တရားဝင်သမီး လက်ထပ်ထိမ်းမြားခြ...

By Swae_Nyoe

138K 11.6K 95

ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက... More

Description
Part 1
Part 2
Part 3.1
Part 3.2
Part 4.1
Part 4.2
Part 5.1
Part 5.2
Part 6.1
Part 6.2
Part 7.1
Part 7.2
Part 8.1
Part 8.2
Part 9.1
Part 9.2
Part 10.1
Part 10.2
🥰🥰တယ်လီဂရမ်ဂရုလေးရရှိပြီ ဖြစ်ပါကြောင်း
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36.1
Part 36.2
Part 37.1
Part 37.2
Part 38.1
Part 38.2
Part 39.1
Part 39.2
Part 40.1
Part 40.2
Part 41
ဗီလိန်အတုမှ အမြောက်စာဇာတ်ကောင်သို့... အစအဆုံးပြီးဆုံးကြောင်း...
Part 42
Part 43
Part 45
Part 46
Part 47
Telegram ကို လာခဲ့နော်
Part 48
Part 49
Completed in Telegram
Part 50
Part 51.1

Part 44

1.1K 117 1
By Swae_Nyoe

44 01

Ch 44

part 1

ကျန်းယွမ်ပိုင်က မင်ယီကျောင်းတော်မှာကျန်းလီကို တက်ဖို့ခွင့်ပြုလိုက်တဲ့အကြောင်းက အလျင်အမြန်ဘဲ ကျန်းအိမ်တော်တစ်ခုလုံးကို ပျံ့နှံ့သွားပြီးပြီ။

ဒုတိယမိသားစုက လုရှီနဲ့ ကျန်းယွမ်ဖင်းတို့က ဒီအကြောင်းကို ဆွေးနွေးနေကြတယ်။

"အကြီးဆုံးအစ်ကိုက ဘာတွေ စဥ်းစားနေတာလဲ ကျန်းလီကို အဲ့ကိုဘယ်လိုတောင်ပို့နိုင်ရတာလဲ သူမသာ ဝင်ခွင့်ရသွားလို့ရှိရင် အဲ့ကသခင်မလေးတွေ အားလုံးက နောက်ကွယ်မှာ မြေကြီးလက်ခတ်မလွဲ အတင်းပြောကြတော့မှာ သူ့ကို အနိုင်တောင် ကျင့်ကြဦးမယ် အဲ့လိုဆို ကျွန်မတို့အိမ်တော်ပဲ သိက္ခာကျမှာ"

လုရှီကမွေးကတည်းက အလိုလိုက်ခံရပြီး ကျန်းယွမ်ဖင်းကလည်း အမြဲတစေ ပြုံးနေတတ်တဲ့ ဖော်ရွေတဲ့လူမျိုးဆိုတော့ သူတို့နှစ်ယောက်က စကားပြောကြတဲ့အခါ သက်တောင့်သက်သာ ပေါ့ပေါ့ပါးပါးပဲ။ လုရှီရဲ့ ပထမပိုင်းစကားတွေက ကျန်းလီကို စိတ်ပူပေးသလိုဆိုပေမယ့် နောက်ပိုင်းစကားတွေကကျ ကျန်းအိမ်တော်ကို အရှက်ရအောင် လုပ်လို့အပြစ်တင်ချင်နေတဲ့ပုံနဲ့ သူမ အကောင်းပြောတာလား အဆိုးပြောတာလား ဝေခွဲမရဘူး။

"အကြီးဆုံးအစ်ကိုမှာ သူ့အကြံနဲ့သူ ရှိပါတယ် မင်းက ဘာလို့အကြောင်းအကျိုးမမြင်ပဲ ပြောနေတာလဲ"

ကျန်းယွမ်ဖင်းက ရေနွေးကြမ်းကို ပါးစပ်အပြည့် အေးအေးလူလူနဲ့ သောက်လိုက်တယ်။

"ငါတို့မှာ သမီးမှ မရှိတာ"

