Unicode
DJတီးလုံးမြူးမြူးကြွကြွအသံတွေနဲ့ ဆူညံနေသည့် Club တစ်ခု။ ဆယ်ကျော်သက်လူငယ်အများအပြားက မူးရူးကခုန်နေကြတာများ ဟန်ဓနရိုးအဖို့ စိတ်ရှုပ်ထွေးစရာပေ။ လူတွေကြားထဲ သူ့လူကိုတိုးဝေ့ရှာရတာလည်းတစ်လုပ်။ ဒေါသနဲ့အကုန်ရိုက်ခွဲဖျက်ဆီးပစ်ချင်စိတ်ကို လက်သီးတင်းတင်းဆုပ်ပြီးသာ ထိန်းနေရ၏။
''ကေနိုရာ!''
ယောကျာ်းသုံးယောက်ကြားထဲ လက်မြှောက်ပြီးတသွဲ့သွဲ့လှုပ်ကနေတဲ့ကေနိုရာအား ခပ်ကျယ်ကျယ်လှမ်းခေါ်တာတောင် ကြားဟန်မပေါ်သေးပင်။
''ကေနိုရာ!''
''အာ့! လူကြီး ''
အနားရောက်အောင်တိုးကပ်ပြီး လက်ကောက်ဝတ်ကိုဆောင့်ဆွဲပစ်တော့ မျက်နှာလေးကမဲ့တဲ့တဲ့ရယ်။
အသက်ပြည့်ပြီးကတည်းက လုပ်ချင်တာလုပ်ပြီး၊ ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ကေနိုရာ။ အခုလည်း ဓနနဲ့ရန်ပစ်စကားများပြီး ဒီလာရွဲ့ပြနေတာပင်။
''မင်းကို ငါဘာပြောထားလဲဟမ်! ဒီကိုမလာရဘူးလို့ငါပြောထားတာ မင်းစကားနားမထောင်ဘူးဘဲ!''
''ဖယ်! နိုရာလက်ကိုလွှတ်!''
''ငါနဲ့ ပြန်လိုက်ခဲ့!''
''အင့်! မလိုက်ဘူး။ လွှတ်!''
clubအပြင်ဘက်ထိ ဆွဲခေါ်လာခဲ့တာတောင်မှ မရမကရုန်းကန်နေပြန်သည်။ နံရံဘက်ကိုယ်သေးသေးလေးကို အကြမ်းပတမ်းကပ်ပစ်လိုက်ပြီး ပါးစောင်းနှစ်ဖက်ကို လက်ညိုး၊လက်မဖြင့် ညှစ်ကိုင်ပစ်တော့ အသံပိစိလေးက အင့်ကနဲ။ လက်တိုတိုလေးတွေက ဓန၏လက်တွေကို ထုရိုက်နေသည်။ အရက်နံ့တွေလှိုင်ထနေတဲ့ ပါးစပ်ပေါက်လေးကို သူ့နှုတ်ခမ်းတွေနဲ့တိုးတိုက်လို့ လျှာဖျားနဲ့ပါ ကျူးကျော်ပစ်လိုက်သည်။
အရမ်းတွေ ဆိုးချင်နေတယ်ပေါ့လေ ကေနိုရာ။ မင်းကငါ့စိတ်ရိုင်းကလာလာဆွနေတာဘဲ။ ဆွပြီးရင် မင်းဘဲနာမှာ။
''အွင့်! လွှတ် အု!''
''ပြွတ်! အင်း! စောက်ရမ်းတွေ ရွထချင်နေရင်လည်း ငါ့ရှေ့လာကုန်းလိုက်လေ။ ဘာလို့ clubအထိ အပင်ပန်းခံနေမှာလဲ!''
''လူကြီး မမိုက်ရိုင်းနဲ့နော်! ဟင့်!''
''မင်းဘဲ ငါ့ကိုရိုင်းအောင်လာလုပ်နေတာ ကေနိုရာ!''
ပြောရင်း လည်ပင်းကို အရာထင်းအောင်ကိုက်ပစ်လိုက်သည်။
''အာ့! မကိုက်နဲ့! ဟင့်! လွှတ်လို့။ ဒယ်ဒီနဲ့တိုင်မှာနော် အဟင့်!''
''တိုင်လိုက်လေ အဲ့ကျ သူ့သားကိုငါလိုးပြီးပြီဆိုတာပါ သိအောင်ပြောလိုက်မယ်!''
''အီး! ဟင့်! ဟင့်! မကောင်းတဲ့ လူကြီး လူကိုအနိုင်ပဲကျင့်နေတယ် ဟင့်!''
''ပြွတ်! အဲ့တာမင်းဆိုးနေလို့လေ ။ လိမ်မာတယ် မငိုနဲ့တော့ ကိုယ်တို့ပြန်ပြေလည်ကြရအောင်''
''ခင်ဗျားကြီးကို နိုရာမကျေနပ်ပါဘူးနော်''
''ကိုယ်ကအလုပ်သဘောအရ သူနဲ့ပတ်သတ်ရတာ။ ကိုယ့်စိတ်ထဲ မင်းတစ်ယောက်ထဲ ရှိတယ် ''
''ဟင့်အင်း မသိဘူး ။ သူ့နဲ့အလုပ်ဆက်မလုပ်နဲ့ မဟုတ်ရင် နိုရာလူကြီးမကြိုက်တာအကုန်လုပ်ပစ်မှာ''
''ကျစ်! ကလေး မင်းပိုပိုပြီး ဆိုးလာတာဘဲ''
''ဘာမှလာမပြောနဲ့ နိုရာလိုချင်တာရအောင်ယူမှာဘဲ''
''အင်း အင်း ကိုယ်သူနဲ့အလုပ်တွဲမလုပ်တော့ဘူး။ မင်းလည်းဒီနေရာကို မလာရဘူး!''
