ကမ္ဘာဆယ်ခုကိုဖြတ်သန်းပြီးတဲ့န...

By Hannah_is_beautiful

29.7K 3.7K 119

This is not my work. This is a fan translation. All credit to original author and English translator. More

Synopsis
Ch1- နင်းနင်း ကိုယ်မင်းကိုနောက်ဆုံးတော့ရှာတွေ့ပြီ (1)
Ch1- နင္းနင္း ကိုယ္မင္းကိုေနာက္ဆုံးေတာ့ရွာေတြ႕ၿပီ (1)
Ch 1- နင်းနင်းကိုယ်မင်းကိုနောက်ဆုံးတော့ရှာတွေ့ခဲ့ပြီ (2)
Ch 2 - မင်းကိုယ့်ကိုထားခဲ့တယ်
Ch3 - "......ကျိနင်း"
Ch 4 - အထင်လွဲနေခဲ့တာလား
Ch 5- ကိုယ်မင်းကိုလာခေါ်ဖို့ရောက်လာပြီ
Ch 6 - ဘယ်သူ့နှလုံးကိုလိုချင်လဲ?
Ch 7 - နောက်ဆုံးတော့မင်းကိုပိုင်ဆိုင်နိုင်ပြီ
Ch 8 - မူရင်းဇာတ်လမ်းထဲမှာနမ်းတဲ့အခန်းမပါဘူးလေ!
Ch 9- နှလုံးခုန်သံ
Ch 10 - ငါသူ့သူငယ်ချင်းမဖြစ်ချင်ဘူး
Ch 11- ဇနီးလောင်း
Ch 12 - သူ့ကိုနာကျင်အောင်မလုပ်ပါနဲ့
Ch 13 - ကိုယ်မင်းကိုဖျက်ဆီးပစ်မယ်
Ch 14- သူ့ရင်ခွင်ထဲခုန်ဝင်မိသွားတယ်
Ch 15- ဘယ်သူမှကိုယ့်မျက်လုံးထဲမဝင်ဘူး 1
Ch 15 ဘယ်သူမှကိုယ့်မျက်လုံးထဲမဝင်ဘူး 2
Ch 16 တစ်နေ့ထက်တစ်နေ့ပိုချစ်နေမယ် 1
Ch 16 တစ်နေ့ထက်တစ်နေ့ပိုချစ်နေမယ် 2
Ch 17 အနမ်းကစိတ်အားထက်သန်မှုလုံလုံလောက်လောက်မရှိပါ ကျေးဇူးပြု၍ထပ်နမ်းပါ
Ch 18 - ဒီတစ်ခါကိုယ်တို့ကိုဘယ်သူမှမခွဲနိုင်တော့ဘူး
Ch 19- ဆရာ
Ch 20 (1)
Ch 20 (2)
Ch 21 - ငါ့ကိုလာသတ်မှာကိုစောင့်နေမယ်
Ch 22 -သူပဲ
Ch 23- ဒီဂိမ်းကမဟုတ်သေးဘူး
Ch 24 - ကံမကောင်းစွာနဲ့ မင်းတို့ကသူမဟုတ်ဘူး
Ch 25 - Stockholm Syndrome
Ch 26 - သူ၏အမှောင်မိုက်ဆုံးလျှို့ဝှက်ချက်
Ch-27 သူ့ကိုနောက်တစ်ကြိမ်ထွက်သွားခွင့်ပေးမှာမဟုတ်ဘူး
Ch 28 - သဝန်တိုခြင်း
Chapter 29 - ရေအောက်ထဲမှအနမ်း
Ch-30 ငါသူ့ကိုလိုချင်တယ်

Ch 31 - မင်းရဲ့နှလုံးသားကို ငါ့အတွက်နာကျင်ပေးဖို့ မျှော်လင့်တယ်

287 54 2
By Hannah_is_beautiful

မီးခိုးငွေ့လုံးကြီးများ လေယာဉ်ထံမှ တရိပ်ရိပ်ထွက်လာ၏။ Fuji က အရှိန်မြှင့်စက်အား အားပြင်းပြင်းဖြင့်ပိတ်ချလိုက်ပြီး စွန့်ပစ်ထားသည့် မိုင်းတွင်းဥမင်လှိုဏ်ခေါင်းစီသို့ ဦးတည်ချက်ပြောင်းလိုက်ရသည်။ လေယာဉ်လေးတစစီဖြစ်မသွားခင် လျှို့ဝှက်အခြေစိုက်စခန်းရဲ့တံခါးကိုဖွင့်ကာ အလျင်အမြန်လေယာဉ်ကိုဆိုက်လိုက်ရသည်။

မြေပြင်သို့ရောက်လျှင်ရောက်ချင်း အထဲရှိမီးလုံးများနှင့် ခလုတ်များမှာ သုံးမရတော့ပေ။ Fuji တစ်ယောက်ထိန်းချုပ်ခလုတ်ပေါ်၌ တံတောင်ဖြင့်ထောက်ထားပြီး မျက်နှာကိုကွယ်ထားကာ အချိန်အကြာကြီးစကားမပြောတော့ပေ။ လေယာဉ်နောက်ခန်းမှ အသံအကျယ်ကြီး‌တစ်သံ ပေါ်ထွက်လာပြီး‌နောက်ပိုင်း၌ စကားလုံးအချို့ကို သွားကြားထဲမှ လေသံဖြင့်ပြောလာသည်။

"ဒီကထွက်သွားကြ"

"..."

လေယာဉ်၏သတ္တုနံရံကို ပစ်ချက်တစ်ခုထဲဖြင့် အရည်ဖျော်ပစ်လိုက်သည့် နှင်းကဲ့သို့ဆံနွယ်များနှင့် နတ်သားလေးဟာ လက်ချောင်းထိပ်မှ အလင်းရောင်ကို တိတ်တဆိတ် ငြှိမ်းသတ်လိုက်ပါသည်။ အထိအခိုက်မရှိသည့် ရေလှောင်ကန်လေးကို တွန်းသွားပြီး Fujiအားဖြတ်သွားသည့်အခါ တိုးတိုးလေးပြောလိုက်ပါသေးသည် "တောင်းပန်ပါတယ်"

ဟောဝူလင်းက ခေါင်းငဲ့လျက် ခပ်ဟဟရယ်ကာ သူ့ဘေး၌ ပျံသန်းနေသည့် ဝိဉာဉ်များကို ရုတ်သိမ်းလိုက်ပါ၏။ သူကအိတ်ကပ်ထဲလက်ထည့်ကာ လေ‌ယာဉ်ပေါ်မှ ခုန်ဆင်းသွားပြီး အထဲ၌ အနီရောင်ဆံပင်နှင့် လူတစ်ယောက်သာကျန်ခဲ့သည်။ အချိန်အတော်ကြာပြီးနောက် Fujiကနောက်သို့တောင့်တောင့်ကြီး လှည့်ကြည့်လိုက်သည့်အခါ ပျက်ဆီးလုနီးပါးဖြစ်နေသည့်လေယာဉ်ကိုမြင်လိုက်ရပြီး သတိလစ်မတတ်ဖြစ်သွားတော့သည်။

လေယာဉ်ပေါ်မှဆင်းလာသည့်တလျှောက် ကန်ထဲမှာရေကူးရင်း စွန့်ပစ်ထားသည့် မိုင်းတွင်းဥမင်လှိုဏ်ခေါင်းက မြေအောက်အခြေခံစခန်းတစ်ခုအဖြစ် သေချာလေးပြုပြင်‌ထားကြောင်း ကျိနင်းမြင်လိုက်ရသည်။ မူလက ဤတောင်ကို စွမ်းအင်ကျောက်တုံးများကို မိုင်းခွဲထုတ်ဖော်ရန် အသုံးပြုခဲ့တာဖြစ်သည်။ အလုပ်ပြီးသွားသည့်အခါ မိုင်းတွင်းကိုစွန့်ပစ်လိုက်ကြပြီး နောက်ပိုင်း၌ Fuji ကဈေးနည်းနည်းဖြင့် ဝယ်ခဲ့တာဖြစ်သည်။ ၎င်းဟာ သူနှင့် Ark တို့ဝတ္ထု၏အစောပိုင်းအခန်းများ၌ အတူနေခဲ့သော အဓ်ကနေရာဖြစ်သည်။

Fujiက အခြေစိုက်စခန်းရဲ့ ပုံပန်းသွင်ပြင်ကိုသိပ်ဂရုမစိုက်။ ဆိုလိုသည်မှာ သူ့ရဲ့ဒီဇိုင်းက ခေတ်နောက်ကျနေသည်။ သို့သော်မူရင်းဝတ္ထုကို ဖတ်ထားသည့် ကျိနင်းကတော့ ၎င်းရဲ့အပြင်အဆင်ဟာ သိပ်မကြာသေးခင်ကမှ ဖြစ်ပြီး လုံခြုံရေးပိုင်းကို အတော်လေးအာရုံစိုက်ထားကြောင်း သိသည်။ ထို့အပြင် Fujiကဤနေရာအား နည်းပညာမြင့်လက်နက်များ တပ်ဆင်ရန် ငွေအမြောက်အများသုံးခဲ့ပါသေးသည်။

Ark နှင့် ဟောဝူလင်းတို့ မကြာသေးခင်ကမှ ဖျက်ဆီးလိုက်သော အဆင့်မြင့်လေယာဉ်မှာလည်း ထို့အတူပင်ဖြစ်သည်။

လေယာဉ်ပေါ်မှ အံ့ဩတုန်လှုပ်စွာဆင်းလာသည့် Fujiကိုတွေ့သည့်အခါ ကျိနင်းပူစီဖောင်းလေးများ မှုတ်ထုတ်လိုက်ပြီး စိတ်ထဲမှ အသံတိတ်တောင်းပန်လိုက်ပါသည်။

အနီရောင်ဆံပင်နှင့် အမျိုးသားဟာ လေယာဉ်ပေါ်မှ ဆင်းလာလာချင်း ခေါင်းပေါ်လက်တင်ကာ မြေပြင်ပေါ်၌ ဆောင့်ကြောင့်ထိုင်ချလိုက်ပါတော့သည်။

စိတ်ပိုင်းဆိုင်ရာ ပင်ပန်းမှုက သိသာစွာပင် လေးလံလှသည်။ ကျိနင်းသူ့အားအပြစ်မတင်နိုင်ပါ။ သူက ဤအလုပ်၌ အမြောက်အများ ရင်းနှီးမြှုပ်နှံကာ အချီကြီးပွတော့မည်ဟု တွက်ထားတာဖြစ်သည်။ အခုတော့ဖြင့် လေလံပွဲမှခိုးယူလာသည့် ပစ္စည်းများမှာ မီးလောင်သွားသည့်အပြင် လေယာဉ်ကိုပါဆုံးရှုံးလိုက်ရသည်။

"Fuji"

Arkကအနီရောင်ဆံပင်နှင့်သူစီသို့ လျှောက်သွားသည့်အခါ ပင်ပန်းနွမ်းနယ်နေသည့် အမူအရာဖြင့် မော့ကြည့်လာသည်။

"ငါသူ့ကိုမွေးချင်တယ်"

Ark ကရေလှောင်ကန်ထဲမှ ရေသူထီးကို လက်ညိုးထိုးရင်းပြောသည်။

နတ်သား၏စကားကြောင့် Fujiမှာသွေးအန်မတတ်ဖြစ်သွားရသည်။ ဟောဝူလင်းထံမှ ရေသူထီးအားဝယ်ရန် Arkတောင်းဆိုနေကတည်းက မကောင်းသည့်ခံစားချက်ရနေတာဖြစ်သည်။ သို့သော် Ark ကရေသူထီးကိုမွေးချင်နေဆဲဖြစ်ကြောင်း ကြားရသည်မှာ ပြင်းထန်သော ရိုက်ခတ်မှုဖြစ်သည်။

"ရူးသွားပြီလား" သူမယုံကြည်နိုင်စွာဖြင့် အော်ပြောလိုက်သည် "ရေသူထီးတစ်ကောင်မွေးရတာ ဘယ်လောက်ကုန်လဲ မင်းသိလို့လား"

အတွေ့အကြုံရှိ ကြေးစားတစ်ယောက်အနေဖြင့် Fuji၌ငွေပြတ်လပ်‌မနေပါ။ သူရရှိထားသည့်ငွေကြေးများကို နှစ်ကြာလာသည်နှင့်အမျှ နှစ်ဆဖြစ်သွားသည့် မျိုးရိုးဗီဇပြုပြင်ပြောင်းလဲခြင်းကုမ္ပဏီများ၏ စတော့ရှယ်ယာများဝယ်ယူထားခြင်းကို ထည့်သွင်းစဉ်းစားပါက ချမ်းသာသည်ဟုတောင်ဆိုနိုင်သည်။ သို့သော် သူလိုလူတောင်မှ ရေသူထီးမွေးခြင်းဆိုသည့် မည်းမှောင်နေသည့် တွင်းကြီးထဲကို ငွေများသွန်ထည့်ဖို့ မတတ်နိုင်။

တခြားမစဉ်းစားနှင့်။ ရေသူထီးတစ်ကောင်အတွက် အရည်အသွေးကောင်းသည့် ရေဖိုးနှင့်တင် မိသားစုတစ်စုကို ပြုတ်ပြုတ်ပြုန်းသွားစေနိုင်သည်။

ရေသူထီးမွေးမည်ဆိုပါက သန့်စင်ထားသည့်ရေအမြောက်အများကို နေ့စဉ်လိုအပ်သည်။ သူတို့နေထိုင်နေသော အရင်းအမြစ်များရှားပါး‌လှသည့် ကမ္ဘာပျက်ကပ်၌ ထိုသို့သောရေမျိုးဟာ ဈေးကြီးလွန်းပြီး စွမ်းအင်ကျောက်တုံးများနှင့် တန်ဖိုးတူညီသလောက်ရှိသည်။

Arkကိုရှာတွေ့ပြီးတောင်မှ Fujiသာ သူ့ရဲ့စတော့အချို့ကို ရောင်းမထုတ်လိုက်ပါက ဒေဝါလီခံခဲ့ရမည်မှာ ကြာပြီဖြစ်သည်။

Arkကသေလုမြောပါး ဒဏ်ရာရခဲ့တာဖြစ်သည်။ ဖြေးဖြေးချင်းမိမိဘာသာ ကုသနိုင်စွမ်းရှိသည်ဆိုလျှင်တောင် ရှားပါးသည့်ဆေးများကိုလိုအပ်ခဲ့ပြီး Fujiတစ်ယောက်အမြောက်အများကုန်ကျခဲ့သည်။

သို့သော် Arkကအင်အားကြီး Android ဖြစ်သည်။ သူ့ကိုပါတနာအဖြစ်ရလိုက်တာကြောင့် Fujiကပိုကောင်းသည့် အလုပ်များကိုလက်ခံနိုင်ပြီး ယခင်ကထက် ဝင်ငွေပိုကောင်းလာသည်။ ထိုဆေးဝါးများက အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုအဖြစ် သတ်မှတ်လို့ရသည်။ သို့‌သော် ရေသူထီးမွေးလို့ဘာရမှာလဲ? ရေသူထီးအသားကိုစားလိုက်လို့ မသေမျိုးဖြစ်သွားမည်လည်းမဟုတ်။

Fuji ကိုစည်းရုံးလို့မရဘဲ Arkထပ်ပြောလာပါက ဘယ်လိုငြင်းရမလဲဟု စဉ်းစားနေသည်။

"ငါသူ့ကိုမွေးချင်တယ် တကယ်လို့အလုပ်မဖြစ်ရင် ငါသူ့ကိုခေါ်သွားလိုက်မယ်" Arkကသူ့ရဲ့ပါတနာကို အရိုအသေပြုလိုက်ပြီး ရေသူထီးစီသို့ လှည့်ထွက်သွားသည် "ကျေးဇူးတင်ပါတယ် Fuji ဒီအတောအတွင်း မင်းကိုဒုက္ခဖြစ်စေမိပြီ အကြွေးတွေကိုဖြေးဖြေးချင်းပြန်ဆပ်ပါ့မယ်"

"မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး ငါဘာပြောရသေးလို့လဲ...မင်းရေသူထီးမွေးလို့ရတယ်...ငါမင်းကိုမတားဘူး!"

