Players

Von SummerMaung

832K 26.2K 1.2K

"Real lifeမှာ စကေးကြမ်းလွန်းတဲ့ စနိုက်ကြော်ဆိုတာမရှိဘူး ပျော်ဝင်သွားတဲ့ယောကျာ်းဆိုတာပဲရှိတယ်" "ခေါင်းလေးပဲညိတ... Mehr

Intro
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42 Unicode
42 Zawgyi code
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65

26

4.8K 224 5
Von SummerMaung

💛 Players ( Part - 26 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"သမီးလေး အသားတွေပြန်ဖြူလာပြီပဲ"

မာမားက ခရာ့ဆံပင်လေးတွေကိုသပ်ပြီး တစိမ့်စိမ့်ကြည့်ရင်းပြောလာတော့ ခရာကျေနပ်သွားကာ မျက်လုံးလေးတွေမှိတ်ကျသွားသည်အထိ ပြုံးလိုက်၏။
ခရာရောက်တာစောသေး၍လားမသိဘဲ ပါပါးကအိမ်မှာမရှိ။

ပါပါးက မြို့ထဲမှာ ကားshowroomတွေဖွင့်ထား၍ အများအားဖြင့်တော့ အလုပ်မများဘဲ တစ်ခါတစ်လေတော့လည်း အလုပ်သိပ်များသည်။
သို့သော် ဖေကြီးလောက်လည်းအလုပ်မရှုပ်တာမို့ ခရာသည် ဖေကြီးလက်ပေါ်ထက် ပါပါးလက်ပေါ်မှာ ကြီးပြင်းခဲ့ရသူဖြစ်သည်။
ဒါကြောင့်လည်း အဖေတစ်ယောက်လို ပါပါးဟုသာ ခေါ်ခဲ့သည်လေ...

"အလုပ်ကရော အရမ်းပင်ပန်းလား မင်းထက်ကတော့ သမီးကိုပြောမရလို့တဲ့ ညည်းသွားတယ်"

"အခုမှ ခရာလုပ်ချင်တာလေး လုပ်ရတာပါ မာမားရယ် ဆိုဒ်ကလည်းပြီးတော့မှာပါ ဆိုဒ်ပြီးရင် ခရာSingaporeပြန်တော့မှာ ဖေကြီးက မလေးကိုပြောင်းရမယ်လို့လည်းကြားတယ် ခရာတော့ဘယ်လိုနေရဦးမလဲ မသိပါဘူး"

"ဒီမှာပဲနေလေ သမီးရဲ့"

"ဟင့်အင်း မနေချင်ပါဘူး ခရာ USမှာ ကျောင်းတက်ချင်သေးတယ်"

"တော်ပါတော့သမီးရယ် ဘွဲ့လက်မှတ်တွေစုနေသလား အောက်မေ့ရတယ် အိမ်ထောင်ပြုဖို့မစဥ်းစားသေးဘူးလား အရွယ်ရောက်နေပြီကို"

ခရာ့ကိုချည်ထားချင်သောကြိုးတစ်ချောင်းမို့ မာမားစကားကြောင့် ခရာသည် မျက်နှာကိုတမင်ရှုံ့တွပစ်လိုက်ကာ ခေါင်းကိုပြုတ်ထွက်မတတ် ခါယမ်းပစ်သည်။
မာမားက ခရာ့ခေါင်းကိုဖိကိုင်ကာ စူပုတ်ပုတ်ဖြစ်နေသောမျက်နှာကို ငုံ့ကြည့်လာရင်း...

"ခါမနေနဲ့ နောက်တစ်ခါအိမ်လာရင် ကောင်လေးကိုပါခေါ်ခဲ့ ကြားလား"

"မာမားက ခရာ့ကို အိမ်မလာနဲ့လို့ပြောလိုက်တာနဲ့ အတူတူပဲ"

"မတူပါဘူး"

"တူတူပါပဲ တော်ပြီ ခရာ ပါပါးကိုမစောင့်တော့ဘူး စာတမ်းရေးဖို့ လိုတဲ့dataစုရဦးမှာမို့"

"ဟုတ်ပါပြီရှင် စိတ်ကောက်ပြီးမလာဘဲမနေနဲ့ဦး သမီးကိုလူကြုံပါးရဦးမယ် ဒါလေးယူသွားပေး"

မာမားက စက္ကူစာအိတ်ကြီးတစ်လုံးကို မေးဆန်ပြနေ၍ ဘာများလဲဟု ခရာလှမ်းယူလိုက်သည်။
ကိုင်ကြည့်မိတော့လည်း နည်းနည်းလည်းလေးတာမို့ ဘာလဲဟု ပြူးပြူးပြဲပြဲဖွင့်ကြည့်မိတုန်း...

"ဧည့်ခန်းထဲကဓာတ်ပုံတွေပါ ခရာလေးရဲ့ အရောင်တွေမှိန်နေလို့ အရောင်ပြန်တင်ဖို့လေ မာမားဓာတ်ပုံတိုက်ကိုဖုန်းဆက်ထားတယ် ခရာကဝင်ပေးခဲ့ရုံပဲ ရရဲ့လား"

"ရပါတယ် ပိုက်ဆံပေးလိုက်လည်းဖြစ်တယ် ပိုတာခရာဘုံးပစ်မယ်"

"ဘုံးစရာမလိုပါဘူးရှင် သမီးလိုချင်ရင် သမီးပါပါးကရော ဒီမာမားကပါ Openပါ သမီးသုံးဖို့မရှိတော့လို့လား"

"အလကားစတာပါ ဖေကြီးမပြန်ခင်က ခရာ့အကောင့်ထဲထည့်ပေးသွားသေးတယ် အပေါဆုံးကငွေပဲ"

ခပ်ကြွားကြွားလေးပြောရင်း ဓာတ်ပုံအိတ်ကြီးကိုပွေ့ဖက်ရင်းထရပ်တော့ မာမားက ခရာ့ကိုကားနားအထိလိုက်ပေးသောကြောင့် ခရာ မေကြီးကိုသတိရလိုက်သည်။
ဖေကြီးပြန်သွားကတည်းက အိမ်ကိုဖုန်းမဆက်ရသေးတာကိုလည်း သတိရသွားပြီး မာမားကိုနှုတ်ဆက်ကာ ပြန်လာခဲ့သည်။
မေကြီးကရော ဖေကြီးနဲ့စပ်မှတူမတော်သည့် မရာ့ကို ခုလိုချစ်ပေးရဲ့လားမသိ...

💛💛▫▫▫💛💛

စာတမ်းရေးဖို့ Laptopရှေ့ရောက်နေပေမယ့် ဘာကိုမှစိတ်မဝင်စားနိုင်ဘဲ လေးပင်နေဆဲစိတ်ကြောင့် မရာ့ဆီဖုန်းခေါ်ဖို့စိတ်ကူးဖြစ်သွား၏။
ကိုကြီး တကယ်ပဲပြောင်းလဲနေပြီလား...
ခရာ့ဘက်က လောင်းကြေးတွေကြောင့်ဆိုတာ သိသွားခဲ့ရင်ရော မရာနှိပ်စက်တုန်းက ခံစားနေရသလို ထပ်ခံစားနေရမလား...

