ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီး...
By ZinNgeNge
50K 7.8K 367
#This is not my own. #Credit to original Author & English Translator. #Fun transalation. More
Description
Ep - 1
Ep - 2
Ep - 3
Ep - 4
Ep - 5
Ep - 6
Ep - 7
Ep - 8
Ep - 9
Ep - 10
Ep - 11
Ep - 12
Ep - 13
Ep - 14
Ep - 15
Ep - 16
Ep - 17
Ep - 18
Ep - 19
Ep - 20
Ep - 21
Ep - 22
Ep - 23
Ep - 24
Ep - 25
Ep - 26
Ep - 27
Ep - 28
Ep - 29
Ep - 30
Ep - 31
Ep - 32
Ep - 33
Ep - 34
Ep - 35
Ep - 37
Ep - 38
Ep - 39
Ep - 40
Ep - 41
Ep - 42
Ep - 36
707 133 13
By ZinNgeNge
Unicode
ဘာဘီကျူး၏တည်နေရာကတော့ အဆောက်အဦးရဲ့အနောက်ဘက်ရှိ အရိပ်ရတဲ့နေရာတွင်ဖြစ်သည်။ ရာသီဥတုအပူချိန်ကအရမ်းမပူဘဲ လေတဝှီးဝှီးတိုက်ခတ်နေသောကြောင့်နေထိုင်လို့ကောင်းနေခဲ့၏။ ထိုကဲ့သို့အခြေနေက ဘာဘီကျူးအတွက် အမှန်တကယ်ကိုသင့်လျော်လှသည်။ ဥယျာဉ်သည် ကျယ်ဝန်းပြီး လျှပ်စစ်မီးဖိုတစ်ခုရှိကာ ပါဝင်ပစ္စည်းများကို စားပွဲပေါ်တွင် ခင်းကျင်းထားသည်။ သူ မနေ့ကစားခဲ့သော ဘူဖေးနှင့်တောင် တူသည်။
ဘူဖေးစားတာထက် ပိုကောင်းတာက အသားကင်ပေးဖို့  ကူညီပေးတဲ့လူတွေ ရှိနေတာပင်။
ယွီကျစ်ယွီ အသားကင်အနံ့ကို ရူသွင်းလိုက်ပြီး လောဘတကြီးဖြစ်လာသော်လည်း ဖူဟန်ဆီ အရင် ပြေးသွားနေတုန်းပင်။
"လောင်ကုန်း~"
ဖူဟန်သည် စာအုပ်တစ်အုပ်ကိုဖတ်နေပြီး သူ့အသံကိုကြားသောအခါ ရပ်တန့်သွားတယ်။ နောက်သို့လှည့်ကြည့်လာတဲ့ သူ့အမူအရာက နူးညံ့နေခဲ့၏။
ယွီကျစ်ယွီက မျက်နှာချိုသွေးပြီး သူစိတ်လှုပ်ရှားတဲ့အခါ သူ့ရဲ့ပျက်စီးနေတဲ့ပါးစပ်မုဒ်ကို ပြန်ဖွင့်လိုက်သည်။
"ခင်ဗျား ကျွန်တော့်ကို စောင့်နေတာလား? အခု လေးနာရီရှိနေပြီလေ၊ ခင်ဗျားနေ့လည်စာတော့မလွှတ်သွားဘူးမလား? ခင်ဗျား ဒီနေ့အစည်းအဝေးမရှိဘူးလား ဖျက်သိမ်းလိုက်တာလား? အိုး..စကားအများကြီးမပြောနဲ့၊ ခင်ဗျား ဘာစားချင်လဲ၊ ကျွန်တော် ခင်ဗျားအတွက် ကင်ပေးမယ်လေ၊ အမဲသားက ကောင်းလား? ဒါမှမဟုတ် ကြက်ကင်လား......"
