Second life ( အချို့သောချစ်ခြ...

By moetharchel

126K 9.5K 1.4K

Hydrangeaတွေနဲ့အတူ အမြဲနောင်တရနေလိုက်ပါအစ်ကို။ နောင်တတရားတွေ အားနာစိတ်တွေနဲ့နာနာကျင်ကျင်ရှင်သန်နေလိုက်ပေါ့။ More

Intro
EP - 1
EP - 2
EP - 3
EP - 4
EP - 5
EP - 6
EP - 7
EP - 8
EP - 9
EP- 10
EP - 11
EP - 12
EP - 13
EP - 14
EP - 15
EP - 16
EP - 17
EP - 18
EP - 19
EP - 20
EP - 21
Attention please!!
EP - 22
EP - 23
EP - 24
EP - 25
EP - 26
EP - 27
EP - 28
EP - 29
EP - 30
EP - 31
EP - 32
EP - 33
Sorry for update
EP - 34
EP - 35
EP - 36
EP - 37
EP - 38
EP - 39
EP - 40
EP - 41
EP - 42
EP - 43
EP - 44
EP - 45
EP - 46
EP - 47
EP - 48
hello

EP - 49

1.5K 75 19
By moetharchel

Unicode

အဖျားပျောက်ကာစရှိသေးတာကိုသူ့သားဆီလိုက်ပို့ပေးခိုင်းနေတဲ့ကောင်လေးကြောင့်ထည့်ဝါ့မှာအတော်လေးအခက်တွေ့နေရသည်။ ဆောင်းရာသီရဲ့အအေးဒဏ်ကြောင့်အပြင်ထွက်လိုက်တာနဲ့ဖျားရင်ဖျား ၊ မဖျားရင်ကိုယ်လက်တွေကိုက်ခဲနေတတ်တဲ့ဒီကောင်လေးကတကယ်ပဲသူ့ကိုယ်သူဂရုမစိုက်တတ်လေသလား။

" ဒေါက်တာ...ခဏလေးပဲလေ တကယ်ခဏလေးပဲသွားတွေ့မှာ......"

အနားကပ်ကာခပ်တိုးတိုးပြောနေရှာတဲ့ကောင်လေးကိုကြည့်တော့လည်းမျက်နှာငယ်လေးနှင့်ကြည့်နေပြန်တာမို့လူကသက်ပြင်းသာချမိသည်။ ကောင်လေးကိုကြည့်ရတာကလည်းအတော်လေးတွေ့ချင်နေတဲ့ပုံရတာမို့အစကတည်းကမခိုင်ချင်တဲ့စိတ်အခြေအနေကဒီကောင်လေးအလိုကျခေါင်းညိတ်မိလျက်သား။ ထိုအခါမှမျက်နှာလေးပြန်ရွှင်လန်းလာတဲ့ကောင်လေးကလူကိုသူ့ရင်ခွင်ထဲထည့်ဖက်ပြီးပါးကိုတရွှတ်ရွှတ်နှင့်လာနမ်းနေပြန်သေးသည်။
ဒီကောင်လေးအခုတစ်လောမှသိပ်ကိုတတ်နေတာ......။

" ပြီးရင်တော့ကိုယ့်စကား‌နားထောင်ရမယ်နော်ကလေး......"

" ဆေးခါးကြီးတွေတိုက်ဦးမလို့လား......"

ပြန်ဖြေလာတဲ့ကောင်လေးရဲ့မျက်နှာကရှုံ့မဲ့မဲ့။ ဒီကောင်လေးဆေးကြောင်တာထည်ဝါသိသည်။ ဒါပေမယ့်လည်းဒါကတော့အလိုလိုက်လို့မဖြစ်တဲ့အရာပဲမဟုတ်လား။ ဒီကလေးတစ်ခုခုဖြစ်ရင်သူ့ထက်ပိုခံစားရတဲ့သူကကိုယ်ပဲမို့မဖြစ်သင့်တာမဖြစ်အောင်တော့အလိုမလိုက်သင့်တာဆိုမလိုက်ဘဲနေရမည်။

" ဘာလဲမသောက်ချင်ဘူးလား......"

ခပ်ဖြေးဖြေးခေါင်းညိတ်ပြလာတဲ့ကောင်လေးကချစ်စရာကောင်းလွန်းနေတာကြောင့်ထည်ဝါခပ်ဟဟရယ်မိရင်းမီးခိုးရောင်ဆံနွယ်တွေကိုအနည်းငယ်သပ်တင်ပေးမိသည်။ မသိမသာပိုရှည်လာတဲ့ဆံပင်တွေကပိုကြည့်ကောင်းကာဒီကောင်လေးရဲ့ချောမောမှုကိုတကယ့်ကိုအထောက်အပံ့ဖြစ်စေတာပဲ။

" မသောက်ဘူးဆိုရင်မသွားရဘူး......"

" ဒေါက်တာကဗျာ...ဒါသက်သက်မဲ့ညစ်တာ......"

အလိုမကျသလိုပြောသွားပြီးအကြည့်လွှဲသွားတဲ့သူကဖက်ထားသည့်လက်ကိုပလဖယ်ခွာသွားတာမို့ထည်ဝါလည်းကိုယ့်ဘာသာအေးအေးဆေးဆေးပင်စာအုပ်တစ်အုပ်ကိုယူဖတ်နေလိုက်သည်။
သူ့အတွက်ပြောနေတာကိုများ...ခေါင်းမာချင်နေသေးတယ်ဆိုရင်လည်းကိုယ်ကခဏလောက်ပစ်ထားရုံပေါ့။ ဒီကလေးမှတ်လောက်ရှိအောင်ကိုစိတ်ဆိုးပြလိုက်ဦးမယ်......။

" ဒေါက်တာ......"

ပုံမှန်အနေအထားအတိုင်းရှိကာနားထောင်လို့ကောင်းလွန်းတဲ့ခေါ်သံလေး။ ထိုအသံလေးကထည်ဝါ့အတွက်တစ်လောကလုံးတင်မကစကြဝဠာတစ်ခုလုံမှာပါသဘောအကျရဆုံးဖြစ်နေပမယ့်လို့စိတ်ဆိုးနေတာကြောင့်တမင်မကြားချင်ယောင်ဆောင်နေလိုက်သည်။

" ဒေါက်တာ အဲ့ဒီ့လိုကြီးနေ,နေတော့မလို့လား......"

ထည်ဝါခေါင်းသာညိတ်ပြလိုက်မိသည်။ ဒီတစ်ခါတော့ထည်ဝါ့ဘက်ကလုံးဝလုံးဝလုံးဝကိုမှအလျှော့ပေး‌ချင်စိတ်မရှိ။ ခန္ဓာကိုယ်ကြီးကြည့်တော့ထည်ဝါ့ထက်တောင်အရပ်ကမြင့်နေသေးတဲ့အပြင်six packတွေအတိုင်းသားနဲ့ကိုဆေးသောက်ရမှာကြောက်နေသေးတယ်။

" အင်းဗျာ သောက်မယ် သောက်မယ်...အဲ့ဒီ့လိုကြီးမနေပါနဲ့တော့ဒေါက်တာရယ် စိတ်မဆိုးပါနဲ့တော့ဗျာ....."