"ပြော ခရာ.."

မရာ့အသံကြားမှ အတွေးထဲကရုန်းထွက်ကာ ခေါင်းကိုဆတ်ခနဲ တစ်ချက်ခါပစ်လိုက်သည်။
ငါလုပ်တာမှန်ရော မှန်ရဲ့လားဆိုသည့် အတွေးတစ်ချက်ထပ်ဝင်လာသည့်အခါ ပါးစပ်ဖျားရောက်နေသော စကားလုံးတွေဟာ ရပ်တံ့သွားရပြန်သည်။

"ဟဲ့!"

"နင်တစ်ယောက်တည်းပေးတဲ့ ဒဏ်ရာကတောင် ကိုကြီးအတွက် ခံစားရခက်နေသေးတာ ငါရှေ့ဆက်တိုးရင် ထပ်ခံစားနေရမှာစိုးတယ် အမှန်အတိုင်းဝန်ခံရရင် ကိုကြီးခံစားရမှာကိုငါမမြင်ချင်ဘူး မရာ
ငါတို့ရပ်လိုက်ကြရအောင်"

"မရဘူး ခရာ စခဲ့ပြီးမှတော့အဆုံးသတ်ရမယ်လေ ဘာလဲ နင်ကြောက်နေပြီလား"

"မဟုတ်ပါဘူးဟာ ငါက"

"အပိုတွေသိပ်မပြောစေချင်ဘူး အက္ခရာ တန်ခိုးနဲ့ကျန်ခဲ့မယ့်သူကငါပါ နင်သာHarvardရောက်သွားရင် အဲ့လိုအားနာစိတ်တွေရှိမှာမဟုတ်တော့ဘူး ပျော်လို့မော်လို့ပဲနေမှာ ငါ့လူငါနိုင်ပါတယ်"

"ငါသိပါတယ် ဒါပေမယ့်"

"နင် သူ့ကိုကြိုက်သွားတာတော့ မဟုတ်ဘူးမလား နာကျင်ရလည်းနာကျင်ပါစေပေါ့ နင်မြင်ရတော့မှာမှမဟုတ်ဘဲ"

မရာ့ရဲ့ပိုင်နိုင်သောစကားကြောင့် ခရာ့ရင်ထဲဒိတ်ခနဲဖြစ်သွားကာ မရာပြောသလို ကိုကြီးကို ခရာတကယ်ကြိုက်နေပြီလားဆိုသည့်အတွေးတွေ ဝင်လာ၏။
မဟုတ်ဘူး.. ကိုကြီးက ငါ့ရဲ့အစ်ကိုလို၊ဆရာသမားလို လူတစ်ယောက်မို့ ငါစိတ်ပူနေတာ။
ငါမလုပ်ရဲနေတာ...

"ကြောက်ရင်တော့ ကြောက်တယ်လို့ဝန်ခံလိုက်နော် ကျန်တဲ့Reasonတော့ ငါလက်မခံဘူး"

ရယ်သံသဲ့သဲ့ဖြင့် ထပ်ပြောလာသည့်မရာ့စကားကြောင့် ငြိမ်သက်နေခဲ့သော မာနတရားက ရန်အစခံလိုက်ရသောမြွေတစ်ကောင်လို ပြန်ပြီးခေါင်းထောင်လာသည်။
သနားနေ၍မဖြစ်တော့မှန်း သေချာနေပြီမို့ ခရာသည် ခေါင်းကိုညိတ်ပစ်ရင်း ကိုယ့်ကိုယ်ကိုပြန်အားပေးတော့ ကိုကြီးကို စပြီးချဥ်းကပ်စဥ်ကစိတ်တွေ ပြန်ဝင်လာခဲ့သည်။

ငါ နိုင်ကိုနိုင်ရမယ်...
ငါ့ရှေ့မှာဘာပဲပိတ်ပင်နေနေ ချိုးဖဲ့ဖျက်စီးပစ်ပြီး ငါရှေ့ဆက်လျှောက်မယ်...

"Ok ငါတို့ရှေ့ဆက်တာပေါ့ "

"အဲ့လိုလုပ်စမ်းပါ အက္ခရာရယ် အိမ်မက်ကနေထပြီး တန်ခိုးကိုမြှူဆွယ်တော့"

"နင်သာ ရှုံးရင်မငိုနဲ့"

💛💛▫▫▫💛💛

ဒီနေ့တော့ အလုပ်သမားလစာရှင်းရမည်မို့ အက္ခရာကိုပါ သူခေါ်လာခဲ့ကာ သူမကိုတော့မခင်ချို့ဆီလွှတ်ခဲ့ပြီး သူကတော့ မန်နေဂျာရုံးခန်းကိုထွက်လာခဲ့သည်။
Reportတင်ရုံသက်သက်ပဲဖြစ်ကာ အက္ခရာနှင့်မခင်ချိုကိုလည်း စိတ်မချတာမို့ အမြန်ပြန်လာတော့ မယ်မင်းကြီးမကို မခင်ချိုက ကျစ်ဆံမြီးကျစ်ပေးနေ၏။
နှစ်ယောက်သား ဘာတွေပြောနေကြလဲမသိဘဲ ပြုံးနေကြသလို ရယ်သံသဲ့သဲ့ကိုလည်း ကြားလိုက်ရ၏။

"ညည်းနော် မပြောချင်ဘူး"

"အံမယ် အစ်မကိုပြောရမှာ.. ခရာက ဘာလုပ်နေလို့လဲ"

"အေးပါ ညည်းဘာမှမလုပ်ပါဘူး ငါ့သားကိုမိုးပျံပူဖောင်းတွေ အလုံး၅၀လောက်ပဲ ဝယ်ပေးလိုက်တာပါ"

"ကလေးကလိုချင်နေလို့ပါ သူကျတော့ဝယ်မပေးဘဲနဲ့"

ကြားလိုက်ရသောစကားသံတွေကြောင့် အက္ခရာကို ဘယ်လိုမိန်းကလေးဟု ခေါင်းစဥ်တပ်ရမလဲမသိအောင် သူ အတွေးများသွားရသည်။
လွန်ခဲ့သောလတွေတုန်းက မခင်ချိုကို ဝါးစားတော့မတတ် ရန်လိုနေသည့်သူမက အခုတော့ချစ်ကြည်ရေးယူလိုက်ပြီလား...

