စနေသားရဲ့ ဆင်ပေါက် / စေနသားရဲ...

By Ex_0069

38.1K 1.3K 113

unicode ကျွန်တော့်ရဲ့ တမူမတူညီတဲ့စာရေးပုံနဲ့ မတူညီတဲ့ဇာတ်အိမ်လေးမို့ ဖတ်ကြည့်ပေးစေချင်တယ်ဗျ zawgyi ကြၽန္ေတာ့္... More

Author Ex's အမှာစာ / အမွာစာ 😁
Episode _ 1
Episode _ 2
Episode _ 3
Epiaode _ 4
Episode _ 5
Episode _ 6
Episode _ 7
Episode _ 8
Episode _ 9
Episode _ 10
Episode _ 11
Episode _ 12
Episode _ 13
Episode _ 14
Episode _ 15
Episode _ 16
Episode _ 17
Episode _ 18
Episode _ 19
Episode _ 20
Episode _ 21
Episode _ 22
No update
Episode _ 23 🚨🚨🚨🚨
Episode _ 24
Episode _ 25
Episode _ 26
Episode _ 27
Episode _ 28
Episode _ 29
Episode _ 30
🥺🥺
Episode _ 31
Bye for long time

Episode _ 32 ( Final episode )

745 35 4
By Ex_0069

Unicode
Episode _ 32 { Final episode }

" မြလွန်းရှင်!! "

တိတ်ဆိတ်နေတဲ့ခြံဝိုင်းကြီးထဲမှာ ဒေါသတကြီးအော်သံတစ်ခုက ကျယ်လောင်စွာထွင်ပေါ်လာသည်။ ထိုအသံဟာ အခြားသူ၏အသံတော့မဟုတ်၊ ရှင်မွှေးခေါ် စနေသားရဲ့ဆင်ပေါက်အသံသာဖြစ်သည်။

ကျုပ် အိမ်အောက်မှာ နေ့လည်စာအတွက်ထမင်းပွဲပြင်နေတုန်း ခြံထဲကိုဒေါသတကြီးဝင်လာတဲ့အဖြူအစိမ်းနဲ့ကျောင်းဆရာ​ပေါက်စလေး​။ အခြားသူတော့မဟုတ်၊ ကျုပ်ရဲ့နှစ်ယောက်မရှိတဲ့ဆင်ပေါက်ပေါ့ဗျာ။ အခုဆို ဆင်ပေါင်က ကျောင်းပြီးလို့ ရွာကစာသင်ကျောင်းလေးမှာ မူလတန်းပြကျောင်းဆရာဝင်လုပ်နေပြီလေ။ ထိုနည်းတူ ကျွန်တော်လည်း ဘွဲ့ရပြီးဖြစ်သည်။ ဆင်ပေါက်ကတော့ သူသင်ထားတဲ့ကျောင်းပညာနဲ့ သူဝါသနာပါတဲ့အလုပ်ကိုရွေးချယ်သည်။ ကျုပ်ကတော့ လယ်ယာလုပ်ငန်းကိုအရင်ကသာ စိတ်ဝင်စားခဲ့တာ၊ အခုတော့ ကုန်စိမ်းနဲ့သစ်သီးရောင်းဝယ်ဖောက်ကားရေးလုပ်ငန်းကိုအတည်တကျလုပ်နေသလို တခါတလေ ပွဲစားအလုပ်ကိုလည်းသဘောကျတော့ ပွဲစားလည်း ဆက်လုပ်နေတယ်။ လယ်ယာတွေကတော့ အရင်အတိုင်းပဲ စာရင်းငှားချထားရတာပေါ့။ ကျုပ် ဒိုင်လုပ်ရတဲ့အကြောင်းက လွန်ခဲ့တဲ့ခြောက်နှစ်က ကျုပ်နဲ့ဆင်ပေါက်ရဲ့ဘဝထဲကိုရောက်လာတဲ့အနှီထုပ်နဲ့ကလေးကြောင့်ပင်။ ကျုပ်နဲ့ဆင်ပေါက် ကလေးကိုရွာအထိခေါ်လာပြီး ရွာကလူကြီးတွေနဲ့ကျုပ်တို့မိဘတွေကိုအသိပေးကာ ကျုပ်တို့ပဲတရားဝင်မွေးစားခဲ့တယ်။ ကလေးက မိန်းကလေးဖြစ်ပြီး ကလေးရဲ့မွေးနေ့မွေးရက်၊ ခုနှစ်သက္ကရာဇ်ကိုသိနေတော့ ဘဘုန်းဆီမှာ ကလေးအတွက်နာမည်ရွေးခဲ့တယ်။ ဒါပေမဲ့ ဘဘုန်းပေးတဲ့နာမည်တွေကို ကျုပ် မကြိုက်ဘူး၊ နောက်ဆုံး ကျုပ်လည်း ကျုပ်နာမည်လည်းပါရတယ်၊ ဆင်ပေါက်နာမည်လည်းပါရမယ်ဆိုပြီးစဥ်းစားလိုက်တာ " မြလွန်းရှင် " ဆိုတဲ့နာမည်ထွက်လာတော့တာပဲ။ ဘာလို့ဆို ကလေးက ကျုပ်နဲ့ဆင်ပေါက်ရဲ့ကလေးဖြစ်သွားပြီဆိုတော့ ကျုပ်တို့နာမည်တော့ပါသင့်တယ်မလား။ ကျုပ်ပေးတဲ့နာမည်ကို ဘဘုန်းကလည်း အဆင်ပြေတယ်တဲ့၊ ဒါပေမဲ့ ပြဿနာက တစ်ခုလေးပဲ....။ ကလေးက ကျုပ်ပေးတဲ့နာမည်ကြောင့် နည်းနည်းတော့ထိန်းရခက်လိမ့်မယ်တဲ့လေ။ ကျုပ် မမှုပါဘူး။ အဓိကက ကျုပ်နဲ့ဆင်ပေါက်ရဲ့နာမည်ပါရင် ပြီးတာပဲ။ ဒီနာမည်ကို ဆင်ပေါက်လည်း သဘောကျတယ်လေ။

အခုတော့ ဘဘုန်းပြောတဲ့အတိုင်း ကျုပ်ရဲ့သမီးက တော်တော်ဆိုးသည်။ ဘယ်လောက်ဆိုးသလဲဆိုလျှင် တစ်ရွာလုံးကပင် မြလွန်းရှင်လို့ဆိုလိုက်တာနဲ့ တေလွန်းအသေးစားဆိုတာ တန်းသိကြသည်။ ကျုပ်ရဲ့ခြေရာကိုထပ်ကြပ်မကွာနင်းနိုင်တဲ့ သမီးအလိမ္မာလေးပင်။ တစ်ရွာလုံးကို ပတ်မွှေတတ်တာတွေ၊ ပေကပ်ကပ်နိုင်တာတွေ၊ အဲ့လိုဆိုးပေပေမဲ့ တစ်ရွာလုံးရဲ့အချစ်ခံလေးဖြစ်နေရတာတွေ အကုန်လုံးက ကျုပ် ငယ်ငယ်ကနဲ့တစ်ပုံစံတည်း။ ဒါ့အပြင် ပိုပြီးအံ့သြဖို့ကောင်းတာက သမီးက ကျုပ်နဲ့ဆင်ပေါက်ရဲ့မျက်နှာကိုစပ်ပြီးမွေးထားသလိုပင်။ မျက်လုံး၊ မျက်ခုံးက ကျုပ်နဲ့ချွတ်စွပ်တူပြီး မျက်နှာကျနဲ့ပန်းသီးပုံစံနှုတ်ခမ်းက ဆင်ပေါက်နဲ့လုံးဝချွတ်စွပ်။ အသားအရေက ကျုပ်နဲ့တူလို့ဖွေးဖွေးလေး... ဆင်ပေါက်နဲ့တူရင်တော့ နည်းနည်းမဲသွားမှာပေါ့နော်။ မိန်းကလေးသာဆိုတယ် ညှပ်လိုက်တဲ့ဆံပင်ကေက သူ့ဖေငယ် ကျုပ်ရဲ့ဆင်ပေါက် ငယ်ငယ်ကညှပ်လေ့ရှိတဲ့အုန်းမှုန့်ခွက်ကေ။ ဒါပေမဲ့လည်း ချစ်မွှေးပါနေတော့ ကျုပ်သမီးက ဘယ်လိုနေနေကို ချစ်စရာကောင်းနေတာဗျ။ ကျုပ်ရဲ့ဆင်ပေါက်ကိုတော့ မမှီဘူးပေါ့ဗျာ။

အခုလည်း ဘာတွေမွှေလိုက်ပြန်ပြီလဲမသိဘူး။ သူ့ဖေငယ်က တော်တော်ဒေါသထွက်နေပြန်ပြီ။

" မောင့်အသက်... "

" တေလွန်း... မင်းရဲ့သမီး ဘယ်မှာလဲ "

" ဟင်.. မောင့်ရဲ့သမီးက ဘယ်သူတုန်း မောင့်အသက်ရဲ့ "

ကျွန်တော့်ကို မအူမလည်ပုံစံနဲ့တမင်ပြန်မေးတဲ့တေလွန်းကြောင့် ကျွန်တော်ပိုပြီးစိတ်တိုလာတယ်။ ဘယ်တော့နေနေ အမြဲတမ်း သမီးဘက်ကနေ ကာဆီးကာဆီးလုပ်တတ်တဲ့တေလွန်း။ သူ့ကြောင့်လည်း သမီးက ပိုပိုဆိုးလာတာ။ ဆိုးလာတယ်ဆိုတာက ပြောမရဆိုမရ..လူကြီးသူမကိုမသိတတ်..ရိုင်းစိုင်းနေတာမျိုးမဟုတ်... ကျွန်တော့်စကားဆို ရှေ့တင်နားထောင်ပြီး ကွယ်ရာကျမှ လုပ်ချင်တာလုပ်တတ်တာမျိုး။ မိန်းကလေးတန်မဲ့ မိန်းကလေးလိုမနေဘဲ ယောက်ျားလေးတွေထက်ပင် သူက တစ်ပန်းသာနေတော့ ကျွန်တော့်မှာ မနည်းလိုက်ထိန်းနေရတယ်။ တကယ်ပါ... ဘဘုန်းပြောတုန်းက စကားကို ကျွန်တော်နားထောင်လိုက်သင့်တယ် " မင်းတို့နာမည်ပါနေရင် မင်းတို့နဲ့တစ်ပုံစံတည်းဖြစ်မှာနော် " တဲ့။ အခုတော့ ကျွန်တော့်နာမည်လည်းပါရဲ့သားနဲ့ ဘာလို့ သူ့ဖေကြီးနာမည်စီးပြီး သူ့ဖေကြီးနဲ့တစ်ပုံစံတည်း တူသွားရတယ်လို့။ ယောက်ျားလေးဆိုရင် ကိစ္စသိပ်မရှိဘူးလေ.. အခုဟာက မိန်းကလေးဖြစ်နေတော့ အများအမြင် ဘယ်တင့်တယ်ပါ့မလဲ။ ကျွန်တော်ကသာ အဲ့လိုတွေးတာ သူ့ဖေကြီး အမောင်တေလွန်းကတော့ သူ့သမီးလုပ်သမျှကို တဟားဟားရယ်ရင်း အားပေးအားမြှောက်အမြဲလုပ်နေတာလေ။ အခုလည်း ကြည့်ပါလား။