''ဟုတ်! လူကြီး ဟီး ဟီး''
''ဟက်! ငဂျစ်လေး မင်းမူးနေပြီ''
''နိုရာမူးနေတော့ လူကြီးက အခွင့်အရေးမယူချင်ဘူးလားဟင်''
အရည်လဲ့နေတဲ့ puppy eyes လေးတွေနဲ့ ကေနိုရာက ဟန်ဓနရိုးကို မြူဆွယ်နေပြန်သည်။ ဓန တဟက်ဟက်ရီသံနဲ့အတူ သူ့ခြေလှမ်းတွေ ကားဆီဦးတည်တော့၏။ ထို့နောက် နှစ်ယောက်လုံး၏ အချစ်ညလေးအတွက် အိမ်ကြီးဆီသို့။
. . . . . .
မနက်6နာရီဆိုတဲ့အချိန်က အေးစိမ့်စိမ့်နဲ့အိပ်လို့အကောင်းဆုံးအချိန်လေးရယ်။ မြူကတော့ ပုံမှန်ထိနေကြအတိုင်းပဲ ထမင်းချိုင့်လေးဆွဲပြီး ကိုယ်ပိုင်ဆိုင်လေးဆီ ဦးတည်လျက်ပေ။
မြူလမ်းလျှောက်နေတုန်း ကျောမလုံသလိုခံစားမိ၍ နောက်လှည့်ကြည့်တော့ စိုင်းတခေတ်မှိုင်းက သူနဲ့6ပေအကွာမှာ ရှိနေသည်။ မြူလှည့်ကြည့်တာမြင်တော့ မျက်စိတစ်ဖက်မှိတ်ပြသေးသည်။
မြူလှမ်းနေကြထက် ပိုမြန်အောင်လျှောက်ပစ်လိုက်သည်။ မနက်မိုးလင်းတာနဲ့ လူကိုစိတ်အနှောက်ယှက်ပေးလွန်း၏။
''ခင်ဗျား ဘာလို့ ကျွန်တော့်နောက်တကောက်ကောက် လိုက်နေရတာလဲ''
''ကိုယ်မလိုက်ပါဘူး ကိုယ်သွားမဲ့လမ်းကို မင်းကအရင်သွားနေတာပါ''
''ဒါဆိုလည်း ခင်ဗျားအရင်သွား''
''ကလေးက ကိုယ့်နောက်လိုက်ချင်လို့လား''
''မလိုက်ဘူး! နောက်ပြီး ခင်ဗျားအတော်လေး အားယားနေပုံပဲနော်။ ကျွန်တော့်ကို အရင်လိုပဲလာကစားချင်နေတုန်းလား''
ပက်ကနဲ ပြောလိုက်တော့ စိုင်းမျက်နှာပျက်သွားပြီး မြူကိုပြန်ပြုံးပြလာသည်။
''မဟုတ်ပါဘူး ကိုယ်မင်းကို ကစားချင်လို့မဟုတ်ဘူး။ မင်းအနား နေချင်မိရုံလေးပါပဲ''
''ခင်ဗျားလိုလူက ကိုယ့်အကျိုးအတွက်မဟုတ်ရင် ပင်ပန်းခံတတ်တဲ့လူမှမဟုတ်တာ။ ကျွန်တော် ခင်ဗျားကို ထပ်ပြောမယ် ကျွန်တော့်ရှေ့ပေါ်မလာပါနဲ့''
''ကိုယ်မင်းအနားမှာပဲ နေပြီး မင်းပေးတဲ့အပြစ်တွေကို ခံယူလို့မရဘူးလား ငယ်''
''မရဘူး ဘာလို့လဲသိလား။ ခင်ဗျားက ကျွန်တော်ဆီက ခွင့်လွှတ်ခြင်းနဲ့ မတန်လို့!''
''ကြိုက်သလိုပြော ကိုယ်မင်းအနားက ဘယ်တော့မှ ထွက်သွားမှာ မဟုတ်ဘူး ။ ကိုယ်လေ မင်းကို အရမ်းချစ်တယ် ငယ်။ ကိုယ်လုပ်ခဲ့တဲ့ အပြစ်တွေအတွက် ခွင့်လွှတ်ပေးဖို့ မတောင်းဆိုပါဘူး။ ကိုယ့်ကို အဝေးတော့နှင်မထုတ်ပါနဲ့ကွာ..... နော်''
''ချစ်တယ်.....?။ ခင်ဗျားပါးစပ်က အဲ့စကားကို ယုံမဲ့အစား ခွေးပါးစပ်က လူစကားထွက်လာတာကမှ ယုံချင်စရာ ကောင်းအုံးမယ် ''
''ကိုယ်.......ကိုယ်တောင်းပန်ပါတယ် ။ တကယ်တော့လေ ကိုယ်မင်းကို စတွေ့ကတည်းက ရင်ခုန်ခဲ့ရတာပါ။ ကိုယ်က ကိုယ့်မိဘတွေကြောင့် မင်းကိုချစ်နေမိတာတွေကို လက်မခံနိုင်ပဲ အမုန်းတွေနဲ့ အစားထိုးခဲ့မိတာပါ။
ကိုယ်တောင်းပန်ပါတယ်ကွာ။ ကိုယ့်ကို အဲ့လိုတွေမကြည့်ပါနဲ့လား''
ရိုကျိုးနေတဲ့မျက်လုံးမှိန်မှိန်တွေက အမှန်ပင် နောင်တရနေသည့်ဟန်။
ခင်ဗျား သိပ်ဟန်ဆောင်ကောင်းတာပဲ စိုင်းတခေတ်မှိုင်း ။ ဒါပေမယ့် မြူဒေါင်းငယ်ဆိုတဲ့ ကျွန်တော်က အရင်လိုအယုံမလွယ်တတ်တော့ဘူး....။
ဆုပ်ကိုင်ခံထားရတဲ့လက်ကို ဆောင့်ရုန်းပစ်လိုက်ပြီး လှည့်မကြည့်စတန်းပြေးထွက်လာမိသည်။ မျက်ဝန်းထဲက မျက်ရည်တွေကိုရော နောက်ကကျန်နေသည့်မျက်ဝန်းမှ မျက်ရည်တွေကိုရော မြူဥပက္ခာပြုပစ်ခဲ့လိုက်သည်။
ခင်ဗျားကို ချစ်ခဲ့မိတဲ့ဒီနှလုံးသားကလေ လက်မလွှတ်နိုင်ခဲ့တုန်းကလည်း နာကျင်ရသလို၊ လက်လွှတ်ဖို့ကြိုးစားပြန်တော့လည်း တဆစ်ဆစ်နဲ့ ထုံကျင်နေအောင် နာရပြန်တယ်.....