"ဟယ်!! ကိုကြီးပြီးခဲ့ပြီလား ခဏ ဒီမှာမပြီးသေးလို့"

"ပြီးပါပြီဟယ် ညည်းဆံပင်တိုတိုလေးကို"

သိမ်းမရသောဆံပင်တိုလေးတွေက မျက်နှာပေါ်မှာခပ်ပါးပါးဖြန့်ကျက်ထား၍ သူမမျက်နှာလေးသည် ကျစ်ဆံမြီးသေးသေးလေးဖြင့် ယဥ်စစလေးဖြစ်သည်။
ယူနီဖောင်းအင်္ကျီကို ဘောင်းဘီထဲထည့်ဝတ်ထားပုံက ကျော့မော့နေသည့်ပုံစံအပြည့်မို့ အက္ခရာသည် ကိုယ်နေဟန်ထားကအစ ယုံကြည်မှုအပြည့်၊ ရဲရင့်မှုအပြည့်။
အမှတ်တမဲ့ဆို သာမာန်လောက်သာဖြစ်ပေမယ့် ခေါင်းအစ ခြေအဆုံး သေသေချာချာကြည့်မိလျှင် သူမသည် ကလေးဆန်ဆန်ဖြင့် ချစ်စရာကောင်းသူဖြစ်သည်။

"မင်းက ပေါင်းတတ်သင်းတတ်သားပဲ မခင်ချိုနဲ့ ထပ်သဝာ်နေလောက်ပြီထင်တာ"

"ကိုကြီးကလည်း ခရာအဲ့လောက်မရိုင်းပါဘူး ပြီးတော့မခင်ချိုကလည်း ခရာ့ကိုအဲ့လောက်ထိ မဆက်ဆံရဲပါဘူး"

"ဘာဖြစ်လို့လဲ"

သိသိရက်နဲ့မေးလိုက်ခြင်းဖြစ်ပေမယ့် သူမကတော့ မျက်နှာကိုမော့ကာ လက်နှစ်ဖက်ကို ကောင်းကင်သို့ဆန့်တန်းပစ်လိုက်ပြီး...

"VVIPလေ"

ဘယ်အချိန်ပဲကြည့်ကြည့် အမြဲလိုလို တက်ကြွပျော်မြူးနေတတ်သည့် သူမရဲ့စရိုက်က မြင်ရသူတိုင်းကို အပျော်ကူးစက်စေသလိုပင်။
အက္ခရာကို သူသဘောအကျဆုံးက ထိုအချက်ဖြစ်ကာ သူမြင်ရသည့်အချိန်တိုင်းမှာလည်း သူမကအမြဲတက်ကြွပျော်ရွှင်နေကာ စိတ်ညစ်စရာမရှိသည့် တစ်ဦးတည်းသောသူ...

"ငါမင်းကိုသဘောကျတယ်"

စိတ်ပါလက်ပါဝန်ခံလိုက်တော့ ခရာက ဟန်ဆောင်ခြင်းကင်းမဲ့စွာ မျက်လုံးနှစ်ဖက်လုံး ပိတ်ကျသွားသည်အထိရယ်ကာ သူ့လက်မောင်းကိုမနိုင့်တနိုင်ဆွဲကာ...

"ငါ့ကိုကြီးက လိမ္မာလိုက်တာ မုန့်ဝယ်ကျွေးရမယ် လာ.. လာ..."

သူ လက်ကိုပြန်ရုန်းပစ်လိုက်တော့ ထင်ထားသည့်အတိုင်း သူမက စူပုတ်ပုတ်ဖြင့်ပြန်လှည့်ကြည့်လာသည်။
ထိုမျက်နှာလေးကို ပြုံးစစဖြင့် သေသေချာချာစိုက်ကြည့်နေလိုက်တော့ အက္ခရာသည် မျက်လုံးအပြူးသားဖြင့် သူ့ကိုမော့ကြည့်လာလေသည်။

"မုန့်ကျွေးမယ့်အစား တခြားတစ်ခုခုကို ငါတောင်းရင်ရော"

တတိယအကွက်ကို စရွှေ့လိုက်တော့ အကင်းပါးသောအက္ခရာ၏မျက်လုံးတွေမှာ မယုံနိုင်သလိုအရိပ်အငွှေ့တွေ ဖြတ်ပြေးသွားသည်ကို သူသတိထားမိလိုက်သည်။
သို့ပေမယ့် ဟန်ဆောင်ကောင်းသော ကစားသမားပီပီ ထိုအငွှေ့အသက်တွေကိုဖုံးကွယ်ပစ်ပြီး နှာခေါင်းလေးရှုံ့ပြကာ…

"မစားလည်းနေပေါ့ ကြီးကြီးကျယ်ကျယ်နဲ့"

ဟု နှုတ်ခမ်းစူကာတမင်ခြေဆောင့်ပြီး ဆတ်ခနဲလှည့်ထွက်သွား၍ သူ ရယ်ချင်သွားပြီး ခရာ့နောက်ကိုအပြေးလိုက်ရသည်။
လက်ရှိအချိန်မှာ သူမလေး ကိုယ့်အနားမှာရှိနေမှဖြစ်မည့်အပြင် သူမကိုရဖို့ နှလုံးသားတစ်ခုကို ရင်းရမည်မလား...

ကိုယ်သည်လည်း သူမ လို
မှန်သောစကားကို လိမ်နေရင်းပြောတတ်သူ.....

💛💛▫▫▫💛💛

"သေသေချာချာမှာမယ်နော် အက္ခရာ ဟိုတစ်ရက်ကလို တန်ခိုးဘေးကနေ မသိမသာခွာတာမျိုးမလုပ်နဲ့ ဒီကစားပွဲရော မင်းရောငါရောအတွက် အရေးကြီးတယ်"

"ကိုစည်းကလည်း သူများစိတ်လေးနေလို့ပါဆို"

"မလေးနဲ့ .. တန်ခိုး မင်းကိုစိတ်ဝင်စားနေတာသေချာတယ် မင်းဘက်က အလိုက်သင့်စီးမျောဖို့ပဲလိုတာ"

"ကိုကြီးဘာမှမသိတာ သေချာပါတယ်နော"

"သေချာတယ် ကစားပွဲအကြောင်း သူသိရင် ဒီအတိုင်းငြိမ်ခံနေမှာမဟုတ်ဘူး အဲ့ဒီတော့ မင်းစိတ်ထဲမှာ တန်ခိုးကိုငြိဖို့ပဲကြိုးစားတော့.. မဟုတ်ဘူး ကြိုးစားစရာကိုမလိုတော့ဘူး သူ့ဘက်က ဖွင့်ပြောလာအောင်ပဲလုပ်"

"ခရာ ကိုကြီးကိုသဘောကျတယ် ပြန်ချစ်ပါတော့လို့ ပြောလိုက်မယ်လေ အဟား..."

"ဒါကလေးကစားနေတာမဟုတ်ဘူး အက္ခရာ"

တစ်ချိန်လုံးအူမြူးနေသည့်အက္ခရာက သူ နည်းနည်းငေါက်လိုက်တော့မှ ငြိမ်ကျသွားကာ အသံမထွက်တော့ပေမယ့် သူ့ကို မကျေမနပ်မျက်စောင်းထိုးသေးသည်။
ထိုမိန်းကလေးရဲ့ဖြူစင်ပွင့်လင်းမှုဟာ တကယ်ပဲ သွေးနဲ့ဘာမှမသက်ဆိုင်ပါ...

