Players

Par SummerMaung

832K 26.2K 1.2K

"Real lifeမှာ စကေးကြမ်းလွန်းတဲ့ စနိုက်ကြော်ဆိုတာမရှိဘူး ပျော်ဝင်သွားတဲ့ယောကျာ်းဆိုတာပဲရှိတယ်" "ခေါင်းလေးပဲညိတ... Plus

Intro
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42 Unicode
42 Zawgyi code
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65

25

5K 256 12
Par SummerMaung

💛 Players ( Part - 25 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"အဲ့လိုဆိုရင်တော့ဖြစ်နိုင်ပါတယ် ခရာရယ် နင်အတွေးခေါင်နေတာပါ"

မင်းဆက်စံ၏စကားကို ချောရော၊ မှုံပါ ခေါင်းညိတ်ပြီးထောက်ခံပေမယ့် မိုးစက်ကတော့ ဘာမှမပြောဘဲ တစ်ခုခုကိုတွေးနေဟန်ဖြင့် ခရာ့ကိုခပ်စူးစူးကြည့်နေခဲ့သည်။
ခရာ့အပြင် ကျန်လူလေးယောက်မှာ မိုးစက်သာခေါင်းမညိတ်တာမို့ ခရာသည် မိုးစက်ကိုပြန်ကြည့်နေမိတော့ ခဏအကြာမှာ အနည်းငယ်လှုပ်ရှားလာသည်။

"ဖြစ်နိုင်ပါတယ် အမရာက အစကတည်းက အီစီကလီများတဲ့သူပဲ ပြီးတော့ သူ့ကိုလည်းတွဲသင့်လို့တွဲတယ်ဆိုတာ သိနေတာပဲ သူ့ဘက်ကလည်း ဒီလိုသုံးဘဝထဲမျောမနေချင်တော့ဘဲ ပြောင်းလဲချင်လာလို့နေမှာပေါ့"

"ငါ့အထင်တော့ မြန်လွန်းတယ်"

"မမြန်ပါဘူး ခရာရယ် လူတစ်ကိုယ် အကြိုက်တစ်မျိုးပေါ့ ပြောရရင်နင့်ပုံစံလေးက သွက်သွက်လက်လက်ကလေးပဲဥစ္စာ နင် မသင်္ကာရင်လည်း သူ့ရဲ့အပြုအမူတွေကို အကဲခတ်ကြည့်ပေါ့ အကြည့်တွေ စကားတွေမှာ တကယ်ချစ်မချစ်သိသာတယ်"

"ဟင်!! ဘယ်လိုမျိုးလဲ ငါမှမသိတာ"

"နင်တကယ်ချာတူးလန်ဟာ.. ဒီအသက်ဒီအရွယ်တောင်ရောက်နေပြီ ခုထိရည်းစားမထားဖူးဘူးလား မဖြစ်နိုင်တာ"

"ဖြစ်နိုင်ပါတယ်ဟ ကိုယ့်သမီးကို အမြင့်ကြီးမှန်းပြီး တအားtrainနိုင်တဲ့ အဖေမျိုးနဲ့နေရရင် ရည်းစားထားဖို့မပြောနဲ့ ကျောယားလို့တောင် မကုတ်အားဘူး ပန်းထက်အက္ခရာတို့ Singaporeမှာနေရလို့အထင်ကြီးမနေနဲ့ ငါ့ဘဝက အိမ်ရယ် ကျောင်းရယ် တရားရုံးရယ်ပဲ လုံးချာလိုက်နေတာ"

ဒါကြောင့်လည်း ဖေကြီးကွယ်ရာ ဒီနေရာကိုရောက်နေတုန်း နေချင်သလိုနေနေတာဟု ခရာထည့်မပြောဖြစ်တော့ပါ။
IR.Law၏အဆင့်Aဟု ဖေကြီးကသတ်မှတ်ထားခဲ့၍ Aရဖို့အသည်းအသန်ကြိုးစားခဲ့ရကာ တချို့သောရက်တွေကို ဥပဒေစာအုပ်တွေကြားမှာ ကုန်ဆုံးခဲ့ဖူးသည်။
အမှုစစ်၊ အမှုလိုက်စရာရှိလာရင်လည်း အချိန်အခါမရွေး တရားရုံးကိုအပြေးသွားရသည်။

ခရာကိုယ်တိုင်ကလည်း Architectတစ်ယောက်ဖြစ်လာမည့်မရာ့ကို အရှုံးမပေးလိုတာကြောင့် စာကြိုးစားဖို့တစ်ခုကလွဲရင် ကျန်တာဘာမှမရှိခဲ့။
အတန်းထဲက ကောင်လေးတစ်ယောက်နှင့်တော့ အကြည့်ချင်းဆုံ၊ ရင်ခုန်ခဲ့ဖူးပေမယ့် သူငယ်ချင်းတွေဆုံချိန် စကားပြောဖြစ်သည့်အခါမှာတော့...

"ကိုယ့်ကောင်မလေးကို အဝေးမလွှတ်နိုင်ပါဘူး ကိုယ်နဲ့နီးနီးလေးပဲနေစေချင်တာ အမြင့်ကိုမှန်းတာတော့ မှန်းတာပေါ့"

ဆိုသည့် ခရာ့အတောင်ပံတွေကို ရိုက်ချိုးလိုသည့်စကားမျိုး ပြောလာသည်။
မြင့်သထက်မြင့်အောင်ပျံသန်းလိုသော ငှက်တစ်ကောင်အတွက် ကြိုးတစ်ချောင်းဆိုတာ မလိုအပ်ဘူးမလား...

"ကျောင်းသားဘဝမှာ ရည်းစားရှာရင် ကျောင်းသားနဲ့ပဲတွေ့မယ် အလုပ်ထဲမှာရည်းစားရှာရင် အလုပ်ထဲကလူနဲ့ပဲတွေ့မယ် ကိုယ့်ဘဝအမြင့်ရောက်မှ ရည်းစားရှာရင် အမြင့်မှာရှိတဲ့သူနဲ့ပဲတွေ့မယ်
ကျောင်းသားတိုင်း၊ အလုပ်လုပ်တဲ့လူတိုင်း အမြင့်ကိုမရောက်ဘူး ဒါပေမယ့် အမြင့်မှာရှိတဲ့သူတိုင်းကတော့ ကျောင်းသားဟောင်း ဒါမှမဟုတ် အလုပ်လုပ်ခဲ့တဲ့သူတွေချည်းပဲ
ရည်းစားမထားရဘူးလို့ ဖေကြီးမပြောလိုဘူး အက္ခရာ ကိုယ့်ဘေးကလူဟာ ကိုယ့်ရဲ့ဂုဏ်သိက္ခာပဲ အဓိကနဲ့သာမညကို ခွဲခြားတတ်ဖို့ပြောပြတာ သဘောပေါက်ရဲ့လား"

"ကိုယ့်ထက်နိမ့်တဲ့သူကို ယောင်လို့တောင်ငုံ့မကြည့်နဲ့ သင်္ချာမှာတောင် အခြေတူမှထပ်ကိန်းတွေပေါင်းလို့၊ နှုတ်လို့ရတာ ကိုယ်နဲ့Levelမတူတဲ့လူကို ပေါင်းဖက်ဖို့ကြိုးစားရင် ဇာတ်သိမ်းလှမှာမဟုတ်ဘူး
ဘာဖြစ်လို့လဲဆိုတော့ သိပ်တော်သိပ်ထက်တဲ့မိန်းကလေးမျိုးကို တော်ရုံယောကျာ်းတွေ လက်မခံနိုင်လို့ပဲ"

