Players

By SummerMaung

842K 27K 1.2K

"Real lifeမှာ စကေးကြမ်းလွန်းတဲ့ စနိုက်ကြော်ဆိုတာမရှိဘူး ပျော်ဝင်သွားတဲ့ယောကျာ်းဆိုတာပဲရှိတယ်" "ခေါင်းလေးပဲညိတ... More

Intro
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42 Unicode
42 Zawgyi code
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66

22

5K 241 8
By SummerMaung

💛 Players ( Part - 22 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"ကိုကြီးတူမ ဒီကိုမကြာမကြာလာတယ်မလား"

"လာပါတယ် ငါ့သမီးလေးအသားတွေမဲသွားလို့ စိတ်မကောင်းဖြစ်နေတာ မင်းကလည်း ကလေးက Constructionဆိုတိုင်း Constructionထဲထည့်လိုက်ရသလား ရှေ့နေလုပ်ခိုင်းလည်းရရဲ့သားနဲ့"

"မရဘူး သူပြောတဲ့အတိုင်းလုပ်ပေးရတာပဲ ကိုကြီးလည်း အက္ခရာအကြောင်းသိတယ်မလား လိုချင်တာရရင်ဖေကြီး ဖေကြီးနဲ့ မရတဲ့အခါဆို သံအမတ်ကြီးဦးမင်းထက်"

"ဖေကြီးနော်"

လေးလေးနှင့်ခရာတို့သားအဖ ဒီနေ့အိမ်အလည်လာကြ၍ ခါတိုင်းဆိုတိတ်ဆိတ်နေတတ်သောသွေးတို့အိမ်သည် ခရာ့အသံစာစာဖြင့် ရယ်မောနေရ၏။
ခရာသည် ရှေ့နေတစ်ယောက်ဖြစ်လာသည်အထိ အပြောင်အပျက်ဖြင့် ပေါ့ပေါ့ပါးပါးနေဆဲ၊ ကြုံရာလူတွေနဲ့ပေါင်းနေဆဲဖြစ်သည်။

တစ်ရက်ကဆို စည်းခေါ်သွား၍ ရေတံခွန်တောင်ဆိုဒ်ကို သူမ,ရောက်ခဲ့ကာ ပန်းရံသမားတွေနှင့် အအေးလုသောက်နေသော ခရာ့ကို ကားထဲကနေ တွေ့လိုက်ရသေးသည်။
အရင်ကတည်းက ထိုသို့ရောနှောနေတတ်ပြီး ကိုယ့်အဆင့်အတန်းနဲ့ကိုယ် သေသေသပ်သပ်မနေတတ်သော ခရာ့အကျင့်ကို သွေး လုံးဝကြည့်မရ။

"ဟုတ်တယ် ဖေဖေရော လေးလေးရော ခရာ့ကိုဆုံးမကြပါဦး ဟိုတစ်ရက်ကတွေ့လိုက်တယ် ပန်းရံသမားတွေဆီက အအေးလုသောက်နေတာ"

တမင်အချွန်နှင့်မ,လိုက်သော သွေးရဲ့စကားကြောင့် လေးလေးမျက်နှာပျက်သွားကာ ရယ်လည်းမရယ်နိုင်တော့သလို ဖေဖေကလည်း ခရာ့ဆီအကြည့်ရောက်သွား၏။
ခရာကတော့ စူပုတ်ပုတ်ဖြင့် သွေးကိုမျက်စောင်းထိုးကာ လေးလေးကိုမဝံ့မရဲကြည့်ရင်း မပွင့်တပွင့်ဖြင့်...

"အဲ့ဒါက"

"သမီးကို ဘယ်လိုနေပါ ဘယ်လိုထိုင်ပါ ဖေကြီးပြောစရာမလိုတော့ဘူးထင်တယ် ဒါပေမယ့် သမီးသတိရအောင် ထပ်ပြောပြမယ်အက္ခရာ
သမီးကရှေ့နေ.. ရှေ့နေတောင်မှ NUSကနေ Aအဆင့်နဲ့အောင်ထားတဲ့ အတော်ဆုံးရှေ့နေ.. ပြီးတော့ သံအမတ်တစ်ယောက်ရဲ့သမီး
လူတန်းစားမရွေးခင်မင်တာ၊ ဖော်ရွေတာကို အပြစ်မပြောလိုပေမယ့် ကိုယ့်နေရာနဲ့ကိုယ် သေသေသပ်သပ်နေတတ်ရတယ်"

"ဟုတ်"

"ဖေကြီး သူစိမ်းတွေကိုမနှိမ့်ချချင်ဘူး ဒီတော့ သမီးကပဲ နေတာထိုင်တာကိုဆင်ခြင်ပါ အထူးသဖြင့် သံအမတ်ကြီးတစ်ယောက်ရဲ့သမီးမို့လို့ ဖေကြီးကိုမျက်နှာပျက်စရာမျိုး ထပ်မလုပ်ပါနဲ့"

ထုံးစံအတိုင်း စည်းကမ်းကြီးသောလေးလေးက ပြတ်ပြတ်သားသားအမိန့်ထုတ်လာတော့ ခရာသည် စောဒကမတက်ရဲဘဲ နှုတ်ခမ်းလေးကိုက်ကာ ခေါင်းညိတ်ပြသောကြောင့် သွေးကြိတ်ကျေနပ်သွား၏။
မှတ်ထား အက္ခရာ...
အဲ့ဒါကော်ဖီဆိုင်မှာ ငါ့ကိုချိုးတဲ့အတွက် လက်ဆောင်...

"တော်တော်ပျော်နေတယ်ပေါ့ ဟုတ်လား မရာ"

ညစာစားအပြီး နှစ်ယောက်တည်းစကားပြောခွင့်ရတော့မှ အံကြိတ်သံလေးဖြင့် ခရာဆိုလာတော့ သွေး ခပ်လှောင်လှောင်လေးရယ်ပစ်လိုက်သည်။
အတုံ့အလှည့်ရှိတတ်စမြဲဆိုတာ ခရာသတိရဖို့ကောင်း၏။

"ပျော်တာပေါ့ နင်ပဲအရင်ရန်စတာလေ ဘာ!! လက်မရွံတပည့်ကျော်ဟုတ်လား"

"အော်.. ဟော် ကော်ဖီဆိုင်ကအကြွေးကိုး နင်လောဘကြီးလို့ ပါးပါးလေးပညာပြလိုက်တာကို နင်က မထွေးနိုင်မအန်နိုင် ကြိတ်ခံစားနေတာလား"

"ငါပြောပြီးသားလေ ငါ့အတွက် အစစအရာရာPerfect ဖြစ်တဲ့လူကိုပဲ ငါကလက်ထပ်မှာ ကိုကမှ ငါဖြစ်စေချင်တာကို မလိုက်လျောနိုင်တာ"

"နင်ဖြစ်စေချင်တာကဘာလဲ နိုင်ငံရပ်ခြားကိုကျောင်းသွားတက် ဘွဲ့လက်မှတ်ကိုင်ပြီးပြန်လာ စီးပွားရေးလုပ်ပြီး ပိုက်ဆံတွေအများကြီးရှာနိုင်ဖို့မလား"

"အေးလေ ငွေမက်တာတော့မဟုတ်ပေမယ့် အဲ့လိုအခြေအနေမျိုးပဲဖြစ်စေချင်တာ ဖေဖေငါ့ကိုထားခဲ့သလိုမျိုးပေါ့ တန်ခိုးက အဲ့လိုလုပ်နိုင်မယ်ထင်လို့လား"

