အခန်း (၄၀.၁)
ကျောင်းတော်
ကျန်းလီ အတွက် ဆရာတစ်ယောက် ရှာဖွေနေတဲ့ ကျန်းယွမ်ပိုင်ရဲ့ ပြဿနာကို ကျန်းလီက မြန်မြန်ဆန်ဆန် သိသွားခဲ့တယ်။
ဒီကိစ္စကို ကျန်းလီကို ပြောပြခဲ့တဲ့သူက တခြားသူ မဟုတ်ဘဲ၊ ဒုတိယမျိုးဆက်က သခင်လေး ကျန်းကျင်းရော့ပဲ ဖြစ်ခဲ့တယ်။
ကျန်းမိသားစုရဲ့ သခင်လေးနှစ်ယောက်ထဲမှာ၊ ကျန်းကျင်းယောင်က စိတ်ကောင်းရှိပြီးတော့ အသက်နည်းနည်း ကြီးခဲတယ်။ သူ့ရဲ့ စာသင်ကြားလေ့လာမှုက သိပ်မဆိုးပေမဲ့၊ အစိုးရ အင်ပါယာ စာမေးပွဲကို ဖြေဆိုဖို့အတွက်ကိုတော့ သခင်မကြီးလူရှီက သူ့ကို နေ့တိုင်း လိုက်ဖမ်းနေရတယ်လို့ တစ်ခြားသူတွေက ပြောဖူးတယ်။
ကျန်းကျင်းရော့ကတော့ ရက်စက်ကြမ်းကြုတ်ပြီးတော့၊ သူ့ကိုအစိုးရ အင်ပါယာ စာမေးပွဲကို ဖြေဆိုဖို့ ဘယ်သူကမှ လိုက်မဖမ်းရဲခဲ့ကြဘူး။ သူက အပြင်မှာ ပြဿနာမရှာသရွေ့တော့၊ အားလုံးက စိတ်ချမ်းသာပြီးတော့ ပျော်ရွှင်နေခဲ့ကြတယ်။
နောက်ဆုံးတစ်ခေါက်တုန်းက ကျန်းကျင်းရော့က ကျန်းလီရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရပြီးတော့၊ ရက်အနည်းငယ်လောက်ဖန်းဖေး ဥယျာဉ်တော်ထဲကို ခြေလှမ်းတာင်မလှမ်းခဲ့ဘူး။ သူက ကျန်းလီကို တွေ့တဲ့ နေ့တွေမှာဆိုရင်၊ သူက ကွေ့ပတ်ပြီးတော့ တစ်ခြားတစ်နေရာကနေ ထွက်ခွာသွားခဲ့တယ်။ အမှန်တကယ်တော့ ကျန်းလီက သူ့ကို အာရုံစိုက်ဖို့ အရမ်းပျင်းနေခဲ့ပေမဲ့၊ ဒီနေ့မှာတော့ ကျန်းကျင်းရော့က ဖန်းဖေးဥယျာဥ်တော်ရဲ့ တံခါးဝမှာ ပြန်ပေါ်လာခဲ့တယ်။။
မင်ရွှဲ့နဲ့ ချင်ဖုန်းတို့က တံခါးဝမှာ ပန်းထိုးနေခဲ့ကြပြီးတော့၊ ကျန်းကျင်းရော့ကို မြင်လိုက်ရတဲ့အခါမှာ ထိတ်လန့်တုန်လှုပ်သွားခဲ့တယ်။ သူတို့က နှုတ်ခွန်းဆက်သလိုက်တယ်။
"ဒုတိယသခင်လေး"
ကျန်းကျင်းရော့က ခပ်ဖြည်းဖြည်း ချောင်းဟန့်လိုက်ပြီးတော့ ကျန်းလီက အထဲမှာ ရှိသလား၊ မရှိဘူးလားဆိုတာကို မေးလိုက်တယ်။ အဲ့ဒီနောက်မှာတော့ သူက အထဲကို ကြွားကြွားဝင့်ဝင့်နဲ့ လျှောက်သွားလိုက်တယ်။