တန်ခိုး သူမအပေါ်ငြိတွယ်နေသည်ဆိုလျှင် ဒီလိုကလေးဆန်မှုတွေ၊ ဒီလိုလွတ်လပ်ပေါ့ပါးမှုတွေကြောင့်ဖြစ်လောက်သည်။
သွေးနဲ့တန်ခိုးတို့ တွဲနေသည့်ကာလတစ်လျှောက်မှာ တန်ခိုးလည်း အလုပ်ကိစ္စတွေမှာလုံးပန်းရင်း အေးတိအေးစက်၊ သွေးကလည်း တည်တည်ငြိမ်ငြိမ်။
တစ်နည်းပြောရရင် ရေခဲတုံးနဲ့ရေခဲသေတ္တာအတွဲဖြစ်ကာ အက္ခရာကတော့ နေရောင်ခြည်နှင့်တူသည်ဟု သူတင်စားချင်ပါသည်။
တန်ခိုးလိုကောင်ကို ရေခဲတုံးဘဝမှ အရည်ပျော်ကျသွားသည်အထိ သူမကနွေးထွေးပေးနိုင်ကာ မကြာခင်မှာပဲ အငွှေ့ပျံလောက်သည်အထိ ပူလောင်စေနိုင်လောက်သည်။

"ခရာတို့ ဘယ်အခြေအနေရောက်ပြီလား ရှင်သိလားဟင်!!"

ဟု သွေးဘက်က မေးလာသည့်အခါ သူ အသာအယာခေါင်းခါပြလိုက်ပြီး အက္ခရာကိုမျက်လုံးထဲ ပြေးမြင်လိုက်သည်။
နေရာတကာမျက်နှာရူးသောအက္ခရာသည် ကစားပွဲမှာတော့ ထောင့်စေ့သူဖြစ်ပြီး သူတို့နှစ်ယောက်ရဲ့ပူးပေါင်းကြံစည်မှုကို ဘယ်သူမှသိခွင့်မပေးဖို့ ခပ်တင်းတင်းအမိန့်ပေးထား၏။

"တကယ်လို့ တစ်​ယောက်ယောက်ပြန်သိခဲ့ရင် သဘောတူညီမှုပျက်ပြီနော် ခရာကကိုယ်လွတ်ရုန်းပြေးမှာ အဲ့ကျမှ အက္ခရာကိုရက်စက်တယ်လို့ မပြောနဲ့"

ပြောသလိုလုပ်မည့်အရိပ်အယောင်တွေဖြင့် အက္ခရာပြောလာတော့ သူ ခေါင်းညိတ်လက်ခံခဲ့သလို ဒီနေ့ထိလည်း ဘယ်သူ့ကိုမှမပြောဖြစ်ခဲ့။
ယုတ်စွအဆုံး သွေးကိုတောင်မပြောဖြစ်...

"အခြေအနေကြည့်ပြီး ဝင်ပါသင့်ရင်လည်းပါဦးနော် ခရာကသိပ်ဉာဏ်များတယ်"

"မင်းရဲ့စမ်းသပ်ချက်မှာ ခရာနိုင်သွားရင်ရော"

"သွေး ကိုနဲ့လမ်းခွဲမယ်လေ"

သွေးရဲ့ကတိစကားကြောင့် ဒါဟာတန်ခိုးအပေါ် မတရားသည့်လုပ်ရပ်မှန်း သူသိနေပါလျက် တကယ်ပင်ပျော်သွားမိသည်။
သို့သော် ဤပျော်ရွှင်မှုကို စိတ်ထဲမှာသာထားလိုက်ပြီး အက္ခရာကို သဘောတကျငေးကြည့်ခဲ့သော တန်ခိုးမျက်လုံးတွေကို ပြန်သတိရမိ၏။
မင်း ရှုံးတော့မှာ သွေးရဲ့...

"ခရာ့ကိုနိုင်စေချင်လား မနိုင်စေချင်ဘူးလား"

သူ့မေးခွန်းကြောင့် ဒီမေးခွန်းကိုမေးမည်ဟု ထင်မှတ်မထားဟန်ဖြင့် သွေးသည် ဖြေစရာစကားမရှိတော့သလို ခေတ္တခဏနှုတ်ဆိတ်ကာ တွေဝေသွားပုံရသည်။
ပြီးမှခေါင်းလေးကိုခါကာ မျက်နှာလေးမော့ပစ်ရင်း...

"နိုင်ရင် မနိုင်ရင်ဆိုပြီး Planနှစ်ခုရှိတယ် ကို"

"ကို လို့ခေါ်လိုက်တာလား ခု"

သူနားကြားမှားသွားသလားဟု ထပ်မေးတော့ ရှက်မျက်စောင်းလေးရောက်လာပြီး ဟွန့်ခနဲနှာခေါင်းလေးရှုံ့တော့ သူတကယ်ပဲ ဟန်မဆောင်နိုင်အောင် ဝမ်းသာသွားမိ၏။
ဘာကြောင့်မို့များ ဒီမိန်းကလေးကို အရာအားလုံးပေးဆပ်နိုင်သည်အထိ ချစ်မြတ်နိုးမိတာပါလိမ့်…

"ကိုယ် မင်းကိုချစ်တယ်"

"သွေးကတော့ မသိသေးဘူး နောက်မှပြောမယ်"

"ကိုယ် မင်းရှေ့ရောက်လာရင် ပြောမလား ကိုယ်အရမ်းကြားချင်​နေပြီ အဲ့ဒီကိုလာခဲ့တော့မယ်"

ထင်ထားသည့်အတိုင်း သွေးက ချစ်စဖွယ်အပြုံးလေးဖြင့် ခေါင်းလေးညိတ်ပြတော့ ကြည်နူးသွားကာ ဖုန်းscreenလေးကို နမ်းလိုက်မိသည်အထိ။
ဟိုးတစ်ရက်ကပဲ ညစာအတူစားကြရင်း ဒက်ဒီ့ဆီမှာကျောင်းတက်ခွင့်တောင်းခဲ့တော့ ဒက်ဒီကခေါင်းညိတ်ခဲ့တာမို့ ဒီမိန်းကလေးနဲ့နီးစပ်ဖို့သာကျန်တော့၏။
သူ့ဘဝကြီးဘာဖြစ်သွားသွား၊ သွေးဟာ သူ့ဘဝထက်ပိုပြီးမြတ်နိုးရသည့် မိန်းကလေးဆိုရင် ပိုမည်မထင်...