ထိုအကြောင်းအရာကို ကြားပြီးနောက် အနီရောင်ဆံပင်နှင့်အမျိုးသားမှာ တုန်လှုပ်သွားပြီး အမြန်ပြေးတားရတော့သည်။ ချီးပဲ အနာဂတ်မှာ သောင်းနဲ့ချီရှာနိုင်တဲ့ Ark ကိုဘယ်လိုလွှတ်ပေးလိုက်လို့ရမှာလဲ။ တိုက်ခိုက်တာဒီလောက်ကျွမ်းတဲ့သူကို ဘယ်မှာသွားရှာလို့ရမှာမို့လို့လဲ။

Arkကရပ်လိုက်ပြီး လှည့်ကြည့်လာသည် "မင်းသဘောတူတယ်လား"

"ဒါပေါ့ ငါကကပ်စေးနည်းတဲ့သူမဟုတ်ပါဘူးကွာ"

Fujiခမျာ နှလုံးသားထဲသွေးစိမ်းရှင်ရှင်ထွက်နေပါသော်လည်း အားတင်းပြုံးကာ "အခုအရမ်းနောက်မကျသေးဘူး အနက်ရောင်ဈေးကွက် မပိတ်သေးခင် မြန်မြန်သွားပြီး ငါးအတွက် ရေသန့်တွေဝယ်လိုက် နာရီအနည်းငယ်အတွင်းမှာ သူ့ရေကိုထပ်လဲပေးရလိမ့်မယ်"

"ကောင်းပြီ"

Arkကခေါင်းညိမ့်ပြီး အခြေစိုက်စခန်းကမထွက်ခင် အင်္ကျီအသန့်တစ်စုံလဲရန် အိပ်ခန်းထဲသို့ ဝင်သွားသည်။

သူသွားတော့မှသာ Fujiတစ်ယောက်သက်ပြင်းချလိုက်ပြီး ပစ္စည်းပစ္စယများကို ကောက်ကိုင်ကာ မီးလောင်ထားသည့် လေယာဉ်ထံသို့ ကောင်း‌တာလေးတွေကျန်သေးသည်လား ကြည့်ရန်ထွက်သွားတော့သည်။ သူကကျိနင်းအားပြောလိုက်သည်။

"ကြိုဆိုပါတယ် ငါးလေး"

"မင်းစကားပြောနေတာကို အကြာကြီးနားထောင်နေပြီးပြီ" ဟောဝူလင်းကမျက်ခုံးပင့်လျက် "ငါ့ရဲ့ထင်မြင်ချက်ကိုတောင် မတောင်းတော့ဘူးလား...ငါကနင်းနင်းကို မွေးဖို့ခွင့်ပြုလိုက်လို့လား"

ဘာလို့မေးရမှာလဲ။ ပိုင်ရှင်လည်းမဟုတ်ဘဲနဲ့။

Fujiကကြိတ်လှောင်လိုက်သော်လည်း တည့်ကြီးသွားမပြောရဲပေ။ သူကခြောက်ကပ်ကပ်ရယ်ကာ "ဒီကိစ္စကို Ark ပြန်လာတဲ့အခါ သူနဲ့ဆွေးနွေးလို့ရပါတယ်" ထိုသို့‌ပြောပြီးနောက် အလျင်အမြန်ထပ်ဖြည့်ရသည် "မြေကြီးပေါ်မှာပဲ ဆွေးနွေး ငါ့ရဲ့လေယာဉ်နားမှာ မဆွေးနွေးနဲ့"

"တကယ်တော့ Arkကို ငါနဲ့ပတ်သတ်ပြီး စိတ်မပူဖို့ပြောလို့ရပါတယ်"

ကျိနင်းက ဟောဝူလင်း၏ အေးခဲနေသည့်အကြည့်များကို လျစ်လျူရှုကာ "ဒီမှာအကြာကြီးနေမှာမဟုတ်ပါဘူး ငါ့အတွက်ဘာမှပြင်ပေးစရာမလိုပါဘူး"

"ဘာကိုဆိုလိုတာလဲ" Fujiကမေးသည်။

"ငါ့ရဲ့မျိုးဗီဇတွေကမတည်ငြိမ်သေးဘူး" ကျိနင်းကခဏမျှတွေးပြီးနောက် "ငါကမျိုးရိုးတစ်ခုတည်းက ရေသူထီးမဟုတ်ဘူး...အချိန်အတော်များများမှာ လူသားဖြစ်တယ် လူသားပုံစံဖြစ်သွားရင် ထွက်သွားမှာပါ"

"မင်းကရေသူထီးမျိုးနွယ်တစ်ခုတည်းကမဟုတ်ဘူးလား?"

Fujiကရုတ်တရက်ထရပ်လိုက်ပြီး အမူအရာကရှုံ့တွသွားတော့သည်။ ဒီလောက်‌ဈေးအများကြီး ပေးဆပ်ထားရပြီး အဆုံးသတ်ကျဘာအတွက်လဲ။

ရေလှောင်ကန်ထဲမှ လှပသိမ်မွေ့သည့် ရေသူထီးလေးကိုကြည့်ပြီး သူလူပုံစံမဖြစ်ခင် အမြန်ပြေးရောင်းချင်စိတ်ပေါက်လာသည်။

သို့သော် Arkကသဘောမတူဘူးဆိုတာ သိပါသည်။ ရေသူထီးကလူဖြစ်လာရင်တောင် Arkကလက်လွှတ်မှာမဟုတ်။ အဆုံးသတ်မှာ‌တော့ Fujiကဒါဟာ ကောင်းတဲ့အရာတစ်ခုဖြစ်ကြောင်း ယူဆလိုက်သည်။ ရေသူထီးတစ်ကောင်ကိုပျိုးထောင်ရတာထက် လူတစ်ယောက်ကိုပျိုးထောင်ရတာက ပိုပြီးလွယ်ကူပါသည်။

ထိုသို့ကောက်ချက်ချပြီးနောက် Fujiရဲ့စိတ်ကတည်ငြိမ်သွားပြီး ကျိနင်းအားကြင်နာစွာပြောသည် "တကယ်တော့ ထွက်သွားစရာမလိုပါဘူး Arkရောငါပါ မင်းကိုဒီမှာရှိနေတာ ပျော်ကြပါတယ် မင်းဆန္ဒရှိသရွေ့ ဒီမှာ နေချင်သလောက်နေလို့ရတယ်"

ကျိနင်းပြုံးလိုက်ပြီး ဒီကိစ္စကိုဆက်မပြောတော့။ Fujiကလေယာဉ်ကိုသွားပြင်နေတုန်း တစ်ခုခုကို ရုတ်တရက်မှတ်မိသွားပုံပေါ်ကာ လှုပ်ရှားမှုများကိုရပ်လိုက်ပြီး စပ်စုစွာဖြင့်မေးလာသည်။

"ဒါကမသင့်တော်တဲ့မေးခွန်းလားဆိုတာတော့မသိဘူး တကယ်လို့အဆင်မပြေရင်ဖြေလို့ရပါတယ်" သူကပြောသည် "မင်းကArkကိုအရင်ထဲကသိနေတဲ့ပုံပဲ သူကဘယ်သူလဲ မင်းနဲ့သူရဲ့ဆက်ဆံရေးကဘာလဲ"

"သူကငါ့ကိုဂရုစိုက်ပေးခဲ့တယ်"

ကျိနင်းကမရှင်းမလင်းသာ ဖြေလိုက်ပြီး Ark ကို Archangel ဖြစ်ကြောင်းမဖော်ထုတ်လိုက်ချင်။ အစောကြီးပြောလိုက်လျှင် အန္တရာယ်များသည်။

"ရေသူထီးကိုမွေးနိုင်တဲ့သူတွေက နိုင်ငံရဲ့အထက်တန်းစားမျိုးရိုးမြင့်တွေပဲရှိတယ်...Arkကအရမ်းအင်အားကြီးတော့ သူက..." Fujiက ညစ်ပေနေသည့်လက်များဖြင့် မေးစေ့ကိုပွတ်လျက် ရုတ်တရက်ထရယ်တော့သည် "ပျောက်နေတဲ့ Archangel များလား"

ကျိနင်းကပြန်မဖြေလိုက်သော်လည်း Fujiကလည်းအတည်ကြီးမေးနေတာမဟုတ်ပါ။ သူက ArkဟာArchangel ဖြစ်သည်ဟုမယုံကြည်ပေ။ ကိုလိုနီ၏အရက်စက်ဆုံးသော စစ်လက်နက်က ဘယ်လိုလုပ်လူသူမရှိတဲ့ ဂြိုလ်မှာပေါ်လာမှာလဲ။

Fujiက Arkရဲ့အမည်ရော မျက်စိထဲထင်းနေသည့် အတောင်ပံများကိုလည်း သဲလွန်စအဖြစ်မယူဆခဲ့ပါချေ။

Archangel ပေါ်ပေါက်လာပြီး အာကာသထဲ၌ကျော်ကြားလာသည်နှင့် လူငယ်များဟာ သူတို့နှင့်အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ မျိုးဗီဇပြုပြင်မှုများနှင့် မိမိကိုယ်၌ အတောင်ပံများဖြစ်ပေါ်လာစေကြသည်။ ယနေ့ခေတ်၌ Arkဟူသည့်နာမည်နှင့် အတောင်ပံများမှာ မြင်တွေ့နေကြဖြစ်သည်။ သာမန်မဟုတ်လောက်အောင် ချောမောနေသည်မှလွဲ၍ Arkရဲ့ပုံပန်းသွင်ပြင်၌ မြင်တွေ့ရခဲသည့် အရာမျိုးမရှိဘဲ သူ့ထက်ပိုမိုထူးဆန်းသည့်သူများတောင်ရှိသေးသည်။

သို့သော် Arkရဲ့လျှို့ဝှက်ထားသည့်အတိတ်ကအရမ်းပဟေဠိဆန်သည့်အချက်ကိုတော့ Fujiမငြင်းပယ်ပါ။ ထိုအရာကသူ့ထံ၌ ဘာဖြစ်ခဲ့သည်ဆိုတာကို ပိုမိုသိချင်စေသည်။ ကျိနင်းအား မေးခွန်းအနည်းငယ် ဆက်မေးချင်ပါသော်လည်း Arkကရေသန့်နှင့်အတူ လတ်ဆတ်‌သည့် အစားအသောက်များကိုလည်းဝယ်၍ ပြန်လာသည်။

ပါဝင်ပစ္စည်းများကိုကြည့်ရင်း Fujiအနည်းငယ်တုန်လှုပ်သွားသည်။ သူနှင့်Arkက များသောအားဖြင့် ထိုလောက်ထိ ကြီးကျယ်ခမ်းနားလွန်းစွာ မစားတတ်ကြပေ။ တစ်ချက်ကြည့်ရုံဖြင့် Arkကရေသူထီးအတွက် အထူးတလည်ပြင်ဆင်လာကြောင်းသိပါသည်။

"မင်းဘာတွေကြိုက်တတ်လည်းမသိလို့...ဒါတွေဝယ်ခဲ့တယ်"

နတ်သားကရေလှောင်ကန်ထံသို့ လျှောက်သွားပြီး ကျိနင်းအား အလေးအနက်ပြောသည် "ဘာစားချင်လဲငါ့ကိုပြော ပြင်ဆင်ပေးမယ်လေ"

"သူကအဲ့ဒါတွေစားရတာမကြိုက်ဘူး"

ကျိနင်းတောင်ဘာမှမပြောရသေးခင် ဟောဝူလင်းကဖြတ်ပြောသည် "မင်းရဲ့အချိန်တွေကို ဖြုန်းမနေနဲ့"

"ငါဘာဖြစ်ဖြစ်ပြင်ပေးလို့ရပါတယ်" Arkခမျာထပ်ပြီး ပူပန်သွားရပြန်သည်။

"သူကဝက်နံရိုးနှပ်ကြိုက်တယ် မင်းလုပ်ပေးနိုင်လား" ဟောဝူလင်းကမေးသည်။

"ဝက်နံရိုးနှပ်?" Fujiကဇဝေဇဝါဖြင့် "ဘာကြီးလဲအဲ့ဒါ"

"သူ့ကိုအာရုံမစိုက်ပါနဲ့"

Arkတစ်ယောက်အနည်းငယ်စိတ်ရှုပ်စွာဖြင့် မျက်မှောင်ကြုံ့နေသည်ကို မြင်ရသည့်အခါ ကျိနင်းလက်ကိုဝှေ့ရမ်း၍ အမြန်ပြောလိုက်သည် "ငါကချေးမများပါဘူး မင်းလုပ်ပေးတာဘာဖြစ်ဖြစ် စားပါတယ်"

ဟောဝူလင်းက ကျိနင်းကိုကြည့်၍ "မင်းကလေ အမြဲတမ်း ကိုယ့်ကိုစိတ်မကောင်းဖြစ်‌စေတာတွေပဲ ပြောတယ်"

ကျိနင်းကလည်းသူ့ကိုပြန်ကြည့်၍ "ငါ့မှာမင်းကိုပျော်အောင်လုပ်ပေးဖို့ တာဝန်မရှိဘူးထင်တယ်"

"မင်းကအရမ်းအေးစက်တာပဲ" ဟောဝူလင်းကရေလှောင်ကန်ထဲသို့ တဖန်ပြန်ဝင်ကာ နမ်းဖို့လုပ်ပြန်သည်။

Ark ရဲ့လက်ချောင်းထိပ်မှ ရင်းနှီးနေသည့်အလင်းတန်းလေးကိုမြင်ရသည့်အခါ Fujiရဲ့နှလုံးသား‌လေးမှာ တုန်ယင်သွားရပြီး သူ့ရဲ့ပါတနာရဲ့လက်မောင်းကိုဆွဲ၍ မီးဖိုချောင်သို့ ဆွဲခေါ်လာရသည် "အိုကေ အိုကေ ညစာမြန်မြန်လေးချက်ကြတာပေါ့ မင်းရဲ့ငါးလေးကို ဗိုက်မဆာစေချင်ဘူးမလား"

Arkရဲ့မျက်နှာကလေးနက်နေဆဲဖြစ်ကာ ဟောဝူလင်းထံမှ အကြည့်မလွှဲသေးဘဲ "ဝက်နံရိုးနှပ်ဆိုတာဘာလဲ ရှာလိုက်မယ်"

"‌လေ့လာဖို့အချိန်သေချာယူလိုက်ဦး ငါ့ကိုပြန်ပြီးတင်ပြစရာမလိုပါဘူး"

အနက်ရောင်ဆံပင်နှင့်အမျိုးသားက ကျိနင်းရဲ့ပါးကိုနမ်းလိုက်ပြီး Arkအားလှောင်ပြုံးပြုံးပြသည်။

"သွားလိုက်ပါဦး စား‌ဖိုမှူး"

"..."