" သေချာလား......"

လက်ထဲကစာအုပ်ကိုချပြီးမယုံသလိုမျိုးအနည်းငယ်မျက်လုံးပင့်ကြည့်မိတော့ခပ်မုန်မြန်ခေါင်းညိတ်ပြတဲ့ကောင်လေး။
ထည်ဝါမသိမသာခိုးပြုံးလိုက်မိပြီးမှအမြန်ပြန်တည်လိုက်ရင်း

" ပါးစပ်ကဖြေလေ...သေချာပြောမှပေါ့....."

" ဟုတ်ကဲ့ ကျွန်တော်ဆေးသောက်မယ်......"

" ကိုယ့်ကလေးလေးကလိမ္မာလိုက်တာ......"

ပြောပြောဆိုဆိုနှင့်ကောင်လေးရင်ခွင်ထဲတိုးဝင်လိုက်တော့ပြန်ပွေ့ဖက်လာတဲ့ကောင်လေးဆီမှနေပေစောင်းစောင်းနှင့်ဘုကြည့်အကြည့်ခံလိုက်ရသေး၏။ ပါးစပ်ကလည်းမကြားရလောက်အောင်အထိတိုးတိုးတိုးတိုးနှင့်ဘာတွေမှန်းမသိပွစိပွစိပြောနေလိုက်သေး။ ထည်ဝါသဘောတကျရယ်မိတော့ကောင်လေးကနှုတ်ခမ်းကိုလာဖိကပ်နမ်းရှိုက်သည်။

ပြောရရင်တော့သူလေးစိတ်ဆိုးလို့ကိုယ့်ကိုနမ်းပါတယ်ပေါ့လေ......။
ကောင်းပါတယ်...ဒီလိုဆိုတော့လည်းများများစိတ်ဆိုးအောင်စဦးမှ။


_____________________________________________


အေးစိမ့်နေသည့်ဆောင်းရာသီမနက်ခင်းကြောင့်ထူးထက်စေဆက်အိပ်မရတော့ဘဲနိုးလာမိသည်။ ထုံးစံအတိုင်းမျက်လုံးမဖွင့်သေးဘဲဘေးကကြင်နာသူလေးအားဆွဲပွေ့ဖက်ဖို့ပြင်မိတော့အေးစက်နေသည့်နေရာလွတ်တစ်ခုကသာမိတ်ဆက်ပြန်တယ်။ ဆတ်ခနဲထထိုင်ရင်းကုတင်ပေါ်ကဆင်းကာဟိုဒီရှာမိတော့အခန်းတစ်ခုလုံးကတိတ်ဆိတ်လို့။

" ကိုကို...ကိုကိုရေ...ကိုကို......"

ခပ်ကျယ်ကျယ်အော်ခေါ်ရင်းအိမ်အောက်အထပ်ဆီဆင်းလာခဲ့မိတော့တစ်ဆက်တည်းတွဲမြင်လိုက်ရတဲ့ဧည့်ခန်းထဲကပုံရိပ်လေး။ ရယ်မောနေသည့်ကိုကို့ပုံစံကတစ်ယောက်ယောက်နှင့်‌စကားပြောဆိုနေပုံရတာကြောင့်ဧည့်ခန်းဆီသို့တစ်လှမ်းချင်းစီသာလျှောက်လှမ်းလာခဲ့လိုက်သည်။
ဒီလောက်အစောကြီးကိုဘယ်ဧည့်သည်ကများအလိုက်ကမ်းဆိုးမသိလာရှုပ်နေရတာလဲ......။

ဧည့်ခန်းထဲရောက်ရောက်ချင်းစူးစိုက်ကြည့်လာတဲ့သူကကိုကို့မေမေ ၊ ကျွန်တော့်ယောက္ခမကြီးနှင့်ဘယ်ကမှန်းမသိတဲ့မိန်းကလေးတစ်ယောက်။ နှစ်ယောက်လုံးရဲ့အကြည့်တွေကကိုယ့်အပေါ်အမြင်မကြည်ပုံရတာမို့ထူးထက်စေခေါင်းအသာငုံ့ကာမဲ့ပြုံးတစ်ချက်ပြုံးမိသည်။
ဘယ့်နှယ့်သူများအိမ်ပေါ်တက်ပြီးအိမ်ရှင်ကိုအမြင်မကြည်ပုံလာပြနေရတယ်လို့...တကယ့်ကိုလူလိုမသိကြပါလား......။

" ကိုကို......"

ခေါ်သံကြားမှလှည့်ကြည့်လာတဲ့ကိုကိုကအပြုံးလေးတစ်ပွင့်စွန့်ကြဲရင်းမေးဆတ်ပြကာအနားလာထိုင်ဖို့မျက်နှာရိပ်မျက်နှာကဲပြလာပေမယ့်ထူးထက်စေသိပ်တော့သဘောမကျမိ။ အရှင်းပြန်မကောင်းသေးတဲ့မျက်လုံးအခြေအနေကြောင့်အမြဲလိုလိုဂရုတစိုက်နှင့်အရိပ်တကြည့်ကြည့်နေ,နေကျကိုကိုကအခုမှပြီးစလွယ်သဘောဆက်ဆံနေတာကကိုကို့အမေကြောင့်များဖြစ်နေမလား။

" လာလေ ချာတိတ်...ဒီမှာမေမေတို့ရောက်နေတာ......"

ငေးကြည့်နေတဲ့ချာတိတ်ကြောင့်လင်းလက်သတိပေးသလိုလှမ်းခေါ်လိုက်မိသည်။ နိုးလာလို့ကိုယ့်ကိုမတွေ့တာနဲ့လိုက်ရှာနေပုံရတဲ့ချာတိတ်ကမျက်နှာတောင်မသစ်ဘဲဆင်းလာပြန်ပုံရပေမယ့်မေမေပါရှိနေတော့လှည့်ပြန်ခိုင်းလို့ကလည်းမကောင်း။ ပြီးတော့ကလျာ့ကိစ္စကလည်းချာတိတ်နှင့်တိုင်ပင်မှဖြစ်မယ့်ကိစ္စမဟုတ်လား။

" အာ့!....."

ခေါင်းအသာညိတ်ပြကာရှေ့ကိုလှမ်းလာတဲ့ကောင်လေးကအလှပန်းအိုးတင်ထားသည့်စားပွဲအသေးလေးနှင့်ခလုတ်တိုက်ကာခွေခနဲလဲကျသွားတာမို့လင်းလက်ထူပူသွားမိသည်။ ခပ်မြန်မြန်ထကာချာတိတ်ကိုသွားထူပေးမိတော့ပြုံးပြလာတဲ့အပြုံးလေးကကိုယ့်ကိုပြန်အားနာနေသယောင်။
ကိုယ်တို့နှစ်ယောက်ကြားမှာဒါတွေမှမလိုဘဲချာတိတ်ရာ......။

" ဟို...ကျွန်တော် နည်းနည်းမမြင်သွားမိတာကိုကို......"

