Players

By SummerMaung

832K 26.2K 1.2K

"Real lifeမှာ စကေးကြမ်းလွန်းတဲ့ စနိုက်ကြော်ဆိုတာမရှိဘူး ပျော်ဝင်သွားတဲ့ယောကျာ်းဆိုတာပဲရှိတယ်" "ခေါင်းလေးပဲညိတ... More

Intro
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
29
30
31
32
33
34
35
36
37
38
39
40
41
42 Unicode
42 Zawgyi code
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65

28

4.8K 205 13
By SummerMaung

💛 Players ( Part - 28 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"မင်းဘယ်လိုတွေလုပ်နေတာလဲ အက္ခရာ"

ဝိုင်တွေတစ်ခွက်ပြီးတစ်ခွက်သောက်နေသော ခရာ့ကို စိတ်ပျက်သလိုကြည့်နေရင်း ကိုစည်းက တင်းမာသောလေသံဖြင့်မေးလာသည်။
ကိုကြီးနဲ့စကားပြောပြီးကတည်းက ရင်တွေတုန်နေမိတာက ဝိုင်တွေအများကြီးမျိုချပြီးသည်အထိလည်း ရင်တုန်မပြေသေး။

ထို့ကြောင့် ကိုစည်းလေသံ တင်းမာနေမှန်းသိပေမယ့် ဂရုစိုက်ရကောင်းမှန်းမသိသလို ခရာသည်လည်း ဘာကြောင့်တုန်လှုပ်နေသည်မသိ။
ရန်ခုန်သွားမိလို့လား၊ ကြောက်မိသွားလို့လား...
ရင်ခုန်တယ်ဆိုရင်ရော ဘာကိုရင်ခုန်သွားမိတာလဲ…
ကိုကြီးဖက်လိုက်တာကိုလား၊ ဘာလိုလိုစကားတွေကြောင့်လား…

"ငါမေးနေတာ ကြားရဲ့လား အက္ခရာ"

"ကိုကြီးကအမြဲအဲ့လိုကြီးပဲလား လက်ရဲဇက်ရဲနဲ့လေ ခရာ့ကိုဖက်လိုက်တာမြင်လား"

"မြင်တယ်လေ သူ မင်းကိုကြိုက်နေတာလည်း ငါမြင်တယ် ငါမမြင်တာက မင်းလုပ်သင့်တဲ့ကိစ္စပဲ အများကြီးမလိုပါဘူး ခရာရယ် သူ့ဆီကစကားတစ်ခွန်းထွက်လာရင်ကို ရပြီ မင်းဘာကိုတွေဝေနေတာလဲ"

"ခရာတွေဝေနေတာမဟုတ်ဘူး ဖက်တယ်ဆိုတာ သမီးရည်းစားဖြစ်မှ ဖက်ကြတာမဟုတ်ဘူးလား အခုဟာက"

"ကျွတ်!! အက္ခရာ မင်းကတော့"

ကိုစည်းက ခရာ့ပုံစံကိုကြည့်ကာ စိတ်ပျက်သွားဟန်ဖြင့် ဆိုဖာပေါ်ကားယားကြီးထိုင်ချလိုက်၍ ခရာသည် သောက်တော့မည့်ဆဲဆဲဝိုင်ခွက်ကို စားပွဲပေါ်ပြန်ချလိုက်သည်။
သောက်တာလည်း နည်းနည်းများနေပြီဖြစ်ကာ ဝိုင်ကလည်းအရှိန်တက်နေပြီမို့ ကိုစည်းဖြစ်နေပုံကို စိတ်တိုသွားကာ ဗြန်းခနဲစားပွဲကိုပုတ်ကာ...

"ဒီလိုကိစ္စအတွက် ခရာ့မှာအတွေ့အကြုံမရှိတာကို ကိုစည်းမသိလို့လား ဘာလို့စိတ်ပျက်လက်ပျက်ဖြစ်နေတာလဲ"

"မင်း သူ့ကိုရင်ခုန်နေတာမလား အက္ခရာ"

ခရာ ဆတ်ခနဲခေါင်းညိတ်ပြလိုက်သည်။
တကယ်လည်းရင်ခုန်ခဲ့ပြီး ထိုရင်ခုန်ခြင်းဟာ မကြုံဖူးသည့်ကိစ္စကြောင့်သာဖြစ်ကာ ဒီ့ထက်မပိုဟု ခရာ့ကိုယ်ခရာယုံကြည်သည်။
အမြင့်မှာရွက်လွှင့်ချင်သော လူတစ်ယောက်အတွက် အချစ်နဲဲ့ရင်ခုန်ခြင်းဟာ ခရာ့ကိုချည်ချင်သော ကြိုးတစ်ချောင်းမို့ ရင်ခုန်ခဲ့မိရင်တောင် အခိုက်အတန့်သာဖြစ်ပါလိမ့်မည်။

"ဟုတ်တယ် ရင်ခုန်နေတယ် ဒီလိုတွေမကြုံဖူးလို့ ခရာရင်ခုန်တာမှားလို့လား"

"မမှားဘူး အက္ခရာ ဒါပေမယ့်မင်းယိုင်သွားလို့မရဘူးလေ ကိုယ့်အစ်မရဲ့ချစ်သူနဲ့မင်း.."

"ရင်ခုန်တာက စိတ်ယိုင်တာမှမဟုတ်တာ အဲ့ဒါကိုကအထင်လွဲနေကြတာ"

"အထင်လွဲတာမဟုတ်ဘူး ခရာ အားလုံးကမင်းကိုစိတ်ပူနေကြတာ တန်ခိုးဘယ်လောက်ရက်စက်သလဲ မင်းထက်ငါကပိုသိတယ် မင်းအကြောင်းသာသိသွားရင် သူ မင်းကိုဒီအတိုင်းထားမယ်ထင်သလား
အဲ့ဒီအချိန်မှာ မင်းကသူ့ကိုချစ်မိနေရင် မင်းပဲနာကျင်ရမှာသိရဲ့လား"

ကိုစည်းကို စူးစူးကြီးကြည့်နေမိရင်း ကိုစည်းပြောနေတာတွေ မဟုတ်ပါဘူးဟု ခရာပြန်မဖြေနိုင်။
ပြောသွားသည့်စကားတွေကလည်း အားလုံးမှန်နေတာမို့ ခရာ ဘာဆက်လုပ်ရမလဲဆိုသည့်အတွေးတွေ ခေါင်းထဲဝင်လာသည်။
ရှေ့တိုးဖို့မလွယ်သလို နောက်ဆုတ်လို့လည်းမရတော့သည့် လက်ရှိအခြေအနေမှာ ခရာဘာလုပ်သင့်သလဲ...

"မင်း အလိုက်သင့်ပဲနေပါ ဒါပေမယ့် တန်ခိုးကိုတော့ ရင်မခုန်မိစေနဲ့ ငါပြောနေတာကမင်းအတွက်နော် ငါ့စကားကိုသေချာနားထောင် အက္ခရာ"

"ဟုတ်"

"ပြန်ချင်ရင်ပြော ငါလိုက်ပို့မယ်"

ခရာ ခေါင်းလေးညိတ်ပြလိုက်ကာ စားပွဲမှာပြန်ထိုင်ပြီး စောစောကချခဲ့သောဝိုင်ခွက်ကို လှမ်းယူကာအကုန်သောက်လိုက်တော့ ရင်ထဲပူဆင်းသွား၏။
ရင်ခုန်တာဟာ စိတ်ယိုင်တာမဟုတ်...

