Ep - 17

850 156 6
                                    


Unicode

ဦးလေး ရောက်ရှိလာခြင်းကြောင့် ဖူဟန်၏ ပြန်လည်ထူထောင်ရေး လေ့ကျင့်မှုကို တစ်နာရီ နှောင့်နှေးစေခဲ့သည်။ ဆရာဝန်က ကောင်းတဲ့အရာလို့တွေးပြီး နွေးထွေးစွာ မတ်တပ်ရပ်ကြည့်ဖို့ပြောလာခဲ့သည်။

ဖူဟန်သည် ဆရာဝန်၏မျှော်လင့်လျက်ရှိသော အကြည့်ကို မြင်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

ဦးလေး တစ်ခုခုပြောခဲ့သေးလား! အများအားဖြင့် လေ့ကျင့်မှုသည် တဖြည်းဖြည်း နှေးကွေးပြီး ရိုးရှင်းသော လှုပ်ရှားမှုအချို့ကို ပြုလုပ်ကာ သူ့အား ယုံကြည်မှုတည်ဆောက်ရန် ကူညီပေးပြီးနောက် မတ်တပ်ရပ်လှုပ်ရှားမှုများကို စတင်စိန်ခေါ်လာခဲ့သည်။

ဆရာဝန်က သူ့သံသယတွေကို သတိပြုမိပြီး လက်ဦးမှုယူကာ ရှင်းပြလာခဲ့သည်။

"မင်းမိသားစုနဲ့တွေ့ပြီးပြီမို့ မင်းပိုပြီးစိတ်အားထက်သန်လာလိမ့်မယ် မဟုတ်လား"

ဖူဟန်က တခစ်ခစ်ရယ်လိုက်တယ်။
"မဟုတ်ဘူး၊ ဖိအားတွေ နည်းသွားရုံပဲ။ ဦးလေးက ငါ့ကို အချိန်ယူဖို့ ပြောတာ။ အဆင်သင့်မဖြစ်ရင် ငါမကြိုးစားဘူး။"

ဆရာဝန်က အံ့အားသင့်သွားတယ်။ ဆေးမှတ်တမ်းယူဖို့ လှည့်ကြည့်လိုက်တော့ သူ့ကိုယ်သူ ရေရွတ်နေတုန်းပင်။

လူနာကို အားပေးမယ်လို့ ကတိပေးခဲ့ပေမယ့် ဘာကြောင့် အချိန်ယူလို့ပြောတာလဲ။ မစ္စတာရင်းက တကယ်ကို ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့သူပဲ။

ဖူဟန်က သူ လူတွေကို စိတ်ပျက်သွားပြန်ပြီဆိုတာ သိတယ်။

ဒါပေမယ့် သူပျော်သည်။

ဆရာဝန်က သူသည် နှေးကွေးစွာ နာလန်ထနေသော လူနာတစ်ဦးဖြစ်သည်ဟု ယုံကြည်သောကြောင့် သူ့ဦးလေးသည် သူ့ကို စောင့်ကြည့်ရန် နောက်ထပ်လူများကို မစေလွှတ်တော့ပေ။အဲ့ဒါက အခုအတွက် အရမ်းကိုကောင်းတယ်။ ဦးလေး က ဒီကို ခဏခဏ လာမှာမဟုတ်ဘူး၊ သက်တော်စောင့်တွေကလည်း သူ အဝေးကိုမသွားမနိုင်ဘူးလို့တွေးပြီးတော့ အဲ့လောက် သူအာရုံမစိုက်ခံရတော့ဘူး။

ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်Where stories live. Discover now