အခန်းထဲမှာ ကျန်းလီက စာအုပ်တစ်အုပ်ကို ဖတ်နေခဲ့တယ်။ နောက်ဆုံးတစ်ခေါက်တုန်းက ကျန်းလီနဲ့ ကျန်းကျင်းရော့တို့က ရှေ့မတိုးသာတဲ့အခြေအနေတစ်ခုမှာ ရှိ ေနတယ်ဆိုတာကို တုန်အာက သတိထားမိခဲ့တယ်။ ဒါကြောင့် သူမက ဘာ စကားတစ်ခွန်းကိုမှ မပြောတော့ဘဲ ဘေးနားမှာ ရပ်နေခဲ့တယ်။ ပိုင်ရွှယ်က က အခန်းထောင့်စွန်းလေးမှာ ပန်းလက်ဖက်ရည်ကို တည်နေခဲ့တယ်။ သူမက အကြောင်းပြချက်ကောင်းပြီးတော့ ပူပင်ကြောင့်ကြမဲ့တဲ့ လူတစ်ယောက်ဖြစ်ခဲ့တယ်။၊ တုန်အာ က သူ့ကို မကြိုဆိုတာကို တွေ့လိုက်ရတော့၊ သူမကလည်း ထိုင်ရာက မထတော့ဘဲ၊ ခွေးခြေထိုင်ခုံပေါ်မှာ ဆက်ထိုင်နေပြီးတော့ လက်ဖက်ရည်အိုးကိုသာ ဂရုစိုက်ခဲ့တယ်။
အခန်းထဲက ဘယ်သူကမှ သူ့ကို ဂရုမစိုက်တာကို တွေ့လိုက်ရတော့၊ ကျန်းကျင်းရော့က နေမထိ ထိုင်မသာ နည်းနည်း ဖြစ်သွပြီးတော့၊ ရှက်စိတ်ကြောင့် ဒေါသထွက်သွားခဲ့တယ်။ သူက ကျန်းလီကိုကြည့်လိုက်တော့၊ ကျန်းလီရဲ့ ရှေ့မှာ စာအုပ်ကို တွေ့လိုက်ရတယ်။
"မင်း ဘာ စာအုပ်ကို ကြည့်နေတာလဲ၊ အဲဒါက ကြည့်ရုံလောက်နဲ့ နားလည်လို့လား"
ဒီပုဂ္ဂိုလ်ရဲ့ အပြောအဆိုက ရွံမုန်းစရာကောင်းပြီးတော့၊ အကျင့်ပျက်တယ်လို့ ခေါ်ခံရလောက်တဲ့အထိ အပျော်အပါးလိုက်စားတဲ့သားက ပုပ်သိုးပျက်စီးနေခဲ့တယ်။ ကျန်းလီက သူ့ကို မော့ကြည့်ဖို့ ခေါင်းမော့ပြီးတော့ မေးလိုက်တယ်။
"နင် ဘာတွေ ယူလာတာလဲ"
ကျန်းလီက သူ့ကို နောက်ဆုံးမှာ သတိပြုမိသွားတာကို မြင်လိုက်ရတော့၊ ကျန်းကျင်းရော့က ဘာကြောင့်ဆိုတာကို မသိပေမဲ့ ပျော်သွားသလို ဖြစ်သွားခဲ့တယ်။ ဒီအခန်းထဲက သခင်ရော၊ အသေခံမိန်းကလေးတွေကပါ သူ့အပေါ် မရိုမသေပြုနေတာကို အာရုံမစိုက်တော့ဘဲ၊ သူက တည့်တည့် ပြောလိုက်တယ်။
"ငါ မင်းကို တစ်ခုခု ပြောစရာရှိလို့ ဒီကိုလာခဲ့တာ။ အကြီးဆုံးဦးလေးတော်က မင်းအတွက် ဆရာတစ်ယောက်ကို ဖိတ်ကြားလိမ့်မယ်"
ဆရာတစ်ယောက်ကို ဖိတ်ကြားဖို့လား။ ကျန်းလီက နည်းနည်း အံ့သြသွားခဲ့တယ်။
"ငါ အဲ့ဒီသတင်းကို ကြားကြားချင်း ဒီကို အပြေးလာခဲ့တာ။ မင်းရဲ့ ကိုယ်ပိုင် အရည်အချင်းနဲ့ဆိုရင် ကျောင်းတော်မှာ စာသင်ကြားဖို့ မဖြစ်နိုင်ဘူးလို့ အကြီးဆုံး အဒေါ်က အကြီးဆုံးဦးလေးကို ပြောနေတာကို ကြားခဲ့ရတယ်။ ဒါကြောင့် လူရှေ့မှာ မျက်နှာမပျက်စေဖို့နဲ့ ပုံရိပ်ကို ထိန်းသိမ်းဖို့ဆိုပြီးတော့ အပေါ်ယံဆရာတစ်ယောက်ကိုသာ ရှာဖို့ ပြောနေတယ်"