" ငါ ဒေါသထွက်လာတာနော်... တေလွန်း "

" ဟောဗျာ! ဟင်း... မောင့်အသက်လည်း ကျောင်းဆရာဖြစ်ကတည်းက အရမ်းစိတ်ဆတ်လာတာပဲ.. နည်းနည်းလေးမှကို အတိမ်းအစောင်းကိုမခံတော့ဘူးနော်... "

တေလွန်းက မျက်နှာလေးငယ်ကာ ပြောတော့ ကျွန်တော်ဖြစ်နေတဲ့ဒေါသတွေက ကြက်ပျောက်ငှက်ပြောက် စိတ်ထဲကနေ ပျာယာခတ်သွားသည်။ တေလွန်းပြောတာလည်း ဟုတ်တယ်။ ကျွန်တော့်ကိုယ်ကျွန်တော်လည်းသိတယ်။ ကျောင်းဆရာ စလုပ်ကတည်းက ကျွန်တော် အသေးအမွှားကိစ္စလေးကအစ စိတ်ဆတ်လာတယ်။

" မောင့်အသက် မောင့်ကို တခါတလေပြောတဲ့စကားတွေက မောင့်ကအရမ်းဝမ်းနည်းစေတာပဲ... "

" ဟို .. ငါက အဲ့လိုဖြစ်စေချင်လို့ပြောတာမဟုတ်ပါဘူး၊ မင်း သိတယ်မလားဟင်.. ငါက "

" မောင်သိပါတယ်.. မောင့်အသက် မောင့်အပေါ်မှာ အဲ့လိုမဖြစ်စေချင်မှန်း.. တမင်လုပ်တာမဟုတ်မှန်းလည်း သိတယ်.. ဒါပေမဲ့ မောင် ဝမ်းနည်းမိတာတော့ အမှန်ပဲ မောင့်အသက်ရဲ့ "

ကဗျာကယာဖြေရှင်းချက်ထုတ်နေတဲ့ကျုပ်ရဲ့ဆင်ပေါက်လေးက သိပ်ချစ်ဖို့ကောင်းတာပဲ။ အရာရာပြောင်းလဲသွားပေမဲ့ ကျုပ်ရဲ့ဆင်ပေါက်လေးကတော့ ကျုပ်မျက်လုံးထဲမှာတော့ အခုထိဘယ်အရာကမှမပြောင်းလဲ၊ ဘယ်အကျင့်မှမပြောင်းလဲသေးဘူး၊ ပြီးတော့ တချို့သော ကျုပ်နဲ့ပတ်သတ်တဲ့အားနည်းချက်လေးရောပေါ့ဗျာ။

" အင်းပါ.. ငါ တောင်းပန်ပါတယ်နော်...၊ ငါ နောက်တခါ ပိုပြီးသတိထားပါ့မယ်နော် "

" အင်းပါ... ထမင်းအရင်စားလိုက်အုံးလေ... မောင့်အသက်ရဲ့သမီးက အိမ်ပြန်မလာဘူး၊ သူ့အဖိုးတို့အိမ်နှစ်အိမ်ထဲက တစ်အိမ်မှာရှိမှာပေါ့... "

" ဟင်း.... တေလွန်း ငါပြောလို့ပြောတာ မဟုတ်ဘူး၊ မင်းရဲ့သမီးကို နည်းနည်းပါးပါးလေးလည်းထိန်းအုံး.. လွန်းလေးက ငါ့စကားဆို ရှေ့တင်ပဲနားထောင်တာရယ်.. နောက်ကွယ်ကျရင် သူ လုပ်ချင်ရာလုပ်တာ.. မင်းနဲ့တစ်ထေရာတည်းပဲ "

" အင်းပါ.. မောင် ပြောထားပါ့မယ်ကွာ...၊ ကဲ ပြောပါအုံး အခု လွန်းလေးက ဘာပြဿနာရှာလိုက်လို့တုန်း "

" မင်းရဲ့သမီးပေါ့... "

" မောင့်အသက်ရယ် မင်းရဲ့သမီး.. မင်းရဲ့သမီးနဲ့... လွန်းလေးက မောင့်အသက်နဲ့လည်း ဆိုင်ပါတယ်ဗျ... "

ကျုပ် စကားကြောင့် ဆင်ပေါက်ကချက်ချင်း ကျုပ်ကိုမျက်စောင်းထိုးတော့သည်။

" ဟား... ဟုတ်ပြီ ဟုတ်ပြီ၊ မောင် မစတော့ဘူး.. ပြော ပြော "

" မိန်းကလေးတန်မဲ့ အခြားယောက်ျားလေးတွေနဲ့ ပိုက်ဆံဒိုးပစ်တယ်လေ... ပြီးတော့ သူ့ထက် နှစ်တန်းတောင်ကြီးတဲ့ကလေးတွေနဲ့..၊ ကလေးတွေက သူတို့ရှုံးတော့ လွန်းလေးက ညစ်ပြီးဆော့ပါတယ်ဆိုပြီး ငါ့ဆီလာတိုင်ကြရော "

လွန်းလေးက အခုဆို ပထမတန်းတက်နေပြီဖြစ်တော့ လွန်းလေးထက်နှစ်တန်းကြီးတယ်ဆို လွန်းလေးက တတိယတန်းကယောကျ်ားလေးတွေနဲ့ကစားတာပေါ့။ လွန်းလေးရဲ့ဇကတော့ တကယ်မခေဘူး၊ အဲ့တာ ကျုပ်နဲ့တူတာလေ။

" ဟာ.. ဒါကတော့ သပ်သပ်အကျင့်ယုတ်တာ "

တေလွန်းရဲ့စကားကြောင့် ကျွန်တော်စားလက်စထမင်းပန်းကန်ထဲကဇွန်းကိုချပြီး တေလွန်းကို မျက်စောင်းတွေချည်းလှိမ့်ထိုးလိုက်တယ်။ တေလွန်းပြောတာက လွန်းလေးကိုပြောတာမဟုတ်ဘဲ လာတိုင်တဲ့ကလေးတွေကိုရည်ညွှန်းတာကို ကျွန်တော် သိတယ်လေ။

" အာ... မောင် ပြောချင်တာက လွန်းလေး တော်တော်ဆိုးတာလို့ပြောတာ၊ မောင့်အသက်ထင်သလို မဟုတ်ဘူးနော် "

" ဟမ့်... မင်းပါးစပ်ဟလိုက်တာနဲ့ မင်းဗိုက်ထဲ အူဘယ်နှခွေရှိလဲဆိုတာကအစ ငါ သိတယ်၊ မင်းရုပ်က လွန်းလေး လုပ်တာကို ဂုဏ်ယူနေပြီး လာတိုင်တဲ့ကလေးတွေကျ မကြည်တဲ့ရုပ်နဲ့ "

" မောင့်အသက်ကလည်း......၊ မဟုတ်ပါဘူးကွာ... "

" ဘာမဟုတ်တာလဲ.. မင်းအကြောင်း မသိရင်ခက်မယ်.. "

" ဟား... ဟုတ်ပါပြီ ဟုတ်ပါပြီ၊ မောင် လွန်းလေးကိုပြောထားပါ့မယ်၊ ထမင်းစားတော့နော်... ကျောင်းကိုပြန်သွားရအုံးမှာမဟုတ်လား၊ ဖြေးဖြေးစား... "

ဆင်ပေါက်ရဲ့ထမင်းပန်းကန်ထဲကို ဟင်းတွေခပ်ထည့်ပေးရင်း ရာသီဥတုကအနည်းငယ်ပူတော့ ဆင်ပေါက်ရဲ့ဘေးကနေ ကျုပ်က အဆင်သင့်ယပ်တောင်လေးခပ်ပေးလျက်ပေါ့။ ကျုပ်ရဲ့ဆင်ပေါက်လေးက ထမင်းစားပြီးတာနဲ့ခဏလေးပဲ အိမ်မှာနားကာ ကျောင်းကိုပြန်သွားသည်။ ကျုပ်က လိုက်ပို့ပေးမယ်လို့ပြောပေမဲ့ လွန်းလေးကို နေ့လည်ကျရင် ကျောင်းလာဖို့ကိုသာ သွားပြောခိုင်းတော့ ကျုပ်အဘအိမ်ကို သွားလိုက်ရတယ်။ လွန်းလေးက တကယ်အလည်လေး။ ဆင်ပေါက်မိဘတွေနဲ့ကျုပ်မိဘတွေက သူ့ကိုအလိုလိုက်လွန်းတော့ တစ်ခုခုအပြစ်လုပ်မိတာနဲ့ အဲ့ဒီနှစ်အိမ်ကိုပြေးတော့တာပဲ။ အခုလို ကျောင်းမှာအပြစ်လုပ်ရင်လည်း မနက်ခင်းကျောင်းတစ်ပိုင်းမှာ အပြသ်လုပ်မိရင် နေ့လည်ကျောင်းတစ်ပိုင်းကိုမသွား၊ နေ့လည်ကျောင်းတစ်ပိုင်းမှာအပြစ်လုပ်ထားရင် နောက်နေ့ကျောင်းကိုတစ်ရက်လုံးမသွားတတ်တဲ့အကျင့်ဆိုးလေးရှိသည်။ ဒါ့ကြောင့် ဆင်ပေါက်က ကျွန်တော့်ကို လွန်းလေးဆီလွှတ်ရခြင်းဖြစ်သည်။ ကျုပ်လည်း တာဝန်မပျက် လွန်းလေးကိုလိုက်ရှာကာ ကျောင်းသွားဖို့ပြောရတယ်။ လွန်းလေးက ဆင်ပေါက်ကိုမကြောက်တာမဟုတ်ပေမဲ့ ကျုပ်က ကျုပ်နဲ့တစ်ပုံစံတည်းတူတဲ့လွန်းလေးရဲ့အကြောင်းကိုပိုသိတော့ ကျုပ်ပြောရင် လွန်းလေးက နားထောင်တာများတာပေါ့။ ကျုပ်အဘတို့အိမ်သွားပြီး လွန်းလေးကိုကျောင်းသွားဖို့ပြောပြီးတာနဲ့ ကျုပ်လည်း ကိုယ့်အိမ်ကိုသာပြန်လာခဲ့သည်။