"နင်ကိုက"

"လောလောဆည် ငါသူ့ကိုပဲစိတ်တိုင်းကျသေးတယ် စည်းဆိုတာအရံလူပါ အဲ့ဒါကြောင့်လည်း တန်ခိုးကို နင်နဲ့လောင်းပြီး စမ်းသပ်ခိုင်းတာပေါ့"

ဘာပဲဖြစ်ဖြစ် ခရာ စိတ်မကောင်းပါ။
မရာ့အပေါ်အနွံတာခံပြီး ချစ်ပေးသလောက် မရာရက်စက်သမျှ၊ သစ္စာဖောက်သမျှကို ကိုကြီး ကြိတ်ခံစားနေရသည်မလား။
ဆင်းရဲလို့လက်မထပ်ချင်ဘူးဆိုပေမယ့် Perfectဖြစ်နေ၍ လက်မလွှတ်နိုင်တာဟာ အချစ်ကြောင့်ရော ဖြစ်နိုင်ရဲ့လား...
ကိုကြီးပုံစံ၊ ကိုကြီးရဲ့အရည်အချင်းကိုကြည့်ပြီး ကိုကြီးဟာ နောင်တစ်ချိန်မှာ အောင်မြင်လာမည့်သူမှန်း ခရာတောင်သိပါလျက် မရာဟာ ဘာကြောင့်မစောင့်နိုင်တာလဲ...

"ကိုကြီးကို နင်နဲ့ပြတ်စေချင်တယ် မရာ ဒါမှလွတ်တဲ့ငါးကကြီးမှာ"

"နင့်စကားတွေက လူနဲ့မလိုက်ဘူး ခရာ ဘာလဲ.. နင် ကို့ကိုကြိုက်နေပြီလား နင့်စကားတွေကြားရတာ သူ့အပေါ်အရမ်းကြွေဆင်းနေသလိုပဲ"

"ဘာ!!"

💛💛▫▫▫💛💛

"ငါ့စိတ်ထဲထင်စပြုလာပြီ ခရာ နင့်စိတ်ကိုရော နင်သတိထားမိရဲ့လား"

ကျောလွန်းသောစကားကြောင့် ခရာဒေါသဖြစ်သွားမိသလို အောက်နှုတ်ခမ်းကိုဖိကိုက်ပစ်တော့ မရာကကျေနပ်သလိုပြုံးကာ ခရာ့ပခုံးကိုဖွဖွပုတ်၏။
သို့သော် ဤအပြုအမူကို အထက်စီးဆန်သည်ဟု ထင်မိသောကြောင့် ခရာ သူမလက်ကိုပုတ်ထုတ်ပစ်လိုက်သည်။

"နင် ကို့ကိုချစ်သွားလို့မရဘူးနော် အနည်းဆုံး စိတ်ဝင်စားလို့တော့ရပါတယ်"

ခရာသည် တခြားသူတွေကို လှုပ်မရအောင်ချုပ်ကိုင်နိုင်သည့်စကားတွေ တရစပ်ပြောခဲ့ဖူးပေမယ့် မရာ့စကားကိုဘယ်လိုချေပရမှန်းမသိ။
ကိုကြီးကို ခရာစိတ်ဝင်စားသည်။
အရင်ကတော့ ထိုစိတ်ဝင်စားမှုဟာ ခရာသိသင့်သည့်အကြောင်းအရာတွေအပြင် သူ့စိတ်အနေအထားကိုနားလည်မှ ခရာလိုအပ်တာကိုရမည်မို့။
အခုတော့ မရာ့သစ္စာဖောက်မှုကို သိနေပြီဖြစ်သော ကိုကြီးတစ်ယောက် ဘယ်လိုတုံ့ပြန်မလဲဆိုသည့် ကိစ္စကိုသာဖြစ်ကြောင်း ခရာတစ်ယောက်သာ သိပါ၏။

"နင်တော့ သွေးနားထင်ရောက်နေတာပဲ မရာ"

"မဟုတ်ပါဘူး ငါ့လူကPerfectမို့ နင့်စိတ်ထဲဖြစ်နိုင်တာကို ပြောပြတာ မှတ်ထား နင့်မှာယိုင်ခွင့်မရှိဘူး"

"အဟွန်း..."

ခရာ နှုတ်ခမ်းမဖွင့်ဘဲရယ်ကာ မရာ့ကိုလှောင်သလိုလေးကြည့်လိုက်တော့ မရာ့အကြည့်တွေထဲမှာ မုန်းနေသည့်အရိပ်အယောင်တချို့ကို တွေ့လိုက်ရသသည်။
ဤအမုန်းတွေသာ စစ်မှန်ခဲ့ရင် မရာသည် ကိုကြီးကိုလည်း ခရာ့လက်ထဲထည့်ပေးမှာမဟုတ်။

"တကယ်ဆို ကိုကြီးရောငါရော တစ်ယောက်ကိုတစ်ယောက်ငြိသွားရင် နင့်အတွက်ပိုအဆင်ပြေတယ်မလား နင်ဘာတွေတွေးနေတာလဲ မရာ"

"နင်သိစရာမလိုပါဘူး နောက်ထပ်သတိပေးစရာရှိသေးတယ် ငါနဲ့လေးလေး မနက်ဖြန်ပြန်မယ် ဒီနှစ်ကျောင်းတက်ဖို့ ၃လပဲကျန်တော့တယ် အဲ့လောက်ဆို နင့်အတွက်လုံလောက်တယ်မလား"

"Ok လုံလောက်ပါတယ်"

"မြန်မြန်လေးအဆုံးသတ်ပေးစမ်းပါ အက္ခရာ ငါဆုံးဖြတ်ကိစ္စလေးရှိနေလို့"

မရာက အလှပဆုံးအပြုံးတစ်ချက်ဖြင့် ခရာ့အနားကထွက်သွားတော့ ရင်ထဲမှာ မကျေနပ်ချက်တွေ၊ ဒေါသတွေဖြင့် ပန်းခုံလေးအနားမှာ ထိုင်ချပစ်လိုက်သည်။
ခရာ တကယ်ပဲ ကိုကြီးကို.....

💛💛▫▫▫💛💛

"တန်ခိုး မင်းဘယ်မှာလဲ"

ဖုန်းထဲကကြားလိုက်ရသော စည်းအသံကြောင့် ဒီကောင့်ကိုလည်း အခုမှသတိရကာ သူ့ကိုအရူးတစ်ယောက်လို လိမ်ခဲ့သည့်အထဲ ဒီကောင်ထိပ်ဆုံးက။
အစ်ကို့မိတ်ဆွေနှင့် အသံလုံခန်းကိစ္စ စကားပြောနေရင်း စည်းဖုန်းဆက်လာခြင်းဖြစ်ကာ ဒီနေ့က သွေး ပြန်သွားတဲ့နေ့မှန်း ဦးနှောက်ကအလိုလိုသတိရလာ၏။
အက္ခရာကိုပဲ မဲနေခဲ့မိသည့်စိတ်သည် စည်းဘက်သို့အာရုံပြန်ရောက်သွားကာ ဒီကောင်ကလည်း သွေးပြန်သွားမှာ သူ့ကိုသတိရတာမဟုတ်လား…

"ငါအပြင်မှာ ဘာဖြစ်လို့လဲ"

"ဘာမှမဖြစ်ပါဘူး မင်းနဲ့မတွေ့တာကြာလို့ပါ မင်းပြန်လာတော့မလား ငါတို့ဘီယာဆိုင်ထိုင်ရအောင်"