💛💛▫▫▫💛💛

"သီဟ ငါ့ကိုဖုန်းဆက်တယ် တန်ခိုး"

အစ်ကို့စကားကြောင့် နည်းနည်းထွေနေသောခေါင်းကိုဆတ်ခနဲခါပစ်ရင်း အခန်းတံခါးကိုဖွင့်ကာ အခန်းထဲဝင်လာခဲ့သည်။
ကားသော့ကိုနံရံမှာချိတ်လိုက်ပြီး ကုတ်အင်္ကျီကို ဆိုဖာပေါ်လှမ်းပစ်တင်ကာ ဖုန်းကို ဘယ်ညာပြောင်းကိုင်ရင်း ခေါင်းကိုထပ်ခါမိပြန်သည်။
Partyမှာ နည်းနည်းသောက်ထားမိ၍ ခေါင်းနည်းနည်းနောက်နေခဲ့ကာ ဒီခေါင်းကိုက်ခြင်းကိုမခံစားချင်၍ မီးဖိုခန်းကိုအရင်သွားပြီး Freezerကိုဆွဲဖွင့်လိုက်၏။

"မင်း မင်းစည်းစိမ်တို့Partyကို သွားခဲ့တယ်ဆို မင်း အဲ့ဒီကောင်နဲ့ခုထိ မပြီးပြတ်သေးဘူးလား"

"ပြတ်လို့မရသေးဘူး အစ်ကို ကျွန်တော်ဘာလုပ်နေလဲ သူသိလို့မဖြစ်သေးဘူး"

"မင်းအဲ့ဒီPartyကိုသွားလိုက်တာ မင်းကိုဇွဲကပင်က သတိထားမိသွားတယ် မင်းနာမည်ကို တန်ခိုးလို့ခေါ်ပြီး ချန်ထားပေမယ့် မင်းမျက်နှာက ငါနဲ့လာတူနေတာကိုသတိမရဘူးလား"

"ညီအစ်ကိုတွေပဲ အစ်ကိုရာ တူမှာပေါ့"

"အေး.. မင်းကိုသတိထားမိသွားပြီ ဒီ့ထက်ပိုပြီး သိုသိုသိပ်သိပ်နေ.. ဇွဲကပင်ကသိပ်ပါးတယ် ငါနဲ့တစ်ဘာသာစီကွဲထွက်နေအောင်နေ.. ကုမ္ပဏီကိစ္စတွေမှာ နောက်ကွယ်ကပဲထိန်းချုပ်တော့ မဟုတ်ရင် ငါ့ကိုလုပ်ကြံမှုတွေက မင်းဆီရောက်လာနိုင်တယ် ကြားလား"

"ဟုတ်ကဲ့"

"နောက်လထဲ မင်းစည်းစိမ် Singaporeကို ကျောင်းသွားတက်လိမ့်မယ် မင်းရဲ့နန်းသွေးအမရာနဲ့ ကျောင်းအတူတူပေါ့"

မကြားချင်သောနာမည်ပါ ပါလာ၍ ကျွတ်ခနဲစုပ်သပ်လိုက်မိကာ ရေဘူးကိုဆွဲထုတ်ပစ်ရင်း Freezerတံခါးကိုပြန်ပိတ်သည်။
သီဟဆိုသည့် အစ်ကို့လူယုံက အစ်ကိုလက်သပ်မွေးထားသည့် တပည့်ရင်းဖြစ်သည့်အပြင် ငယ်စဥ်ကတည်းက သူတို့ညီအစ်ကိုနဲ့အတူ ကြီးပြင်းလာသူမို့ စိတ်ချရသည်။

သူဘာပဲလုပ်လုပ် အစ်ကိုသိနေခြင်းသည် ကိုသီဟကြောင့်ဖြစ်ကာ ကိုသီဟသည် သူ့ကိုစောင့်ရှောက်ဖို့ မြေပြန့်မှာနေရသူဟု သိထားသလို သူ့အနောက်မှာအရိပ်လိုရှိနေတတ်သည်။
ဒါ့အပြင် Min Groupမှာ စိမ့်ဝင်နေသော အစ်ကို့လူတွေကလည်း အင်အားတစ်ခုရှိနေပြီမို့ များမကြာမီကာလမှာ ထိုGroupတစ်ခုလုံးဟာ အစ်ကို့လက်ထဲရောက်တော့မှာ သေချာသလောက်။

"အစ်ကို့Spyတွေက တိကျလှချေလား ဒါပေမယ့် ကျွန်တော်အဲ့ဒီနှစ်ယောက်ကို စိတ်မဝင်စားတော့ဘူး ကျွန်တော်စိတ်ဝင်စားနေတာက ဟိုကောင်မလေး"

"ပန်းထက်အက္ခရာလား ဘာလဲ မင်းကိုလာငြိနေလို့လား သူကတော့ အာရုံနောက်စရာမရှိပါဘူး ရိုးရိုးရှင်းရှင်းလေးပါပဲ"

"ကျွန်တော်ကငြိချင်နေတာ အစ်ကိုရ.. ဒီကစားပွဲမှာ သူက ကျွန်တော့်ဘက်ကQueenပဲ သူ့ကိုကြိုးကိုင်ပြီး Chessboardတစ်ခုလုံး ချယ်လှယ်လို့ရတယ်"

"အဲ့ဒါသက်သက်ပဲလား အဟွန်း.. ငါတော့မထင်ပါဘူး"

"Omm သူ့ကိုသဘောကျတယ် ဘာလို့သဘောကျလဲဆိုတာ ကျွန်တော့်အပိုင်ဖြစ်လာမှ အကဲခတ်တော့ အဲ့ဒီကောင်မလေးကိုယူမှာ"

"ဘယ်လိုယူမှာလဲ ကောင်မလေးလိုလား ဇနီးတစ်ယောက်လိုလား"

"ရတဲ့နည်းနဲ့ပါ ကောင်မလေးလိုတွဲဖို့လက်မခံရင် ခိုးပြေးမှာ အခုအစ်ကိုဘာပြောမလို့လဲ"

"အဖေရော အမေပါ မင်းနဲ့တွေ့ချင်နေတယ်"

ရေဘူးကိုဖွင့်ပြီးမှ မသောက်ဖြစ်တော့ဘဲ စားပွဲပေါ်ပြန်ချထားလိုက်ပြီး ပခုံးနှင့်ညှပ်ထားသည့်ဖုန်းကို အသေအချာပြန်ကိုင်သည်။
အဖေရော အမေပါ ဟု ကြားလိုက်ရ၍ သူနားကြားလွဲသွားလေရော့သလား...