💛💛▫▫▫💛💛

Part 27 ဆက်ရန်

စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997

~~~~~~~~~~~~~~~~~~~~~~~

  

💛 Players ( Part - 26 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"သမီးေလး အသားေတျြပန္ျဖဴလာၿပီပဲ"

မာမားက ခရာ့ဆံပင္ေလးေတြကိုသပ္ၿပီး တစိမ့္စိမ့္ၾကည့္ရင္းေျပာလာေတာ့ ခရာေက်နပ္သြားကာ မ်က္လံုးေလးေတြမိွတ္က်သြားသည္အထိ ႃပံုးလိုက္၏။
ခရာေရာက္တာေစာေသး၍လားမသိဘဲ ပါပါးကအိမ္မွာမရိွ။

ပါပါးက ၿမိဳ႔ထဲမွာ ကားshowroomေတြဖြင့္ထား၍ အမ်ားအားျဖင့္ေတာ့ အလုပ္မမ်ားဘဲ တစ္ခါတစ္ေလေတာ့လည္း အလုပ္သိပ္မ်ားသည္။
သို႔ေသာ္ ေဖႀကီးေလာက္လည္းအလုပ္မရႈပ္တာမို႔ ခရာသည္ ေဖႀကီးလက္ေပၚထက္ ပါပါးလက္ေပၚမွာ ႀကီးျပင္းခဲ့ရသူျဖစ္သည္။
ဒါေၾကာင့္လည္း အေဖတစ္ေယာက္လို ပါပါးဟုသာ ေခၚခဲ့သည္ေလ...

"အလုပ္ကေရာ အရမ္းပင္ပန္းလား မင္းထက္ကေတာ့ သမီးကိုေျပာမရလို႔တဲ့ ညည္းသြားတယ္"

"အခုမွ ခရာလုပ္ခ်င္တာေလး လုပ္ရတာပါ မာမားရယ္ ဆိုဒ္ကလည္းၿပီးေတာ့မွာပါ ဆိုဒ္ၿပီးရင္ ခရာSingaporeျပန္ေတာ့မွာ ေဖႀကီးက မေလးကိုေျပာင္းရမယ္လို႔လည္းၾကားတယ္ ခရာေတာ့ဘယ္လိုေနရဦးမလဲ မသိပါဘူး"

"ဒီမွာပဲေနေလ သမီးရဲ့"

"ဟင့္အင္း မေနခ်င္ပါဘူး ခရာ USမွာ ေက်ာင္းတက္ခ်င္ေသးတယ္"

"ေတာ္ပါေတာ့သမီးရယ္ ဘဲြ႔လက္မွတ္ေတြစုေနသလား ေအာက္ေမ့ရတယ္ အိမ္ေထာင္ျပဳဖို႔မစဥ္းစားေသးဘူးလား အရြယ္ေရာက္ေနၿပီကို"

ခရာ့ကိုခ်ည္ထားခ်င္ေသာႀကိဳးတစ္ေခ်ာင္းမို႔ မာမားစကားေၾကာင့္ ခရာသည္ မ်က္ႏွာကိုတမင္ရႈံ႔တြပစ္လိုက္ကာ ေခါင္းကိုျပဳတ္ထြက္မတတ္ ခါယမ္းပစ္သည္။
မာမားက ခရာ့ေခါင္းကိုဖိကိုင္ကာ စူပုတ္ပုတ္ျဖစ္ေနေသာမ်က္ႏွာကို ငံု႔ၾကၫ့္လာရင္း...

"ခါမေနနဲ႔ ေနာက္တစ္ခါအိမ္လာရင္ ေကာင္ေလးကိုပါေခၚခဲ့ ၾကားလား"

"မာမားက ခရာ့ကို အိမ္မလာနဲ႔လို႔ေျပာလိုက္တာနဲ႔ အတူတူပဲ"

"မတူပါဘူး"

"တူတူပါပဲ ေတာ္ၿပီ ခရာ ပါပါးကိုမေစာင့္ေတာ့ဘူး စာတမ္းေရးဖို႔ လိုတဲ့dataစုရဦးမွာမို႔"

"ဟုတ္ပါၿပီရွင္ စိတ္ေကာက္ၿပီးမလာဘဲမေနနဲ႔ဦး သမီးကိုလူႄကံုပါးရဦးမယ္ ဒါေလးယူသြားေပး"

မာမားက စကၠူစာအိတ္ႀကီးတစ္လံုးကို ေမးဆန္ျပေန၍ ဘာမ်ားလဲဟု ခရာလွမ္းယူလိုက္သည္။
ကိုင္ၾကၫ့္မိေတာ့လည္း နည္းနည္းလည္းေလးတာမို႔ ဘာလဲဟု ျပဴးျပဴးၿပဲျပဲဖြင့္ၾကၫ့္မိတုန္း...

"ဧၫ့္ခန္းထဲကဓာတ္ပံုေတြပါ ခရာေလးရဲ့ အေရာင္ေတြမိွန္ေနလို႔ အေရာင္ျပန္တင္ဖို႔ေလ မာမားဓာတ္ပံုတိုက္ကိုဖုန္းဆက္ထားတယ္ ခရာကဝင္ေပးခဲ့ရံုပဲ ရရဲ့လား"

"ရပါတယ္ ပိုက္ဆံေပးလိုက္လည္းျဖစ္တယ္ ပိုတာခရာဘံုးပစ္မယ္"

"ဘံုးစရာမလိုပါဘူးရွင္ သမီးလိုခ်င္ရင္ သမီးပါပါးကေရာ ဒီမာမားကပါ Openပါ သမီးသံုးဖို႔မရိွေတာ့လို႔လား"

"အလကားစတာပါ ေဖႀကီးမျပန္ခင္က ခရာ့အေကာင့္ထဲထၫ့္ေပးသြားေသးတယ္ အေပါဆံုးကေငြပဲ"

ခပ္ႂကြားႂကြားေလးေျပာရင္း ဓာတ္ပံုအိတ္ႀကီးကိုေပြ့ဖက္ရင္းထရပ္ေတာ့ မာမားက ခရာ့ကိုကားနားအထိလိုက္ေပးေသာေၾကာင့္ ခရာ ေမႀကီးကိုသတိရလိုက္သည္။
ေဖႀကီးျပန္သြားကတည္းက အိမ္ကိုဖုန္းမဆက္ရေသးတာကိုလည္း သတိရသြားၿပီး မာမားကိုႏႈတ္ဆက္ကာ ျပန္လာခဲ့သည္။
ေမႀကီးကေရာ ေဖႀကီးနဲ႔စပ္မွတူမေတာ္သၫ့္ မရာ့ကို ခုလိုခ်စ္ေပးရဲ့လားမသိ...

💛💛▫▫▫💛💛

စာတမ္းေရးဖို႔ Laptopေရ႔ွေရာက္ေနေပမယ့္ ဘာကိုမွစိတ္မဝင္စားႏိုင္ဘဲ ေလးပင္ေနဆဲစိတ္ေၾကာင့္ မရာ့ဆီဖုန္းေခၚဖို႔စိတ္ကူးျဖစ္သြား၏။
ကိုႀကီး တကယ္ပဲေျပာင္းလဲေနၿပီလား...
ခရာ့ဘက္က ေလာင္းေၾကးေတြေၾကာင့္ဆိုတာ သိသြားခဲ့ရင္ေရာ မရာႏိွပ္စက္တုန္းက ခံစားေနရသလို ထပ္ခံစားေနရမလား...