ခပ်တိုးတိုးထွက်ပေါ်လာတဲ့စကားသံလေးအဆုံးကိုယ့်ကိုကိုယ်သာထုရိုက်ပစ်ချင်သွားမိသည်။ ချာတိတ်ရဲ့မျက်လုံးအခြေအနေကအရှင်းပြန်ကောင်းသေးတဲ့အနေအထားမဟုတ်တာမို့ဂရုစိုက်ပေးဖို့လိုနေသေးတဲ့ဟာကိုမှကိုယ်ကအခုဖြစ်သလိုဆက်ဆံလိုက်မိတယ်။

" အရမ်းနာသွားလား......"

ခေါင်းခါပြလာတဲ့ကောင်လေးကြောင့်လင်းလက် ကောင်လေးကိုခပ်ဖြေးဖြေးထူပေးကာတွဲလာလိုက်ပြီးဆိုဖာပေါ်တွင်ထိုင်စေလိုက်သည်။ မေမေနဲ့ကလျာတို့ရှိရာဘက်ကိုကြည့်ပြီးခေါင်းတစ်ချက်ညိတ်ကာပြုံးပြလာတဲ့ကောင်လေးကတကယ့်ရည်ရည်မွန်မွန်လေးပင်။

" ကလျာ ဒါက......"

" ရတယ်အစ်ကို...ကလျာမသိချင်သေးဘူး အခုကလျာပင်ပန်းနေလို့နားချင်ပြီ အစ်ကို့အခန်းမှာဖြစ်ဖြစ်ခဏလောက်နားလို့ရမလား......"

အရင်ကတည်းကအပြောအဆိုရဲတင်းလွန်းတဲ့ကလျာကအခုလည်းသူဖြစ်ချင်တာကိုသာဒဲ့ပြောလာပြန်တာမို့လင်းလက်မှာဘာပြန်ပြောလို့ပြောရမှန်းမသိ။ ချာတိတ်ကိုအားနာသလိုကြည့်မိတော့ဘာမှမဖြစ်သလိုငြိမ်ငြိမ်လေးသာထိုင်နေသည်။

" အေးလေသားရယ်...ကလျာလေးကဒီနေ့မှမြန်မာပြည်ပြန်ရောက်တာလေ သူလေးပင်ပန်းနေရှာမှာပေါ့......အကယ်၍အခန်းမရှင်းရသေးရင်လည်းသားအခန်းမှာပဲခဏဖြစ်ဖြစ်နားခိုင်းလိုက်ပါလား......"

မေမေကပါဝင်ပြောလာသည်မို့လူကကြောင်အကာငြိမ်သာငြိမ်နေမိသည်။ ကောင်လေးကဘာဆိုဘာမှမပြောပေမယ့်လည်းဒါမျိုးကဘယ်လိုပဲဖြစ်ပါစေမသင့်တော်တာမို့လင်းလက်မှာအခက်တွေ့နေရမိတော့တဲ့အဖြစ်ပင်။

" အခန်းကရှင်းပြီးသားရှိပါတယ်ဗျ...ဒါနဲ့လေ ဒီကအစ်မကဒီမှာနေမလို့လားမသိဘူး......"

ဝင်ပြောလာတဲ့ချာတိတ်ကလက်ကိုပါဆုပ်ကိုင်ထားလာတာမို့ခေါင်းအသာငုံ့ရင်းမသိမသာပြုံးလိုက်မိသည်။ တစ်ခါတစ်လေလူကြီးဆန်ပြီးပြင်ဆင်တတ်လွန်းပါတဲ့ကောင်လေးကဧည့်သည်ခန်းကိုပါအမြဲရှင်းထားတတ်တဲ့အကျိုးကျေးဇူးအခုမှသာအသုံးတည့်တော့တာပါလား။

" အင်း ဟုတ်တယ်...တို့ကဒီမှာနေမှာ......"

" ဟုတ်ကဲ့ ဒါဆိုအိမ်ရှင်ဖြစ်တဲ့ကျွန်တော်တို့ကဧည့်ဝတ်ကျေပွန်ရမှာပေါ့......"

" တို့ကဧည့်သည်မဟုတ်ပါဘူး......"

" ကိုကို......"

မျက်စောင်းရွယ်ကာပြောလာတဲ့ကလျာရဲ့စကားကိုမကြားလို့ဘဲလား ၊ ဒါမှမဟုတ်မကြားချင်လို့ဘဲတမင်စကားလမ်းကြောင်းလွှဲလိုက်လေသလားဝော့မသိပေမယ့်ချာတိတ်ကကိုယ့်ဆီစကားစလာသည်မို့ယောင်နနနှင့်သာထူးလိုက်ရသည်။ လှစ်ခနဲပြုံးသွားတဲ့ချာတိတ်ရဲ့နှုတ်ခမ်းပါးလေးကတကယ်ပဲဘာအဓိပ္ပါယ်များပါလိမ့်။

" ဧည့်သည်ကိုအခန်းလိုက်ပြပေးလိုက်‌လို့ရမလား...ကျွန်တော်မျက်လုံးနည်းနည်းအဆင်မပြေလို့မလိုက်တော့ဘူးနော်......."

" အာ အင်း......"

ခေါင်းအသာပြန်ညိတ်ပြရင်းကလျာရောမေမေ့ကိုပါအခန်းဆီဦးဆောင်ခေါ်သွားပေးလိုက်သည်။ သို့သော်လင်းလက်စိတ်ကတော့ကောင်လေးဆီမှာပင်။ မျက်လုံးအခြေအနေအဆင်မပြေလို့ဆိုတော့ကောင်လေးတစ်ယောက်တည်းကျန်ခဲ့ပြီးဟိုဒီခလုတ်တိုက်လဲနေမှဖြင့်......။


_____________________________________________


ကိုကိုတို့ထွက်သွားတော့မှထူးထက်စေမဲ့ပြုံးတစ်ချက်ပြုံးမိသည်။ တကယ်ပဲသူ့ယောက္ခမကြီးကတော့ပေါက်ကရအကွက်တွေရွှေ့လာပြန်လေပါပြီ။ ဒီလိုအချိန်မျိုးမှာမှမိန်းမတစ်ယောက်ကိုအိမ်‌ပေါ်လာတင်ထားတဲ့အပြင်အတင်းကိုအရေးပေးပြနေတာကဘာကိုရည်ရွယ်ပြီးဦးတည်နေမှန်းမသိရအောင်ထူးထက်စေဆိုတဲ့ကောင်ကငတုံးမဟုတ်။ ယောက္ခမကြီးထက်လည်လို့ကိုကို့လိုstrightကိုကွေးအောင်လုပ်ပြီးမရမကယူထားတာဖြစ်သည်။

အမှန်ဆိုမင်္ဂလာဆောင်ပြီးတာလည်းအချိန်တစ်ခုတော့ရှိနေပြီပဲမို့အရာအားလုံးသူ့ဘာသာအသားကျနေပြီပဲထင်ခဲ့ပေမယ့်လို့ယောက္ခမဖြစ်သူကအခုမှတိုက်စစ်ဆင်လာပြန်တော့လည်းကိုယ့်ဘက်ကပြန်ပြီးခုခံရတော့မှာပေါ့။ ဘေးကပါလာတဲ့မိန်းမကလည်းကိုယ့်ကိုကျချေချကာကိုကို့ကိုကျနွားပွဲစားလိုသွားဖြဲပြနေသေးသည်။ သိပ်ကိုသိသာလွန်းနေတဲ့စနိုက်ကြော်အကွက်တွေပါပဲလား။

" လေညှင်းကလျာတဲ့လား...ဟား! ရုပ်နဲ့လိုက်အောင်စနိုက်ကြော်မယ့်ပုံပဲ......"