"မင်းကြားတာမမှားသလို ငါပြောတာလည်းမမှားဘူး တန်ခိုး အမေ မင်းကိုတွေ့ချင်တာ မဆန်းပေမယ့် အဖေကတော့ဆန်းတယ်"

"အင်း"

"အဲ့ဒါ၃ရက်လောက်ခွင့်ယူပြီးအိမ်ပြန်လာခဲ့ လားရှိုးမှာငါစောင့်နေမယ် ဘာပြောဦးမလဲ"

"မရှိတော့ဘူး"

အစ်ကိုက သူ့ဘက်က ပြောစရာစကားကုန်သည်နှင့် တီခနဲဖုန်းချသွား၍ သူသည် ဖုန်းကိုစားပွဲပေါ်တင်ကာ စောစောကချထားခဲ့သောရေဘူးကို ဖွင့်ပြီး ရေသောက်လိုက်သည်။
ဇွဲကပင်ဆိုသည့်လူအကြောင်း သူသေချာမသိပေမယ့် ထိုလူဟာ အရမ်းကာရောလုပ်တတ်သည့်လူမဟုတ်မှန်း သူသိသည်။
ဘုန်းတန်ခိုးဟာ ထက်ဘုန်းလျှံရဲ့ညီအရင်းဖြစ်ခဲ့လျှင်တောင် သူဟာ မြေပြန့်မှာပဲဇာတ်မြှုပ်နေခဲ့တာကြာပြီမို့ သူ့ကိုလာထိပါးမည်ဟုလည်း မထင်ပါ…

"မင်းကို ငါ့ညီအဖြစ် အပြင်လူမသိစေနဲ့"

မြေပြန့်ရောက်စက အစ်ကိုက သူ့ကိုအသေအချာမှာခဲ့ကာ ထိုအချိန်ကတော့ ဘာကြောင့်ရယ်လို့မသိပေမယ့် အခုတော့တဖြည်းဖြည်းနားလည်လာခဲ့သည်။
အစ်ကို့လို မှောင်ခိုအဖွဲ့အစည်းခေါင်းဆောင်တစ်ယောက်အနေနဲ့ ရန်သူများမှာအသေအချာမို့ အစ်ကိုဟာ မိသားစုကိုပါ အဆက်အသွယ်ဖြတ်ခဲ့ထားဟန်ရှိသည်။
အိမ်ပြန်မည့်အစီအစဥ်သည်လည်း စိတ်ကူးသာရှိခဲ့ပေမယ့် တကယ်ခွင့်ယူရတော့မှာမို့ ဒီအစီအစဥ်ကိုသုံးကာ အက္ခရာကို ချွေယူ၍ရနိုင်သည်။

အတွေးဖြင့် နှုတ်ခမ်းတွန့်ရုံမျှ သူပြုံးမိလေ၏။

💛💛▫▫▫💛💛

လားရှိုးကိုပြန်ဖို့ခွင့်ယူရန်အတွက် ရုံးကိုဝင်ကာ စာတင်ခဲ့ရသည်မို့ ဆိုဒ်ထဲကိုနောက်ကျမှရောက်လာခဲ့ကာ ခါတိုင်းဆို အက္ခရာလာကြိုပေမယ့် အခုတော့ဘယ်ရောက်နေလဲမသိ။
အဆောက်အဦ၏အောက်ဆုံးအထပ်မှာ အားလုံးပြင်ဆင်ပြီးပြီမို့ အင်ဂျင်နီယာတွေရဲ့ယာယီရုံးခန်းသည် အောက်ထပ်ကိုပြောင်းရွှေ့ထားပြီဖြစ်သည်။

ပစ္စည်းတွေနှင့်စာရွက်စာတမ်းတွေကို အလုပ်စားပွဲပေါ်ချကာ ဒီနေ့လုပ်ရမည့်အလုပ်တွေ စစ်ဆေးနေတုန်း တဟီးဟီးရယ်သံဖြင့် ရုံးခန်းထဲဝင်လာသော အက္ခရာ...
သူမရဲ့နောက်မှာတော့ တစ်ယောက်တစ်ပေါက် အော်ဟစ်ကာ ဆူညံနေကြသည့် အလုပ်သမားတချို့နှင့် အင်ဂျင်နီယာတစ်ချို့...

"ဘာဖြစ်နေတာလဲ"

"ဆရာ့တပည့်အက္ခရာလေ မြွေခေါင်းဦးထုတ်ကြီးစွပ်ပြီး လူတကာကိုလိုက်စနေတာ"

ဒီလိုလည်းဗရုတ်ကျတတ်သေးသလားဟု အတွေးဖြင့် သူမကိုကြည့်လိုက်တော့ ခရာကလျှာတစ်လစ်ကလေးလုပ်ကာ လက်ထဲက မြွေခေါင်းဦးထုတ်ကိုမြှောက်ပြသည်။
မြွေခေါင်းဦးထုတ်ဆိုပေမယ့် မြွေရုပ်ကလေးတွေတပ်ထားသော ဦးထုတ်တစ်လုံးဖြစ်ကာ ထိုမြွေရုပ်လေးတွေမှာကြေးနန်းကြိုးထည့်ထားတာမို့ ခရာလက်ထဲမှာတင် တဆတ်ဆတ်လှုပ်နေသည်။
ဦးထုတ်ပေမယ့် ဦးထုတ်နဲ့လည်းမတူဘဲ တစ်ခေါင်းလုံးမြွေအဖြစ် ပြောင်းလဲနေသောကြောင့် ဒါကိုစွပ်လိုက်လျှင် Medusaဖြစ်သွားလောက်သည်။

"Medusaဦးထုတ်လေးပါ သူတို့တွေကိုစချင်လို့"

"ဟုတ်တယ်ဆရာ အဲ့ဒီဟာကိုစွပ်ပြီး ကျောက်ရုပ်ဖြစ်အောင်လုပ်မယ်ဆိုပြီး ကျွန်တော့်မျက်နှာရှေ့ လာထိုင်ကြည့်နေတာ"

"ဟုတ်တယ် သမီးကိုရောပဲ ဆရာ"

"အလုပ်လုပ်နေတဲ့လူတွေကိုလား"

သူ့လေသံနည်းနည်းတင်းသွားတော့ ရယ်နေသောအင်ဂျင်နီယာတွေရပ်သွားကြသလို ခရာသည်လည်း အဆူခံရကာနီးကလေးတစ်ယောက်လို မျက်နှာလေးငယ်ကျသွား၏။
စိတ်ထဲမှာတော့ ဒီလောက်ထိ ကလေးဆန်ရသလားဟု ရယ်ချင်ပက်ကျိဖြစ်နေမိပေမယ့် ဒီဟာလေးကို ခြောက်လှန့်ချင်မိသည့်စိတ်က ရုတ်တရက်ပေါ်လာသောကြောင့်...

