Episode _ 15

1K 37 0
                                    

Unicode
Episode _ 15

" တောင်တန်းတို့ရဲ့အရှင်သခင်ကို ကျွန်ုပ်တို့ယက္ခညီနောင်က ဂါရဝပြုအရိုအသေပေးပါတယ်... "

ကျုပ်ရှေ့က အရွယ်အစားကြီးကြီးမားမားနဲ့ဝင့်ထည်လွန်းသည့်ဘီလူးနှစ်ကောင်ရဲ့စကားကြောင့် ကျုပ် ဘာစကားပြော​ရမှန်းတောင်မသိတော့ဘူး။ ဒီဘီလူးနှစ်ကောင်ကိုသေချာကြည့်မိတော့ ရွာဦးကျောင်းက မုဒ်ဝမှာရှိနေတဲ့ဘီလူးရုပ်တုကြီးတွေနဲ့တစ်ထေရာတည်းတူနေတယ်။ ထုံးနဲ့သစ်စေးသုတ်ထားတဲ့ဘီလူးရုပ်တုတွေဟာ ကျုပ်ရှေ့မှာ အသွေးနဲ့အသားနဲ့ နောက်ပြီးချပ်ဝတ်အဆင်တန်ဆာတွေနဲ့ ယုံကြည်ဖို့ခဲယဥ်းလှသည်။ ပိုထူးဆန်းတာက ကျောင်းမုဒ်ဝကဘီးလူးရုပ်ထုတွေကိုကြောက်တဲ့ကျုပ်က အခု ကျုပ်ရှေ့မှာရပ်နေတဲ့သက်ရှိဘီလူးနှစ်ကောင်ကို လုံးဝ ကြောက်ရွံ့နေတဲ့စိတ် မရှိခြင်းပင်။ ဘီလူးနှစ်ကောင်က ကျုပ်ကို တောင်တန်းအရှင်လို့လည်းခေါ်သည်။ ထိုသူက ဘယ်သူလဲ။

" တောင်တန်းတို့ရဲ့အရှင်သခင်...! ကျွန်ုပ်တို့ယက္ခညီနောင်က ဂါရဝပြုအရိုအသေပေးပါတယ်... "

" ခင်ဗျားတို့က ရွာဦးကျောင်းမုဒ်ဝက ဘီလူးအရုပ်တွေမလား "

" အဲ့တာက ကျွန်ုပ်တို့ယက္ခညီနောင်ရဲ့ကိုယ်ကွဲတွေပါ....၊ ကျွန်ုပ်တို့က အရှင်ဗိမ္မာန်နက်ရဲ့အစေအပါးတွေမို့ အရှင်သခင်ရှိတဲ့နေရာမှာ လိုက်နေရပါမယ် "

ဘီလူးနှစ်ကောင်က စကား​ပြောရင် သံပြိုင်ပြောတယ်။ ပြီးတော့ ကျုပ်ရှေ့မှာ ဒူးတစ်ဖက်ကိုထောက်ထားပြီး လက်အုပ်လည်းချီထားသေးတယ်ဗျ။ ကျုပ်ကို တအားရိုသေနေသလိုပဲ။ ဘဘုန်းပြောတာကို ကျုပ်ပြန်စဥ်းစားမိတယ်။ ကျုပ်ရဲ့အစေအပါးတွေရောက်လာလိမ့်မယ်တဲ့။ အဲ့အစေအပါးတွေဆိုတာ မဟုတ်မှ ဒီဘီလူးနှစ်ကောင်များလား။ ဒါဆို ဒီဘီလူးနှစ်ကောင် ကျုပ်ကိုကြည့်ပြီးခေါ်နေတဲ့တောင်တန်းအရှင်ဆိုလား...၊ အရှင်ဗိမ္မာန်နက်ဆိုလား...၊ အဲ့ဒီလူက ကျုပ်များဖြစ်နေမလား။

" ခင်ဗျားတို့ပြောနေတာကို ကျုပ်တစ်ခုမှ နားမလည်ဘူး...၊ ဒါပေမဲ့ ခင်ဗျားတို့ ကျုပ်ကို ကူညီနိုင်မလား....၊ ကျုပ် ဆင်ပေါက်ကို လိုက်ရှာနေတာ.... "

စနေသားရဲ့ ဆင်ပေါက် / စေနသားရဲ့ ဆင်ပေါက် Nơi câu chuyện tồn tại. Hãy khám phá bây giờ