"ေျပာ ခရာ.."

မရာ့အသံၾကားမွ အေတြးထဲကရုန္းထြက္ကာ ေခါင္းကိုဆတ္ခနဲ တစ္ခ်က္ခါပစ္လိုက္သည္။
ငါလုပ္တာမွန္ေရာ မွန္ရဲ့လားဆိုသၫ့္ အေတြးတစ္ခ်က္ထပ္ဝင္လာသၫ့္အခါ ပါးစပ္ဖ်ားေရာက္ေနေသာ စကားလံုးေတြဟာ ရပ္တံ့သြားရျပန္သည္။

"ဟဲ့!"

"နင္တစ္ေယာက္တည္းေပးတဲ့ ဒဏ္ရာကေတာင္ ကိုႀကီးအတြက္ ခံစားရခက္ေနေသးတာ ငါေရ႔ွဆက္တိုးရင္ ထပ္ခံစားေနရမွာစိုးတယ္ အမွန္အတိုင္းဝန္ခံရရင္ ကိုႀကီးခံစားရမွာကိုငါမျမင္ခ်င္ဘူး မရာ
ငါတို႔ရပ္လိုက္ၾကရေအာင္"

"မရဘူး ခရာ စခဲ့ၿပီးမွေတာ့အဆံုးသတ္ရမယ္ေလ ဘာလဲ နင္ေၾကာက္ေနၿပီလား"

"မဟုတ္ပါဘူးဟာ ငါက"

"အပိုေတြသိပ္မေျပာေစခ်င္ဘူး အကၡရာ တန္ခိုးနဲ႔က်န္ခဲ့မယ့္သူကငါပါ နင္သာHarvardေရာက္သြားရင္ အဲ့လိုအားနာစိတ္ေတြရိွမွာမဟုတ္ေတာ့ဘူး ေပ်ာ္လို႔ေမာ္လို႔ပဲေနမွာ ငါ့လူငါႏိုင္ပါတယ္"

"ငါသိပါတယ္ ဒါေပမယ့္"

"နင္ သူ႔ကိုႀကိဳက္သြားတာေတာ့ မဟုတ္ဘူးမလား နာက်င္ရလည္းနာက်င္ပါေစေပါ့ နင္ျမင္ရေတာ့မွာမွမဟုတ္ဘဲ"

မရာ့ရဲ့ပိုင္ႏိုင္ေသာစကားေၾကာင့္ ခရာ့ရင္ထဲဒိတ္ခနဲျဖစ္သြားကာ မရာေျပာသလို ကိုႀကီးကို ခရာတကယ္ႀကိဳက္ေနၿပီလားဆိုသၫ့္အေတြးေတြ ဝင္လာ၏။
မဟုတ္ဘူး.. ကိုႀကီးက ငါ့ရဲ့အစ္ကိုလို၊ဆရာသမားလို လူတစ္ေယာက္မို႔ ငါစိတ္ပူေနတာ။
ငါမလုပ္ရဲေနတာ...

"ေၾကာက္ရင္ေတာ့ ေၾကာက္တယ္လို႔ဝန္ခံလိုက္ေနာ္ က်န္တဲ့Reasonေတာ့ ငါလက္မခံဘူး"

ရယ္သံသဲ့သဲ့ျဖင့္ ထပ္ေျပာလာသၫ့္မရာ့စကားေၾကာင့္ ၿငိမ္သက္ေနခဲ့ေသာ မာနတရားက ရန္အစခံလိုက္ရေသာႁမြေတစ္ေကာင္လို ျပန္ၿပီးေခါင္းေထာင္လာသည္။
သနားေန၍မျဖစ္ေတာ့မွန္း ေသခ်ာေနၿပီမို႔ ခရာသည္ ေခါင္းကိုညိတ္ပစ္ရင္း ကိုယ့္ကိုယ္ကိုျပန္အားေပးေတာ့ ကိုႀကီးကို စၿပီးခ်ဥ္းကပ္စဥ္ကစိတ္ေတြ ျပန္ဝင္လာခဲ့သည္။

ငါ ႏိုင္ကိုႏိုင္ရမယ္...
ငါ့ေရ႔ွမွာဘာပဲပိတ္ပင္ေနေန ခ်ိဳးဖဲ့ဖ်က္စီးပစ္ၿပီး ငါေရ႔ွဆက္ေလ်ွာက္မယ္...

"Ok ငါတို႔ေရ႔ွဆက္တာေပါ့ "

"အဲ့လိုလုပ္စမ္းပါ အကၡရာရယ္ အိမ္မက္ကေနထၿပီး တန္ခိုးကိုၿမွူဆြယ္ေတာ့"

"နင္သာ ရႈံးရင္မငိုနဲ႔"

💛💛▫▫▫💛💛

ဒီေန့ေတာ့ အလုပ္သမားလစာရွင္းရမည္မို႔ အကၡရာကိုပါ သူေခၚလာခဲ့ကာ သူမကိုေတာ့မခင္ခ်ိဳ႕ဆီလႊတ္ခဲ့ၿပီး သူကေတာ့ မန္ေနဂ်ာရံုးခန္းကိုထြက္လာခဲ့သည္။
Reportတင္ရံုသက္သက္ပဲျဖစ္ကာ အကၡရာႏွင့္မခင္ခ်ိဳကိုလည္း စိတ္မခ်တာမို႔ အျမန္ျပန္လာေတာ့ မယ္မင္းႀကီးမကို မခင္ခ်ိဳက က်စ္ဆံၿမီးက်စ္ေပးေန၏။
ႏွစ္ေယာက္သား ဘာေတြေျပာေနၾကလဲမသိဘဲ ႃပံုးေနၾကသလို ရယ္သံသဲ့သဲ့ကိုလည္း ၾကားလိုက္ရ၏။

"ညည္းေနာ္ မေျပာခ်င္ဘူး"

"အံမယ္ အစ္မကိုေျပာရမွာ.. ခရာက ဘာလုပ္ေနလို႔လဲ"

"ေအးပါ ညည္းဘာမွမလုပ္ပါဘူး ငါ့သားကိုမိုးပ်ံပူေဖာင္းေတြ အလံုး၅၀ေလာက္ပဲ ဝယ္ေပးလိုက္တာပါ"

"ကေလးကလိုခ်င္ေနလို႔ပါ သူက်ေတာ့ဝယ္မေပးဘဲနဲ႔"

ၾကားလိုက္ရေသာစကားသံေတြေၾကာင့္ အကၡရာကို ဘယ္လိုမိန္းကေလးဟု ေခါင္းစဥ္တပ္ရမလဲမသိေအာင္ သူ အေတြးမ်ားသြားရသည္။
လြန္ခဲ့ေသာလေတြတုန္းက မခင္ခ်ိဳကို ဝါးစားေတာ့မတတ္ ရန္လိုေနသၫ့္သူမက အခုေတာ့ခ်စ္ၾကည္ေရးယူလိုက္ၿပီလား...

"ဟယ္!! ကိုႀကီးၿပီးခဲ့ၿပီလား ခဏ ဒီမွာမၿပီးေသးလို႔"

"ၿပီးပါၿပီဟယ္ ညည္းဆံပင္တိုတိုေလးကို"

သိမ္းမရေသာဆံပင္တိုေလးေတြက မ်က္ႏွာေပၚမွာခပ္ပါးပါးျဖန႔္က်က္ထား၍ သူမမ်က္ႏွာေလးသည္ က်စ္ဆံၿမီးေသးေသးေလးျဖင့္ ယဥ္စစေလးျဖစ္သည္။
ယူနီေဖာင္းအက်ႌကို ေဘာင္းဘီထဲထၫ့္ဝတ္ထားပံုက ေက်ာ့ေမာ့ေနသၫ့္ပံုစံအျပၫ့္မို႔ အကၡရာသည္ ကိုယ္ေနဟန္ထားကအစ ယံုၾကည္မႈအျပၫ့္၊ ရဲရင့္မႈအျပၫ့္။