"အမှန်ပဲ"

လုရှီကပြောတယ်။ "ကျွန်မတို့မှာ သမီးမရှိတော့ မျက်နှာပျက်စရာရှိ သူတို့ပဲပျက်မှာ ဒါပေမယ့် ကျန်းလီက ကိုင်တွယ်ရခက်မယ့်လူမျိုး ပြန်ရောက်တာ ဘယ်လောက်မှတောင်မရှိသေးဘူး သခင်မကျိကို မျက်နှာပျက်အောင် လုပ်ပြီးသွားပြီ သူကဒါတွေအကုန်လုံးကို အရင်ထဲက စီမံထားခဲ့ပုံပဲ ဘာတွေဘယ်လိုထပ်ရှိမလဲဆိုတာတော့ မသိနိုင်ဘူး သခင်မကျိလိုလူမျိုးက အရင်က ဘယ်သူ့ဆီကမှ ဒီလိုလုပ်ခံရတာ မတွေ့ဖူးဘူး"

လုရှီရဲ့ လေသံအနေအထားအရ သူနဲ့ကျိရှုးရန်တို့ရဲ့ဆက်ဆံရေးကနောက်ကွယ်မှာ လူတွေမြင်ရတဲ့ အပေါ်ယံလောက် ကြည်ကြည်သာသာ မရှိဘူးထင်တယ်။

"သူ့အကြောင်း စိတ်ထဲ ထားမနေနဲ့တော့ ကမ္ဘာကြီးက ငြိမ်းချမ်းနေပါသေးတယ်"

ကျန်းယွမ်ဖင်းက လက်ကိုဝှေ့ယမ်းကာ အေးအေးဆေးဆေး ပြောတယ်။

ဝမ်ဖုန်းခန်းမကြီးထဲမှာ ကျန်းသခင်မကြီးကလည်း သူ့သားနဲ့ ဒီအရေးကို ဆွေးနွေးနေကြတယ်။ သူမက ပြောတယ်။

"ယွမ်ပိုင် တကယ်ပဲ မင်းဘာတွေတွေးနေတာလဲ"

"အမေ လီအာက ၁၅နှစ်တောင် ဖြစ်နေပြီ သာမန်ကလေးတွေက ၁၅နှစ်ပြည့်ရင် ကျောင်းတက်လို့ရပြီ အိမ်ရှေ့စံက အသက်၈နှစ်မှာ စပညာသင်နေပြီး အကြီးတန်း ရာထူးမြင့်အိမ်တော်က ကလေးတွေဆို ၁၀နှစ်ပြည့်တာနဲ့ သင်ယူနေကြပြီ လီအာက ကျောင်းတက်ဖို့ နည်းနည်း နောက်ကျနေပြီဆိုပေမယ့်လည်း သူ့အသက်က အခုသာမန်အိမ်က ကလေးတွေနဲ့ ရွယ်တူတောင် ဖြစ်နေပြီ"

ကျန်းသခင်မကြီးက သူ့ကိုကြည့်ပြီး ပြောတယ်။ "ငါအဲဒါကို မေးနေတာ မဟုတ်ဘူးဆိုတာ မင်းသိပါတယ် သူကျောင်းတက်ရတဲ့ အရွယ်က ဘယ်လောက်ရှိရှိ အရေးမကြီးဘူး"

"အမေ လီအာက အမှားလုပ်ခဲ့ဖူးပေမယ့် အခုချိန် သူ့အမှားသူ ပြန်ပြင်ဖို့ အရမ်း နောက်မကျသေးပါဘူး အဲဒါလေး တစ်ခုကြောင့်နဲ့ ကျွန်တော်တို့ သူ့အနာဂတ် တက်လမ်းကိုတော့ မပိတ်ပင်သင့်ဘူးလေ"