ခင်ဗျားကြောင့်နဲ့ ကျွန်တော့်မှာရွေးချယ်စရာ လမ်းတွေခဏခဏမဲ့နေတော့တာပါပဲ.....
ခင်ဗျားကလေ ဆူးတစ်ချောင်းလိုပဲ ကျွန်တော့်နှလုံးသားကို ဟို....အနက်ရှိုင်းဆုံးနေရာအထိ နစ်နေအောင်ဆူးသွားခဲ့တာ....
ဒီတိုင်းဆူးစေပြန်တော့လည်း တမြေ့မြေ့နဲ့နာကျင်ရသလို၊ ဆွဲထုတ်ပစ်ဖို့ ကြိုးစားပြန်တော့လည်း မခံမရပ်နိုင်အောင်နာကျင်မှုတွေနဲ့ ရူးစေနိုင်တဲ့ကိုကိုက ကျွန်တော့်အတွက်တော့ ရင်နင့်အောင်ဆူးတဲ့ ဆူး။
. . . . . .
''ဟယ်....မြူလေး မျက်နှာမှာလည်း မျက်ရည်တွေနဲ့ပါလား။ ဘာဖြစ်လာတာလဲ မသိီရိတို့ကို ပြောစမ်းပါအုံး ''
''ဘာ....ဘာမှမဖြစ်ပါဘူး။ ကျွန်တော်မျက်လုံးထဲ အကောင်ဝင်လာလို့ပါ မမ''
မသီရိနဲ့ မသဇင်တို့က မြူစကားကို မယုံကြပေမဲ့ ဘာမှတော့ထပ်မမေးလို့တော်သေးသည်။ မြူ့ ကျောပြင်ငယ်လေးကို တဖွဖွပုပ်ပြီး နှိမ့်သိမ့်ပေးကြသေး၏။
တနေကုန်အောင် မြူဆိုင်လေးလူကျနေပေမဲ့ မြူကတော့စိတ်နဲ့လူနဲ့ကပ်တယ်မရှိ။ ဟိုငေးလိုက်၊ ဒီတွေးလိုက်နှင့်မလို့ ဖျော်ပေးလိုက်တဲ့ coffee အရသာတွေကလည်း ဆိုးရွားတာတွေပါဖြစ်ကုန်တော့ လူတိုင်းကို ပြန်တောင်းပန်လွှတ်ရတာက များသည်။
သဇင်နဲ့သီရိတို့ကတော့ မြူပုံစံကြောင့် သက်ပြင်းတချချနဲ့ရယ်။ မြူကလည်း ကိုယ့်စိတ်ကိုယ်မထိန်းနိုင်ဖြစ်နေတော့ ပြန်အားနာနေရသည်။
''ကျွန်တော် စိတ်နဲ့လူနဲ့ မကပ်ဖြစ်နေမိလို့ တောင်းပန်ပါတယ် ''
''ရပါတယ် မြူလေးရယ် မင်းလည်းပင်ပန်းနေမှာပေါ့ အိမ်ပြန်နားချင်နားလေ မမတို့ပဲ ဆိုင်ကြည့်ထားလိုက်မယ်''
''ရပါတယ် ကျွန်တော် အဆင်ပြေပါတယ်''
''ပူတင်းရေ....မင်းရဲ့အစ်ကိုကြီးလာပြီ''
''အစ်ကို.....''
ရာဇာလွှမ်းကမြူရှေ့လာရပ်တော့ မြူမှာမျက်နှာပြဖို့မရဲပေ။ ကိုယ့်ကြောင့်သာ အစ်ကိုကဆေးရုံရောက်ခဲ့ရသေးတယ်မလား။ သူ့ပယောဂကြောင့်သာ အစ်ကိုကကြားထဲကထိုးခံခဲ့ရတာ။ ဒါကြောင့်မြူ အစ်ကိုနဲ့မျက်နှာချင်းမဆိုင်ရဲဘူး။
''ဘာလို့ ခေါင်းကိုအတင်းငုံ့နေပြန်တာလဲ ပူတင်းရဲ့''
''အစ်ကို ကျွန်တော်တောင်းပန်ပါတယ် ၊ ကျွန်တော့်ကြောင့်အစ်ကို.....''
''ပူတင်းကြောင့်မှမဟုတ်တာ ဘာလို့ကိုယ့်ကိုတောင်းပန်နေရတာလဲ၊ နောက်ပြီး အဲ့ကောင်ကပူတင်းနဲ့ သိနေတာလား''
''...........''