တစ်ယောက်တည်းရေရွတ်ရင်းဆိုဖာပေါ်မှထကာထိုမိန်း၏luggageအနားသို့လျှောက်သွားလိုက်သည်။ ခပ်သေးသေးအိတ်တစ်ခုကပါဘေးမှာတွဲလျက်ပါနေသေးတာမို့ကြည့်ရသလောက်သိပ်လှမနေတဲ့မျက်နှာကိုလှအောင်ပြင်ဖို့မိတ်ကပ်တွေထင်ပါရဲ့။

" ငါ့အိမ်ပေါ်အထိရောက်လာပြိးပညာပြဖို့ကြိုးစားချင်နေသေးတာဆိုရင်တော့လည်း......"

ထူးထက်စေသဘောတကျပြုံးလိုက်ပြီးရှေ့ကluggageနှစ်လုံးကိုပါဆောင့်ကန်ပစ်လိုက်သည်။ ထို့နောက်စားပွဲပေါ်မှာရှိနေတဲ့ကော်ဖီခွက်ကိုလှမ်းယူကာအိတ်အပေါ်သို့ခပ်ဖြေးဖြေးသာလောင်းသွန်ပစ်လိုက်ရင်း

" ကိုကိုနဲ့သိပ်ကိုငြိစွန်းချင်နေမှာတော့လည်းကျွန်တော့်အဆိုးမဆိုနဲ့ပေါ့မမရယ်......"

ကော်ဖီခွက်ကိုကိုင်ရင်းနာရီဆီတစ်ချက်မော့ကြည့်မိတော့ကိုကိုသွားတာ၅မိနစ်အတိပင်ရှိနေလေပြီ။ ဒီအချိန်လောက်ဆိုအခန်းဆီရောက်ပြီးလောက်ပြီမို့လက်ထဲကကော်ဖီခွက်ကိုကြမ်းပြင်ပေါ်သို့တမင်လွှတ်ချပစ်လိုက်သည်။

တစ်...
နှစ်...
သုံး....

" ဘာဖြစ်တာလဲချာတိတ်......"

အသက်ရှူသံပါခပ်ပြင်းပြင်းဖြစ်နေတဲ့ကိုကို့အသံကစိုးရိမ်လွန်းနေတာကြောင့်အသည်းအသန်ပြေးဆင်းလာတာမှန်းသိသာသည်။ ထူးထက်စေခန့်မှန်းချက်အတိုင်းသုံးစက္ကန့်မတွင်းရောက်လာတဲ့ကိုကို့စိတ်ပူမှာတွေအလကားမဖြစ်စေရန်အတွက်ကြမ်းပြင်ပေါ်မွစာကျဲနေသည့်ဖန်ခွက်အကွဲစတွေကိုကောက်ယောင်ဆောင်လိုက်ရတယ်။

" ဘာလုပ်နေတာလဲချာတိတ်ရာ...လက်တွေရှကုန်မယ်လေကလေးရဲ့......"

" ဟို ကျွန်တော်တောင်းပန်ပါတယ်ကိုကို......"

ထူးထက်စေတမင်မျက်နှာငယ်လေးလုပ်ကာပြောလိုက်မိတော့လက်နှစ်ဖက်ကိုဖမ်းဆုပ်ကိုင်လာပြန်တဲ့ကျွန်တော့်ချစ်သူလေး။ ဆိုဖာပေါ်ပြန်တွဲထူပေးလာတဲ့ကိုကိုကမျက်နှာမကောင်းတာမို့စိတ်မကောင်းပေမယ့်လို့ကိုကို့ကိုပြိုင်ဘက်မရှိပိုင်ဆိုင်ဖို့အတွက်ဒီလိုမျိုးထပ်လုပ်မှဖြစ်မည်။

" ကိုယ့်ကိုတောင်းပန်စရာမလိုဘူးလေဗျာ...ကိုယ်မှားတာပါ ချာတိတ်ကိုဂရုစိုက်ပေးရမှာကို......"

လက်ကသွေးစို့နေသည့်ခြစ်ရာတချို့ကိုကြည့်ရင်းပြောနေတဲ့ကိုကိုကမျက်ရည်စတွေပါဝဲလာတာမို့ထူးထက်စေမနည်းမသိချင်ယောင်ဆောင်ကာမျက်နှာလွှဲလိုက်ရသည်။
ကျွန်တော်တောင်းပန်တာကိုပိာ့ကိုပါကိုကိုရယ်.......။

" မျက်လုံးကအရမ်းအဆင်မပြေဖြစ်နေလားဟင်......"

ကိုကို့အမေးကိုခေါင်းအသာညိတ်ပြရင်းသာဖြေလိုက်မိပေမယ့်တကယ်တော့မျက်လုံးကဘာဆိုဘာမှမဖြစ်တော့။ ခုနကတညကိုကဟိုမိန်းမကိုကြည့်မရတာကြောင့်တမင်ပိုင်ဆိုင်မှုပြချင်တဲ့အတွက်ဟန်ဆောင်ကာကိုကိုလာတွဲပေးအောင်လုပ်လိုက်မိခြင်း။ ထိုမိန်းမရဲ့ကွက်ခနဲပျက်ယွင်းသွားတဲ့မျက်နှာကိုမြင်ချင်တာကြောင့်စကားလုံးတွေကိုလည်းတမင်စည်းချကာသာပြောနေမိခြင်း။

ဟူး...ယောက္ခမကြီးကြောင့်အရင်နည်းလမ်းတွေကိုပြန်သုံးရတော့မယ်ထင်ပါရဲ့ကိုကိုရယ်......။





################################

Zawgyi




အဖ်ားေပ်ာက္ကာစရွိေသးတာကိုသူ႔သားဆီလိုက္ပို႔ေပးခိုင္းေနတဲ့ေကာင္ေလးေၾကာင့္ထည့္ဝါ့မွာအေတာ္ေလးအခက္ေတြ႕ေနရသည္။ ေဆာင္းရာသီရဲ႕အေအးဒဏ္ေၾကာင့္အျပင္ထြက္လိုက္တာနဲ႔ဖ်ားရင္ဖ်ား ၊ မဖ်ားရင္ကိုယ္လက္ေတြကိုက္ခဲေနတတ္တဲ့ဒီေကာင္ေလးကတကယ္ပဲသူ႔ကိုယ္သူဂ႐ုမစိုက္တတ္ေလသလား။

" ေဒါက္တာ...ခဏေလးပဲေလ တကယ္ခဏေလးပဲသြားေတြ႕မွာ......"

