💛 Players ( Part - 17 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫
စည်းဖုန်းမဆက်သည်မှာ တော်တော်လေးကြာနေပြီမို့ သွေးစိတ်ထဲမှာ တစ်ခုခုလိုအပ်နေသလိုခံစားရပြီး ဘေးနားချထားသောဖုန်းကို မသိမသာငဲ့ကြည့်မိသည်။
သူ တကယ်ပဲ သွေးကိုစိတ်ပျက်သွားပြီလား...
တစ်ယောက်တည်းဆွေးနေမိချိန် ဖုန်းဝင်လာ၍ စည်းလားဟု အလောတကြီးကြည့်မိပေမယ့် အန်တီနှင်းပန်းဖြစ်နေ၏။
"သမီးအမရာ ပြန်လာတော့မှာလား"
"မလာသေးဘူး သွေး အတန်းချိန်တစ်ချိန်ကျန်သေးတယ် ဘာဖြစ်လို့လဲဟင်"
"သမီးရဲ့လေးလေး နေပြည်တော်ကိုပြန်ဖို့လေ ဟိုမှာ ၂ရက်လောက်ပဲကြာမှာ အဲ့ဒါ သမီးရော အလည်မပြန်ချင်ဘူးလား"
အန်တီနှင်းပန်းစကားကို သွေး ငြင်းဖို့ပြင်လိုက်ပြီးမှ စည်းကိုသတိရသွား၍ ခဏတော့နှုတ်ဆိတ်သွားမိသည်။
တကယ်ဆို သွေးဘက်ကပြတ်သားဖို့ ပြောခဲ့ရင်တောင်မှ သူ့ဘက်ကတောင်းပန်ပြီး ဆက်သွယ်သင့်သည်မဟုတ်လား။
သွေးကို ချစ်တယ်ဆိုပြီး ဒီလောက်လေးတောင် လုပ်မပေးချင်ဘူးလား...
ထို့ကြောင့် သူ့ကိုသွားတွေ့ချင်စိတ်ဖြင့် လေးလေးနှင့် လိုက်မည့်အကြောင်းပြောလိုက်တော့ အန်တီနှင်းပန်းက အားလုံးပြင်ထားပေးမည်ဟုဆိုသည်။
လေးလေးက ခရီးထွက်တိုင်း First classရနေကျဖြစ်သည့်အပြင် အချိန်မရွေးသွားပြန်၍ရသောကြောင့် ခရာဆို လေယာဥ်မစီးချင်မှအဆုံး။
ခရာငယ်ငယ်တုန်းကလည်း လေးလေးက သွားလေရာခေါ်သွားတတ်သည်။
"စာတွေလိုက်နိုင်ရဲ့လား သမီးအမရာ"
"လိုက်နိုင်ပါတယ် လေးလေး ပြီးတော့ လေးလေးကိုတစ်ခုလောက်ပြောလို့ရမလား"
"အင်း"
အင်းဆိုပေမယ့် လေးလေးအကြည့်တွေက သွေးဆီရောက်မလာဘဲ Laptopဆီမှာသာရှိနေကာ အလုပ်လည်းတကယ်များနေဟန်။
သို့ပေမယ့် သွေး အခုကတည်းက ခရာ့အတွက် တောင်းဆိုထားသင့်သည်မလား။
"ခရာက Harvard Law Schoolမှာ ကျောင်းတက်ချင်နေတယ် လေးလေးဘာလို့ခွင့်မပြုတာလဲဟင်"
Laptopကိုကြည့်နေသည့် လေးလေးအကြည့်တွေ သွေးဆီရောက်လာပြီး ခြေချင်းချိတ်ထိုင်ကာ လေယာဥ်ပြတင်းဆီသို့ မျက်နှာလွှဲ၏။
ခရာလည်း ထိုသို့ဟိတ်ကြီးဟန်ကြီးထိုင်တတ်သည်မို့ ဒီအကျင့်ကိုတော့ လေးလေးဆီကအမွေရခဲ့ဟန်ရှိသည်။
"မလွှတ်တာက အက္ခရာသာ USကိုရောက်သွားရင် ပြန်လာမယ်လို့ထင်နေလို့လား အမရာ"
"ခရာက လေးလေးကိုရော အန်တီနှင်းပန်းကိုပါ သိပ်ချစ်ပါတယ် သူ့ကိုနားလည်မှုပေးလိုက်ရင် သူ့ဘက်က အခြေချဖို့အထိ စိတ်ကူးမယ်မထင်ပါဘူး ခရာ့ကိုလွှတ်လိုက်ပါလား USကဘွဲ့နဲ့ဆို ခရာ့အခြေအနေက သိပ်မြင့်မားသွားမှာ အာဆီယံထက် နိုင်ငံတကာမှာပါဝင်ဆံ့သွားမှာလေ လေးလေးကိုယ်တိုင်လည်း အဲ့လိုမြင့်မားစေချင်လို့ Lawကိုယူခိုင်းခဲ့တာမလား"
ချက်ကျလက်ကျထောက်ပြလိုက်သော သွေးရဲ့စကားကြောင့် လေးလေးက မငြင်းဆန်နိုင်တော့သလို နှုတ်ဆိတ်သွားတော့သည်။
ဒီလောက်ဆို ခရာ့ကို USလွှတ်ဖို့ လေးလေးစဥ်းစားနေလောက်ပြီဖြစ်ကာ လောင်းကြေးနိုင်မှ သွေးထပ်ပြောလိုက်ရင်တော့ အဆင်ပြေပြီ...
သို့ပေမယ့် အခုအချိန်မှာ ခရာ့ကိုနိုင်စေချင်သလား၊ ရှုံးစေချင်သလား သိပ်မသဲကွဲတော့.....
💛💛▫▫▫💛💛
အိမ်ရှေ့မှာရပ်နေသော သူမကိုမြင်တော့ ကိုယ့်မျက်လုံးတွေကို မယုံနိုင်သေးတာမို့ ဒီအတိုင်းရပ်ကြည့်နေမိသည်မှာ အကြာကြီးဖြစ်၏။
သူမသည် ဆံနွယ်ရှည်တွေကို ဒီအတိုင်းဖြန့်ချထားပြီး ကုတ်အင်္ကျီအပြာရောင်လေးကို စကဒ်အဖြူလေးနှင့်တွဲဝတ်ကာ ခရီးထွက်လာသည့်ပုံစံ။
သူမ တန်ခိုးဆီလာတာလား…
အခု သူ့ဆီရောက်လာတာကရော လမ်းကြုံဝင်တွေ့ခြင်း သက်သက်လား...