"4ထပ်မှာကြွေပြားကပ်တာကို ဒီနေ့အပြီးလုပ်ခိုင်းလိုက်၊ ပြီးရင်ဆေးသမားတွေကို ဆေးသုတ်ဖို့ရက်ချိန်းယူလိုက်ဦး အားလုံးကိုယ့်အလုပ်ကို ပြန်သွားလုပ်တော့ မင်းနေခဲ့ အက္ခရာ"

သူမ ခေါင်းလေးငုံ့ကာ Medusaဦးထုတ်နှင့်ကျန်နေခဲ့ကာ တခြားသူတွေကတော့ အလျှိုအလျှိုနှင့်ပြန်ထွက်သွားကြ၏။
ရုံးခန်းတံခါးကိုပါပိတ်သွားသည်မို့ ရုံးခန်းထဲမှာ တိတ်ဆိတ်နေခဲ့ကာ မဝံ့မရဲခိုးခိုးကြည့်နေသောခရာ့ကြောင့် သူဟန်မဆောင်နိုင်ဘဲ ရယ်ချလိုက်သည်။
ထိုအခါမှ မဝံ့မရဲမျက်နှာငယ်လေးက အနည်းငယ်ပြေလျော့သွားကာ…

"ကိုကြီး ဆူမလို့မဟုတ်ဘူးလား"

ခရာက နားမလည်သလိုမေးလာတော့ သူ ခေါင်းညိတ်ပြလိုက်ရင်း သူမလက်ထဲက ဦးထုတ်လေးကိုဆွဲယူကာ ခေါင်းမှာစွပ်ပေးလိုက်သည်။
မြွေရုပ်ကလေးတွေ တလှုပ်လှုပ်ဖြစ်သွားကာ အူကြောင်ကြောင်ဖြင့် မော့ကြည့်လာသော အက္ခရာရဲ့မျက်နှာဟာ တကယ့်Medusaလိုပင်...

"ငါ့ကိုကျောက်ရုပ်ဖြစ်အောင်လုပ်"

"ဟမ်!!"

"လုပ်လေ မင်းဟိုလူတွေကိုတော့ လိုက်စနေပြီး ငါ့ကိုလည်းကျောက်ရုပ်ဖြစ်အောင်လုပ်"

"ဘယ်လိုလုပ်လို့ရမှာလဲ ခရာက Medusaမှမဟုတ်တာ"

"ဒီမယ်လေ မင်းရဲ့ခေါင်းမှာမြွေတွေရှိတယ်လေ"

"အရုပ်ပဲဟာကို"

စူပုတ်ပုတ်ဖြင့် နှာခေါင်းလေးရှုံ့ကာပြောလာတော့ ထိုမျက်နှာလေးကိုကြည့်ကာ တစ်ကွက်ထပ်ရွှေ့ဖို့ ချက်ချင်းဆုံးဖြတ်လိုက်ကာ သူမခေါင်းပေါ်က ဦးထုတ်ကလေးကို ချွတ်ပေးလိုက်၏။
ပြီးနောက် စားပွဲပေါ်ပစ်ချလိုက်ကာ အလုပ်စားပွဲမှာပဲ မှီရပ်နေလိုက်ရင်း ခရာ့ကိုပြန်ကြည့်မိသည်။

"ဒါဆို Aphroditeလုပ်မလား ငါ့အတွက်သီးသန့်"

"ဟမ်!"

"အချစ်နတ်ဘုရားလေ"

ခရာ့မျက်နှာလေး ရဲခနဲဖြစ်သွားသလို ပါးပြင်လေးတွေနှင့် နားရွက်ဖျားလေးတွေသည် မီးသီးနီလေးတွေပြိုင်တူလင်းလာသည့်အလား။
ထို့နောက် သူမက မသိမသာနောက်ဆုတ်သွား၍ ဒါကိုပဲအသည်းယားသွားသောကြောင့် ခါးကိုင်းကာ သူမလက်ကလေးကိုဆွဲယူလိုက်၏။

သူကစားပွဲပေါ်မှာထိုင်နေသောကြောင့် အက္ခရာ၏မျက်နှာလေးက သူ့မျက်နှာနှင့်တည့်တည့်မှာရှိကာ သူနဲ့အနီးဆုံးကိုရောက်လာသည့် မျက်နှာနုနုလေးသည် ချွေးစို့နေလေသည်။
ဂုတ်ပိုးလေးကိုဖိကိုင်ပြီး အောက်နှုတ်ခမ်းဖောင်းဖောင်းလေးကို ထိရုံလေးနမ်းပစ်လိုက်တော့ ဟင်ခနဲအသံလေးနှင့်အတူ သူမမျက်လုံးလေးပြူးသွား၏။

"ငါတို့တွဲရအောင်"

ထိုအချိန်ထိကြောင်အ,နေသော သူမလက်ကလေးကို လက်ဖဝါးချင်းထပ်၍ဆုပ်ကိုင်ကာ လက်ချောင်းလေးတွေအထိ ဆုပ်ကိုင်ပစ်လိုက်တော့မှ အက္ခရာက အတင်းပြန်ရုန်းတော့၏။
ထို့ကြောင့် သူမတစ်ကိုယ်လုံးပါလာအောင်ဆွဲယူပစ်ပြီး ခါးလေးကိုသိမ်းဖက်လိုက်တော့ ခရာပြန်ရုန်းလို့မရတော့ဘဲ သူ့ရင်ခွင်ထဲသို့ရောက်လာသည်။
နုထွေးနေသည့်ခန္ဓာကိုယ်လေးကို ခပ်တင်းတင်းဖက်ထားလိုက်ပြီး အံ့သြတုန်လှုပ်နေသောမျက်နှာလေးကို ပြုံးကြည့်လိုက်ရင်း...

"မင်းသာ ငါ့ရဲ့Aphroditeဖြစ်ခဲ့ရင် ဘယ်လောက်ကောင်းမလဲလို့"

"ဟင့်အင်း"

အထိတ်တလန့်ဖြင့် သူမခေါင်းလေးခါပေမယ့် ခရာ့ပါးဖောင်းဖောင်းလေးကို နှာတံတစ်ခုလုံးနစ်ဝင်သွားသည်အထိ နမ်းပစ်လိုက်တော့ အီးခနဲငိုချလိုက်သံက တစ်ခန်းလုံးဖုံးလွှမ်းသွားလေ၏။
ငိုပေါ့ ကလေးမရယ်...
မင်းဘာလို့ နမ်းချင်ရလောက်အောင် ဆိုးနေလဲ...
စကားမစပ်
မင်းရဲ့ပါးလေးက အရမ်းမွှေးတယ်..