ညနေရောက်တော့ လွန်းလေးက မနက်ဖြန်ကျောင်းပိတ်တာမို့ ဒီနေ့ကျုပ်အဘတို့အိမ်မှာနေခဲ့မယ်ဆိုတော့ ကျုပ်လည်း လွန်းလေးကို အဘတို့အိမ်မှာထားခဲ့လိုက်တယ်။ ကျုပ်ဘေးက ဆင်ပေါက်ကတော့ လွန်းလေးကိုမျက်စောင်းလေးသာထိုးသည်။ သူ့ဖေငယ် အခုထိသူ့ကိုစိတ်မကြည်သေးမှန်းသိတဲ့ လွန်းလေးက ဇာတ်ကလေးပုကာ ကျုပ်အမခေါ်ရာနောက် မပြေးရုံတမယ်လိုက်သွားသည်။

" မောင့်အသက်ရယ်... နှုတ်ခမ်းကြီးကိုအဲ့လိုဆူမထားပါနဲ့၊ မောင့်အသက်ရဲ့နှုတ်ခမ်းက ကြာရင် ဘဲနှုတ်သီးဖြစ်တော့မယ်... "

" တေလွန်း... မင်းနော် "

" ဟား.... ဟား... "

ညနေစာစားပြီးတော့ ဆင်ပေါက်က သူ့ကျောင်းသားတွေရဲ့လေ့ကျင့်ခန်းစာအုပ်တွေကို အမှတ်လိုက်ခြစ်နေတယ်။ ကျုပ်ကတော့ ပွဲရုံက မပြီးပြတ်သေးတဲ့စာရင်းတွေကိုစစ်ရင်း ဆင်ပေါက်ကို လိုက်စနေတာလေ။

" မနက်ဖြန် ကျောင်းပိတ်တယ်မလား...၊ နောက်နေ့မှ အမှတ်ဆက်ခြစ်လေ.... မောင့်ဆင်ပေါက်ရဲ့ "

" တော်ပါပြီ... လုပ်ရမဲ့ဟာကို အကြွေးမထားချင်ဘူး၊ ကိုယ်လုပ်ရမဲ့ဟာကို နောက်ရွေ့ပြီးလုပ်တဲ့သူက တကယ်ကိုအရူးပဲ... ဘယ်လိုနေနေ ကိုယ်လုပ်ရမှာပဲလေ... စောပဲလုပ်လုပ် နောက်ကျပြီးပဲလုပ်လုပ် ဒီအလုပ်က ဒီအလုပ်ပဲ...၊ နောက်ကျမှလုပ်မယ်ဆိုပြီး အချိန်ရွေ့တော့မှ ရွေ့လိုက်တဲ့အချိန် နောက်ထပ်အလုပ်တစ်ခုပေါ်လာရင် ကိုယ်ပဲ ပိုပင်ပန်းတော့မှာ... ငါပြောတာ ဟုတ်တယ်မလား "

ကျွန်တော်လည်း တေလွန်းပြောတာကိုလက်မခံတဲ့အကြောင်း တေလွန်းကိုမကြည့်ဘဲ အမှတ်ခြစ်ရင်းပြောလိုက်တယ်။ ပြန်ဖြေသံမကြားလို့ တေလွန်းကိုကြည့်လိုက်တော့ ကျွန်တော့်ကို ပြုံးပြုံးကြီးစိုက်ကြည့်နေသည်။

" ဘာကြည့်တာလဲ... "

" မောင့်ဆင်ပေါက်လေးက တကယ့်ကိုကျောင်းဆရာလေးပဲ...၊ မောင့်ကို မောင့်အသက်ရဲ့ကျောင်းသားလေးလို့များ ထင်နေတာလား... ဟင် "

" ငါက ယေဘုယျတရားကိုပြောပြတာ... "

" အမ်း.... ဒါဆို မောင် လုပ်ရမဲ့အလုပ်တစ်ခုရှိတယ်... မောင့်အသက်ပြောမှ သတိရတော့တယ်ကွာ... "

" ဘာလုပ်ရမှာမို့လို့လဲ... "

ပကတိဖြူစင်တဲ့အမေးလေးပါပဲ၊ ခက်တာက ကျုပ်ပြောတာက မဖြူစင်တော့ခက်ပါရဲ့ဗျာ။ ကျုပ်လည်း မထူးတော့ပြီမို့ စစ်လက်စစာရင်းတွေကိုထားခဲ့ကာ ဆင်ပေါက်ရဲ့အနားမှာသွားထိုင်လိုက်တယ်။ ပြီးတာနဲ့ ဆင်ပေါက်ရဲ့ကိုယ်လေးကို ဆွေ့ကနဲကောက်ချီကာ ကျုပ်ရင်ခွင်ထဲထည့်၍ခါးကိုဖက်လိုက်တယ်။

" ဟာ... ဘာလုပ်တာလဲ "

" မောင်လည်း ချစ်ချင်လို့လေ... မောင့်အသက်လို အမှတ်ခြစ်စရာမရှိတော့ မောင့်အသက်ကိုချစ်မလို့...၊ ရှက်မနေပါနဲ့ကွာ... သမီးမှ မရှိဘဲ... "

အခုချိန်ထိ ကျုပ်ကိုရှက်နေသေးတဲ့ကျုပ်ရဲ့ဆင်ပေါက်။ အရင်က လွန်းလေးရှိလို့ဆိုကာ ခဏခဏ လူလည်ကျပြီးကျုပ်ကိုရှောင်ဖယ်နေတဲ့ဒီဗုဒ္ဓဟူးလေး၊ ကဲ အခုတော့ဘာတက်နိုင်သေးလဲ။

" ပူကပူနဲ့... ဖယ်စမ်းပါကွာ၊ ငါ့ကိုယ်ကြီးက မလေးဘူးလား "

" ဟား... ပူရင် ယပ်တောင်ခပ်ပေးမယ် ဒါပေမဲ့ အပြင်မှာမိုးတွေအုံ့မှိုင်းနေတာကို မောင့်အသက်က ပူနေတာလား.. ဟမ်၊ ပြီးတော့ ဟော့ဒီကဆင်ပေါက်ကို မောင်က လက်တစ်ဖက်တည်းနဲ့တောင်အေးဆေးပွေ့လို့ရတယ်.. မလေးဘူး "

" ဘာပဲဖြစ်ဖြစ် ဖယ်ပေး၊ ငါ မနေတတ်ဘူး... ဒီမှာ အလုပ်လုပ်နေတာကို "

" ဆင်ပေါက်... မောင့်ရဲ့ဆင်ပေါက်လေး... "

ကျွန်တော် တေလွန်းရဲ့ကိုယ်ပေါ်ကနေ အသာရုန်းထဖို့ကြိုးစားတော့ ကျွန်တော့်ရဲ့နား,နားကပ်ကာ တေလွန်းက သြရှရှအသံနဲ့ခေါ်သည်။ တေလွန်းရဲ့အသံအနေအထား၊ အပြုအမူနဲ့ ကျွန်တော်ရောက်နေတဲ့နေရာကနေခံစားမိတဲ့အထိအတွေ့တစ်ခုကြောင့် ဘာဖြစ်တော့မယ်ဆိုတာကို ကျွန်တော် သိလိုက်တယ်။

" မောင့်အသက်လေး... ဆင်ပေါက်လို့... မောင် မင်းကိုအရမ်းလွမ်းနေတာ၊ မောင့်ကို မသနားဘူးလားဟင်... "

ကျွန်တော် ပက်ခနဲပြန်ပြောချင်ပေမဲ့ တေလွန်းပြောတာက အမှန်ပင်။ လွန်းလေးရောက်လာကတည်းကစပြီး ကျွန်တော်ကျောင်းဆရာစလုပ်တဲ့အချိန် အခုထိ တေလွန်းက သူ့ဆန္ဒကိုအတက်နိုင်ဆုံးထိန်းချုပ်ရှာသည်။ လွန်လေး ငယ်ငယ်ကလည်း ကျွန်တော်နဲ့တေလွန်း တစ်ယောက်တစ်လှည့်ထိန်းရင်း၊ တခါတလေကျရင် နှစ်ဖက်အဖိုးအဖွားတွေနဲ့မမစုစုစံတို့ကလာထိန်းပေမဲ့ ကျောင်းတစ်ဖက်၊ စီးပွားရေးတစ်ဖက်နဲ့ကလေးထိန်းရတဲ့ကျွန်တော်တို့ကအများဆုံးပင်ပန်းတာမို့ တေလွန်းက ကျွန်တော့်အပေါ် သူဆန္ဒရှိရင်တောင် တော်တော်စောင့်ထိန်းရှာသည်။ ကျောင်းဆရာလုပ်တော့လည်း ထိုနည်း၎င်းပင်။ ဒါတောင် တခါတလေမှ တေလွန်းကတောင်းဆိုရင်တောင် လွန်းလေးကိုအကြောင်းပြပြီး ကျွန်တော်က ငြင်းသေးတယ်။ အသက်ရွယ်နဲ့ကျင်လည်ရတဲ့ပတ်ဝန်းကျင်နယ်ပယ်တွေကြောင့် တချို့ကိစ္စတွေကို ကျွန်တော်လည်း တော်တော်သိလာခဲ့ပြီ။ အိမ်ထောင်ရေးတစ်ခုမှ လေးစားမှု၊ နားလည်မှု၊ သစ္စာရှိမှု၊ တန်ဖိုးထားမှု၊ ယုံကြည်မှုနဲ့ ချစ်ခြင်းမေတ္တာအပြင် အိမ်ထောင်ရေးသုခဟာလည်း တစ်ထောင့်တစ်နေရာက အရေးပါအရာရောက်တဲ့အရာဖြစ်နေသည်။

" ဟင်း... မောင့်အသက် အဆင်မပြေရင်လည်း ဘာမှမဖြစ်ပါဘူး...၊ ဒါပေမဲ့ မောင် ဒီအတိုင်းလေးပဲ ဖက်ထားမယ်နော်... မွ! "

ကျုပ်အနေနဲ့ ဆင်ပေါက်ဘက်က ငြင်းရင် ဇွတ်မတောင်းဆိုဘူး၊ ကျုပ်ရဲ့အချစ်က ဆင်ပေါက်ရဲ့ခန္ဓာကိုယ်အသွေးအသားအဆပါ်မှာပဲရှိတာမှမဟုတ်တာ...၊ ကျုပ်က ဆင်ပေါက်ဆိုတဲ့ဖြစ်တည်မှုတိုင်းကို ချစ်ပေးနိုင်တယ်။ ဘာအကြောင်းနဲ့မှ ဆင်ပေါက်အပေါ်မှာစိတ်ပျက်သွားမှာလည်း မဟုတ်သလို၊ ဘဝင်မကျတာ၊ နားလည်မပေးနိုင်တာလည်းရှိမှာမဟုတ်ဘူး။ ကျုပ်ရဲ့အချစ်က ဆင်ပေါက်က အမြဲထာဝရဆိုတာထက်ပင် ပို၍သာလွန်သည်။