သူမက မျက်လွှာချရင်း ခဏငြိမ်နေတယ်။ သူဘာတွေးနေလဲဆိုတာ ဘယ်သူမှမသိနိုင်ဘူး။ ခဏနေတော့မှ

"အင်း မင်းဆုံးဖြတ်ပြီးသွားပြီဆိုလည်း အဲ့အတိုင်းပဲ လုပ်ပါလေ ကျန်းကျူး"

သူ့ဘေးက အစေခံမလေးကို လှမ်းခေါ်ရင်း ပြောတယ်။

"စာကြည့်ခန်းထဲကိုသွား အဲ့ကသိုလှောင်ရုံထဲက ခရမ်းသစ်သားနဲ့လုပ်ထားတဲ့ စာရေးကိရိယာ လေးခု သွားယူပြီး မိန်းကလေး၂ဆီပို့ပေးလိုက်" ကျန်းကျူးက အမိန့်ရတာနဲ့ အလျင်အမြန်ဘဲ ထွက်သွားတယ်။ ကျန်းယွမ်ပိုင်က ဒါကိုမြင်တော့မှ အသက်ရှူချောင်သွားရတယ်။

သူက ထွက်မသွားခင် သခင်မကြီးနဲ့ ကျောင်းဝင်ခွင့်ကိစ္စတွေ အနည်းငယ် ပြောသွားသေးတယ်။ သူ ထွက်သွားပြီးတာနဲ့ ဘေးက ဖိန်းစွေ့ကမေးတယ်။

"သခင်မကြီးက မမလေး၂ကို အဲ့မှာ မတက်စေချင်လို့လား"

"ငါသာ မတက်စေချင်ရင် သူ့ကိုအဲ့ပစ္စည်းတွေ ပို့ပေးပါ့မလား"

ကျန်းသခင်မကြီးက ဒါတွေပို့ပေးတယ်ဆိုထဲက သူက ကျန်းလီကျောင်းတက်မယ့်အရေးကို ထောက်ပံ့ပေးတာလို့ ယူဆလို့ရတယ်။ တခြားမိသားစုဝင်တွေက ဒါကိုသတိထားမိတော့ သူတို့မှာ မတူညီတဲ့အမြင်တွေရှိတာတောင် ထုတ်မပြောရဲတော့ဘူး။ ဖိန်းစွေ့က ပဟေဠိဖြစ်သွားတယ်။

"ဒါဆို....."

"ယွမ်ပိုင်က ငယ်ငယ်ကတည်းက သိပ်နက်နဲတဲ့လူစားမျိုးပဲ မိန်းကလေး ၂ကို သူ တစ်ခုခုအတွက် အသုံးချမှာကိုပဲ ငါစိုးမိတယ်"

သူမက သက်ပြင်းရှည်ကြီး ချလိုက်ရင်း

"ဒါပေမယ့်လည်း လက်ရှိ မိန်းကလေး ၂က တခြားသူရဲ့အသုံးချခံတော့ အဖြစ်ခံမှာ မဟုတ်ပါဘူးလေ အိမ်တော်ကို မငြိမ်းချမ်းစေမယ့် သားအဖနှစ်ယောက်ကြား မလိုမုန်းထားတာတွေ ဖြစ်လာမှာပဲ ငါကြောက်တယ်"

..........

part 2

အနောက်ဆောင်တွင်>>>

*ခွမ်း*

44 02

ကျန်းယို့ရောင်က ရေနွေးကရားကို ပစ်ပေါက်ခွဲလိုက်တာ ဖြစ်တယ်။ ကျန်းယွီအာက သူခွဲလိုက်တဲ့ ကရားအပိုင်းအစတွေကိုကြည့်ရင်း တွေးလိုက်တယ်။ ဒါက အပြင်မှာဆို တစ်လုံးကို ငွေတုံး၁၀၀လောက် ပေးဝယ်ရတာကို သူကနည်းနည်းလေးတောင် ဂရုမစိုက်ပဲ ခွဲပစ်လိုက်တယ်။

