Ep - 10

1.1K 197 6
                                    

Unicode

အခန်း (၁၀) ပါတနာ

"မဟုတ်ဘူး!"
ဖူရွင်း ဝှေ့ယမ်းလိုက်ပြီး ဒေါသတကြီးပြောလာခဲ့တယ်။
"ယွီကျစ်ယွီကို ဒီကိုခေါ်ဖို့ ကူညီပေး"

သူနာပြုက ဖူရွင်းဒေါသတကြီး ဝှေ့ယမ်းတဲ့လက်နဲ့အရိုက်ခံရမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။

ယွီကျစ်ယွီ အရမ်းဒေါသထွက်သွားခဲ့တယ်။

သူနာပြုက သူ့ကို ကော်ဖီဆိုင်ကတ်ရဖို့ ကူညီပေးပြီး အနီးနားက အရသာရှိတဲ့ စားသောက်ဆိုင်တွေကိုပြောပြပေးတဲ့ သဘောကောင်းတဲ့အမျိုးသမီးပဲ!

ယွီကျစ်ယွီ သည်းမခံနိုင်တော့ပဲ အပြေးအလွှားသွားလိုက်သည်။
"ဟေး! ခင်ဗျား ဘာကြောင့် လူကိုရိုက်နေတာလဲ!"

ဖူရွင်းပြုံးလိုက်ပြီး "မင်းတကယ် ဒီမှာပဲ"

သူနာပြုရဲ့လက်မောင်း နီနေတာကိုတွေ့လိုက်ရတဲ့အခါ ယိီကျစ်ယွီ အရမ်းဒေါသထွက်သွားတယ်။
"ခင်ဗျား တစ်ယောက်ယောက်ကိုရိုက်ရဲတယ်! မြန်မြန် တောင်းပန်လိုက်!"

ဖူရွင်း မတ်တပ်ရပ်ပြီး သူ့ကိုယ်ပေါ်ရှိဖုန်များကို ခါလိုက်ကာ မဆိုင်းမတွပြောလိုက်တယ်။
"ဖူဟန် ဘယ်လိုလဲ"

ယွီကျစ်ယွီ မကြားသလိုဟန်ဆောင်ကာ သူ့ကိုယ်သူ စကားတွေစလွှတ်တော့သည်။
"ခင်ဗျား ကျွန်တော့စကားမကြားဘူးလား? ဒါကအရမ်းသနားစရာကောင်းတာပဲ..အသက်50မှာပဲ နားထိုင်းနေပြီ..အာ..ခင်ဗျားရဲ့နားကိုပြဖို့ ဒီရောက်လာတာလား? ကျွန်တော် ခင်ဗျားကိုနားလည်ပါတယ်..ခင်ဗျားရဲ့ နားတွေမကောင်းရုံသာမက ခင်ဗျားရဲ့ ဦးနှောက်ထဲမှာလည်း အရွယ်အစားကျုံ့နေတဲ့အပ်တွေ ရှိနေတာလား..အိုး! ခင်ဗျားမှာနှလုံးမရှိဘူး?အသည်းမရှိဘူး? ဒါမှမဟုတ် အဆုတ်မရှိဘူး? ပြီးတော့ ခင်ဗျားရဲ့အစာအိမ်ထဲမှာ အူသွားလမ်းကြောင်းလည်းမရှိဘူး? ခင်ဗျားရဲ့ပါးစပ်ကနေ အူမကြီးအထိ ပွင့်နေပြီး နေ့တိုင်းလူတွေကို လိုက်ဖြန်းနေ......."

ယွီကျစ်ယွီက လျင်မြန်စွာပြောနေသော်လည်း သူ့ရဲ့စကားသံထုတ်မှုက ကြည်လင်ပြီး အားကောင်းလှသည်။

ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်Where stories live. Discover now