ဖူဟန်က ပြုံးပြီး မျက်မှောင်ကြုတ်လိုက်တယ်။
ဒီပါးစပ်က စားပွဲပေါ်တင်ထားတဲ့ ​နုတ်နုတ်စင်းထားတဲ့ကြက်သွန်းစိမ်းထက်တောင် ပိုပြီးပျက်စီးနေသေးတယ်။  
ယွီကျစ်ယွီ တစ်တွတ်တွတ်ပြောနေစဥ်တွင် သူ အသားကိုကြည့်နေသည်။
"ဝိုး၊ ဒီကောင်းဘွိုင်က အရမ်းကြီးတာပဲ၊ မျက်နှာပြင်အနေအထားကလည်း ဘူဖေးမှာစားတာထက် အများကြီးပိုကောင်းတယ်"
"ကင်ထားပြီးပြီ"
အသားကင်ဆရာက ပြောလာတယ်။
"မင်းဗိုက်ပြည့်အောင် အရင်စားလို့ရပြီ"
ယွီကျစ်ယွီကလည်း ယဉ်ကျေးမနေတော့ဘူး။
"ကောင်းပြီ၊ ကျွန်တော့်ကို ကြက်တောင်ပံ၊ ကြက်ပေါင်၊ အမဲနံရိုးနဲ့ သိုးသားတုံးလေးတွေ ပေးပါ... လောင်ကုန်း ခင်ဗျားရော ဘာစားချင်လဲ"
ဖူဟန်က ခေါင်းခါလိုက်ပြီး "ငါ ဗိုက်မဆာဘူး"
ယွီကျစ်ယွီက တံစို့နှစ်ခုကိုယူပြီး သူ့ဘေးတွင်ထိုင်လိုက်တယ်။
"ဒါဆို ကျွန်တော်အရင်စားလိုက်မယ်၊ ခင်ဗျား ဘာစားချင်လဲ ကျွန်တော့်ကိုပြောနော်၊ ကျွန်တော် ခင်ဗျားအတွက်ကင်ပေးမယ်၊ ကျွန်တော် ခေါက်ဆွဲချက်တာမတော်ပေမယ့် အသားကင်တဲ့စွမ်းရည်ကတော့အရမ်းကောင်းတာနော်၊ မနေ့ကဆို ကျွန်တော်အသားကင်ပြီး အားလုံးရဲ့ချီမွှမ်းမှုကိုအနိုင်ရထားတာ၊ မြောင်ဟန်နဲ့အာ့ယွီဆို အပြေးအလွှားစားဖို့ရောက်လာပြီးတော့ သူတို့ရန်ဖြစ်လုနီးပါးပဲ....."
ဖူဟန် သိပ်မပျော်တော့ဘူး။
လေအိုးလေးပြောတာက မနေ့က သူ တခြားသူတွေကို အသားကင်ပေးရတာကြောင့် လုံလုံလောက်လောက်မစားခဲ့ရဘူးဟု။ ​နောက်ပြီး အဲ့ဒီ လူနှစ်ယောက်ကရော ဘယ်သူတွေလဲ?
ဖူဟန် ထိုအကြောင်းကို ပိုတွေးလေလေ ပိုမပျော်လေလေပင်။ထို့ကြောင့် သူ စိတ်ပြောင်းသွားကာ  "အမဲသားကင်"
"အင်း?"
"ငါ့အတွက် အမဲသားကင်ပေး"
"အိုး!"
ယွီကျစ်ယွီက သူ့လက်ထဲက အကင်ချောင်းတွေကို နှစ်လုတ်သုံးလုတ်နဲ့ ရှင်းထုတ်လိုက်ပြီး ပါးစပ်နဲ့ လက်တွေကို သုတ်လိုက်ကာ သူ့အလုပ်ကိုလုပ်ဖို့ပြင်လိုက်တယ်။
"အခု သွားလိုက်မယ်"
ဖူဟန်က "အေပရွန် ဝတ်လိုက်ဦး" ဟု တိုက်တွန်းလိုက်တယ်။
"ကျွန်တော် သိတယ်!"