"ဆိုင်ထိုင်ဖို့အထိငါသိပ်မအားဘူး စည်း မင်းလာချင်ရင်တော့ နောက်တစ်နာရီလောက်နေရင် အိမ်ကိုလာခဲ့ကွာ"

"အေး လာခဲ့မယ်"

စည်း ဖုန်းချသွားတော့ သူ အလုပ်ကိစ္စစကားဆက်ပြောဖြစ်ကာ အစ်ကို့မိတ်ဆွေက အိမ်ထဲမှာ အသံလုံအခန်းဆောက်ချင်သည်။
ဒါ့အပြင် ထိုအိမ်ထဲမှာ မြေအောက်ခန်းနှင့် အိမ်အပြင်ထွက်မည့် လျှို့ဝှက်လမ်းတွေပါ ထည့်သွင်းချင်ကာ ငြင်း၍မရသောအစ်ကို့မိတ်ဆွေမို့ သူက အသေးစိပ်လုပ်ပေးရမည်ဖြစ်သည်။

"အစ်ကိုဆောက်ချင်တဲ့ပုံစံက နည်းနည်းတော့ရှုပ်တယ် အချိန် တစ်နှစ်ကျော်လောက်ယူမှဖြစ်မှာ"

"ရတယ် ငါ့ညီ မင်းအတွက်အဆင်ပြေလား"

"ကျွန်တော်က အဆင်ပြေပါတယ် ဒါပေမယ့် ရေတံခွန်တောင်ဆိုဒ်မှာ အချိန်ပြည့်အလုပ်ဆင်းရဦးမယ် ကျွန်တော်အားရင်အားသလို လာကြည့်ပေးပါ့မယ် ဒီပုံစံအတိုင်း ကျွန်တော်လုပ်ပေးပါ့မယ်"

"အဲ့လိုဆို အစ်ကို့မန်နေဂျာရဲ့ဖုန်းနံပါတ်ကို ယူထားလိုက် ငါ့ညီလိုတာခိုင်းလို့ရတယ် အစ်ကိုက အလုပ်ကိစ္စရှိသေးတယ် တောင်ကြီးကိုခဏပြန်ရဦးမှာ"

"ဟုတ်ကဲ့ ကျွန်တော်နားလည်ပါတယ် ဒီဘက်ကိုစိတ်မပူပါနဲ့"

"ထက်ဘုန်းလျှံရော အဆင်ပြေရဲ့လား မတွေ့ဖြစ်တာကြာပြီ ဟိုတလောက သူငြိလာသေးတယ်လို့ကြားတယ်"

"အစ်ကို့အလုပ်တွေ ကျွန်တော်သိပ်မသိဘူး မြေပြန့်ကအလုပ်တောင် အခုမှသင်နေတုန်းပဲရှိသေးတယ် ငြိစရာရှိလာရင်တော့ အစ်ကိုက ငြိမ်ခံနေမှာမဟုတ်လောက်ဘူးဗျ ဒါပေမယ့် အစ်ကို့ကိုဘယ်သူကငြိရဲမှာလဲ"

"ဇွဲကပင်လေ တာချီလိတ်ကိုခြေကုပ်ယူထားတဲ့ လက်နက်ကုန်သည်ပဲ Leoponကိုမယှဥ်နိုင်ပေမယ့် တာချီလိတ်ကတော့ သူ့အပိုင်ပဲ"

"ဇွဲကပင်.. ကိုဇွဲလား"

သူ အံ့အားသင့်သွားမိကာ ကုမ္ပဏီအစည်းအဝေးတွေတိုင်း ရောက်လာတတ်သော ခန့်ခန့်ညားညားမျက်နှာတစ်ခုကို ပြေးမြင်လိုက်မိသည်။
ထိုလူဟာ Min groupရဲ့မိသားစုဝင်လိုဖြစ်နေပြီး လုပ်ငန်းကိစ္စတွေတိုင်းမှာ စည်းတို့မိသားစုပြောသမျှကိုသာ လက်ခံတတ်ပြီး တစ်ခွန်းတစ်လေလေးတောင် မစွပ်ဖက်တတ်သူဖြစ်သည်။
ဘယ်သူဘယ်ဝါဟု အသေအချာမသိပေမယ့် ကိုဇွဲကပင်ကိုတော့ သူသိပြီး ထိုလူဟာ အစ်ကိုနဲ့ငြိခဲ့မှတော့ Min Groupကိုလိုချင်သော အစ်ကို့ရဲ့ရည်ရွယ်ချက်ဟာ ဒါကြောင့်လည်းပါလောက်၏။

"အစ်ကိုက သူ့ဘက်ကတော့အရင်ရန်မစဘူး တစ်ဖက်ကရန်စလို့ဖြစ်ပါလိမ့်မယ် ပြီးတော့ လာငြိတဲ့သူကို ရေကုန်ရေခန်း လိုက်စာရင်းရှင်းလိမ့်မယ်"

"ဟုတ်တာပေါ့ကွာ ဟားဟား.. မင်းအစ်ကိုကအဲ့ဒီနေရာမှာသိပ်တော်တာ ကဲ.. အဲ့လိုဆို အစ်ကိုပြန်လိုက်ဦးမယ် တန်ခိုး မင်းအဆင်ပြေတဲ့နေ့ထလုပ်ကွာ လိုတာရှိရင်အစ်ကို့ဆီဖုန်းဆက်"

"ဟုတ်ကဲ့"

ထိုအလုပ်ကိစ္စပြီးသည့်အခါ သူအိမ်ကိုပြန်လာခဲ့ကာ ဆောက်ရမည့်အိမ်ပုံစံကို Laptopနှင့် အကြမ်းဖက်ပြန်ဆွဲနေတုန်း စည်းရောက်လာသည်။
လက်ထဲမှာလည်း စားစရာတွေပါဝယ်လာခဲ့၍ ဒီကောင် ဒီမှာပဲ နေကုန်နေခမ်းကျောက်ချတော့မည်ထင်၏။

"ငါ ကောင်မလေးရနေပြီ တန်ခိုး"

မပွင့်တပွင့်ဖြင့် စည်းဝန်ခံလာတော့ ထိုကောင်မလေးဟာ သွေးလားဟု မေးကြည့်စရာမလိုအောင် ဘယ်သူ့ကိုပြောနေသလဲ သူချက်ချင်းသိသည်။
ထို့ကြောင့် နှုတ်ခမ်းတွန့်ရုံပြုံးကာ စည်းရဲ့လက်မောင်းကို လက်သီးဖြင့် တစ်ချက်လှမ်းထိုးလိုက်သည်။

"Congratulationကွာ မင်းဒီတစ်သက် စော်မရတော့ဘူးထင်နေတာ"

"အဲ့လောက်လည်းမဟုတ်ပါဘူး တကယ်တမ်းကျတော့ သူက ငါ့ကိုချစ်ဖို့တွေဝေနေတာပဲ ကိုယ်ကချစ်တော့လည်း သည်းခံရမှာပေါ့ သူ ခေါင်းညိတ်ရင်တော့ ငါ့ဘက်ကရှေ့ဆက်ဖို့အဆင်သင့်ပဲ"

