သင်္ကြန်တမ်းခြင်း

By ShaneMoeSat

277 33 38

ဒီပိတောက်တွေကိုဘာလို့အဲ့လောက်သဘောကျနေရတာလဲ... သစ္စာလည်းမရှိပါပဲ... ခန့်သူရပိုင်ဆိုတဲ့ကျွန်တော့်ကိုပဲသဘောကျလို... More

အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၄)
💛
အပိုင်း(၅)

အပိုင်း(၃)

35 6 6
By ShaneMoeSat

[Unicode]

သင်္ကြန်အကျတ်နေ့...

1:00Am

" ဟေ့ကောင် ပိုင်ကြီး..ငိုင်မနေနဲ့ကွာ မနက်ကလည်းကောင်းကောင်းမလည်ဘူး မျက်နှာကဘာဖြစ်နေတာလဲ... "

ဘေးကချမ်းနောင်ဘာပြောပြော မျက်နှာမသာမယာနဲ့ ခန့်သူရပိုင်က ဘာမှပြန်မပြောနိုင်ပါပဲ အန်တီစန်းတို့အိမ်ကိုသာ ဇာတ်ကြီးကျိုကျမတက် လှမ်းမျှော်နေသည်...။

" ဘာဖြစ်ရမလဲ အစ်ကိုနွေဦးမှသင်္ကြန်လည်တာမလိုက်တဲ့ဟာ ဒီကောင်ဒီရုပ်ဖြစ်ပြီပေါ့ဟ.. "

လက်ဖက်သုတ်ပန်းကန်ကိုကိုင်လာရင်း သူရိန်ကလှမ်းပြောတော့မှ ကျန်တဲ့နှစ်ကောင်လုံးသဘောပေါက်သွားကြတော့သည်...။

" အော်  ဒါကြောင့်ကိုး... "

" ချမ်းနောင် ဒီနေ့ ရေကြည်တော်ကပ်နှိုးပြီးတာနဲ့ ငါ့ဆီပြန်လာခဲ့ပေး  "

" ဟမ် မင်းကဒီနေ့လည်းမလိုက်ပြန်ဘူးလာဟ မနေ့ကလည်းမလိုက်ဘူး မင်းအစ်ကိုနွေဦးကိုဘာပြသနာရှာထားပြန်တာလဲ...မှန်မှန်ပြောစမ်း... "

" အဲ့...အဲ့ဒါကမင်းတို့မသိလည်းရတယ်
ငါပြောသလိုသာလုပ်စမ်းပါကွာ...နော် "

ငိုတော့မလိုမျက်ခွပ်နဲ့ပြောလာတာမို့ ချမ်းနောင်ရယ်ချင်သွားရသည်...။
သူတို့သူငယ်ချင်းရန်ကုန်သားလေးက ရွှေဘိုသားဖြစ်တဲ့အစ်ကိုနွေဦးကိုတော်တော်ဖြစ်နေတာပဲ...။

" အေးပါ ငါပြန်လာခဲ့မယ်... "

" ကျေးဇူးပဲ.. "

" စောက်ပိုတွေကလုပ်လာပြန်ပြီ "

" ဟဲဟဲ... "

မနက်2နာရီထိုးတော့ ရေကြည်တော်ကပ်အတွက် လိုက်နှိုးရန် သူရိန်တို့ထွက်သွားကြပေမဲ့ ခန့်သူရပိုင်ကတော့ လိုက်မသွားဖြစ်ပါ...။
မနေ့ကနွေသူ့ကိုအတော်လေးစိတ်ဆိုးသွားတာ...
ဘယ်လိုမှရှင်းပြတာကိုလက်မခံပါပဲ လူကိုထုရိုက်ပြီးဒေါကြီးမောကြီးနဲ့ကိုစက်ဘီးအားနင်းချသွားခဲ့တာ...။
အိမ်ရှေ့ထိပြေးလိုက်ကာ ချော့တာလည်းလက်မခံပါပဲ...ပေးထားတဲ့ပိတောက်ပန်းခိုင်နဲ့ပါ မျက်နှာကိုပစ်ပေါက်သွားလေရဲ့...။

" စိတ်ဆိုးပြေပါတော့နွေရာ... "