"ကျန်းလီ! သူက တကယ်ဘဲ အဖေ့ကို ဘာတွေပြောလိုက်လို့ အဖေက ခွင့်ပြုပေးလိုက်ရတာလဲ"

သူမက ကျန်းယွိယန်နဲ့ ကျန်းယွီအာတို့ရှေ့မှာဆို ဘယ်တော့မှ သူ့ဒေါသကိုမထိန်းဘူး။ ကျန်းယွိယန်က ထုံးစံအတိုင်း ကြောက်နေပေမယ့် ကျန်းယွီအာကတော့ တုန်လှုပ်ခြင်းအလျင်းကင်းစွာ ပြောလိုက်တယ်။

"ကျန်းလီက ဦးလေးတစ်ကို တစ်ခုခု ပြောလိုက်တာဖြစ်မယ် ဒီကျန်းလီက တကယ့်ကို မရိုးမသားနဲ့ သူကရောက်တာတောင် မကြာသေးဘူး ဦးလေးတစ်က သူ့ဘက် ယိမ်းယိုင်သွားပြီ အော် ဟုတ်သား"

သူမက ကျန်းယို့ရောင်ကို ထပ်ဆွချင်ပုံနဲ့

"ဘွားဘွားကလည်း တတိယမမ, လိုချင်လို့ တောင်းပေမယ့် မပေးတဲ့ ဟိုစာရေးကိရိယာတွေကိုလည်း ကျန်းလီကို ပေးလိုက်သေးတယ်တဲ့ သူကတကယ် မရိုးရှင်းဘူး ဦးလေး(၁)ကို အပျော့ဆွဲနဲ့ရအောင်လုပ်ယူသွားတဲ့ အပြင် ဘွားဘွားကလည်း သူ့ကိုအရေးပေးနေပြီ"

ဒါကိုကြားတော့ ကျန်းယို့ရောင်က ထိတ်လန့်ကြောင်အသွားပြီး အတည်ပြုဖို့ ထပ်မေးတယ်။ "အဲ့ဒါ တကယ်လား ဘွားဘွားက သူ့ကို တကယ် ပေးလိုက်တာလား"

"ဒါပေါ့ ဝမ်ဖုန်းခန်းမထဲက လူတွေအကုန်မြင်တယ်"

"ဒီမိန်းမပျက်ကတော့" သူမက တော်တော်ဒေါသ ထွက်သွားတယ်။ အရင်ထဲက သူ အဲဒါကို ကြိုက်လွန်းလို့ ကျန်းသခင်မကြီးဆီက ခဏခဏ တောင်းခဲ့ပေမယ့် အငြင်းပဲခံလိုက်ရတယ်။ အခု ကျန်းလီကိုကျ ဒီတိုင်းပေးပစ်လိုက်တာက သူမက ကျန်းလီနဲ့မယှဥ်နိုင်လို့ဆိုတာနဲ့ အတူတူပဲလေ အဲ့ဒါက သူ့မျက်နှာကို ဖြတ်ရိုက်လိုက်တာနဲ့ မခြားဘူး။

"မဟုတ်လောက်ပါဘူး ငါအမေ့ကို သွားရှာမယ် ကျန်းလီကို ကျောင်းတက်ခွင့် လုံးဝ ပေးလို့မဖြစ်ဘူး" ကျန်းယို့ရောင်က ထွက်သွားဖို့လုပ်တာကို ကျန်းယွီအာက လှမ်းတားလိုက်တယ်။