"နန်းသွေးအမရာ"
ခေါ်သံကြောင့် သူမဖျတ်ခနဲလှည့်ကြည့်ကာ တဖြည်းဖြည်းချင်း လင်းလက်လာသည့်မျက်လုံးလေးတွေကြောင့် ရင်တွေခုန်လာခဲ့မိသည်။
ထို့နောက် သူမက အိတ်ကလေးကိုလွယ်ကာ အနားကိုချက်ချင်းရောက်လာ၍ ကားပေါ်တက်ဖို့ မေးဆတ်ပြလိုက်သည်။
သူမသည် ကိုယ့်ကိုခဏတာတွဲရုံသက်သက်မို့ အိမ်အထိလိုက်လာတာကို ဘယ်သူမှပြန်မသိစေချင်။
"မင်း ဘယ်ကိုလာတာလဲ တန်ခိုးဆီလား"
"ဟင့်အင်း"
ခေါင်းလေးခါပြီးငြင်းဆိုသံလေးကြောင့် စိတ်ထဲတစ်မျိုးဖြစ်သွားပြီး ကားကိုစက်နှိုးပြီးမှသော့ကိုပြန်ပိတ်လိုက်ကာ သူမဘက်ကိုလှည့်ကြည့်မိသည်။
ကိုယ့်ကိုခပ်စူးစူးလေးပြန်ကြည့်နေသော သူမရဲ့အကြည့်တွေမှာ အလွမ်းရိပ်တွေဖြတ်ပြေးသွားသလို စိတ်ထဲထင်ကာ ဒါဟာသူပဲစိတ်ထင်နေ၍လား။
"မင်း ဘယ်ကိုသွားမလဲ"
"ခဏလေးပဲ ဒီအတိုင်းနေလို့မရဘူးလား"
"သွေး မင်း ငါ့ကို မျှော်လင့်ချက်ထပ်မပေးပါနဲ့ တန်ခိုးကိုလည်း အရူးမလုပ်ပါနဲ့တော့ မင်းပြတ်ပြတ်သားသားဆုံးဖြတ်သင့်ပြီ"
"သွေးဆုံးဖြတ်ချင်ပါတယ် ဒါပေမယ့်နည်းနည်းတွေဝေနေတာက ရှင် ကို့လိုမျိုး သွေးကိုဦးစားပေးစေချင်တာ အဲ့လိုမျိုးဆို သွေး ကိုယ့်ကိုယ်ကို အရမ်းအရေးပါတယ်လို့ခံစားမိလို့လေ ဒီရက်တွေထဲ ရှင်ဘာလို့သွေးကိုမဆက်သွယ်တာလဲ ရှင့်အတွက်တော့ သွေးက ဘောင်မဝင်လို့လား"
"ဘာဆိုင်လို့လဲ"
"ရှင်က သွေးကို အခုထိဦးစားမပေးတတ်ဘူး ဦးစားပေးခံရတာကို သွေးအရမ်းမက်မောတယ် ငယ်ငယ်လေးကတည်းက အိမ်ကဦးစားပေးခြင်းကို ခရာနဲ့ခွဲယူရခဲ့တာ အခု သွေး ရှင့်ဆီကလိုချင်တယ် စည်း အဲ့ဒါဆို သွေးမြန်မြန်ပြတ်သားနိုင်မယ်ထင်တယ်"
ကိုယ်လိုချင်နေတာကတော့ သူမကိုပဲမို့ သူ သက်ပြင်းချလိုက်ကာ သွေးရဲ့မျက်နှာကို မယုံနိုင်သလိုကြည့်မိရင်း သူမပါးလေးကို ထိတို့ဖို့လက်လှမ်းမိသည်။
သို့သော် မထိဖြစ်ဘဲ သူ့လက်တွေရပ်တံ့သွားသည်က တလှုပ်လှုပ်ဖြစ်နေသည့် သူမရဲ့နှုတ်ခမ်းများကြောင့်။
သွေး သူ့ဆီက တစ်စုံတစ်ခုကိုများ...
သူမမျက်နှာလေးကို မေးဖျားလေးကနေ ဆွဲယူမော့စေကာ နှုတ်ခမ်းလေးကိုနမ်းမိတော့ ချိုမြိန်လွန်းသောအထိအတွေ့လေးကြောင့် ရင်တွေပိုခုန်လာမိသည်။
တစ်ခါရဖူးသော သူမအထိအတွေ့ကို လိုချင်စိတ်က အပြင်းအထန်ဖြစ်လာသည်မို့ သူမရဲ့ကိုယ်လေးကို ခပ်တင်းတင်းဖက်လိုက်သည်။
"ကိုယ် မင်းကိုချစ်ချင်တယ်"
"ဟင်!"
"ဟိုတစ်ခါကလို"
သွေး ဘာမှပြန်မပြောသလို ငြင်းလည်းမငြင်းဘဲ သူ့ရင်ခွင်ထဲမှာ မျက်နှာလေးမော့ကာငြိမ်သက်နေ၏။
သူ ထိုင်ခုံမှာပြန်ထိုင်လိုက်ပြီး အိမ်နှင့်မနီးမဝေးက သူ့ရဲ့ကွန်ဒိုဆီကိုမောင်းလာခဲ့ကာ ထိုတစ်နေ့လုံး သွေးကိုပြန်မလွှတ်တော့။
ကိုယ်ချစ်ရသူနှင့် အတူနေခွင့်ရသည့်ခဏမှာ သူ ကျေနပ်ပျော်ရွှင်ရသည်မို့ သူမနှင့်ချစ်တမ်းကစားရတာလည်း မမောနိုင်။
ရင်ခွင်ထဲမှာ အိပ်ပျော်နေသည့်မျက်နှာလေးကို တိုးတိုက်နမ်းပစ်လိုက်ရင်း အဝတ်မဲ့နေသော ကိုယ်လေးထက် စောင်ကိုဆွဲခြုံပေးလိုက်သည်။
"အခုလက်ရှိအချိန်မှာ ခရာရော ကိုစည်းရော မရာ့ရဲ့ကစားကွက်ထဲမှာပိတ်မိနေကြပြီ ကိုစည်းလည်းနောက်မဆုတ်ချင်ဘူးမလား ခရာလည်း နောက်မဆုတ်ချင်တော့ဘူး
အဲ့ဒီတော့ ခရာ့ကိုကူညီပါ"
အက္ခရာရဲ့စကားကို နားထဲပြန်ကြားလာတော့ ဒီပွဲမှာအက္ခရာနိုင်မှ သွေးမှာအပြစ်မရှိတော့မှာ၊ ဘယ်သူကမှလက်ညှိုးမထိုးတော့မှာကို သူသဘောပေါက်သွား၏။
သူမကို တန်ခိုးဆီပြန်မပေးနိုင်တော့သလို သွားခွင့်လည်းမပေးနိုင်။
ထိုအတိုင်း ဆုံးဖြတ်ချက်ချလိုက်သည်နှင့် ဘာလုပ်ရမလဲဆိုသည့်အဖြေကို ချက်ချင်းရသလို ထိုဆုံးဖြတ်ချက်အတိုင်း...
"I accept"
အက္ခရာဆီကို မက်ဆေ့ဝင်သွားသည်နှင့် ဖုန်းကိုစားပွဲပေါ်ပြန်တင်လိုက်ကာ သူမကိုယ်လေးကို ခပ်တင်းတင်းသိုင်းဖက်ကာ နဖူးလေးကို ဖွဖွလေးနမ်းမိသည်။
မင်းရဲ့ကစားကွက်တွေထဲ လိုက်ပြီးမျောပါမနေနိုင်တာ ကိုယ့်ကိုခွင့်လွှတ်ပါ...
💛💛▫▫▫💛💛
ထူးထူးဆန်းဆန်းမိတ်ကပ်လိမ်းထားသော အက္ခရာကြောင့် သူ့စိတ်ထဲတစ်မျိုးဖြစ်သွားပြီး အသေအချာလိုက်ကြည့်မိတော့ ဘာလဲဆိုသည့်ပုံစံဖြင့် ပြန်ငဲ့ကြည့်လာသည်။
ခါတိုင်းဆို ဘာမှမပြင်မဆင်သောမျက်နှာက မိတ်ကပ်ကြောင့် နုသစ်လှပနေကာ သူသဘောကျသောမျက်လုံးလေးတွေက မျက်တောင်ကော့ကော့တွေဖြင့် ရွှန်းလဲ့နေ၏။
ပန်းနုရောင်စိုစိုလေးလက်နေသော နှုတ်ခမ်းလေးက ဖူးထွဋ်နေကာ အပေါ်နှုတ်ခမ်းလေးပါးသလောက် အောက်နှုတ်ခမ်းကတော့ ထူထူဖောင်းဖောင်းလေးမို့ ပိုသတိထားချင်စရာကောင်းသည်။
"အက္ခရာ မင်းဘာစိတ်ကူးပေါက်လာတာလဲ"
"ကိုကြီးကိုပြချင်လို့"
"ဘာ!!"