" ငါ.. ငါ အဆင်ပြေပါတယ် "

" ဟင်... "

" ဟို... မင်း ပြောတာကို ငါအဆင်ပြေပါတယ်လို့ "

" တကယ် ​ပြောတာလား.. မောင်က ဒီတိုင်း "

" ကဲ မရှည်စမ်းနဲ့၊ ငါ.. ငါပြောသလို လုပ်..လုပ်ရမဲ့ကိစ္စကို ချက်ချင်းလုပ်..လုပ်လိုက်တာက အဆင်ပြေတယ်၊ နောက်ကျမှဆိုရင် ပင်..ပန်းလိမ့်မယ် "

ကျုပ်ရင်ခွင်ထဲကနေ စကားတွေထစ်နေတဲ့ကျုပ်ရဲ့ဆင်ပေါက်လေး။ အိမ်ထောင်သက် ခုနှစ်နှစ်ကျော်နေပြီကို.. အခုထိရှက်နေတုန်း။ တကယ့် ဖိုးသခွားလေး။

" အဲ့တာဆို ဒီနေ့တစ်ညလုံး... မောင့်အသက်လေး အိပ်ရေးပျက်တော့မှာပဲ၊ မောင်က အရမ်း..အရမ်း..အရမ်းလွမ်းနေခဲ့တာ မောင့်အသက်လေး အဆင်ပြေပါ့မလား "

" အ..အရမ်းကြီးတော့ အဆင်မပြေ..ပြေဘူးလေ၊ ငါ..ငါလည်း ပင်ပန်းနေတယ်လေ.. မောင် "

အား...။ ကျုပ်တော့ ရူးတော့မှာပဲ။ ကျုပ်ပြောခဲ့ဖို့ မေ့နေတာ... ကျုပ်ရဲ့ဆင်ပေါက်လေးမှာ ကျုပ်ကိုနိုင်ကွက်တစ်ခုရှိတယ်ဗျ။ အဲ့တာက ကျုပ်ကို ဘယ်တော့နေနေ မောင်လို့မခေါ်တဲ့ကျုပ်ရဲ့ဆင်ပေါက်က အခုလိုအချိန်တွေဆို မောင်လို့အမြဲခေါ်တာလေ။

" ဟာ... ဆင်ပေါက် မင်း အကျင်ယုတ်တယ်ကွာ "

" ဘာလဲ... မောင်ကလည်း "

နိုင်ကွက်ကိုဖိပြီးပြောတော့ ဗုဒ္ဓဟူးသားက ရှက်နေတာတောင် ကျုပ်ကိုပြန်​ပြီးစနိုင်နေသေးတာပေါ့။ ဟင်း.. ဟင်း.. ကျုပ် အလျော့ပေးထားလို့ပါ။

" ဟာ.. လာစမ်းကွာ၊ ဒီနေ့ညတော့ မင်းပါးစပ်က မောင်လို့ဘယ်လောက်ခေါ်ခေါ် မင်း အိပ်ရေးပျက်ကိုပျက်ရမယ်... "

" အမေ့!...၊ မောင်... အသက်ကို မသနားဘူးလားဟင် မောင်လို့.... "

ကျွန်တော့်ကို ရုတ်တရက်ပွေ့ချီကာ အံကိုခပ်တင်းတင်းကြိတ်ပြီး အိပ်ခန်းထဲသွားနေတဲ့တေလွန်းက တော်တော်ရယ်စရာကောင်းတယ်။ " မောင် " တဲ့။ ကျွန်တော် တေလွန်းကိုခေါ်တဲ့နာမ်စားလေးက တေလွန်းခေါ်စေချင်လွန်းလို့ သူ့ကိုယ်သူသုံးနှုန်းတဲ့ " မောင် " ဆိုတဲ့စကားလုံးလေးပေါ့။ အမြဲတမ်း ခေါ်ချင်ပေမဲ့လည်း ထိုနာမ်စားလေးကို တန်ဖိုးမဲ့မသွားစေချင်။ ဒီလိုပြောလို့ တေလွန်း သူ့ကိုယ်သူသုံးနှုန်းတဲ့အကျင့်ရယ်၊ ကျွန်တော့်အပေါ်သုံးနှုန်းတဲ့နာမ်စားတွေကို အပေါစားဆန်တယ်လို့မဆိုလို။ လူတိုင်းမှာ သူ့ခံယူချက်နဲ့ သူရှိကြတာပဲလေ။ တေလွန်းလည်း အဲ့လိုပဲပေါ့။ တေလွန်းပြောပြဖူးသလို သူ့ရဲ့ဝင်သက်ထွက်သက်မှန်သမျှ၊ သူ့ရဲ့တစ်ကိုယ်လုံးမှာ ကျွန်တော့်ကိုချစ်တဲ့အချစ်တွေကထားစရာနေရာမရှိတော့လောက်အောင် တစတစနဲ့အမြဲတိုးနေတာကြောင့် ကြာရင်ရူးသွားမှာစိုးလို့ သူ့ကိုယ်သူနဲ့ကျွန်တော့်ကို သူ့ရဲ့ထာဝရထက်ပိုသောအချစ်တွေပျော်ဝင်နေတဲ့နာမ်စားလေးတွေသုံးနှုန်းသလို ကျွန်တော်ဟာလည်း ကျွန်တော့်ခံယူချက်နဲ့ကျွန်တော်သာ။

" သနားတာပေါ့... သနားလွန်းလို့ မောင့်အသက်ကို တစ်ညလုံး မောင့်ရင်ခွင်ထဲမှာမအိပ်ခိုင်းဘဲ ပုံပြင်တွေတစ်ပုဒ်ပြီးတစ်ပုဒ်ပြောပြပြီး ချော့သိပ်ပေးမယ်.... "

တေလွန်းက အံကိုကြိတ်ပြီး မြန်ဆန်နေသာအသံရှုသံနဲ့ စွဲဆောင်မှုရှိတဲ့အပြုံး၊ စူးရှညှို့ငင်အားပြင်းတဲ့အကြည့်တွေနဲ့ ပြန်ဖြေသည်။

" ချစ်တယ်... မောင် "

" မောင်က ပိုချစ်တယ်... "

စနေသားရဲ့ဆင်ပေါက်ဟာ စနေသားရဲ့ပုံပြင်တွေကိုတစ်ပုဒ်ပြီးတစ်ပုဒ်စိတ်ဝင်စားစွာနားထောင်ရင်း....။

စနေသားပြောပြတဲ့ပုံပြင်တွေဟာ ပျော်ရွှင်ဖွယ်ရာဇာတ်သိမ်းတွေချည်းသာဖြစ်ပြီး.. အပြင်လက်တွေ့ဘဝနဲ့တစ်ထပ်တည်းကျခဲ့သည်။ နေထွက်ချိန်မှနေဝင်ချိန်ထိ.. ညနေမှောင်ရီပျိုးဝအချိန်မှမနက်မိုးသောက်ချိန်အထိ အစ၊အလယ်၊အဆုံး.. နိဒါန်း၊စာကိုယ်၊နိဂုံးလှပတဲ့ဇာတ်လမ်းပုံပြင်လေးဟာ စနေသားနဲ့ဆင်ပေါက်ရဲ့ချစ်ခြင်းမေတ္တာအကြောင်းပင်။

နှစ်ပေါင်းများစွာကြာမြင့်ရှည်လျားစွာဖြတ်သန်းပြီးသည့်အခါ ထိုအနီးအနားလူတွေပါးစပ်ဖျားမှာ ကာယကံရှင်နှင့်ဆွေမျိုးနီးစပ်တော်စပ်ကြသူများမှအပ စနေသားနဲ့ဆင်ပေါက်ရဲ့ချစ်ခြင်းမေတ္တာအကြောင်းကိုဖွင့်ဆိုပြောသူများသိပ်မရှိတော့။ ထိုအစား ထိုအနီးနားပတ်ဝန်းကျင်ရှိ ကျယ်ပြောနက်နဲသောတောကြီးနဲ့ထိစပ်လျက်ရှိသည့်စိမ်းစိုအုံ့မှိုင်းကာလူသားတို့ရောက်ရန်ခက်ခဲတယ်လို့ယူဆထားကြတဲ့တောင်တန်းကြီးပေါ်က တောင်တန်းအရှင်နဲ့သူ့ရဲ့အချစ်တော်မြွေဖြူလေးအကြောင်းက ရာဇဝင်တစ်ပုဒ်အဖြစ်နဲ့ လူတိုင်းရဲ့ပါးစပ်ဖျားမှာ နောင်နှစ်များစွာထိဆက်လက်တည်ရှိသွားပါလိမ့်မည်။ ထိုဇာတ်လမ်းပုံပြင်ထဲမှာ တောင်တန်းအရှင်နှင့်သူ့ရဲ့အချစ်တော်မြွေဖြူလေးတို့ရဲ့လူပြန်ဝင်စားတဲ့အကြောင်းဟာလည်း မပါမဖြစ်ပင်။

                      ပြီးပါပြီ။    ။

Zawgyi
Episode _ 32 { Final episode }

" ျမလြန္းရွင္!! "

တိတ္ဆိတ္ေနတဲ့ၿခံဝိုင္းႀကီးထဲမွာ ေဒါသတႀကီးေအာ္သံတစ္ခုက က်ယ္ေလာင္စြာထြင္ေပၚလာသည္။ ထိုအသံဟာ အျခားသူ၏အသံေတာ့မဟုတ္၊ ရွင္ေမႊးေခၚ စေနသားရဲ့ဆင္ေပါက္အသံသာျဖစ္သည္။