"Ark စိတ်လျှော့ပါ!"

—----------

အရသာရှိသည့် ညစာစားပြီးနောက် အိပ်ရမည့်အချိန်ရောက်ပြီဖြစ်သည်။ Fujiကပင်ပန်းနေပြီဖြစ်သည်။ သူနေလာသည့်သက်တမ်းသုံးဆယ်နီးပါး၌ ဒီနေ့လောက်ပင်ပန်းတာမျိူးမကြုံဖူးသေးပေ။

"မင်းတို့နှစ်ယောက် ငါတောင်းပန်ပါတယ်ကွာ"

Fujiကသူ့ရဲ့လက်နှစ်ဖက်ကိုဆုပ်ကာ Arkနှင့်ဟောဝူလင်းကို အသံတိုးတိုးဖြင့် တောင်းပန်သည် "ကျေးဇူးပြုပြီး ရန်မဖြစ်ပါနဲ့ ရန်ဖြစ်ချင်ရင်တောင်မှ မြေကြီးပေါ်မှာဖြစ်ကြပါ ဒီနေရာလေးပါ ပျက်ဆီးသွားရင် ငါသေသွားလိမ့်မယ်"

"တောင်းပန်ပါတယ် Fuji" Ark ကပြောသည် "ငါထပ်မလုပ်တော့ပါဘူး"

ဟောဝူလင်းကနှုတ်ခမ်းများကို တွန့်ကွေးကာ ပြုံးလျက် "ဒါပေမဲ့ ငါ့ရဲ့စိတ်နေစိတ်ထားကတော့ သိပ်မကောင်းဘူးနော် မင်းသာငါ့ကိုဒူးလေးထောက်ပြီး တောင်းပန်ရင် ငါသဘောတူချင်လည်းတူမှာပေါ့"

"တော်တော့ လုံလောက်ပြီ" ကျိနင်းဖန်သားပေါ်မှ တောက်လိုက်သည်။

ဟောဝူလင်းကမျက်ခုံးများကိုပင့်လိုက်သော်လည်း တိတ်သွားသည်။

Fujiကစိတ်ပူနေဆဲဖြစ်သည်။ အခန်းထဲကိုပြန်သွားသော်လည်း သူတို့ကိုတံခါးဖွင့်၍ ထပ်ခါထပ်ခါ‌စစ်ဆေးပြီးမှ အပြီးပိတ်သွားတော့သည်။

Arkကလည်းအခန်းထဲကိုဝင်သွားသည်။ သို့သော်အထဲ၌အိပ်ရမည့်အစား စောင်နှင့်ခေါင်းအုံးများကို‌သယ်လာပြီး ရေလှောင်ကန်ဘေး၌ခင်းကာ ထို‌နေရာ၌အိပ်ဖို့ပြင်သည်။

"ဒီမှာမအိပ်တာကောင်းမယ်နော်" ဟောဝူလင်းကပြောသည်။ "ငါ့မှာဆိုးဆိုးရွားရွား အိပ်တတ်တဲ့အကျင့်ရှိတော့ ဂရုမစိုက်ရင် တစ်ယောက်ယောက်ကို သတ်မိသွားနိုင်တယ်.... တကယ်လို့မနက်ကျမင်းသေနေတာကို တွေ့လိုက်ရရင် နင်းနင်းကငါ့ကိုအပြစ်တင်လိမ့်မယ်"

"ဒါဆိုရင်တခြားနေရာမှာ သွားအိပ်လိုက်ရင်ကောင်းမယ်" ကျိနင်းကပြောသည် "မတော်တဆငါ့ကိုသတ်မိသွားမှာ ကြောက်ရတယ်"

"ဘယ်လိုဖြစ်နိုင်မှာလဲ" ဟောဝူလင်းကနှုတ်ခမ်းစူလျက် "ငါမကြိုက်တဲ့သူကိုပဲသတ်မှာပေါ့"

Arkကဘာမှ‌ဝင်မပြော။ ဟောဝူလင်းဘာပြောပြော လျစ်လျူရှုထားဖို့ ဆုံးဖြတ်ထားဟန်တူသည်။ သူကနူးညံ့သည့်စောင်လေးကိုဖက်ထားကာ မျက်နှာကို တဝက်မြှုပ်၍ ကျိနင်းကို မျက်တောင်မခတ်တမ်းငေးကြည့်နေပြီး အလွန်တရာလိမ္မာရေးခြားရှိဟန်ပေါ်သည်။

သူ့မှာ လှပစွာထုဆစ်ထားသည့် မျက်နှာအစိတ်အပိုင်းများ၊ နူးညံ့သည့်နို့နှစ်ရောင်အသားအရေနှင့် နှင်းလိုဖြူသည့်ဆံပင်များရှိသည်။ မျက်လုံးများက လပြည့်ဝန်းလေးနှစ်ခုလို ကြည်လင်သန့်စင်နေကာ နတ်ဘုရားတစ်ပါး၏အရောင်အဝါကဲ့သို့နှယ်။ သူဟာတကယ်ကိုနတ်သားတစ်ပါးနှင့် ဆင်တူပါသည်။

နတ်သားလေးကရေကန်ထဲမှ ရေသူထီးလေးကိုငေးကြည့်နေပြီး တအောင့်ခန့်တိတ်သွားပြီးနောက် နူးနူးညံ့ညံ့ပြောလာသည်။

"ငါ့မှာအတိတ်ကမှတ်ဉာဏ်တွေမရှိတော့ဘူး ဒါပေမဲ့ ငါမင်းကိုပထမဆုံးမြင်လိုက်တဲ့အချိန်ထဲက သဘောကျခဲ့တာ"

"Fujiပြောတာ ငါကမင်းကိုအရင်ကဂရုစိုက်ခဲ့တယ်တဲ့ အဲ့ဒီ့တုန်းကငါတို့ရဲ့ဆက်ဆံရေးက ဘယ်လိုမျိုးလဲ"

ကျိနင်းကချစ်မြတ်နိုးမှုများဖြင့်ပြုံးကာ ပြန်ဖြေသည် "အခုနဲ့ဆင်တူသလောက်ပါပဲ ဒါပေမဲ့မင်းငါ့ကိုပထမဆုံးစတွေ့တုန်းက နည်းနည်းလေးပိုပြီးအူကြောင်ကြောင်နိုင်တယ်"

—------------------

စစ်ပွဲများအတွက်သာ သင့်လျော်သော စစ်လက်နက်တစ်ခုဖြစ်သည့်အလျောက် Arkဟာရေသူထီးလေးနှင့် စတင်တွေ့ဆုံချိန်၌ အလွန်တရာစိတ်လှုပ်ရှားခဲ့သည်။

ထိုကဲ့သို့နူးညံ့ပြီး လှပသောသတ္တဝါမျိုးကို သူတစ်ခါမှမမြင်ဖူးခဲ့ပါချေ။ ရေသူထီးလေးက သူ့ရဲ့လည်ပင်းအား သိုင်းဖက်ထားပါသော်လည်း သူ့မှာတော့ပြန်မဖက်ရဲခဲ့ပါ။ သူနည်းနည်းလေးထိမိရုံနဲ့တင် ဖန်သားကဲ့သို့ အစိတ်စိတ်အမြွှာမြွာကွဲကြေသွားပြီး သူ့ကြောင့်ပျက်ဆီးသွားမည်ကို ကြောက်ရွံ့နေခဲ့တာကြောင့်ဖြစ်သည်။

ရေသူထီးလက်လွှတ်လိုက်ချိန်၌ Arkကခြေတလှမ်းဆုတ်လိုက်သည်။ သူမည်သို့တုံ့ပြန်ရမည်ကို တကယ်မသိပါ။ ကျေးဇူးတင်ပါတယ်လို့ပြောသင့်တာလား။

"အရမ်းထိန်းချုပ်ထားစရာမလိုပါဘူး"

ရေသူထီးလေး၏ လှပလွန်းသောမျက်နှာထက်၌ နူးညံ့သည့်အပြုံးလေးတစ်ခုရှိနေကာ သူ့အားရေထဲမှနေ၍ ကြည့်နေသည်။ သူ့ရဲ့မျက်လုံးများက ကျောက်မျက်ရတနာများကဲ့သို့ တောက်ပနေကာ သူ့ရဲ့အရေပြားထက်၌ တွဲလွဲခိုနေသော ရေစက်ကလေးများနှင့် ဆင်တူလှသည်။ သူ့ရဲ့မိုးပြာရောင်အမြီးလေးဟာ ရေအောက်ခြေ၌ ပန်းပွင့်လေးနှယ် ဝှေ့ရမ်းနေပြီး သူ၏လက်များက နတ်သားထံသို့ ဆွဲဆောင်မှုရှိစွာ ဆန့်တန်းလာကြသည်။

"ငါမင်းကိုဖက်လိုက်သလိုဖက်ပါ"

"...တောင်းပန်ပါတယ်" Arkကခေါင်းငုံ့လိုက်ပြီး "ငါမလုပ်နိုင်ဘူး မင်းကိုထိခိုက်မိလိမ့်မယ်"

"ရပါတယ်" ရေသူထီးလေးကပြုံး၍ "ငါကအဲ့လောက်ထိ မနူးညံ့ပါဘူး မင်းငါ့ကိုထိခိုက်အောင်လုပ်မိရင်တောင်မှ စိတ်မဆိုးပါဘူး အရာအားလုံးမှာ ပထမဆုံးဆိုတာရှိတာပဲလေ ဟုတ်တယ်မလား"

"..."

ထို့နောက်တွင်တော့ ရေသူထီးလေးရဲ့ အနည်းငယ်အံ့ဩနေသော အကြည့်တစ်စုံအောက်၌ Arkဟာရေကန်ထဲသို့ ဆင်းလာခဲ့သည်။ သူ့ရဲ့ယူနီဖောင်းဟာရေစိုသွားပြီး အတောင်ပံများဟာလည်း ရေထဲနစ်ဝင်သွားကြသည်။ သူဟာရေသူထီးလေးအတွက် လက်မောင်းကိုဖွင့်ကာ နူးနူးညံ့ညံ့လေးဖက်လိုက်ပါသည်။

"နာလား" သူကမေးသည်။

"ဘယ်နာပါ့မလဲ" ရေသူထီးလေးကမျက်လုံးကိုမှိတ်ကာ ရင်ခွင်ထဲသို့တိုးဝင်ရင်း ပြုံး၍ "မင်းရဲ့ပွေ့ဖက်မှုကနွေးထွေးတယ် အရမ်းသဘောကျတယ်"

ထို့နောက်မှာတော့ Arkဟာသူ့ရဲ့ရေသူထီးလေးကို မွေးမြူခဲ့ပါတော့သည်။ သူဟာအဖွဲ့အစည်းမှသူများကို ရေသူထီးများနှင့် ပတ်သတ်သည့်အကြောင်းအရာများအား ထပ်တလဲလဲမေးမြန်းခဲ့ပြီး ကျိနင်းအားအစာကျွေးသည်ဖြစ်စေ ရေလဲပေးသည်ဖြစ်စေ အခြားသူများ၏အကူအညီကိုမယူဘဲ အရာအားလုံးကို ကိုယ်တိုင်လုပ်ဆောင်ပေးခဲ့သည်။

"မင်းကငါ့ရဲ့အနားမှာဆို အရမ်းစိတ်လှုပ်ရှားနေတာပဲ လေးစားရပါသောArchangel"

ရေသူထီးလေးကကန်ရဲ့ အစွန်မှာလှဲနေကာ ရေအပူချိန်ကိုစမ်းကာ မျက်မှောင်ကြုံ့နေပါသော နတ်သားကိုကြည့်ရင်း အမြီးလေးကိုရမ်းလိုက်သည်။ "ဒါကအသင့်တော်ဆုံးအပူချိန်ရဲ့ ဒီဂရီဝက်လောက်လျော့ရုံပါပဲ ငါအဆင်ပြေပါတယ် အသင့်တော်ဆုံးအပူချိန်ရဲ့ တစ်ဆယ်ဒီဂရီလျော့လျော့၊တိုးတိုး အဆင်ပြေတယ်"

"မင်းကိုမဖျားစေချင်ဘူး" ရေကိုချိန်ညှိရန် ကန်ဘေးရှိအပူချိန်ခလုတ်ကိုနိုပ်ရင်း Arkကအလေးအနက်ပြောသည်။

"ဒီလိုအပြောင်းအလဲလေးတွေက ငါ့ကိုမဖျားစေနိုင်ပါဘူး"

Arkရေအပူချိန်ကို ချိန်ညှိပြီးပြီဖြစ်ကြောင်း တွေ့သည့်အခါ ကမ်းစပ်၌စောင့်နေသည့် ရေသူထီးလေးက လက်များကိုဆန့်တန်း၍ "ငါ့ကိုကူပေးပါဦး"

Arkကရေသူထီးလေးကို ပွေ့ချီကာ ကန်ထဲသို့နူးနူးညံ့ညံ့လေးချပေးလိုက်သည်။ ရေသူထီးလေးနှင့် အချိန်အတော်ကြာအတူရှိပြီးနောက် သူ့အားထိတွေ့ရာ၌ ပိုပြီးသက်သောင့်သက်သာရှိလာကည စတွေ့စဉ်ကလို မကြောက်နေတော့ပေ။

"ငါအနံ့ရတယ်"

ရေသူထီးလေးကပုခုံးကိုမှီ၍ တိုးတိုးပြောသည် "ငါမင်းကိုယ်ပေါ်ကယမ်းမှုန့်နံ့နဲ့ သွေးနံ့တွေ ခပ်ဖျော့ဖျော့ရတယ် တိုက်ပွဲကနေခုလေးတင်မှ ပြန်ရောက်လာတာလား"

"ဆောရီး" Arkကနှုတ်ခမ်းကိုစေ့၍ "မင်းအနံ့တွေကိုမကြိုက်မှန်းသိပါတယ် သေချာဆေးပြီးပြီလို့ထင်လိုက်တာ ပြန်သန့်ရှင်းလိုက်မယ်"

သူကမတ်တပ်ရပ်ပြီးသွားတော့မည့်ဆဲဆဲ၌ "ကိစ္စမရှိပါဘူး အဲ့ဒါကိုဂရုမစိုက်ပါဘူး ငါမင်းကိုမေးချင်တာက လူသတ်ရတာကို ဘယ်လိုခံစားရလဲ"