💛💛▫▫▫💛💛

Part 29 ဆက်ရန်

စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997

~~~~~~~~~~~~~~~~~~~~~

  
💛 Players ( Part - 28 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"မင္းဘယ္လိုေတြလုပ္ေနတာလဲ အကၡရာ"

ဝိုင္ေတြတစ္ခြက္ၿပီးတစ္ခြက္ေသာက္ေနေသာ ခရာ့ကို စိတ္ပ်က္သလိုၾကၫ့္ေနရင္း ကိုစည္းက တင္းမာေသာေလသံျဖင့္ေမးလာသည္။
ကိုႀကီးနဲ႔စကားေျပာၿပီးကတည္းက ရင္ေတြတုန္ေနမိတာက ဝိုင္ေတြအမ်ားႀကီးမ်ိဳခ်ၿပီးသည္အထိလည္း ရင္တုန္မေျပေသး။

ထို႔ေၾကာင့္ ကိုစည္းေလသံ တင္းမာေနမွန္းသိေပမယ့္ ဂရုစိုက္ရေကာင္းမွန္းမသိသလို ခရာသည္လည္း ဘာေၾကာင့္တုန္လႈပ္ေနသည္မသိ။
ရန္ခုန္သြားမိလို႔လား၊ ေၾကာက္မိသြားလို႔လား...
ရင္ခုန္တယ္ဆိုရင္ေရာ ဘာကိုရင္ခုန္သြားမိတာလဲ…
ကိုႀကီးဖက္လိုက္တာကိုလား၊ ဘာလိုလိုစကားေတြေၾကာင့္လား…

"ငါေမးေနတာ ၾကားရဲ့လား အကၡရာ"

"ကိုႀကီးကအၿမဲအဲ့လိုႀကီးပဲလား လက္ရဲဇက္ရဲနဲ႔ေလ ခရာ့ကိုဖက္လိုက္တာျမင္လား"

"ျမင္တယ္ေလ သူ မင္းကိုႀကိဳက္ေနတာလည္း ငါျမင္တယ္ ငါမျမင္တာက မင္းလုပ္သင့္တဲ့ကိစၥပဲ အမ်ားႀကီးမလိုပါဘူး ခရာရယ္ သူ႔ဆီကစကားတစ္ခြန္းထြက္လာရင္ကို ရၿပီ မင္းဘာကိုေတြေဝေနတာလဲ"

"ခရာေတြေဝေနတာမဟုတ္ဘူး ဖက္တယ္ဆိုတာ သမီးရည္းစားျဖစ္မွ ဖက္ၾကတာမဟုတ္ဘူးလား အခုဟာက"

"ကၽြတ္!! အကၡရာ မင္းကေတာ့"

ကိုစည္းက ခရာ့ပံုစံကိုၾကၫ့္ကာ စိတ္ပ်က္သြားဟန္ျဖင့္ ဆိုဖာေပၚကားယားႀကီးထိုင္ခ်လိုက္၍ ခရာသည္ ေသာက္ေတာ့မၫ့္ဆဲဆဲဝိုင္ခြက္ကို စားပဲြေပၚျပန္ခ်လိုက္သည္။
ေသာက္တာလည္း နည္းနည္းမ်ားေနၿပီျဖစ္ကာ ဝိုင္ကလည္းအရိွန္တက္ေနၿပီမို႔ ကိုစည္းျဖစ္ေနပံုကို စိတ္တိုသြားကာ ျဗန္းခနဲစားပဲြကိုပုတ္ကာ...

"ဒီလိုကိစၥအတြက္ ခရာ့မွာအေတြ့အႄကံုမရိွတာကို ကိုစည္းမသိလို႔လား ဘာလို႔စိတ္ပ်က္လက္ပ်က္ျဖစ္ေနတာလဲ"

"မင္း သူ႔ကိုရင္ခုန္ေနတာမလား အကၡရာ"

ခရာ ဆတ္ခနဲေခါင္းညိတ္ျပလိုက္သည္။
တကယ္လည္းရင္ခုန္ခဲ့ၿပီး ထိုရင္ခုန္ျခင္းဟာ မႄကံုဖူးသၫ့္ကိစၥေၾကာင့္သာျဖစ္ကာ ဒီ့ထက္မပိုဟု ခရာ့ကိုယ္ခရာယံုၾကည္သည္။
အျမင့္မွာရြက္လႊင့္ခ်င္ေသာ လူတစ္ေယာက္အတြက္ အခ်စ္နဲ့ရင္ခုန္ျခင္းဟာ ခရာ့ကိုခ်ည္ခ်င္ေသာ ႀကိဳးတစ္ေခ်ာင္းမို႔ ရင္ခုန္ခဲ့မိရင္ေတာင္ အခိုက္အတန႔္သာျဖစ္ပါလိမ့္မည္။

"ဟုတ္တယ္ ရင္ခုန္ေနတယ္ ဒီလိုေတြမႄကံုဖူးလို႔ ခရာရင္ခုန္တာမွားလို႔လား"

"မမွားဘူး အကၡရာ ဒါေပမယ့္မင္းယိုင္သြားလို႔မရဘူးေလ ကိုယ့္အစ္မရဲ့ခ်စ္သူနဲ႔မင္း.."

"ရင္ခုန္တာက စိတ္ယိုင္တာမွမဟုတ္တာ အဲ့ဒါကိုကအထင္လဲြေနၾကတာ"

"အထင္လဲြတာမဟုတ္ဘူး ခရာ အားလံုးကမင္းကိုစိတ္ပူေနၾကတာ တန္ခိုးဘယ္ေလာက္ရက္စက္သလဲ မင္းထက္ငါကပိုသိတယ္ မင္းအေၾကာင္းသာသိသြားရင္ သူ မင္းကိုဒီအတိုင္းထားမယ္ထင္သလား
အဲ့ဒီအခ်ိန္မွာ မင္းကသူ႔ကိုခ်စ္မိေနရင္ မင္းပဲနာက်င္ရမွာသိရဲ့လား"

ကိုစည္းကို စူးစူးႀကီးၾကၫ့္ေနမိရင္း ကိုစည္းေျပာေနတာေတြ မဟုတ္ပါဘူးဟု ခရာျပန္မေျဖႏိုင္။
ေျပာသြားသၫ့္စကားေတြကလည္း အားလံုးမွန္ေနတာမို႔ ခရာ ဘာဆက္လုပ္ရမလဲဆိုသၫ့္အေတြးေတြ ေခါင္းထဲဝင္လာသည္။
ေရ႔ွတိုးဖို႔မလြယ္သလို ေနာက္ဆုတ္လို႔လည္းမရေတာ့သၫ့္ လက္ရိွအေျခအေနမွာ ခရာဘာလုပ္သင့္သလဲ...

"မင္း အလိုက္သင့္ပဲေနပါ ဒါေပမယ့္ တန္ခိုးကိုေတာ့ ရင္မခုန္မိေစနဲ႔ ငါေျပာေနတာကမင္းအတြက္ေနာ္ ငါ့စကားကိုေသခ်ာနားေထာင္ အကၡရာ"

"ဟုတ္"

"ျပန္ခ်င္ရင္ေျပာ ငါလိုက္ပို႔မယ္"

ခရာ ေခါင္းေလးညိတ္ျပလိုက္ကာ စားပဲြမွာျပန္ထိုင္ၿပီး ေစာေစာကခ်ခဲ့ေသာဝိုင္ခြက္ကို လွမ္းယူကာအကုန္ေသာက္လိုက္ေတာ့ ရင္ထဲပူဆင္းသြား၏။
