကို "
ကျန်ရှိနေသည့် စကားလေးနှစ်လုံး။ သူကိုယ်တိုင်‌ တောင် သေအံ့ဆဲဆဲအချိန်တွင် နားလည်လိုက်သည့်စကားလေးအား ပြောဖို့ရာ လေပြေရှင်းဟာ ဆက်လက်ပြီး တောင့်မခံနိုင်တော့ပါပေ။ သူအပြောချင်ဆုံး စကားလေးအား ပြီးဆုံးတိုင်အောင်ပြောဖို့ ရှင်းထံတွင် ခွန်အားမှန်သမျှလည်း ကျန်ရှိမနေတော့ပေ။ နောက်ဆုံးတွင် ရှင်းဟာ ဝမ်းနည်းလွန်းလို့ မျက်ရည်များကို ဆက်လက်ထိန်းမထားနိုင်တော့ချေ။ မျက်နှာပေါ်တွင် ရစရာမရှိတော့သည့် သွေးများကြားမှ တစ်ခုတည်းသော အနေဖြင့် ဖြူစင်သန်ရှင်းနေသည့် မျက်ရည်စီးကြောင်းလေးတစ်ခုက နေရာယူနေသည်။
ရှင်း ဟာနောက်ဆုံးအချိန်ထိ သူ့ဘဝတစ်လျှောက် နားမလည်ခဲ့သည့် ခံစားချက်အစစ်အမှန်လေးအား သေအံ့ဆဲဆဲအချိန်တွင် တစ်ယောက်သောသူကို ဖွင့်ပြောချင်မိခဲ့လေသည်။ အစွမ်းကုန်ကြိုးစားပြီး တောင့်ခံခဲ့တာတောင်မှ ရှင်းဟာ ထိုစကားလေးကို ဆုံးခန်းတိုင်အောင် မပြောပြနိုင်ခဲ့ချေ။ အဆုံးသတ်တွင်ကား လေပြေရှင်းဆိုသည့် ကောင်လေးသည် လောကကြီးအား အပြီးတိုင် နှုတ်ဆက်သွားခဲ့ပြီဖြစ်သည်။
လေပြေရှင်းနဲ့ မရှေးမနှောင်းပင် ကိုးလ်စစ်ဟန်သည်လည်း နောက်ဆုံးအချိန်ကို ရောက်နေခဲ့ပြီဖြစ်သည်။ ကိုးလ်က မျက်လုံးတွေပြာနေကာ အမြင်အာရုံတွေ ဝေဝါးနေခဲ့ပြီး အားအင်မရှိတော့သည့် သွေးပေနေတဲ့ လက်ကလေးဖြင့် လေထုထဲကို ဖမ်းဆုပ်လိုက်သည်။ ကိုးလ်စစ်ဟန်က နေရောင်နွေးနွေးကို ထိတွေ့သွားသော်ငြား တစ်စုံတစ်ယောက်ကို မြင်တွေ့လိုက်ရသည့်နှယ် မျက်ဝန်းနက်ထဲက မျက်ရည်များဖြင့် သက်သေတည်လေသည်။
" ရှင်း.....ရှင်း လားဟင် "
ကိုးလ်က အမှန်စင်စစ်ပင် ‌သူ့မျက်လုံးထဲ၌ လေပြေရှင်းကို မြင်တွေ့နေရလေသည်။
" ကျွန်တော် ထင်ယောင်ထင်မှား ဖြစ်နေတာများလား "
ကိုးလ်ကပြုံးယောင်လေးသန်းပြီး ဆက်ပြောလာသည်။
* အဲ့လိုဆိုရင်တောင် လုံလောက်ပါတယ်....ကျွန်တော်နောက်ဆုံးအကြိမ် ရှင်းကို တွေ့သွားနိုင်‌သေးတာပဲ "
ရင်ဘတ်ထဲက ခုန်နေဆဲ နှလုံးသားလေး ကိုးလ်ကို ကပ်တိုးလေးပြောသွားခဲ့လေသည်။
" တောင်းပန်ပါတယ်.....ကျွန်တော် ရှင်းကို တစ်ချိန်လုံး ....လိမ်နေခဲ့တာ "
" ......."