''ပူတင်း မဖြေချင်ရင်လည်း ထားလိုက်ပါ ၊ အဲ့လူပုံစံက လူကောင်းဖြစ်မယ်တော့ ကိုယ်မထင်ဘူး ပူတင်းကိုလည်းထပ်နှောက်ယှက်မှာစိုးတယ် အဲ့ကြောင့် ပူတင်းကိုယ်နဲ့ရန်ကုန်ပြန်လိုက်ခဲ့ပါ''
''ဟင့်အင်း ကျွန်တော် မလိုက်ချင်ဘူး နောက်ပြီးအဲ့လူလက်ကလည်း ရှောင်ပြေးဖို့လွယ်တော့မှာ မဟုတ်ဘူး ''
''ဒါဆို.....သူက''
ဝဲတက်လာတဲ့မျက်ရည်ဥတွေရယ် အောက်နှုတ်ခမ်းပါးကို ဖိကိုက်ကာ နှုတ်ဆိတ်နေပြန်တဲ့ မြူဟာ ဖြေရန်ခက်ခဲနေပုံပင်။ အတင်းချိုးနှိမ်ထားတဲ့ မျက်ဝန်းတွေအောက်ကကြောက်စိတ်တွေကို ရာဇာလွှမ်း သတိထားမိပါသည်။
မင်းဘဝလေး သိပ်ခက်ခဲခဲ့မှာဘဲ ကလေးငယ်ရယ်။
''မဖြေနဲ့တော့ ကိုယ်မသိချင်တော့ဘူး ကိုယ်တို့ပြန်ရအောင်လေ ကိုယ်လိုက်ပို့မယ် ပူတင်းချက်ကျွေးတာလေးလည်းစားချင်သေးတယ်''
''ဟုတ်''
ဒီလိုနဲ့မြူလည်း အစ်ကို့ကားနဲ့အိမ်ပြန်လိုက်ခဲ့လိုက်တယ်။ဟင်းနှစ်ခွက်လောက် မြန်မြန်ချက်ပြုတ်ပြီး ထမင်းအတူစားကြရင်း အစ်ကိုကမြူအားပျော်အောင်စနေတော့သည်။
''ဒီည မိုးရွာမယ်တဲ့ သတင်းထဲပါလာတယ်''
''ဪ.....ကောင်းသားပဲ မိုးအေးအေးနဲ့ အိပ်ကောင်းတယ် ''
''အစ်ကိုလည်း မပြန်ဘဲ ဒီမှာအိပ်လို့ရမလား''
''ဗျာ.....''
ပန်းကန်တွေကို ကူဆေးပေးရင်းအစ်ကိုက ခပ်ပြုံးပြုံးလေးခွင့်တောင်းပြန်တော့ မြူလည်းမငြင်းရက်ပါ။ ခက်တာက မြူဟာ ယောက်ျားချင်းစိတ်ဝင်စားသူမို့ အစ်ကိုအဆင်မပြေမှာကို။
''အစ်ကို အဆင်ပြေတယ်ဆိုရင်လည်း နေပါရပါတယ် ''
''ပြေတာပေါ့ ကိုယ်တို့အရင်ကအတူနေခဲ့တာဘဲကို''
''အစ်ကို......''
''ဟမ်.....ပြောလေ ပူတင်း''
''ကျွန်တော့်ကို မရွံဘူးလားဟင်''
မေးသာမေးရတာပါ မြူကရွံစရာကောင်းတဲ့လူတစ်ယောက်မှန်း မြူကိုယ်တိုင်ကသိပါသည်။ မသန့်ရှင်းသည့်ကိုယ်နဲ့မို့ ကိုယ်တိုင်ကလည်း မုန်းတီးနေမိသည်မို့ အစ်ကိုရွံတယ်ဆိုရင်တောင်ဖြစ်သင့်တာပါဘဲ။ ပန်းကန်ကိုင်လျက်လက်လေးတွေကတော့ တုန်ရီလို့ပေါ့။
''ကိုယ်က ဘာလို့ရွံရမှာလဲ ၊ ဒီမှာ ကိုယ့်ကိုကြည့်''
မြူ၏ကိုယ်လုံးသေးသေးလေးကိုပုခုံးကနေကိုင်ပြီး သူနဲ့မျက်နှာချင်းဆိုင်စေလိုက်သည်။
''ကိုယ့်အတွက်တော့ မင်းဟာမင်းပါဘဲ မြူဒေါင်းငယ်၊
မင်းကိုယ်မင်း ဘယ်လောက်ဘဲ မသန့်ရှင်းတော့ဘူးပြောပြောပါ၊ ကိုယ့်အမြင်မှာတော့ မင်းဟာ အဖြူစင်ဆုံးကလေးဘဲ''
''အဟင့်! အစ်ကို''
မြူအစ်ကို၏ခါးကို တင်းကြပ်စွာဖက်ပစ်လိုက်ပြီး ရင်ခွင်ထဲမှာ တရှုံ့ရှုံ့ငိုချမိတော့သည်။ အစ်ကိုက မြူအတွက်တော့ အစ်ကိုရင်းချာတစ်ယောက်လိုပါပဲ။
''မြူ ဒေါင်း ငယ်!''
''ဟင်......စိုင်းတခေတ်မှိုင်း! ''
#TBC
ဒီနေ့နေမကောင်းလို့အလုပ်ခွင့်ယူထားတာနဲ့ရေးပေးလိုက်တာ စာတော့မစစ်တော့ဘူးနော် အချစ်တို့ ဆူးနန်းအလုပ်နားရရင်နားရသလိုရေးပေးပါ့မယ် ဒါလေးအဆုံးသတ်အောင်လို့
Zawgyi
DJတီးလုံးျမဴးျမဴးႂကြႂကြအသံေတြနဲ႕ ဆူညံေနသည့္ Club တစ္ခု။ ဆယ္ေက်ာ္သက္လူငယ္အမ်ားအျပားက မူး႐ူးကခုန္ေနၾကတာမ်ား ဟန္ဓနရိုးအဖို႔ စိတ္ရႈပ္ေထြးစရာေပ။ လူေတြၾကားထဲ သူ႕လူကိုတိုးေဝ့ရွာရတာလည္းတစ္လုပ္။ ေဒါသနဲ႕အကုန္ရိုက္ခြဲဖ်က္ဆီးပစ္ခ်င္စိတ္ကို လက္သီးတင္းတင္းဆုပ္ၿပီးသာ ထိန္းေနရ၏။
''ေကနိုရာ!''
ေယာက်ာ္းသုံးေယာက္ၾကားထဲ လက္ျမႇောက္ၿပီးတသြဲ႕သြဲ႕လႈပ္ကေနတဲ့ေကနိုရာအား ခပ္က်ယ္က်ယ္လွမ္းေခၚတာေတာင္ ၾကားဟန္မေပၚေသးပင္။
''ေကနိုရာ!''