"မဟုတ်ဘူးလေ ဒီလောက်ဆို သတိထားမိလောက်လားလို့မေးမလို့ပါ ဘာလို့အော်နေတာလဲ မသိရင် ဒီကပဲ သူ့ကိုရည်းစားစကားပြောနေတဲ့အတိုင်းပဲ"
"အက္ခရာ"
"ဘာလဲ လှလား မလှဘူးလား ဒါပဲပြော"
"မင်းသေတော့မယ် ငါ့ကိုမလေးမစားနဲ့ သွား.. ပန်းရံသမားတွေ နံရံတက်ထားတာသွားကြည့် တတိယထပ်မှာ"
"ဟာ! ရက်စက်လိုက်တာ ကိုကြီးရယ် သူများအလှတွေပြင်ထားမှ.."
"အလှပြင်ထားတော့ဘာဖြစ်လဲ"
"ချွေးတွေထွက်ကုန်ရင် အလှပျက်သွားမှာပေါ့"
"မင်းဘယ်တုန်းကလှလို့လဲ"
ထိုအခါ သူမကမျက်စောင်းထိုးရင်း ပိုက်ဆံအိတ်ကို သူ့အနားက,စားပွဲမှာဆောင့်အောင့်ချပြီး ဖုန်းကိုနှိုက်ယူတော့ သူ ထိုပိုက်ဆံအိတ်ထဲကို အမှတ်တမဲ့ငုံ့ကြည့်မိသည်။
မိတ်ကပ်ဘူးတွေလည်း ထည့်လာသောကြောင့် ဒီလောက်လှချင်လာရသလားဟု မကျေမနပ်ဖြစ်သွားစဥ် အနီရောင်စာအုပ်တစ်အုပ်ကို သူတွေ့လိုက်သည်။
Indiaနိုင်ငံဖွဲ့စည်းပုံ အခြေခံအက်ဥပဒေမူကြမ်းတဲ့...
ပေါ့ပါးတက်ကြွနေတတ်သည့်သူမပုံစံနှင့် ဥပဒေပညာဟာ လုံးဝမှမသက်ဆိုင်သလိုခံစားလိုက်ရ၍ ထိုစာအုပ်ကလေးကို အိတ်ထဲကဆွဲထုတ်ကြည့်မိသည်။
ထိုအခါ သူမက မျက်နှာပျက်သွားပြီး စာအုပ်ကိုအသည်းအသန်ပြန်ဆွဲတော့ မသင်္ကာသွားတာမို့ အားနှင့်ဆတ်ခနဲဆွဲပစ်လိုက်သည်။
ဤတွင် စာအုပ်ကိုအတင်းဖိဆွဲထားသော အက္ခရာသည် အရှိန်ဖြင့်ပါလာပြီး သူ့ရင်ဘတ်ကိုဝင်တိုက်မိတော့၏။
"မင်း ဒီလိုစာအုပ်တွေလည်း ဖတ်တတ်တာပဲလား"
နီးကပ်လွန်းသောအနေအထားကြောင့် သူမ ရှက်ကိုးရှက်ကန်းဖြင့် နောက်ပြန်ဆုတ်သွားကာ အချိုးမညီတော့သည့် မျက်နှာကို ဟိုလွှဲဒီလွှဲ။
နီးနီးကပ်ကပ်မြင်နေရသော ထိုမျက်နှာလေးသည် သူ့လက်ထဲကစာအုပ်ကိုကြည့်ကာ တစ်ခုခုကိုစိုးထိတ်သွားဟန်ရှိ၏။
မျက်တောင်တွေ ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း နှုတ်ခမ်းလေး တဆတ်ဆတ်တုန်နေတာမို့ သူ့စိတ်ထဲတမျိုးဖြစ်လာကာ ထိုမျက်နှာကို သေသေချာချာစိုက်ကြည့်နေလိုက်သည်။
"ခရာ စိတ်ဝင်စားလို့ဖတ်တာ ပြန်ပေးပါ ကိုကြီး"
"မင်းရဲ့ဝါသနာတွေကလည်း အဆန်းပါလား စဥ်းစားကြည့်.. အင်ဂျင်နီယာ၊ ဥပဒေ၊ Decoration ဘာမှမဆိုင်သလိုပဲ"
စာအုပ်ကိုပြန်ပေးရင်း ခပ်ရိရိဆိုတော့ ခရာ ထွက်ပေါက်ပိတ်သွားသလို နှုတ်ဆိတ်ကာ စာအုပ်ကို အိတ်ထဲပြန်ထည့်တော့ ဒီအဖြစ်ကိုလည်းသဘောမကျ။
ပုံမှန်ဆို သိပ်ကိုစွာလွန်းသော ထိုနှုတ်ခမ်းဖျားတွေဟာ အခုတော့ စေ့ပိတ်ထား၏။
"မင်းကိုပြောနေတာ ကြားလား"
"ကိုကြီးကလည်း.. ဘာမှမဆိုင်လည်း စိတ်ဝင်စားစရာရှိလို့ဝင်စားတာပေါ့ အထူးအဆန်းလုပ်လို့"
"ဟုတ်ပါပြီ ငါကပဲထူးဆန်းနေတာပါ ပန်းရံဆရာတွေ အလုပ်ဝင်တော့မယ် မင်းသွားကြည့်လိုက်"
ဟုတ်ဆိုသည့်အသံနှင့်အတူ သူမ ခေါင်းလေးညိတ်ကာ ထားခဲ့ဖို့ပြင်ထားသော ထိုပိုက်ဆံအိတ်ကို ပြန်ယူသွားတာမို့ ခေါင်းထဲအတွေးတွေ တန်းစီပြီးဝင်လာ၏။
အက်ဥပဒေမူကြမ်းတဲ့။
သူတောင် တစ်ခါမှမသိခဲ့သည့်စာအုပ်နှင့် စိတ်မဝင်စားခဲ့ဖူးသည့်အကြောင်းအရာတွေ။
တတိယထပ်မှာ ပန်းရံဆရာတွေနှင့် စကားပြောနေသောသူမကိုကြည့်နေမိရင်း ဘာကိုအလိုမကျမှန်းမသိဘဲ မျက်မှောင်ကုတ်နေမိသည်။
အလှတွေပြင်လာလို့လား...
ဒါမှမဟုတ် သူ ပြောဆိုဆုံးမနေတာကို မနာခံဘဲ ထင်ရာတွေပြောနေဆဲပဲမို့လား...
ဒါမှမဟုတ် ထူးဆန်းသောဝါသနာကြောင့် စိတ်ဘဝင်မကျဖြစ်နေသလား...
သူမဟာ တစ်ခုခုတော့တစ်ခုခုပါပဲ...
💛💛▫▫▫💛💛
"အသားတွေမဲသွားလိုက်တာ သမီးရယ်"
"နည်းနည်းပါ ဖေကြီးရဲ့"
ဖေကြီးက ခရာ့ကိုစေ့စေ့စပ်စပ်ကြည့်ကာ ပြောလာတော့ ခရာ ဟဲခနဲရယ်ပြရင်း ဖေကြီးရဲ့ခါးကြီးကို တအားဖက်ထားလိုက်သည်။
ဖေကြီးကို ခုလိုမချွဲရတာ ကြာပြီမလား...