ရယ်တော့ရယ်စရာကောင်း၏။
ကိုယ့်ချစ်သူရည်းစားကို ကိုယ့်သူငယ်ချင်းနဲ့တွဲမြင်ရသည့်အပြင် ချစ်ကြောင်း၊ မြတ်နိုးကြောင်းတွေပါ နားထောင်နေရ၍ သူလိုလူ ရှိပါဦးမလားမသိ။
မင်းစည်းစိမ်နဲ့ နန်းသွေးအမရာအတွက် စိတ်နာတယ်ဆိုသည့်စကားထက် တခြားပြင်းထန်သည့် စကားမျိုးရှိပါသေးလျှင် သူပြောချင်ပါသည်။

"ငါလည်း မင်းကိုပြောမလို့ စည်း"

"ပြော"

"အက္ခရာကို ဘယ်လိုမြင်လဲ ငါ့စိတ်ထဲ သူ့ကိုသဘောကျသလိုပဲ"

ကစားပွဲအတွက် ဒုတိယခြေလှမ်းစတော့ စည်းမျက်နှာ အံ့သြသလိုဖြစ်သွားပြီး မျက်မှောင်ကုပ်သွား၏။
သူ ကြိတ်ပြုံးလိုက်မိရင်း တစ်ဖက်မှာ ဒီ၃ယောက်အတွက် စီစဥ်ခင်းကျင်းထားသမျှမှာ နေရာတကျအကွက်ဝင်လာ၍ ကျေနပ်သွားသည်။
သစ္စာဖောက်ခံရသူဟာ ကိုယ်ဖြစ်ပါလျက် ထိုသစ္စာဖောက်ခြင်းကြောင့် နာကျင်ရသည့်ရင်ဘတ်ဟာ သူတစ်ယောက်တည်းတော့မဖြစ်သင့်...

"မဆိုးပါဘူး တော်တဲ့ထက်တဲ့မိန်းကလေးလို့ပဲမြင်တယ် ဒါပေမယ့် မင်းစိတ်မဝင်စားပါနဲ့ကွာ မင်းမှာ သွေး ရှိတယ်လေ"

"သူနဲ့ငါက ဝေးနေတာပါကွာ ပြီးတော့ သွေးက ငါ့ကိုမချစ်ဘူး တွဲသင့်တဲ့လူမို့တွဲတာတဲ့ ငါ့ထက်သာတဲ့ကောင်ရှိလာရင်လည်း အဲ့ဒီလူကိုသူရွေးချယ်မှာတဲ့ သူ့အတွက်ငါမခံစားချင်တော့ဘူး"

ထိုအခါ စည်းကဘာမှပြန်မပြောတော့ဘဲ သက်ပြင်းချကာ ဆိုဖာမှာခေါင်းမှီလိုက်ရင်း စီးကရက်ငွှေ့တွေကို တဖြည်းဖြည်းချင်းမှုတ်ထုတ်သည်။
စည်းရဲ့မျက်နှာကို အသေးစိပ်အကဲခတ်နေ၍ ဒီကောင့်စိတ်ထဲမှာလည်း အတွေးတွေစစ်ခင်းနေပြီဟု သူအတပ်သိလိုက်သည်။

"ငါတော့မပြောတတ်တော့ဘူး တန်ခိုးရာ မင်း သွေးအပေါ်တော့ အဲ့လိုမလုပ်သင့်ဘူးလို့ထင်တာပဲ"

"သူ ငါ့အပေါ်သွေးအေးနေတယ် စည်း အဲ့လောက်ဆိုမင်းလည်းသိလိုက်တော့ကွာ ခုလောလောဆယ်စိတ်ဝင်စားနေတာ အက္ခရာကိုပဲ ငါသူ့ကိုသဘောကျတယ် ငါ့typeနဲ့လည်းအဆင်ပြေတယ်လို့ ထင်တယ်"

"မင်းနဲ့သွေးတွဲခဲ့တာ ကြာပြီလေ ဘာလို့များ တွေ့တာလပိုင်းလေးပဲရှိသေးတဲ့ အက္ခရာကို သဘောကျသွားတာလဲ တန်ခိုး"

"မပြောတတ်ဘူး ဝန်ခံရရင် ငါအက္ခရာကို ပိုပြီးသဘောကျတယ် နေတာထိုင်တာပွင့်လင်းတာလေးတွေ၊ ပကာသနမရှိတာလေးတွေ.. သဘောအကျဆုံးကကွာ သူက ငါအင်ဂျင်နီယာလုပ်ရခြင်းအကြောင်းရင်းကို နားလည်တယ် ကူညီအားဖြည့်နိုင်တယ်
ငါ ဒါပဲဆက်လုပ်နေရင်တောင် သူကအားပေးမှာ"

ဒါကပဲ သွေးနဲ့အက္ခရာရဲ့အကြီးမားဆုံးခြားနားချက်ဖြစ်သွားခဲ့ကာ အက္ခရာကိုတကယ်သဘောကျမိသော အချက်တစ်ချက်လည်းဖြစ်သည်။
ထိုညီအစ်မနှစ်ယောက်ဟာ ကိုယ့်ရဲ့ဖြစ်တည်မှုနှင့် အိမ်မက်တွေကို လိုလိုလားလားလက်ခံသူနှင့် ပြောင်းလဲစေချင်ခဲ့သူမို့ အဖြူနှင့်အမည်းကို ယှဥ်တွဲမြင်နေရသည့်အတိုင်း။
ကစားပွဲမဟုတ်ဘဲ သာမာန်အခြေအနေဖြစ်ခဲ့ရင် သူဟာ အက္ခရာကိုပဲရွေးချယ်မိမှာဖြစ်သည်။

"ငါကတော့မဖြစ်စေချင်ဘူး ဒါပေမယ့် မင်းလုပ်ချင်ရင်တော့ သဘောပဲလေ"

မင်း အဲ့လိုပဲပြောမှာပေါ့ စည်းရယ်...
ကိုယ့်အဓိပ္ပါယ်နှင့်ကိုယ် လျှို့ဝှက်စွာပြုံးလိုက်ပြီး လက်ထဲက ကုန်ခါနီးစီးကရက်ကို ပြာခွက်ထဲထိုးချေလိုက်၏။
မင်းအလှည့်ပဲ အက္ခရာ •••

