တရားဝင်သမီး လက်ထပ်ထိမ်းမြားခြ...

By Swae_Nyoe

131K 11.1K 94

ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက... More

Description
Part 1
Part 2
Part 3.1
Part 3.2
Part 4.1
Part 4.2
Part 5.1
Part 5.2
Part 6.1
Part 6.2
Part 7.1
Part 7.2
Part 8.1
Part 8.2
Part 9.1
Part 9.2
Part 10.1
Part 10.2
🥰🥰တယ်လီဂရမ်ဂရုလေးရရှိပြီ ဖြစ်ပါကြောင်း
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36.1
Part 36.2
Part 37.1
Part 37.2
Part 38.1
Part 38.2
Part 39.1
Part 39.2
Part 40.1
Part 40.2
Part 41
ဗီလိန်အတုမှ အမြောက်စာဇာတ်ကောင်သို့... အစအဆုံးပြီးဆုံးကြောင်း...
Part 42
Part 43
Part 44
Part 46
Part 47
Telegram ကို လာခဲ့နော်
Part 48
Part 49
Completed in Telegram
Part 50

Part 45

1.1K 115 0
By Swae_Nyoe

Ch 45

ကျန်းလီက သူကျောင်းသွားတက်မယ့်အကြောင်းကို အိမ်တော်ထဲမှာ အမျိုးမျိုး ပြောဆို ဖြစ်ပျက်နေတာတွေကို လုံးဝဂရုမစိုက်ဘူး။

သူက ပိုင်ရွှယ်ကို စာရေးသင်ပေးနေတာ ဖြစ်တယ်။သူမက စာလုံးအချို့ကိုသိပေမယ့် အများကြီးတော့မဟုတ်ဘူး။ အဲ့တော့သူ့ရဲ့ အစေခံဟောင်း ဟိုင်ထန်းကိုရှာဖို့ ပိုင်ရွှယ်က ကျောင်းဟွာရွာကသူ့မိသားစုဆီ စာပို့ဖို့အတွက် စာရေးတတ်ဖို့ လိုတယ်။ ကျန်းလီက သူစာရေးနေတုန်း ကြည့်ရှုစစ်ဆေးပေးနေရင်း သူ မသိတဲ့စာလုံးတွေကိုသင်ပေးနေတယ်။ တုန်အာကလည်း ဘေးကနေ စိတ်ပါဝင်စားစွာ အာရုံစိုက်နားထောင်နေရင်း မကြာခဏ ချီးကျူးနေတယ်။

"မမလေးက တကယ်အံ့သြစရာပဲ ဒီအစေခံနဲ့နှစ်ယောက်အတူ ချင်ချန်းတောင်ပေါ်မှာနေခဲ့ရပေမယ့် မမလေးက ဒီလိုစာလုံးတွေ အများကြီးကို သိတယ် ဒီအစေခံက ကိုယ့်နာမည်ကိုယ်ပေါင်းတတ်ရုံလေးပဲ ရှိတာ ကွာခြားချက်က အတော်ကြီးတာပဲ"

"အမှန်ပဲ" ပိုင်ရွှယ်က မပီမသနဲ့ထပြောတယ်။

"မမလေးက ဘယ်သူမို့လို့လဲ လက်ထောက်အကြီးအကဲချုပ်ရဲ့ သမီးပဲဟာ မွေးပြီးတာနဲ့ ချက်ချင်းဘဲ စာလုံးတွေကို မှတ်မိနိုင်တယ်"

လူသုံးယောက်က ရယ်ရယ်မောမောနဲ့ စကားစမြည်ပြောနေကြတဲ့အချိန် ကျန်းကျင်းရော့က ရောက်လာပြန်တယ်။ သူက ကျန်းလီကျောင်းတက်မယ့်သတင်းကို ကြားပြီးတာကြောင့် ဝင်ဝင်ချင်းဘဲ ပြောတယ်။