ခရာနားရည်ဝနေပြီဖြစ်သော ဖေကြီးရဲ့စကားတွေကြောင့်၊ ခရာ့ရဲ့Harvardအိမ်မက်ကြောင့် ရည်းစားဆိုတာ အဝေးမပျံသန်းနိုင်အောင် ချည်သည့်ကြိုးတစ်ချောင်းဟု တွေးခဲ့မိသည်။
ဒါကြောင့်လည်း ခရာ့ဘဝမှာ ချစ်ခင်တွယ်တာရသည့် ယောကျာ်းသားဆိုလို့ ဖေကြီးနှင့်ပါပါးသာရှိပါ၏။

"ငါပြောပြမယ် ခရာ သူ့ဘက်ကတကယ်ချစ်ချစ် မချစ်ချစ် နင်သိစရာမလိုဘူး နင်လိုအပ်တာက တန်ခိုးဆီကချစ်တယ်ဆိုတဲ့စကားမလား"

"အင်း"

"အဲ့ဒါဆို ဘာမှဆန်းစစ်နေစရာမလိုဘူး သူ့ဘက်ကချစ်တယ်လို့ပြောထွက်လာအောင်ပဲ နင်လုပ်ရမှာ သူကတကယ်စိတ်ပါလို့ပြောတာပဲဖြစ်ဖြစ်၊ ဝတ်ကျေတမ်းကျေပြောတာပဲဖြစ်ဖြစ် အဲ့ဒီစကားကိုပဲ နင်လိုအပ်တာ
တစ်ခုပဲသေချာထိန်းချုပ်ထား ခရာ နင် သူ့အပေါ်ယိုင်သွားလို့မဖြစ်ဘူး"

"ယိုင်သွားလည်း ဘာဖြစ်လဲ မဟုတ်လည်း အမရာက မင်းစည်းစိမ်နဲ့တွဲနေတာပဲမလား တန်ခိုးနဲ့ခရာ တွဲဖြစ်သွားရင် ပိုလို့တောင်အဆင်ပြေသေးတယ်"

"နင်အဲ့လိုမပြောနဲ့မိုးစက်.. ဒီကိစ္စ ခရာ့အဖေမသိသေးလို့နော် သံအမတ်ကြီးသာပြန်သိသွားရင် သူ့သမီးကို တန်ခိုးလို သာမာန်အင်ဂျင်နီယာတစ်ယောက်နဲ့ သဘောတူမှာတဲ့လား နှိမ်တာတော့မဟုတ်ပေမယ့် အခြေအနေချင်းက.."

"မဟုတ်ဘူး အဆင့်အတန်းဆိုတာ ငွေနဲ့ဂုဏ်က သတ်မှတ်တာမဟုတ်ဘူး ကိုယ်လုပ်နေတဲ့လုပ်ရပ်နဲ့ ပါးစပ်ကထွက်တဲ့စကားတွေကပဲ သတ်မှတ်သွားတာ"

လေးလေးနက်နက်ပြောလိုက်သည့် ခရာ့စကားကြောင့် အားလုံးနှုတ်ဆိတ်သွားကာ အတွေးကိုယ်စီဖြင့် ငြိမ်သက်သွားကြသည်။
ချောတို့ဟာ ခရာ့အတွက် စိုးရိမ်နေကြ၍ ထွက်လာသောစကားတွေမှန်းသိပေမယ့်လည်း ကိုကြီးကိုပြောသည့်စကားတွေကို ခရာသဘောမကျ။

ခရာပြောခဲ့သလို မရာ့ကိုဘာမှမတုံ့ပြန်သေးဘဲ ကြိတ်ခံစားနေသော ကိုကြီးရဲ့လုပ်ရပ်ဟာ သဘောထားကြီးသူတွေရဲ့လုပ်ရပ်မျိုးဖြစ်ပြီး ပြောသည့်စကားတွေကလည်း တည်ကြည်လေးနက်သည်။
သေချာတာတစ်ခုက ကိုကြီးရဲ့အခြေအနေ အဆင့်အတန်းသည် သေးငယ်သိမ်နုပ်မနေသလို စတွေ့ကတည်းက အခုအချိန်ထိ ထိုအတိုင်းသာခံစားနေရသည်ဆို ခရာများကြောင်သလိုဖြစ်နေသလား…

"ဒါပေမယ့်ဟာ တန်ခိုးကို နင် တွဲလို့မကောင်းတာအမှန်ပဲ ခရာ.. နင့်အစ်မရဲ့ရည်းစားလေ"

အမှန်ပါပဲ...
တွဲလို့လည်းမဖြစ်သလို စိတ်ယိုင်လို့လည်းမဖြစ်။
ခရာလည်း ကိုကြီးကိုပြန်ချစ်ဖို့၊ ရင်ခုန်ဖို့မလို။
လိုအပ်သည်က ကိုကြီးဘက်ကချစ်တယ်ဆိုသော စကားတစ်ခွန်းရယ်သာ....

💛💛▫▫▫💛💛

၆ပေ၂လက်မဆိုသောအရပ်ကြီးကြောင့် ထိုလူဟာ လူအများကြားရောက်နေသည့်တိုင် ရောနှောမသွားဘဲ ထင်းထင်းကြီးဖြစ်နေသည်။
ရှပ်လက်ရှည်ရောင်စုံကို ဘောင်းဘီအနက်တမျိုးတည်းဖြင့်တွဲဖက်ကာ စွဲစွဲမြဲမြဲဝတ်တတ်သည့်ပုံစံသည် ရိုးအီမသွားဘဲ တည်ငြိမ်သောကိုကြီးပုံစံကို ပိုပြီးအသက်ဝင်လာအောင် ထောက်ပံ့ပေးနေသလို။

ရှမ်းစပ်သောလူမျိုးမို့ အသားဖြူပြီး စူးရှသောမျက်လုံးတွေက အမြဲလိုလို လျှို့ဝှက်သိပ်သည်းမှုတွေရှိနေသည်။
မာနကြီးပုံရသည့်နှုတ်ခမ်းတို့က အထူးအပါးညီမျှကာ ပန်းရင့်ရောင်သမ်းနေပုံက မိန်းကလေးဆန်သည်။
ခေါင်းအစ ခြေအဆုံးသေသေချာချာကြည့်ပြီးမှ တန်ခိုးဆိုသည့်နာမည်နှင့် သူ့ရဲ့ပုံစံဟာ မရာထင်သလို မပြည့်စုံသောဘဝဟု သူမ ဘယ်လိုမှခံစားလို့မရ။

"ကိုကြီးက ညီအစ်ကိုမောင်နှမ မရှိဘူးလား ကိုစည်း"

"အစ်ကိုတစ်ယောက်ရှိတယ်လို့ကြားတာပဲ သေလားရှင်လားတောင်မသိဘူးတဲ့ အမြဲတမ်း သူတစ်ယောက်တည်းပဲ"

"သူ့မိဘတွေကရော တကယ်ပဲ ခြံလုပ်ငန်းလုပ်တာလား"

