Ep - 29

617 125 10
                                    

အခန်း (15) သဘောကျခြင်း

Unicode

ဆေးရုံထဲသို့ဝင်ပြီးနောက် ဖူဟန်သည် ယွီကျစ်ယွီကို ချက်ချင်းလွှတ်လိုက်သည်။

လွှင့်ပစ်လိုက်သလိုမျိုး မြန်လွန်းတယ်။ လက်နှစ်ဖက်က အကြာကြီးကိုင်ထားပြီး တစ်ယောက်ရဲ့ ခန္ဓာကိုယ် အပူချိန်ကို တစ်ယောက် လိုက်လျောညီထွေ ဖြစ်အောင် ထိန်းထားရသည်။သူတို့အချင်းချင်း ထိတွေ့နေရကာ အပူကြောင့်  ချွေးအနည်းငယ်တောင် ထွက်ကုန်ကြတယ်။

ယွီကျစ်ယွီ တခဏတာ အံ့ဩသွားပြီး "လောင်ကုန်း...."

ဖူဟန်သည် တချက်ကြည့်ကာ အနည်းငယ်စိုးရိမ်သွားသည်- လေအိုးလေးသည် နုံအသော စိတ်ထားရှိပြီး သူ့ကို ကြိုက်ကြောင်း နေ့တိုင်း အော်ပြောနေတတ်သည်။ ဒါက သရုပ်ဆောင်နေကြောင်း သူသိနေရင်တောင်မှ ချစ်မိသွားနိုင်သည်။ အခုတော့ လေအိုးလေးက အရည်ဝိုင်းနေတဲ့မျက်လုံးတွေနဲ့ ငိုတော့မည့်ပုံနှင့်တူနေ၏။

သူ ရှင်းပြလိုက်ရမလား? ဖူဟန် တုံ့ဆိုင်းသွားသည်။

ရုတ်တရက်၊ ယွီကျစ်ယွီ အပြေးအလွှား ရောက်လာပြီး သူ့ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လာသည်။
"ခင်ဗျား နေထိုင်မကောင်းသလိုခံစားနေရလား? ကျွန်တော် ကူညီပေးမယ်!"

ဖူဟန် : "......."

ဒါကို ထောက်ပံ့ပေးတာလို့ ခေါ်တာလား?

ဒီလောက် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားဖို့ မလိုဘူးလေ။

လော့ခိုင်က ပထမဆုံးတုံ့ပြန်ပြီး ယွီကျစ်ယွီကို ဘေးကိုချော်စေလိုက်သည်။
"မင်းဘာလုပ်နေတာလဲ၊ အခု သတင်းထောက်မရှိတော့ဘူး၊ မင်း ခပ်ခွာခွာနေ!"

ယွီကျစ်ယွီဟာ လော့ခိုင်လောက်မသန်မာတဲ့အတွက်​ကြောင့် သူဘေးကိုသာခြေလှမ်းရွှေ့လိုက်နိုင်တယ်။

"ကျွန်တော့်လောင်ကုန်းကို ကျွန်တော်အရမ်းဂရုစိုက်ပါတယ်နော်၊ သတင်းထောက်တွေကို ပြဖို့ပဲမဟုတ်ဘူး၊ သူတို့ ဒီမှာမရှိလည်း ကျွန်တော် ဂရုစိုက်တယ်"

လော့ခိုင်သည် နားထောင်ဖို့ စိတ်အခြေအနေမရှိပဲ ဖူဟန်ဘက်သို့လှည့်လိုက်သည်။
"ဘော့စ်၊ မင်း လှည့်စားလိုက်တာ တကယ်မိုက်တယ်"

ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်Where stories live. Discover now