က်ဳပ္ အိမ္ေအာက္မွာ ေန့လည္စာအတြက္ထမင္းပြဲျပင္ေနတုန္း ၿခံထဲကိုေဒါသတႀကီးဝင္လာတဲ့အျဖဴအစိမ္းနဲ႔ေက်ာင္းဆရာ​ေပါက္စေလး​။ အျခားသူေတာ့မဟုတ္၊ က်ဳပ္ရဲ့ႏွစ္ေယာက္မရိွတဲ့ဆင္ေပါက္ေပါ့ဗ်ာ။ အခုဆို ဆင္ေပါင္က ေက်ာင္းၿပီးလို႔ ရြာကစာသင္ေက်ာင္းေလးမွာ မူလတန္းျပေက်ာင္းဆရာဝင္လုပ္ေနၿပီေလ။ ထိုနည္းတူ ကြၽန္ေတာ္လည္း ဘြဲ႔ရၿပီးျဖစ္သည္။ ဆင္ေပါက္ကေတာ့ သူသင္ထားတဲ့ေက်ာင္းပညာနဲ႔ သူဝါသနာပါတဲ့အလုပ္ကိုေရြးခ်ယ္သည္။ က်ဳပ္ကေတာ့ လယ္ယာလုပ္ငန္းကိုအရင္ကသာ စိတ္ဝင္စားခဲ့တာ၊ အခုေတာ့ ကုန္စိမ္းနဲ႔သစ္သီးေရာင္းဝယ္ေဖာက္ကားေရးလုပ္ငန္းကိုအတည္တက်လုပ္ေနသလို တခါတေလ ပြဲစားအလုပ္ကိုလည္းသေဘာက်ေတာ့ ပြဲစားလည္း ဆက္လုပ္ေနတယ္။ လယ္ယာေတြကေတာ့ အရင္အတိုင္းပဲ စာရင္းငွားခ်ထားရတာေပါ့။ က်ဳပ္ ဒိုင္လုပ္ရတဲ့အေၾကာင္းက လြန္ခဲ့တဲ့ေျခာက္ႏွစ္က က်ဳပ္နဲ႔ဆင္ေပါက္ရဲ့ဘဝထဲကိုေရာက္လာတဲ့အႏွီထုပ္နဲ႔ကေလးေၾကာင့္ပင္။ က်ဳပ္နဲ႔ဆင္ေပါက္ ကေလးကိုရြာအထိေခၚလာၿပီး ရြာကလူႀကီးေတြနဲ႔က်ဳပ္တို႔မိဘေတြကိုအသိေပးကာ က်ဳပ္တို႔ပဲတရားဝင္ေမြးစားခဲ့တယ္။ ကေလးက မိန္းကေလးျဖစ္ၿပီး ကေလးရဲ့ေမြးေန့ေမြးရက္၊ ခုႏွစ္သကၠရာဇ္ကိုသိေနေတာ့ ဘဘုန္းဆီမွာ ကေလးအတြက္နာမည္ေရြးခဲ့တယ္။ ဒါေပမဲ့ ဘဘုန္းေပးတဲ့နာမည္ေတြကို က်ဳပ္ မႀကိဳက္ဘူး၊ ေနာက္ဆံုး က်ဳပ္လည္း က်ဳပ္နာမည္လည္းပါရတယ္၊ ဆင္ေပါက္နာမည္လည္းပါရမယ္ဆိုၿပီးစဥ္းစားလိုက္တာ " ျမလြန္းရွင္ " ဆိုတဲ့နာမည္ထြက္လာေတာ့တာပဲ။ ဘာလို႔ဆို ကေလးက က်ဳပ္နဲ႔ဆင္ေပါက္ရဲ့ကေလးျဖစ္သြားၿပီဆိုေတာ့ က်ဳပ္တို႔နာမည္ေတာ့ပါသင့္တယ္မလား။ က်ဳပ္ေပးတဲ့နာမည္ကို ဘဘုန္းကလည္း အဆင္ေျပတယ္တဲ့၊ ဒါေပမဲ့ ျပႆနာက တစ္ခုေလးပဲ....။ ကေလးက က်ဳပ္ေပးတဲ့နာမည္ေၾကာင့္ နည္းနည္းေတာ့ထိန္းရခက္လိမ့္မယ္တဲ့ေလ။ က်ဳပ္ မမႈပါဘူး။ အဓိကက က်ဳပ္နဲ႔ဆင္ေပါက္ရဲ့နာမည္ပါရင္ ၿပီးတာပဲ။ ဒီနာမည္ကို ဆင္ေပါက္လည္း သေဘာက်တယ္ေလ။

အခုေတာ့ ဘဘုန္းေျပာတဲ့အတိုင္း က်ဳပ္ရဲ့သမီးက ေတာ္ေတာ္ဆိုးသည္။ ဘယ္ေလာက္ဆိုးသလဲဆိုလ်ွင္ တစ္ရြာလံုးကပင္ ျမလြန္းရွင္လို႔ဆိုလိုက္တာနဲ႔ ေတလြန္းအေသးစားဆိုတာ တန္းသိၾကသည္။ က်ဳပ္ရဲ့ေျခရာကိုထပ္ၾကပ္မကြာနင္းႏိုင္တဲ့ သမီးအလိမၼာေလးပင္။ တစ္ရြာလံုးကို ပတ္ေမႊတတ္တာေတြ၊ ေပကပ္ကပ္ႏိုင္တာေတြ၊ အဲ့လိုဆိုးေပေပမဲ့ တစ္ရြာလံုးရဲ့အခ်စ္ခံေလးျဖစ္ေနရတာေတြ အကုန္လံုးက က်ဳပ္ ငယ္ငယ္ကနဲ႔တစ္ပံုစံတည္း။ ဒါ့အျပင္ ပိုၿပီးအံ့ၾသဖို႔ေကာင္းတာက သမီးက က်ဳပ္နဲ႔ဆင္ေပါက္ရဲ့မ်က္ႏွာကိုစပ္ၿပီးေမြးထားသလိုပင္။ မ်က္လံုး၊ မ်က္ခံုးက က်ဳပ္နဲ႔ခြၽတ္စြပ္တူၿပီး မ်က္ႏွာက်နဲ႔ပန္းသီးပံုစံႏႈတ္ခမ္းက ဆင္ေပါက္နဲ႔လံုးဝခြၽတ္စြပ္။ အသားအေရက က်ဳပ္နဲ႔တူလို႔ေဖြးေဖြးေလး... ဆင္ေပါက္နဲ႔တူရင္ေတာ့ နည္းနည္းမဲသြားမွာေပါ့ေနာ္။ မိန္းကေလးသာဆိုတယ္ ၫွပ္လိုက္တဲ့ဆံပင္ေကက သူ႔ေဖငယ္ က်ဳပ္ရဲ့ဆင္ေပါက္ ငယ္ငယ္ကၫွပ္ေလ့ရိွတဲ့အုန္းမႈန္႔ခြက္ေက။ ဒါေပမဲ့လည္း ခ်စ္ေမႊးပါေနေတာ့ က်ဳပ္သမီးက ဘယ္လိုေနေနကို ခ်စ္စရာေကာင္းေနတာဗ်။ က်ဳပ္ရဲ့ဆင္ေပါက္ကိုေတာ့ မမွီဘူးေပါ့ဗ်ာ။

အခုလည္း ဘာေတြေမႊလိုက္ျပန္ၿပီလဲမသိဘူး။ သူ႔ေဖငယ္က ေတာ္ေတာ္ေဒါသထြက္ေနျပန္ၿပီ။

" ေမာင့္အသက္... "

" ေတလြန္း... မင္းရဲ့သမီး ဘယ္မွာလဲ "

" ဟင္.. ေမာင့္ရဲ့သမီးက ဘယ္သူတုန္း ေမာင့္အသက္ရဲ့ "

ကြၽန္ေတာ့္ကို မအူမလည္ပံုစံနဲ႔တမင္ျပန္ေမးတဲ့ေတလြန္းေၾကာင့္ ကြၽန္ေတာ္ပိုၿပီးစိတ္တိုလာတယ္။ ဘယ္ေတာ့ေနေန အၿမဲတမ္း သမီးဘက္ကေန ကာဆီးကာဆီးလုပ္တတ္တဲ့ေတလြန္း။ သူ႔ေၾကာင့္လည္း သမီးက ပိုပိုဆိုးလာတာ။ ဆိုးလာတယ္ဆိုတာက ေျပာမရဆိုမရ..လူႀကီးသူမကိုမသိတတ္..ရိုင္းစိုင္းေနတာမ်ိဳးမဟုတ္... ကြၽန္ေတာ့္စကားဆို ေရ႔ွတင္နားေထာင္ၿပီး ကြယ္ရာက်မွ လုပ္ခ်င္တာလုပ္တတ္တာမ်ိဳး။ မိန္းကေလးတန္မဲ့ မိန္းကေလးလိုမေနဘဲ ေယာက္်ားေလးေတြထက္ပင္ သူက တစ္ပန္းသာေနေတာ့ ကြၽန္ေတာ့္မွာ မနည္းလိုက္ထိန္းေနရတယ္။ တကယ္ပါ... ဘဘုန္းေျပာတုန္းက စကားကို ကြၽန္ေတာ္နားေထာင္လိုက္သင့္တယ္ " မင္းတို႔နာမည္ပါေနရင္ မင္းတို႔နဲ႔တစ္ပံုစံတည္းျဖစ္မွာေနာ္ " တဲ့။ အခုေတာ့ ကြၽန္ေတာ့္နာမည္လည္းပါရဲ့သားနဲ႔ ဘာလို႔ သူ႔ေဖႀကီးနာမည္စီးၿပီး သူ႔ေဖႀကီးနဲ႔တစ္ပံုစံတည္း တူသြားရတယ္လို႔။ ေယာက္်ားေလးဆိုရင္ ကိစၥသိပ္မရိွဘူးေလ.. အခုဟာက မိန္းကေလးျဖစ္ေနေတာ့ အမ်ားအျမင္ ဘယ္တင့္တယ္ပါ့မလဲ။ ကြၽန္ေတာ္ကသာ အဲ့လိုေတြးတာ သူ႔ေဖႀကီး အေမာင္ေတလြန္းကေတာ့ သူ႔သမီးလုပ္သမ်ွကို တဟားဟားရယ္ရင္း အားေပးအားေျမႇာက္အၿမဲလုပ္ေနတာေလ။ အခုလည္း ၾကည့္ပါလား။

" ငါ ေဒါသထြက္လာတာေနာ္... ေတလြန္း "

" ေဟာဗ်ာ! ဟင္း... ေမာင့္အသက္လည္း ေက်ာင္းဆရာျဖစ္ကတည္းက အရမ္းစိတ္ဆတ္လာတာပဲ.. နည္းနည္းေလးမွကို အတိမ္းအေစာင္းကိုမခံေတာ့ဘူးေနာ္... "

ေတလြန္းက မ်က္ႏွာေလးငယ္ကာ ေျပာေတာ့ ကြၽန္ေတာ္ျဖစ္ေနတဲ့ေဒါသေတြက ၾကက္ေပ်ာက္ငွက္ေျပာက္ စိတ္ထဲကေန ပ်ာယာခတ္သြားသည္။ ေတလြန္းေျပာတာလည္း ဟုတ္တယ္။ ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္လည္းသိတယ္။ ေက်ာင္းဆရာ စလုပ္ကတည္းက ကြၽန္ေတာ္ အေသးအမႊားကိစၥေလးကအစ စိတ္ဆတ္လာတယ္။

" ေမာင့္အသက္ ေမာင့္ကို တခါတေလေျပာတဲ့စကားေတြက ေမာင့္ကအရမ္းဝမ္းနည္းေစတာပဲ... "

" ဟို .. ငါက အဲ့လိုျဖစ္ေစခ်င္လို႔ေျပာတာမဟုတ္ပါဘူး၊ မင္း သိတယ္မလားဟင္.. ငါက "