💛💛▫▫▫💛💛

Part 23 ဆက်ရန်

စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997

~~~~~~~~~~~~~~~~~~~~~~~~

   
💛 Players ( Part - 22 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"ကိုႀကီးတူမ ဒီကိုမၾကာမၾကာလာတယ္မလား"

"လာပါတယ္ ငါ့သမီးေလးအသားေတြမဲသြားလို႔ စိတ္မေကာင္းျဖစ္ေနတာ မင္းကလည္း ကေလးက Constructionဆိုတိုင္း Constructionထဲထၫ့္လိုက္ရသလား ေရ႔ွေနလုပ္ခိုင္းလည္းရရဲ့သားနဲ႔"

"မရဘူး သူေျပာတဲ့အတိုင္းလုပ္ေပးရတာပဲ ကိုႀကီးလည္း အကၡရာအေၾကာင္းသိတယ္မလား လိုခ်င္တာရရင္ေဖႀကီး ေဖႀကီးနဲ႔ မရတဲ့အခါဆို သံအမတ္ႀကီးဦးမင္းထက္"

"ေဖႀကီးေနာ္"

ေလးေလးႏွင့္ခရာတို႔သားအဖ ဒီေန့အိမ္အလည္လာၾက၍ ခါတိုင္းဆိုတိတ္ဆိတ္ေနတတ္ေသာေသြးတို႔အိမ္သည္ ခရာ့အသံစာစာျဖင့္ ရယ္ေမာေနရ၏။
ခရာသည္ ေရ႔ွေနတစ္ေယာက္ျဖစ္လာသည္အထိ အေျပာင္အပ်က္ျဖင့္ ေပါ့ေပါ့ပါးပါးေနဆဲ၊ ႄကံုရာလူေတြနဲ႔ေပါင္းေနဆဲျဖစ္သည္။

တစ္ရက္ကဆို စည္းေခၚသြား၍ ေရတံခြန္ေတာင္ဆိုဒ္ကို သူမ,ေရာက္ခဲ့ကာ ပန္းရံသမားေတြႏွင့္ အေအးလုေသာက္ေနေသာ ခရာ့ကို ကားထဲကေန ေတြ့လိုက္ရေသးသည္။
အရင္ကတည္းက ထိုသို႔ေရာေနွာေနတတ္ၿပီး ကိုယ့္အဆင့္အတန္းနဲ႔ကိုယ္ ေသေသသပ္သပ္မေနတတ္ေသာ ခရာ့အက်င့္ကို ေသြး လံုးဝၾကၫ့္မရ။

"ဟုတ္တယ္ ေဖေဖေရာ ေလးေလးေရာ ခရာ့ကိုဆံုးမၾကပါဦး ဟိုတစ္ရက္ကေတြ့လိုက္တယ္ ပန္းရံသမားေတြဆီက အေအးလုေသာက္ေနတာ"

တမင္အခၽြန္ႏွင့္မ,လိုက္ေသာ ေသြးရဲ့စကားေၾကာင့္ ေလးေလးမ်က္ႏွာပ်က္သြားကာ ရယ္လည္းမရယ္ႏိုင္ေတာ့သလို ေဖေဖကလည္း ခရာ့ဆီအၾကၫ့္ေရာက္သြား၏။
ခရာကေတာ့ စူပုတ္ပုတ္ျဖင့္ ေသြးကိုမ်က္ေစာင္းထိုးကာ ေလးေလးကိုမဝံ့မရဲၾကၫ့္ရင္း မပြင့္တပြင့္ျဖင့္...

"အဲ့ဒါက"

"သမီးကို ဘယ္လိုေနပါ ဘယ္လိုထိုင္ပါ ေဖႀကီးေျပာစရာမလိုေတာ့ဘူးထင္တယ္ ဒါေပမယ့္ သမီးသတိရေအာင္ ထပ္ေျပာျပမယ္အကၡရာ
သမီးကေရ႔ွေန.. ေရ႔ွေနေတာင္မွ NUSကေန Aအဆင့္နဲ႔ေအာင္ထားတဲ့ အေတာ္ဆံုးေရ႔ွေန.. ၿပီးေတာ့ သံအမတ္တစ္ေယာက္ရဲ့သမီး
လူတန္းစားမေရြးခင္မင္တာ၊ ေဖာ္ေရြတာကို အျပစ္မေျပာလိုေပမယ့္ ကိုယ့္ေနရာနဲ႔ကိုယ္ ေသေသသပ္သပ္ေနတတ္ရတယ္"

"ဟုတ္"

"ေဖႀကီး သူစိမ္းေတြကိုမႏိွမ့္ခ်ခ်င္ဘူး ဒီေတာ့ သမီးကပဲ ေနတာထိုင္တာကိုဆင္ျခင္ပါ အထူးသျဖင့္ သံအမတ္ႀကီးတစ္ေယာက္ရဲ့သမီးမို႔လို႔ ေဖႀကီးကိုမ်က္ႏွာပ်က္စရာမ်ိဳး ထပ္မလုပ္ပါနဲ႔"

ထံုးစံအတိုင္း စည္းကမ္းႀကီးေသာေလးေလးက ျပတ္ျပတ္သားသားအမိန႔္ထုတ္လာေတာ့ ခရာသည္ ေစာဒကမတက္ရဲဘဲ ႏႈတ္ခမ္းေလးကိုက္ကာ ေခါင္းညိတ္ျပေသာေၾကာင့္ ေသြးႀကိတ္ေက်နပ္သြား၏။
မွတ္ထား အကၡရာ...
အဲ့ဒါေကာ္ဖီဆိုင္မွာ ငါ့ကိုခ်ိဳးတဲ့အတြက္ လက္ေဆာင္...

"ေတာ္ေတာ္ေပ်ာ္ေနတယ္ေပါ့ ဟုတ္လား မရာ"

ညစာစားအၿပီး ႏွစ္ေယာက္တည္းစကားေျပာခြင့္ရေတာ့မွ အံႀကိတ္သံေလးျဖင့္ ခရာဆိုလာေတာ့ ေသြး ခပ္ေလွာင္ေလွာင္ေလးရယ္ပစ္လိုက္သည္။
အတံု႔အလွၫ့္ရိွတတ္စၿမဲဆိုတာ ခရာသတိရဖို႔ေကာင္း၏။

"ေပ်ာ္တာေပါ့ နင္ပဲအရင္ရန္စတာေလ ဘာ!! လက္မရြံတပၫ့္ေက်ာ္ဟုတ္လား"

"ေအာ္.. ေဟာ္ ေကာ္ဖီဆိုင္ကအႂကြေးကိုး နင္ေလာဘႀကီးလို႔ ပါးပါးေလးပညာျပလိုက္တာကို နင္က မေထြးႏိုင္မအန္ႏိုင္ ႀကိတ္ခံစားေနတာလား"

"ငါေျပာၿပီးသားေလ ငါ့အတြက္ အစစအရာရာPerfect ျဖစ္တဲ့လူကိုပဲ ငါကလက္ထပ္မွာ ကိုကမွ ငါျဖစ္ေစခ်င္တာကို မလိုက္ေလ်ာႏိုင္တာ"

"နင္ျဖစ္ေစခ်င္တာကဘာလဲ ႏိုင္ငံရပ္ျခားကိုေက်ာင္းသြားတက္ ဘဲြ႔လက္မွတ္ကိုင္ၿပီးျပန္လာ စီးပြားေရးလုပ္ၿပီး ပိုက္ဆံေတြအမ်ားႀကီးရွာႏိုင္ဖို႔မလား"

"ေအးေလ ေငြမက္တာေတာ့မဟုတ္ေပမယ့္ အဲ့လိုအေျခအေနမ်ိဳးပဲျဖစ္ေစခ်င္တာ ေဖေဖငါ့ကိုထားခဲ့သလိုမ်ိဳးေပါ့ တန္ခိုးက အဲ့လိုလုပ္ႏိုင္မယ္ထင္လို႔လား"