Arkကမေးခွန်းကိုစက္ကန့်အနည်းငယ်ခန့် စဉ်းစားကာ အမှန်တိုင်းဖြေသည် "ဘာမှမခံစားရဘူး မျိုးရိုးမြင့်တွေပေးတဲ့ တာဝန်ကို ကျေပွန်အောင်လုပ်နေရုံပဲ"

"ကြည့်ရတာ သေသွားတဲ့သူတွေအပေါ် ထူးခြားတဲ့အတွေးမရှိသလိုပဲ" ရေသူထီးကပြောသည် "ဒါဆိုရင်ငါတစ်ခုသိချင်တယ် အကယ်၍ ငါသာသေသွားရင် မင်းရဲ့နှလုံးသားကနာကျင်မှာလား"

"မင်းမသေပါဘူး" Arkကသူ့ရဲ့လက်ကောက်ဝတ်ကို ဂရုတစိုက်ကိုင်ထားသည်။

"ဒါကခန့်မှန်းကြည့်ရုံပါ မင်းရဲ့နှလုံးသားနာကျင်မှာလား"

"ငါအရမ်းဝမ်းနည်းလိမ့်မယ်" Arkရဲ့အေးစက်သည့်အမူအရာအစား အနည်းငယ်ဇဝေဇဝါဖြစ်နေပုံပေါ်သည်။ "ဒါပေမဲ့ ငါတောင်းပန်ပါတယ် နှလုံးသားနာကျင်တယ်ဆိုတဲ့အသုံးကိုကောင်းကောင်းနားမလည်ဘူး ငါထင်တာက အဲ့ဒါကလူတွေနေမကောင်းဖြစ်မှ ဖြစ်တာမလား"

"ဒါကတင်စားချက်လေ ဆိုလိုတာက နှလုံးသားက ဆွဲဖြဲခံရသလို အရမ်းနာကျင်တာမျိုး"

ရေသူထီးလေးက Arkရဲ့လက်ကိုကိုင်ကာ သူ့ရဲ့ရင်ဘတ်ပေါ်ဖိလိုက်သည်။

ပါးလျတဲ့အရေပြားမှတဆင့် ရင်ဘတ်ထဲ၌ ပြင်းထန်စွာခုန်နေသာ ရေသူထီးလေး၏ နှလုံးသားကိုခံစားမိသည်။

"မင်းနဲ့အတူရှိနေလို့ ငါ့ရဲ့နှလုံးခုန်သံတွေမြန်ဆန်လာတဲ့အတွက် အရမ်းပျော်မိတယ်"

သူ့ပုံရိပ်‌ထင်ဟပ်နေသော မျက်ဝန်းများနှင့် ရေသူထီးလေးကကြည့်လာသည်။

"အဲ့လိုပဲ မင်းသာတစ်ခုခုဖြစ်သွားရင် ငါအရမ်းဝမ်းနည်းရလိမ့်မယ် အရမ်းနာကျင်လွန်းလို့ အသက်ရှူရခက်လာပြီး နှလုံးသားတစ်ခုလုံးနာကျင်ရလိမ့်မယ် အဲ့ဒါကို နှလုံးသားနာကျင်တယ်လို့ခေါ်‌တယ်"

"ဒါဆိုရင်ငါ့အတွက်မင်းကို နှလုံးသားမနာကျင်စေချင်ဘူး" Arkကပြောသည် "မင်းကိုမခံစားစေချင်ဘူး"

"မင်းကအရမ်းစဉ်းစားပေးတတ်ပြီး အရမ်းနူးညံ့တာပဲ လေးစားရပါသော Archangel"

ရေသူထီးလေးက နတ်သားအားဖက်ကာ ရုတ်တရက်‌ရယ်မောပါတော့သည်။ သူ့ရဲ့အသံဟာ အိပ်မက်တစ်ခုရဲ့ တီးတိုးပြောသံလို ချိုမြိန်နေပါသော်လည်း သူ့ရဲ့နှလုံးသားထဲ၌ ကျိန်စာတစ်ခုနှယ် မေ့မရအောင် စွဲထင်သွားခဲ့သည်။

"ဒါပေမဲ့ ငါကတကိုယ်ကောင်းဆန်တတ်တဲ့သူမို့ မင်းနှလုံးသားကို ငါ့အတွက်နာကျင်စေချင်တယ်"

"အဲ့ဒါကမင်းငါ့ကိုချစ်တယ်ဆိုတဲ့သက်သေပဲလေ"

"တကယ်လို့တစ်ရက်ကျ မင်းရဲ့နှလုံးသားဟာငါ့အတွက်နာကျင်ပေးမယ်ဆိုရင် ငါသေတော့မယ်ဆိုရင်တောင် အရမ်းပျော်မိမှာပဲ"

—-------------

ကျိနင်းArkကိုကြည့်၍ ရုတ်တရက်ပြောလာသည် "ငါ့ကိုဂရုစိုက်ပေးခဲ့တဲ့အတွက် ဆုချတဲ့အနေနဲ့ သီချင်းတစ်ပုဒ်ဆိုပြမယ် အတိတ်တုန်းကမင်းအရမ်းကြိုက်ခဲ့တဲ့သီချင်းလေ"

နတ်သားလေးက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်၍ ခေါင်းညိမ့်လာသည်။ နားထောင်နေသည့်အချိန်၌ သူအာရုံစိုက်နားထောင်နေကြောင်း ပြသရန်ကျောကိုမတ်ကာ ထိုင်နေသေးသည်။

"လှဲလို့ရပါတယ်" ကျိနင်းကပြောသည်။ "ဒါကရေသူထီးတွေရဲ့ အိပ်ရာဝင်တေး"

ထို့ကြောင့် Arkကအတောင်ပံများကို ဖြန့်ကာာ လိမ်လိမ်မာမာဖြင့် စောင်ခြုံကာဘေး၌ လှဲလိုက်သည်။ ကျိနင်းကနှုတ်ခါးများကို ခပ်ဟဟဖွင့်၍ အလွန်သိမ်မွေ့လှပသည့် သံစဉ်တစ်ခုကို ခပ်တိုးတိုးသီဆိုလိုက်သည်။

အိပ်ရာဝင်တေး၌ စာသားများပါဝင်သော်လည်း ရေသူထီးများ၏ဘာသာစကားနှင့်ဖြစ်တာကြောင့် နယ်ခြားမှနတ်သားလေးအတွက် စိမ်းသက်နေပါ၏။ ၎င်း၌ ထူးဆန်းသော စွမ်းအင်တစ်ခုရှိနေသကဲ့သို့ နှလုံးသားထဲရှိ ရှုပ်ထွေးမှုများကို ပြေလျော့သွားစေကာ ခန္ဓာကိုယ်တစ်ခုလုံးကို သက်သောင့်သက်သာရှိစေသည်။

တခဏအကြာ Fujiကနံရံ၌ မှီထားသောကြောင့် အိပ်ခန်းတံခါးကဟလာပြီး  ပွင့်သွားသည်။ သူကလက်ပိုက်၍ မျက်လုံးများကို မှိတ်လိုက်ကာ အလျင်အမြန်နားထောင်လိုက်သည်။ ထို့နောက်မှာတော့ သူကသက်ပြင်းချလိုက်ပြီး တမ်းတမ်းတတပြောသည်။

"ရေသူထီးမွေးရတာ....အရမ်းကောင်းမှာပဲ"

အိပ်မွေ့ချနေသည့် သီချင်းသံကြား၌ Arkဟာနှစ်ခြိုက်စွာအိပ်မောကျနေသည်။ သူ့ရဲ့ကြီးမားတဲ့အတောင်ပံကြီးထဲ၌ မြုပ်နေကာ ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်နေသည့် မျက်နှာတစွန်းတစလေးကိုသာ မြင်နေရသည်။

Fujiဟာလည်း နံရံကို ကို့ရိုးကားရား မှီထားကာ အိပ်မောကျနေသည်။ ထို့ကြောင့် ကျိနင်းသီချင်းဆိုတာရပ်လိုက်ပြီး မျက်လုံးကစားမိသည့်အခါ ဟောဝူလင်းပျောက်နေတာကို တွေ့လိုက်ရသည်။

သူဘယ်ရောက်သွားတာလဲ?

ကျိနင်းစိတ်ထဲပြောလိုက်မိသော်လည်း ဟောဝူလင်းပြန်‌ပေါ်လာမှာကို မစောင့်တော့။ ညဉ့်နက်နေပြီဖြစ်ပြီး ပင်ပန်းလာတာကြောင့် ဟောဝူလင်းကိုမရှာတော့ဘဲ အိပ်ပျော်သွားတော့သည်။

သူ့အိပ်မက်ထဲ၌ ထိုကုန်စုံဆိုင်ကိုပဲ ပြန်ဝင်လာရပြန်သည်။

မှောင်မဲနေသည့် လမ်းထဲ၌ မိုးခြိန်းသံများကြားနေရပြီး ကုန်စုံဆိုင်တစ်ဆိုင်သာ နွေးထွေးသည့်အလင်းရောင်ကိုထုတ်လွှ‌တ်နေသည်။ ကျိနင်းကကောင်ကာရှေ့၌ ရပ်နေကာ ပတ်လည်ရှိစင်များ၌ ပစ္စည်းများနှင့် ပြည့်နေပြီး ဓာတ်စက်မှလည်း ချိုသာသည့်အမျိုးသမီးတစ်ဦး၏အသံကိုကြားနေရသည်။ ဟောဝူလင်းက ကောင်တာနောက်၌ ထိုင်ကာ ကော်ဖီပူပူတစ်ခွက်ကိုမွှေနေသည်။ သူကကျိနင်းကို ပြုံး၍ မော့ကြည့်လာသည်။

...သူဘာလို့ဒီကိုထပ်ရောက်လာပြန်တာလဲ

ကျိနင်းကုန်စုံဆိုင်ပတ်လည်ကို လိုက်ကြည့်မိသည်။ ဤအကြိမ်ကတတိယအကြိမ် ရောက်လာခြင်းဖြစ်သည်။ ပထမနှစ်ခုကတိုက်ဆိုင်သည်ဆိုလျှင် ဒီတစ်ကြိမ်ကတော့ မဖြစ်နိုင်တော့။

ဒီနေရာကဟောဝူလင်းအတွက် အရေးကြီးတဲ့နေရာလား။

ကျိနင်းဤအကြောင်းနှင့်ပတ်သတ်၍ မရှင်းလင်းပါ။ ဘာကြောင့်ဆို ဟောဝူလင်းရဲ့အတိတ်နဲ့ပတ်သတ်ပြီး 'God Killing' ဝတ္ထုထဲ၌ မဖော်ပြထားသောကြောင့်ပင်။ သူနှင့်သုံးနှစ်အတူနေခဲ့ပါသော်လည်း ဟောဝူလင်းကသူ့အတိတ်အကြောင်း တစ်ခါမှမပြောဖူးပေ။ သူ့ရဲ့နောက်ကြောင်းက ကျိနင်းအတွက် လျှို့ဝှက်ချက်ဖြစ်နေသည်။

"မင်းကသူ့ကိုအရမ်းကောင်းတာပဲ"

ဟောဝူလင်းက ကော်ဖီကို တစ်ငုံသောက်လိုက်ပြီး အိပ်မက်ထဲ၌ လူသားအသွင်ဖြစ်နေသည့် ကျိနင်းကိုကြည့်လိုက်သည်။ "ဘာလို့ငါ့ကိုလာပြီး သီချင်းမဆိုပြတာလဲ မင်းသီချင်းဆိုအဲ့လောက်တော်မှန်းမသိခဲ့ဘူး"

"အဲ့ဒါက ရေသူထီးပုံစံနဲ့ဖြစ်နေလို့ ပုံမှန်အရည်အချင်းက သာမန်ပါပဲ"

ကျိနင်းကဟောဝူလင်းရဲ့ တောင်းဆိုချက်ကိုငြင်းလိုက်ကာ ဘေးနားမှာရှိသည့် တစ်ခုတည်းသော ဆိုဖာပေါ်၌ ထိုင်ကာမေးလိုက်သည် "မင်းငါ့ကိုဒီထဲဆွဲသွင်းလိုက်တာလား"

"မှန်တယ်"

ဟောဝူလင်းကကော်ဖီကိုချလိုက်ပြီး ကောင်တာနောက်မှထွက်လာကာ ကျိနင်းဘေးရှိ ဆိုဖာလက်တင်ပေါ်၌ ထိုင်လိုက်သည်။ သူကကျိနင်းပုခုံးကိုဖက်ကာ ကျိနင်းဘက်ကိုအနည်းငယ်မှီလိုက်သည်။ သူကကျိနင်းကို နက်မှောင်သည့်မျက်လုံးများဖြင့် စိုက်ကြည့်ပြီး နှုတ်ခမ်းများကရုတ်တရက် တွန့်ကွေးသွားကာ အပြုံးဖျော့ဖျော့ဖြင့် ပြောသည်။

"ဒီမှာ ကိုယ်တို့နှစ်ယောက်တည်း"

ကျိနင်းစီသို့ တိုးဝင်လာပြီး သူ့နှုတ်ခမ်းများဖြင့် ပွတ်တိုက်သွားသည်။

"မင်းကိုကိုယ်ဘာလုပ်သင့်တယ်လို့ထင်လဲ"

Tbc 🐣

Thanks for reading 💖

T/N

ကျိနင်းတော်ကီများ၌ကြွေဆင်းသွားသော Ark : 😍😍

Mission complete ဖို့တော်ကီဖြင့်ချုပ်နေသောကျိနင်း : 😎😎

Zawgyi

မီးခိုးေငြ႕လုံးႀကီးမ်ား ေလယာဥ္ထံမွ တရိပ္ရိပ္ထြက္လာ၏။ Fuji က အရွိန္ျမႇင့္စက္အား အားျပင္းျပင္းျဖင့္ပိတ္ခ်လိုက္ၿပီး စြန႔္ပစ္ထားသည့္ မိုင္းတြင္းဥမင္လႈိဏ္ေခါင္းစီသို႔ ဦးတည္ခ်က္ေျပာင္းလိုက္ရသည္။ ေလယာဥ္ေလးတစစီျဖစ္မသြားခင္ လွ်ိဳ႕ဝွက္အေျခစိုက္စခန္းရဲ႕တံခါးကိုဖြင့္ကာ အလ်င္အျမန္ေလယာဥ္ကိုဆိုက္လိုက္ရသည္။

ေျမျပင္သို႔ေရာက္လွ်င္ေရာက္ခ်င္း အထဲရွိမီးလုံးမ်ားႏွင့္ ခလုတ္မ်ားမွာ သုံးမရေတာ့ေပ။ Fuji တစ္ေယာက္ထိန္းခ်ဳပ္ခလုတ္ေပၚ၌ တံေတာင္ျဖင့္ေထာက္ထားၿပီး မ်က္ႏွာကိုကြယ္ထားကာ အခ်ိန္အၾကာႀကီးစကားမေျပာေတာ့ေပ။ ေလယာဥ္ေနာက္ခန္းမွ အသံအက်ယ္ႀကီး‌တစ္သံ ေပၚထြက္လာၿပီး‌ေနာက္ပိုင္း၌ စကားလုံးအခ်ိဳ႕ကို သြားၾကားထဲမွ ေလသံျဖင့္ေျပာလာသည္။

"ဒီကထြက္သြားၾက"

"..."