"ရှေ့နေလုပ်ဖို့စိတ်မကူးသေးဘူးလား အဲ့ဒီDecoratorပဲလုပ်ချင်သေးတာလား"
"ဒီဆိုဒ်ပြီးရင် ခရာကျေနပ်ပါပြီ အဲ့ဒီကိုပဲပြန်လာမှာပါ ရှေ့နေပဲပြန်လုပ်မှာပါ ဒါနဲ့ဖေကြီး ဒီကိုပြန်ပြောင်းရမယ်ဆို"
"လိုပါသေးတယ် နိုင်ငံရေးလောက က သိပ်မငြိမ်သေးဘူး ဒီကိုပြန်လာဖို့ထက် ကွာလာလမ်ပူကိုပြောင်းရမယ်ထင်တယ်"
"မလေး လား"
"အင်း အဲ့ဒီမှာက မြန်မာလုပ်သားသိပ်များတယ် အဲ့ဒီအရေးကိုဖြေရှင်းဖို့ အရံအစီအစဥ်ပါ အခုလည်းမဟုတ်သေးသလို ဖြစ်ချင်မှလည်းဖြစ်မှာပါ"
"ဒါဆို တကယ်ပြောင်းဖြစ်ရင် ခရာလည်း ကွာလာလမ်ပူကို လိုက်ရမှာပေါ့"
ဖေကြီးက ခပ်ပြုံးပြုံးအနေအထားဖြင့် ခေါင်းညိတ်ပြနေတော့ ကွာလာလမ်ပူဆိုလည်းအဆင်မပြေသေး၍ ခရာ အတော်လေးစိတ်လေသွားကာ လည်ပင်းကိုကုတ်မိသည်။
အတွေးတွေဖြင့်စိတ်ရှုပ်နေတုန်း ဝင်လာသည့်မက်ဆေ့ကြောင့် ဖုန်းကိုထုတ်ကြည့်မိတော့မှ ခရာထွက်ပေါက်ရသွားတော့၏။
"I accept"
ဒီလူဟာ တွေးခဲ့ဖူးသလောက် မတုံး၊မအတဲ့လူပဲ…
ခရာသည် ဖေကြီးမမြင်အောင်ကြိတ်ပြုံးလိုက်ပြီး ဖုန်းကိုပြန်သိမ်းကာ အူမြူးနေစိတ်ဖြင့် လေတစ်ချက်ချွန်လိုက်မိသေး။
သူ့လူကိုယ့်ဘက်သားဆိုတာ.....
💛💛▫▫▫💛💛
"ပြီးပြီလား"
"ဟုတ်ကဲ့ ပြီးပါပြီ အစ်ကိုလေး"
ကိုသီဟက ခေါင်းညိတ်ပြီး အခန်းသော့ကိုကမ်းပေးလာတော့ သူလှမ်းယူထားလိုက်ပြီး ဘောင်းဘီအိတ်ကပ်ထဲထည့်ထားလိုက်သည်။
အစ်ကို့ရဲ့အလုပ်ဟာ သူ့ရဲ့အလုပ်မဟုတ်ပေမယ့် အစ်ကို့အတွက် ထောက်တိုင်ဖြစ်ချင်သူမို့ လိုအပ်သမျှကူညီပေးတတ်တာ သူ့အကျင့်တစ်ခုဖြစ်နေပြီ…
"ဒီတစ်ခါများတယ်နော်"
"များတယ် အစ်ကိုလေး ဒါကချင်ပြည်နယ်က တိုက်ရိုက်ရောက်လို့ပါ ခါတိုင်းဆို သူတို့ကစရံငွေအရင်ချေတာပါ"
"အစ်ကိုကရော ဘယ်ရောက်နေသလဲ"
"မနေ့ကတော့ သိန္နီမှာပါ ဒီနေ့တော့ဘယ်သွားမလဲမသိဘူး ဘာဖြစ်လို့လဲအစ်ကိုလေး"
"ဒီအတိုင်းမေးကြည့်တာ အစ်ကိုနဲ့အဆက်အသွယ်ပြတ်နေလို့"
အစ်ကိုဟာ သူ့ရဲ့အရိပ်ဖြစ်ပြီး သူ့အနောက်မှာအမြဲရှိနေတတ်ကာ အစ်ကို့ကိုသေပြီဟုသာ သိကြသောလောကထဲမှာ ဘုန်းတန်ခိုးဟာတစ်ကောင်ကြွက်သာဖြစ်သည်။
သူဘယ်သူလဲ၊ ဘာကောင်လဲဆိုတာ ကိုယ်တိုင်လည်း အခုထိရေရေလည်လည်မသိသေးပေမယ့် ဒါတွေကို ဘယ်သူ့ကိုမှမပြောဘဲ လျှို့ဝှက်ထားခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။
"အစ်ကိုကြီး ဆက်သွယ်လာပါလိမ့်မယ် ကျွန်တော်ဘာလုပ်ပေးရဦးမလဲ"
"စည်းနဲ့ နန်းသွေးအမရာကိုပဲ စောင့်ကြည့်ပေးပါ"
"နန်းသွေးအမရာ ဒီကိုပြန်ရောက်နေပါတယ်"
"ဘယ်လို!"
"ရောက်ရောက်ချင်းမှာပဲ မင်းစည်းစိမ်ဆီကိုသွားခဲ့တာပါ"
သူ အံ့အားသင့်သွားမိသလို အံကြိတ်ပစ်လိုက်မိခြင်းသည် သူမ ကိုယ့်အပေါ်မချစ်သောကြောင့် မဟုတ်ပါ။
ရှိရင်းစွဲဒဏ်ရာက ပိုပြီးနက်နဲစွာနာကျင်သွားခဲ့ပြီမို့ သွေးအေးစွာပြုံးလိုက်မိရင်း နောက်ထပ် ကစားကွက်တစ်ကွက်ရွှေ့ဖို့ အသင့်တော်ဆုံးနေရာကို ရွေးချယ်လိုက်တော့၏။
မင်း နာကျင်ရမယ် စည်း..
ငါ့လိုမျိုး အသံမထွက်၊ မျက်နှာမပျက်ဘဲ တိတ်တိတ်ကလေးလေ…
💛💛▫▫▫💛💛
Part 18 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~~~~~~
💛 Players ( Part - 17 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫
စည္းဖုန္းမဆက္သည္မွာ ေတာ္ေတာ္ေလးၾကာေနၿပီမို႔ ေသြးစိတ္ထဲမွာ တစ္ခုခုလိုအပ္ေနသလိုခံစားရၿပီး ေဘးနားခ်ထားေသာဖုန္းကို မသိမသာငဲ့ၾကည့္မိသည္။
သူ တကယ္ပဲ ေသြးကိုစိတ္ပ်က္သြားၿပီလား...
တစ္ေယာက္တည္းေဆြးေနမိခ်ိန္ ဖုန္းဝင္လာ၍ စည္းလားဟု အေလာတႀကီးၾကၫ့္မိေပမယ့္ အန္တီႏွင္းပန္းျဖစ္ေန၏။
"သမီးအမရာ ျပန္လာေတာ့မွာလား"
"မလာေသးဘူး ေသြး အတန္းခ်ိန္တစ္ခ်ိန္က်န္ေသးတယ္ ဘာျဖစ္လို႔လဲဟင္"
"သမီးရဲ့ေလးေလး ေနျပည္ေတာ္ကိုျပန္ဖို႔ေလ ဟိုမွာ ၂ရက္ေလာက္ပဲၾကာမွာ အဲ့ဒါ သမီးေရာ အလည္မျပန္ခ်င္ဘူးလား"
အန္တီႏွင္းပန္းစကားကို ေသြး ျငင္းဖို႔ျပင္လိုက္ၿပီးမွ စည္းကိုသတိရသြား၍ ခဏေတာ့ႏႈတ္ဆိတ္သြားမိသည္။
တကယ္ဆို ေသြးဘက္ကျပတ္သားဖို႔ ေျပာခဲ့ရင္ေတာင္မွ သူ႔ဘက္ကေတာင္းပန္ၿပီး ဆက္သြယ္သင့္သည္မဟုတ္လား။
ေသြးကို ခ်စ္တယ္ဆိုၿပီး ဒီေလာက္ေလးေတာင္ လုပ္မေပးခ်င္ဘူးလား...