" ေမာင္သိပါတယ္.. ေမာင့္အသက္ ေမာင့္အေပၚမွာ အဲ့လိုမျဖစ္ေစခ်င္မွန္း.. တမင္လုပ္တာမဟုတ္မွန္းလည္း သိတယ္.. ဒါေပမဲ့ ေမာင္ ဝမ္းနည္းမိတာေတာ့ အမွန္ပဲ ေမာင့္အသက္ရဲ့ "

ကဗ်ာကယာေျဖရွင္းခ်က္ထုတ္ေနတဲ့က်ဳပ္ရဲ့ဆင္ေပါက္ေလးက သိပ္ခ်စ္ဖို႔ေကာင္းတာပဲ။ အရာရာေျပာင္းလဲသြားေပမဲ့ က်ဳပ္ရဲ့ဆင္ေပါက္ေလးကေတာ့ က်ဳပ္မ်က္လံုးထဲမွာေတာ့ အခုထိဘယ္အရာကမွမေျပာင္းလဲ၊ ဘယ္အက်င့္မွမေျပာင္းလဲေသးဘူး၊ ၿပီးေတာ့ တခ်ိဳ႕ေသာ က်ဳပ္နဲ႔ပတ္သတ္တဲ့အားနည္းခ်က္ေလးေရာေပါ့ဗ်ာ။

" အင္းပါ.. ငါ ေတာင္းပန္ပါတယ္ေနာ္...၊ ငါ ေနာက္တခါ ပိုၿပီးသတိထားပါ့မယ္ေနာ္ "

" အင္းပါ... ထမင္းအရင္စားလိုက္အံုးေလ... ေမာင့္အသက္ရဲ့သမီးက အိမ္ျပန္မလာဘူး၊ သူ႔အဖိုးတို႔အိမ္ႏွစ္အိမ္ထဲက တစ္အိမ္မွာရိွမွာေပါ့... "

" ဟင္း.... ေတလြန္း ငါေျပာလို႔ေျပာတာ မဟုတ္ဘူး၊ မင္းရဲ့သမီးကို နည္းနည္းပါးပါးေလးလည္းထိန္းအံုး.. လြန္းေလးက ငါ့စကားဆို ေရ႔ွတင္ပဲနားေထာင္တာရယ္.. ေနာက္ကြယ္က်ရင္ သူ လုပ္ခ်င္ရာလုပ္တာ.. မင္းနဲ႔တစ္ေထရာတည္းပဲ "

" အင္းပါ.. ေမာင္ ေျပာထားပါ့မယ္ကြာ...၊ ကဲ ေျပာပါအံုး အခု လြန္းေလးက ဘာျပႆနာရွာလိုက္လို႔တုန္း "

" မင္းရဲ့သမီးေပါ့... "

" ေမာင့္အသက္ရယ္ မင္းရဲ့သမီး.. မင္းရဲ့သမီးနဲ႔... လြန္းေလးက ေမာင့္အသက္နဲ႔လည္း ဆိုင္ပါတယ္ဗ်... "

က်ဳပ္ စကားေၾကာင့္ ဆင္ေပါက္ကခ်က္ခ်င္း က်ဳပ္ကိုမ်က္ေစာင္းထိုးေတာ့သည္။

" ဟား... ဟုတ္ၿပီ ဟုတ္ၿပီ၊ ေမာင္ မစေတာ့ဘူး.. ေျပာ ေျပာ "

" မိန္းကေလးတန္မဲ့ အျခားေယာက္်ားေလးေတြနဲ႔ ပိုက္ဆံဒိုးပစ္တယ္ေလ... ၿပီးေတာ့ သူ႔ထက္ ႏွစ္တန္းေတာင္ႀကီးတဲ့ကေလးေတြနဲ႔..၊ ကေလးေတြက သူတို႔ရႈံးေတာ့ လြန္းေလးက ညစ္ၿပီးေဆာ့ပါတယ္ဆိုၿပီး ငါ့ဆီလာတိုင္ၾကေရာ "

လြန္းေလးက အခုဆို ပထမတန္းတက္ေနၿပီျဖစ္ေတာ့ လြန္းေလးထက္ႏွစ္တန္းႀကီးတယ္ဆို လြန္းေလးက တတိယတန္းကေယာက်္ားေလးေတြနဲ႔ကစားတာေပါ့။ လြန္းေလးရဲ့ဇကေတာ့ တကယ္မေခဘူး၊ အဲ့တာ က်ဳပ္နဲ႔တူတာေလ။

" ဟာ.. ဒါကေတာ့ သပ္သပ္အက်င့္ယုတ္တာ "

ေတလြန္းရဲ့စကားေၾကာင့္ ကြၽန္ေတာ္စားလက္စထမင္းပန္းကန္ထဲကဇြန္းကိုခ်ၿပီး ေတလြန္းကို မ်က္ေစာင္းေတြခ်ည္းလိွမ့္ထိုးလိုက္တယ္။ ေတလြန္းေျပာတာက လြန္းေလးကိုေျပာတာမဟုတ္ဘဲ လာတိုင္တဲ့ကေလးေတြကိုရည္ၫႊန္းတာကို ကြၽန္ေတာ္ သိတယ္ေလ။

" အာ... ေမာင္ ေျပာခ်င္တာက လြန္းေလး ေတာ္ေတာ္ဆိုးတာလို႔ေျပာတာ၊ ေမာင့္အသက္ထင္သလို မဟုတ္ဘူးေနာ္ "

" ဟမ့္... မင္းပါးစပ္ဟလိုက္တာနဲ႔ မင္းဗိုက္ထဲ အူဘယ္ႏွေခြရိွလဲဆိုတာကအစ ငါ သိတယ္၊ မင္းရုပ္က လြန္းေလး လုပ္တာကို ဂုဏ္ယူေနၿပီး လာတိုင္တဲ့ကေလးေတြက် မၾကည္တဲ့ရုပ္နဲ႔ "

" ေမာင့္အသက္ကလည္း......၊ မဟုတ္ပါဘူးကြာ... "

" ဘာမဟုတ္တာလဲ.. မင္းအေၾကာင္း မသိရင္ခက္မယ္.. "

" ဟား... ဟုတ္ပါၿပီ ဟုတ္ပါၿပီ၊ ေမာင္ လြန္းေလးကိုေျပာထားပါ့မယ္၊ ထမင္းစားေတာ့ေနာ္... ေက်ာင္းကိုျပန္သြားရအံုးမွာမဟုတ္လား၊ ေျဖးေျဖးစား... "

ဆင္ေပါက္ရဲ့ထမင္းပန္းကန္ထဲကို ဟင္းေတြခပ္ထည့္ေပးရင္း ရာသီဥတုကအနည္းငယ္ပူေတာ့ ဆင္ေပါက္ရဲ့ေဘးကေန က်ဳပ္က အဆင္သင့္ယပ္ေတာင္ေလးခပ္ေပးလ်က္ေပါ့။ က်ဳပ္ရဲ့ဆင္ေပါက္ေလးက ထမင္းစားၿပီးတာနဲ႔ခဏေလးပဲ အိမ္မွာနားကာ ေက်ာင္းကိုျပန္သြားသည္။ က်ဳပ္က လိုက္ပို႔ေပးမယ္လို႔ေျပာေပမဲ့ လြန္းေလးကို ေန့လည္က်ရင္ ေက်ာင္းလာဖို႔ကိုသာ သြားေျပာခိုင္းေတာ့ က်ဳပ္အဘအိမ္ကို သြားလိုက္ရတယ္။ လြန္းေလးက တကယ္အလည္ေလး။ ဆင္ေပါက္မိဘေတြနဲ႔က်ဳပ္မိဘေတြက သူ႔ကိုအလိုလိုက္လြန္းေတာ့ တစ္ခုခုအျပစ္လုပ္မိတာနဲ႔ အဲ့ဒီႏွစ္အိမ္ကိုေျပးေတာ့တာပဲ။ အခုလို ေက်ာင္းမွာအျပစ္လုပ္ရင္လည္း မနက္ခင္းေက်ာင္းတစ္ပိုင္းမွာ အျပသ္လုပ္မိရင္ ေန့လည္ေက်ာင္းတစ္ပိုင္းကိုမသြား၊ ေန့လည္ေက်ာင္းတစ္ပိုင္းမွာအျပစ္လုပ္ထားရင္ ေနာက္ေန့ေက်ာင္းကိုတစ္ရက္လံုးမသြားတတ္တဲ့အက်င့္ဆိုးေလးရိွသည္။ ဒါ့ေၾကာင့္ ဆင္ေပါက္က ကြၽန္ေတာ့္ကို လြန္းေလးဆီလႊတ္ရျခင္းျဖစ္သည္။ က်ဳပ္လည္း တာဝန္မပ်က္ လြန္းေလးကိုလိုက္ရွာကာ ေက်ာင္းသြားဖို႔ေျပာရတယ္။ လြန္းေလးက ဆင္ေပါက္ကိုမေၾကာက္တာမဟုတ္ေပမဲ့ က်ဳပ္က က်ဳပ္နဲ႔တစ္ပံုစံတည္းတူတဲ့လြန္းေလးရဲ့အေၾကာင္းကိုပိုသိေတာ့ က်ဳပ္ေျပာရင္ လြန္းေလးက နားေထာင္တာမ်ားတာေပါ့။ က်ဳပ္အဘတို႔အိမ္သြားၿပီး လြန္းေလးကိုေက်ာင္းသြားဖို႔ေျပာၿပီးတာနဲ႔ က်ဳပ္လည္း ကိုယ့္အိမ္ကိုသာျပန္လာခဲ့သည္။

ညေနေရာက္ေတာ့ လြန္းေလးက မနက္ျဖန္ေက်ာင္းပိတ္တာမို႔ ဒီေန့က်ဳပ္အဘတို႔အိမ္မွာေနခဲ့မယ္ဆိုေတာ့ က်ဳပ္လည္း လြန္းေလးကို အဘတို႔အိမ္မွာထားခဲ့လိုက္တယ္။ က်ဳပ္ေဘးက ဆင္ေပါက္ကေတာ့ လြန္းေလးကိုမ်က္ေစာင္းေလးသာထိုးသည္။ သူ႔ေဖငယ္ အခုထိသူ႔ကိုစိတ္မၾကည္ေသးမွန္းသိတဲ့ လြန္းေလးက ဇာတ္ကေလးပုကာ က်ဳပ္အမေခၚရာေနာက္ မေျပးရံုတမယ္လိုက္သြားသည္။

" ေမာင့္အသက္ရယ္... ႏႈတ္ခမ္းႀကီးကိုအဲ့လိုဆူမထားပါနဲ႔၊ ေမာင့္အသက္ရဲ့ႏႈတ္ခမ္းက ၾကာရင္ ဘဲႏႈတ္သီးျဖစ္ေတာ့မယ္... "

" ေတလြန္း... မင္းေနာ္ "

" ဟား.... ဟား... "