ေလယာဥ္၏သတၱဳနံရံကို ပစ္ခ်က္တစ္ခုထဲျဖင့္ အရည္ေဖ်ာ္ပစ္လိုက္သည့္ ႏွင္းကဲ့သို႔ဆံႏြယ္မ်ားႏွင့္ နတ္သားေလးဟာ လက္ေခ်ာင္းထိပ္မွ အလင္းေရာင္ကို တိတ္တဆိတ္ ျငႇိမ္းသတ္လိုက္ပါသည္။ အထိအခိုက္မရွိသည့္ ေရေလွာင္ကန္ေလးကို တြန္းသြားၿပီး Fujiအားျဖတ္သြားသည့္အခါ တိုးတိုးေလးေျပာလိုက္ပါေသးသည္ "ေတာင္းပန္ပါတယ္"

ေဟာဝူလင္းက ေခါင္းငဲ့လ်က္ ခပ္ဟဟရယ္ကာ သူ႔ေဘး၌ ပ်ံသန္းေနသည့္ ဝိဉာဥ္မ်ားကို ႐ုတ္သိမ္းလိုက္ပါ၏။ သူကအိတ္ကပ္ထဲလက္ထည့္ကာ ေလ‌ယာဥ္ေပၚမွ ခုန္ဆင္းသြားၿပီး အထဲ၌ အနီေရာင္ဆံပင္ႏွင့္ လူတစ္ေယာက္သာက်န္ခဲ့သည္။ အခ်ိန္အေတာ္ၾကာၿပီးေနာက္ Fujiကေနာက္သို႔ေတာင့္ေတာင့္ႀကီး လွည့္ၾကည့္လိုက္သည့္အခါ ပ်က္ဆီးလုနီးပါးျဖစ္ေနသည့္ေလယာဥ္ကိုျမင္လိုက္ရၿပီး သတိလစ္မတတ္ျဖစ္သြားေတာ့သည္။

ေလယာဥ္ေပၚမွဆင္းလာသည့္တေလွ်ာက္ ကန္ထဲမွာေရကူးရင္း စြန႔္ပစ္ထားသည့္ မိုင္းတြင္းဥမင္လႈိဏ္ေခါင္းက ေျမေအာက္အေျခခံစခန္းတစ္ခုအျဖစ္ ေသခ်ာေလးျပဳျပင္‌ထားေၾကာင္း က်ိနင္းျမင္လိုက္ရသည္။ မူလက ဤေတာင္ကို စြမ္းအင္ေက်ာက္တုံးမ်ားကို မိုင္းခြဲထုတ္ေဖာ္ရန္ အသုံးျပဳခဲ့တာျဖစ္သည္။ အလုပ္ၿပီးသြားသည့္အခါ မိုင္းတြင္းကိုစြန႔္ပစ္လိုက္ၾကၿပီး ေနာက္ပိုင္း၌ Fuji ကေဈးနည္းနည္းျဖင့္ ဝယ္ခဲ့တာျဖစ္သည္။ ၎ဟာ သူႏွင့္ Ark တို႔ဝတၳဳ၏အေစာပိုင္းအခန္းမ်ား၌ အတူေနခဲ့ေသာ အဓ္ကေနရာျဖစ္သည္။

Fujiက အေျခစိုက္စခန္းရဲ႕ ပုံပန္းသြင္ျပင္ကိုသိပ္ဂ႐ုမစိုက္။ ဆိုလိုသည္မွာ သူ႔ရဲ႕ဒီဇိုင္းက ေခတ္ေနာက္က်ေနသည္။ သို႔ေသာ္မူရင္းဝတၳဳကို ဖတ္ထားသည့္ က်ိနင္းကေတာ့ ၎ရဲ႕အျပင္အဆင္ဟာ သိပ္မၾကာေသးခင္ကမွ ျဖစ္ၿပီး လုံၿခဳံေရးပိုင္းကို အေတာ္ေလးအာ႐ုံစိုက္ထားေၾကာင္း သိသည္။ ထို႔အျပင္ Fujiကဤေနရာအား နည္းပညာျမင့္လက္နက္မ်ား တပ္ဆင္ရန္ ေငြအေျမာက္အမ်ားသုံးခဲ့ပါေသးသည္။

Ark ႏွင့္ ေဟာဝူလင္းတို႔ မၾကာေသးခင္ကမွ ဖ်က္ဆီးလိုက္ေသာ အဆင့္ျမင့္ေလယာဥ္မွာလည္း ထို႔အတူပင္ျဖစ္သည္။

ေလယာဥ္ေပၚမွ အံ့ဩတုန္လႈပ္စြာဆင္းလာသည့္ Fujiကိုေတြ႕သည့္အခါ က်ိနင္းပူစီေဖာင္းေလးမ်ား မႈတ္ထုတ္လိုက္ၿပီး စိတ္ထဲမွ အသံတိတ္ေတာင္းပန္လိုက္ပါသည္။

အနီေရာင္ဆံပင္ႏွင့္ အမ်ိဳးသားဟာ ေလယာဥ္ေပၚမွ ဆင္းလာလာခ်င္း ေခါင္းေပၚလက္တင္ကာ ေျမျပင္ေပၚ၌ ေဆာင့္ေၾကာင့္ထိုင္ခ်လိုက္ပါေတာ့သည္။

စိတ္ပိုင္းဆိုင္ရာ ပင္ပန္းမႈက သိသာစြာပင္ ေလးလံလွသည္။ က်ိနင္းသူ႔အားအျပစ္မတင္ႏိုင္ပါ။ သူက ဤအလုပ္၌ အေျမာက္အမ်ား ရင္းႏွီးျမႇဳပ္ႏွံကာ အခ်ီႀကီးပြေတာ့မည္ဟု တြက္ထားတာျဖစ္သည္။ အခုေတာ့ျဖင့္ ေလလံပြဲမွခိုးယူလာသည့္ ပစၥည္းမ်ားမွာ မီးေလာင္သြားသည့္အျပင္ ေလယာဥ္ကိုပါဆုံးရႈံးလိုက္ရသည္။

"Fuji"

Arkကအနီေရာင္ဆံပင္ႏွင့္သူစီသို႔ ေလွ်ာက္သြားသည့္အခါ ပင္ပန္းႏြမ္းနယ္ေနသည့္ အမူအရာျဖင့္ ေမာ့ၾကည့္လာသည္။

"ငါသူ႔ကိုေမြးခ်င္တယ္"

Ark ကေရေလွာင္ကန္ထဲမွ ေရသူထီးကို လက္ညိဳးထိုးရင္းေျပာသည္။

နတ္သား၏စကားေၾကာင့္ Fujiမွာေသြးအန္မတတ္ျဖစ္သြားရသည္။ ေဟာဝူလင္းထံမွ ေရသူထီးအားဝယ္ရန္ Arkေတာင္းဆိုေနကတည္းက မေကာင္းသည့္ခံစားခ်က္ရေနတာျဖစ္သည္။ သို႔ေသာ္ Ark ကေရသူထီးကိုေမြးခ်င္ေနဆဲျဖစ္ေၾကာင္း ၾကားရသည္မွာ ျပင္းထန္ေသာ ႐ိုက္ခတ္မႈျဖစ္သည္။

"႐ူးသြားၿပီလား" သူမယုံၾကည္ႏိုင္စြာျဖင့္ ေအာ္ေျပာလိုက္သည္ "ေရသူထီးတစ္ေကာင္ေမြးရတာ ဘယ္ေလာက္ကုန္လဲ မင္းသိလို႔လား"

အေတြ႕အႀကဳံရွိ ေၾကးစားတစ္ေယာက္အေနျဖင့္ Fuji၌ေငြျပတ္လပ္‌မေနပါ။ သူရရွိထားသည့္ေငြေၾကးမ်ားကို ႏွစ္ၾကာလာသည္ႏွင့္အမွ် ႏွစ္ဆျဖစ္သြားသည့္ မ်ိဳး႐ိုးဗီဇျပဳျပင္ေျပာင္းလဲျခင္းကုမၸဏီမ်ား၏ စေတာ့ရွယ္ယာမ်ားဝယ္ယူထားျခင္းကို ထည့္သြင္းစဥ္းစားပါက ခ်မ္းသာသည္ဟုေတာင္ဆိုႏိုင္သည္။ သို႔ေသာ္ သူလိုလူေတာင္မွ ေရသူထီးေမြးျခင္းဆိုသည့္ မည္းေမွာင္ေနသည့္ တြင္းႀကီးထဲကို ေငြမ်ားသြန္ထည့္ဖို႔ မတတ္ႏိုင္။

တျခားမစဥ္းစားႏွင့္။ ေရသူထီးတစ္ေကာင္အတြက္ အရည္အေသြးေကာင္းသည့္ ေရဖိုးႏွင့္တင္ မိသားစုတစ္စုကို ျပဳတ္ျပဳတ္ျပဳန္းသြားေစႏိုင္သည္။

ေရသူထီးေမြးမည္ဆိုပါက သန႔္စင္ထားသည့္ေရအေျမာက္အမ်ားကို ေန႔စဥ္လိုအပ္သည္။ သူတို႔ေနထိုင္ေနေသာ အရင္းအျမစ္မ်ားရွားပါး‌လွသည့္ ကမာၻပ်က္ကပ္၌ ထိုသို႔ေသာေရမ်ိဳးဟာ ေဈးႀကီးလြန္းၿပီး စြမ္းအင္ေက်ာက္တုံးမ်ားႏွင့္ တန္ဖိုးတူညီသေလာက္ရွိသည္။

Arkကိုရွာေတြ႕ၿပီးေတာင္မွ Fujiသာ သူ႔ရဲ႕စေတာ့အခ်ိဳ႕ကို ေရာင္းမထုတ္လိုက္ပါက ေဒဝါလီခံခဲ့ရမည္မွာ ၾကာၿပီျဖစ္သည္။

Arkကေသလုေျမာပါး ဒဏ္ရာရခဲ့တာျဖစ္သည္။ ေျဖးေျဖးခ်င္းမိမိဘာသာ ကုသႏိုင္စြမ္းရွိသည္ဆိုလွ်င္ေတာင္ ရွားပါးသည့္ေဆးမ်ားကိုလိုအပ္ခဲ့ၿပီး Fujiတစ္ေယာက္အေျမာက္အမ်ားကုန္က်ခဲ့သည္။

သို႔ေသာ္ Arkကအင္အားႀကီး Android ျဖစ္သည္။ သူ႔ကိုပါတနာအျဖစ္ရလိုက္တာေၾကာင့္ Fujiကပိုေကာင္းသည့္ အလုပ္မ်ားကိုလက္ခံႏိုင္ၿပီး ယခင္ကထက္ ဝင္ေငြပိုေကာင္းလာသည္။ ထိုေဆးဝါးမ်ားက အနာဂတ္အတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈအျဖစ္ သတ္မွတ္လို႔ရသည္။ သို႔‌ေသာ္ ေရသူထီးေမြးလို႔ဘာရမွာလဲ? ေရသူထီးအသားကိုစားလိုက္လို႔ မေသမ်ိဳးျဖစ္သြားမည္လည္းမဟုတ္။

Fuji ကိုစည္း႐ုံးလို႔မရဘဲ Arkထပ္ေျပာလာပါက ဘယ္လိုျငင္းရမလဲဟု စဥ္းစားေနသည္။

"ငါသူ႔ကိုေမြးခ်င္တယ္ တကယ္လို႔အလုပ္မျဖစ္ရင္ ငါသူ႔ကိုေခၚသြားလိုက္မယ္" Arkကသူ႔ရဲ႕ပါတနာကို အ႐ိုအေသျပဳလိုက္ၿပီး ေရသူထီးစီသို႔ လွည့္ထြက္သြားသည္ "ေက်းဇူးတင္ပါတယ္ Fuji ဒီအေတာအတြင္း မင္းကိုဒုကၡျဖစ္ေစမိၿပီ အေႂကြးေတြကိုေျဖးေျဖးခ်င္းျပန္ဆပ္ပါ့မယ္"

"မဟုတ္ဘူး မဟုတ္ဘူး မဟုတ္ဘူး ငါဘာေျပာရေသးလို႔လဲ...မင္းေရသူထီးေမြးလို႔ရတယ္...ငါမင္းကိုမတားဘူး!"

ထိုအေၾကာင္းအရာကို ၾကားၿပီးေနာက္ အနီေရာင္ဆံပင္ႏွင့္အမ်ိဳးသားမွာ တုန္လႈပ္သြားၿပီး အျမန္ေျပးတားရေတာ့သည္။ ခ်ီးပဲ အနာဂတ္မွာ ေသာင္းနဲ႔ခ်ီရွာႏိုင္တဲ့ Ark ကိုဘယ္လိုလႊတ္ေပးလိုက္လို႔ရမွာလဲ။ တိုက္ခိုက္တာဒီေလာက္ကြၽမ္းတဲ့သူကို ဘယ္မွာသြားရွာလို႔ရမွာမို႔လို႔လဲ။

Arkကရပ္လိုက္ၿပီး လွည့္ၾကည့္လာသည္ "မင္းသေဘာတူတယ္လား"

"ဒါေပါ့ ငါကကပ္ေစးနည္းတဲ့သူမဟုတ္ပါဘူးကြာ"

Fujiခမ်ာ ႏွလုံးသားထဲေသြးစိမ္းရွင္ရွင္ထြက္ေနပါေသာ္လည္း အားတင္းၿပဳံးကာ "အခုအရမ္းေနာက္မက်ေသးဘူး အနက္ေရာင္ေဈးကြက္ မပိတ္ေသးခင္ ျမန္ျမန္သြားၿပီး ငါးအတြက္ ေရသန႔္ေတြဝယ္လိုက္ နာရီအနည္းငယ္အတြင္းမွာ သူ႔ေရကိုထပ္လဲေပးရလိမ့္မယ္"

"ေကာင္းၿပီ"

Arkကေခါင္းညိမ့္ၿပီး အေျခစိုက္စခန္းကမထြက္ခင္ အက်ႌအသန႔္တစ္စုံလဲရန္ အိပ္ခန္းထဲသို႔ ဝင္သြားသည္။

သူသြားေတာ့မွသာ Fujiတစ္ေယာက္သက္ျပင္းခ်လိုက္ၿပီး ပစၥည္းပစၥယမ်ားကို ေကာက္ကိုင္ကာ မီးေလာင္ထားသည့္ ေလယာဥ္ထံသို႔ ေကာင္း‌တာေလးေတြက်န္ေသးသည္လား ၾကည့္ရန္ထြက္သြားေတာ့သည္။ သူကက်ိနင္းအားေျပာလိုက္သည္။

"ႀကိဳဆိုပါတယ္ ငါးေလး"