"နင္ကိုက"

"ေလာေလာဆည္ ငါသူ႔ကိုပဲစိတ္တိုင္းက်ေသးတယ္ စည္းဆိုတာအရံလူပါ အဲ့ဒါေၾကာင့္လည္း တန္ခိုးကို နင္နဲ႔ေလာင္းၿပီး စမ္းသပ္ခိုင္းတာေပါ့"

ဘာပဲျဖစ္ျဖစ္ ခရာ စိတ္မေကာင္းပါ။
မရာ့အေပၚအႏြံတာခံၿပီး ခ်စ္ေပးသေလာက္ မရာရက္စက္သမ်ွ၊ သစၥာေဖာက္သမ်ွကို ကိုႀကီး ႀကိတ္ခံစားေနရသည္မလား။
ဆင္းရဲလို႔လက္မထပ္ခ်င္ဘူးဆိုေပမယ့္ Perfectျဖစ္ေန၍ လက္မလႊတ္ႏိုင္တာဟာ အခ်စ္ေၾကာင့္ေရာ ျဖစ္ႏိုင္ရဲ့လား...
ကိုႀကီးပံုစံ၊ ကိုႀကီးရဲ့အရည္အခ်င္းကိုၾကည့္ၿပီး ကိုႀကီးဟာ ေနာင္တစ္ခ်ိန္မွာ ေအာင္ျမင္လာမၫ့္သူမွန္း ခရာေတာင္သိပါလ်က္ မရာဟာ ဘာေၾကာင့္မေစာင့္ႏိုင္တာလဲ...

"ကိုႀကီးကို နင္နဲ႔ျပတ္ေစခ်င္တယ္ မရာ ဒါမွလြတ္တဲ့ငါးကႀကီးမွာ"

"နင့္စကားေတြက လူနဲ႔မလိုက္ဘူး ခရာ ဘာလဲ.. နင္ ကို႔ကိုႀကိဳက္ေနၿပီလား နင့္စကားေတြၾကားရတာ သူ႔အေပၚအရမ္းႂကြေဆင္းေနသလိုပဲ"

"ဘာ!!"

💛💛▫▫▫💛💛

"ငါ့စိတ္ထဲထင္စျပဳလာၿပီ ခရာ နင့္စိတ္ကိုေရာ နင္သတိထားမိရဲ့လား"

ေက်ာလြန္းေသာစကားေၾကာင့္ ခရာေဒါသျဖစ္သြားမိသလို ေအာက္ႏႈတ္ခမ္းကိုဖိကိုက္ပစ္ေတာ့ မရာကေက်နပ္သလိုႃပံုးကာ ခရာ့ပခံုးကိုဖြဖြပုတ္၏။
သို႔ေသာ္ ဤအျပဳအမူကို အထက္စီးဆန္သည္ဟု ထင္မိေသာေၾကာင့္ ခရာ သူမလက္ကိုပုတ္ထုတ္ပစ္လိုက္သည္။

"နင္ ကို႔ကိုခ်စ္သြားလို႔မရဘူးေနာ္ အနည္းဆံုး စိတ္ဝင္စားလို႔ေတာ့ရပါတယ္"

ခရာသည္ တျခားသူေတြကို လႈပ္မရေအာင္ခ်ဳပ္ကိုင္ႏိုင္သၫ့္စကားေတြ တရစပ္ေျပာခဲ့ဖူးေပမယ့္ မရာ့စကားကိုဘယ္လိုေခ်ပရမွန္းမသိ။
ကိုႀကီးကို ခရာစိတ္ဝင္စားသည္။
အရင္ကေတာ့ ထိုစိတ္ဝင္စားမႈဟာ ခရာသိသင့္သၫ့္အေၾကာင္းအရာေတြအျပင္ သူ႔စိတ္အေနအထားကိုနားလည္မွ ခရာလိုအပ္တာကိုရမည္မို႔။
အခုေတာ့ မရာ့သစၥာေဖာက္မႈကို သိေနၿပီျဖစ္ေသာ ကိုႀကီးတစ္ေယာက္ ဘယ္လိုတံု႔ျပန္မလဲဆိုသၫ့္ ကိစၥကိုသာျဖစ္ေၾကာင္း ခရာတစ္ေယာက္သာ သိပါ၏။

"နင္ေတာ့ ေသြးနားထင္ေရာက္ေနတာပဲ မရာ"

"မဟုတ္ပါဘူး ငါ့လူကPerfectမို႔ နင့္စိတ္ထဲျဖစ္ႏိုင္တာကို ေျပာျပတာ မွတ္ထား နင့္မွာယိုင္ခြင့္မရိွဘူး"

"အဟြန္း..."

ခရာ ႏႈတ္ခမ္းမဖြင့္ဘဲရယ္ကာ မရာ့ကိုေလွာင္သလိုေလးၾကၫ့္လိုက္ေတာ့ မရာ့အၾကၫ့္ေတြထဲမွာ မုန္းေနသၫ့္အရိပ္အေယာင္တခ်ိဳ႕ကို ေတြ့လိုက္ရသသည္။
ဤအမုန္းေတြသာ စစ္မွန္ခဲ့ရင္ မရာသည္ ကိုႀကီးကိုလည္း ခရာ့လက္ထဲထၫ့္ေပးမွာမဟုတ္။

"တကယ္ဆို ကိုႀကီးေရာငါေရာ တစ္ေယာက္ကိုတစ္ေယာက္ၿငိသြားရင္ နင့္အတြက္ပိုအဆင္ေျပတယ္မလား နင္ဘာေတြေတြးေနတာလဲ မရာ"

"နင္သိစရာမလိုပါဘူး ေနာက္ထပ္သတိေပးစရာရိွေသးတယ္ ငါနဲ႔ေလးေလး မနက္ျဖန္ျပန္မယ္ ဒီႏွစ္ေက်ာင္းတက္ဖို႔ ၃လပဲက်န္ေတာ့တယ္ အဲ့ေလာက္ဆို နင့္အတြက္လံုေလာက္တယ္မလား"

"Ok လံုေလာက္ပါတယ္"

"ျမန္ျမန္ေလးအဆံုးသတ္ေပးစမ္းပါ အကၡရာ ငါဆံုးျဖတ္ကိစၥေလးရိွေနလို႔"

မရာက အလွပဆံုးအႃပံုးတစ္ခ်က္ျဖင့္ ခရာ့အနားကထြက္သြားေတာ့ ရင္ထဲမွာ မေက်နပ္ခ်က္ေတြ၊ ေဒါသေတျြဖင့္ ပန္းခံုေလးအနားမွာ ထိုင္ခ်ပစ္လိုက္သည္။
ခရာ တကယ္ပဲ ကိုႀကီးကို.....

💛💛▫▫▫💛💛

"တန္ခိုး မင္းဘယ္မွာလဲ"

ဖုန္းထဲကၾကားလိုက္ရေသာ စည္းအသံေၾကာင့္ ဒီေကာင့္ကိုလည္း အခုမွသတိရကာ သူ႔ကိုအရူးတစ္ေယာက္လို လိမ္ခဲ့သၫ့္အထဲ ဒီေကာင္ထိပ္ဆံုးက။
အစ္ကို႔မိတ္ေဆြႏွင့္ အသံလံုခန္းကိစၥ စကားေျပာေနရင္း စည္းဖုန္းဆက္လာျခင္းျဖစ္ကာ ဒီေန့က ေသြး ျပန္သြားတဲ့ေန့မွန္း ဦးေနွာက္ကအလိုလိုသတိရလာ၏။
အကၡရာကိုပဲ မဲေနခဲ့မိသၫ့္စိတ္သည္ စည္းဘက္သို႔အာရံုျပန္ေရာက္သြားကာ ဒီေကာင္ကလည္း ေသြးျပန္သြားမွာ သူ႔ကိုသတိရတာမဟုတ္လား…

"ငါအျပင္မွာ ဘာျဖစ္လို႔လဲ"