လှုတ်ရှားမှုကင်းနေတဲ့  မျက်စောင်းထိုးခြံအိမ်က အခန်းငယ်လေးအားငေးရင် ခန့်သူရပိုင်တစ်ယောက်မနက်စောစောစီးစီးဆွေးနေရလေသည်...။

" ရေကြည်တော်ကပ် လိုက်မဲ့သူများ ထကြပါဗျို့... "

သူရိန်တို့ရဲ့ရေကြည်တော်ကပ်နှိုးသံကြားမှ ထိုင်ဆွေးနေသောခန့်သူရပိုင်မလှုတ်လှုတ်ရှာရှားဖြစ်သွားရကာ မျက်စောင်းထိုးခြံသို့ မျှော်လင့်ကြီးစွာလှမ်းကြည့်နေမိသည်...။
ခုနကထိငြိမ်သက်နေသော အခန်းလေးမှ မီးရောင်ဖျော့ဖျော့လေးလင်းလာသည်မို့ ပိုင်ကြီးတို့မျက်နှာ ပြုံးရွှင်လာရသည်...။

ခဏကြာတော့ ခြံရှေ့မီးလင်းလာပြီး အိမ်ထဲမှလှုတ်တုတ်လှုတ်တုတ်ဖြင့်ထွက်လာသော နွေဦးကိုမြင်မှ ခန့်သူရပိုင်တစ်ယောက်သက်ပြင်းချနိုင်တော့သည်...။
ရေကန်ကြီးနားသို့ မျက်နှာသစ်ကိုယ်လက်သန့်စင်နေသော နွေဦးအား အသဲအသန်ပင်စိုက်ကြည့်နေလိုက်တော့သည်...။89oo
ဒီမျက်နှာလေးကို သူတစ်နေကုန်မတွေ့လိုက်ရတာမို့ အတော်လေးနေမထိထိုင်မသာဖြစ်နေရပြီဖြစ်သည်...။

" ဟေ့ကောင် ပိုင်ကြီး ငါနေခဲ့လိုက်ပြီ ပြောမင်းငါ့ကိုဘာလုပ်ခိုင်းမလို့လဲ ပေါက်ကရတွေတော့လာမလုပ်ခိုင်းနဲ့နော် အေး "

" မလုပ်ခိုင်းပါဘူးကွာ စိတ်ချစမ်းပါ... "

မျက်စောင်းထိုးခြံကနေအကြည့်မခွာတော့တဲ့ ခန့်သူရပိုင်ကို ချမ်းနောင် ကိုင်ပေါက်ချင်လာပြီး...ဒီကောင်ဘာပေါက်ကရတွေလုပ်အုံးမယ်မသိဘူး စိတ်ညစ်ပါတယ်...။

" ခန့်သူရပိုင် မင်းမဟုတ်တာတွေမလုပ်နဲ့နော် အေး... "

" ဟာ မလုပ်ပါဘူးဆိုကွာ မင်းဘာဖြစ်နေတာလဲ... "

" မင်းကိုကြောက်လို့ဟေ့ မင့်ကိုကြောက်လို့ဟ... "

" ဘာမှမလုပ်ပါဘူးဆို.. "

" ပြီးရောကွာ..."

ခဏအကြာ မျက်စောင်းထိုးခြံမှ အစ်ကိုနွေဦးတို့မောင်နှမထွက်လာတာတွေ့မှ ခန့်သူရပိုင်တစ်ယောက် ပြာယာခတ်စွာထပြေးတော့သည်...။

" နွေ "

" မင်း!... "

" ခဏလေးပါ ခဏလေးပဲရှင်းပြပါရစေနော်... "

" မင်း! ငါ့ရှေ့ကထွက်သွားစမ်း... "

မကျေမနပ်မျက်နှာလေးနဲ့ မော့ကာမော့ကာ စွာစိလန်နေသောကောင်လေးကြောင့် နွေဦးမေနဲ့ချမ်းနောင်မှာပါးစပ်အဟောင်းသားနဲ့ငေးနေကြသည်...။

" ချမ်းနောင် မင်းနွေဦးမေကိုလိုက်ပို့ပေးလိုက်ကွာ..ငါနွေကိုပြောစရာရှိလို့...ချမ်းနောင်လိုက်ပို့လို့ရတယ်မို့လား မေ.. "