ရင္ခုန္တာဟာ စိတ္ယိုင္တာမဟုတ္...

💛💛▫▫▫💛💛

"သီဟ ငါ့ကိုဖုန္းဆက္တယ္ တန္ခိုး"

အစ္ကို႔စကားေၾကာင့္ နည္းနည္းေထြေနေသာေခါင္းကိုဆတ္ခနဲခါပစ္ရင္း အခန္းတံခါးကိုဖြင့္ကာ အခန္းထဲဝင္လာခဲ့သည္။
ကားေသာ့ကိုနံရံမွာခ်ိတ္လိုက္ၿပီး ကုတ္အက်ႌကို ဆိုဖာေပၚလွမ္းပစ္တင္ကာ ဖုန္းကို ဘယ္ညာေျပာင္းကိုင္ရင္း ေခါင္းကိုထပ္ခါမိျပန္သည္။
Partyမွာ နည္းနည္းေသာက္ထားမိ၍ ေခါင္းနည္းနည္းေနာက္ေနခဲ့ကာ ဒီေခါင္းကိုက္ျခင္းကိုမခံစားခ်င္၍ မီးဖိုခန္းကိုအရင္သြားၿပီး Freezerကိုဆဲြဖြင့္လိုက္၏။

"မင္း မင္းစည္းစိမ္တို႔Partyကို သြားခဲ့တယ္ဆို မင္း အဲ့ဒီေကာင္နဲ႔ခုထိ မၿပီးျပတ္ေသးဘူးလား"

"ျပတ္လို႔မရေသးဘူး အစ္ကို ကၽြန္ေတာ္ဘာလုပ္ေနလဲ သူသိလို႔မျဖစ္ေသးဘူး"

"မင္းအဲ့ဒီPartyကိုသြားလိုက္တာ မင္းကိုဇဲြကပင္က သတိထားမိသြားတယ္ မင္းနာမည္ကို တန္ခိုးလို႔ေခၚၿပီး ခ်န္ထားေပမယ့္ မင္းမ်က္ႏွာက ငါနဲ႔လာတူေနတာကိုသတိမရဘူးလား"

"ညီအစ္ကိုေတြပဲ အစ္ကိုရာ တူမွာေပါ့"

"ေအး.. မင္းကိုသတိထားမိသြားၿပီ ဒီ့ထက္ပိုၿပီး သိုသိုသိပ္သိပ္ေန.. ဇဲြကပင္ကသိပ္ပါးတယ္ ငါနဲ႔တစ္ဘာသာစီကဲြထြက္ေနေအာင္ေန.. ကုမၸဏီကိစၥေတြမွာ ေနာက္ကြယ္ကပဲထိန္းခ်ဳပ္ေတာ့ မဟုတ္ရင္ ငါ့ကိုလုပ္ႀကံမႈေတြက မင္းဆီေရာက္လာႏိုင္တယ္ ၾကားလား"

"ဟုတ္ကဲ့"

"ေနာက္လထဲ မင္းစည္းစိမ္ Singaporeကို ေက်ာင္းသြားတက္လိမ့္မယ္ မင္းရဲ့နန္းေသြးအမရာနဲ႔ ေက်ာင္းအတူတူေပါ့"

မၾကားခ်င္ေသာနာမည္ပါ ပါလာ၍ ကၽြတ္ခနဲစုပ္သပ္လိုက္မိကာ ေရဘူးကိုဆဲြထုတ္ပစ္ရင္း Freezerတံခါးကိုျပန္ပိတ္သည္။
သီဟဆိုသၫ့္ အစ္ကို႔လူယံုက အစ္ကိုလက္သပ္ေမြးထားသၫ့္ တပၫ့္ရင္းျဖစ္သၫ့္အျပင္ ငယ္စဥ္ကတည္းက သူတို႔ညီအစ္ကိုနဲ႔အတူ ႀကီးျပင္းလာသူမို႔ စိတ္ခ်ရသည္။

သူဘာပဲလုပ္လုပ္ အစ္ကိုသိေနျခင္းသည္ ကိုသီဟေၾကာင့္ျဖစ္ကာ ကိုသီဟသည္ သူ႔ကိုေစာင့္ေရွာက္ဖို႔ ေျမျပန႔္မွာေနရသူဟု သိထားသလို သူ႔အေနာက္မွာအရိပ္လိုရိွေနတတ္သည္။
ဒါ့အျပင္ Min Groupမွာ စိမ့္ဝင္ေနေသာ အစ္ကို႔လူေတြကလည္း အင္အားတစ္ခုရိွေနၿပီမို႔ မ်ားမၾကာမီကာလမွာ ထိုGroupတစ္ခုလံုးဟာ အစ္ကို႔လက္ထဲေရာက္ေတာ့မွာ ေသခ်ာသေလာက္။

"အစ္ကို႔Spyေတြက တိက်လွေခ်လား ဒါေပမယ့္ ကၽြန္ေတာ္အဲ့ဒီႏွစ္ေယာက္ကို စိတ္မဝင္စားေတာ့ဘူး ကၽြန္ေတာ္စိတ္ဝင္စားေနတာက ဟိုေကာင္မေလး"

"ပန္းထက္အကၡရာလား ဘာလဲ မင္းကိုလာၿငိေနလို႔လား သူကေတာ့ အာရံုေနာက္စရာမရိွပါဘူး ရိုးရိုးရွင္းရွင္းေလးပါပဲ"

"ကၽြန္ေတာ္ကၿငိခ်င္ေနတာ အစ္ကိုရ.. ဒီကစားပဲြမွာ သူက ကၽြန္ေတာ့္ဘက္ကQueenပဲ သူ႔ကိုႀကိဳးကိုင္ၿပီး Chessboardတစ္ခုလံုး ခ်ယ္လွယ္လို႔ရတယ္"

"အဲ့ဒါသက္သက္ပဲလား အဟြန္း.. ငါေတာ့မထင္ပါဘူး"

"Omm သူ႔ကိုသေဘာက်တယ္ ဘာလို႔သေဘာက်လဲဆိုတာ ကၽြန္ေတာ့္အပိုင္ျဖစ္လာမွ အကဲခတ္ေတာ့ အဲ့ဒီေကာင္မေလးကိုယူမွာ"

"ဘယ္လိုယူမွာလဲ ေကာင္မေလးလိုလား ဇနီးတစ္ေယာက္လိုလား"

"ရတဲ့နည္းနဲ႔ပါ ေကာင္မေလးလိုတဲြဖို႔လက္မခံရင္ ခိုးေျပးမွာ အခုအစ္ကိုဘာေျပာမလို႔လဲ"

"အေဖေရာ အေမပါ မင္းနဲ႔ေတြ့ခ်င္ေနတယ္"

ေရဘူးကိုဖြင့္ၿပီးမွ မေသာက္ျဖစ္ေတာ့ဘဲ စားပဲြေပၚျပန္ခ်ထားလိုက္ၿပီး ပခံုးႏွင့္ၫွပ္ထားသၫ့္ဖုန္းကို အေသအခ်ာျပန္ကိုင္သည္။
အေဖေရာ အေမပါ ဟု ၾကားလိုက္ရ၍ သူနားၾကားလဲြသြားေလေရာ့သလား...

"မင္းၾကားတာမမွားသလို ငါေျပာတာလည္းမမွားဘူး တန္ခိုး အေမ မင္းကိုေတြ့ခ်င္တာ မဆန္းေပမယ့္ အေဖကေတာ့ဆန္းတယ္"

"အင္း"

"အဲ့ဒါ၃ရက္ေလာက္ခြင့္ယူၿပီးအိမ္ျပန္လာခဲ့ လားရိႈးမွာငါေစာင့္ေနမယ္ ဘာေျပာဦးမလဲ"