ယွီကျစ်ယွီက ဝမ်းသာအားရ သဘောတူလိုက်သည်။
အသားကင်ဆရာက နူးညံ့ပြီးချိုမြပုံရသော ယုန်ကာတွန်းပုံပါသော ကြိုပြင်ထားတဲ့ ပန်းရောင် အေပရွန်တစ်ခုကိုယူပေးလာသည်။
ယွီကျစ်ယွီ အံ့အားသင့်သွားပြီး အေပရွန်ကိုကိုင်ကာ ခဏလောက်ကြည့်မိ၏။
"ဘာကြောင့် ဆရာ့ဟာနဲ့မတူရတာလဲ? ဆရာ့ဟာက တစ်ခုလုံးအနက်ရောင်ဖြစ်ပြီးတော့ ပုံစံဖော်ထားတောင်မပါဘူးလေ"
ဖူဟန်က ညည်းလိုက်တယ်။ "မင်း ပန်းရောင်ကို မကြိုက်ဘူးလား?"
"ဟင့်အင်း၊ ခင်ဗျား ဘာလို့ အဲ့လိုထင်တာလဲ။"
"ချီရှီးပွဲတော်အတွက် ပန်းရောင်အိပ်ယာခင်း" ကို သတိရသွားပြီး ဖူဟန်က အံတင်းတင်းကြိတ်လိုက်သည်။
"အိုး"
ယွီကျစ်ယွီက အေပရွန်ကိုကြည့်ပြီး ရူတ်ထွေးနေသောအမူအရာဖြင့် တုံ့ပြန်လာသည်။
ဖူဟန်က ဒီလက်စားချေမှု အောင်မြင်သည်ဟု တွေးလိုက်ပြီး အလွန်ကျေနပ်သွားခဲ့သည်။
သို့သော်လည်း ယွီကျစ်ယွီက ဝတ်လိုက်ပြီး နောက်တစ်စက္ကန့်တွင် "ခင်ဗျား ကျွန်တော့်ကို ချီရှီးပွဲတော်နေ့အတွက် လက်ဆောင်လုပ်ပေးထားတာလား? ကျေးဇူးတင်ပါတယ် လောင်ကုန်း၊ ဒီအေပရွန်က အရမ်းချစ်စရာကောင်းတာပဲ၊ ယုန်ကလည်း အရမ်းချစ်စရာကောင်းတယ်"
ဖူဟန်: "....."
လေအိုးလေးက ပန်းရောင်ကို အမှန်တကယ်နှစ်သက်ကြောင်း ​ပြန်ထွက်ပေါ်လာသည်။
သို့သော်လည်း၊ ပန်းရောင်အေပရွန်ကိုနဲ့ခုန်ပေါက်နေတဲ့ လေအိုးလေးကို မြင်ရသည်မှာ ပျော်စရာကောင်းလှသည်။ လေအိုးလေးက ငယ်ရွယ်ပြီး ရိုးရှင်းသော စိတ်သဘောထားကို ပိုင်ဆိုင်ထားသောကြောင့် ချစ်စရာကောင်းသော အရာများကို နှစ်သက်ကြောင်း နားလည်နိုင်ပါတယ်။
ယွီကျစ်ယွီသည် အေပရွန်ကို ခဏကြည့်ကာ ဆိုလာလေသည်။
"ယုန်ခေါင်းကင် စားချင်တယ်"
ဖူဟန် မျက်မှောင်ကြုတ်လိုက်သည်။
လေအိုးလေးက တကယ်ကိုရိုးရှင်းပါတယ်။ သူက စားရတာကြိုက်ရုံပဲ။
ခဏနေတော့ ဖုန်းထဲကို မက်ဆေ့ဝင်လာတယ်။ ဖူဟန်သည် စိတ်အားထက်သန်နေသော လေအိုးလေးကို မကြည့်တော့ပဲ ဖုန်းကိုယူကြည့်လိုက်တော့ အာလုံးက သူ့ဦးလေးဆီကမေးခွန်းများဖြစ်နေကြောင်း တွေ့လိုက်ရသည်။
>>အစည်းအဝေးကို ဘာလို့ဖျက်သိမ်းတာလဲ>>