"အဲ့လိုပြောတာပဲ တကယ်လည်းဟုတ်လောက်ပါတယ် သူ့အဖေက လိမ္မော်ခြံ၊ လက်ဖက်ခြံပိုင်ရှင်တဲ့ သူ့အမေကတော့ ကျောင်းဆရာမတဲ့ အဲ့ဒါအပြင်သိပ်မသိဘူး တန်ခိုးက သူ့မိသားစုအကြောင်းသိပ်မပြောပြချင်ဘူး မင်းလည်းစုံစမ်းထားတယ်မလား ဘာဖြစ်လို့လဲ"

"သူ့အကြောင်းက သူပြောသလောက်မရိုးရှင်းဘူးထင်တယ် ခရာ့အထင်တော့ သူကဇာတ်မြှုပ်နေတာလားလို့"

"မဟုတ်တာ ဘာလဲ မင်းစိတ်ထဲလေးနေပြန်ပြီလား"

ကိုစည်းစကားကြောင့် ခရာခေါင်းညိတ်ပြလိုက်ချိန်မှာ အလုပ်သမားတွေကိုစကားပြောပြီးသော ကိုကြီးက ခရာတို့အနားပြန်ရောက်လာ၍ စကားစပြတ်သွားသည်။
အခါတိုင်းလို ခရာ့ခေါင်းကိုပုတ်ကာ နှစ်ယောက်ကြားမှာဝင်ထိုင်လိုက်၍ စိတ်ထဲပိုလေးသွားပြီး မသိမသာလေး ဘေးတိုးထိုင်လိုက်သည်။
ထိုအခါ ခရာ့ကိုကြည့်လာသော ကိုစည်းအကြည့်တွေက ကိုကြီးအနားကခွာတာမျိုးမလုပ်ဖို့ တားမြစ်နေသည့်နှယ်။

"ညနေ ဘာအစီအစဥ်ရှိလဲ အက္ခရာ"

ခရာ့ကိုဦးတည်ပြီးမေးလာ၍ ခရာ ကိုကြီးကိုမော့ကြည့်ကာ ဘာဖြေရမလဲ အသည်းအသန်စဥ်းစားမိသည်။
အခြေအနေဟာ နောက်ဆုတ်၍မရတော့သည့်အပြင် ၄လလောက်အချိန်ယူခဲ့သည့်အရာဟာ တကယ်ဖြစ်မြောက်နေပြီမလား...
ထို့ကြောင့် ခရာ ခေါင်း​လေးခါပစ်လိုက်ကာ...

"ပါပါးတို့ဆီသွားမလို့ တခြားဘာမှမရှိဘူး"

"Aww အေး အခုမှစကားစပ်လို့မေးရဦးမယ် မင်းက မင်းမိဘတွေနဲ့ ဘာလို့အတူမနေတာလဲ"

"လွတ်လွတ်လပ်လပ်နေချင်လို့ပါ ခရာ့အဖေက သိပ်စည်းကမ်းကြီးတာ ဒီမှာအလုပ်လုပ်ဖို့တောင် သိပ်ခွင့်မပြုချင်ဘူး မရမကပြောပြီးတောင်းဆိုထားတာ ဒီတစ်ခုပဲလုပ်ပါ့မယ်ဆိုပြီး"

စကားကိုနည်းနည်းချန်လိုက်ပေမယ့် ခရာမလိမ်မှန်းသိနေသော ကိုစည်းက အသံထွက်အောင်ရယ်လေသည်။
ကိုကြီးကတော့ ဘာမှထူးဆန်းသွားပုံမရှိဘဲ ခေါင်းကိုသာညိတ်ပြပြီး ဆောက်လက်စအဆောက်အဦဘက် အကြည့်ပြန်ရောက်သွား၏။

"ကိုကြီးကရော"

ခရာ့ဘက်က ခြေတစ်လှမ်းတိုးရမည်မို့ စကားပြန်စတော့ ကိုကြီးက ခရာ့ကိုလှည့်ကြည့်ကာ ခပ်ဖွဖွတစ်ချက်ပြုံးသည်။
ထိုအပြုံးဟာ သူ့ဘဝအကြောင်းမပြောချင်သော၊ လျှို့ဝှက်ချင်သောအပြုံးမျိုးဖြစ်ကာ ကိုကြီးပြုံးနေပုံက ငေးနေချင်စရာကောင်းလွန်းပါသည်။

"အင်ဂျင်နီယာလုပ်နေလို့ အဖေက ငါ့ကိုနှင်ချထားတာလေ မင်းက ဘာသိချင်သေးတာလဲ"

"ကိုကြီးမှာ ညီအစ်ကိုမောင်နှမတွေ"

"မျက်နှာနှစ်ခုရှိတဲ့ အစ်ကိုတစ်ယောက်ရှိတယ်"

ဒီအဖြေကတော့ ခရာ့ကိုတည့်တည့်ကြီးထိကာ ရင်ထဲဒိတ်ခနဲဖြစ်သွားပြီး ငါ့ကိုများ သွယ်ဝိုက်ပြောနေသလားဟု မလုံမလဲဖြစ်သွားသည်။
မရာ့ကိစ္စ၊ ကိုစည်းနှင့်ခရာတို့ကိစ္စကို ကိုကြီး အတွင်းကျကျသိနေတာများလား…
မဖြစ်နိုင်လောက်ပါဘူး၊ ကိုကြီးသိနေရင် ဒီအတိုင်းငြိမ်နေမယ့်လူမှမဟုတ်တာ...

"ဘာမေးဦးမလဲ"

"ဟင့်အင်း"

ခရာခေါင်းခါပြလိုက်ကာ အယောင်ယောင်အမှားမှားဖြစ်သွားစိတ်ကို ဖုံးကွယ်ချင်၍ ပိုက်ဆံအိတ်ထဲကမိတ်ကပ်ဘူးကို ရည်ရွယ်ချက်မရှိဘဲ ထုတ်ယူလိုက်မိသည်။
ထုတ်ယူပြီးမှကြောင်သွားပေမယ့် ဟန်မပျက်အောင် မိတ်ကပ်ဘူးကိုဖွင့်ပြီး ကိုယ့်မျက်နှာကို မိတ်ကပ်ဖို့နေလိုက်သည်။

"တော်တော့ ဒီအတိုင်းလည်း ချစ်စရာကောင်းတယ်"

မိတ်ကပ်ဘူးကိုဆွဲယူရင်း ပြောလိုက်သည့်စကားကြောင့် ခရာနှုတ်ခမ်းလေးပွင့်ဟကာ ကိုကြီးကိုကြည့်မိတော့ ကြည်လဲ့နေသောမျက်လုံးတစ်စုံကို ရင်ဆိုင်မိသည်။
ဒါ ဘယ်လိုအကြည့်ကြီးလဲ...
စီရင်ချက်ချခါနီး တရားခံတစ်ယောက်ကိုကြည့်နေတဲ့ တရားသူကြီးရဲ့မျက်လုံးလိုပါပဲလား...