ထို႔ေၾကာင့္ သူ႔ကိုသြားေတြ့ခ်င္စိတ္ျဖင့္ ေလးေလးႏွင့္ လိုက္မၫ့္အေၾကာင္းေျပာလိုက္ေတာ့ အန္တီႏွင္းပန္းက အားလံုးျပင္ထားေပးမည္ဟုဆိုသည္။
ေလးေလးက ခရီးထြက္တိုင္း First classရေနက်ျဖစ္သၫ့္အျပင္ အခ်ိန္မေရြးသြားျပန္၍ရေသာေၾကာင့္ ခရာဆို ေလယာဥ္မစီးခ်င္မွအဆံုး။
ခရာငယ္ငယ္တုန္းကလည္း ေလးေလးက သြားေလရာေခၚသြားတတ္သည္။
"စာေတြလိုက္ႏိုင္ရဲ့လား သမီးအမရာ"
"လိုက္ႏိုင္ပါတယ္ ေလးေလး ၿပီးေတာ့ ေလးေလးကိုတစ္ခုေလာက္ေျပာလို႔ရမလား"
"အင္း"
အင္းဆိုေပမယ့္ ေလးေလးအၾကၫ့္ေတြက ေသြးဆီေရာက္မလာဘဲ Laptopဆီမွာသာရိွေနကာ အလုပ္လည္းတကယ္မ်ားေနဟန္။
သို႔ေပမယ့္ ေသြး အခုကတည္းက ခရာ့အတြက္ ေတာင္းဆိုထားသင့္သည္မလား။
"ခရာက Harvard Law Schoolမွာ ေက်ာင္းတက္ခ်င္ေနတယ္ ေလးေလးဘာလို႔ခြင့္မျပဳတာလဲဟင္"
Laptopကိုၾကၫ့္ေနသၫ့္ ေလးေလးအၾကၫ့္ေတြ ေသြးဆီေရာက္လာၿပီး ေျခခ်င္းခ်ိတ္ထိုင္ကာ ေလယာဥ္ျပတင္းဆီသို႔ မ်က္ႏွာလႊဲ၏။
ခရာလည္း ထိုသို႔ဟိတ္ႀကီးဟန္ႀကီးထိုင္တတ္သည္မို႔ ဒီအက်င့္ကိုေတာ့ ေလးေလးဆီကအေမြရခဲ့ဟန္ရိွသည္။
"မလႊတ္တာက အကၡရာသာ USကိုေရာက္သြားရင္ ျပန္လာမယ္လို႔ထင္ေနလို႔လား အမရာ"
"ခရာက ေလးေလးကိုေရာ အန္တီႏွင္းပန္းကိုပါ သိပ္ခ်စ္ပါတယ္ သူ႔ကိုနားလည္မႈေပးလိုက္ရင္ သူ႔ဘက္က အေျခခ်ဖို႔အထိ စိတ္ကူးမယ္မထင္ပါဘူး ခရာ့ကိုလႊတ္လိုက္ပါလား USကဘဲြ႔နဲ႔ဆို ခရာ့အေျခအေနက သိပ္ျမင့္မားသြားမွာ အာဆီယံထက္ ႏိုင္ငံတကာမွာပါဝင္ဆံ့သြားမွာေလ ေလးေလးကိုယ္တိုင္လည္း အဲ့လိုျမင့္မားေစခ်င္လို႔ Lawကိုယူခိုင္းခဲ့တာမလား"
ခ်က္က်လက္က်ေထာက္ျပလိုက္ေသာ ေသြးရဲ့စကားေၾကာင့္ ေလးေလးက မျငင္းဆန္ႏိုင္ေတာ့သလို ႏႈတ္ဆိတ္သြားေတာ့သည္။
ဒီေလာက္ဆို ခရာ့ကို USလႊတ္ဖို႔ ေလးေလးစဥ္းစားေနေလာက္ၿပီျဖစ္ကာ ေလာင္းေၾကးႏိုင္မွ ေသြးထပ္ေျပာလိုက္ရင္ေတာ့ အဆင္ေျပၿပီ...
သို႔ေပမယ့္ အခုအခ်ိန္မွာ ခရာ့ကိုႏိုင္ေစခ်င္သလား၊ ရႈံးေစခ်င္သလား သိပ္မသဲကဲြေတာ့.....
💛💛▫▫▫💛💛
အိမ္ေရ႔ွမွာရပ္ေနေသာ သူမကိုျမင္ေတာ့ ကိုယ့္မ်က္လံုးေတြကို မယံုႏိုင္ေသးတာမို႔ ဒီအတိုင္းရပ္ၾကၫ့္ေနမိသည္မွာ အၾကာႀကီးျဖစ္၏။
သူမသည္ ဆံႏြယ္ရွည္ေတြကို ဒီအတိုင္းျဖန႔္ခ်ထားၿပီး ကုတ္အက်ႌအျပာေရာင္ေလးကို စကဒ္အျဖဴေလးႏွင့္တဲြဝတ္ကာ ခရီးထြက္လာသၫ့္ပံုစံ။
သူမ တန္ခိုးဆီလာတာလား…
အခု သူ႔ဆီေရာက္လာတာကေရာ လမ္းႄကံုဝင္ေတြ့ျခင္း သက္သက္လား...