"တတိယမမ ဦးလေး(၁)ရော ဘွားဘွားရော ခွင့်ပြုလိုက်ပြီဆိုမှတော့ ကျန်းလီက သေချာပေါက် တက်ခွင့်ရသွားတာပဲလေ မမအခုမှ သွားပြောနေတော့ရော ဘာထူးမှာလဲ ကျွန်မအထင်တော့ သူ မင်ယီကျောင်းမှာ တက်မယ်ဆိုတာက သူ့ကိုယ်သူ စိတ်ကြီးဝင် အထင်ကြီးလွန်းနေတာပဲ သူ တွေးမိမှာ မဟုတ်ဘူး အဲ့မှာမျိုးရိုးမြင့် သခင်မလေးတွေ ဘယ်လောက်များလဲဆိုတာ ပြီးတော့ ဘယ်သူမှ သူနဲ့ဆက်ယှက်ချင်ကြမှာ မဟုတ်ဘူး ဒါ့အပြင် သူ့ရဲ့သင်ယူနိုင်စွမ်းကလည်း နိမ့်တော့ သူဘယ်လောက် ရယ်စရာဟာသကြီး ဖြစ်လိမ့်မလဲဆိုတာ တွေးကြည့်လိုက် အဲ့ခါကျ သူက တခြားသူတွေရဲ့ အလှောင်ပြောင်ခံ တတိယမမရဲ့ နောက်လိုက်အဖြစ် နှိမ့်ချဆက်ဆံခံရမှာ မဟုတ်ဘူးလား"

သူပြောတာတွေက အကြောင်းသင့်တယ်လို့ ယူဆပြီး ကျန်းယို့ရောင်က တည်ငြိမ်စပြုလာတယ်။

"အဲ့လိုဆိုရင်တောင် သူကအမြဲ ငါ့ထက်ပိုသြဇာရှိနေတာက လူကို တကယ် သည်းမခံနိုင်အောင် ဖြစ်စေတယ်" သူမက ကျန်းလီ မင်ယီကျောင်းရဲ့ ဆန့်ကျင်ဘက်က အင်ပါယာကျောင်းတော်ရှိ ကျိုးယန်ပန်ကို တစ်ခုခု သွားလုပ်လိုက်မှာကို တွေးရင်း အတော်လေး စိတ်မသက်မသာနဲ့ ပူလောင်လာတယ်။

"တတိယမမ အကြံကောင်းတွေက တစ်ခဏတာ စိတ်မရှည်မှုကြောင့် ပျက်စီးသွားတတ်တယ်နော်" ကျန်းယွီအာက ပြုံးပြုံးလေးနဲ့ ပြောတယ်။

သူတို့ဟာ ကျန်းယို့ရောင် တည်ငြိမ်သွားတော့မှ ထွက်လာရင်း လမ်းမှာ ကျန်းယွိယန်က သူ့ညီမကို မေးတယ်။

"ညီမလေး နင်ဘာလို့ ဒုတိယမမနဲ့ တတိယမမကြား သွေးထိုးပေးနေတာလဲ"

ကျန်းယွီအာက သရော်ဟန် ပြောတယ်။ "ဘယ်သူက သူ့စွမ်းရည်တွေကို အဲ့လောက် အထင်ကြီးခိုင်းထားလို့လဲ"

တတိယမိသားစုက နဂိုထဲက သာမန်လူတွေလောက်ပဲရှိတဲ့ အင်အားနည်းတဲ့မိသားစု။ သူတို့တွေ မင်ယီကျောင်းတော်မှာ တက်ခွင့်ရတာကလည်း သူ့အဖေ ကျန်းယွမ်ရှင်းက ကျန်းယွမ်ပိုင်ကို အမြဲတစေ အကြိုက်လိုက်ပြီး သင့်မြတ်အောင်နေလို့ပဲ ဖြစ်တယ်။ ကျန်းယွီအာက ဘဝင်ကိုင်ပြီး ကိုယ့်ကိုယ်ကိုယ် တန်ဖိုးလည်းထားတယ်။သူ့နှလုံးသားက စိတ်ကြီးဝင်ပုံက မိုးထိမြင့်ပြီး သူက တခြားသူတွေထက် အမြဲတစေ ပိုတော်ပိုတက်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ သူက သင်ယူနိုင်စွမ်းရှိပြီး အရည်အချင်းလည်းရှိတယ် အမှန်အတိုင်းပြောရရင် ကျန်းအိမ်တော်တစ်ခုလုံးမှာ သူက စာပေပညာမှာ အထူးချွန်ဆုံး လို့ပြောလို့ရတယ်။