"မလိမ်းနဲ့တော့"

ခရာခေါင်းညိတ်ပြရင်း မျက်နှာလွှဲပစ်လိုက်တော့ ခပ်တိုးတိုးရယ်သံတစ်ခုကြားလိုက်ရ၍ မျက်လုံးတွေဖိပိတ်ပစ်ပြီး လက်သီးလေးကို ကျစ်နေအောင်ဆုပ်ထားမိသည်။
အဲ့ဒီမျက်လုံးတွေက အချစ်မပါဘူး။
လိမ်နေတာ၊ ကိုကြီးလိမ်နေတာ
သူလိမ်နေတာကို ကြောက်ပြီး၊ မလုံမလဲတွေဖြစ်ပြီး ရင်တွေတုန်မနေနဲ့ အက္ခရာ...
၂လပါပဲ၊ ၂လကြာပြီးရင် Harvardတက္ကသိုလ်ကြီးက နင့်ကိုထွေးပွေ့တော့မှာ...
ဟုတ်တယ်၊ ၂လပဲ.....

💛💛▫▫▫💛💛

"မင်းရော ဘယ်လိုလူမျိုးကို စိတ်ဝင်စားလဲ အက္ခရာ"

ခရာ့မျက်နှာမော့လာကာ ဆိုဒ်ဦးထုတ်ကိုခဏချွတ်ပြီး ချွေးတွေစိုနေသည့်နဖူးကို စိတ်အိုက်လက်အိုက်သုတ်ပစ်သည်။
တခြားမိန်းကလေးတွေလို စတိုင်ဖြစ်ချင်လို့ လှလှပပလေးလုပ်တာမျိုးမဟုတ်ဘဲ တကယ်ကိုပစ်စလက်ခတ်။

"အရပ်ရှည်ပြီး ချောရင်ရပြီ"

"Awww လွယ်လိုက်တာဗျာ"

"ခရာပြောခဲ့သလိုပဲ နှစ်ဖက်မျှတွေးတတ်ပြီး ကိုယ့်ကိုချစ်ရင်ရပါပြီ ကျန်တာမလိုပါဘူး"

ခရာက သွားလေးတွေပေါ်အောင်ပြုံးပြပြီး ဦးထုတ်ကိုပြန်ဆောင်းကာ မေးသိုင်းကြိုးကိုတပ်တေရင်း ပြန်ဖြေသည်။
ထိုစကားကတော့ တကယ်ဖြေသလား၊ လိမ်သည်လားတော့မသိသော်လည်း သူမရဲ့အဖြေကရိုးစင်းလွန်းသည်ဟု ထင်မိသည်။

"မင်း တကယ်ပဲ ရည်းစားမထားဖူးဘူးလား"

ခရာ လှုပ်ရှားနေသမျှတွေခဏရပ်သွားပေမယ့် အရေးမစိုက်ဘဲ ဆွဲလက်စအခန်းပုံကိုငုံ့ကြည့်ရင်း ဘောပင်ကိုတချပ်ချပ်နှိပ်သည်။
တကယ်ကို ရည်းစားထားဖို့စိတ်မဝင်စားသေးသော အမူအယာမျိုး…

"Omm မလိုဘူးလို့ထင်လို့လေ ခရာရည်းစားမထားချင်သေးဘူး ခရာလိုချင်တဲ့ဘဝတစ်ခုကိုရောက်အောင်အရင်လုပ်ဦးမှာ"

"မင်းက ဘယ်လိုဘဝမျိုးလိုချင်လို့လဲ"

ဘောပင်ကိုတချပ်ချပ်နှိပ်နေသည့်လက်တွေရပ်သွားပြီး ခရာက သူ့ကိုပြန်လှည့်ကြည့်သည်။
ဒီတစ်ခါရော ဘယ်လိုအမှန်တရားတွေကို ထုတ်ဖော်ပြောမလဲမသိ၍ ခရာ့မျက်နှာကိုစူးစိုက်ကြည့်တော့ သူမကလည်းအကြည့်မလွှဲဘဲ ပြန်ကြည့်နေ၏။

"ခရာလိုချင်တဲ့ဘဝကို ကိုယ်တိုင်ပဲပုံဖော်မယ် ဘယ်သူမှလည်းသိစရာမလိုသလို ဘယ်သူ့အကူအညီမှလည်းမလိုဘူး ကိုကြီး"

"ဟား!.. မာနခဲပဲ"

"ဟုတ်တယ်လေကိုကြီးရဲ့ ခရာ အခုရည်းစားထားမယ်ဆိုရင် အဲ့ဒါက ရည်းစားဦးလည်းဖြစ်သလို အချစ်ဦးလည်းဖြစ်မှာ.. အဲ့လိုပထမဆုံးဆိုတဲ့နေရာတွေကို ဘာမှန်းညာမှန်းမသိ ကိုယ့်ရှေ့ရောက်လာတဲ့သူရဲ့လက်ထဲ ရော့အင့် ဆိုပြီးထည့်ပေးလိုက်ရမှာလား ဆောရီးပဲ"

"Aww ဟုတ်ပါပြီ နောက်ဆို မင်းကိုတစ်ခုခုပြောဖို့ရှိလာရင် ရင်ထဲကပါမှပဲပြောတော့မယ်"

တတိယခြေလှမ်းအတွက် စကားခံလိုက်တော့ ခရာ နှာခေါင်းလေးရှုံ့ပြကာ စိတ်ပျက်သလိုပုံစံဖြင့် ခေါင်းကိုအသာအယာခါယမ်းပြသည်။
စိတ်ကူးအိပ်မက်မြင့်မားသောဒီမိန်းကလေးကို လိုက်ဖို့မလွယ်မှန်း သိလိုက်သလို လိုက်ရခက်ခဲ့သည့်သွေးကိုလည်း သတိမိပြန်သည်။
ရည်းစားမထားဖူးသော အရိုင်းဆန်ဆန်လေးဖြစ်နေပေမယ့်အက္ခရာက သွေးလိုတော့ လွယ်လွယ်လေးနဲ့ပြန်အီမယ့်သူတော့မဖြစ်နိုင်။

မင်းကိုရမှဖြစ်မယ် အက္ခရာ။
မင်းနဲ့ငါ ချစ်ကို ချစ်ရမယ်.....