အနားကပ္ကာခပ္တိုးတိုးေျပာေနရွာတဲ့ေကာင္ေလးကိုၾကည့္ေတာ့လည္းမ်က္ႏွာငယ္ေလးႏွင့္ၾကည့္ေနျပန္တာမို႔လူကသက္ျပင္းသာခ်မိသည္။ ေကာင္ေလးကိုၾကည့္ရတာကလည္းအေတာ္ေလးေတြ႕ခ်င္ေနတဲ့ပုံရတာမို႔အစကတည္းကမခိုင္ခ်င္တဲ့စိတ္အေျခအေနကဒီေကာင္ေလးအလိုက်ေခါင္းညိတ္မိလ်က္သား။ ထိုအခါမွမ်က္ႏွာေလးျပန္႐ႊင္လန္းလာတဲ့ေကာင္ေလးကလူကိုသူ႔ရင္ခြင္ထဲထည့္ဖက္ၿပီးပါးကိုတ႐ႊတ္႐ႊတ္ႏွင့္လာနမ္းေနျပန္ေသးသည္။
ဒီေကာင္ေလးအခုတစ္ေလာမွသိပ္ကိုတတ္ေနတာ......။

" ၿပီးရင္ေတာ့ကိုယ့္စကား‌နားေထာင္ရမယ္ေနာ္ကေလး......"

" ေဆးခါးႀကီးေတြတိုက္ဦးမလို႔လား......"

ျပန္ေျဖလာတဲ့ေကာင္ေလးရဲ႕မ်က္ႏွာကရႈံ႕မဲ့မဲ့။ ဒီေကာင္ေလးေဆးေၾကာင္တာထည္ဝါသိသည္။ ဒါေပမယ့္လည္းဒါကေတာ့အလိုလိုက္လို႔မျဖစ္တဲ့အရာပဲမဟုတ္လား။ ဒီကေလးတစ္ခုခုျဖစ္ရင္သူ႔ထက္ပိုခံစားရတဲ့သူကကိုယ္ပဲမို႔မျဖစ္သင့္တာမျဖစ္ေအာင္ေတာ့အလိုမလိုက္သင့္တာဆိုမလိုက္ဘဲေနရမည္။

" ဘာလဲမေသာက္ခ်င္ဘူးလား......"

ခပ္ေျဖးေျဖးေခါင္းညိတ္ျပလာတဲ့ေကာင္ေလးကခ်စ္စရာေကာင္းလြန္းေနတာေၾကာင့္ထည္ဝါခပ္ဟဟရယ္မိရင္းမီးခိုးေရာင္ဆံႏြယ္ေတြကိုအနည္းငယ္သပ္တင္ေပးမိသည္။ မသိမသာပိုရွည္လာတဲ့ဆံပင္ေတြကပိုၾကည့္ေကာင္းကာဒီေကာင္ေလးရဲ႕ေခ်ာေမာမႈကိုတကယ့္ကိုအေထာက္အပံ့ျဖစ္ေစတာပဲ။

" မေသာက္ဘူးဆိုရင္မသြားရဘူး......"

" ေဒါက္တာကဗ်ာ...ဒါသက္သက္မဲ့ညစ္တာ......"

အလိုမက်သလိုေျပာသြားၿပီးအၾကည့္လႊဲသြားတဲ့သူကဖက္ထားသည့္လက္ကိုပလဖယ္ခြာသြားတာမို႔ထည္ဝါလည္းကိုယ့္ဘာသာေအးေအးေဆးေဆးပင္စာအုပ္တစ္အုပ္ကိုယူဖတ္ေနလိုက္သည္။
သူ႔အတြက္ေျပာေနတာကိုမ်ား...ေခါင္းမာခ်င္ေနေသးတယ္ဆိုရင္လည္းကိုယ္ကခဏေလာက္ပစ္ထား႐ုံေပါ့။ ဒီကေလးမွတ္ေလာက္ရွိေအာင္ကိုစိတ္ဆိုးျပလိုက္ဦးမယ္......။

" ေဒါက္တာ......"

ပုံမွန္အေနအထားအတိုင္းရွိကာနားေထာင္လို႔ေကာင္းလြန္းတဲ့ေခၚသံေလး။ ထိုအသံေလးကထည္ဝါ့အတြက္တစ္ေလာကလုံးတင္မကစၾကဝဠာတစ္ခုလုံမွာပါသေဘာအက်ရဆုံးျဖစ္ေနပမယ့္လို႔စိတ္ဆိုးေနတာေၾကာင့္တမင္မၾကားခ်င္ေယာင္ေဆာင္ေနလိုက္သည္။

" ေဒါက္တာ အဲ့ဒီ့လိုႀကီးေန,ေနေတာ့မလို႔လား......"

ထည္ဝါေခါင္းသာညိတ္ျပလိုက္မိသည္။ ဒီတစ္ခါေတာ့ထည္ဝါ့ဘက္ကလုံးဝလုံးဝလုံးဝကိုမွအေလွ်ာ့ေပး‌ခ်င္စိတ္မရွိ။ ခႏၶာကိုယ္ႀကီးၾကည့္ေတာ့ထည္ဝါ့ထက္ေတာင္အရပ္ကျမင့္ေနေသးတဲ့အျပင္six packေတြအတိုင္းသားနဲ႔ကိုေဆးေသာက္ရမွာေၾကာက္ေနေသးတယ္။

" အင္းဗ်ာ ေသာက္မယ္ ေသာက္မယ္...အဲ့ဒီ့လိုႀကီးမေနပါနဲ႔ေတာ့ေဒါက္တာရယ္ စိတ္မဆိုးပါနဲ႔ေတာ့ဗ်ာ....."

" ေသခ်ာလား......"

လက္ထဲကစာအုပ္ကိုခ်ၿပီးမယုံသလိုမ်ိဳးအနည္းငယ္မ်က္လုံးပင့္ၾကည့္မိေတာ့ခပ္မုန္ျမန္ေခါင္းညိတ္ျပတဲ့ေကာင္ေလး။
ထည္ဝါမသိမသာခိုးၿပဳံးလိုက္မိၿပီးမွအျမန္ျပန္တည္လိုက္ရင္း

" ပါးစပ္ကေျဖေလ...ေသခ်ာေျပာမွေပါ့....."

" ဟုတ္ကဲ့ ကြၽန္ေတာ္ေဆးေသာက္မယ္......"

" ကိုယ့္ကေလးေလးကလိမၼာလိုက္တာ......"

ေျပာေျပာဆိုဆိုႏွင့္ေကာင္ေလးရင္ခြင္ထဲတိုးဝင္လိုက္ေတာ့ျပန္ေပြ႕ဖက္လာတဲ့ေကာင္ေလးဆီမွေနေပေစာင္းေစာင္းႏွင့္ဘုၾကည့္အၾကည့္ခံလိုက္ရေသး၏။ ပါးစပ္ကလည္းမၾကားရေလာက္ေအာင္အထိတိုးတိုးတိုးတိုးႏွင့္ဘာေတြမွန္းမသိပြစိပြစိေျပာေနလိုက္ေသး။ ထည္ဝါသေဘာတက်ရယ္မိေတာ့ေကာင္ေလးကႏႈတ္ခမ္းကိုလာဖိကပ္နမ္းရႈိက္သည္။

ေျပာရရင္ေတာ့သူေလးစိတ္ဆိုးလို႔ကိုယ့္ကိုနမ္းပါတယ္ေပါ့ေလ......။
ေကာင္းပါတယ္...ဒီလိုဆိုေတာ့လည္းမ်ားမ်ားစိတ္ဆိုးေအာင္စဦးမွ။


_____________________________________________


ေအးစိမ့္ေနသည့္ေဆာင္းရာသီမနက္ခင္းေၾကာင့္ထူးထက္ေစဆက္အိပ္မရေတာ့ဘဲႏိုးလာမိသည္။ ထုံးစံအတိုင္းမ်က္လုံးမဖြင့္ေသးဘဲေဘးကၾကင္နာသူေလးအားဆြဲေပြ႕ဖက္ဖို႔ျပင္မိေတာ့ေအးစက္ေနသည့္ေနရာလြတ္တစ္ခုကသာမိတ္ဆက္ျပန္တယ္။ ဆတ္ခနဲထထိုင္ရင္းကုတင္ေပၚကဆင္းကာဟိုဒီရွာမိေတာ့အခန္းတစ္ခုလုံးကတိတ္ဆိတ္လို႔။

" ကိုကို...ကိုကိုေရ...ကိုကို......"

