Episode _ 10

1K 43 2
                                    

Unicode
Episode _ 10

" ဆင်ပေါက်... "

" အမ်... ရောက်ပြီလား... "

" အေး ထတော့! ငါ့ပခုံးတစ်ဖက်လုံး ကျင်နေပြီ "

" ဟင် အေး.. အေး!! တောင်းပန်ပါတယ်ကွာ...၊ ငါ အိပ်ပျော်သွားလို့ "

" ရတယ်... ဟိုမှာ ဦးကြီးသာငြိမ်း လာကြိုတယ် "

ကျုပ်တို့ရွာက ကားရပ်မဲ့ဂိတ်ထိလိုက်စရာမလိုဘူးလေ။ ကျုပ်တို့ရွာနဲ့နီးတဲ့ လမ်းမှာပဲ ဆင်းရတယ်။ ကျုပ်တို့ရွာကို ရောက်ဖို့က လှည်းနဲ့နာရီဝက်လောက် သွားရအုံးမည်။ နိုင်ထွန်းတို့နှစ်ယောက်က ကားမရပ်ခင်ကတည်းကနိုးနေကြတာဖြစ်ပြီး ကားရပ်တာနဲ့လာကြိုတဲ့ဦးကြီးသာငြိမ်းဆီကို တန်းဆင်းသွားသည်။ ယူလာတဲ့အထုပ်တွေကို နိုင်ထွန်းဆီပေးလိုက်တာကြောင့် ကျုပ်လည်း ဆင်ပေါက်ကိုနိုးပြီး ဦးကြီးသာငြိမ်းဆီကို သွားလိုက်သည်။

" ငါ့သား ခရီးအတော်ပန်းလာတယ်ထင်တယ်... "

" မဟုတ်ပါဘူး... အဘကလည်း "

" ကဲပါ... လာ တက်ကြ၊ ဧည့်သည်ပါလာမှာ အဘကိုကြိုမပြောထားဘူး...၊ အဘ ဒီကငါ့တူအတွက် အခန်းပြင်ထားပေးမှာပေါ့ "

" ရပါတယ်ဗျ...၊ ကျွန်တော် ရှင်မွှေးနဲ့အတူတူ တစ်ခန်းတည်းသုံးလိုက်ပါ့မယ် "

" မရဘူး!!! "

ကျွန်တော်ရော၊ နိုင်ထွန်းနဲ့ဟန်သာရော  ရုတ်တရက်ထအော်လိုက်တဲ့တေလွန်းကြောင့် လန့်သွားမိသည်။ လှည်းမောင်းနေတဲ့အဘကတော့ တေလွန်းကို ခဏနောက်ပြန်လှည့်ကြည့်ပြီး ခပ်ပြုံးပြုံးနဲ့ခေါင်းခါရုံသာ။

" ဘာဖြစ်တာလဲကွ....၊ မင်းကလည်း အလန့်တကြားနဲ့ "

" မရဘူး..!! မင်း ဆင်ပေါက်နဲ့တစ်ခန်းတည်းနေလို့မရဘူး...၊ ပြီးတော့ ဆင်ပေါက်တို့အိမ်မှာလည်း မနေရဘူး "

" ဗျာ... "

" ဟာ.. တေလွန်း!! ဟန်သာက ငါ့အိမ်မှာမနေလို့ ဘယ်မှာနေရမှာလဲ...၊ သူက ငါ့မျက်နှာနဲ့ ရွာကိုလိုက်လာတာနော် "

" နိုင်ထွန်း.. မင်းက မင်းအိမ်မှာ မင်းအမေနဲ့နှစ်ယောက်တည်းနေတာမလား....၊ သူ့ကို မင်းအိမ်မှာနေခိုင်းလိုက်ကွာ.... "

စနေသားရဲ့ ဆင်ပေါက် / စေနသားရဲ့ ဆင်ပေါက် Where stories live. Discover now