"ဘာမွမျဖစ္ပါဘူး မင္းနဲ႔မေတြ့တာၾကာလို႔ပါ မင္းျပန္လာေတာ့မလား ငါတို႔ဘီယာဆိုင္ထိုင္ရေအာင္"

"ဆိုင္ထိုင္ဖို႔အထိငါသိပ္မအားဘူး စည္း မင္းလာခ်င္ရင္ေတာ့ ေနာက္တစ္နာရီေလာက္ေနရင္ အိမ္ကိုလာခဲ့ကြာ"

"ေအး လာခဲ့မယ္"

စည္း ဖုန္းခ်သြားေတာ့ သူ အလုပ္ကိစၥစကားဆက္ေျပာျဖစ္ကာ အစ္ကို႔မိတ္ေဆြက အိမ္ထဲမွာ အသံလံုအခန္းေဆာက္ခ်င္သည္။
ဒါ့အျပင္ ထိုအိမ္ထဲမွာ ေျမေအာက္ခန္းႏွင့္ အိမ္အျပင္ထြက္မၫ့္ လ်ိႈ႔ဝွက္လမ္းေတြပါ ထၫ့္သြင္းခ်င္ကာ ျငင္း၍မရေသာအစ္ကို႔မိတ္ေဆြမို႔ သူက အေသးစိပ္လုပ္ေပးရမည္ျဖစ္သည္။

"အစ္ကိုေဆာက္ခ်င္တဲ့ပံုစံက နည္းနည္းေတာ့ရႈပ္တယ္ အခ်ိန္ တစ္ႏွစ္ေက်ာ္ေလာက္ယူမျွဖစ္မွာ"

"ရတယ္ ငါ့ညီ မင္းအတြက္အဆင္ေျပလား"

"ကၽြန္ေတာ္က အဆင္ေျပပါတယ္ ဒါေပမယ့္ ေရတံခြန္ေတာင္ဆိုဒ္မွာ အခ်ိန္ျပၫ့္အလုပ္ဆင္းရဦးမယ္ ကၽြန္ေတာ္အားရင္အားသလို လာၾကၫ့္ေပးပါ့မယ္ ဒီပံုစံအတိုင္း ကၽြန္ေတာ္လုပ္ေပးပါ့မယ္"

"အဲ့လိုဆို အစ္ကို႔မန္ေနဂ်ာရဲ့ဖုန္းနံပါတ္ကို ယူထားလိုက္ ငါ့ညီလိုတာခိုင္းလို႔ရတယ္ အစ္ကိုက အလုပ္ကိစၥရိွေသးတယ္ ေတာင္ႀကီးကိုခဏျပန္ရဦးမွာ"

"ဟုတ္ကဲ့ ကၽြန္ေတာ္နားလည္ပါတယ္ ဒီဘက္ကိုစိတ္မပူပါနဲ႔"

"ထက္ဘုန္းလ်ွံေရာ အဆင္ေျပရဲ့လား မေတြ့ျဖစ္တာၾကာၿပီ ဟိုတေလာက သူၿငိလာေသးတယ္လို႔ၾကားတယ္"

"အစ္ကို႔အလုပ္ေတြ ကၽြန္ေတာ္သိပ္မသိဘူး ေျမျပန႔္ကအလုပ္ေတာင္ အခုမွသင္ေနတုန္းပဲရိွေသးတယ္ ၿငိစရာရိွလာရင္ေတာ့ အစ္ကိုက ၿငိမ္ခံေနမွာမဟုတ္ေလာက္ဘူးဗ် ဒါေပမယ့္ အစ္ကို႔ကိုဘယ္သူကၿငိရဲမွာလဲ"

"ဇဲြကပင္ေလ တာခ်ီလိတ္ကိုေျခကုပ္ယူထားတဲ့ လက္နက္ကုန္သည္ပဲ Leoponကိုမယွဥ္ႏိုင္ေပမယ့္ တာခ်ီလိတ္ကေတာ့ သူ႔အပိုင္ပဲ"

"ဇဲြကပင္.. ကိုဇဲြလား"

သူ အံ့အားသင့္သြားမိကာ ကုမၸဏီအစည္းအေဝးေတြတိုင္း ေရာက္လာတတ္ေသာ ခန႔္ခန႔္ညားညားမ်က္ႏွာတစ္ခုကို ေျပးျမင္လိုက္မိသည္။
ထိုလူဟာ Min groupရဲ့မိသားစုဝင္လိုျဖစ္ေနၿပီး လုပ္ငန္းကိစၥေတြတိုင္းမွာ စည္းတို႔မိသားစုေျပာသမ်ွကိုသာ လက္ခံတတ္ၿပီး တစ္ခြန္းတစ္ေလေလးေတာင္ မစြပ္ဖက္တတ္သူျဖစ္သည္။
ဘယ္သူဘယ္ဝါဟု အေသအခ်ာမသိေပမယ့္ ကိုဇဲြကပင္ကိုေတာ့ သူသိၿပီး ထိုလူဟာ အစ္ကိုနဲ႔ၿငိခဲ့မွေတာ့ Min Groupကိုလိုခ်င္ေသာ အစ္ကို႔ရဲ့ရည္ရြယ္ခ်က္ဟာ ဒါေၾကာင့္လည္းပါေလာက္၏။

"အစ္ကိုက သူ႔ဘက္ကေတာ့အရင္ရန္မစဘူး တစ္ဖက္ကရန္စလို႔ျဖစ္ပါလိမ့္မယ္ ၿပီးေတာ့ လာၿငိတဲ့သူကို ေရကုန္ေရခန္း လိုက္စာရင္းရွင္းလိမ့္မယ္"

"ဟုတ္တာေပါ့ကြာ ဟားဟား.. မင္းအစ္ကိုကအဲ့ဒီေနရာမွာသိပ္ေတာ္တာ ကဲ.. အဲ့လိုဆို အစ္ကိုျပန္လိုက္ဦးမယ္ တန္ခိုး မင္းအဆင္ေျပတဲ့ေန့ထလုပ္ကြာ လိုတာရိွရင္အစ္ကို႔ဆီဖုန္းဆက္"

"ဟုတ္ကဲ့"

ထိုအလုပ္ကိႁစၥပီးသၫ့္အခါ သူအိမ္ကိုျပန္လာခဲ့ကာ ေဆာက္ရမၫ့္အိမ္ပံုစံကို Laptopႏွင့္ အၾကမ္းဖက္ျပန္ဆဲြေနတုန္း စည္းေရာက္လာသည္။
လက္ထဲမွာလည္း စားစရာေတြပါဝယ္လာခဲ့၍ ဒီေကာင္ ဒီမွာပဲ ေနကုန္ေနခမ္းေက်ာက္ခ်ေတာ့မည္ထင္၏။

"ငါ ေကာင္မေလးရေနၿပီ တန္ခိုး"

မပြင့္တပြင့္ျဖင့္ စည္းဝန္ခံလာေတာ့ ထိုေကာင္မေလးဟာ ေသြးလားဟု ေမးၾကည့္စရာမလိုေအာင္ ဘယ္သူ႔ကိုေျပာေနသလဲ သူခ်က္ခ်င္းသိသည္။
ထို႔ေၾကာင့္ ႏႈတ္ခမ္းတြန႔္ရံုႃပံုးကာ စည္းရဲ့လက္ေမာင္းကို လက္သီးျဖင့္ တစ္ခ်က္လွမ္းထိုးလိုက္သည္။

"Congratulationကြာ မင္းဒီတစ္သက္ ေစာ္မရေတာ့ဘူးထင္ေနတာ"

"အဲ့ေလာက္လည္းမဟုတ္ပါဘူး တကယ္တမ္းက်ေတာ့ သူက ငါ့ကိုခ်စ္ဖို႔ေတြေဝေနတာပဲ ကိုယ္ကခ်စ္ေတာ့လည္း သည္းခံရမွာေပါ့ သူ ေခါင္းညိတ္ရင္ေတာ့ ငါ့ဘက္ကေရ႔ွဆက္ဖို႔အဆင္သင့္ပဲ"

ရယ္ေတာ့ရယ္စရာေကာင္း၏။