''အာ့! လူႀကီး ''
အနားေရာက္ေအာင္တိုးကပ္ၿပီး လက္ေကာက္ဝတ္ကိုေဆာင့္ဆြဲပစ္ေတာ့ မ်က္ႏွာေလးကမဲ့တဲ့တဲ့ရယ္။
အသက္ျပည့္ၿပီးကတည္းက လုပ္ခ်င္တာလုပ္ၿပီး၊ ျဖစ္ခ်င္တိုင္း ျဖစ္ေနတဲ့ေကနိုရာ။ အခုလည္း ဓနနဲ႕ရန္ပစ္စကားမ်ားၿပီး ဒီလာ႐ြဲ႕ျပေနတာပင္။
''မင္းကို ငါဘာေျပာထားလဲဟမ္! ဒီကိုမလာရဘူးလို႔ငါေျပာထားတာ မင္းစကားနားမေထာင္ဘူးဘဲ!''
''ဖယ္! နိုရာလက္ကိုလႊတ္!''
''ငါနဲ႕ ျပန္လိုက္ခဲ့!''
''အင့္! မလိုက္ဘူး။ လႊတ္!''
clubအျပင္ဘက္ထိ ဆြဲေခၚလာခဲ့တာေတာင္မွ မရမက႐ုန္းကန္ေနျပန္သည္။ နံရံဘက္ကိုယ္ေသးေသးေလးကို အၾကမ္းပတမ္းကပ္ပစ္လိုက္ၿပီး ပါးေစာင္းႏွစ္ဖက္ကို လက္ညိုး၊လက္မျဖင့္ ညွစ္ကိုင္ပစ္ေတာ့ အသံပိစိေလးက အင့္ကနဲ။ လက္တိုတိုေလးေတြက ဓန၏လက္ေတြကို ထုရိုက္ေနသည္။ အရက္နံ႕ေတြလွိုင္ထေနတဲ့ ပါးစပ္ေပါက္ေလးကို သူ႕ႏႈတ္ခမ္းေတြနဲ႕တိုးတိုက္လို႔ လွ်ာဖ်ားနဲ႕ပါ က်ဴးေက်ာ္ပစ္လိုက္သည္။
အရမ္းေတြ ဆိုးခ်င္ေနတယ္ေပါ့ေလ ေကနိုရာ။ မင္းကငါ့စိတ္ရိုင္းကလာလာဆြေနတာဘဲ။ ဆြၿပီးရင္ မင္းဘဲနာမွာ။
''အြင့္! လႊတ္ အု!''
''ႁပြတ္! အင္း! ေစာက္ရမ္းေတြ ႐ြထခ်င္ေနရင္လည္း ငါ့ေရွ႕လာကုန္းလိုက္ေလ။ ဘာလို႔ clubအထိ အပင္ပန္းခံေနမွာလဲ!''
''လူႀကီး မမိုက္ရိုင္းနဲ႕ေနာ္! ဟင့္!''
''မင္းဘဲ ငါ့ကိုရိုင္းေအာင္လာလုပ္ေနတာ ေကနိုရာ!''
ေျပာရင္း လည္ပင္းကို အရာထင္းေအာင္ကိုက္ပစ္လိုက္သည္။
''အာ့! မကိုက္နဲ႕! ဟင့္! လႊတ္လို႔။ ဒယ္ဒီနဲ႕တိုင္မွာေနာ္ အဟင့္!''
''တိုင္လိုက္ေလ အဲ့က် သူ႕သားကိုငါလိုးၿပီးၿပီဆိုတာပါ သိေအာင္ေျပာလိုက္မယ္!''
''အီး! ဟင့္! ဟင့္! မေကာင္းတဲ့ လူႀကီး လူကိုအနိုင္ပဲက်င့္ေနတယ္ ဟင့္!''
''ႁပြတ္! အဲ့တာမင္းဆိုးေနလို႔ေလ ။ လိမ္မာတယ္ မငိုနဲ႕ေတာ့ ကိုယ္တို႔ျပန္ေျပလည္ၾကရေအာင္''
''ခင္ဗ်ားႀကီးကို နိုရာမေက်နပ္ပါဘူးေနာ္''
''ကိုယ္ကအလုပ္သေဘာအရ သူနဲ႕ပတ္သတ္ရတာ။ ကိုယ့္စိတ္ထဲ မင္းတစ္ေယာက္ထဲ ရွိတယ္ ''
''ဟင့္အင္း မသိဘူး ။ သူ႕နဲ႕အလုပ္ဆက္မလုပ္နဲ႕ မဟုတ္ရင္ နိုရာလူႀကီးမႀကိဳက္တာအကုန္လုပ္ပစ္မွာ''
''က်စ္! ကေလး မင္းပိုပိုၿပီး ဆိုးလာတာဘဲ''
''ဘာမွလာမေျပာနဲ႕ နိုရာလိုခ်င္တာရေအာင္ယူမွာဘဲ''
''အင္း အင္း ကိုယ္သူနဲ႕အလုပ္တြဲမလုပ္ေတာ့ဘူး။ မင္းလည္းဒီေနရာကို မလာရဘူး!''
''ဟုတ္! လူႀကီး ဟီး ဟီး''
''ဟက္! ငဂ်စ္ေလး မင္းမူးေနၿပီ''
''နိုရာမူးေနေတာ့ လူႀကီးက အခြင့္အေရးမယူခ်င္ဘူးလားဟင္''
အရည္လဲ့ေနတဲ့ puppy eyes ေလးေတြနဲ႕ ေကနိုရာက ဟန္ဓနရိုးကို ျမဴဆြယ္ေနျပန္သည္။ ဓန တဟက္ဟက္ရီသံနဲ႕အတူ သူ႕ေျခလွမ္းေတြ ကားဆီဦးတည္ေတာ့၏။ ထို႔ေနာက္ ႏွစ္ေယာက္လုံး၏ အခ်စ္ညေလးအတြက္ အိမ္ႀကီးဆီသို႔။
. . . . . .