"ဂုဏ်ပြုပါတယ် ဂုဏ်ပြုပါတယ်! နင်တကယ် ဦးလေး(၁)ကိုသိမ်းသွင်းလိုက်နိုင်တာပဲ ဒီတစ်ခါတော့ ငါနင့်ကို အကြီးကြီး လေးစားသွားပြီ"

ကျန်းလီက ပိုင်ရွှယ်ကို လက်ကိုင်ပြီး စာရေးသင်ပေးနေတာကို လွှတ်လိုက်ပြီး သူမဘာသာ ဆက်ရေးစေတယ်။ သူက ကျန်းကျင်းရော့ဆီ လျှောက်လာရင်း ပြောတယ်။

"ဒီကို ဘာလာလုပ်တာလဲ"

ကျန်းကျင်းရော့ခမျာ နင်သွားပြီး လည်ချောင်းဝက စကားတွေတစ်သွားရတယ်။

"နင်ဘာလို့ အမြဲတမ်း ငါ့ကိုမကြိုဆိုသလိုဖြစ်နေရတာလဲ ငါကနင့်ကို မင်ယီကျောင်းတော်ကလည်း ကောင်းတဲ့ နေရာ မဟုတ်ဘူးဆိုတာ လာသတိပေးတာ အဲ့က မျိုးရိုးမြင့် ကလေးတွေရဲ့စိတ်ကို သိလို့လား နင်က အခုမှ ရောက်လာတဲ့ မျက်နှာအသစ် နင်ကိုယ့်နေရာကိုယ် သိတာ အကောင်းဆုံးပဲ တစ်ယောက်ယောက်က နင့်ကိုအနိုင်ကျင့်လာလို့ကတော့ မျက်နှာပျက်မှာစိုးပြီး ခေါင်းမာမာနဲ့ သည်းခံမနေနဲ့ နင့်အဖေနာမည်သာ ယူသုံးပစ်လိုက် လွန်လွန်ကျွံကျွံတွေ ဖြစ်လာလို့ကတော့ သိက္ခာတွေ ဘာတွေငဲ့မနေဘဲ ထွက်ပြေးလည်း ဘာမှမဖြစ်ဘူး"

သူက အကျီလက်ဖျားစထဲက ဓားသေးလေးတစ်ခုကိုဆွဲထုတ်လိုက်ပြီး

"ရော့ နင့်ကိုပေးလိုက်မယ် ဒါကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ဆောင်ထား"

ကျန်းလီက သူ့လက်ထဲက ချွန်မြတဲ့ဓားသွားကိုကြည့်ပြီး ခဏလောက် ဆွံ့အသွားပြီးမှ ပြောလာတယ်။

"မင်ယီကျောင်းတော်ရဲ့လူတွေက အဲ့လောက်တောင် အန္တရာယ်များတာလား"

"အဲ့လောက်နီးပါးပဲ အင်ပါယာကျောင်းကလူတွေနဲ့ အတူတူပဲ ငါတစ်ခါက အဖွဲ့ဝင်ကျောင်းသားတစ်ယောက်ရဲ့ ဦးမျှင်ရှည် နှံကောင်ကို တက်နင်းလိုက်မိတာ သေသွားလို့ ငါ့လက်တစ်ဖက် ကျိုးမတတ်ဘဲ ငါမှန်းရသလောက်တော့ နင်တို့ကျောင်းလည်း အတူတူလောက်ပဲ အဲ့တော့ ဒါကိုယူထားလိုက်"

