Episode _ 29

599 39 4
                                    

Unicode
Episode _ 29

ဆင်ပေါက်ရဲ့ပုံစံကြောင့် ကျုပ် နေမကောင်းတဲ့ကြားကနေ အသံတိတ်ရယ်မိသည်။ ကျုပ်ကိုရေပက်တိုက်ပေးရတာ အဲ့လောက်ရှက်နေစရာလိုလို့လားဗျာ။ သူလည်း မမြင်ဖူးတဲ့နေရာလည်းမဟုတ်လဲနဲ့။ လက်ကိုဟိုစမ်းဒီစမ်းနဲ့ရေပတ်တိုက်ပေးနေတာက ကျုပ်ကိုလာပြီးစိတ်ဆွပေးနေသလိုပဲ။ လူကမှ နေမကောင်းပါဘူးဆိုဗျာ။ ပြီးတော့ နေမကောင်းဖြစ်တဲ့သူထက် ကျုပ်ရဲ့ဆင်ပေါက်လေးကပိုပြီး နားရွာဖျားလေးတွေရော၊ မျက်နှာပြင်လေးတစ်ခုလုံးရောရဲပလောင်းကိုခက်နေတာပဲ။ ဟက်.. ကျုပ် နေမကောင်းနေလို့ ဒီဗုဒ္ဓဟူးသားလေး သက်သာသွားတယ်။ မဟုတ်လို့ကတော့ အခုလိုအူယားစရာပုံစံလေးကြောင့် ဒီကစနေသားနဂါးက အဲ့ဒီဗုဒ္ဓဟူးသားဆင်ပေါက်ကို အရိုး​ကျေကျေ၊ အရည်ခမ်းခမ်း အစိမ်းလိုက်ဝါးစားပစ်လိုက်မှာ။

ကျုပ်ရဲ့အတွေးတွေကိုမသိတဲ့ဖိုးသခွားလေးဆင်ပေါက်ကတော့ အခုထိမျက်လုံးတွေမှိတ်ကာ စမ်းတဝါးဝါးနဲ့ရေပတ်တိုက်တာကို လက်စမသတ်သေးဘူးဗျာ။ ကြာရင် ဒီဆင်ပေါက်အတွက်အန္တရာယ်ရှိနိုင်မှာမို့ ကျုပ်လည်း အမြန်တားရတော့သည်။

" ဆင်ပေါက်... "

" ဟင်.. "

ကျုပ်မေးတာကို ရေပတ်တိုက်မပြတ် မျက်လုံးမဖွင့်ဘဲပြန်ဖြေတဲ့ဆင်ပေါက်။

" မင်း နေမကောင်းတဲ့မောင့်ကို အခုလိုကြီး အရမ်း မမြူစွယ်ပါနဲ့လား....၊ မောင် အားမရှိလို့ပါကွာ... "

" ဘာ... "

ထိုအခါမှ ကျုပ်နဲ့မျက်လုံးချင်းစုံသွားပြီး ရောင်ရမ်းကာ ပုဆိုးအောက်မှာလျှိုထားတဲ့သူ့လက်ကိုချက်ချင်းဆွဲထုတ်သွားသည်။

" အညစ်အပတ်ကောင်...၊ ဖယ်.. မလုပ်ပေးတော့ဘူး "

" မောင့်ကို အင်္ကျီလေးတော့ပြန်ဝတ်သွားပေးအုံးလေ... "

ရေဇလုံကိုမပြီး ထသွားတော့မဲ့ဆင်ပေါက်ရဲ့အင်္ကျီစလေးကို ကျုပ်ကလှမ်းဆွဲလိုက်တော့ ဆင်ပေါက်ကို ကျုပ်ကိုမျက်စောင်းထိုးသည်။

" သိတယ်..၊ ဒါတွေ သွားထားမလို့ "

" မောင့်ဆင်ပေါက်လေး... မြန်မြန်ပြန်လာနော် "

စနေသားရဲ့ ဆင်ပေါက် / စေနသားရဲ့ ဆင်ပေါက် Tahanan ng mga kuwento. Tumuklas ngayon