အမွတ္တမဲ့ဆို သာမာန္ေလာက္သာျဖစ္ေပမယ့္ ေခါင္းအစ ေျခအဆံုး ေသေသခ်ာခ်ာၾကၫ့္မိလ်ွင္ သူမသည္ ကေလးဆန္ဆန္ျဖင့္ ခ်စ္စရာေကာင္းသူျဖစ္သည္။

"မင္းက ေပါင္းတတ္သင္းတတ္သားပဲ မခင္ခ်ိဳနဲ႔ ထပ္သဝာ္ေနေလာက္ၿပီထင္တာ"

"ကိုႀကီးကလည္း ခရာအဲ့ေလာက္မရိုင္းပါဘူး ၿပီးေတာ့မခင္ခ်ိဳကလည္း ခရာ့ကိုအဲ့ေလာက္ထိ မဆက္ဆံရဲပါဘူး"

"ဘာျဖစ္လို႔လဲ"

သိသိရက္နဲ႔ေမးလိုက္ျခင္းျဖစ္ေပမယ့္ သူမကေတာ့ မ်က္ႏွာကိုေမာ့ကာ လက္ႏွစ္ဖက္ကို ေကာင္းကင္သို႔ဆန႔္တန္းပစ္လိုက္ၿပီး...

"VVIPေလ"

ဘယ္အခ်ိန္ပဲၾကၫ့္ၾကၫ့္ အၿမဲလိုလို တက္ႂကြေပ်ာ္ျမဴးေနတတ္သၫ့္ သူမရဲ့စရိုက္က ျမင္ရသူတိုင္းကို အေပ်ာ္ကူးစက္ေစသလိုပင္။
အကၡရာကို သူသေဘာအက်ဆံုးက ထိုအခ်က္ျဖစ္ကာ သူျမင္ရသၫ့္အခ်ိန္တိုင္းမွာလည္း သူမကအၿမဲတက္ႂကြေပ်ာ္ရႊင္ေနကာ စိတ္ညစ္စရာမရိွသၫ့္ တစ္ဦးတည္းေသာသူ...

"ငါမင္းကိုသေဘာက်တယ္"

စိတ္ပါလက္ပါဝန္ခံလိုက္ေတာ့ ခရာက ဟန္ေဆာင္ျခင္းကင္းမဲ့စြာ မ်က္လံုးႏွစ္ဖက္လံုး ပိတ္က်သြားသည္အထိရယ္ကာ သူ႔လက္ေမာင္းကိုမႏိုင့္တႏိုင္ဆဲြကာ...

"ငါ့ကိုႀကီးက လိမၼာလိုက္တာ မုန႔္ဝယ္ကၽြေးရမယ္ လာ.. လာ..."

သူ လက္ကိုျပန္ရုန္းပစ္လိုက္ေတာ့ ထင္ထားသၫ့္အတိုင္း သူမက စူပုတ္ပုတ္ျဖင့္ျပန္လွၫ့္ၾကၫ့္လာသည္။
ထိုမ်က္ႏွာေလးကို ႃပံုးစစျဖင့္ ေသေသခ်ာခ်ာစိုက္ၾကၫ့္ေနလိုက္ေတာ့ အကၡရာသည္ မ်က္လံုးအျပဴးသားျဖင့္ သူ႔ကိုေမာ့ၾကၫ့္လာေလသည္။

"မုန႔္ကၽြေးမယ့္အစား တျခားတစ္ခုခုကို ငါေတာင္းရင္ေရာ"

တတိယအကြက္ကို စေရႊ့လိုက္ေတာ့ အကင္းပါးေသာအကၡရာ၏မ်က္လံုးေတြမွာ မယံုႏိုင္သလိုအရိပ္အေငႊ့ေတြ ျဖတ္ေျပးသြားသည္ကို သူသတိထားမိလိုက္သည္။
သို႔ေပမယ့္ ဟန္ေဆာင္ေကာင္းေသာ ကစားသမားပီပီ ထိုအေငႊ့အသက္ေတြကိုဖံုးကြယ္ပစ္ၿပီး ႏွာေခါင္းေလးရႈံ႔ျပကာ…

"မစားလည္းေနေပါ့ ႀကီးႀကီးက်ယ္က်ယ္နဲ႔"

ဟု ႏႈတ္ခမ္းစူကာတမင္ေျခေဆာင့္ၿပီး ဆတ္ခနဲလွၫ့္ထြက္သြား၍ သူ ရယ္ခ်င္သြားၿပီး ခရာ့ေနာက္ကိုအေျပးလိုက္ရသည္။
လက္ရိွအခ်ိန္မွာ သူမေလး ကိုယ့္အနားမွာရိွေနမျွဖစ္မၫ့္အျပင္ သူမကိုရဖို႔ ႏွလံုးသားတစ္ခုကို ရင္းရမည္မလား...

ကိုယ္သည္လည္း သူမ လို
မွန္ေသာစကားကို လိမ္ေနရင္းေျပာတတ္သူ.....

💛💛▫▫▫💛💛

"ေသေသခ်ာခ်ာမွာမယ္ေနာ္ အကၡရာ ဟိုတစ္ရက္ကလို တန္ခိုးေဘးကေန မသိမသာခြာတာမ်ိဳးမလုပ္နဲ႔ ဒီကစားပဲြေရာ မင္းေရာငါေရာအတြက္ အေရးႀကီးတယ္"

"ကိုစည္းကလည္း သူမ်ားစိတ္ေလးေနလို႔ပါဆို"

"မေလးနဲ႔ .. တန္ခိုး မင္းကိုစိတ္ဝင္စားေနတာေသခ်ာတယ္ မင္းဘက္က အလိုက္သင့္စီးေမ်ာဖို႔ပဲလိုတာ"

"ကိုႀကီးဘာမွမသိတာ ေသခ်ာပါတယ္ေနာ"

"ေသခ်ာတယ္ ကစားပဲြအေၾကာင္း သူသိရင္ ဒီအတိုင္းၿငိမ္ခံေနမွာမဟုတ္ဘူး အဲ့ဒီေတာ့ မင္းစိတ္ထဲမွာ တန္ခိုးကိုၿငိဖို႔ပဲႀကိဳးစားေတာ့.. မဟုတ္ဘူး ႀကိဳးစားစရာကိုမလိုေတာ့ဘူး သူ႔ဘက္က ဖြင့္ေျပာလာေအာင္ပဲလုပ္"

"ခရာ ကိုႀကီးကိုသေဘာက်တယ္ ျပန္ခ်စ္ပါေတာ့လို႔ ေျပာလိုက္မယ္ေလ အဟား..."

"ဒါကေလးကစားေနတာမဟုတ္ဘူး အကၡရာ"

တစ္ခ်ိန္လံုးအူျမဴးေနသၫ့္အကၡရာက သူ နည္းနည္းေငါက္လိုက္ေတာ့မွ ၿငိမ္က်သြားကာ အသံမထြက္ေတာ့ေပမယ့္ သူ႔ကို မေက်မနပ္မ်က္ေစာင္းထိုးေသးသည္။
ထိုမိန္းကေလးရဲ့ျဖဴစင္ပြင့္လင္းမႈဟာ တကယ္ပဲ ေသြးနဲ႔ဘာမွမသက္ဆိုင္ပါ...

တန္ခိုး သူမအေပၚၿငိတြယ္ေနသည္ဆိုလ်ွင္ ဒီလိုကေလးဆန္မႈေတြ၊ ဒီလိုလြတ္လပ္ေပါ့ပါးမႈေတြေၾကာင့္ျဖစ္ေလာက္သည္။
ေသြးနဲ႔တန္ခိုးတို႔ တဲြေနသၫ့္ကာလတစ္ေလ်ွာက္မွာ တန္ခိုးလည္း အလုပ္ကိစၥေတြမွာလံုးပန္းရင္း ေအးတိေအးစက္၊ ေသြးကလည္း တည္တည္ၿငိမ္ၿငိမ္။