သူက သေသေချာချာကို ကျန်းလီလက်ထဲ အဲ့ဓားကို ထိုးထည့်ပေးသွားတယ်။ ကျန်းလီခမျာ တော်တော့်ကို ပြောစရာစကားတွေ ပျောက်ရှသွားပြီး သူ လက်ထပ်ခဲ့တုန်းက အချိန်ကိုတောင်ပြန်သတိရသွားတယ်။ အဲ့တုန်းကလည်း ရွှီကျောက်က ခိုးကြောင်ခိုးဝှက်နဲ့ သူမကိုအနောက်ခြံထဲ ခေါ်ပြီး ထူးထူးဆန်းဆန်း လှံတိုတစ်ချောင်းလာပေးတယ်။ နောက်ဆုံးတော့လည်း အဲ့ဟာက ယန်ကျင်းကို ပါမလာခဲ့ပါဘူး။ လက်ထပ်ရတော့မယ့် သတို့သမီးတစ်ယောက်ကို ဒီလိုဟာမျိုးပေးတယ်ဆိုတာ ဘယ်သူမှ ကြားတောင် ကြားဖူးမှာ မဟုတ်ဘူး။ အမှန်တော့ အဖေက သူ့ကိုအသေရိုက်နှက်တော့မလို့ ဒါပေမယ့် သူ့ရဲ့ ကျားကုတ်ကျားခဲ ဇွဲနပဲကြီးကြီးနဲ့ စည်းရုံးမှုကြီး အောင်မြင်သွားတော့မှပဲ သူအဲ့ဟာကိုပြန်ရသွားတော့တယ်။

ဘယ်လိုဘဲဖြစ်ဖြစ် သူမရဲ့လက်ဖျားစထဲမှာ ဖွက်ထားဖို့ လှံတိုထက်စာရင် ဒီဓားငယ်လေးက ပိုကောင်းတယ်။ကျန်းလီက လက်ခံလိုက်ပြီး ပြောတယ်။ "ကောင်းပြီ ကျေးဇူးအများကြီးတင်ပါတယ်"

"နင့်ကျေးဇူးတင်တာကြီးကလည်း စိတ်ရင်းအမှန် တစ်ပြားမှ မပါသလိုပဲ"

ကျန်းကျင်းရော့က ဆက်ပြောတယ်။

"တကယ်လို့ မဟုတ်ရင်လည်း အင်ပါယာကျောင်းမှာ ငါ့ကို လာရှာလို့ရတယ် တစ်ခုခုဆို ငါဖြေရှင်းပေးမယ်"

ကျန်းလီက ခေါင်းငြိမ့်လိုက်တယ်။

"ငါ ကျိုးယန်ပန်ကိုလည်း ခေါ်ထုတ်လာပေးမယ်"

သူကမျက်စိတစ်ဖက်မှိတ်ပြရင်း ပြုံးစိစိနဲ့ ပြောတယ်။ သူက ကျန်းလီ သူ့ကိုချီးကျူး ကျေးဇူးတင်မှာကို စောင့်နေဟန်နဲ့ ဒါပေမယ့် အဲ့အစား ကျန်းလီက တည်ငြိမ်တဲ့ လေသံနဲ့ "ပိုင်ရွှယ် ဧည့်သည်ကို ပြန်လိုက်ပို့ပေးလိုက်"

ကျန်းကျင်းရော့က သန်မာတဲ့ ပိုင်ရွှယ်လက်ထဲ မကျေမနပ်နဲ့ ပါသွားတော့တယ်။

ကျောင်းမတက်ခင် တစ်နေ့လုံးက ဆူညံစွာ အလုပ်ရှုပ်နေကြတယ်။ ညနေလောက်ကျ ကျိရှုးရန်က ကျောင်းတက်တဲ့အခါ သပ်ရပ်ကြည့်ကောင်းနေဖို့လိုတယ်ဆိုပြီး အစေခံတစ်ယောက်နဲ့ အဝတ်အသစ်တွေပို့ပေးလိုက်သေးတယ်။

တုန်အာက မေးတယ်။ "မမလေး ကြောက်နေလားဟင်"

ကိုယ်နဲ့ လုံးဝ စိမ်းသက်လွန်းတဲ့ပတ်ဝန်းကျင်မှာ ကိုယ့်ကို မလိုမုန်းထားတဲ့ စာသင်သားတွေနဲ့ရင်ဆိုင်ရမယ်ဆိုတာက ကြည့်ရတာ ဘာတစ်ခုမှ ကောင်းတဲ့အရာတော့ ဖြစ်လာမှာမဟုတ်ဘူး။

ကျန်းလီက ရယ်ပြီး ပြောလိုက်တယ်။

"မကြောက်ပါဘူး"

ကြောက်နေတာ မဟုတ်ဘဲ တကယ်တော့ အရမ်းပျော်နေတာ...။

.................