ညေနစာစားၿပီးေတာ့ ဆင္ေပါက္က သူ႔ေက်ာင္းသားေတြရဲ့ေလ့က်င့္ခန္းစာအုပ္ေတြကို အမွတ္လိုက္ျခစ္ေနတယ္။ က်ဳပ္ကေတာ့ ပြဲရံုက မၿပီးျပတ္ေသးတဲ့စာရင္းေတြကိုစစ္ရင္း ဆင္ေပါက္ကို လိုက္စေနတာေလ။

" မနက္ျဖန္ ေက်ာင္းပိတ္တယ္မလား...၊ ေနာက္ေန့မွ အမွတ္ဆက္ျခစ္ေလ.... ေမာင့္ဆင္ေပါက္ရဲ့ "

" ေတာ္ပါၿပီ... လုပ္ရမဲ့ဟာကို အေႂကြးမထားခ်င္ဘူး၊ ကိုယ္လုပ္ရမဲ့ဟာကို ေနာက္ေရြ့ၿပီးလုပ္တဲ့သူက တကယ္ကိုအရူးပဲ... ဘယ္လိုေနေန ကိုယ္လုပ္ရမွာပဲေလ... ေစာပဲလုပ္လုပ္ ေနာက္က်ၿပီးပဲလုပ္လုပ္ ဒီအလုပ္က ဒီအလုပ္ပဲ...၊ ေနာက္က်မွလုပ္မယ္ဆိုၿပီး အခ်ိန္ေရြ့ေတာ့မွ ေရြ့လိုက္တဲ့အခ်ိန္ ေနာက္ထပ္အလုပ္တစ္ခုေပၚလာရင္ ကိုယ္ပဲ ပိုပင္ပန္းေတာ့မွာ... ငါေျပာတာ ဟုတ္တယ္မလား "

ကြၽန္ေတာ္လည္း ေတလြန္းေျပာတာကိုလက္မခံတဲ့အေၾကာင္း ေတလြန္းကိုမၾကည့္ဘဲ အမွတ္ျခစ္ရင္းေျပာလိုက္တယ္။ ျပန္ေျဖသံမၾကားလို႔ ေတလြန္းကိုၾကည့္လိုက္ေတာ့ ကြၽန္ေတာ့္ကို ၿပံဳးၿပံဳးႀကီးစိုက္ၾကည့္ေနသည္။

" ဘာၾကည့္တာလဲ... "

" ေမာင့္ဆင္ေပါက္ေလးက တကယ့္ကိုေက်ာင္းဆရာေလးပဲ...၊ ေမာင့္ကို ေမာင့္အသက္ရဲ့ေက်ာင္းသားေလးလို႔မ်ား ထင္ေနတာလား... ဟင္ "

" ငါက ေယဘုယ်တရားကိုေျပာျပတာ... "

" အမ္း.... ဒါဆို ေမာင္ လုပ္ရမဲ့အလုပ္တစ္ခုရိွတယ္... ေမာင့္အသက္ေျပာမွ သတိရေတာ့တယ္ကြာ... "

" ဘာလုပ္ရမွာမို႔လို႔လဲ... "

ပကတိျဖဴစင္တဲ့အေမးေလးပါပဲ၊ ခက္တာက က်ဳပ္ေျပာတာက မျဖဴစင္ေတာ့ခက္ပါရဲ့ဗ်ာ။ က်ဳပ္လည္း မထူးေတာ့ၿပီမို႔ စစ္လက္စစာရင္းေတြကိုထားခဲ့ကာ ဆင္ေပါက္ရဲ့အနားမွာသြားထိုင္လိုက္တယ္။ ၿပီးတာနဲ႔ ဆင္ေပါက္ရဲ့ကိုယ္ေလးကို ေဆြ့ကနဲေကာက္ခ်ီကာ က်ဳပ္ရင္ခြင္ထဲထည့္၍ခါးကိုဖက္လိုက္တယ္။

" ဟာ... ဘာလုပ္တာလဲ "

" ေမာင္လည္း ခ်စ္ခ်င္လို႔ေလ... ေမာင့္အသက္လို အမွတ္ျခစ္စရာမရိွေတာ့ ေမာင့္အသက္ကိုခ်စ္မလို႔...၊ ရွက္မေနပါနဲ႔ကြာ... သမီးမွ မရိွဘဲ... "

အခုခ်ိန္ထိ က်ဳပ္ကိုရွက္ေနေသးတဲ့က်ဳပ္ရဲ့ဆင္ေပါက္။ အရင္က လြန္းေလးရိွလို႔ဆိုကာ ခဏခဏ လူလည္က်ၿပီးက်ဳပ္ကိုေရွာင္ဖယ္ေနတဲ့ဒီဗုဒၶဟူးေလး၊ ကဲ အခုေတာ့ဘာတက္ႏိုင္ေသးလဲ။

" ပူကပူနဲ႔... ဖယ္စမ္းပါကြာ၊ ငါ့ကိုယ္ႀကီးက မေလးဘူးလား "

" ဟား... ပူရင္ ယပ္ေတာင္ခပ္ေပးမယ္ ဒါေပမဲ့ အျပင္မွာမိုးေတြအံု႔မိႈင္းေနတာကို ေမာင့္အသက္က ပူေနတာလား.. ဟမ္၊ ၿပီးေတာ့ ေဟာ့ဒီကဆင္ေပါက္ကို ေမာင္က လက္တစ္ဖက္တည္းနဲ႔ေတာင္ေအးေဆးေပြ့လို႔ရတယ္.. မေလးဘူး "

" ဘာပဲျဖစ္ျဖစ္ ဖယ္ေပး၊ ငါ မေနတတ္ဘူး... ဒီမွာ အလုပ္လုပ္ေနတာကို "

" ဆင္ေပါက္... ေမာင့္ရဲ့ဆင္ေပါက္ေလး... "

ကြၽန္ေတာ္ ေတလြန္းရဲ့ကိုယ္ေပၚကေန အသာရုန္းထဖို႔ႀကိဳးစားေတာ့ ကြၽန္ေတာ့္ရဲ့နား,နားကပ္ကာ ေတလြန္းက ၾသရွရွအသံနဲ႔ေခၚသည္။ ေတလြန္းရဲ့အသံအေနအထား၊ အျပဳအမူနဲ႔ ကြၽန္ေတာ္ေရာက္ေနတဲ့ေနရာကေနခံစားမိတဲ့အထိအေတြ့တစ္ခုေၾကာင့္ ဘာျဖစ္ေတာ့မယ္ဆိုတာကို ကြၽန္ေတာ္ သိလိုက္တယ္။

" ေမာင့္အသက္ေလး... ဆင္ေပါက္လို႔... ေမာင္ မင္းကိုအရမ္းလြမ္းေနတာ၊ ေမာင့္ကို မသနားဘူးလားဟင္... "

ကြၽန္ေတာ္ ပက္ခနဲျပန္ေျပာခ်င္ေပမဲ့ ေတလြန္းေျပာတာက အမွန္ပင္။ လြန္းေလးေရာက္လာကတည္းကစၿပီး ကြၽန္ေတာ္ေက်ာင္းဆရာစလုပ္တဲ့အခ်ိန္ အခုထိ ေတလြန္းက သူ႔ဆႏၵကိုအတက္ႏိုင္ဆံုးထိန္းခ်ဳပ္ရွာသည္။ လြန္ေလး ငယ္ငယ္ကလည္း ကြၽန္ေတာ္နဲ႔ေတလြန္း တစ္ေယာက္တစ္လွည့္ထိန္းရင္း၊ တခါတေလက်ရင္ ႏွစ္ဖက္အဖိုးအဖြားေတြနဲ႔မမစုစုစံတို႔ကလာထိန္းေပမဲ့ ေက်ာင္းတစ္ဖက္၊ စီးပြားေရးတစ္ဖက္နဲ႔ကေလးထိန္းရတဲ့ကြၽန္ေတာ္တို႔ကအမ်ားဆံုးပင္ပန္းတာမို႔ ေတလြန္းက ကြၽန္ေတာ့္အေပၚ သူဆႏၵရိွရင္ေတာင္ ေတာ္ေတာ္ေစာင့္ထိန္းရွာသည္။ ေက်ာင္းဆရာလုပ္ေတာ့လည္း ထိုနည္း၄ပင္။ ဒါေတာင္ တခါတေလမွ ေတလြန္းကေတာင္းဆိုရင္ေတာင္ လြန္းေလးကိုအေၾကာင္းျပၿပီး ကြၽန္ေတာ္က ျငင္းေသးတယ္။ အသက္ရြယ္နဲ႔က်င္လည္ရတဲ့ပတ္ဝန္းက်င္နယ္ပယ္ေတြေၾကာင့္ တခ်ိဳ႕ကိစၥေတြကို ကြၽန္ေတာ္လည္း ေတာ္ေတာ္သိလာခဲ့ၿပီ။ အိမ္ေထာင္ေရးတစ္ခုမွ ေလးစားမႈ၊ နားလည္မႈ၊ သစၥာရိွမႈ၊ တန္ဖိုးထားမႈ၊ ယံုၾကည္မႈနဲ႔ ခ်စ္ျခင္းေမတၲာအျပင္ အိမ္ေထာင္ေရးသုခဟာလည္း တစ္ေထာင့္တစ္ေနရာက အေရးပါအရာေရာက္တဲ့အရာျဖစ္ေနသည္။

" ဟင္း... ေမာင့္အသက္ အဆင္မေျပရင္လည္း ဘာမွမျဖစ္ပါဘူး...၊ ဒါေပမဲ့ ေမာင္ ဒီအတိုင္းေလးပဲ ဖက္ထားမယ္ေနာ္... မြ! "

က်ဳပ္အေနနဲ႔ ဆင္ေပါက္ဘက္က ျငင္းရင္ ဇြတ္မေတာင္းဆိုဘူး၊ က်ဳပ္ရဲ့အခ်စ္က ဆင္ေပါက္ရဲ့ခႏၶာကိုယ္အေသြးအသားအဆပၚမွာပဲရိွတာမွမဟုတ္တာ...၊ က်ဳပ္က ဆင္ေပါက္ဆိုတဲ့ျဖစ္တည္မႈတိုင္းကို ခ်စ္ေပးႏိုင္တယ္။ ဘာအေၾကာင္းနဲ႔မွ ဆင္ေပါက္အေပၚမွာစိတ္ပ်က္သြားမွာလည္း မဟုတ္သလို၊ ဘဝင္မက်တာ၊ နားလည္မေပးႏိုင္တာလည္းရိွမွာမဟုတ္ဘူး။ က်ဳပ္ရဲ့အခ်စ္က ဆင္ေပါက္က အၿမဲထာဝရဆိုတာထက္ပင္ ပို၍သာလြန္သည္။

" ငါ.. ငါ အဆင္ေျပပါတယ္ "

" ဟင္... "

" ဟို... မင္း ေျပာတာကို ငါအဆင္ေျပပါတယ္လို႔ "

" တကယ္ ​ေျပာတာလား.. ေမာင္က ဒီတိုင္း "