ကိုယ့္ခ်စ္သူရည္းစားကို ကိုယ့္သူငယ္ခ်င္းနဲ႔တဲြျမင္ရသၫ့္အျပင္ ခ်စ္ေၾကာင္း၊ ျမတ္ႏိုးေၾကာင္းေတြပါ နားေထာင္ေနရ၍ သူလိုလူ ရိွပါဦးမလားမသိ။
မင္းစည္းစိမ္နဲ႔ နန္းေသြးအမရာအတြက္ စိတ္နာတယ္ဆိုသၫ့္စကားထက္ တျခားျပင္းထန္သၫ့္ စကားမ်ိဳးရိွပါေသးလ်ွင္ သူေျပာခ်င္ပါသည္။

"ငါလည္း မင္းကိုေျပာမလို႔ စည္း"

"ေျပာ"

"အကၡရာကို ဘယ္လိုျမင္လဲ ငါ့စိတ္ထဲ သူ႔ကိုသေဘာက်သလိုပဲ"

ကစားပဲြအတြက္ ဒုတိယေျခလွမ္းစေတာ့ စည္းမ်က္ႏွာ အံ့ၾသသလိုျဖစ္သြားၿပီး မ်က္ေမွာင္ကုပ္သြား၏။
သူ ႀကိတ္ႃပံုးလိုက္မိရင္း တစ္ဖက္မွာ ဒီ၃ေယာက္အတြက္ စီစဥ္ခင္းက်င္းထားသမ်ွမွာ ေနရာတက်အကြက္ဝင္လာ၍ ေက်နပ္သြားသည္။
သစၥာေဖာက္ခံရသူဟာ ကိုယ္ျဖစ္ပါလ်က္ ထိုသစၥာေဖာက္ျခင္းေၾကာင့္ နာက်င္ရသၫ့္ရင္ဘတ္ဟာ သူတစ္ေယာက္တည္းေတာ့မျဖစ္သင့္...

"မဆိုးပါဘူး ေတာ္တဲ့ထက္တဲ့မိန္းကေလးလို႔ပဲျမင္တယ္ ဒါေပမယ့္ မင္းစိတ္မဝင္စားပါနဲ႔ကြာ မင္းမွာ ေသြး ရိွတယ္ေလ"

"သူနဲ႔ငါက ေဝးေနတာပါကြာ ၿပီးေတာ့ ေသြးက ငါ့ကိုမခ်စ္ဘူး တဲြသင့္တဲ့လူမို႔တဲြတာတဲ့ ငါ့ထက္သာတဲ့ေကာင္ရိွလာရင္လည္း အဲ့ဒီလူကိုသူေရြးခ်ယ္မွာတဲ့ သူ႔အတြက္ငါမခံစားခ်င္ေတာ့ဘူး"

ထိုအခါ စည္းကဘာမျွပန္မေျပာေတာ့ဘဲ သက္ျပင္းခ်ကာ ဆိုဖာမွာေခါင္းမွီလိုက္ရင္း စီးကရက္ေငႊ့ေတြကို တျဖည္းျဖည္းခ်င္းမႈတ္ထုတ္သည္။
စည္းရဲ့မ်က္ႏွာကို အေသးစိပ္အကဲခတ္ေန၍ ဒီေကာင့္စိတ္ထဲမွာလည္း အေတြးေတြစစ္ခင္းေနၿပီဟု သူအတပ္သိလိုက္သည္။

"ငါေတာ့မေျပာတတ္ေတာ့ဘူး တန္ခိုးရာ မင္း ေသြးအေပၚေတာ့ အဲ့လိုမလုပ္သင့္ဘူးလို႔ထင္တာပဲ"

"သူ ငါ့အေပၚေသြးေအးေနတယ္ စည္း အဲ့ေလာက္ဆိုမင္းလည္းသိလိုက္ေတာ့ကြာ ခုေလာေလာဆယ္စိတ္ဝင္စားေနတာ အကၡရာကိုပဲ ငါသူ႔ကိုသေဘာက်တယ္ ငါ့typeနဲ႔လည္းအဆင္ေျပတယ္လို႔ ထင္တယ္"

"မင္းနဲ႔ေသြးတဲြခဲ့တာ ၾကာၿပီေလ ဘာလို႔မ်ား ေတြ့တာလပိုင္းေလးပဲရိွေသးတဲ့ အကၡရာကို သေဘာက်သြားတာလဲ တန္ခိုး"

"မေျပာတတ္ဘူး ဝန္ခံရရင္ ငါအကၡရာကို ပိုၿပီးသေဘာက်တယ္ ေနတာထိုင္တာပြင့္လင္းတာေလးေတြ၊ ပကာသနမရိွတာေလးေတြ.. သေဘာအက်ဆံုးကကြာ သူက ငါအင္ဂ်င္နီယာလုပ္ရျခင္းအေၾကာင္းရင္းကို နားလည္တယ္ ကူညီအားျဖၫ့္ႏိုင္တယ္
ငါ ဒါပဲဆက္လုပ္ေနရင္ေတာင္ သူကအားေပးမွာ"

ဒါကပဲ ေသြးနဲ႔အကၡရာရဲ့အႀကီးမားဆံုးျခားနားခ်က္ျဖစ္သြားခဲ့ကာ အကၡရာကိုတကယ္သေဘာက်မိေသာ အခ်က္တစ္ခ်က္လည္းျဖစ္သည္။
ထိုညီအစ္မႏွစ္ေယာက္ဟာ ကိုယ့္ရဲ့ျဖစ္တည္မႈႏွင့္ အိမ္မက္ေတြကို လိုလိုလားလားလက္ခံသူႏွင့္ ေျပာင္းလဲေစခ်င္ခဲ့သူမို႔ အျဖဴႏွင့္အမည္းကို ယွဥ္တဲြျမင္ေနရသၫ့္အတိုင္း။
ကစားပဲြမဟုတ္ဘဲ သာမာန္အေျခအေနျဖစ္ခဲ့ရင္ သူဟာ အကၡရာကိုပဲေရြးခ်ယ္မိမွာျဖစ္သည္။

"ငါကေတာ့မျဖစ္ေစခ်င္ဘူး ဒါေပမယ့္ မင္းလုပ္ခ်င္ရင္ေတာ့ သေဘာပဲေလ"

မင္း အဲ့လိုပဲေျပာမွာေပါ့ စည္းရယ္...
ကိုယ့္အဓိပၸါယ္ႏွင့္ကိုယ္ လ်ိႈ႔ဝွက္စြာႃပံုးလိုက္ၿပီး လက္ထဲက ကုန္ခါနီးစီးကရက္ကို ျပာခြက္ထဲထိုးေခ်လိုက္၏။
မင္းအလွၫ့္ပဲ အကၡရာ •••

💛💛▫▫▫💛💛

Part 23 ဆက္ရန္

စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997

Continue Reading

You'll Also Like

51.7K 1.4K 18
Anger will fuel him. Ambition will drive him. The past will be his undoing. Mere moments after Vi and Powder were found by Vander, a young boy emerge...
82.1K 1.5K 31
Kevin is a gay furry who lives a normal life until suddenly he died after getting hit by a truck. When he wakes up, he gets himself in someone else b...
1.3M 66.4K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
14K 220 1
the title says it all