မနက္6နာရီဆိုတဲ့အခ်ိန္က ေအးစိမ့္စိမ့္နဲ႕အိပ္လို႔အေကာင္းဆုံးအခ်ိန္ေလးရယ္။ ျမဴကေတာ့ ပုံမွန္ထိေနၾကအတိုင္းပဲ ထမင္းခ်ိဳင့္ေလးဆြဲၿပီး ကိုယ္ပိုင္ဆိုင္ေလးဆီ ဦးတည္လ်က္ေပ။
ျမဴလမ္းေလွ်ာက္ေနတုန္း ေက်ာမလုံသလိုခံစားမိ၍ ေနာက္လွည့္ၾကည့္ေတာ့ စိုင္းတေခတ္မွိုင္းက သူနဲ႕6ေပအကြာမွာ ရွိေနသည္။ ျမဴလွည့္ၾကည့္တာျမင္ေတာ့ မ်က္စိတစ္ဖက္မွိတ္ျပေသးသည္။
ျမဴလွမ္းေနၾကထက္ ပိုျမန္ေအာင္ေလွ်ာက္ပစ္လိုက္သည္။ မနက္မိုးလင္းတာနဲ႕ လူကိုစိတ္အႏွောက္ယွက္ေပးလြန္း၏။
''ခင္ဗ်ား ဘာလို႔ ကြၽန္ေတာ့္ေနာက္တေကာက္ေကာက္ လိုက္ေနရတာလဲ''
''ကိုယ္မလိုက္ပါဘူး ကိုယ္သြားမဲ့လမ္းကို မင္းကအရင္သြားေနတာပါ''
''ဒါဆိုလည္း ခင္ဗ်ားအရင္သြား''
''ကေလးက ကိုယ့္ေနာက္လိုက္ခ်င္လို႔လား''
''မလိုက္ဘူး! ေနာက္ၿပီး ခင္ဗ်ားအေတာ္ေလး အားယားေနပုံပဲေနာ္။ ကြၽန္ေတာ့္ကို အရင္လိုပဲလာကစားခ်င္ေနတုန္းလား''
ပက္ကနဲ ေျပာလိုက္ေတာ့ စိုင္းမ်က္ႏွာပ်က္သြားၿပီး ျမဴကိုျပန္ၿပဳံးျပလာသည္။
''မဟုတ္ပါဘူး ကိုယ္မင္းကို ကစားခ်င္လို႔မဟုတ္ဘူး။ မင္းအနား ေနခ်င္မိ႐ုံေလးပါပဲ''
''ခင္ဗ်ားလိုလူက ကိုယ့္အက်ိဳးအတြက္မဟုတ္ရင္ ပင္ပန္းခံတတ္တဲ့လူမွမဟုတ္တာ။ ကြၽန္ေတာ္ ခင္ဗ်ားကို ထပ္ေျပာမယ္ ကြၽန္ေတာ့္ေရွ႕ေပၚမလာပါနဲ႕''
''ကိုယ္မင္းအနားမွာပဲ ေနၿပီး မင္းေပးတဲ့အျပစ္ေတြကို ခံယူလို႔မရဘူးလား ငယ္''
''မရဘူး ဘာလို႔လဲသိလား။ ခင္ဗ်ားက ကြၽန္ေတာ္ဆီက ခြင့္လႊတ္ျခင္းနဲ႕ မတန္လို႔!''
''ႀကိဳက္သလိုေျပာ ကိုယ္မင္းအနားက ဘယ္ေတာ့မွ ထြက္သြားမွာ မဟုတ္ဘူး ။ ကိုယ္ေလ မင္းကို အရမ္းခ်စ္တယ္ ငယ္။ ကိုယ္လုပ္ခဲ့တဲ့ အျပစ္ေတြအတြက္ ခြင့္လႊတ္ေပးဖို႔ မေတာင္းဆိုပါဘူး။ ကိုယ့္ကို အေဝးေတာ့ႏွင္မထုတ္ပါနဲ႕ကြာ..... ေနာ္''
''ခ်စ္တယ္.....?။ ခင္ဗ်ားပါးစပ္က အဲ့စကားကို ယုံမဲ့အစား ေခြးပါးစပ္က လူစကားထြက္လာတာကမွ ယုံခ်င္စရာ ေကာင္းအုံးမယ္ ''
''ကိုယ္.......ကိုယ္ေတာင္းပန္ပါတယ္ ။ တကယ္ေတာ့ေလ ကိုယ္မင္းကို စေတြ႕ကတည္းက ရင္ခုန္ခဲ့ရတာပါ။ ကိုယ္က ကိုယ့္မိဘေတြေၾကာင့္ မင္းကိုခ်စ္ေနမိတာေတြကို လက္မခံနိုင္ပဲ အမုန္းေတြနဲ႕ အစားထိုးခဲ့မိတာပါ။
ကိုယ္ေတာင္းပန္ပါတယ္ကြာ။ ကိုယ့္ကို အဲ့လိုေတြမၾကည့္ပါနဲ႕လား''
ရိုက်ိဳးေနတဲ့မ်က္လုံးမွိန္မွိန္ေတြက အမွန္ပင္ ေနာင္တရေနသည့္ဟန္။
ခင္ဗ်ား သိပ္ဟန္ေဆာင္ေကာင္းတာပဲ စိုင္းတေခတ္မွိုင္း ။ ဒါေပမယ့္ ျမဴေဒါင္းငယ္ဆိုတဲ့ ကြၽန္ေတာ္က အရင္လိုအယုံမလြယ္တတ္ေတာ့ဘူး....။
ဆုပ္ကိုင္ခံထားရတဲ့လက္ကို ေဆာင့္႐ုန္းပစ္လိုက္ၿပီး လွည့္မၾကည့္စတန္းေျပးထြက္လာမိသည္။ မ်က္ဝန္းထဲက မ်က္ရည္ေတြကိုေရာ ေနာက္ကက်န္ေနသည့္မ်က္ဝန္းမွ မ်က္ရည္ေတြကိုေရာ ျမဴဥပကၡာျပဳပစ္ခဲ့လိုက္သည္။
ခင္ဗ်ားကို ခ်စ္ခဲ့မိတဲ့ဒီႏွလုံးသားကေလ လက္မလႊတ္နိုင္ခဲ့တုန္းကလည္း နာက်င္ရသလို၊ လက္လႊတ္ဖို႔ႀကိဳးစားျပန္ေတာ့လည္း တဆစ္ဆစ္နဲ႕ ထုံက်င္ေနေအာင္ နာရျပန္တယ္.....