"မင္းစကားေျပာေနတာကို အၾကာႀကီးနားေထာင္ေနၿပီးၿပီ" ေဟာဝူလင္းကမ်က္ခုံးပင့္လ်က္ "ငါ့ရဲ႕ထင္ျမင္ခ်က္ကိုေတာင္ မေတာင္းေတာ့ဘူးလား...ငါကနင္းနင္းကို ေမြးဖို႔ခြင့္ျပဳလိုက္လို႔လား"

ဘာလို႔ေမးရမွာလဲ။ ပိုင္ရွင္လည္းမဟုတ္ဘဲနဲ႔။

Fujiကႀကိတ္ေလွာင္လိုက္ေသာ္လည္း တည့္ႀကီးသြားမေျပာရဲေပ။ သူကေျခာက္ကပ္ကပ္ရယ္ကာ "ဒီကိစၥကို Ark ျပန္လာတဲ့အခါ သူနဲ႔ေဆြးေႏြးလို႔ရပါတယ္" ထိုသို႔‌ေျပာၿပီးေနာက္ အလ်င္အျမန္ထပ္ျဖည့္ရသည္ "ေျမႀကီးေပၚမွာပဲ ေဆြးေႏြး ငါ့ရဲ႕ေလယာဥ္နားမွာ မေဆြးေႏြးနဲ႔"

"တကယ္ေတာ့ Arkကို ငါနဲ႔ပတ္သတ္ၿပီး စိတ္မပူဖို႔ေျပာလို႔ရပါတယ္"

က်ိနင္းက ေဟာဝူလင္း၏ ေအးခဲေနသည့္အၾကည့္မ်ားကို လ်စ္လ်ဴရႈကာ "ဒီမွာအၾကာႀကီးေနမွာမဟုတ္ပါဘူး ငါ့အတြက္ဘာမွျပင္ေပးစရာမလိုပါဘူး"

"ဘာကိုဆိုလိုတာလဲ" Fujiကေမးသည္။

"ငါ့ရဲ႕မ်ိဳးဗီဇေတြကမတည္ၿငိမ္ေသးဘူး" က်ိနင္းကခဏမွ်ေတြးၿပီးေနာက္ "ငါကမ်ိဳး႐ိုးတစ္ခုတည္းက ေရသူထီးမဟုတ္ဘူး...အခ်ိန္အေတာ္မ်ားမ်ားမွာ လူသားျဖစ္တယ္ လူသားပုံစံျဖစ္သြားရင္ ထြက္သြားမွာပါ"

"မင္းကေရသူထီးမ်ိဳးႏြယ္တစ္ခုတည္းကမဟုတ္ဘူးလား?"

Fujiက႐ုတ္တရက္ထရပ္လိုက္ၿပီး အမူအရာကရႈံ႕တြသြားေတာ့သည္။ ဒီေလာက္‌ေဈးအမ်ားႀကီး ေပးဆပ္ထားရၿပီး အဆုံးသတ္က်ဘာအတြက္လဲ။

ေရေလွာင္ကန္ထဲမွ လွပသိမ္ေမြ႕သည့္ ေရသူထီးေလးကိုၾကည့္ၿပီး သူလူပုံစံမျဖစ္ခင္ အျမန္ေျပးေရာင္းခ်င္စိတ္ေပါက္လာသည္။

သို႔ေသာ္ Arkကသေဘာမတူဘူးဆိုတာ သိပါသည္။ ေရသူထီးကလူျဖစ္လာရင္ေတာင္ Arkကလက္လႊတ္မွာမဟုတ္။ အဆုံးသတ္မွာ‌ေတာ့ Fujiကဒါဟာ ေကာင္းတဲ့အရာတစ္ခုျဖစ္ေၾကာင္း ယူဆလိုက္သည္။ ေရသူထီးတစ္ေကာင္ကိုပ်ိဳးေထာင္ရတာထက္ လူတစ္ေယာက္ကိုပ်ိဳးေထာင္ရတာက ပိုၿပီးလြယ္ကူပါသည္။

ထိုသို႔ေကာက္ခ်က္ခ်ၿပီးေနာက္ Fujiရဲ႕စိတ္ကတည္ၿငိမ္သြားၿပီး က်ိနင္းအားၾကင္နာစြာေျပာသည္ "တကယ္ေတာ့ ထြက္သြားစရာမလိုပါဘူး Arkေရာငါပါ မင္းကိုဒီမွာရွိေနတာ ေပ်ာ္ၾကပါတယ္ မင္းဆႏၵရွိသေ႐ြ႕ ဒီမွာ ေနခ်င္သေလာက္ေနလို႔ရတယ္"

က်ိနင္းၿပဳံးလိုက္ၿပီး ဒီကိစၥကိုဆက္မေျပာေတာ့။ Fujiကေလယာဥ္ကိုသြားျပင္ေနတုန္း တစ္ခုခုကို ႐ုတ္တရက္မွတ္မိသြားပုံေပၚကာ လႈပ္ရွားမႈမ်ားကိုရပ္လိုက္ၿပီး စပ္စုစြာျဖင့္ေမးလာသည္။

"ဒါကမသင့္ေတာ္တဲ့ေမးခြန္းလားဆိုတာေတာ့မသိဘူး တကယ္လို႔အဆင္မေျပရင္ေျဖလို႔ရပါတယ္" သူကေျပာသည္ "မင္းကArkကိုအရင္ထဲကသိေနတဲ့ပုံပဲ သူကဘယ္သူလဲ မင္းနဲ႔သူရဲ႕ဆက္ဆံေရးကဘာလဲ"

"သူကငါ့ကိုဂ႐ုစိုက္ေပးခဲ့တယ္"

က်ိနင္းကမရွင္းမလင္းသာ ေျဖလိုက္ၿပီး Ark ကို Archangel ျဖစ္ေၾကာင္းမေဖာ္ထုတ္လိုက္ခ်င္။ အေစာႀကီးေျပာလိုက္လွ်င္ အႏၲရာယ္မ်ားသည္။

"ေရသူထီးကိုေမြးႏိုင္တဲ့သူေတြက ႏိုင္ငံရဲ႕အထက္တန္းစားမ်ိဳး႐ိုးျမင့္ေတြပဲရွိတယ္...Arkကအရမ္းအင္အားႀကီးေတာ့ သူက..." Fujiက ညစ္ေပေနသည့္လက္မ်ားျဖင့္ ေမးေစ့ကိုပြတ္လ်က္ ႐ုတ္တရက္ထရယ္ေတာ့သည္ "ေပ်ာက္ေနတဲ့ Archangel မ်ားလား"

က်ိနင္းကျပန္မေျဖလိုက္ေသာ္လည္း Fujiကလည္းအတည္ႀကီးေမးေနတာမဟုတ္ပါ။ သူက ArkဟာArchangel ျဖစ္သည္ဟုမယုံၾကည္ေပ။ ကိုလိုနီ၏အရက္စက္ဆုံးေသာ စစ္လက္နက္က ဘယ္လိုလုပ္လူသူမရွိတဲ့ ၿဂိဳလ္မွာေပၚလာမွာလဲ။

Fujiက Arkရဲ႕အမည္ေရာ မ်က္စိထဲထင္းေနသည့္ အေတာင္ပံမ်ားကိုလည္း သဲလြန္စအျဖစ္မယူဆခဲ့ပါေခ်။

Archangel ေပၚေပါက္လာၿပီး အာကာသထဲ၌ေက်ာ္ၾကားလာသည္ႏွင့္ လူငယ္မ်ားဟာ သူတို႔ႏွင့္အဆင္ေျပသည္ျဖစ္ေစ မေျပသည္ျဖစ္ေစ မ်ိဳးဗီဇျပဳျပင္မႈမ်ားႏွင့္ မိမိကိုယ္၌ အေတာင္ပံမ်ားျဖစ္ေပၚလာေစၾကသည္။ ယေန႔ေခတ္၌ Arkဟူသည့္နာမည္ႏွင့္ အေတာင္ပံမ်ားမွာ ျမင္ေတြ႕ေနၾကျဖစ္သည္။ သာမန္မဟုတ္ေလာက္ေအာင္ ေခ်ာေမာေနသည္မွလြဲ၍ Arkရဲ႕ပုံပန္းသြင္ျပင္၌ ျမင္ေတြ႕ရခဲသည့္ အရာမ်ိဳးမရွိဘဲ သူ႔ထက္ပိုမိုထူးဆန္းသည့္သူမ်ားေတာင္ရွိေသးသည္။

သို႔ေသာ္ Arkရဲ႕လွ်ိဳ႕ဝွက္ထားသည့္အတိတ္ကအရမ္းပေဟဠိဆန္သည့္အခ်က္ကိုေတာ့ Fujiမျငင္းပယ္ပါ။ ထိုအရာကသူ႔ထံ၌ ဘာျဖစ္ခဲ့သည္ဆိုတာကို ပိုမိုသိခ်င္ေစသည္။ က်ိနင္းအား ေမးခြန္းအနည္းငယ္ ဆက္ေမးခ်င္ပါေသာ္လည္း Arkကေရသန႔္ႏွင့္အတူ လတ္ဆတ္‌သည့္ အစားအေသာက္မ်ားကိုလည္းဝယ္၍ ျပန္လာသည္။

ပါဝင္ပစၥည္းမ်ားကိုၾကည့္ရင္း Fujiအနည္းငယ္တုန္လႈပ္သြားသည္။ သူႏွင့္Arkက မ်ားေသာအားျဖင့္ ထိုေလာက္ထိ ႀကီးက်ယ္ခမ္းနားလြန္းစြာ မစားတတ္ၾကေပ။ တစ္ခ်က္ၾကည့္႐ုံျဖင့္ Arkကေရသူထီးအတြက္ အထူးတလည္ျပင္ဆင္လာေၾကာင္းသိပါသည္။

"မင္းဘာေတြႀကိဳက္တတ္လည္းမသိလို႔...ဒါေတြဝယ္ခဲ့တယ္"

နတ္သားကေရေလွာင္ကန္ထံသို႔ ေလွ်ာက္သြားၿပီး က်ိနင္းအား အေလးအနက္ေျပာသည္ "ဘာစားခ်င္လဲငါ့ကိုေျပာ ျပင္ဆင္ေပးမယ္ေလ"

"သူကအဲ့ဒါေတြစားရတာမႀကိဳက္ဘူး"

က်ိနင္းေတာင္ဘာမွမေျပာရေသးခင္ ေဟာဝူလင္းကျဖတ္ေျပာသည္ "မင္းရဲ႕အခ်ိန္ေတြကို ျဖဳန္းမေနနဲ႔"

"ငါဘာျဖစ္ျဖစ္ျပင္ေပးလို႔ရပါတယ္" Arkခမ်ာထပ္ၿပီး ပူပန္သြားရျပန္သည္။

"သူကဝက္နံ႐ိုးႏွပ္ႀကိဳက္တယ္ မင္းလုပ္ေပးႏိုင္လား" ေဟာဝူလင္းကေမးသည္။

"ဝက္နံ႐ိုးႏွပ္?" Fujiကဇေဝဇဝါျဖင့္ "ဘာႀကီးလဲအဲ့ဒါ"

"သူ႔ကိုအာ႐ုံမစိုက္ပါနဲ႔"

Arkတစ္ေယာက္အနည္းငယ္စိတ္ရႈပ္စြာျဖင့္ မ်က္ေမွာင္ႀကဳံ႕ေနသည္ကို ျမင္ရသည့္အခါ က်ိနင္းလက္ကိုေဝွ႔ရမ္း၍ အျမန္ေျပာလိုက္သည္ "ငါကေခ်းမမ်ားပါဘူး မင္းလုပ္ေပးတာဘာျဖစ္ျဖစ္ စားပါတယ္"

ေဟာဝူလင္းက က်ိနင္းကိုၾကည့္၍ "မင္းကေလ အၿမဲတမ္း ကိုယ့္ကိုစိတ္မေကာင္းျဖစ္‌ေစတာေတြပဲ ေျပာတယ္"

က်ိနင္းကလည္းသူ႔ကိုျပန္ၾကည့္၍ "ငါ့မွာမင္းကိုေပ်ာ္ေအာင္လုပ္ေပးဖို႔ တာဝန္မရွိဘူးထင္တယ္"

"မင္းကအရမ္းေအးစက္တာပဲ" ေဟာဝူလင္းကေရေလွာင္ကန္ထဲသို႔ တဖန္ျပန္ဝင္ကာ နမ္းဖို႔လုပ္ျပန္သည္။

Ark ရဲ႕လက္ေခ်ာင္းထိပ္မွ ရင္းႏွီးေနသည့္အလင္းတန္းေလးကိုျမင္ရသည့္အခါ Fujiရဲ႕ႏွလုံးသား‌ေလးမွာ တုန္ယင္သြားရၿပီး သူ႔ရဲ႕ပါတနာရဲ႕လက္ေမာင္းကိုဆြဲ၍ မီးဖိုေခ်ာင္သို႔ ဆြဲေခၚလာရသည္ "အိုေက အိုေက ညစာျမန္ျမန္ေလးခ်က္ၾကတာေပါ့ မင္းရဲ႕ငါးေလးကို ဗိုက္မဆာေစခ်င္ဘူးမလား"

Arkရဲ႕မ်က္ႏွာကေလးနက္ေနဆဲျဖစ္ကာ ေဟာဝူလင္းထံမွ အၾကည့္မလႊဲေသးဘဲ "ဝက္နံ႐ိုးႏွပ္ဆိုတာဘာလဲ ရွာလိုက္မယ္"

"‌ေလ့လာဖို႔အခ်ိန္ေသခ်ာယူလိုက္ဦး ငါ့ကိုျပန္ၿပီးတင္ျပစရာမလိုပါဘူး"

အနက္ေရာင္ဆံပင္ႏွင့္အမ်ိဳးသားက က်ိနင္းရဲ႕ပါးကိုနမ္းလိုက္ၿပီး Arkအားေလွာင္ၿပဳံးၿပဳံးျပသည္။

"သြားလိုက္ပါဦး စား‌ဖိုမႉး"

"..."

"Ark စိတ္ေလွ်ာ့ပါ!"