"နန္းေသြးအမရာ"
ေခၚသံေၾကာင့္ သူမဖ်တ္ခနဲလွၫ့္ၾကၫ့္ကာ တျဖည္းျဖည္းခ်င္း လင္းလက္လာသၫ့္မ်က္လံုးေလးေတြေၾကာင့္ ရင္ေတြခုန္လာခဲ့မိသည္။
ထို႔ေနာက္ သူမက အိတ္ကေလးကိုလြယ္ကာ အနားကိုခ်က္ခ်င္းေရာက္လာ၍ ကားေပၚတက္ဖို႔ ေမးဆတ္ျပလိုက္သည္။
သူမသည္ ကိုယ့္ကိုခဏတာတဲြရံုသက္သက္မို႔ အိမ္အထိလိုက္လာတာကို ဘယ္သူမျွပန္မသိေစခ်င္။
"မင္း ဘယ္ကိုလာတာလဲ တန္ခိုးဆီလား"
"ဟင့္အင္း"
ေခါင္းေလးခါၿပီးျငင္းဆိုသံေလးေၾကာင့္ စိတ္ထဲတစ္မ်ိဳးျဖစ္သြားၿပီး ကားကိုစက္ႏိႈးၿပီးမွေသာ့ကိုျပန္ပိတ္လိုက္ကာ သူမဘက္ကိုလွၫ့္ၾကၫ့္မိသည္။
ကိုယ့္ကိုခပ္စူးစူးေလးျပန္ၾကၫ့္ေနေသာ သူမရဲ့အၾကၫ့္ေတြမွာ အလြမ္းရိပ္ေတျြဖတ္ေျပးသြားသလို စိတ္ထဲထင္ကာ ဒါဟာသူပဲစိတ္ထင္ေန၍လား။
"မင္း ဘယ္ကိုသြားမလဲ"
"ခဏေလးပဲ ဒီအတိုင္းေနလို႔မရဘူးလား"
"ေသြး မင္း ငါ့ကို ေမ်ွာ္လင့္ခ်က္ထပ္မေပးပါနဲ႔ တန္ခိုးကိုလည္း အရူးမလုပ္ပါနဲ႔ေတာ့ မင္းျပတ္ျပတ္သားသားဆံုးျဖတ္သင့္ၿပီ"
"ေသြးဆံုးျဖတ္ခ်င္ပါတယ္ ဒါေပမယ့္နည္းနည္းေတြေဝေနတာက ရွင္ ကို႔လိုမ်ိဳး ေသြးကိုဦးစားေပးေစခ်င္တာ အဲ့လိုမ်ိဳးဆို ေသြး ကိုယ့္ကိုယ္ကို အရမ္းအေရးပါတယ္လို႔ခံစားမိလို႔ေလ ဒီရက္ေတြထဲ ရွင္ဘာလို႔ေသြးကိုမဆက္သြယ္တာလဲ ရွင့္အတြက္ေတာ့ ေသြးက ေဘာင္မဝင္လို႔လား"
"ဘာဆိုင္လို႔လဲ"
"ရွင္က ေသြးကို အခုထိဦးစားမေပးတတ္ဘူး ဦးစားေပးခံရတာကို ေသြးအရမ္းမက္ေမာတယ္ ငယ္ငယ္ေလးကတည္းက အိမ္ကဦးစားေပးျခင္းကို ခရာနဲ႔ခဲြယူရခဲ့တာ အခု ေသြး ရွင့္ဆီကလိုခ်င္တယ္ စည္း အဲ့ဒါဆို ေသြးျမန္ျမန္ျပတ္သားႏိုင္မယ္ထင္တယ္"
ကိုယ္လိုခ်င္ေနတာကေတာ့ သူမကိုပဲမို႔ သူ သက္ျပင္းခ်လိုက္ကာ ေသြးရဲ့မ်က္ႏွာကို မယံုႏိုင္သလိုၾကၫ့္မိရင္း သူမပါးေလးကို ထိတို႔ဖို႔လက္လွမ္းမိသည္။
သို႔ေသာ္ မထိျဖစ္ဘဲ သူ႔လက္ေတြရပ္တံ့သြားသည္က တလႈပ္လႈပ္ျဖစ္ေနသၫ့္ သူမရဲ့ႏႈတ္ခမ္းမ်ားေၾကာင့္။
ေသြး သူ႔ဆီက တစ္စံုတစ္ခုကိုမ်ား...
သူမမ်က္ႏွာေလးကို ေမးဖ်ားေလးကေန ဆဲြယူေမာ့ေစကာ ႏႈတ္ခမ္းေလးကိုနမ္းမိေတာ့ ခ်ိဳၿမိန္လြန္းေသာအထိအေတြ့ေလးေၾကာင့္ ရင္ေတြပိုခုန္လာမိသည္။
တစ္ခါရဖူးေသာ သူမအထိအေတြ့ကို လိုခ်င္စိတ္က အျပင္းအထန္ျဖစ္လာသည္မို႔ သူမရဲ့ကိုယ္ေလးကို ခပ္တင္းတင္းဖက္လိုက္သည္။
"ကိုယ္ မင္းကိုခ်စ္ခ်င္တယ္"
"ဟင္!"
"ဟိုတစ္ခါကလို"
ေသြး ဘာမျွပန္မေျပာသလို ျငင္းလည္းမျငင္းဘဲ သူ႔ရင္ခြင္ထဲမွာ မ်က္ႏွာေလးေမာ့ကာၿငိမ္သက္ေန၏။
သူ ထိုင္ခံုမွာျပန္ထိုင္လိုက္ၿပီး အိမ္ႏွင့္မနီးမေဝးက သူ႔ရဲ့ကြန္ဒိုဆီကိုေမာင္းလာခဲ့ကာ ထိုတစ္ေန့လံုး ေသြးကိုျပန္မလႊတ္ေတာ့။
ကိုယ္ခ်စ္ရသူႏွင့္ အတူေနခြင့္ရသၫ့္ခဏမွာ သူ ေက်နပ္ေပ်ာ္ရႊင္ရသည္မို႔ သူမႏွင့္ခ်စ္တမ္းကစားရတာလည္း မေမာႏိုင္။
ရင္ခြင္ထဲမွာ အိပ္ေပ်ာ္ေနသည့္မ်က္ႏွာေလးကို တိုးတိုက္နမ္းပစ္လိုက္ရင္း အဝတ္မဲ့ေနေသာ ကိုယ္ေလးထက္ ေစာင္ကိုဆဲြႃခံုေပးလိုက္သည္။
"အခုလက္ရိွအခ်ိန္မွာ ခရာေရာ ကိုစည္းေရာ မရာ့ရဲ့ကစားကြက္ထဲမွာပိတ္မိေနၾကၿပီ ကိုစည္းလည္းေနာက္မဆုတ္ခ်င္ဘူးမလား ခရာလည္း ေနာက္မဆုတ္ခ်င္ေတာ့ဘူး
အဲ့ဒီေတာ့ ခရာ့ကိုကူညီပါ"
အကၡရာရဲ့စကားကို နားထဲျပန္ၾကားလာေတာ့ ဒီပဲြမွာအကၡရာႏိုင္မွ ေသြးမွာအျပစ္မရိွေတာ့မွာ၊ ဘယ္သူကမွလက္ၫွိုးမထိုးေတာ့မွာကို သူသေဘာေပါက္သြား၏။
သူမကို တန္ခိုးဆီျပန္မေပးႏိုင္ေတာ့သလို သြားခြင့္လည္းမေပးႏိုင္။
ထိုအတိုင္း ဆံုးျဖတ္ခ်က္ခ်လိုက္သည္ႏွင့္ ဘာလုပ္ရမလဲဆိုသၫ့္အေျဖကို ခ်က္ခ်င္းရသလို ထိုဆံုးျဖတ္ခ်က္အတိုင္း...
"I accept"
အကၡရာဆီကို မက္ေဆ့ဝင္သြားသည္ႏွင့္ ဖုန္းကိုစားပဲြေပၚျပန္တင္လိုက္ကာ သူမကိုယ္ေလးကို ခပ္တင္းတင္းသိုင္းဖက္ကာ နဖူးေလးကို ဖြဖြေလးနမ္းမိသည္။
မင္းရဲ့ကစားကြက္ေတြထဲ လိုက္ၿပီးေမ်ာပါမေနႏိုင္တာ ကိုယ့္ကိုခြင့္လႊတ္ပါ...
💛💛▫▫▫💛💛
ထူးထူးဆန္းဆန္းမိတ္ကပ္လိမ္းထားေသာ အကၡရာေၾကာင့္ သူ႔စိတ္ထဲတစ္မ်ိဳးျဖစ္သြားၿပီး အေသအခ်ာလိုက္ၾကၫ့္မိေတာ့ ဘာလဲဆိုသၫ့္ပံုစံျဖင့္ ျပန္ငဲ့ၾကၫ့္လာသည္။
ခါတိုင္းဆို ဘာမွမျပင္မဆင္ေသာမ်က္ႏွာက မိတ္ကပ္ေၾကာင့္ ႏုသစ္လွပေနကာ သူသေဘာက်ေသာမ်က္လံုးေလးေတြက မ်က္ေတာင္ေကာ့ေကာ့ေတျြဖင့္ ရႊန္းလဲ့ေန၏။
ပန္းႏုေရာင္စိုစိုေလးလက္ေနေသာ ႏႈတ္ခမ္းေလးက ဖူးထြဋ္ေနကာ အေပၚႏႈတ္ခမ္းေလးပါးသေလာက္ ေအာက္ႏႈတ္ခမ္းကေတာ့ ထူထူေဖာင္းေဖာင္းေလးမို႔ ပိုသတိထားခ်င္စရာေကာင္းသည္။
"အကၡရာ မင္းဘာစိတ္ကူးေပါက္လာတာလဲ"
"ကိုႀကီးကိုျပခ်င္လို႔"
"ဘာ!!"