"မရိွေတာ့ဘူး"

အစ္ကိုက သူ႔ဘက္က ေျပာစရာစကားကုန္သည္ႏွင့္ တီခနဲဖုန္းခ်သြား၍ သူသည္ ဖုန္းကိုစားပဲြေပၚတင္ကာ ေစာေစာကခ်ထားခဲ့ေသာေရဘူးကို ဖြင့္ၿပီး ေရေသာက္လိုက္သည္။
ဇဲြကပင္ဆိုသၫ့္လူအေၾကာင္း သူေသခ်ာမသိေပမယ့္ ထိုလူဟာ အရမ္းကာေရာလုပ္တတ္သၫ့္လူမဟုတ္မွန္း သူသိသည္။
ဘုန္းတန္ခိုးဟာ ထက္ဘုန္းလ်ွံရဲ့ညီအရင္းျဖစ္ခဲ့လ်ွင္ေတာင္ သူဟာ ေျမျပန႔္မွာပဲဇာတ္ၿမွဳပ္ေနခဲ့တာၾကာၿပီမို႔ သူ႔ကိုလာထိပါးမည္ဟုလည္း မထင္ပါ…

"မင္းကို ငါ့ညီအျဖစ္ အျပင္လူမသိေစနဲ႔"

ေျမျပန႔္ေရာက္စက အစ္ကိုက သူ႔ကိုအေသအခ်ာမွာခဲ့ကာ ထိုအခ်ိန္ကေတာ့ ဘာေၾကာင့္ရယ္လို႔မသိေပမယ့္ အခုေတာ့တျဖည္းျဖည္းနားလည္လာခဲ့သည္။
အစ္ကို႔လို ေမွာင္ခိုအဖဲြ႔အစည္းေခါင္းေဆာင္တစ္ေယာက္အေနနဲ႔ ရန္သူမ်ားမွာအေသအခ်ာမို႔ အစ္ကိုဟာ မိသားစုကိုပါ အဆက္အသြယ္ျဖတ္ခဲ့ထားဟန္ရိွသည္။
အိမ္ျပန္မၫ့္အစီအစဥ္သည္လည္း စိတ္ကူးသာရိွခဲ့ေပမယ့္ တကယ္ခြင့္ယူရေတာ့မွာမို႔ ဒီအစီအစဥ္ကိုသံုးကာ အကၡရာကို ခၽြေယူ၍ရႏိုင္သည္။

အေတြးျဖင့္ ႏႈတ္ခမ္းတြန႔္ရံုမ်ွ သူႃပံုးမိေလ၏။

💛💛▫▫▫💛💛

လားရိႈးကိုျပန္ဖို႔ခြင့္ယူရန္အတြက္ ရံုးကိုဝင္ကာ စာတင္ခဲ့ရသည္မို႔ ဆိုဒ္ထဲကိုေနာက္က်မွေရာက္လာခဲ့ကာ ခါတိုင္းဆို အကၡရာလာႀကိဳေပမယ့္ အခုေတာ့ဘယ္ေရာက္ေနလဲမသိ။
အေဆာက္အဦ၏ေအာက္ဆံုးအထပ္မွာ အားလံုးျပင္ဆင္ၿပီးၿပီမို႔ အင္ဂ်င္နီယာေတြရဲ့ယာယီရံုးခန္းသည္ ေအာက္ထပ္ကိုေျပာင္းေရႊ့ထားၿပီျဖစ္သည္။

ပစၥည္းေတြႏွင့္စာရြက္စာတမ္းေတြကို အလုပ္စားပဲြေပၚခ်ကာ ဒီေန့လုပ္ရမၫ့္အလုပ္ေတြ စစ္ေဆးေနတုန္း တဟီးဟီးရယ္သံျဖင့္ ရံုးခန္းထဲဝင္လာေသာ အကၡရာ...
သူမရဲ့ေနာက္မွာေတာ့ တစ္ေယာက္တစ္ေပါက္ ေအာ္ဟစ္ကာ ဆူညံေနၾကသၫ့္ အလုပ္သမားတခ်ိဳ႕ႏွင့္ အင္ဂ်င္နီယာတစ္ခ်ိဳ႕...

"ဘာျဖစ္ေနတာလဲ"

"ဆရာ့တပၫ့္အကၡရာေလ ႁမြေခါင္းဦးထုတ္ႀကီးစြပ္ၿပီး လူတကာကိုလိုက္စေနတာ"

ဒီလိုလည္းဗရုတ္က်တတ္ေသးသလားဟု အေတြးျဖင့္ သူမကိုၾကၫ့္လိုက္ေတာ့ ခရာကလ်ွာတစ္လစ္ကေလးလုပ္ကာ လက္ထဲက ႁမြေခါင္းဦးထုတ္ကိုၿမွောက္ျပသည္။
ႁမြေခါင္းဦးထုတ္ဆိုေပမယ့္ ႁမြေရုပ္ကေလးေတြတပ္ထားေသာ ဦးထုတ္တစ္လံုးျဖစ္ကာ ထိုႁမြေရုပ္ေလးေတြမွာေၾကးနန္းႀကိဳးထၫ့္ထားတာမို႔ ခရာလက္ထဲမွာတင္ တဆတ္ဆတ္လႈပ္ေနသည္။
ဦးထုတ္ေပမယ့္ ဦးထုတ္နဲ႔လည္းမတူဘဲ တစ္ေခါင္းလံုးႁမြေအျဖစ္ ေျပာင္းလဲေနေသာေၾကာင့္ ဒါကိုစြပ္လိုက္လ်ွင္ Medusaျဖစ္သြားေလာက္သည္။

"Medusaဦးထုတ္ေလးပါ သူတို႔ေတြကိုစခ်င္လို႔"

"ဟုတ္တယ္ဆရာ အဲ့ဒီဟာကိုစြပ္ၿပီး ေက်ာက္ရုပ္ျဖစ္ေအာင္လုပ္မယ္ဆိုၿပီး ကၽြန္ေတာ့္မ်က္ႏွာေရ႔ွ လာထိုင္ၾကၫ့္ေနတာ"

"ဟုတ္တယ္ သမီးကိုေရာပဲ ဆရာ"

"အလုပ္လုပ္ေနတဲ့လူေတြကိုလား"

သူ႔ေလသံနည္းနည္းတင္းသြားေတာ့ ရယ္ေနေသာအင္ဂ်င္နီယာေတြရပ္သြားၾကသလို ခရာသည္လည္း အဆူခံရကာနီးကေလးတစ္ေယာက္လို မ်က္ႏွာေလးငယ္က်သြား၏။
စိတ္ထဲမွာေတာ့ ဒီေလာက္ထိ ကေလးဆန္ရသလားဟု ရယ္ခ်င္ပက္က်ိျဖစ္ေနမိေပမယ့္ ဒီဟာေလးကို ေျခာက္လွန႔္ခ်င္မိသၫ့္စိတ္က ရုတ္တရက္ေပၚလာေသာေၾကာင့္...

"4ထပ္မွာႂကြေျပားကပ္တာကို ဒီေန့အၿပီးလုပ္ခိုင္းလိုက္၊ ၿပီးရင္ေဆးသမားေတြကို ေဆးသုတ္ဖို႔ရက္ခ်ိန္းယူလိုက္ဦး အားလံုးကိုယ့္အလုပ္ကို ျပန္သြားလုပ္ေတာ့ မင္းေနခဲ့ အကၡရာ"

သူမ ေခါင္းေလးငံု႔ကာ Medusaဦးထုတ္ႏွင့္က်န္ေနခဲ့ကာ တျခားသူေတြကေတာ့ အလ်ိႈအလ်ိႈႏွင့္ျပန္ထြက္သြားၾက၏။
ရံုးခန္းတံခါးကိုပါပိတ္သြားသည္မို႔ ရံုးခန္းထဲမွာ တိတ္ဆိတ္ေနခဲ့ကာ မဝံ့မရဲခိုးခိုးၾကၫ့္ေနေသာခရာ့ေၾကာင့္ သူဟန္မေဆာင္ႏိုင္ဘဲ ရယ္ခ်လိုက္သည္။