" မေကအဆင်ပြေပါတယ်.. "

" ဘယ်သူကခွင့်ပြုနေလို့လဲ ငါ့ကိုလွှတ်စမ်းခန့်သူရပိုင်!!! "

ဆွဲထားတဲ့လက်ကိုလွှတ်မပေးပါပဲ ချမ်းနောင်နဲ့နွေဦးမေဘက်ကိုလှည့်ကာ မျက်စိတစ်ဖက်လှမ်းမှိတ်ပြလိုက်တော့ အလိုက်တသိပင် ထွက်သွားကြသည်...။

" မင်းဘာလုပ်တာလဲ ဒါ ပိုင်စိုးပိုင်နင်းနဲ့ ဖယ်စမ်းငါ့ကို... "

" ဒေါသကြီးလိုက်တာ နွေရာ ကျွန်တော်တောင်းပန်ပါတယ်...မနေ့ကတကယ်မရည်ရွယ်ပါဘူး.. "

" ဘာ! တမင်ရည်ရွယ်ပြီးများလုပ်ချင်သေးတာလား မင်းက... "

" အင်းလေ.. "

" ဘာ!!! "

" ဟို..အဲလေ မှားလို့ပါ အဲ့လိုမဟုတ်ပါဘူး... "

စူပုတ်နေတဲ့မျက်နှာအနေအထားအရ  စိတ်ဆိုးပြေသေးဟန်တော့မတူ သို့ပေမဲ့မနေ့ကတော့တော့မဆိုးတော့ပါ...ဒါဆိုအခြေအနေကောင်းတယ်သတ်မှတ်လို့ရပြီမို့လား...။
ဒီတော့ တစ်ခါထဲဖွင့်ပြောလိုက်တော့မယ်...ပိုင်ကြီးတဲ့ကွ...။

" အမှန်တော့ ကျွန်တော်ကနွေနဲ့ပြေလည်ချင်တာပါ နွေကျွန်တော့်ကိုစိတ်ဆိုးပြေမယ်မလားဟင်.. "

" မင်းအဲ့လို့မျက်နှာနဲ့တောင်းပန်တိုင်း ငါကခွင့်လွတ်ရမှာလား ဟမ် "

" နွေ ခွင့်လွတ်ချင်တောင် မရသေးဘူး ကျွန်တော်အပြစ်တစ်ခုထပ်လုပ်ရအုံးမှာမို့လေ... "

" ဘာ! မင်းကဘာများထပ်လုပ်ချင်သေးလို့လဲ ငါထိုးမှာနော် ခန့်သူရပိုင်.. "

ဖမ်းဆုတ်ထားမိတဲ့လက်ကလေးကိုရုန်းကာ အလန့်တကြားမျက်ရည်အဝိုင်းသားဖြစ်သွားတဲ့ပုံစံလေးက အနိုင်ကျင့်ချင်စရာ..။
အသဲယားလွန်းလို့ ကြည့်ချင်သလိုကြည့်ပစ်လိုက်မိတဲ့ အကြည့်တွေကို အရှေ့ကအသေးလေးဟာ ဘာလိုတွေတွေးမိသွားတယ်မသိ...။
ပို၍ပင်ကြောက်လန့်သွားတဲ့ပုံစံဖြစ်နေလေသည်...။

" ခန့်သူရပိုင် မင်းဖယ်နော် ငါအော်လိုက်မှာ.. "

တကယ်ကြီးငိုချတော့မဲ့ပုံစံနဲ့ပြောနေတာမို့ စူးစိုက်ကြည့်နေမိတဲ့မျက်လုံးကိုအရှိန်ထိမ်းလိုက်ရသည်...။

" ဟာ! ဟေ့ မငိုနဲ့လေ ဘာမှမလုပ်ပါဘူး ကျွန်တော်နွေ့ကိုဘာမှမလုပ်ဘူးလေ.. "

" မင်း...မင်းကလူယုတ်မာ.. "

" ဟင် "

" ငါ့ကိုလွှတ်.. "

" ကျွန်တော်ပြောချင်တာလေးပြောပြီးရင် လွှတ်ပေးပါ့မယ် အခုတော့ ပြောပါရစေအုံးနော်.. "