ခပ္က်ယ္က်ယ္ေအာ္ေခၚရင္းအိမ္ေအာက္အထပ္ဆီဆင္းလာခဲ့မိေတာ့တစ္ဆက္တည္းတြဲျမင္လိုက္ရတဲ့ဧည့္ခန္းထဲကပုံရိပ္ေလး။ ရယ္ေမာေနသည့္ကိုကို႔ပုံစံကတစ္ေယာက္ေယာက္ႏွင့္‌စကားေျပာဆိုေနပုံရတာေၾကာင့္ဧည့္ခန္းဆီသို႔တစ္လွမ္းခ်င္းစီသာေလွ်ာက္လွမ္းလာခဲ့လိုက္သည္။
ဒီေလာက္အေစာႀကီးကိုဘယ္ဧည့္သည္ကမ်ားအလိုက္ကမ္းဆိုးမသိလာရႈပ္ေနရတာလဲ......။

ဧည့္ခန္းထဲေရာက္ေရာက္ခ်င္းစူးစိုက္ၾကည့္လာတဲ့သူကကိုကို႔ေမေမ ၊ ကြၽန္ေတာ့္ေယာကၡမႀကီးႏွင့္ဘယ္ကမွန္းမသိတဲ့မိန္းကေလးတစ္ေယာက္။ ႏွစ္ေယာက္လုံးရဲ႕အၾကည့္ေတြကကိုယ့္အေပၚအျမင္မၾကည္ပုံရတာမို႔ထူးထက္ေစေခါင္းအသာငုံ႔ကာမဲ့ၿပဳံးတစ္ခ်က္ၿပဳံးမိသည္။
ဘယ့္ႏွယ့္သူမ်ားအိမ္ေပၚတက္ၿပီးအိမ္ရွင္ကိုအျမင္မၾကည္ပုံလာျပေနရတယ္လို႔...တကယ့္ကိုလူလိုမသိၾကပါလား......။

" ကိုကို......"

ေခၚသံၾကားမွလွည့္ၾကည့္လာတဲ့ကိုကိုကအၿပဳံးေလးတစ္ပြင့္စြန႔္ႀကဲရင္းေမးဆတ္ျပကာအနားလာထိုင္ဖို႔မ်က္ႏွာရိပ္မ်က္ႏွာကဲျပလာေပမယ့္ထူးထက္ေစသိပ္ေတာ့သေဘာမက်မိ။ အရွင္းျပန္မေကာင္းေသးတဲ့မ်က္လုံးအေျခအေနေၾကာင့္အၿမဲလိုလိုဂ႐ုတစိုက္ႏွင့္အရိပ္တၾကည့္ၾကည့္ေန,ေနက်ကိုကိုကအခုမွၿပီးစလြယ္သေဘာဆက္ဆံေနတာကကိုကို႔အေမေၾကာင့္မ်ားျဖစ္ေနမလား။

" လာေလ ခ်ာတိတ္...ဒီမွာေမေမတို႔ေရာက္ေနတာ......"

ေငးၾကည့္ေနတဲ့ခ်ာတိတ္ေၾကာင့္လင္းလက္သတိေပးသလိုလွမ္းေခၚလိုက္မိသည္။ ႏိုးလာလို႔ကိုယ့္ကိုမေတြ႕တာနဲ႔လိုက္ရွာေနပုံရတဲ့ခ်ာတိတ္ကမ်က္ႏွာေတာင္မသစ္ဘဲဆင္းလာျပန္ပုံရေပမယ့္ေမေမပါရွိေနေတာ့လွည့္ျပန္ခိုင္းလို႔ကလည္းမေကာင္း။ ၿပီးေတာ့ကလ်ာ့ကိစၥကလည္းခ်ာတိတ္ႏွင့္တိုင္ပင္မွျဖစ္မယ့္ကိစၥမဟုတ္လား။

" အာ့!....."

ေခါင္းအသာညိတ္ျပကာေရွ႕ကိုလွမ္းလာတဲ့ေကာင္ေလးကအလွပန္းအိုးတင္ထားသည့္စားပြဲအေသးေလးႏွင့္ခလုတ္တိုက္ကာေခြခနဲလဲက်သြားတာမို႔လင္းလက္ထူပူသြားမိသည္။ ခပ္ျမန္ျမန္ထကာခ်ာတိတ္ကိုသြားထူေပးမိေတာ့ၿပဳံးျပလာတဲ့အၿပဳံးေလးကကိုယ့္ကိုျပန္အားနာေနသေယာင္။
ကိုယ္တို႔ႏွစ္ေယာက္ၾကားမွာဒါေတြမွမလိုဘဲခ်ာတိတ္ရာ......။

" ဟို...ကြၽန္ေတာ္ နည္းနည္းမျမင္သြားမိတာကိုကို......"

ခပ္တိုးတိုးထြက္ေပၚလာတဲ့စကားသံေလးအဆုံးကိုယ့္ကိုကိုယ္သာထု႐ိုက္ပစ္ခ်င္သြားမိသည္။ ခ်ာတိတ္ရဲ႕မ်က္လုံးအေျခအေနကအရွင္းျပန္ေကာင္းေသးတဲ့အေနအထားမဟုတ္တာမို႔ဂ႐ုစိုက္ေပးဖို႔လိုေနေသးတဲ့ဟာကိုမွကိုယ္ကအခုျဖစ္သလိုဆက္ဆံလိုက္မိတယ္။

" အရမ္းနာသြားလား......"

ေခါင္းခါျပလာတဲ့ေကာင္ေလးေၾကာင့္လင္းလက္ ေကာင္ေလးကိုခပ္ေျဖးေျဖးထူေပးကာတြဲလာလိုက္ၿပီးဆိုဖာေပၚတြင္ထိုင္ေစလိုက္သည္။ ေမေမနဲ႔ကလ်ာတို႔ရွိရာဘက္ကိုၾကည့္ၿပီးေခါင္းတစ္ခ်က္ညိတ္ကာၿပဳံးျပလာတဲ့ေကာင္ေလးကတကယ့္ရည္ရည္မြန္မြန္ေလးပင္။

" ကလ်ာ ဒါက......"