💛💛▫▫▫💛💛

Part 26 ဆက်ရန်

စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997

~~~~~~~~~~~~~~~~~~~~~~

  
💛 Players ( Part - 25 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"အဲ့လိုဆိုရင္ေတာ့ျဖစ္ႏိုင္ပါတယ္ ခရာရယ္ နင္အေတြးေခါင္ေနတာပါ"

မင္းဆက္စံ၏စကားကို ေခ်ာေရာ၊ မႈံပါ ေခါင္းညိတ္ၿပီးေထာက္ခံေပမယ့္ မိုးစက္ကေတာ့ ဘာမွမေျပာဘဲ တစ္ခုခုကိုေတြးေနဟန္ျဖင့္ ခရာ့ကိုခပ္စူးစူးၾကၫ့္ေနခဲ့သည္။
ခရာ့အျပင္ က်န္လူေလးေယာက္မွာ မိုးစက္သာေခါင္းမညိတ္တာမို႔ ခရာသည္ မိုးစက္ကိုျပန္ၾကၫ့္ေနမိေတာ့ ခဏအၾကာမွာ အနည္းငယ္လႈပ္ရွားလာသည္။

"ျဖစ္ႏိုင္ပါတယ္ အမရာက အစကတည္းက အီစီကလီမ်ားတဲ့သူပဲ ၿပီးေတာ့ သူ႔ကိုလည္းတဲြသင့္လို႔တဲြတယ္ဆိုတာ သိေနတာပဲ သူ႔ဘက္ကလည္း ဒီလိုသံုးဘဝထဲေမ်ာမေနခ်င္ေတာ့ဘဲ ေျပာင္းလဲခ်င္လာလို႔ေနမွာေပါ့"

"ငါ့အထင္ေတာ့ ျမန္လြန္းတယ္"

"မျမန္ပါဘူး ခရာရယ္ လူတစ္ကိုယ္ အႀကိဳက္တစ္မ်ိဳးေပါ့ ေျပာရရင္နင့္ပံုစံေလးက သြက္သြက္လက္လက္ကေလးပဲဥစၥာ နင္ မသကၤာရင္လည္း သူ႔ရဲ့အျပဳအမူေတြကို အကဲခတ္ၾကၫ့္ေပါ့ အၾကၫ့္ေတြ စကားေတြမွာ တကယ္ခ်စ္မခ်စ္သိသာတယ္"

"ဟင္!! ဘယ္လိုမ်ိဳးလဲ ငါမွမသိတာ"

"နင္တကယ္ခ်ာတူးလန္ဟာ.. ဒီအသက္ဒီအရြယ္ေတာင္ေရာက္ေနၿပီ ခုထိရည္းစားမထားဖူးဘူးလား မျဖစ္ႏိုင္တာ"

"ျဖစ္ႏိုင္ပါတယ္ဟ ကိုယ့္သမီးကို အျမင့္ႀကီးမွန္းၿပီး တအားtrainႏိုင္တဲ့ အေဖမ်ိဳးနဲ႔ေနရရင္ ရည္းစားထားဖို႔မေျပာနဲ႔ ေက်ာယားလို႔ေတာင္ မကုတ္အားဘူး ပန္းထက္အကၡရာတို႔ Singaporeမွာေနရလို႔အထင္ႀကီးမေနနဲ႔ ငါ့ဘဝက အိမ္ရယ္ ေက်ာင္းရယ္ တရားရံုးရယ္ပဲ လံုးခ်ာလိုက္ေနတာ"

ဒါေၾကာင့္လည္း ေဖႀကီးကြယ္ရာ ဒီေနရာကိုေရာက္ေနတုန္း ေနခ်င္သလိုေနေနတာဟု ခရာထၫ့္မေျပာျဖစ္ေတာ့ပါ။
IR.Law၏အဆင့္Aဟု ေဖႀကီးကသတ္မွတ္ထားခဲ့၍ Aရဖို႔အသည္းအသန္ႀကိဳးစားခဲ့ရကာ တခ်ိဳ႕ေသာရက္ေတြကို ဥပေဒစာအုပ္ေတြၾကားမွာ ကုန္ဆံုးခဲ့ဖူးသည္။
အမႈစစ္၊ အမႈလိုက္စရာရိွလာရင္လည္း အခ်ိန္အခါမေရြး တရားရံုးကိုအေျပးသြားရသည္။

ခရာကိုယ္တိုင္ကလည္း Architectတစ္ေယာက္ျဖစ္လာမၫ့္မရာ့ကို အရႈံးမေပးလိုတာေၾကာင့္ စာႀကိဳးစားဖို႔တစ္ခုကလဲြရင္ က်န္တာဘာမွမရိွခဲ့။
အတန္းထဲက ေကာင္ေလးတစ္ေယာက္ႏွင့္ေတာ့ အၾကၫ့္ခ်င္းဆံု၊ ရင္ခုန္ခဲ့ဖူးေပမယ့္ သူငယ္ခ်င္းေတြဆံုခ်ိန္ စကားေျပာျဖစ္သၫ့္အခါမွာေတာ့...

"ကိုယ့္ေကာင္မေလးကို အေဝးမလႊတ္ႏိုင္ပါဘူး ကိုယ္နဲ႔နီးနီးေလးပဲေနေစခ်င္တာ အျမင့္ကိုမွန္းတာေတာ့ မွန္းတာေပါ့"

ဆိုသၫ့္ ခရာ့အေတာင္ပံေတြကို ရိုက္ခ်ိဳးလိုသၫ့္စကားမ်ိဳး ေျပာလာသည္။
ျမင့္သထက္ျမင့္ေအာင္ပ်ံသန္းလိုေသာ ငွက္တစ္ေကာင္အတြက္ ႀကိဳးတစ္ေခ်ာင္းဆိုတာ မလိုအပ္ဘူးမလား...

"ေက်ာင္းသားဘဝမွာ ရည္းစားရွာရင္ ေက်ာင္းသားနဲ႔ပဲေတြ့မယ္ အလုပ္ထဲမွာရည္းစားရွာရင္ အလုပ္ထဲကလူနဲ႔ပဲေတြ့မယ္ ကိုယ့္ဘဝအျမင့္ေရာက္မွ ရည္းစားရွာရင္ အျမင့္မွာရိွတဲ့သူနဲ႔ပဲေတြ့မယ္
ေက်ာင္းသားတိုင္း၊ အလုပ္လုပ္တဲ့လူတိုင္း အျမင့္ကိုမေရာက္ဘူး ဒါေပမယ့္ အျမင့္မွာရိွတဲ့သူတိုင္းကေတာ့ ေက်ာင္းသားေဟာင္း ဒါမွမဟုတ္ အလုပ္လုပ္ခဲ့တဲ့သူေတြခ်ည္းပဲ
ရည္းစားမထားရဘူးလို႔ ေဖႀကီးမေျပာလိုဘူး အကၡရာ ကိုယ့္ေဘးကလူဟာ ကိုယ့္ရဲ့ဂုဏ္သိကၡာပဲ အဓိကနဲ႔သာမညကို ခဲြျခားတတ္ဖို႔ေျပာျပတာ သေဘာေပါက္ရဲ့လား"

"ကိုယ့္ထက္နိမ့္တဲ့သူကို ေယာင္လို႔ေတာင္ငံု႔မၾကၫ့္နဲ႔ သခ်ၤာမွာေတာင္ အေျခတူမွထပ္ကိန္းေတြေပါင္းလို႔၊ ႏႈတ္လို႔ရတာ ကိုယ္နဲ႔Levelမတူတဲ့လူကို ေပါင္းဖက္ဖို႔ႀကိဳးစားရင္ ဇာတ္သိမ္းလွမွာမဟုတ္ဘူး