" ဘာ...ဘာပြောမှာလဲ ပြော... "

နည်းနည်းလေးအလျော့ပေးလိုက်တာနဲ့ လေသံလေးကပြန်မာလာပြန်တာမို့ ခန့်သူရပိုင်အသဲယားသွားရသည်..။
ဟား ဒီအသေးလေးကဘာလဲကွာ...။

" နွေ "

" ဘာလဲ "

" ကျွန်တော်နွေ့ကိုသဘောကျတယ်... "

" ဟင်! "

" ချစ်တယ် အရမ်းချစ်လို့ မနေ့ကစိတ်မထိန်းနိုင်ပဲ အနိုင်ကျင့်သလိုဖြစ်သွားခဲ့ရတာပါ  ကျွန်တော်နွေ့အပေါ်မကောင်းတဲ့စိတ်လုံးဝမရှိဘူးနော်...ရည်းစားဖြစ်ချင်တဲ့စိတ်ပဲရှိတာပါ တကယ်၊အတည် ... "

ဖြစ်ချင်ရာဖြစ် ဖွင့်ပြောလိုက်ပြီးမှ အသေးလေးမျက်နှာကိုလည်းကြည့်ရသေးသည်...။
ရှက်ရဲရဲမျက်နှာအနေအထားလေးနဲ့ဆိုတော့  ဒါအခြေအနေကောင်းတာပဲမလား..။
ဆွဲဖက်လိုက်ရတော့မလား...ဒါမှမဟုတ် မနေ့ကလိုထပ်ပြီးနမ်းလိုက်ရမလား..?။

" ဟို... မင်းပြောချင်တာဒါပဲမလား ငါ...ငါသွားတော့မယ်.. "

" နွေ အဖြေပေးဦးလေဗျာ.. "

" မပေးဘူး မင်းကကောင်းတဲ့ကောင်မှမဟုတ်တာ ဒီစကားတွေကို ယုံလို့မရဘူး.. "

" ဟာ ဒီစကားတွေကိုတော့ ယုံပေးပါဗျာ ဒီကခန့်သူရပိုင်ဆိုတဲ့ကောင်ကမလိမ်ပါဘူး အတည်ပြောတာ... "

" ဖယ်! "

" ဟော...လုပ်ပါ ကျွန်တော်ကိုပြန်ချစ်စမ်းပါနော်.. "

အဖြေတောင်းတာတောင် မာရေကြောရေနဲ့ ဘယ်လိုကောင်ပါလိမ့်...
ရုပ်ခံလေးကတော်ကြည့်ကောင်းနေလို့သာပဲ ဆွဲထိုးချစ်စိတ်တွေကတော့တစ်ဖွားဖွား...။

" နော်နွေ.. "

" အင့်... "

ခါးကိုဆွဲဖက်လာတဲ့လက်တစ်စုံကြောင့် နွေဦးအလန့်တကြားလေးရုန်းလိုက်မိသည်...။
ဒီလက်ရဲဇက်ရဲကောင်ကတော့...။

" ခန့်သူရပိုင် မင်းလွှတ်နော်.. "

" အဖြေပေးလေ..ဒါဆို  "

" ငါ့ကိုအဲ့လိုအကျပ်မကိုင်စမ်းနဲ့... "

" ချစ်လား ဒါမှမဟုတ်ချစ်လား...ကြိုက်တာဖြေ.. "

" ဘာရယ် လွှတ်လို့ "

ဘယ်လောက်ရုန်းရုန်းကိုမရတာ  ဒီကောင်လေးဟာဘယ်လိုတွေတောင်အားသန်နေတာပါလိမ့်...။

" ငါ "

" အင်း ပြော မောင်နားထောင်နေတယ်.. "

" သင်္ကြန်ပြီးမှပေးမယ် အဖြေကို အခုငါ့ကိုလွှတ်.. "

" နွေ မောင့်ကိုမလိမ်ရဘူးနော် လိမ်ရင်ခိုးပြေးပစ်မှာ.. "

" မလိမ်ပါဘူးဆို.. "