" ရတယ္အစ္ကို...ကလ်ာမသိခ်င္ေသးဘူး အခုကလ်ာပင္ပန္းေနလို႔နားခ်င္ၿပီ အစ္ကို႔အခန္းမွာျဖစ္ျဖစ္ခဏေလာက္နားလို႔ရမလား......"

အရင္ကတည္းကအေျပာအဆိုရဲတင္းလြန္းတဲ့ကလ်ာကအခုလည္းသူျဖစ္ခ်င္တာကိုသာဒဲ့ေျပာလာျပန္တာမို႔လင္းလက္မွာဘာျပန္ေျပာလို႔ေျပာရမွန္းမသိ။ ခ်ာတိတ္ကိုအားနာသလိုၾကည့္မိေတာ့ဘာမွမျဖစ္သလိုၿငိမ္ၿငိမ္ေလးသာထိုင္ေနသည္။

" ေအးေလသားရယ္...ကလ်ာေလးကဒီေန႔မွျမန္မာျပည္ျပန္ေရာက္တာေလ သူေလးပင္ပန္းေနရွာမွာေပါ့......အကယ္၍အခန္းမရွင္းရေသးရင္လည္းသားအခန္းမွာပဲခဏျဖစ္ျဖစ္နားခိုင္းလိုက္ပါလား......"

ေမေမကပါဝင္ေျပာလာသည္မို႔လူကေၾကာင္အကာၿငိမ္သာၿငိမ္ေနမိသည္။ ေကာင္ေလးကဘာဆိုဘာမွမေျပာေပမယ့္လည္းဒါမ်ိဳးကဘယ္လိုပဲျဖစ္ပါေစမသင့္ေတာ္တာမို႔လင္းလက္မွာအခက္ေတြ႕ေနရမိေတာ့တဲ့အျဖစ္ပင္။

" အခန္းကရွင္းၿပီးသားရွိပါတယ္ဗ်...ဒါနဲ႔ေလ ဒီကအစ္မကဒီမွာေနမလို႔လားမသိဘူး......"

ဝင္ေျပာလာတဲ့ခ်ာတိတ္ကလက္ကိုပါဆုပ္ကိုင္ထားလာတာမို႔ေခါင္းအသာငုံ႔ရင္းမသိမသာၿပဳံးလိုက္မိသည္။ တစ္ခါတစ္ေလလူႀကီးဆန္ၿပီးျပင္ဆင္တတ္လြန္းပါတဲ့ေကာင္ေလးကဧည့္သည္ခန္းကိုပါအၿမဲရွင္းထားတတ္တဲ့အက်ိဳးေက်းဇူးအခုမွသာအသုံးတည့္ေတာ့တာပါလား။

" အင္း ဟုတ္တယ္...တို႔ကဒီမွာေနမွာ......"

" ဟုတ္ကဲ့ ဒါဆိုအိမ္ရွင္ျဖစ္တဲ့ကြၽန္ေတာ္တို႔ကဧည့္ဝတ္ေက်ပြန္ရမွာေပါ့......"

" တို႔ကဧည့္သည္မဟုတ္ပါဘူး......"

" ကိုကို......"

မ်က္ေစာင္း႐ြယ္ကာေျပာလာတဲ့ကလ်ာရဲ႕စကားကိုမၾကားလို႔ဘဲလား ၊ ဒါမွမဟုတ္မၾကားခ်င္လို႔ဘဲတမင္စကားလမ္းေၾကာင္းလႊဲလိုက္ေလသလားေဝာ့မသိေပမယ့္ခ်ာတိတ္ကကိုယ့္ဆီစကားစလာသည္မို႔ေယာင္နနႏွင့္သာထူးလိုက္ရသည္။ လွစ္ခနဲၿပဳံးသြားတဲ့ခ်ာတိတ္ရဲ႕ႏႈတ္ခမ္းပါးေလးကတကယ္ပဲဘာအဓိပၸါယ္မ်ားပါလိမ့္။

" ဧည့္သည္ကိုအခန္းလိုက္ျပေပးလိုက္‌လို႔ရမလား...ကြၽန္ေတာ္မ်က္လုံးနည္းနည္းအဆင္မေျပလို႔မလိုက္ေတာ့ဘူးေနာ္......."

" အာ အင္း......"

ေခါင္းအသာျပန္ညိတ္ျပရင္းကလ်ာေရာေမေမ့ကိုပါအခန္းဆီဦးေဆာင္ေခၚသြားေပးလိုက္သည္။ သို႔ေသာ္လင္းလက္စိတ္ကေတာ့ေကာင္ေလးဆီမွာပင္။ မ်က္လုံးအေျခအေနအဆင္မေျပလို႔ဆိုေတာ့ေကာင္ေလးတစ္ေယာက္တည္းက်န္ခဲ့ၿပီးဟိုဒီခလုတ္တိုက္လဲေနမွျဖင့္......။


_____________________________________________


ကိုကိုတို႔ထြက္သြားေတာ့မွထူးထက္ေစမဲ့ၿပဳံးတစ္ခ်က္ၿပဳံးမိသည္။ တကယ္ပဲသူ႔ေယာကၡမႀကီးကေတာ့ေပါက္ကရအကြက္ေတြေ႐ႊ႕လာျပန္ေလပါၿပီ။ ဒီလိုအခ်ိန္မ်ိဳးမွာမွမိန္းမတစ္ေယာက္ကိုအိမ္‌ေပၚလာတင္ထားတဲ့အျပင္အတင္းကိုအေရးေပးျပေနတာကဘာကိုရည္႐ြယ္ၿပီးဦးတည္ေနမွန္းမသိရေအာင္ထူးထက္ေစဆိုတဲ့ေကာင္ကငတုံးမဟုတ္။ ေယာကၡမႀကီးထက္လည္လို႔ကိုကို႔လိုstrightကိုေကြးေအာင္လုပ္ၿပီးမရမကယူထားတာျဖစ္သည္။

အမွန္ဆိုမဂၤလာေဆာင္ၿပီးတာလည္းအခ်ိန္တစ္ခုေတာ့ရွိေနၿပီပဲမို႔အရာအားလုံးသူ႔ဘာသာအသားက်ေနၿပီပဲထင္ခဲ့ေပမယ့္လို႔ေယာကၡမျဖစ္သူကအခုမွတိုက္စစ္ဆင္လာျပန္ေတာ့လည္းကိုယ့္ဘက္ကျပန္ၿပီးခုခံရေတာ့မွာေပါ့။ ေဘးကပါလာတဲ့မိန္းမကလည္းကိုယ့္ကိုက်ေခ်ခ်ကာကိုကို႔ကိုက်ႏြားပြဲစားလိုသြားၿဖဲျပေနေသးသည္။ သိပ္ကိုသိသာလြန္းေနတဲ့စႏိုက္ေၾကာ္အကြက္ေတြပါပဲလား။

" ေလညႇင္းကလ်ာတဲ့လား...ဟား! ႐ုပ္နဲ႔လိုက္ေအာင္စႏိုက္ေၾကာ္မယ့္ပုံပဲ......"