—----------

အရသာရွိသည့္ ညစာစားၿပီးေနာက္ အိပ္ရမည့္အခ်ိန္ေရာက္ၿပီျဖစ္သည္။ Fujiကပင္ပန္းေနၿပီျဖစ္သည္။ သူေနလာသည့္သက္တမ္းသုံးဆယ္နီးပါး၌ ဒီေန႔ေလာက္ပင္ပန္းတာမ်ိဴးမႀကဳံဖူးေသးေပ။

"မင္းတို႔ႏွစ္ေယာက္ ငါေတာင္းပန္ပါတယ္ကြာ"

Fujiကသူ႔ရဲ႕လက္ႏွစ္ဖက္ကိုဆုပ္ကာ Arkႏွင့္ေဟာဝူလင္းကို အသံတိုးတိုးျဖင့္ ေတာင္းပန္သည္ "ေက်းဇူးျပဳၿပီး ရန္မျဖစ္ပါနဲ႔ ရန္ျဖစ္ခ်င္ရင္ေတာင္မွ ေျမႀကီးေပၚမွာျဖစ္ၾကပါ ဒီေနရာေလးပါ ပ်က္ဆီးသြားရင္ ငါေသသြားလိမ့္မယ္"

"ေတာင္းပန္ပါတယ္ Fuji" Ark ကေျပာသည္ "ငါထပ္မလုပ္ေတာ့ပါဘူး"

ေဟာဝူလင္းကႏႈတ္ခမ္းမ်ားကို တြန႔္ေကြးကာ ၿပဳံးလ်က္ "ဒါေပမဲ့ ငါ့ရဲ႕စိတ္ေနစိတ္ထားကေတာ့ သိပ္မေကာင္းဘူးေနာ္ မင္းသာငါ့ကိုဒူးေလးေထာက္ၿပီး ေတာင္းပန္ရင္ ငါသေဘာတူခ်င္လည္းတူမွာေပါ့"

"ေတာ္ေတာ့ လုံေလာက္ၿပီ" က်ိနင္းဖန္သားေပၚမွ ေတာက္လိုက္သည္။

ေဟာဝူလင္းကမ်က္ခုံးမ်ားကိုပင့္လိုက္ေသာ္လည္း တိတ္သြားသည္။

Fujiကစိတ္ပူေနဆဲျဖစ္သည္။ အခန္းထဲကိုျပန္သြားေသာ္လည္း သူတို႔ကိုတံခါးဖြင့္၍ ထပ္ခါထပ္ခါ‌စစ္ေဆးၿပီးမွ အၿပီးပိတ္သြားေတာ့သည္။

Arkကလည္းအခန္းထဲကိုဝင္သြားသည္။ သို႔ေသာ္အထဲ၌အိပ္ရမည့္အစား ေစာင္ႏွင့္ေခါင္းအုံးမ်ားကို‌သယ္လာၿပီး ေရေလွာင္ကန္ေဘး၌ခင္းကာ ထို‌ေနရာ၌အိပ္ဖို႔ျပင္သည္။

"ဒီမွာမအိပ္တာေကာင္းမယ္ေနာ္" ေဟာဝူလင္းကေျပာသည္။ "ငါ့မွာဆိုးဆိုး႐ြား႐ြား အိပ္တတ္တဲ့အက်င့္ရွိေတာ့ ဂ႐ုမစိုက္ရင္ တစ္ေယာက္ေယာက္ကို သတ္မိသြားႏိုင္တယ္.... တကယ္လို႔မနက္က်မင္းေသေနတာကို ေတြ႕လိုက္ရရင္ နင္းနင္းကငါ့ကိုအျပစ္တင္လိမ့္မယ္"

"ဒါဆိုရင္တျခားေနရာမွာ သြားအိပ္လိုက္ရင္ေကာင္းမယ္" က်ိနင္းကေျပာသည္ "မေတာ္တဆငါ့ကိုသတ္မိသြားမွာ ေၾကာက္ရတယ္"

"ဘယ္လိုျဖစ္ႏိုင္မွာလဲ" ေဟာဝူလင္းကႏႈတ္ခမ္းစူလ်က္ "ငါမႀကိဳက္တဲ့သူကိုပဲသတ္မွာေပါ့"

Arkကဘာမွ‌ဝင္မေျပာ။ ေဟာဝူလင္းဘာေျပာေျပာ လ်စ္လ်ဴရႈထားဖို႔ ဆုံးျဖတ္ထားဟန္တူသည္။ သူကႏူးညံ့သည့္ေစာင္ေလးကိုဖက္ထားကာ မ်က္ႏွာကို တဝက္ျမႇဳပ္၍ က်ိနင္းကို မ်က္ေတာင္မခတ္တမ္းေငးၾကည့္ေနၿပီး အလြန္တရာလိမၼာေရးျခားရွိဟန္ေပၚသည္။

သူ႔မွာ လွပစြာထုဆစ္ထားသည့္ မ်က္ႏွာအစိတ္အပိုင္းမ်ား၊ ႏူးညံ့သည့္ႏို႔ႏွစ္ေရာင္အသားအေရႏွင့္ ႏွင္းလိုျဖဴသည့္ဆံပင္မ်ားရွိသည္။ မ်က္လုံးမ်ားက လျပည့္ဝန္းေလးႏွစ္ခုလို ၾကည္လင္သန႔္စင္ေနကာ နတ္ဘုရားတစ္ပါး၏အေရာင္အဝါကဲ့သို႔ႏွယ္။ သူဟာတကယ္ကိုနတ္သားတစ္ပါးႏွင့္ ဆင္တူပါသည္။

နတ္သားေလးကေရကန္ထဲမွ ေရသူထီးေလးကိုေငးၾကည့္ေနၿပီး တေအာင့္ခန႔္တိတ္သြားၿပီးေနာက္ ႏူးႏူးညံ့ညံ့ေျပာလာသည္။

"ငါ့မွာအတိတ္ကမွတ္ဉာဏ္ေတြမရွိေတာ့ဘူး ဒါေပမဲ့ ငါမင္းကိုပထမဆုံးျမင္လိုက္တဲ့အခ်ိန္ထဲက သေဘာက်ခဲ့တာ"

"Fujiေျပာတာ ငါကမင္းကိုအရင္ကဂ႐ုစိုက္ခဲ့တယ္တဲ့ အဲ့ဒီ့တုန္းကငါတို႔ရဲ႕ဆက္ဆံေရးက ဘယ္လိုမ်ိဳးလဲ"

က်ိနင္းကခ်စ္ျမတ္ႏိုးမႈမ်ားျဖင့္ၿပဳံးကာ ျပန္ေျဖသည္ "အခုနဲ႔ဆင္တူသေလာက္ပါပဲ ဒါေပမဲ့မင္းငါ့ကိုပထမဆုံးစေတြ႕တုန္းက နည္းနည္းေလးပိုၿပီးအူေၾကာင္ေၾကာင္ႏိုင္တယ္"

—------------------

စစ္ပြဲမ်ားအတြက္သာ သင့္ေလ်ာ္ေသာ စစ္လက္နက္တစ္ခုျဖစ္သည့္အေလ်ာက္ Arkဟာေရသူထီးေလးႏွင့္ စတင္ေတြ႕ဆုံခ်ိန္၌ အလြန္တရာစိတ္လႈပ္ရွားခဲ့သည္။

ထိုကဲ့သို႔ႏူးညံ့ၿပီး လွပေသာသတၱဝါမ်ိဳးကို သူတစ္ခါမွမျမင္ဖူးခဲ့ပါေခ်။ ေရသူထီးေလးက သူ႔ရဲ႕လည္ပင္းအား သိုင္းဖက္ထားပါေသာ္လည္း သူ႔မွာေတာ့ျပန္မဖက္ရဲခဲ့ပါ။ သူနည္းနည္းေလးထိမိ႐ုံနဲ႔တင္ ဖန္သားကဲ့သို႔ အစိတ္စိတ္အႁမႊာႁမြာကြဲေၾကသြားၿပီး သူ႔ေၾကာင့္ပ်က္ဆီးသြားမည္ကို ေၾကာက္႐ြံ႕ေနခဲ့တာေၾကာင့္ျဖစ္သည္။

ေရသူထီးလက္လႊတ္လိုက္ခ်ိန္၌ Arkကေျခတလွမ္းဆုတ္လိုက္သည္။ သူမည္သို႔တုံ႔ျပန္ရမည္ကို တကယ္မသိပါ။ ေက်းဇူးတင္ပါတယ္လို႔ေျပာသင့္တာလား။

"အရမ္းထိန္းခ်ဳပ္ထားစရာမလိုပါဘူး"

ေရသူထီးေလး၏ လွပလြန္းေသာမ်က္ႏွာထက္၌ ႏူးညံ့သည့္အၿပဳံးေလးတစ္ခုရွိေနကာ သူ႔အားေရထဲမွေန၍ ၾကည့္ေနသည္။ သူ႔ရဲ႕မ်က္လုံးမ်ားက ေက်ာက္မ်က္ရတနာမ်ားကဲ့သို႔ ေတာက္ပေနကာ သူ႔ရဲ႕အေရျပားထက္၌ တြဲလြဲခိုေနေသာ ေရစက္ကေလးမ်ားႏွင့္ ဆင္တူလွသည္။ သူ႔ရဲ႕မိုးျပာေရာင္အၿမီးေလးဟာ ေရေအာက္ေျခ၌ ပန္းပြင့္ေလးႏွယ္ ေဝွ႔ရမ္းေနၿပီး သူ၏လက္မ်ားက နတ္သားထံသို႔ ဆြဲေဆာင္မႈရွိစြာ ဆန႔္တန္းလာၾကသည္။

"ငါမင္းကိုဖက္လိုက္သလိုဖက္ပါ"

"...ေတာင္းပန္ပါတယ္" Arkကေခါင္းငုံ႔လိုက္ၿပီး "ငါမလုပ္ႏိုင္ဘူး မင္းကိုထိခိုက္မိလိမ့္မယ္"

"ရပါတယ္" ေရသူထီးေလးကၿပဳံး၍ "ငါကအဲ့ေလာက္ထိ မႏူးညံ့ပါဘူး မင္းငါ့ကိုထိခိုက္ေအာင္လုပ္မိရင္ေတာင္မွ စိတ္မဆိုးပါဘူး အရာအားလုံးမွာ ပထမဆုံးဆိုတာရွိတာပဲေလ ဟုတ္တယ္မလား"

"..."

ထို႔ေနာက္တြင္ေတာ့ ေရသူထီးေလးရဲ႕ အနည္းငယ္အံ့ဩေနေသာ အၾကည့္တစ္စုံေအာက္၌ Arkဟာေရကန္ထဲသို႔ ဆင္းလာခဲ့သည္။ သူ႔ရဲ႕ယူနီေဖာင္းဟာေရစိုသြားၿပီး အေတာင္ပံမ်ားဟာလည္း ေရထဲနစ္ဝင္သြားၾကသည္။ သူဟာေရသူထီးေလးအတြက္ လက္ေမာင္းကိုဖြင့္ကာ ႏူးႏူးညံ့ညံ့ေလးဖက္လိုက္ပါသည္။

"နာလား" သူကေမးသည္။

"ဘယ္နာပါ့မလဲ" ေရသူထီးေလးကမ်က္လုံးကိုမွိတ္ကာ ရင္ခြင္ထဲသို႔တိုးဝင္ရင္း ၿပဳံး၍ "မင္းရဲ႕ေပြ႕ဖက္မႈကေႏြးေထြးတယ္ အရမ္းသေဘာက်တယ္"

ထို႔ေနာက္မွာေတာ့ Arkဟာသူ႔ရဲ႕ေရသူထီးေလးကို ေမြးျမဴခဲ့ပါေတာ့သည္။ သူဟာအဖြဲ႕အစည္းမွသူမ်ားကို ေရသူထီးမ်ားႏွင့္ ပတ္သတ္သည့္အေၾကာင္းအရာမ်ားအား ထပ္တလဲလဲေမးျမန္းခဲ့ၿပီး က်ိနင္းအားအစာေကြၽးသည္ျဖစ္ေစ ေရလဲေပးသည္ျဖစ္ေစ အျခားသူမ်ား၏အကူအညီကိုမယူဘဲ အရာအားလုံးကို ကိုယ္တိုင္လုပ္ေဆာင္ေပးခဲ့သည္။

"မင္းကငါ့ရဲ႕အနားမွာဆို အရမ္းစိတ္လႈပ္ရွားေနတာပဲ ေလးစားရပါေသာArchangel"

ေရသူထီးေလးကကန္ရဲ႕ အစြန္မွာလွဲေနကာ ေရအပူခ်ိန္ကိုစမ္းကာ မ်က္ေမွာင္ႀကဳံ႕ေနပါေသာ နတ္သားကိုၾကည့္ရင္း အၿမီးေလးကိုရမ္းလိုက္သည္။ "ဒါကအသင့္ေတာ္ဆုံးအပူခ်ိန္ရဲ႕ ဒီဂရီဝက္ေလာက္ေလ်ာ့႐ုံပါပဲ ငါအဆင္ေျပပါတယ္ အသင့္ေတာ္ဆုံးအပူခ်ိန္ရဲ႕ တစ္ဆယ္ဒီဂရီေလ်ာ့ေလ်ာ့၊တိုးတိုး အဆင္ေျပတယ္"

"မင္းကိုမဖ်ားေစခ်င္ဘူး" ေရကိုခ်ိန္ညႇိရန္ ကန္ေဘးရွိအပူခ်ိန္ခလုတ္ကိုႏိုပ္ရင္း Arkကအေလးအနက္ေျပာသည္။

"ဒီလိုအေျပာင္းအလဲေလးေတြက ငါ့ကိုမဖ်ားေစႏိုင္ပါဘူး"

Arkေရအပူခ်ိန္ကို ခ်ိန္ညႇိၿပီးၿပီျဖစ္ေၾကာင္း ေတြ႕သည့္အခါ ကမ္းစပ္၌ေစာင့္ေနသည့္ ေရသူထီးေလးက လက္မ်ားကိုဆန႔္တန္း၍ "ငါ့ကိုကူေပးပါဦး"

Arkကေရသူထီးေလးကို ေပြ႕ခ်ီကာ ကန္ထဲသို႔ႏူးႏူးညံ့ညံ့ေလးခ်ေပးလိုက္သည္။ ေရသူထီးေလးႏွင့္ အခ်ိန္အေတာ္ၾကာအတူရွိၿပီးေနာက္ သူ႔အားထိေတြ႕ရာ၌ ပိုၿပီးသက္ေသာင့္သက္သာရွိလာကည စေတြ႕စဥ္ကလို မေၾကာက္ေနေတာ့ေပ။

"ငါအနံ႔ရတယ္"

ေရသူထီးေလးကပုခုံးကိုမွီ၍ တိုးတိုးေျပာသည္ "ငါမင္းကိုယ္ေပၚကယမ္းမႈန႔္နံ႔နဲ႔ ေသြးနံ႔ေတြ ခပ္ေဖ်ာ့ေဖ်ာ့ရတယ္ တိုက္ပြဲကေနခုေလးတင္မွ ျပန္ေရာက္လာတာလား"

"ေဆာရီး" Arkကႏႈတ္ခမ္းကိုေစ့၍ "မင္းအနံ႔ေတြကိုမႀကိဳက္မွန္းသိပါတယ္ ေသခ်ာေဆးၿပီးၿပီလို႔ထင္လိုက္တာ ျပန္သန႔္ရွင္းလိုက္မယ္"

သူကမတ္တပ္ရပ္ၿပီးသြားေတာ့မည့္ဆဲဆဲ၌ "ကိစၥမရွိပါဘူး အဲ့ဒါကိုဂ႐ုမစိုက္ပါဘူး ငါမင္းကိုေမးခ်င္တာက လူသတ္ရတာကို ဘယ္လိုခံစားရလဲ"