နောက်တစ်နေ့မနက်ခင်းမှာ ကျန်းလီက မနက်အစောကြီး ထခဲ့တာကြောင့် မင်ယွဲ့နဲ့ချင်ဖုန်းတို့က အတော်အံ့သြနေကြတယ်။တုန်အာက ရှင်းပြတယ်။ "ဒီနေ့ကစပြီး ငါတို့ မမလေးက မင်ယီကျောင်းတော်မှာ စတက်ရတော့မှာ အဲဒါကြောင့် နောက်ကျလို့ မဖြစ်ဘူး ပထမဆုံးနေ့ဆိုတော့ ဘာတစ်ခုမှ ပေါ့ဆလို့မဖြစ်ဘူး" သူ့ရဲ့ လေသံက ဂုဏ်ယူနေတဲ့ဟန် အပြည့်နဲ့။

သူရှင်းပြလိုက်ပေမယ့်လည်း မင်ယွဲ့တို့နှစ်ယောက်က သေသေချာချာ နားမလည်သော်ငြား သူတို့ပါလိုက်ပြီး ဂုဏ်ယူဝံ့ကြွားစွာနဲ့ စတင်ချီးမွှမ်းကြတော့တယ်။

"အဲ့ဒီ မင်ယီကျောင်းတော်က ဝင်ခွင့်ရဖို့ သိပ်ခက်တာလို့ ကြားဖူးတယ် အဲ့ဒါအပြင် တတိယသခင်မလေးတို့နဲ့လည်း အတူတူ တက်လို့ရပြီပေါ့"

သူမက ကျန်းယို့ရောင်ကိုထည့်ပြောတော့ တုန်အာက ချက်ချင်း မကျေမနပ်နဲ့ နှာမှုတ်လိုက်ပြီး ရေရွတ်နေတယ်။ "ဘယ်သူက သူတို့နဲ့ အတူတူ သွားချင်နေလို့လဲ"

ဒီနေ့က ပထမဆုံးကျောင်းတက်ရက်ဖြစ်တာတောင် ကျန်းယို့ရောင်နဲ့ ကျန်းယွီအာတို့က တကယ့်ကို အစောကြီး ထွက်သွားကြတယ်။ ယေဘုယအားဖြင့် ကိုယ့်မိသားစုက ညီအစ်မတစ်ယောက်ယောက်က အခုမှ ကျောင်းစတက်တဲ့အခါ မိတ်ဆက်ပေးဖို့က လိုအပ်တယ်။ ဒါ့အပြင်ကျန်းလီက ဒီက သခင်မလေးတွေနဲ့ ရင်းနှီးသေးတာ မဟုတ်ဘူး။ ဘယ်သူမှ အသိအမှတ်မပြုရင်တောင် ကိုယ့်ညီမတစ်ယောက်လောက်ရှိနေတော့ တစ်ယောက်ထဲ သနားစရာ ယောင်လည်လည် ဖြစ်မနေတော့ဘူးပေါ့။

ဒါပေမယ့် ကျန်းယို့ရောင်တို့က ဒါကိုဘယ်ဂရုစိုက်လိမ့်မလဲ ကျန်းယွမ်ပိုင်ကလည်း သူ့ရုံးတော် အရေးကိစ္စတွေနဲ့ အလုပ်ရှုပ်နေပြီး ဒီဘက်ကို လှည့်တောင်မကြည့်ဘူး။ တုန်အာက အထွန့်တက်ချင်ပေမယ့် ဘယ်သူ့ကိုမှ သွားအထွန့်တက်လို့ မရဘူး ဖြစ်နေတယ်။ သူက အကူအညီမဲ့နေတာကြောင့် ကျန်းလီဘေးမှာနေရင်း စူပုပ်ကာသုန်မှုန်နေတယ်။