တစ္ေယာက္တည္းေရ႐ြတ္ရင္းဆိုဖာေပၚမွထကာထိုမိန္း၏luggageအနားသို႔ေလွ်ာက္သြားလိုက္သည္။ ခပ္ေသးေသးအိတ္တစ္ခုကပါေဘးမွာတြဲလ်က္ပါေနေသးတာမို႔ၾကည့္ရသေလာက္သိပ္လွမေနတဲ့မ်က္ႏွာကိုလွေအာင္ျပင္ဖို႔မိတ္ကပ္ေတြထင္ပါရဲ႕။

" ငါ့အိမ္ေပၚအထိေရာက္လာၿပိးပညာျပဖို႔ႀကိဳးစားခ်င္ေနေသးတာဆိုရင္ေတာ့လည္း......"

ထူးထက္ေစသေဘာတက်ၿပဳံးလိုက္ၿပီးေရွ႕ကluggageႏွစ္လုံးကိုပါေဆာင့္ကန္ပစ္လိုက္သည္။ ထို႔ေနာက္စားပြဲေပၚမွာရွိေနတဲ့ေကာ္ဖီခြက္ကိုလွမ္းယူကာအိတ္အေပၚသို႔ခပ္ေျဖးေျဖးသာေလာင္းသြန္ပစ္လိုက္ရင္း

" ကိုကိုနဲ႔သိပ္ကိုၿငိစြန္းခ်င္ေနမွာေတာ့လည္းကြၽန္ေတာ့္အဆိုးမဆိုနဲ႔ေပါ့မမရယ္......"

ေကာ္ဖီခြက္ကိုကိုင္ရင္းနာရီဆီတစ္ခ်က္ေမာ့ၾကည့္မိေတာ့ကိုကိုသြားတာ၅မိနစ္အတိပင္ရွိေနေလၿပီ။ ဒီအခ်ိန္ေလာက္ဆိုအခန္းဆီေရာက္ၿပီးေလာက္ၿပီမို႔လက္ထဲကေကာ္ဖီခြက္ကိုၾကမ္းျပင္ေပၚသို႔တမင္လႊတ္ခ်ပစ္လိုက္သည္။

တစ္...
ႏွစ္...
သုံး....

" ဘာျဖစ္တာလဲခ်ာတိတ္......"

အသက္ရွဴသံပါခပ္ျပင္းျပင္းျဖစ္ေနတဲ့ကိုကို႔အသံကစိုးရိမ္လြန္းေနတာေၾကာင့္အသည္းအသန္ေျပးဆင္းလာတာမွန္းသိသာသည္။ ထူးထက္ေစခန႔္မွန္းခ်က္အတိုင္းသုံးစကၠန႔္မတြင္းေရာက္လာတဲ့ကိုကို႔စိတ္ပူမွာေတြအလကားမျဖစ္ေစရန္အတြက္ၾကမ္းျပင္ေပၚမြစာက်ဲေနသည့္ဖန္ခြက္အကြဲစေတြကိုေကာက္ေယာင္ေဆာင္လိုက္ရတယ္။

" ဘာလုပ္ေနတာလဲခ်ာတိတ္ရာ...လက္ေတြရွကုန္မယ္ေလကေလးရဲ႕......"

" ဟို ကြၽန္ေတာ္ေတာင္းပန္ပါတယ္ကိုကို......"

ထူးထက္ေစတမင္မ်က္ႏွာငယ္ေလးလုပ္ကာေျပာလိုက္မိေတာ့လက္ႏွစ္ဖက္ကိုဖမ္းဆုပ္ကိုင္လာျပန္တဲ့ကြၽန္ေတာ့္ခ်စ္သူေလး။ ဆိုဖာေပၚျပန္တြဲထူေပးလာတဲ့ကိုကိုကမ်က္ႏွာမေကာင္းတာမို႔စိတ္မေကာင္းေပမယ့္လို႔ကိုကို႔ကိုၿပိဳင္ဘက္မရွိပိုင္ဆိုင္ဖို႔အတြက္ဒီလိုမ်ိဳးထပ္လုပ္မွျဖစ္မည္။

" ကိုယ့္ကိုေတာင္းပန္စရာမလိုဘူးေလဗ်ာ...ကိုယ္မွားတာပါ ခ်ာတိတ္ကိုဂ႐ုစိုက္ေပးရမွာကို......"

လက္ကေသြးစို႔ေနသည့္ျခစ္ရာတခ်ိဳ႕ကိုၾကည့္ရင္းေျပာေနတဲ့ကိုကိုကမ်က္ရည္စေတြပါဝဲလာတာမို႔ထူးထက္ေစမနည္းမသိခ်င္ေယာင္ေဆာင္ကာမ်က္ႏွာလႊဲလိုက္ရသည္။
ကြၽန္ေတာ္ေတာင္းပန္တာကိုပိာ့ကိုပါကိုကိုရယ္.......။

" မ်က္လုံးကအရမ္းအဆင္မေျပျဖစ္ေနလားဟင္......"

ကိုကို႔အေမးကိုေခါင္းအသာညိတ္ျပရင္းသာေျဖလိုက္မိေပမယ့္တကယ္ေတာ့မ်က္လုံးကဘာဆိုဘာမွမျဖစ္ေတာ့။ ခုနကတညကိုကဟိုမိန္းမကိုၾကည့္မရတာေၾကာင့္တမင္ပိုင္ဆိုင္မႈျပခ်င္တဲ့အတြက္ဟန္ေဆာင္ကာကိုကိုလာတြဲေပးေအာင္လုပ္လိုက္မိျခင္း။ ထိုမိန္းမရဲ႕ကြက္ခနဲပ်က္ယြင္းသြားတဲ့မ်က္ႏွာကိုျမင္ခ်င္တာေၾကာင့္စကားလုံးေတြကိုလည္းတမင္စည္းခ်ကာသာေျပာေနမိျခင္း။

ဟူး...ေယာကၡမႀကီးေၾကာင့္အရင္နည္းလမ္းေတြကိုျပန္သုံးရေတာ့မယ္ထင္ပါရဲ႕ကိုကိုရယ္......။





################################

Continue Reading

You'll Also Like

28.7K 2.7K 37
ត្រឹមជាក្មេងប្រុសថ្លង់ស្ដាប់មិនឮម្នាក់ អាចធ្វើឲ្យបុរសមានអំណាចធ្លាក់ចូលក្នុងអន្លង់ស្នេហ៍បានយ៉ាងងាយ... 5.30.24❤️
25.1K 2.1K 28
In a distant corner of the world, young Azaina Aazi resides in opulence, yet her heart aches from neglect by her mother, who shields her from the tru...
42.7K 3.1K 19
𝐼𝑡'𝑠 𝑎 𝑠𝑡𝑜𝑟𝑦 𝑜𝑓 𝑗𝑢𝑛𝑔𝑘𝑜𝑜𝑘 , 𝑊ℎ𝑜 𝑖𝑠 𝑎𝑏𝑢𝑠𝑒 𝑠𝑖𝑛𝑐𝑒 𝑐ℎ𝑖𝑙𝑑ℎ𝑜𝑜𝑑 𝑏𝑦 ℎ𝑖𝑠 𝑜𝑤𝑛 𝑏𝑟𝑜𝑡ℎ𝑒𝑟𝑠 . "𝐽𝑢𝑛𝑔𝑘𝑜𝑜𝑘...
55.2K 2.6K 95
for everyone to know this story is just fiction and no truth