>>မင်းကိုယ်တိုင်ဖွင့်ခဲ့တာလား? ငါက ကုမ္ပဏီမှာ ရှိနေတုန်းပဲ၊ မင်း ဒီလို မလုပ်နဲ့!>>
ဖူဟန်နိုးလာပြီးနောက် လွန်ခဲ့သည့် နှစ်နှစ်အတွင်း ကုမ္ပဏီ၏လုပ်ငန်းအကြောင်း သူလေ့လာခဲ့သည်။ လွန်ခဲ့သည့် နှစ်နှစ်အတွင်း၊ ကုမ္ပဏီက သူ့ဘာသူရှင်သန်နေခဲ့ရပြီး ပရောဂျက်တွေကိုလည်း အဓိပ္ပါယ်မရှိသော သူ့(ရင်းရှောင်ရွီး) ထင်မြင်ချက်တွေနဲ့လုပ်ဆောင်ခဲ့ကာ စာရင်းတွေကလည်း မှားယွင်းနေခဲ့သည်။
လော့ခိုင် စီစဥ်ပေးသောအချက်အလက်များအရ စုံစမ်းစစ်ဆေးမှုရလဒ်များသည် ရင်းရှောင်ရွီးကို တိုက်ရိုက်ညွှန်ပြခဲ့သည်။
ဖူဟန်က ရင်းရှောင်ရွီးကို မမေးဘဲ ဥပဒေလုပ်ထုံးလုပ်နည်းများကို လိုက်နာရန် ရည်ရွယ်ချက်ဖြင့် တစ်စုံတစ်ဦးအား စုံစမ်းစစ်ဆေးရန်သာ ခိုင်းခဲ့သည်။ ရင်းရှောင်ရွီးက စိုးရိမ်ကြောင့်ကြနေပြီး တစ်နေ့နေ့ ကုမ္ပဏီကနေ ကန်ထုတ်ခံရမည်ကို စိုးရိမ်နေသည်။ ဒီနေ့ အစည်းအဝေးကို ဖျက်သိမ်းလိုက်ကြောင်း ကြားသိရသဖြင့် သူအမျိုးမျိုး တွေးတောနေမိသည်။
ဖူဟန်သည် စိတ်အနှောင့်အယှက်ဖြစ်သွားကာ သူ့ဦးလေးကို ဘလော့လိုက်လေသည်။
ဒီနေ့ လေအိုးလေးရဲ့မွေးနေ့ကို သူနဲ့အတူ အချိန်ဖြုန်းပေးနေတာဖြစ်ပြီး အလုပ်ကိစ္စအကြောင်းမပြောလိုပေ။
ရင်းရှောင်ရွီးလည်း ဘလော့ခံရသည်ကို သိလိုက်ရပြီး ဒေါသထွက်ကာ မိနစ်အတော်ကြာ ကျိန်ဆဲနေခဲ့သည်။
ဆူပူကြိမ်းမောင်းပြီးတာနဲ့ တစ်ခုခုမှားနေပြီဆိုတာ သိလိုက်ရတယ်။ သူ ဖူဟန်ရဲ့အမေအကြောင်း ညစ်ညမ်းစွာပြောဆိုခဲ့ပြီး ဖူဟန်၏အမေမှာတော့ သူ့ညီမပင်ဖြစ်နေသည်လေ။
ရင်းရှောင်ရွီးသည် ထပ်မံကျိန်ဆဲဖို့ကြိုးစားလိုက်သော်လည်း ကျိန်ဆဲစရာစကားရှာမတွေ့တော့ပဲ ဆွံ့အနေရ၏။
"မေ့လိုက်တော့၊ ရှောင်ကျုံး.. ဖူဟန် ကုမ္ပဏီမှာရှိမရှိ မေးဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်"
"ကျွန်တော်ကြားတာကတော့ သူတကယ်ပဲဆေးရုံမှာပဲရှိနေတာ"
ရင်းရှောင်ရွီးက ပိုလေးနက်လာသည်။
"ဒါရိုက်တာဘုတ်အဖွဲ့က သူ့ကို ထပ်ပြီး နေရာချပေးဖို့ ဟိုမှာ အစည်းအဝေးသွားလုပ်နေတာလား?"
"မဟုတ်ဘူး"
ရှောင်ကျုံးက ရှက်သွားပြီး "ဖူဟန်က ဘာဘီကျူးစားနေတာ"
"ဘာ?"