တစ်ဖက်မှာတော့ ကျန်းလီက သူမကိုချော့မော့ ဖြောင်းဖျပေးခဲ့တယ်။ "သူတို့ကငါနဲ့အတူ ဘယ်သွားချင်ကြမလဲ ငါကတော့ သူတို့နဲ့အတူ မသွားရတာပိုကောင်းတယ်လို့ မြင်တယ် တစ်ယောက်မရှိလေ ပြဿနာတစ်ခု လျော့လေပေါ့"

ခဏကြာတော့ အခန်းတံခါးပွင့်လာပြီး ကျန်းလီနဲ့ ပိုင်ရွှယ်က အတူတူ ထွက်လာကြတယ်။ တုန်အာက ကြောင်ငေးနေပြီးတော့မှ "မမလေးက အရမ်းလှတာပဲ"

တုန်အာတင်မက မင်ယွဲ့တို့နှစ်ယောက်ကလည်း ကြောင်အ သွားပြီးစိုက်ကြည့်နေကြတယ်။ သူတို့အကုန်လုံး သိကြတယ်။

ကျန်းအိမ်တော်မှာ ကျန်းယို့ရောင်က ပန်းကလေးလို နူးညံ့လှပပြီး ကျန်းယွီအာက မထင်မရှားမိသားစုက ချောမောဆွဲဆောင်မှုရှိတဲ့ သခင်မလေး ၊ကျန်းယွိယန်ကတော့ သာမန်မျှသာ။ ဒါပေမယ့် ကျန်းလီက တည်ကြည်ယဥ်ကျေးပုံပေါ်တယ်။

တောင်ပေါ်က ဘုရားကျောင်းမှာ ၈နှစ်လောက် နေခဲ့ပြီးနောက် အရင်ထဲက သူမရဲ့ယဥ်ကျေးသိမ်မွေ့မှုက ပေါ်ပေါက်လာပြီး ယန်ကျင်းက တခြားသခင်မလေးတွေနဲ့ သိသာကွဲပြားစွာ စကားလုံးနဲ့ ဖော်ပြဖို့ခက်တဲ့ တည်ငြိမ်ရင့်ကျက်မှုမျိုးနဲ့ တစ်မျိူးတဖုံ ရဲရင့်တဲ့ အမျိုးသမီးတစ်ယောက်အသွင် ဖြစ်နေတယ်။ အလှအပက အပေါ်ယံအရေပြားပေါ်က မဟုတ်ဘဲ အသွေးအသားထဲက လာတာဖြစ်တယ်။ သူမရဲ့ စိတ်နေစိတ်ထား ကိုယ်ဟန်အနေအထား အကျင့်စရိုက်တွေအားလုံးက ပြီးပြည့်စုံတဲ့ သခင်မလေးတစ်ယောက် ဖြစ်လာစေတယ်။