" ဟုတ်ပါပြီဗျာ့  ဒါဆိုစိတ်ဆိုပြေတဲ့အနေနဲ့ ဒီနေ့လျှောက်လည်ရင်လိုက်ခဲ့နော် အာ...ခဏ "

ပြောပြီးသည်နှင့် သူ့တို့ခြံရှေ့ကိုပြေးထွက်သွားတာမို့ နွေးဦးကြောင်သွားရသည်...။
ခဏကြာမှ ပိတောက်ပန်းတွေပွေ့ပြီးပြန်ထွက်လာမှ သဘောပေါက်၍ပြုံမိသည်...။

" ဒါ နွေ့တွက်မောင်ခူးလာတာ.. "

ပိတောက်ပန်းစည်းကြီးကိုထိုးထည့်ပေးရင်း ခပ်ငယ်ငယ်ပိတောက်ပန်းခက်လေးတစ်ခုကိုယူကာ နွေဦးနားကြားထဲသို့ပန်ပေးပြန်သည်...။

" နွေကပန်းလေးပန်ထားရင် ချစ်ဖို့ကောင်းတယ်... "

"...... "

" ဒီနေ့ မောင်တို့နဲ့လိုက်မယ်မလား "

" မေ့ကိုစိတ်မချလို့ လိုက်မှာ မင်းကြောင့်မဟုတ်ဘူး.."

" ဘာကြောင့်ပဲဖြစ်ဖြစ် နွေမောင့်အနားမှာရှိနေရင်ရပြီ "

🎶 ဝင်းဝင်းဖန့်ဖန့် သူ့မျက်နှာ..🎶

🎶ရှင်းရှင်းသန့်သန့် လှရဲ့ဗျာ.. 🎶

🎶ရှင်းရှင်းသန့်သန့် လှရဲ့ဗျာ့.. 🎶

🎶ဝင်းဝင်းဖန့်ဖန့် သူ့မျက်နှာ🎶

မြိုင်မြိုင်ဆိုင်ဆိုင်ထွက်လာတဲ့သီချင်းသံနဲ့အတူ ရေကြည်တော်ကပ် အဖွဲ့ဟာလည်း စဝင်ထွက်ခွာနေပြီဖြစ်သည်...။

. . . . . . . . . . . . . . . . . . . . . . . . ။

ပိုင်ကြီးကိုဘယ်သူမှထိန်းလို့မနိုင်တော့ဘူး😂

Shane//

[Zawgyi]

သင်္ကြန်အကျတ်နေ့...

1:00Am


ဘေးကချမ်းနောင်ဘာပြောပြော မျက်နှာမသာမယာနဲ့ ခန့်သူရပိုင်က ဘာမြှပန်မပြောနိုင်ပါပဲ အန်တီစန်းတို့အိမ်ကိုသာ ဇာတ်ကြီးကျိုကျမတက် လှမ်းမျှော်နေသည်...။

" ဘာဖြစ်ရမလဲ အစ်ကိုနွေဉီးမှသင်္ကြန်လည်တာမလိုက်တဲ့ဟာ ဒီကောင်ဒီရုပ်ဖြစ်ပြီပေါ့ဟ.. "


" အော်  ဒါကြောင့်ကိုး... "


" ဟမ် မင်းကဒီနေ့လည်းမလိုက်ပြန်ဘူးလာဟ မနေ့ကလည်းမလိုက်ဘူး မင်းအစ်ကိုနွေဉီးကိုဘာပြသနာရှာထားပြန်တာလဲ...မှန်မှန်ပြောစမ်း... "


သူတို့သူငယ်ချင်းရန်ကုန်သားလေးက ရွှေဘိုသားဖြစ်တဲ့အစ်ကိုနွေဉီးကိုတော်တော်ဖြစ်နေတာပဲ...။

" အေးပါ ငါပြန်လာခဲ့မယ်... "

" ကျေးဇူးပဲ.. "


" ဟဲဟဲ... "






ခဏကြာတော့ ခြံရှေ့မီးလင်းလာပြီး အိမ်ထဲမှလှုတ်တုတ်လှုတ်တုတ်ဖြင့်ထွက်လာသော နွေဉီးကိုမြင်မှ ခန့်သူရပိုင်တစ်ယောက်သက်ပြင်းချနိုင်တော့သည်...။
ရေကန်ကြီးနားသို့ မျက်နှာသစ်ကိုယ်လက်သန့်စင်နေသော နွေဉီးအား အသဲအသန်ပင်စိုက်ကြည့်နေလိုက်တော့သည်...။89oo







" ဘာမှမလုပ်ပါဘူးဆို.. "

" ပြီးရောကွာ..."