တစ္နည္းေျပာရရင္ ေရခဲတံုးနဲ႔ေရခဲေသတၲာအတဲြျဖစ္ကာ အကၡရာကေတာ့ ေနေရာင္ျခည္ႏွင့္တူသည္ဟု သူတင္စားခ်င္ပါသည္။
တန္ခိုးလိုေကာင္ကို ေရခဲတံုးဘဝမွ အရည္ေပ်ာ္က်သြားသည္အထိ သူမကေနြးေထြးေပးႏိုင္ကာ မၾကာခင္မွာပဲ အေငႊ့ပ်ံေလာက္သည္အထိ ပူေလာင္ေစႏိုင္ေလာက္သည္။

"ခရာတို႔ ဘယ္အေျခအေနေရာက္ၿပီလား ရွင္သိလားဟင္!!"

ဟု ေသြးဘက္က ေမးလာသၫ့္အခါ သူ အသာအယာေခါင္းခါျပလိုက္ၿပီး အကၡရာကိုမ်က္လံုးထဲ ေျပးျမင္လိုက္သည္။
ေနရာတကာမ်က္ႏွာရူးေသာအကၡရာသည္ ကစားပဲြမွာေတာ့ ေထာင့္ေစ့သူျဖစ္ၿပီး သူတို႔ႏွစ္ေယာက္ရဲ့ပူးေပါင္းႀကံစည္မႈကို ဘယ္သူမွသိခြင့္မေပးဖို႔ ခပ္တင္းတင္းအမိန႔္ေပးထား၏။

"တကယ္လို႔ တစ္​ေယာက္ေယာက္ျပန္သိခဲ့ရင္ သေဘာတူညီမႈပ်က္ၿပီေနာ္ ခရာကကိုယ္လြတ္ရုန္းေျပးမွာ အဲ့က်မွ အကၡရာကိုရက္စက္တယ္လို႔ မေျပာနဲ႔"

ေျပာသလိုလုပ္မၫ့္အရိပ္အေယာင္ေတျြဖင့္ အကၡရာေျပာလာေတာ့ သူ ေခါင္းညိတ္လက္ခံခဲ့သလို ဒီေန့ထိလည္း ဘယ္သူ႔ကိုမွမေျပာျဖစ္ခဲ့။
ယုတ္စြအဆံုး ေသြးကိုေတာင္မေျပာျဖစ္...

"အေျခအေနၾကၫ့္ၿပီး ဝင္ပါသင့္ရင္လည္းပါဦးေနာ္ ခရာကသိပ္ဉာဏ္မ်ားတယ္"

"မင္းရဲ့စမ္းသပ္ခ်က္မွာ ခရာႏိုင္သြားရင္ေရာ"

"ေသြး ကိုနဲ႔လမ္းခဲြမယ္ေလ"

ေသြးရဲ့ကတိစကားေၾကာင့္ ဒါဟာတန္ခိုးအေပၚ မတရားသၫ့္လုပ္ရပ္မွန္း သူသိေနပါလ်က္ တကယ္ပင္ေပ်ာ္သြားမိသည္။
သို႔ေသာ္ ဤေပ်ာ္ရႊင္မႈကို စိတ္ထဲမွာသာထားလိုက္ၿပီး အကၡရာကို သေဘာတက်ေငးၾကၫ့္ခဲ့ေသာ တန္ခိုးမ်က္လံုးေတြကို ျပန္သတိရမိ၏။
မင္း ရႈံးေတာ့မွာ ေသြးရဲ့...

"ခရာ့ကိုႏိုင္ေစခ်င္လား မႏိုင္ေစခ်င္ဘူးလား"

သူ႔ေမးခြန္းေၾကာင့္ ဒီေမးခြန္းကိုေမးမည္ဟု ထင္မွတ္မထားဟန္ျဖင့္ ေသြးသည္ ေျဖစရာစကားမရိွေတာ့သလို ေခတၲခဏႏႈတ္ဆိတ္ကာ ေတြေဝသြားပံုရသည္။
ၿပီးမွေခါင္းေလးကိုခါကာ မ်က္ႏွာေလးေမာ့ပစ္ရင္း...

"ႏိုင္ရင္ မႏိုင္ရင္ဆိုၿပီး Planႏွစ္ခုရိွတယ္ ကို"

"ကို လို႔ေခၚလိုက္တာလား ခု"

သူနားၾကားမွားသြားသလားဟု ထပ္ေမးေတာ့ ရွက္မ်က္ေစာင္းေလးေရာက္လာၿပီး ဟြန႔္ခနဲႏွာေခါင္းေလးရႈံ႔ေတာ့ သူတကယ္ပဲ ဟန္မေဆာင္ႏိုင္ေအာင္ ဝမ္းသာသြားမိ၏။
ဘာေၾကာင့္မို႔မ်ား ဒီမိန္းကေလးကို အရာအားလံုးေပးဆပ္ႏိုင္သည္အထိ ခ်စ္ျမတ္ႏိုးမိတာပါလိမ့္…

"ကိုယ္ မင္းကိုခ်စ္တယ္"

"ေသြးကေတာ့ မသိေသးဘူး ေနာက္မွေျပာမယ္"

"ကိုယ္ မင္းေရ႔ွေရာက္လာရင္ ေျပာမလား ကိုယ္အရမ္းၾကားခ်င္​ေနၿပီ အဲ့ဒီကိုလာခဲ့ေတာ့မယ္"

ထင္ထားသၫ့္အတိုင္း ေသြးက ခ်စ္စဖြယ္အႃပံုးေလးျဖင့္ ေခါင္းေလးညိတ္ျပေတာ့ ၾကည္ႏူးသြားကာ ဖုန္းscreenေလးကို နမ္းလိုက္မိသည္အထိ။
ဟိုးတစ္ရက္ကပဲ ညစာအတူစားၾကရင္း ဒက္ဒီ့ဆီမွာေက်ာင္းတက္ခြင့္ေတာင္းခဲ့ေတာ့ ဒက္ဒီကေခါင္းညိတ္ခဲ့တာမို႔ ဒီမိန္းကေလးနဲ႔နီးစပ္ဖို႔သာက်န္ေတာ့၏။
သူ႔ဘဝႀကီးဘာျဖစ္သြားသြား၊ ေသြးဟာ သူ႔ဘဝထက္ပိုၿပီးျမတ္ႏိုးရသည့္ မိန္းကေလးဆိုရင္ ပိုမည္မထင္...

💛💛▫▫▫💛💛

Part 27 ဆက္ရန္

စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997

Weiterlesen

Das wird dir gefallen

242K 14.6K 16
"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေက...
133K 5.2K 55
A popular girl wants to make her cheating jock ex-boyfriend jealous, so she shoots for the perfect gentleman.
81.9K 1.5K 31
Kevin is a gay furry who lives a normal life until suddenly he died after getting hit by a truck. When he wakes up, he gets himself in someone else b...