" ကျွန်တော်လေ ရှင်းအပေါ်  သူငယ်ချင်း သံယောဇဉ်ထက် ပိုနေမိပြီ။ "
ကိုးလ်ရဲ့ မျက်ဝန်းထောင့်ကနေ ပူနွေးနွေး မျက်ရည်စက်လေး လိမ့်ဆင်းလာပြီး အမြင်အာရုံကို ပိုလို့ဝါးသွားစေလေသည်။
လေထဲမှာ ဆန့်တန်းထားတဲ့ လက်ကလေးဟာ ဆက်လက်တောင့်ခံထားနိုင်တဲ့ အားအင်မရှိတော့သည့် ပိုင်ရှင်ကြောင့် အောက်သို့ပြုတ်ကျလာခဲ့သည်။ ကိုးလ်ဟာ သူ့ခံစားချက်တွေကို တစ်ချိန်လုံး ရိပ်မိနေခဲ့မိပါသည်။ ဖြူဖွေးလွန်းသည့် ခြေချင်းဝတ်တွင် ရစ်ပတ်ထားသည့် ခြေကျင်းလေးအား ရှင်း ဝတ်ပေးသည့်နေ့မှစ၍ ယနေ့ထိတိုင် သူတစ်ခါမှ ချွတ်မပစ်ခဲ့ဖူးပေ။ ရှင်းအတွက်ဆိုပြီး ကိုးလ်ဟာ ကလဲ့စားချေသည့် အဓိက ကိစ္စရပ်ကြီးကို ငါးနှစ်လုံးလုံး နောက်ဆုတ်ခဲ့သည်။ လေပြေရှင်းကြောင့်လဲ ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ ကြံစည်ခဲ့ပါသေးသည်။
ကိုးလ်စစ်ဟန်သည် နောက်ဆုံးအချိန်ထိ ရှင်း သူ့ဆီကိုလာဖို့ ကြိုးပမ်းခဲ့တာကို သိမသွားခဲ့ပေ။ ရှင်းသည်လည်း သူနဲ့ထပ်တူ ခံစားချက်တွေ ရှိနေမှန်းကို ပိုလို့တောင် သိမသွားနိုင်ခဲ့။ ကိုးလ်က မိဘမဲ့ဂေဟာကို ရှင်း နဲ့အတူလာဖို့ ပေးထားခဲ့တဲ့ကတိအတိုင်း သေတဲ့အထိ စောင့်နေခဲ့သော်လည်း ရှင်းကတော့ လုံးဝရောက်မလာခဲ့ဘူးဟု မှားယွင်းစွာ ယုံကြည်နေခဲ့မိသည်။ ယခုချိန်လောက်ဆိုလျှင် သူ့ချစ်တဲ့လူတွေကို သတ်ခဲ့တဲ့ ကိုးလ်ကို ရှင်းက အမုန်းကြီးမုန်းနေလောက်သည်ဟုလည်း တစ်ချိန်လုံး တွေးနေခဲ့သည်။ သူသေသွားသည့် သတင်းများကြားသော် ရှင်းဟာ  ဆန့်ကျင်ဘက်အနေဖြင့် အပျော်ကြီးပျော်နေလောက်ပြီဟုလည်း ယုံကြည်နေဆဲပင်ဖြစ်သည်။
_______________________________
Note/
ရှင်းဟန် အတွဲလေး တစ်ကယ်ပြီးသွားပါပြီ👏👏။ တစ်ယောက်ထဲ မသေခိုင်းရက်လို့ အခုလိုလုပ်ပေးလိုက်ပါတယ်🥹🥹။စာလုံးပေါင်းလဲ မစစ်ထားရသေးလို့ ထုံးစံအတိုင်း သည်းခံဖတ်လိုက်ကြပါ။ Complete ဖြစ်သွားရင် K.O အစအဆုံး အကုန်ပြန်ပြင်ပေးမှာမလို့ပါ။ ပြီးတော့ K.Oကို မစောင့်ကြပါနဲ့ အကြာကြီးနေမှ အပိုင်းသစ်ပြန်လာမှာပါ။
ရှင်းနဲ့ ကိုးလ်ရဲ့ first kissက သူတို့ပင်လယ်ကမ်းခြေမှာ ညဘက်အိပ်ဖြစ်သွားတော့ ဝိုင်တွေလည်း သောက်ဖြစ်ကြတယ်ကွာ ဒါပေမယ့် မမူးနေပေမယ့် ရီဝေဝေတော့ဖြစ်နေကြတယ်။  နှစ်ယောက်လုံးအခန်းပြန်ဖို့ ကိုးလ်က မတ်တပ်ရပ်လိုက်တဲ့အချိန်မှာ ယိုင်သွားလို့  ရှင်းကလှမ်းထိန်းပေးတာကနေ နှစ်ယောက်သားပြုတ်ကျကြတာ တစ်ယောက်အပေါ်ထပ်ပြီး နမ်းမိသွားတယ်ပေါ့။ first kiss က တစ်ကယ်ကို ဖရိုဖရဲနဲ့ နမ်းမိသွားတာပါ နှုတ်ခမ်းချင်း ထိရုံလေးထိလိုက်ပြီး ကိုးလ်က ရှက်ရမ်းတွေရမ်း၊ မျက်နှာတွေပူပြီး ရှင်းရဲ့မှတ်ဉာဏ်ကို ဖြတ်ပစ်လိုက်ပါတယ်🫨🫨။ အဲ့နေ့က ကိုးလ်ကြောင့် ရှင်းက တစ်ညလုံးအိပ်ပျော်နေခဲ့ပေမယ့် ကိုးလ်ကတော့ မိုးလင်းခါနီးမှ အိပ်ပျော်သွားပါတယ်။
Seguir leyendo
También te gustarán
1.2M 80.9K 114
Cover- edited from google Start Date -22.4.22 End Date- 22.3.23 အနံ့သင်းတဲ့ သဇင်မင်းကမှ ပန်းထင်သလား မထင်ပါနဲ့ အဲလိုမထင်ပါနဲ့ အနံ့မဖက်တဲ့ သပြေခက်ကလဲ...
57K 2.7K 12
ဘုရားစင်ရှေ့ ပန်းလေးတစ်ပွင့်လှူပြီး ဆုတောင်းလိုက်ကြတာ အမျိုးစုံပါပဲ ၊၊ ပုထုဇဉ်ဖြစ်တဲ့ကိုယ့်မှာလည်း ဖြစ်ချင်တဲ့ဆန္ဒတွေ တအားများတယ်၊၊ တန်ခိုးရှင်တစ်ဦးဥ...
380K 26.9K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.
43.6K 2.1K 25
၁၉၇၀ ခုနှစ်က ​မိန်းမလျာတစ်​ယောက်အ​ကြောင်း " လွင်က နှင်းဆီ​တွေကို မုန်းတယ်တဲ့ ဘာဖြစ်လို့လဲဆို​တော့ နှင်းဆီ​တွေက လှလို့ မနာလိုဘူးတဲ့​လေ " "လွင် မုန်းရင...