ခင္ဗ်ားေၾကာင့္နဲ႕ ကြၽန္ေတာ့္မွာေ႐ြးခ်ယ္စရာ လမ္းေတြခဏခဏမဲ့ေနေတာ့တာပါပဲ.....
ခင္ဗ်ားကေလ ဆူးတစ္ေခ်ာင္းလိုပဲ ကြၽန္ေတာ့္ႏွလုံးသားကို ဟို....အနက္ရွိုင္းဆုံးေနရာအထိ နစ္ေနေအာင္ဆူးသြားခဲ့တာ....
ဒီတိုင္းဆူးေစျပန္ေတာ့လည္း တေျမ့ေျမ့နဲ႕နာက်င္ရသလို၊ ဆြဲထုတ္ပစ္ဖို႔ ႀကိဳးစားျပန္ေတာ့လည္း မခံမရပ္နိုင္ေအာင္နာက်င္မႈေတြနဲ႕ ႐ူးေစနိုင္တဲ့ကိုကိုက ကြၽန္ေတာ့္အတြက္ေတာ့ ရင္နင့္ေအာင္ဆူးတဲ့ ဆူး။
. . . . . .
''ဟယ္....ျမဴေလး မ်က္ႏွာမွာလည္း မ်က္ရည္ေတြနဲ႕ပါလား။ ဘာျဖစ္လာတာလဲ မသိီရိတို့ကို ေျပာစမ္းပါအုံး ''
''ဘာ....ဘာမွမျဖစ္ပါဘူး။ ကြၽန္ေတာ္မ်က္လုံးထဲ အေကာင္ဝင္လာလို႔ပါ မမ''
မသီရိနဲ႕ မသဇင္တို႔က ျမဴစကားကို မယုံၾကေပမဲ့ ဘာမွေတာ့ထပ္မေမးလို႔ေတာ္ေသးသည္။ ျမဴ႕ ေက်ာျပင္ငယ္ေလးကို တဖြဖြပုပ္ၿပီး ႏွိမ့္သိမ့္ေပးၾကေသး၏။
တေနကုန္ေအာင္ ျမဴဆိုင္ေလးလူက်ေနေပမဲ့ ျမဴကေတာ့စိတ္နဲ႕လူနဲ႕ကပ္တယ္မရွိ။ ဟိုေငးလိုက္၊ ဒီေတြးလိုက္ႏွင့္မလို႔ ေဖ်ာ္ေပးလိုက္တဲ့ coffee အရသာေတြကလည္း ဆိုး႐ြားတာေတြပါျဖစ္ကုန္ေတာ့ လူတိုင္းကို ျပန္ေတာင္းပန္လႊတ္ရတာက မ်ားသည္။
သဇင္နဲ႕သီရိတို႔ကေတာ့ ျမဴပုံစံေၾကာင့္ သက္ျပင္းတခ်ခ်နဲ႕ရယ္။ ျမဴကလည္း ကိုယ့္စိတ္ကိုယ္မထိန္းနိုင္ျဖစ္ေနေတာ့ ျပန္အားနာေနရသည္။
''ကြၽန္ေတာ္ စိတ္နဲ႕လူနဲ႕ မကပ္ျဖစ္ေနမိလို႔ ေတာင္းပန္ပါတယ္ ''
''ရပါတယ္ ျမဴေလးရယ္ မင္းလည္းပင္ပန္းေနမွာေပါ့ အိမ္ျပန္နားခ်င္နားေလ မမတို႔ပဲ ဆိုင္ၾကည့္ထားလိုက္မယ္''
''ရပါတယ္ ကြၽန္ေတာ္ အဆင္ေျပပါတယ္''
''ပူတင္းေရ....မင္းရဲ႕အစ္ကိုႀကီးလာၿပီ''
''အစ္ကို.....''
ရာဇာလႊမ္းကျမဴေရွ႕လာရပ္ေတာ့ ျမဴမွာမ်က္ႏွာျပဖို႔မရဲေပ။ ကိုယ့္ေၾကာင့္သာ အစ္ကိုကေဆး႐ုံေရာက္ခဲ့ရေသးတယ္မလား။ သူ႕ပေယာဂေၾကာင့္သာ အစ္ကိုကၾကားထဲကထိုးခံခဲ့ရတာ။ ဒါေၾကာင့္ျမဴ အစ္ကိုနဲ႕မ်က္ႏွာခ်င္းမဆိုင္ရဲဘူး။
''ဘာလို႔ ေခါင္းကိုအတင္းငုံ႕ေနျပန္တာလဲ ပူတင္းရဲ႕''
''အစ္ကို ကြၽန္ေတာ္ေတာင္းပန္ပါတယ္ ၊ ကြၽန္ေတာ့္ေၾကာင့္အစ္ကို.....''
''ပူတင္းေၾကာင့္မွမဟုတ္တာ ဘာလို႔ကိုယ့္ကိုေတာင္းပန္ေနရတာလဲ၊ ေနာက္ၿပီး အဲ့ေကာင္ကပူတင္းနဲ႕ သိေနတာလား''
''...........''