ဘာျဖစ္လို႔လဲဆိုေတာ့ သိပ္ေတာ္သိပ္ထက္တဲ့မိန္းကေလးမ်ိဳးကို ေတာ္ရံုေယာက်ာ္းေတြ လက္မခံႏိုင္လို႔ပဲ"

ခရာနားရည္ဝေနၿပီျဖစ္ေသာ ေဖႀကီးရဲ့စကားေတြေၾကာင့္၊ ခရာ့ရဲ့Harvardအိမ္မက္ေၾကာင့္ ရည္းစားဆိုတာ အေဝးမပ်ံသန္းႏိုင္ေအာင္ ခ်ည္သၫ့္ႀကိဳးတစ္ေခ်ာင္းဟု ေတြးခဲ့မိသည္။
ဒါေၾကာင့္လည္း ခရာ့ဘဝမွာ ခ်စ္ခင္တြယ္တာရသၫ့္ ေယာက်ာ္းသားဆိုလို႔ ေဖႀကီးႏွင့္ပါပါးသာရိွပါ၏။

"ငါေျပာျပမယ္ ခရာ သူ႔ဘက္ကတကယ္ခ်စ္ခ်စ္ မခ်စ္ခ်စ္ နင္သိစရာမလိုဘူး နင္လိုအပ္တာက တန္ခိုးဆီကခ်စ္တယ္ဆိုတဲ့စကားမလား"

"အင္း"

"အဲ့ဒါဆို ဘာမွဆန္းစစ္ေနစရာမလိုဘူး သူ႔ဘက္ကခ်စ္တယ္လို႔ေျပာထြက္လာေအာင္ပဲ နင္လုပ္ရမွာ သူကတကယ္စိတ္ပါလို႔ေျပာတာပဲျဖစ္ျဖစ္၊ ဝတ္ေက်တမ္းေက်ေျပာတာပဲျဖစ္ျဖစ္ အဲ့ဒီစကားကိုပဲ နင္လိုအပ္တာ
တစ္ခုပဲေသခ်ာထိန္းခ်ဳပ္ထား ခရာ နင္ သူ႔အေပၚယိုင္သြားလို႔မျဖစ္ဘူး"

"ယိုင္သြားလည္း ဘာျဖစ္လဲ မဟုတ္လည္း အမရာက မင္းစည္းစိမ္နဲ႔တဲြေနတာပဲမလား တန္ခိုးနဲ႔ခရာ တဲြျဖစ္သြားရင္ ပိုလို႔ေတာင္အဆင္ေျပေသးတယ္"

"နင္အဲ့လိုမေျပာနဲ႔မိုးစက္.. ဒီကိစၥ ခရာ့အေဖမသိေသးလို႔ေနာ္ သံအမတ္ႀကီးသာျပန္သိသြားရင္ သူ႔သမီးကို တန္ခိုးလို သာမာန္အင္ဂ်င္နီယာတစ္ေယာက္နဲ႔ သေဘာတူမွာတဲ့လား ႏိွမ္တာေတာ့မဟုတ္ေပမယ့္ အေျခအေနခ်င္းက.."

"မဟုတ္ဘူး အဆင့္အတန္းဆိုတာ ေငြနဲ႔ဂုဏ္က သတ္မွတ္တာမဟုတ္ဘူး ကိုယ္လုပ္ေနတဲ့လုပ္ရပ္နဲ႔ ပါးစပ္ကထြက္တဲ့စကားေတြကပဲ သတ္မွတ္သြားတာ"

ေလးေလးနက္နက္ေျပာလိုက္သၫ့္ ခရာ့စကားေၾကာင့္ အားလံုးႏႈတ္ဆိတ္သြားကာ အေတြးကိုယ္စီျဖင့္ ၿငိမ္သက္သြားၾကသည္။
ေခ်ာတို႔ဟာ ခရာ့အတြက္ စိုးရိမ္ေနၾက၍ ထြက္လာေသာစကားေတြမွန္းသိေပမယ့္လည္း ကိုႀကီးကိုေျပာသၫ့္စကားေတြကို ခရာသေဘာမက်။

ခရာေျပာခဲ့သလို မရာ့ကိုဘာမွမတံု႔ျပန္ေသးဘဲ ႀကိတ္ခံစားေနေသာ ကိုႀကီးရဲ့လုပ္ရပ္ဟာ သေဘာထားႀကီးသူေတြရဲ့လုပ္ရပ္မ်ိဳးျဖစ္ၿပီး ေျပာသၫ့္စကားေတြကလည္း တည္ၾကည္ေလးနက္သည္။
ေသခ်ာတာတစ္ခုက ကိုႀကီးရဲ့အေျခအေန အဆင့္အတန္းသည္ ေသးငယ္သိမ္ႏုပ္မေနသလို စေတြ့ကတည္းက အခုအခ်ိန္ထိ ထိုအတိုင္းသာခံစားေနရသည္ဆို ခရာမ်ားေၾကာင္သလိုျဖစ္ေနသလား…

"ဒါေပမယ့္ဟာ တန္ခိုးကို နင္ တဲြလို႔မေကာင္းတာအမွန္ပဲ ခရာ.. နင့္အစ္မရဲ့ရည္းစားေလ"

အမွန္ပါပဲ...
တဲြလို႔လည္းမျဖစ္သလို စိတ္ယိုင္လို႔လည္းမျဖစ္။
ခရာလည္း ကိုႀကီးကိုျပန္ခ်စ္ဖို႔၊ ရင္ခုန္ဖို႔မလို။
လိုအပ္သည္က ကိုႀကီးဘက္ကခ်စ္တယ္ဆိုေသာ စကားတစ္ခြန္းရယ္သာ....

💛💛▫▫▫💛💛

၆ေပ၂လက္မဆိုေသာအရပ္ႀကီးေၾကာင့္ ထိုလူဟာ လူအမ်ားၾကားေရာက္ေနသၫ့္တိုင္ ေရာေနွာမသြားဘဲ ထင္းထင္းႀကီးျဖစ္ေနသည္။
ရွပ္လက္ရွည္ေရာင္စံုကို ေဘာင္းဘီအနက္တမ်ိဳးတည္းျဖင့္တဲြဖက္ကာ စဲြစဲြၿမဲျမဲဝတ္တတ္သၫ့္ပံုစံသည္ ရိုးအီမသြားဘဲ တည္ၿငိမ္ေသာကိုႀကီးပံုစံကို ပိုၿပီးအသက္ဝင္လာေအာင္ ေထာက္ပံ့ေပးေနသလို။

ရွမ္းစပ္ေသာလူမ်ိဳးမို႔ အသားျဖဴျပီး စူးရွေသာမ်က္လံုးေတြက အၿမဲလိုလို လ်ိႈ႔ဝွက္သိပ္သည္းမႈေတြရိွေနသည္။
မာနႀကီးပံုရသည့္ႏႈတ္ခမ္းတို႔က အထူးအပါးညီမ်ွကာ ပန္းရင့္ေရာင္သမ္းေနပံုက မိန္းကေလးဆန္သည္။
ေခါင္းအစ ေျခအဆံုးေသေသခ်ာခ်ာၾကၫ့္ၿပီးမွ တန္ခိုးဆိုသၫ့္နာမည္ႏွင့္ သူ႔ရဲ့ပံုစံဟာ မရာထင္သလို မျပၫ့္စံုေသာဘဝဟု သူမ ဘယ္လိုမွခံစားလို႔မရ။

"ကိုႀကီးက ညီအစ္ကိုေမာင္ႏွမ မရိွဘူးလား ကိုစည္း"

"အစ္ကိုတစ္ေယာက္ရိွတယ္လို႔ၾကားတာပဲ ေသလားရွင္လားေတာင္မသိဘူးတဲ့ အၿမဲတမ္း သူတစ္ေယာက္တည္းပဲ"

"သူ႔မိဘေတြကေရာ တကယ္ပဲ ၿခံလုပ္ငန္းလုပ္တာလား"

