အပိုင်း(၂)

36 7 9
                                    

[Unicode]

သင်္ကြန်အကျနေ့...
2:00.Am

" ရေကြည်တော်ကပ်လိုက်မဲ့သူများ ထကြပါဗျို့ "

တစ်လမ်းဝင်တစ်လမ်းထွက်ရက်ကွက်နှံ့အောင် လိုက်နှိုးနေကကြသော ကာလသားအဖွဲ့ထဲတွင် ခန့်သူရပိုင်ကထိပ်ဆုံးကပင်...။
တခြားရပ်ကွက်များတွင်လည်း သူတို့အဖွဲ့နဲ့သူတို့ အသံချဲ့စက်များနဲ့လိုက်ကာနှိုးနေကြပြီဖြစ်သည်..။

" ရေကြည်တော်ကပ်လိုက်မဲ့သူများ ထကြပါဗျို့... !

ရက်ကွက်ရဲ့လမ်းကျိုလမ်းကြားပါမကျန်အကုန်လိုက်နှိုးပြီးတာနဲ့ ဓမ္မာရုံသို့ဆန်ပြုတ်ကူချက်ရန် ပြန်လာခဲ့ကြတော့သည်..။

" ဘာကူလုပ်ပေးရမလဲ ဒေါ်လေး "

" ဆန်ပြုတ်အိုးတွေကရပြီ ခဏနေလူတွေလာတော့မှာ ပန်းကန်တွေအဆင်သင့်ချထားလိုက်တော့  "

" ဟုတ်ပြီဗျာ့ "

ဆန်ပြုတ်ချက်နေကြသော ဦးလေးကြီးကလည်း ဆန်ပြုတ်အိုးတွေရသည်နှင့် လိုက်ချိုင့်ပုံးထဲထည့်ကာ လူတွေလာရင် တိုက်ကြဖို့အဆင်သင့်...။
ရေကြည်တော်ကပ်လိုက်ဖို့လာသူအားလုံးကို ထိုသို့မနက်စာဆန်ပြုတ်ကိုအရင်တိုက်ကြသည်...။
မနက်3နာရီလောက်ရောက်တော့ ဓမ္မာရုံရှေ့သို့ လူတွေစတင်ရောက်လာကြပြီ...။

သနပ်ခါးတွေလိမ်းလို့ အပျိုတွေဟာ လှလှပပပြင်ဆင်လို့ရယ်
ငွေဖလားလေးတွေနဲ့ရေကြည်တော်ထည့်ကာ စံပယ်၊ညမွှေးတွေကို ထိုဖလားထဲချွေထည့်လို့နေသည်...။
ရေကြည်တော်ကပ်ဆိုသည်နှင့်ထိုသို့စံပယ်နဲ့ညမွှေးရဲ့ရနံ့လေးတွေကညလေအေးအေးမှာ ဝေ့ဝဲလို့ပင်...။

" ဟေ့ကောင် ပိုင်ကြီး ဒါဘယ်လဲ "

ဆန်ပြုတ်ချိုင်းကြီးချကာ ဓမ္မာရုံအပြင်သို့ထွက်လိုက်တာနဲ့  သူရိန်ကသူခိုးဖမ်းမိသည့်အထာနဲ့ ထမေးသည်...။

" ပိတောင်ပန်းသွားခူးမလို့... "

" ဘာလုပ်ဖို့လဲ "

" ဟ! ပန်းခူးပါတယ်ဆို ပေးစရာရှိလို့ပေါ့  ရှေ့ကဖယ်စမ်း ဦးဦးဖျားဖျားခူးမလို့ပါဆို "

ရှေ့ကကာထားတဲ့သူရိမ်ကိုတွန်းဖယ်ကာ မီးသတ်ရုံဘေးကပိတောက်ပင်က်ပင်သို့အပြေးသွားပြီး အုံခဲအောင်ပွင့်နေသောပိတောက်ခိုင်များအားခူးဖို့ကြံဖန်ရတော့သည်...။
ခဏနေရင်ရေကြည်တော်ကပ်စထွက်တော့မှာမို့ လူတွေကလည်းစုံလုနီးပါးပင်...။
မတက်နိုင်ဘူး ခန့်သူရပိုင်တို့ ပုဆိုးကြီးနဲ့လည်း အပင်ပေါ်တက်သင့်ရင်တက်ရမှာပဲ...။

သင်္ကြန်တမ်းခြင်းWhere stories live. Discover now