" ကဲ မရွည္စမ္းနဲ႔၊ ငါ.. ငါေျပာသလို လုပ္..လုပ္ရမဲ့ကိစၥကို ခ်က္ခ်င္းလုပ္..လုပ္လိုက္တာက အဆင္ေျပတယ္၊ ေနာက္က်မွဆိုရင္ ပင္..ပန္းလိမ့္မယ္ "

က်ဳပ္ရင္ခြင္ထဲကေန စကားေတြထစ္ေနတဲ့က်ဳပ္ရဲ့ဆင္ေပါက္ေလး။ အိမ္ေထာင္သက္ ခုႏွစ္ႏွစ္ေက်ာ္ေနၿပီကို.. အခုထိရွက္ေနတုန္း။ တကယ့္ ဖိုးသခြားေလး။

" အဲ့တာဆို ဒီေန့တစ္ညလံုး... ေမာင့္အသက္ေလး အိပ္ေရးပ်က္ေတာ့မွာပဲ၊ ေမာင္က အရမ္း..အရမ္း..အရမ္းလြမ္းေနခဲ့တာ ေမာင့္အသက္ေလး အဆင္ေျပပါ့မလား "

" အ..အရမ္းႀကီးေတာ့ အဆင္မေျပ..ေျပဘူးေလ၊ ငါ..ငါလည္း ပင္ပန္းေနတယ္ေလ.. ေမာင္ "

အား...။ က်ဳပ္ေတာ့ ရူးေတာ့မွာပဲ။ က်ဳပ္ေျပာခဲ့ဖို႔ ေမ့ေနတာ... က်ဳပ္ရဲ့ဆင္ေပါက္ေလးမွာ က်ဳပ္ကိုႏိုင္ကြက္တစ္ခုရိွတယ္ဗ်။ အဲ့တာက က်ဳပ္ကို ဘယ္ေတာ့ေနေန ေမာင္လို႔မေခၚတဲ့က်ဳပ္ရဲ့ဆင္ေပါက္က အခုလိုအခ်ိန္ေတြဆို ေမာင္လို႔အၿမဲေခၚတာေလ။

" ဟာ... ဆင္ေပါက္ မင္း အက်င္ယုတ္တယ္ကြာ "

" ဘာလဲ... ေမာင္ကလည္း "

ႏိုင္ကြက္ကိုဖိၿပီးေျပာေတာ့ ဗုဒၶဟူးသားက ရွက္ေနတာေတာင္ က်ဳပ္ကိုျပန္​ၿပီးစႏိုင္ေနေသးတာေပါ့။ ဟင္း.. ဟင္း.. က်ဳပ္ အေလ်ာ့ေပးထားလို႔ပါ။

" ဟာ.. လာစမ္းကြာ၊ ဒီေန့ညေတာ့ မင္းပါးစပ္က ေမာင္လို႔ဘယ္ေလာက္ေခၚေခၚ မင္း အိပ္ေရးပ်က္ကိုပ်က္ရမယ္... "

" အေမ့!...၊ ေမာင္... အသက္ကို မသနားဘူးလားဟင္ ေမာင္လို႔.... "

ကြၽန္ေတာ့္ကို ရုတ္တရက္ေပြ့ခ်ီကာ အံကိုခပ္တင္းတင္းႀကိတ္ၿပီး အိပ္ခန္းထဲသြားေနတဲ့ေတလြန္းက ေတာ္ေတာ္ရယ္စရာေကာင္းတယ္။ " ေမာင္ " တဲ့။ ကြၽန္ေတာ္ ေတလြန္းကိုေခၚတဲ့နာမ္စားေလးက ေတလြန္းေခၚေစခ်င္လြန္းလို႔ သူ႔ကိုယ္သူသံုးႏႈန္းတဲ့ " ေမာင္ " ဆိုတဲ့စကားလံုးေလးေပါ့။ အၿမဲတမ္း ေခၚခ်င္ေပမဲ့လည္း ထိုနာမ္စားေလးကို တန္ဖိုးမဲ့မသြားေစခ်င္။ ဒီလိုေျပာလို႔ ေတလြန္း သူ႔ကိုယ္သူသံုးႏႈန္းတဲ့အက်င့္ရယ္၊ ကြၽန္ေတာ့္အေပၚသံုးႏႈန္းတဲ့နာမ္စားေတြကို အေပါစားဆန္တယ္လို႔မဆိုလို။ လူတိုင္းမွာ သူ႔ခံယူခ်က္နဲ႔ သူရိွၾကတာပဲေလ။ ေတလြန္းလည္း အဲ့လိုပဲေပါ့။ ေတလြန္းေျပာျပဖူးသလို သူ႔ရဲ့ဝင္သက္ထြက္သက္မွန္သမ်ွ၊ သူ႔ရဲ့တစ္ကိုယ္လံုးမွာ ကြၽန္ေတာ့္ကိုခ်စ္တဲ့အခ်စ္ေတြကထားစရာေနရာမရိွေတာ့ေလာက္ေအာင္ တစတစနဲ႔အၿမဲတိုးေနတာေၾကာင့္ ၾကာရင္ရူးသြားမွာစိုးလို႔ သူ႔ကိုယ္သူနဲ႔ကြၽန္ေတာ့္ကို သူ႔ရဲ့ထာဝရထက္ပိုေသာအခ်စ္ေတြေပ်ာ္ဝင္ေနတဲ့နာမ္စားေလးေတြသံုးႏႈန္းသလို ကြၽန္ေတာ္ဟာလည္း ကြၽန္ေတာ့္ခံယူခ်က္နဲ႔ကြၽန္ေတာ္သာ။

" သနားတာေပါ့... သနားလြန္းလို႔ ေမာင့္အသက္ကို တစ္ညလံုး ေမာင့္ရင္ခြင္ထဲမွာမအိပ္ခိုင္းဘဲ ပံုျပင္ေတြတစ္ပုဒ္ၿပီးတစ္ပုဒ္ေျပာျပၿပီး ေခ်ာ့သိပ္ေပးမယ္.... "

ေတလြန္းက အံကိုႀကိတ္ၿပီး ျမန္ဆန္ေနသာအသံရႈသံနဲ႔ စြဲေဆာင္မႈရိွတဲ့အၿပံဳး၊ စူးရွၫွို႔ငင္အားျပင္းတဲ့အၾကည့္ေတြနဲ႔ ျပန္ေျဖသည္။

" ခ်စ္တယ္... ေမာင္ "

" ေမာင္က ပိုခ်စ္တယ္... "

စေနသားရဲ့ဆင္ေပါက္ဟာ စေနသားရဲ့ပံုျပင္ေတြကိုတစ္ပုဒ္ၿပီးတစ္ပုဒ္စိတ္ဝင္စားစြာနားေထာင္ရင္း....။

စေနသားေျပာျပတဲ့ပံုျပင္ေတြဟာ ေပ်ာ္ရႊင္ဖြယ္ရာဇာတ္သိမ္းေတြခ်ည္းသာျဖစ္ၿပီး.. အျပင္လက္ေတြ့ဘဝနဲ႔တစ္ထပ္တည္းက်ခဲ့သည္။ ေနထြက္ခ်ိန္မွေနဝင္ခ်ိန္ထိ.. ညေနေမွာင္ရီပ်ိဳးဝအခ်ိန္မွမနက္မိုးေသာက္ခ်ိန္အထိ အစ၊အလယ္၊အဆံုး.. နိဒါန္း၊စာကိုယ္၊နိဂံုးလွပတဲ့ဇာတ္လမ္းပံုျပင္ေလးဟာ စေနသားနဲ႔ဆင္ေပါက္ရဲ့ခ်စ္ျခင္းေမတၲာအေၾကာင္းပင္။

ႏွစ္ေပါင္းမ်ားစြာၾကာျမင့္ရွည္လ်ားစြာျဖတ္သန္းၿပီးသည့္အခါ ထိုအနီးအနားလူေတြပါးစပ္ဖ်ားမွာ ကာယကံရွင္ႏွင့္ေဆြမ်ိဳးနီးစပ္ေတာ္စပ္ၾကသူမ်ားမွအပ စေနသားနဲ႔ဆင္ေပါက္ရဲ့ခ်စ္ျခင္းေမတၲာအေၾကာင္းကိုဖြင့္ဆိုေျပာသူမ်ားသိပ္မရိွေတာ့။ ထိုအစား ထိုအနီးနားပတ္ဝန္းက်င္ရိွ က်ယ္ေျပာနက္နဲေသာေတာႀကီးနဲ႔ထိစပ္လ်က္ရိွသည့္စိမ္းစိုအံု႔မိႈင္းကာလူသားတို႔ေရာက္ရန္ခက္ခဲတယ္လို႔ယူဆထားၾကတဲ့ေတာင္တန္းႀကီးေပၚက ေတာင္တန္းအရွင္နဲ႔သူ႔ရဲ့အခ်စ္ေတာ္ေႁမျြဖဴေလးအေၾကာင္းက ရာဇဝင္တစ္ပုဒ္အျဖစ္နဲ႔ လူတိုင္းရဲ့ပါးစပ္ဖ်ားမွာ ေနာင္ႏွစ္မ်ားစြာထိဆက္လက္တည္ရိွသြားပါလိမ့္မည္။ ထိုဇာတ္လမ္းပံုျပင္ထဲမွာ ေတာင္တန္းအရွင္ႏွင့္သူ႔ရဲ့အခ်စ္ေတာ္ေႁမျြဖဴေလးတို႔ရဲ့လူျပန္ဝင္စားတဲ့အေၾကာင္းဟာလည္း မပါမျဖစ္ပင္။

                      ၿပီးပါၿပီ။    ။

Continue Reading

You'll Also Like

3.6K 367 1
ဒါလေးက အရှေးရဲ့အကြောင်းလေးကို ဇာတ်လမ်းပုံစံလေးပြန်ရေးထားတာပါ။ ဒါေလးက အေရွးရဲ့အေၾကာင္းေလးကို ဇာတ္လမ္းပုံစံေလးျပန္ေရးထားတာပါ။
1.5K 95 4
စိတ်ကူးပေါက်တိုင်း ရေးရေးတင်ဖြစ်မည့် ဝတ္ထုတိုများ စုစည်းမှုဖြစ်ပါသည်။
242K 14.7K 43
အချစ်က ဘဝတစ်ခုမဟုတ်ပေမဲ့.... ဘဝဆိုတာ အချစ်တေနဲ့ ရှင်သန်နေရတာပါပဲ.... LOVE & LIFE Poster by-Colourful Craft Light
13K 328 27
ရေးသားထားသောအကြောင်းအရာများသည် စိတ်ကူးယဉ်သက်သက်သာဖြစ်၍အချက်အလက် အမှားများပါခဲ့လျှင်ကြိုတင်၍တောင်းပန်ပါသည်။ Mafia type Action-Romance-Science #Ongoin...