ထိုအခါမွ မဝံ့မရဲမ်က္ႏွာငယ္ေလးက အနည္းငယ္ေျပေလ်ာ့သြားကာ…

"ကိုႀကီး ဆူမလို႔မဟုတ္ဘူးလား"

ခရာက နားမလည္သလိုေမးလာေတာ့ သူ ေခါင္းညိတ္ျပလိုက္ရင္း သူမလက္ထဲက ဦးထုတ္ေလးကိုဆဲြယူကာ ေခါင္းမွာစြပ္ေပးလိုက္သည္။
ႁမြေရုပ္ကေလးေတြ တလႈပ္လႈပ္ျဖစ္သြားကာ အူေၾကာင္ေၾကာင္ျဖင့္ ေမာ့ၾကၫ့္လာေသာ အကၡရာရဲ့မ်က္ႏွာဟာ တကယ့္Medusaလိုပင္...

"ငါ့ကိုေက်ာက္ရုပ္ျဖစ္ေအာင္လုပ္"

"ဟမ္!!"

"လုပ္ေလ မင္းဟိုလူေတြကိုေတာ့ လိုက္စေနၿပီး ငါ့ကိုလည္းေက်ာက္ရုပ္ျဖစ္ေအာင္လုပ္"

"ဘယ္လိုလုပ္လို႔ရမွာလဲ ခရာက Medusaမွမဟုတ္တာ"

"ဒီမယ္ေလ မင္းရဲ့ေခါင္းမွာႁမြေတြရိွတယ္ေလ"

"အရုပ္ပဲဟာကို"

စူပုတ္ပုတ္ျဖင့္ ႏွာေခါင္းေလးရႈံ႔ကာေျပာလာေတာ့ ထိုမ်က္ႏွာေလးကိုၾကၫ့္ကာ တစ္ကြက္ထပ္ေရႊ့ဖို႔ ခ်က္ခ်င္းဆံုးျဖတ္လိုက္ကာ သူမေခါင္းေပၚက ဦးထုတ္ကေလးကို ခၽြတ္ေပးလိုက္၏။
ၿပီးေနာက္ စားပဲြေပၚပစ္ခ်လိုက္ကာ အလုပ္စားပဲြမွာပဲ မွီရပ္ေနလိုက္ရင္း ခရာ့ကိုျပန္ၾကၫ့္မိသည္။

"ဒါဆို Aphroditeလုပ္မလား ငါ့အတြက္သီးသန႔္"

"ဟမ္!"

"အခ်စ္နတ္ဘုရားေလ"

ခရာ့မ်က္ႏွာေလး ရဲခနဲျဖစ္သြားသလို ပါးျပင္ေလးေတြႏွင့္ နားရြက္ဖ်ားေလးေတြသည္ မီးသီးနီေလးေတြၿပိဳင္တူလင္းလာသၫ့္အလား။
ထို႔ေနာက္ သူမက မသိမသာေနာက္ဆုတ္သြား၍ ဒါကိုပဲအသည္းယားသြားေသာေၾကာင့္ ခါးကိုင္းကာ သူမလက္ကေလးကိုဆဲြယူလိုက္၏။

သူကစားပဲြေပၚမွာထိုင္ေနေသာေၾကာင့္ အကၡရာ၏မ်က္ႏွာေလးက သူ႔မ်က္ႏွာႏွင့္တၫ့္တၫ့္မွာရိွကာ သူနဲ႔အနီးဆံုးကိုေရာက္လာသၫ့္ မ်က္ႏွာႏုႏုေလးသည္ ခၽြေးစို႔ေနေလသည္။
ဂုတ္ပိုးေလးကိုဖိကိုင္ၿပီး ေအာက္ႏႈတ္ခမ္းေဖာင္းေဖာင္းေလးကို ထိရံုေလးနမ္းပစ္လိုက္ေတာ့ ဟင္ခနဲအသံေလးႏွင့္အတူ သူမမ်က္လံုးေလးျပဴးသြား၏။

"ငါတို႔တဲြရေအာင္"

ထိုအခ်ိန္ထိေၾကာင္အ,ေနေသာ သူမလက္ကေလးကို လက္ဖဝါးခ်င္းထပ္၍ဆုပ္ကိုင္ကာ လက္ေခ်ာင္းေလးေတြအထိ ဆုပ္ကိုင္ပစ္လိုက္ေတာ့မွ အကၡရာက အတင္းျပန္ရုန္းေတာ့၏။
ထို႔ေၾကာင့္ သူမတစ္ကိုယ္လံုးပါလာေအာင္ဆဲြယူပစ္ၿပီး ခါးေလးကိုသိမ္းဖက္လိုက္ေတာ့ ခရာျပန္ရုန္းလို႔မရေတာ့ဘဲ သူ႔ရင္ခြင္ထဲသို႔ေရာက္လာသည္။
ႏုေထြးေနသၫ့္ခႏၶာကိုယ္ေလးကို ခပ္တင္းတင္းဖက္ထားလိုက္ၿပီး အံ့ၾသတုန္လႈပ္ေနေသာမ်က္ႏွာေလးကို ႃပံုးၾကၫ့္လိုက္ရင္း...

"မင္းသာ ငါ့ရဲ့Aphroditeျဖစ္ခဲ့ရင္ ဘယ္ေလာက္ေကာင္းမလဲလို႔"

"ဟင့္အင္း"

အထိတ္တလန႔္ျဖင့္ သူမေခါင္းေလးခါေပမယ့္ ခရာ့ပါးေဖာင္းေဖာင္းေလးကို ႏွာတံတစ္ခုလံုးနစ္ဝင္သြားသည္အထိ နမ္းပစ္လိုက္ေတာ့ အီးခနဲငိုခ်လိုက္သံက တစ္ခန္းလံုးဖံုးလႊမ္းသြားေလ၏။
ငိုေပါ့ ကေလးမရယ္...
မင္းဘာလို႔ နမ္းခ်င္ရေလာက္ေအာင္ ဆိုးေနလဲ...
စကားမစပ္
မင္းရဲ့ပါးေလးက အရမ္းေမႊးတယ္..

💛💛▫▫▫💛💛

Part 29 ဆက္ရန္

စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997

Continue Reading

You'll Also Like

8.2K 202 10
When a registered nurse of Los Angeles crashes get car into a assassin gangster, everything is changes. Y/n Y/L/N life soon becomes lethally unravel...
36.1K 403 40
Helluva Boss is one of my favorite shows now and it's amazing and I want to make this so yeah! Also not my artwork on the cover an like all my books...
52.4K 862 32
Veronica Bella is a 12-year old bookworm girl and Count Olaf's daughter and she can only hope for her unfortunate life to be over and it does when sh...