"အဲ့လိုေျပာတာပဲ တကယ္လည္းဟုတ္ေလာက္ပါတယ္ သူ႔အေဖက လိမၼော္ၿခံ၊ လက္ဖက္ၿခံပိုင္ရွင္တဲ့ သူ႔အေမကေတာ့ ေက်ာင္းဆရာမတဲ့ အဲ့ဒါအျပင္သိပ္မသိဘူး တန္ခိုးက သူ႔မိသားစုအေၾကာင္းသိပ္မေျပာျပခ်င္ဘူး မင္းလည္းစံုစမ္းထားတယ္မလား ဘာျဖစ္လို႔လဲ"

"သူ႔အေၾကာင္းက သူေျပာသေလာက္မရိုးရွင္းဘူးထင္တယ္ ခရာ့အထင္ေတာ့ သူကဇာတ္ၿမွဳပ္ေနတာလားလို႔"

"မဟုတ္တာ ဘာလဲ မင္းစိတ္ထဲေလးေနျပန္ၿပီလား"

ကိုစည္းစကားေၾကာင့္ ခရာေခါင္းညိတ္ျပလိုက္ခ်ိန္မွာ အလုပ္သမားေတြကိုစကားေျပာၿပီးေသာ ကိုႀကီးက ခရာတို႔အနားျပန္ေရာက္လာ၍ စကားစျပတ္သြားသည္။
အခါတိုင္းလို ခရာ့ေခါင္းကိုပုတ္ကာ ႏွစ္ေယာက္ၾကားမွာဝင္ထိုင္လိုက္၍ စိတ္ထဲပိုေလးသြားၿပီး မသိမသာေလး ေဘးတိုးထိုင္လိုက္သည္။
ထိုအခါ ခရာ့ကိုၾကၫ့္လာေသာ ကိုစည္းအၾကၫ့္ေတြက ကိုႀကီးအနားကခြာတာမ်ိဳးမလုပ္ဖို႔ တားျမစ္ေနသၫ့္ႏွယ္။

"ညေန ဘာအစီအစဥ္ရိွလဲ အကၡရာ"

ခရာ့ကိုဦးတည္ၿပီးေမးလာ၍ ခရာ ကိုႀကီးကိုေမာ့ၾကၫ့္ကာ ဘာေျဖရမလဲ အသည္းအသန္စဥ္းစားမိသည္။
အေျခအေနဟာ ေနာက္ဆုတ္၍မရေတာ့သၫ့္အျပင္ ၄လေလာက္အခ်ိန္ယူခဲ့သၫ့္အရာဟာ တကယ္ျဖစ္ေျမာက္ေနၿပီမလား...
ထို႔ေၾကာင့္ ခရာ ေခါင္း​ေလးခါပစ္လိုက္ကာ...

"ပါပါးတို႔ဆီသြားမလို႔ တျခားဘာမွမရိွဘူး"

"Aww ေအး အခုမွစကားစပ္လို႔ေမးရဦးမယ္ မင္းက မင္းမိဘေတြနဲ႔ ဘာလို႔အတူမေနတာလဲ"

"လြတ္လြတ္လပ္လပ္ေနခ်င္လို႔ပါ ခရာ့အေဖက သိပ္စည္းကမ္းႀကီးတာ ဒီမွာအလုပ္လုပ္ဖို႔ေတာင္ သိပ္ခြင့္မျပဳခ်င္ဘူး မရမကေျပာၿပီးေတာင္းဆိုထားတာ ဒီတစ္ခုပဲလုပ္ပါ့မယ္ဆိုၿပီး"

စကားကိုနည္းနည္းခ်န္လိုက္ေပမယ့္ ခရာမလိမ္မွန္းသိေနေသာ ကိုစည္းက အသံထြက္ေအာင္ရယ္ေလသည္။
ကိုႀကီးကေတာ့ ဘာမွထူးဆန္းသြားပံုမရိွဘဲ ေခါင္းကိုသာညိတ္ျပၿပီး ေဆာက္လက္စအေဆာက္အဦဘက္ အၾကၫ့္ျပန္ေရာက္သြား၏။

"ကိုႀကီးကေရာ"

ခရာ့ဘက္က ေျခတစ္လွမ္းတိုးရမည္မို႔ စကားျပန္စေတာ့ ကိုႀကီးက ခရာ့ကိုလွၫ့္ၾကၫ့္ကာ ခပ္ဖြဖြတစ္ခ်က္ႃပံုးသည္။
ထိုအႃပံုးဟာ သူ႔ဘဝအေၾကာင္းမေျပာခ်င္ေသာ၊ လ်ိႈ႔ဝွက္ခ်င္ေသာအႃပံုးမ်ိဳးျဖစ္ကာ ကိုႀကီးႃပံုးေနပံုက ေငးေနခ်င္စရာေကာင္းလြန္းပါသည္။

"အင္ဂ်င္နီယာလုပ္ေနလို႔ အေဖက ငါ့ကိုႏွင္ခ်ထားတာေလ မင္းက ဘာသိခ်င္ေသးတာလဲ"

"ကိုႀကီးမွာ ညီအစ္ကိုေမာင္ႏွမေတြ"

"မ်က္ႏွာႏွစ္ခုရိွတဲ့ အစ္ကိုတစ္ေယာက္ရိွတယ္"

ဒီအေျဖကေတာ့ ခရာ့ကိုတၫ့္တည့္ႀကီးထိကာ ရင္ထဲဒိတ္ခနဲျဖစ္သြားၿပီး ငါ့ကိုမ်ား သြယ္ဝိုက္ေျပာေနသလားဟု မလံုမလဲျဖစ္သြားသည္။
မရာ့ကိစၥ၊ ကိုစည္းႏွင့္ခရာတို႔ကိစၥကို ကိုႀကီး အတြင္းက်က်သိေနတာမ်ားလား…
မျဖစ္ႏိုင္ေလာက္ပါဘူး၊ ကိုႀကီးသိေနရင္ ဒီအတိုင္းၿငိမ္ေနမယ့္လူမွမဟုတ္တာ...

"ဘာေမးဦးမလဲ"

"ဟင့္အင္း"

ခရာေခါင္းခါျပလိုက္ကာ အေယာင္ေယာင္အမွားမွားျဖစ္သြားစိတ္ကို ဖံုးကြယ္ခ်င္၍ ပိုက္ဆံအိတ္ထဲကမိတ္ကပ္ဘူးကို ရည္ရြယ္ခ်က္မရိွဘဲ ထုတ္ယူလိုက္မိသည္။
ထုတ္ယူၿပီးမွေၾကာင္သြားေပမယ့္ ဟန္မပ်က္ေအာင္ မိတ္ကပ္ဘူးကိုဖြင့္ၿပီး ကိုယ့္မ်က္ႏွာကို မိတ္ကပ္ဖို႔ေနလိုက္သည္။

"ေတာ္ေတာ့ ဒီအတိုင္းလည္း ခ်စ္စရာေကာင္းတယ္"

မိတ္ကပ္ဘူးကိုဆဲြယူရင္း ေျပာလိုက္သၫ့္စကားေၾကာင့္ ခရာႏႈတ္ခမ္းေလးပြင့္ဟကာ ကိုႀကီးကိုၾကၫ့္မိေတာ့ ၾကည္လဲ့ေနေသာမ်က္လံုးတစ္စံုကို ရင္ဆိုင္မိသည္။
ဒါ ဘယ္လိုအၾကၫ့္ႀကီးလဲ...
စီရင္ခ်က္ခ်ခါနီး တရားခံတစ္ေယာက္ကိုၾကၫ့္ေနတဲ့ တရားသူႀကီးရဲ့မ်က္လံုးလိုပါပဲလား...

"မလိမ္းနဲ႔ေတာ့"

ခရာေခါင္းညိတ္ျပရင္း မ်က္ႏွာလႊဲပစ္လိုက္ေတာ့ ခပ္တိုးတိုးရယ္သံတစ္ခုၾကားလိုက္ရ၍ မ်က္လံုးေတြဖိပိတ္ပစ္ၿပီး လက္သီးေလးကို က်စ္ေနေအာင္ဆုပ္ထားမိသည္။