''ပူတင္း မေျဖခ်င္ရင္လည္း ထားလိုက္ပါ ၊ အဲ့လူပုံစံက လူေကာင္းျဖစ္မယ္ေတာ့ ကိုယ္မထင္ဘူး ပူတင္းကိုလည္းထပ္ႏွောက္ယွက္မွာစိုးတယ္ အဲ့ေၾကာင့္ ပူတင္းကိုယ္နဲ႕ရန္ကုန္ျပန္လိုက္ခဲ့ပါ''
''ဟင့္အင္း ကြၽန္ေတာ္ မလိုက္ခ်င္ဘူး ေနာက္ၿပီးအဲ့လူလက္ကလည္း ေရွာင္ေျပးဖို႔လြယ္ေတာ့မွာ မဟုတ္ဘူး ''
''ဒါဆို.....သူက''
ဝဲတက္လာတဲ့မ်က္ရည္ဥေတြရယ္ ေအာက္ႏႈတ္ခမ္းပါးကို ဖိကိုက္ကာ ႏႈတ္ဆိတ္ေနျပန္တဲ့ ျမဴဟာ ေျဖရန္ခက္ခဲေနပုံပင္။ အတင္းခ်ိဳးႏွိမ္ထားတဲ့ မ်က္ဝန္းေတြေအာက္ကေၾကာက္စိတ္ေတြကို ရာဇာလႊမ္း သတိထားမိပါသည္။
မင္းဘဝေလး သိပ္ခက္ခဲခဲ့မွာဘဲ ကေလးငယ္ရယ္။
''မေျဖနဲ႕ေတာ့ ကိုယ္မသိခ်င္ေတာ့ဘူး ကိုယ္တို႔ျပန္ရေအာင္ေလ ကိုယ္လိုက္ပို႔မယ္ ပူတင္းခ်က္ေကြၽးတာေလးလည္းစားခ်င္ေသးတယ္''
''ဟုတ္''
ဒီလိုနဲ႕ျမဴလည္း အစ္ကို႔ကားနဲ႕အိမ္ျပန္လိုက္ခဲ့လိုက္တယ္။ဟင္းႏွစ္ခြက္ေလာက္ ျမန္ျမန္ခ်က္ျပဳတ္ၿပီး ထမင္းအတူစားၾကရင္း အစ္ကိုကျမဴအားေပ်ာ္ေအာင္စေနေတာ့သည္။
''ဒီည မိုး႐ြာမယ္တဲ့ သတင္းထဲပါလာတယ္''
''ဪ.....ေကာင္းသားပဲ မိုးေအးေအးနဲ႕ အိပ္ေကာင္းတယ္ ''
''အစ္ကိုလည္း မျပန္ဘဲ ဒီမွာအိပ္လို႔ရမလား''
''ဗ်ာ.....''
ပန္းကန္ေတြကို ကူေဆးေပးရင္းအစ္ကိုက ခပ္ၿပဳံးၿပဳံးေလးခြင့္ေတာင္းျပန္ေတာ့ ျမဴလည္းမျငင္းရက္ပါ။ ခက္တာက ျမဴဟာ ေယာက္်ားခ်င္းစိတ္ဝင္စားသူမို႔ အစ္ကိုအဆင္မေျပမွာကို။
''အစ္ကို အဆင္ေျပတယ္ဆိုရင္လည္း ေနပါရပါတယ္ ''
''ေျပတာေပါ့ ကိုယ္တို႔အရင္ကအတူေနခဲ့တာဘဲကို''
''အစ္ကို......''
''ဟမ္.....ေျပာေလ ပူတင္း''
''ကြၽန္ေတာ့္ကို မ႐ြံဘူးလားဟင္''
ေမးသာေမးရတာပါ ျမဴက႐ြံစရာေကာင္းတဲ့လူတစ္ေယာက္မွန္း ျမဴကိုယ္တိုင္ကသိပါသည္။ မသန့္ရွင္းသည့္ကိုယ္နဲ႕မို႔ ကိုယ္တိုင္ကလည္း မုန္းတီးေနမိသည္မို႔ အစ္ကို႐ြံတယ္ဆိုရင္ေတာင္ျဖစ္သင့္တာပါဘဲ။ ပန္းကန္ကိုင္လ်က္လက္ေလးေတြကေတာ့ တုန္ရီလို႔ေပါ့။
''ကိုယ္က ဘာလို႔႐ြံရမွာလဲ ၊ ဒီမွာ ကိုယ့္ကိုၾကည့္''
ျမဴ၏ကိုယ္လုံးေသးေသးေလးကိုပုခုံးကေနကိုင္ၿပီး သူနဲ႕မ်က္ႏွာခ်င္းဆိုင္ေစလိုက္သည္။
''ကိုယ့္အတြက္ေတာ့ မင္းဟာမင္းပါဘဲ ျမဴေဒါင္းငယ္၊
မင္းကိုယ္မင္း ဘယ္ေလာက္ဘဲ မသန့္ရွင္းေတာ့ဘူးေျပာေျပာပါ၊ ကိုယ့္အျမင္မွာေတာ့ မင္းဟာ အျဖဴစင္ဆုံးကေလးဘဲ''
''အဟင့္! အစ္ကို''
ျမဴအစ္ကို၏ခါးကို တင္းၾကပ္စြာဖက္ပစ္လိုက္ၿပီး ရင္ခြင္ထဲမွာ တရႈံ႕ရႈံ႕ငိုခ်မိေတာ့သည္။ အစ္ကိုက ျမဴအတြက္ေတာ့ အစ္ကိုရင္းခ်ာတစ္ေယာက္လိုပါပဲ။
''ျမဴ ေဒါင္း ငယ္!''
''ဟင္......စိုင္းတေခတ္မွိုင္း! ''
#TBC
ဒီေန႕ေနမေကာင္းလို႔အလုပ္ခြင့္ယူထားတာနဲ႕ေရးေပးလိုက္တာ စာေတာ့မစစ္ေတာ့ဘူးေနာ္ အခ်စ္တို႔ ဆူးနန္းအလုပ္နားရရင္နားရသလိုေရးေပးပါ့မယ္ ဒါေလးအဆုံးသတ္ေအာင္လို႔