"အဲဒါက အရမ်းလွန်လွန်းတယ်"
တုန်အာ ရဲ့လက်ထဲက လက်ကိုင်ပုဝါက မြေပြင်ပေါ်ကို ပလုတ်ဆိုပြီး ပြုတ်ကျသွားခဲ့တယ်။
"ငါတို့သခင်မလေးမှာ ဘယ်လို ပင်ကိုယ် စွမ်းရည် ရှိလို့လဲ ဟုတ်လား။ ငါတို့သခင်မလေးရဲ့ ပင်ကိုယ်စွမ်းရည်က အရမ်းမိုက်တယ်"
ကျန်းကျင်းရော့က တုန်အာကို ကြည့်ပြီးတော့ ခေါင်းခါလိုက်တယ်။
"မင်းရဲ့ သခင်မလေးကို သင်ပေးမဲ့ ဆရာကို အကြီးဆုံးဒေါ်လေးက ဘာကြောင့် အလေးအနက် ထားနေမှာလဲ။ အဲဒါက သူ့အတွက်တော့ ကောက်ရိုးအိတ်တစ်အိတ်ကို မ,လိုက်သလိုမျိုး လွယ်ကူပါတယ်။ အကြီးဆုံးဦးလေးက ဒီကိစ္စတွေအားလုံးကို အကြီးဆုံး ဒေါ်လေးကို လက်လွှဲလိုက်တယ်လို့ ငါ ကြားထားတယ်။ အကြီးဆုံးဒေါ်လေး ရှာနေတဲ့သူက ကျန်းလီကို တစ်ခုခုတော့ ခံစားရအောင် လုပ်လိမ့်မယ်"
ကျန်းလီက စကားမပြောခဲ့ဘူး။ ကျန်းကျင်းရော့က သက်ပြင်းကို ထပ်ခါထပ်ခါ ချလိုက်ပြီးတော့ အနည်းငယ် ရှက်သွားပုံပေါ်သွားကာ၊ သူက ပြောလိုက်တယ်။
"ငါ အကူအညီ ပေးချင်ပေမဲ့၊ ငါတို့ ဒုတိယမျိုးဆက်က အဓိကမျိုးဆက်ရဲ့ ကိစ္စတွေကို ဘယ်တုန်းကမှ ဝင်ပါခွင့်မရဘူး။ ငါသာ ဒီကိစ္စကို ဆောင်ရွက်လိုက်မယ်ဆိုရင်၊ အမေက ငါ့ကို သေတဲ့အထိ ဆူပူ ကြိမ်းမောင်းနေတော့မယ်။ အဖွားကို ရှာတာက မင်းအတွက် ပိုပြီးတော့ ကောင်းလိမ့်မယ်။ အဖွားက အရမ်း သမာသမတ်ကျတယ်။ အဲဒီအချိန်မှာတော့၊ ငါ မင်းအတွက် စကားနည်းနည်း ကူပြောပေးမယ်။ အဖွားသာ ဆရာကို ရွေးချယ်ပေးမယ်ဆိုရင်၊ ဆရာက လိုအပ်တော့မှာ မဟုတ်ဘူး"
ကျန်းလီ က သူ့ကို စိုက်ကြည့်ခဲ့လိုက်တယ်။ နောက်ဆုံးတသ်ခေါက် လှောင်ပြောင်သရော်ခံရပြီးတဲ့နောက်မှာ၊ ကျန်းကျင်းရော့က သူမဘက်မှာ ရပ်တည်ဖို့ ရွေးချယ်ခဲ့တာက သိသာနေခဲ့တယ်။ သူနဲ့ အရင် ဒုတိယသခင်မလေးကျန်းတို့က ခင်မင်ရင်းနှီးမှု ကြောင့်ပဲ ဖြစ်ဖြစ်၊ ကျန်းကျင်းရော့က အစကထဲက စာနာတတ်သူဖြစ်ပြီးတော့ အရမ်း မဆိုးသွမ်းတာကို သက်သေပြသွားခဲ့တယ်။။