အဲ့ဒီမ်က္လံုးေတြက အခ်စ္မပါဘူး။
လိမ္ေနတာ၊ ကိုႀကီးလိမ္ေနတာ
သူလိမ္ေနတာကို ေၾကာက္ၿပီး၊ မလံုမလဲေတျြဖစ္ၿပီး ရင္ေတြတုန္မေနနဲ႔ အကၡရာ...
၂လပါပဲ၊ ၂လၾကာၿပီးရင္ Harvardတကၠသိုလ္ႀကီးက နင့္ကိုေထြးေပြ့ေတာ့မွာ...
ဟုတ္တယ္၊ ၂လပဲ.....

💛💛▫▫▫💛💛

"မင္းေရာ ဘယ္လိုလူမ်ိဳးကို စိတ္ဝင္စားလဲ အကၡရာ"

ခရာ့မ်က္ႏွာေမာ့လာကာ ဆိုဒ္ဦးထုတ္ကိုခဏခၽြတ္ၿပီး ခၽြေးေတြစိုေနသၫ့္နဖူးကို စိတ္အိုက္လက္အိုက္သုတ္ပစ္သည္။
တျခားမိန္းကေလးေတြလို စတိုင္ျဖစ္ခ်င္လို႔ လွလွပပေလးလုပ္တာမ်ိဳးမဟုတ္ဘဲ တကယ္ကိုပစ္စလက္ခတ္။

"အရပ္ရွည္ၿပီး ေခ်ာရင္ရၿပီ"

"Awww လြယ္လိုက္တာဗ်ာ"

"ခရာေျပာခဲ့သလိုပဲ ႏွစ္ဖက္မ်ွေတြးတတ္ၿပီး ကိုယ့္ကိုခ်စ္ရင္ရပါၿပီ က်န္တာမလိုပါဘူး"

ခရာက သြားေလးေတြေပၚေအာင္ႃပံုးျပၿပီး ဦးထုတ္ကိုျပန္ေဆာင္းကာ ေမးသိုင္းႀကိဳးကိုတပ္ေတရင္း ျပန္ေျဖသည္။
ထိုစကားကေတာ့ တကယ္ေျဖသလား၊ လိမ္သည္လားေတာ့မသိေသာ္လည္း သူမရဲ့အေျဖကရိုးစင္းလြန္းသည္ဟု ထင္မိသည္။

"မင္း တကယ္ပဲ ရည္းစားမထားဖူးဘူးလား"

ခရာ လႈပ္ရွားေနသမ်ွေတြခဏရပ္သြားေပမယ့္ အေရးမစိုက္ဘဲ ဆဲြလက္စအခန္းပံုကိုငံု႔ၾကၫ့္ရင္း ေဘာပင္ကိုတခ်ပ္ခ်ပ္ႏိွပ္သည္။
တကယ္ကို ရည္းစားထားဖို႔စိတ္မဝင္စားေသးေသာ အမူအယာမ်ိဳး…

"Omm မလိုဘူးလို႔ထင္လို႔ေလ ခရာရည္းစားမထားခ်င္ေသးဘူး ခရာလိုခ်င္တဲ့ဘဝတစ္ခုကိုေရာက္ေအာင္အရင္လုပ္ၪီးမွာ"

"မင္းက ဘယ္လိုဘဝမ်ိဳးလိုခ်င္လို႔လဲ"

ေဘာပင္ကိုတခ်ပ္ခ်ပ္ႏိွပ္ေနသၫ့္လက္ေတြရပ္သြားၿပီး ခရာက သူ႔ကိုျပန္လွၫ့္ၾကၫ့္သည္။
ဒီတစ္ခါေရာ ဘယ္လိုအမွန္တရားေတြကို ထုတ္ေဖာ္ေျပာမလဲမသိ၍ ခရာ့မ်က္ႏွာကိုစူးစိုက္ၾကၫ့္ေတာ့ သူမကလည္းအၾကၫ့္မလႊဲဘဲ ျပန္ၾကၫ့္ေန၏။

"ခရာလိုခ်င္တဲ့ဘဝကို ကိုယ္တိုင္ပဲပံုေဖာ္မယ္ ဘယ္သူမွလည္းသိစရာမလိုသလို ဘယ္သူ႔အကူအညီမွလည္းမလိုဘူး ကိုႀကီး"

"ဟား!.. မာနခဲပဲ"

"ဟုတ္တယ္ေလကိုႀကီးရဲ့ ခရာ အခုရည္းစားထားမယ္ဆိုရင္ အဲ့ဒါက ရည္းစားဦးလည္းျဖစ္သလို အခ်စ္ဦးလည္းျဖစ္မွာ.. အဲ့လိုပထမဆံုးဆိုတဲ့ေနရာေတြကို ဘာမွန္းညာမွန္းမသိ ကိုယ့္ေရ႔ွေရာက္လာတဲ့သူရဲ့လက္ထဲ ေရာ့အင့္ ဆိုၿပီးထၫ့္ေပးလိုက္ရမွာလား ေဆာရီးပဲ"

"Aww ဟုတ္ပါၿပီ ေနာက္ဆို မင္းကိုတစ္ခုခုေျပာဖို႔ရိွလာရင္ ရင္ထဲကပါမွပဲေျပာေတာ့မယ္"

တတိယေျခလွမ္းအတြက္ စကားခံလိုက္ေတာ့ ခရာ ႏွာေခါင္းေလးရႈံ႔ျပကာ စိတ္ပ်က္သလိုပံုစံျဖင့္ ေခါင္းကိုအသာအယာခါယမ္းျပသည္။
စိတ္ကူးအိပ္မက္ျမင့္မားေသာဒီမိန္းကေလးကို လိုက္ဖို႔မလြယ္မွန္း သိလိုက္သလို လိုက္ရခက္ခဲ့သၫ့္ေသြးကိုလည္း သတိမိျပန္သည္။
ရည္းစားမထားဖူးေသာ အရိုင္းဆန္ဆန္ေလးျဖစ္ေနေပမယ့္အကၡရာက ေသြးလိုေတာ့ လြယ္လြယ္ေလးနဲ႔ျပန္အီမယ့္သူေတာ့မျဖစ္ႏိုင္။

မင္းကိုရမျွဖစ္မယ္ အကၡရာ။
မင္းနဲ႔ငါ ခ်စ္ကို ခ်စ္ရမယ္.....

💛💛▫▫▫💛💛

Part 26 ဆက္ရန္

စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997

Continuer la Lecture

Vous Aimerez Aussi

47.4K 1.8K 12
To which, as always, Shinobu tells Giyuu that no one likes him, and he finally argues back that someone does like him- no. That someone loves him. An...
3M 86.9K 26
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
1.4M 125K 44
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
43.5K 1.5K 18
❛ we're just two ghosts standing in the place of you and me. ❜ A story in which two high school sweethearts fall apart at the alter and now, half...