44 03

ကျန်းယို့ရောင်ကတော့ အဲ့လောက် စာမတော်လည်း သူက တစ်အိမ်လုံးရဲ့ ပုလဲလုံးလေးဆိုတာ မပြောင်းလဲသွားဘူး။ ဒါပေမယ့် ကျန်းယွီအာကတော့ သူ့နာမည်ရဖို့အတွက် ဒီဂုဏ်ပုဒ်ကို လိုတယ်။ ဒါက သူမဂုဏ်ယူရတဲ့ တစ်ခုတည်းသော အရာပဲ။ အဲ့ဒါကြောင့် အရည်အချင်းချင်း ယှဥ်မယ်ဆို ကျန်းလီက ဘယ်လောက်ပဲ တရားဝင်သမီးဖြစ်ဖြစ် သူ့ခြေထောက်အောက်မှာပဲလို့ သူက ထင်နေတယ်။

အခု ကျန်းယွမ်ပိုင်က သူ့ကို ကျောင်းတက်ခွင့် ပေးလိုက်ပြီဆိုတော့ အိမ်တော်က သခင်မလေး ၄ယောက်လုံးက ညီတူညီမျှ ဖြစ်သွားပြီ။ အရင်တုန်းက သူ့အောက်ကသူက ရုတ်ခြည်း သူနဲ့အဆင့်တူထိ လိုက်မှီလာပြီ။ ဆိုတော့ အရင်က သူ့မှာ ရှိနေတဲ့ စိတ်ကြီးဝင်မှုတွေက ပျောက်ချင်းမလှ ပျောက်သွားပြီး အဲ့လိုဖြစ်အောင် လုပ်လိုက်တဲ့ တရားခံက ကျန်းလီပဲ။ ကျန်းလီသာ သူ့ထက်ညံ့မယ်ဆိုရင် သူအရင်လို မော်ကြွားလို့ ရသေးတယ်။

ကျန်းလီနဲ့ ကျန်းယို့ရောင်က ရေနဲ့မီးလိုပဲ။ သူတို့ကြား နည်းနည်လောက်ရှို့ပေးလိုက်တာနဲ့ မရေမတွက်နိုင်တဲ့ ပြဿနာတွေက ဆက်တိုက်ဆိုသလို ဖြစ်သွားနိုင်တယ်။

သူကဘေးကနေ အဲ့အခြေအနေထိရောက်အောင် ဝင်ကလိပေးလိုက်ရုံပဲ။

+++++

Telegram မှာ အပိုင်း ၁၄၆အထိ ရောက်ပါပြီနော်။

ဒီနေ့က ပရိုမိုးရှင်း နောက်ဆုံးရက်ပါနော်။

Continue Reading

You'll Also Like

20.7K 1.8K 28
ယုမန်မန်သည် ဥက္ကဌရဲ့ ထွက်ပြေးသွားသောသတို့သမီးဝတ္ထုထဲက " ဘန်းကိတ် ၊ မီးဖိုထဲက ဘန်းကိတ် " အဖြစ်သို့ ကူးပြောင်းလာခဲ့တယ်။ သူ့(မ)အမေက သန်မာပြီး သိမ်...
174K 24.8K 108
Name - Fisherman Author - Island in the World Chapter - 82 parts main Mc /MC Gong ၊ Transmigration ၊ rag to rich ၊ Male prag ၊ sweet and warm ၊ no...
229K 23.6K 106
ဘာသာပြန်သူ - စွဲညို့အသင်း
134K 12.8K 199
book 1 ကို ဒီအကောင့်မှာ ရှာဖတ်လို့ရပါတယ်