ရှောင်ကျုံးက ဒါကအရမ်းရက်စက်တယ်လို့ ခံစားလိုက်ရပြီး ရင်းရှောင်ရွီးကို ဓာတ်ပုံထုတ်ပြလိုက်တယ်။
"ဆေးရုံနဲ့ ဆန့်ကျင်ဘက် အထပ်မြင့်အဆောက်အအုံကနေ လျှို့ဝှက်ဓာတ်ပုံရိုက်ဖို့ လူတစ်ယောက်ကို လွှတ်ထားတယ်။ ဒီတစ်ခါတော့ ဥယျာဥ်ထဲက ဓာတ်ပုံက အရမ်းရှင်းနေတယ်...သူက တကယ်ပဲ အသားကင်နေတာ"
"ဘာကြောင့်လဲ?"
"ဒါက ယွီကျစ်ယွီရဲ့မွေးနေ့လို့ ကျွန်တော်ကြားတယ်"
"ယွီကျစ်ယွီ?"
ရင်းရှောင်းရွီက ကြိမ်ဖန်များစွာ ရေရွတ်ပြီးမှ သူ့အတွေးထဲမှာ ပုံရိပ်အချို့ပေါ်လာလေတယ်။
ဖူဟန်က တိုက်ရိုက်ထွက်မပြေးဘဲ စွန့်စားကာ ယွီကျစ်ယွီကိုရှာရန် ပြန်လာခဲ့သည်။ ဖူဟန်သည် အနက်ရောင်ကတ်ရဲ့ဒုတိယကတ်ကိုလည်း ယွီကျစ်ယွီအား ပေးခဲ့ပြီး ယွီကျစ်ယွီအတွက် သက်တော်စောင့်များငှားရန် ငွေများစွာသုံးစွဲခဲ့သည်။ ယွီကျစ်ယွီဟာ သတင်းထောက်တွေရှေ့မှာ ဖူဟန်နဲ့အတူ မီဒီယာအရှေ့မှာလည်းပေါ်လာခဲ့သေးသည်။
ယခုအချိန်တွင် ယွီကျစ်ယွီရဲ့မွေးနေ့ပွဲအတွက် ဖူဟန်သည် ဗုဒ္ဓဟူးနေ့အစည်းအဝေးကို အမှန်တကယ် ဖျက်သိမ်းခဲ့သည်။
ကိုယ့်မွေးနေ့ကိုတောင်ကျင်းပဖို့ အချိန်မပေးနိုင်တဲ့သူတွေက တကယ်တော့ ဒီလို တည်ငြိမ်တဲ့ နှလုံးသားမျိုးရှိတာလား?
ရင်းရှောင်ရွီး ရုတ်​တရက်​နားလည်​လိုက်​သည်​။ ယွီကျစ်ယွီ၏ဓာတ်ပုံကို ထပ်ကြည့်​လိုက်ပြီး သွားကိုပြင်းပြင်းထန်ထန်ကြိတ်လိုက်သည်။
"ဖူဟန်ကို ဘယ်လို လက်စားချေရမလဲဆိုတာကို ငါသိပြီ"
____________________________________
Zawgyi
"လောင်ကုန်း~"
"ကင်ထားပြီးပြီ"
"အင်း?"
"အိုး!"
"အခု သွားလိုက်မယ်"
"ကျွန်တော် သိတယ်!"
"အိုး"
ဖူဟန်: "....."
"မဟုတ်ဘူး"
"ဘာ?"
"ဘာကြောင့်လဲ?"
"ယွီကျစ်ယွီ?"
____________________________________
Continue Reading
You'll Also Like
3.3M 206K 90
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
1.6K 83 5
ပိုင်ဆိုင်လိုစိတ်ကြီးတဲ့ gong နဲ့ strong တဲ့ shou Author - ကြက်ဖြူ translator - hitoripann (ဟီတိုရီပန်း) Start - 18.6.2023 End -???? Part - 122
2.5K 53 37
6.4K 852 12
တစ်ချိန်တုန်းက ကမ္ဘာကျော် ဆရာဝန်တစ်ဖြစ်လဲ လူသတ်သမား လင်းဂျင်ရွှမ်သည် လက်တစ်ဖက်ဖြင့်အသက်ကယ်ပြီး ကျန်လက်တစ်ဖက်နှင့်လုပ် ကြံသတ်ဖြတ်သူဆိုပြီး အစိုးရနှင့်...