"မဟုတ္ဘူးေလ ဒီေလာက္ဆို သတိထားမိေလာက္လားလို႔ေမးမလို႔ပါ ဘာလို႔ေအာ္ေနတာလဲ မသိရင္ ဒီကပဲ သူ႔ကိုရည္းစားစကားေျပာေနတဲ့အတိုင္းပဲ"
"အကၡရာ"
"ဘာလဲ လွလား မလွဘူးလား ဒါပဲေျပာ"
"မင္းေသေတာ့မယ္ ငါ့ကိုမေလးမစားနဲ႔ သြား.. ပန္းရံသမားေတြ နံရံတက္ထားတာသြားၾကၫ့္ တတိယထပ္မွာ"
"ဟာ! ရက္စက္လိုက္တာ ကိုႀကီးရယ္ သူမ်ားအလွေတျြပင္ထားမွ.."
"အလျွပင္ထားေတာ့ဘာျဖစ္လဲ"
"ခၽြေးေတြထြက္ကုန္ရင္ အလွပ်က္သြားမွာေပါ့"
"မင္းဘယ္တုန္းကလွလို႔လဲ"
ထိုအခါ သူမကမ်က္ေစာင္းထိုးရင္း ပိုက္ဆံအိတ္ကို သူ႔အနားက,စားပဲြမွာေဆာင့္ေအာင့္ခ်ၿပီး ဖုန္းကိုႏိႈက္ယူေတာ့ သူ ထိုပိုက္ဆံအိတ္ထဲကို အမွတ္တမဲ့ငံု႔ၾကၫ့္မိသည္။
မိတ္ကပ္ဘူးေတြလည္း ထၫ့္လာေသာေၾကာင့္ ဒီေလာက္လွခ်င္လာရသလားဟု မေက်မနပ္ျဖစ္သြားစဥ္ အနီေရာင္စာအုပ္တစ္အုပ္ကို သူေတြ့လိုက္သည္။
Indiaႏိုင္ငံဖဲြ႔စည္းပံု အေျခခံအက္ဥပေဒမူၾကမ္းတဲ့...
ေပါ့ပါးတက္ႂကြေနတတ္သၫ့္သူမပံုစံႏွင့္ ဥပေဒပညာဟာ လံုးဝမွမသက္ဆိုင္သလိုခံစားလိုက္ရ၍ ထိုစာအုပ္ကေလးကို အိတ္ထဲကဆဲြထုတ္ၾကၫ့္မိသည္။
ထိုအခါ သူမက မ်က္ႏွာပ်က္သြားၿပီး စာအုပ္ကိုအသည္းအသန္ျပန္ဆဲြေတာ့ မသကၤာသြားတာမို႔ အားႏွင့္ဆတ္ခနဲဆဲြပစ္လိုက္သည္။
ဤတြင္ စာအုပ္ကိုအတင္းဖိဆဲြထားေသာ အကၡရာသည္ အရိွန္ျဖင့္ပါလာၿပီး သူ႔ရင္ဘတ္ကိုဝင္တိုက္မိေတာ့၏။
"မင္း ဒီလိုစာအုပ္ေတြလည္း ဖတ္တတ္တာပဲလား"
နီးကပ္လြန္းေသာအေနအထားေၾကာင့္ သူမ ရွက္ကိုးရွက္ကန္းျဖင့္ ေနာက္ျပန္ဆုတ္သြားကာ အခ်ိဳးမညီေတာ့သၫ့္ မ်က္ႏွာကို ဟိုလႊဲဒီလႊဲ။
နီးနီးကပ္ကပ္ျမင္ေနရေသာ ထိုမ်က္ႏွာေလးသည္ သူ႔လက္ထဲကစာအုပ္ကိုၾကၫ့္ကာ တစ္ခုခုကိုစိုးထိတ္သြားဟန္ရိွ၏။
မ်က္ေတာင္ေတြ ပုတ္ခတ္ပုတ္ခတ္လုပ္ရင္း ႏႈတ္ခမ္းေလး တဆတ္ဆတ္တုန္ေနတာမို႔ သူ႔စိတ္ထဲတမ်ိဳးျဖစ္လာကာ ထိုမ်က္ႏွာကို ေသေသခ်ာခ်ာစိုက္ၾကၫ့္ေနလိုက္သည္။
"ခရာ စိတ္ဝင္စားလို႔ဖတ္တာ ျပန္ေပးပါ ကိုႀကီး"
"မင္းရဲ့ဝါသနာေတြကလည္း အဆန္းပါလား စဥ္းစားၾကၫ့္.. အင္ဂ်င္နီယာ၊ ဥပေဒ၊ Decoration ဘာမွမဆိုင္သလိုပဲ"
စာအုပ္ကိုျပန္ေပးရင္း ခပ္ရိရိဆိုေတာ့ ခရာ ထြက္ေပါက္ပိတ္သြားသလို ႏႈတ္ဆိတ္ကာ စာအုပ္ကို အိတ္ထဲျပန္ထၫ့္ေတာ့ ဒီအျဖစ္ကိုလည္းသေဘာမက်။
ပံုမွန္ဆို သိပ္ကိုစြာလြန္းေသာ ထိုႏႈတ္ခမ္းဖ်ားေတြဟာ အခုေတာ့ ေစ့ပိတ္ထား၏။
"မင္းကိုေျပာေနတာ ၾကားလား"
"ကိုႀကီးကလည္း.. ဘာမွမဆိုင္လည္း စိတ္ဝင္စားစရာရိွလို႔ဝင္စားတာေပါ့ အထူးအဆန္းလုပ္လို႔"
"ဟုတ္ပါၿပီ ငါကပဲထူးဆန္းေနတာပါ ပန္းရံဆရာေတြ အလုပ္ဝင္ေတာ့မယ္ မင္းသြားၾကၫ့္လိုက္"
ဟုတ္ဆိုသၫ့္အသံႏွင့္အတူ သူမ ေခါင္းေလးညိတ္ကာ ထားခဲ့ဖို႔ျပင္ထားေသာ ထိုပိုက္ဆံအိတ္ကို ျပန္ယူသြားတာမို႔ ေခါင္းထဲအေတြးေတြ တန္းစီၿပီးဝင္လာ၏။
အက္ဥပေဒမူၾကမ္းတဲ့။
သူေတာင္ တစ္ခါမွမသိခဲ့သၫ့္စာအုပ္ႏွင့္ စိတ္မဝင္စားခဲ့ဖူးသၫ့္အေၾကာင္းအရာေတြ။
တတိယထပ္မွာ ပန္းရံဆရာေတြႏွင့္ စကားေျပာေနေသာသူမကိုၾကၫ့္ေနမိရင္း ဘာကိုအလိုမက်မွန္းမသိဘဲ မ်က္ေမွာင္ကုတ္ေနမိသည္။
အလွေတျြပင္လာလို႔လား...
ဒါမွမဟုတ္ သူ ေျပာဆိုဆံုးမေနတာကို မနာခံဘဲ ထင္ရာေတြေျပာေနဆဲပဲမို႔လား...
ဒါမွမဟုတ္ ထူးဆန္းေသာဝါသနာေၾကာင့္ စိတ္ဘဝင္မက်ျဖစ္ေနသလား...