Arkကေမးခြန္းကိုစကၠန႔္အနည္းငယ္ခန႔္ စဥ္းစားကာ အမွန္တိုင္းေျဖသည္ "ဘာမွမခံစားရဘူး မ်ိဳး႐ိုးျမင့္ေတြေပးတဲ့ တာဝန္ကို ေက်ပြန္ေအာင္လုပ္ေန႐ုံပဲ"

"ၾကည့္ရတာ ေသသြားတဲ့သူေတြအေပၚ ထူးျခားတဲ့အေတြးမရွိသလိုပဲ" ေရသူထီးကေျပာသည္ "ဒါဆိုရင္ငါတစ္ခုသိခ်င္တယ္ အကယ္၍ ငါသာေသသြားရင္ မင္းရဲ႕ႏွလုံးသားကနာက်င္မွာလား"

"မင္းမေသပါဘူး" Arkကသူ႔ရဲ႕လက္ေကာက္ဝတ္ကို ဂ႐ုတစိုက္ကိုင္ထားသည္။

"ဒါကခန႔္မွန္းၾကည့္႐ုံပါ မင္းရဲ႕ႏွလုံးသားနာက်င္မွာလား"

"ငါအရမ္းဝမ္းနည္းလိမ့္မယ္" Arkရဲ႕ေအးစက္သည့္အမူအရာအစား အနည္းငယ္ဇေဝဇဝါျဖစ္ေနပုံေပၚသည္။ "ဒါေပမဲ့ ငါေတာင္းပန္ပါတယ္ ႏွလုံးသားနာက်င္တယ္ဆိုတဲ့အသုံးကိုေကာင္းေကာင္းနားမလည္ဘူး ငါထင္တာက အဲ့ဒါကလူေတြေနမေကာင္းျဖစ္မွ ျဖစ္တာမလား"

"ဒါကတင္စားခ်က္ေလ ဆိုလိုတာက ႏွလုံးသားက ဆြဲၿဖဲခံရသလို အရမ္းနာက်င္တာမ်ိဳး"

ေရသူထီးေလးက Arkရဲ႕လက္ကိုကိုင္ကာ သူ႔ရဲ႕ရင္ဘတ္ေပၚဖိလိုက္သည္။

ပါးလ်တဲ့အေရျပားမွတဆင့္ ရင္ဘတ္ထဲ၌ ျပင္းထန္စြာခုန္ေနသာ ေရသူထီးေလး၏ ႏွလုံးသားကိုခံစားမိသည္။

"မင္းနဲ႔အတူရွိေနလို႔ ငါ့ရဲ႕ႏွလုံးခုန္သံေတြျမန္ဆန္လာတဲ့အတြက္ အရမ္းေပ်ာ္မိတယ္"

သူ႔ပုံရိပ္‌ထင္ဟပ္ေနေသာ မ်က္ဝန္းမ်ားႏွင့္ ေရသူထီးေလးကၾကည့္လာသည္။

"အဲ့လိုပဲ မင္းသာတစ္ခုခုျဖစ္သြားရင္ ငါအရမ္းဝမ္းနည္းရလိမ့္မယ္ အရမ္းနာက်င္လြန္းလို႔ အသက္ရႉရခက္လာၿပီး ႏွလုံးသားတစ္ခုလုံးနာက်င္ရလိမ့္မယ္ အဲ့ဒါကို ႏွလုံးသားနာက်င္တယ္လို႔ေခၚ‌တယ္"

"ဒါဆိုရင္ငါ့အတြက္မင္းကို ႏွလုံးသားမနာက်င္ေစခ်င္ဘူး" Arkကေျပာသည္ "မင္းကိုမခံစားေစခ်င္ဘူး"

"မင္းကအရမ္းစဥ္းစားေပးတတ္ၿပီး အရမ္းႏူးညံ့တာပဲ ေလးစားရပါေသာ Archangel"

ေရသူထီးေလးက နတ္သားအားဖက္ကာ ႐ုတ္တရက္‌ရယ္ေမာပါေတာ့သည္။ သူ႔ရဲ႕အသံဟာ အိပ္မက္တစ္ခုရဲ႕ တီးတိုးေျပာသံလို ခ်ိဳၿမိန္ေနပါေသာ္လည္း သူ႔ရဲ႕ႏွလုံးသားထဲ၌ က်ိန္စာတစ္ခုႏွယ္ ေမ့မရေအာင္ စြဲထင္သြားခဲ့သည္။

"ဒါေပမဲ့ ငါကတကိုယ္ေကာင္းဆန္တတ္တဲ့သူမို႔ မင္းႏွလုံးသားကို ငါ့အတြက္နာက်င္ေစခ်င္တယ္"

"အဲ့ဒါကမင္းငါ့ကိုခ်စ္တယ္ဆိုတဲ့သက္ေသပဲေလ"

"တကယ္လို႔တစ္ရက္က် မင္းရဲ႕ႏွလုံးသားဟာငါ့အတြက္နာက်င္ေပးမယ္ဆိုရင္ ငါေသေတာ့မယ္ဆိုရင္ေတာင္ အရမ္းေပ်ာ္မိမွာပဲ"

—-------------

က်ိနင္းArkကိုၾကည့္၍ ႐ုတ္တရက္ေျပာလာသည္ "ငါ့ကိုဂ႐ုစိုက္ေပးခဲ့တဲ့အတြက္ ဆုခ်တဲ့အေနနဲ႔ သီခ်င္းတစ္ပုဒ္ဆိုျပမယ္ အတိတ္တုန္းကမင္းအရမ္းႀကိဳက္ခဲ့တဲ့သီခ်င္းေလ"

နတ္သားေလးက မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္လုပ္၍ ေခါင္းညိမ့္လာသည္။ နားေထာင္ေနသည့္အခ်ိန္၌ သူအာ႐ုံစိုက္နားေထာင္ေနေၾကာင္း ျပသရန္ေက်ာကိုမတ္ကာ ထိုင္ေနေသးသည္။

"လွဲလို႔ရပါတယ္" က်ိနင္းကေျပာသည္။ "ဒါကေရသူထီးေတြရဲ႕ အိပ္ရာဝင္ေတး"

ထို႔ေၾကာင့္ Arkကအေတာင္ပံမ်ားကို ျဖန႔္ကာာ လိမ္လိမ္မာမာျဖင့္ ေစာင္ၿခဳံကာေဘး၌ လွဲလိုက္သည္။ က်ိနင္းကႏႈတ္ခါးမ်ားကို ခပ္ဟဟဖြင့္၍ အလြန္သိမ္ေမြ႕လွပသည့္ သံစဥ္တစ္ခုကို ခပ္တိုးတိုးသီဆိုလိုက္သည္။

အိပ္ရာဝင္ေတး၌ စာသားမ်ားပါဝင္ေသာ္လည္း ေရသူထီးမ်ား၏ဘာသာစကားႏွင့္ျဖစ္တာေၾကာင့္ နယ္ျခားမွနတ္သားေလးအတြက္ စိမ္းသက္ေနပါ၏။ ၎၌ ထူးဆန္းေသာ စြမ္းအင္တစ္ခုရွိေနသကဲ့သို႔ ႏွလုံးသားထဲရွိ ရႈပ္ေထြးမႈမ်ားကို ေျပေလ်ာ့သြားေစကာ ခႏၶာကိုယ္တစ္ခုလုံးကို သက္ေသာင့္သက္သာရွိေစသည္။

တခဏအၾကာ Fujiကနံရံ၌ မွီထားေသာေၾကာင့္ အိပ္ခန္းတံခါးကဟလာၿပီး ပြင့္သြားသည္။ သူကလက္ပိုက္၍ မ်က္လုံးမ်ားကို မွိတ္လိုက္ကာ အလ်င္အျမန္နားေထာင္လိုက္သည္။ ထို႔ေနာက္မွာေတာ့ သူကသက္ျပင္းခ်လိုက္ၿပီး တမ္းတမ္းတတေျပာသည္။

"ေရသူထီးေမြးရတာ....အရမ္းေကာင္းမွာပဲ"

အိပ္ေမြ႕ခ်ေနသည့္ သီခ်င္းသံၾကား၌ Arkဟာႏွစ္ၿခိဳက္စြာအိပ္ေမာက်ေနသည္။ သူ႔ရဲ႕ႀကီးမားတဲ့အေတာင္ပံႀကီးထဲ၌ ျမဳပ္ေနကာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း အိပ္ေပ်ာ္ေနသည့္ မ်က္ႏွာတစြန္းတစေလးကိုသာ ျမင္ေနရသည္။

Fujiဟာလည္း နံရံကို ကို႔႐ိုးကားရား မွီထားကာ အိပ္ေမာက်ေနသည္။ ထို႔ေၾကာင့္ က်ိနင္းသီခ်င္းဆိုတာရပ္လိုက္ၿပီး မ်က္လုံးကစားမိသည့္အခါ ေဟာဝူလင္းေပ်ာက္ေနတာကို ေတြ႕လိုက္ရသည္။

သူဘယ္ေရာက္သြားတာလဲ?

က်ိနင္းစိတ္ထဲေျပာလိုက္မိေသာ္လည္း ေဟာဝူလင္းျပန္‌ေပၚလာမွာကို မေစာင့္ေတာ့။ ညဥ့္နက္ေနၿပီျဖစ္ၿပီး ပင္ပန္းလာတာေၾကာင့္ ေဟာဝူလင္းကိုမရွာေတာ့ဘဲ အိပ္ေပ်ာ္သြားေတာ့သည္။

သူ႔အိပ္မက္ထဲ၌ ထိုကုန္စုံဆိုင္ကိုပဲ ျပန္ဝင္လာရျပန္သည္။

ေမွာင္မဲေနသည့္ လမ္းထဲ၌ မိုးၿခိန္းသံမ်ားၾကားေနရၿပီး ကုန္စုံဆိုင္တစ္ဆိုင္သာ ေႏြးေထြးသည့္အလင္းေရာင္ကိုထုတ္လႊ‌တ္ေနသည္။ က်ိနင္းကေကာင္ကာေရွ႕၌ ရပ္ေနကာ ပတ္လည္ရွိစင္မ်ား၌ ပစၥည္းမ်ားႏွင့္ ျပည့္ေနၿပီး ဓာတ္စက္မွလည္း ခ်ိဳသာသည့္အမ်ိဳးသမီးတစ္ဦး၏အသံကိုၾကားေနရသည္။ ေဟာဝူလင္းက ေကာင္တာေနာက္၌ ထိုင္ကာ ေကာ္ဖီပူပူတစ္ခြက္ကိုေမႊေနသည္။ သူကက်ိနင္းကို ၿပဳံး၍ ေမာ့ၾကည့္လာသည္။

...သူဘာလို႔ဒီကိုထပ္ေရာက္လာျပန္တာလဲ

က်ိနင္းကုန္စုံဆိုင္ပတ္လည္ကို လိုက္ၾကည့္မိသည္။ ဤအႀကိမ္ကတတိယအႀကိမ္ ေရာက္လာျခင္းျဖစ္သည္။ ပထမႏွစ္ခုကတိုက္ဆိုင္သည္ဆိုလွ်င္ ဒီတစ္ႀကိမ္ကေတာ့ မျဖစ္ႏိုင္ေတာ့။

ဒီေနရာကေဟာဝူလင္းအတြက္ အေရးႀကီးတဲ့ေနရာလား။

က်ိနင္းဤအေၾကာင္းႏွင့္ပတ္သတ္၍ မရွင္းလင္းပါ။ ဘာေၾကာင့္ဆို ေဟာဝူလင္းရဲ႕အတိတ္နဲ႔ပတ္သတ္ၿပီး 'God Killing' ဝတၳဳထဲ၌ မေဖာ္ျပထားေသာေၾကာင့္ပင္။ သူႏွင့္သုံးႏွစ္အတူေနခဲ့ပါေသာ္လည္း ေဟာဝူလင္းကသူ႔အတိတ္အေၾကာင္း တစ္ခါမွမေျပာဖူးေပ။ သူ႔ရဲ႕ေနာက္ေၾကာင္းက က်ိနင္းအတြက္ လွ်ိဳ႕ဝွက္ခ်က္ျဖစ္ေနသည္။

"မင္းကသူ႔ကိုအရမ္းေကာင္းတာပဲ"

ေဟာဝူလင္းက ေကာ္ဖီကို တစ္ငုံေသာက္လိုက္ၿပီး အိပ္မက္ထဲ၌ လူသားအသြင္ျဖစ္ေနသည့္ က်ိနင္းကိုၾကည့္လိုက္သည္။ "ဘာလို႔ငါ့ကိုလာၿပီး သီခ်င္းမဆိုျပတာလဲ မင္းသီခ်င္းဆိုအဲ့ေလာက္ေတာ္မွန္းမသိခဲ့ဘူး"

"အဲ့ဒါက ေရသူထီးပုံစံနဲ႔ျဖစ္ေနလို႔ ပုံမွန္အရည္အခ်င္းက သာမန္ပါပဲ"

က်ိနင္းကေဟာဝူလင္းရဲ႕ ေတာင္းဆိုခ်က္ကိုျငင္းလိုက္ကာ ေဘးနားမွာရွိသည့္ တစ္ခုတည္းေသာ ဆိုဖာေပၚ၌ ထိုင္ကာေမးလိုက္သည္ "မင္းငါ့ကိုဒီထဲဆြဲသြင္းလိုက္တာလား"

"မွန္တယ္"

ေဟာဝူလင္းကေကာ္ဖီကိုခ်လိုက္ၿပီး ေကာင္တာေနာက္မွထြက္လာကာ က်ိနင္းေဘးရွိ ဆိုဖာလက္တင္ေပၚ၌ ထိုင္လိုက္သည္။ သူကက်ိနင္းပုခုံးကိုဖက္ကာ က်ိနင္းဘက္ကိုအနည္းငယ္မွီလိုက္သည္။ သူကက်ိနင္းကို နက္ေမွာင္သည့္မ်က္လုံးမ်ားျဖင့္ စိုက္ၾကည့္ၿပီး ႏႈတ္ခမ္းမ်ားက႐ုတ္တရက္ တြန႔္ေကြးသြားကာ အၿပဳံးေဖ်ာ့ေဖ်ာ့ျဖင့္ ေျပာသည္။

"ဒီမွာ ကိုယ္တို႔ႏွစ္ေယာက္တည္း"

က်ိနင္းစီသို႔ တိုးဝင္လာၿပီး သူ႔ႏႈတ္ခမ္းမ်ားျဖင့္ ပြတ္တိုက္သြားသည္။

"မင္းကိုကိုယ္ဘာလုပ္သင့္တယ္လို႔ထင္လဲ"

Tbc 🐣

Thanks for reading 💖

T/N

က်ိနင္းေတာ္ကီမ်ား၌ေႂကြဆင္းသြားေသာ Ark : 😍😍

Mission complete ဖို႔ေတာ္ကီျဖင့္ခ်ဳပ္ေနေသာက်ိနင္း : 😎😎

Continue Reading

You'll Also Like

39.5K 4.9K 93
Nanpai Sanshu 盗墓笔记 (Daomu biji) Novel Myanmar translation Iron-trangle(Trickly bromance🚨 Not BL🚨)
650K 71.7K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
3M 192K 103
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
241K 27.5K 78
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...