သူမက ကျိရှုးရန် မနေ့က ပို့ပေးလိုက်တဲ့ အရောင်တောက်တောက်အဝတ်တွေမဝတ်ဘဲ လရောင်လို အေးချမ်းဖြူဆွတ်ပြီး ရင်ဘတ်ပေါ်နားမှာ အဝါရောင်ဖဲပိုးစလေးသာ ပါတဲ့ အပေါ်ထပ်အကျီနဲ့ စကပ်ကို တွဲဖက်ဆင်မြန်းထားတယ်။ သူမရဲ့ ပိတုန်းရောင်ဆံပင်ရှည်တွေကိုတော့ အနီရောင်ပဲစေ့လောက်ကျောက်လေးတစ်လုံးသာပါတဲ့ သစ်သားဆံထိုးလေးနဲ့ အပေါ်မြှောက်ထုံးထားပြီး ဘေးဘက်ကို ယောင်ယောင်လေး စောင်းနေတယ်။ သူမအသားအရည်က ဆီးနှင်းလိုဖြူတယ်။ သူ့မျက်လုံးတွေက ကြည်တောက်နေပြီး သွားတွေက ပုလဲလုံးလေးတွေလို ညီညာြဖူဖွေးတယ်။ သူမက အရိုးရှင်းဆုံး ဝတ်ဆင်ထားပေမယ့် ကျက်သရေအပေါင်းနဲ့ ပြည့်စုံနေတယ်။

သူမခြေတစ်လှမ်းတိုင်းစီက ဘေးနားက လူအားလုံးကို အကြည့်မလွှဲနိုင်လောက်အောင် သိမ်မွေ့လွန်းတယ်။ ကျန်းလီက သူမနဲ့အတူနှစ်ပေါင်းများစွာ နေလာခဲ့တာတောင် သူလျှောက်လာရင်းပြုံးနေတဲ့ပုံကို တုန်အာက မရင်းနှီးသလို ခံစားနေရတယ်။ တူညီတဲ့မျက်နှာဆိုပေမယ့် စိတ်ဝိညာဥ်က အစားထိုးခံလိုက်ရသလိုပဲ။ ကျန်းသခင်မကြီးကလည်း တစ်ဖက်မှာလျှောက်လာရင်း ငေးကြောင်ကြောင် စိုက်ကြည့်နေတာကြောင့် ဘေးကထိန်းကိုင်ပေးထားတဲ့ ကျန်းကျူးနဲ့ဖိန်းစွေ့တို့ကလည်း ရှေ့ဆက်မတိုးဘဲ ရပ်လိုက်ကြတယ်။

ကျန်းလီရဲ့မျက်နှာက တိုင်းပြည်ကြီးပျက်စီးလောက်တဲ့အထိ လှတာ မဟုတ်ပေမယ့် သူမရဲ့ ပေါ့ပါးတဲ့အပြုံးလေးက ကောင်းကင်က ဆင်းသက်လာသလိုပဲ။ လူတိုင်းရဲ့ အာရုံစိုက်မှုတွေကို ဖမ်းစားနိုင်တဲ့ အလှတရားမျိုး...။ သူမနောက်က လိုက်ပါလာတဲ့ ပိုင်ရွှယ်က ပြောတယ်။

"မမလေး ဂိတ်စောင့်ကိုတင်ပြပြီးပြီမို့ ရထားလုံးပေါ် တက်ကြရအောင်"

ကျန်းလီက ခေါင်းငြိမ့်ပြကာ ပြုံးရင်း "သွားကြတာပေါ့"

+++++

Telegram မှာ အ၁၄၂အထိ ရောက်ပါပြီနော်။

Continue Reading

You'll Also Like

235K 22.2K 145
ဘာသာပြန်သူ - Swae Nyoe Team, Chu. ယွီယောင်က လျစ်လျူရှုခံရတဲ့ သမီးအရင်းရဲ့ကိုယ်ထဲကို ကူးပြောင်းလာပြီးတော့ သမီးအတုကို ဦးစားပေးနေတဲ့ စာအုပ်ထဲကို ရောက်လာ...
325K 45.4K 84
I don't own this story. Credit to Original Author/s and English Translator/s. Title-In the Apocalpyse,Jiao Jiao Struggled Every Day [JJSED] Author...
543K 78.3K 165
Disclaimer : I'm not own this novel. I'm just translate to MM langauge Eng Title- I become a burdensome child after transmigrating Author(s)- Biting...
449K 47.9K 147
Myanmar Translation of " It's Better to be the Empress Dowager" 135 Chapters + 8 extras Crd September...