သူမဟာ တစ္ခုခုေတာ့တစ္ခုခုပါပဲ...
💛💛▫▫▫💛💛
"အသားေတြမဲသြားလိုက္တာ သမီးရယ္"
"နည္းနည္းပါ ေဖႀကီးရဲ့"
ေဖႀကီးက ခရာ့ကိုေစ့ေစ့စပ္စပ္ၾကၫ့္ကာ ေျပာလာေတာ့ ခရာ ဟဲခနဲရယ္ျပရင္း ေဖႀကီးရဲ့ခါးႀကီးကို တအားဖက္ထားလိုက္သည္။
ေဖႀကီးကို ခုလိုမခၽဲြရတာ ၾကာၿပီမလား...
"ေရ႔ွေနလုပ္ဖို႔စိတ္မကူးေသးဘူးလား အဲ့ဒီDecoratorပဲလုပ္ခ်င္ေသးတာလား"
"ဒီဆိုဒ္ၿပီးရင္ ခရာေက်နပ္ပါၿပီ အဲ့ဒီကိုပဲျပန္လာမွာပါ ေရ႔ွေနပဲျပန္လုပ္မွာပါ ဒါနဲ႔ေဖႀကီး ဒီကိုျပန္ေျပာင္းရမယ္ဆို"
"လိုပါေသးတယ္ ႏိုင္ငံေရးေလာက က သိပ္မၿငိမ္ေသးဘူး ဒီကိုျပန္လာဖို႔ထက္ ကြာလာလမ္ပူကိုေျပာင္းရမယ္ထင္တယ္"
"မေလး လား"
"အင္း အဲ့ဒီမွာက ျမန္မာလုပ္သားသိပ္မ်ားတယ္ အဲ့ဒီအေရးကိုေျဖရွင္းဖို႔ အရံအစီအစဥ္ပါ အခုလည္းမဟုတ္ေသးသလို ျဖစ္ခ်င္မွလည္းျဖစ္မွာပါ"
"ဒါဆို တကယ္ေျပာင္းျဖစ္ရင္ ခရာလည္း ကြာလာလမ္ပူကို လိုက္ရမွာေပါ့"
ေဖႀကီးက ခပ္ႃပံုးႃပံုးအေနအထားျဖင့္ ေခါင္းညိတ္ျပေနေတာ့ ကြာလာလမ္ပူဆိုလည္းအဆင္မေျပေသး၍ ခရာ အေတာ္ေလးစိတ္ေလသြားကာ လည္ပင္းကိုကုတ္မိသည္။
အေတြးေတျြဖင့္စိတ္ရႈပ္ေနတုန္း ဝင္လာသၫ့္မက္ေဆ့ေၾကာင့္ ဖုန္းကိုထုတ္ၾကၫ့္မိေတာ့မွ ခရာထြက္ေပါက္ရသြားေတာ့၏။
"I accept"
ဒီလူဟာ ေတြးခဲ့ဖူးသေလာက္ မတံုး၊မအတဲ့လူပဲ…
ခရာသည္ ေဖႀကီးမျမင္ေအာင္ႀကိတ္ႃပံုးလိုက္ၿပီး ဖုန္းကိုျပန္သိမ္းကာ အူျမဴးေနစိတ္ျဖင့္ ေလတစ္ခ်က္ခၽြန္လိုက္မိေသး။
သူ႔လူကိုယ့္ဘက္သားဆိုတာ.....
💛💛▫▫▫💛💛
"ၿပီးၿပီလား"
"ဟုတ္ကဲ့ ၿပီးပါၿပီ အစ္ကိုေလး"
ကိုသီဟက ေခါင္းညိတ္ၿပီး အခန္းေသာ့ကိုကမ္းေပးလာေတာ့ သူလွမ္းယူထားလိုက္ၿပီး ေဘာင္းဘီအိတ္ကပ္ထဲထၫ့္ထားလိုက္သည္။
အစ္ကို႔ရဲ့အလုပ္ဟာ သူ႔ရဲ့အလုပ္မဟုတ္ေပမယ့္ အစ္ကို႔အတြက္ ေထာက္တိုင္ျဖစ္ခ်င္သူမို႔ လိုအပ္သမ်ွကူညီေပးတတ္တာ သူ႔အက်င့္တစ္ခုျဖစ္ေနၿပီ…
"ဒီတစ္ခါမ်ားတယ္ေနာ္"
"မ်ားတယ္ အစ္ကိုေလး ဒါကခ်င္ျပည္နယ္က တိုက္ရိုက္ေရာက္လို႔ပါ ခါတိုင္းဆို သူတို႔ကစရံေငြအရင္ေခ်တာပါ"
"အစ္ကိုကေရာ ဘယ္ေရာက္ေနသလဲ"
"မေန့ကေတာ့ သိႏၷီမွာပါ ဒီေန့ေတာ့ဘယ္သြားမလဲမသိဘူး ဘာျဖစ္လို႔လဲအစ္ကိုေလး"
"ဒီအတိုင္းေမးၾကၫ့္တာ အစ္ကိုနဲ႔အဆက္အသြယ္ျပတ္ေနလို႔"
အစ္ကိုဟာ သူ႔ရဲ့အရိပ္ျဖစ္ၿပီး သူ႔အေနာက္မွာအၿမဲရိွေနတတ္ကာ အစ္ကို႔ကိုေသၿပီဟုသာ သိၾကေသာေလာကထဲမွာ ဘုန္းတန္ခိုးဟာတစ္ေကာင္ႂကြက္သာျဖစ္သည္။
သူဘယ္သူလဲ၊ ဘာေကာင္လဲဆိုတာ ကိုယ္တိုင္လည္း အခုထိေရေရလည္လည္မသိေသးေပမယ့္ ဒါေတြကို ဘယ္သူ႔ကိုမွမေျပာဘဲ လ်ိႈ႔ဝွက္ထားျခင္းသည္သာ အေကာင္းဆံုးျဖစ္သည္။
"အစ္ကိုႀကီး ဆက္သြယ္လာပါလိမ့္မယ္ ကၽြန္ေတာ္ဘာလုပ္ေပးရဦးမလဲ"
"စည္းနဲ႔ နန္းေသြးအမရာကိုပဲ ေစာင့္ၾကည့္ေပးပါ"
"နန္းေသြးအမရာ ဒီကိုျပန္ေရာက္ေနပါတယ္"
"ဘယ္လို!"
"ေရာက္ေရာက္ခ်င္းမွာပဲ မင္းစည္းစိမ္ဆီကိုသြားခဲ့တာပါ"
သူ အံ့အားသင့္သြားမိသလို အံႀကိတ္ပစ္လိုက္မိျခင္းသည္ သူမ ကိုယ့္အေပၚမခ်စ္ေသာေၾကာင့္ မဟုတ္ပါ။
ရိွရင္းစဲြဒဏ္ရာက ပိုၿပီးနက္နဲစြာနာက်င္သြားခဲ့ၿပီမို႔ ေသြးေအးစြာႃပံုးလိုက္မိရင္း ေနာက္ထပ္ ကစားကြက္တစ္ကြက္ေရႊ့ဖို႔ အသင့္ေတာ္ဆံုးေနရာကို ေရြးခ်ယ္လိုက္ေတာ့၏။
မင္း နာက်င္ရမယ္ စည္း..
ငါ့လိုမ်ိဳး အသံမထြက္၊ မ်က္ႏွာမပ်က္ဘဲ တိတ္တိတ္ကေလးေလ…
💛💛▫▫▫💛💛
Part 18 ဆက္ရန္
စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997