ခဏအကြာ မျက်စောင်းထိုးခြံမှ အစ်ကိုနွေဉီးတို့မောင်နှမထွက်လာတာတွေ့မှ ခန့်သူရပိုင်တစ်ယောက် ပြာယာခတ်စွာထပြေးတော့သည်...။

" နွေ "

" မင်း!... "



မကျေမနပ်မျက်နှာလေးနဲ့ မော့ကာမော့ကာ စွာစိလန်နေသောကောင်လေးကြောင့် နွေဉီးမေနဲ့ချမ်းနောင်မှာပါးစပ်အဟောင်းသားနဲ့ငေးနေကြသည်...။

" ချမ်းနောင် မင်းနွေဉီးမေကိုလိုက်ပို့ပေးလိုက်ကွာ..ငါနွေကိုပြောစရာရှိလို့...ချမ်းနောင်လိုက်ပို့လို့ရတယ်မို့လား မေ.. "

" မေကအဆင်ပြေပါတယ်.. "


ဆွဲထားတဲ့လက်ကိုလွှတ်မပေးပါပဲ ချမ်းနောင်နဲ့နွဉေီးမေဘက်ကိုလှည့်ကာ မျက်စိတစ်ဖက်လှမ်းမှိတ်ပြလိုက်တော့ အလိုက်တသိပင် ထွက်သွားကြသည်...။




" အင်းလေ.. "

" ဘာ!!! "











" မင်း...မင်းကလူယုတ်မာ.. "

" ဟင် "

" ငါ့ကိုလွှတ်.. "


" ဘာ...ဘာပြောမှာလဲ ပြော... "


" နွေ "

" ဘာလဲ "


" ဟင်! "




" နွေ အဖြေပေးဉီးလေဗျာ.. "



" ဖယ်! "



" နော်နွေ.. "

" အင့်... "

ခါးကိုဆွဲဖက်လာတဲ့လက်တစ်စုံကြောင့် နွေဉီးအလန့်တကြားလေးရုန်းလိုက်မိသည်...။


" အဖြေပေးလေ..ဒါဆို  "



" ဘာရယ် လွှတ်လို့ "


" ငါ "




" မလိမ်ပါဘူးဆို.. "


ပြောပြီးသည်နှင့် သူ့တို့ခြံရှေ့ကိုပြေးထွက်သွားတာမို့ နွေးဉီးကြောင်သွားရသည်...။


ပိတောက်ပန်းစည်းကြီးကိုထိုးထည့်ပေးရင်း ခပ်ငယ်ငယ်ပိတောက်ပန်းခက်လေးတစ်ခုကိုယူကာ နွေဉီးနားကြားထဲသို့ပန်ပေးပြန်သည်...။


"...... "









. . . . . . . . . . . . . . . . . . . . . . . . ။


Shane//

Continue Reading

You'll Also Like

5.3K 789 19
"ကျွန်တော်က ခင်ဗျား ကိုတကယ်ချစ်တာ " ချစ်ခြင်းတရားတွေက လှပပေမဲ့ တစ်ချို့သော ချစ်ခြင်းတရားတွေကမလှပဘူး ကိုယ်ဖန်တီးထားတဲ့အချစ်ကလှပေမဲ့ ကြုံလာရတဲ့အချစ် ...
1.7K 121 9
ဇာတ်လမ်းတစ်ပုဒ်က ပန်းချီကားတစ်ချပ်နဲ့ အလားသဏ္ဌာန်တူနိုင်ပါ့မလား...။ အဆုံးသတ်စာမျက်နှာထိ ရှုစားပြီးရင်တော့ အဖြေရနိုင်လောက်မှာပါ။ ဇာတ်လမ်းတစ်ပုဒ်က ပန်...
464K 1.5K 47
🔞🔞🔞 warning sex!! you can cancel if you don't like it.This is only for the guys who have sensitive desire in sex.🔞🔞