အခန်း (၃၈.၂)
ပိုင်ရွှယ်
ပိုင်ရွှယ်ရဲ့ မိသားစု မှတ်တမ်းစာအုပ်မှာ၊ သူမက မဝေးလှတဲ့ ကျောက်ဟွားရွာကနေ လာတယ်ဆိုပြီးတော့ ရေးထားတယ်။ သူမရဲ့ မိသားစုမှာ အစ်ကိုနှစ်ယောက်နဲ့ ညီမငယ်တစ်ယောက် ရှိခဲ့တယ်။ သူမရဲ့ မိဘနှစ်ပါးစလုံးက လယ်သမားတွေ ဖြစ်ပြီးတော့၊ လယ်ဧက စုစုပေါင်း ၈၆၅ စတုရန်းမိီတာ လောက်တော့ ရှိခဲ့တယ်။ ပိုင်ရွှယ်က ငယ်ငယ်ကတည်းက သူမရဲ့ မိဘတွေ နောက်ကို လိုက်ခဲ့တဲ့အတွက်၊ သူမက သန်မာပြီး အသားမည်းလာခဲ့တယ်။ ဒါပေမဲ့ သူမရဲ့ မိသားစုမှာက လူတွေ အများကြီးရှိခဲ့တယ်။ အစ်ကိုကြီးတွေက အိမ်ထောင်ကျပြီးတဲ့နောက်မှာ၊ ကလေးတွေ ရှိလာပြီးတော့ သူတို့ရဲ့ ဘဝက ပိုပြီးတော့ ခက်ခဲလာခဲ့တယ်။ သူတို့တွေကို ကျွေးမွေးဖို့ရာ ပိုက်ဆံပိုရဖို့အတွက်၊ ပိုင်ရွှယ်က အစေခံ မိန်းကလေးတစ်ယောက်အနေနဲ့ ယန်ကျင်းကို လာခဲ့ရတယ်။
ယန်ကျင်းက လူချမ်းသာ မိသားစုတွေက ပိုင်ရွှယ်လိုမျိုး ကြည့်ကောင်းတဲ့ ရုပ်ရည်မရှိတဲ့ အစေခံတစ်ယောက်ကို မျက်လုံးထဲတောင် မထည့်ခဲ့ကြဘူး။ ကျန်းအိမ်တော်က အသက်ကြီးကြီး အမျိုးသမီးအစေခံက သူမရဲ့ ခွန်အား ကြီးမှုကြောင့်မို့ အလုပ်ကြမ်းကို လုပ်နိုင်တယ်ဆိုပြီးတော့ ပိုင်ရွှယ်ကို ခေါ်လာခဲ့တယ်။ ကျန်းလီက ပိုင်ရွှယ်ကို အကြောင်းပြချက် မရှိဘဲ ပထမအဆင့် မိန်းကလေးအစေခံအနေနဲ့ ရွေးချယ်ခဲ့လိမ့်မယ်လို့ ဘယ်သူက သိမှာလဲ။ အဲဒါက ပိုင်ရွှယ်ရဲ့ ကံကောင်းမှုကြောင့်လားဆိုတာကို ဘယ်သူက သိနိုင်မှာလဲ။
ပိုင်ရွှယ်က အစေခံ အသစ်တစ်ယောက်ဖြစ်ပေမဲ့၊ ပထမအဆင့် မိန်းကလေး အစေခံနဲ့ တံမြက်စည်းလှဲတဲ့ မိန်းကလေး အစေခံရဲ့ လစာတွေက မတူညီတာကိုတော့ သူမက သတိထားမိခဲ့တယ်။ သူမက သူမကို ရွေးချယ်ပေးခဲ့တဲ့ ကျန်းလီကို တကယ် ကျေးဇူးတင်ခဲ့တယ်။ သူမကို ကျေးဇူးတင်မိသည်။ ဒါပေမဲ့ သူမ မရောက်ခင်တုန်းက ကျန်းလီနဲ့ ပတ်သက်တဲ့ ကောလဟာလတွေကို ပတ်ဝန်းကျင်မှာ ကြားခဲ့ရတယ်။ ပထမအစက၊ ကျန်းလီကို မကောင်းဆိုးဝါးတစ်ကောင်လို့ သူမက ထင်နေခဲ့ပေမဲ့၊ ကျန်းလီက ချစ်စရာကောင်းပြီးတော့ သူမရဲ့ဇာတိမြို့ကိုပါ ဂရုစိုက်ပေးတဲ့ လူတစ်ယောက် ဖြစ်နေခဲ့တယ်။ ကောလဟာလတွေကို ယုံတာ တော်လောက်ပြီလို့ သူမက တိတ်တဆိတ် တွေးခဲ့တယ်။ သူတို့တွေက အမှန်တရားကို ရွံရှာစက်ဆုပ်လို့ အမှိုက်တွေကို ပြောနေခဲ့ကြတယ်။
ပိုင်ရွှယ်က ပြောလိုက်တယ်။
"သခင်မလေးနဲ့ ရင်းနှီးတဲ့ အစေခံက ဘယ်သူပါလဲ။ သူမရဲ့ မျိုးရိုးနာမည်က ဘာပါလဲ။ ဒီအစေခံက သိရင် သိနေနိုင်ပါတယ်"
ကျန်းလီက ပြုံးပြီးတော့ ပြောလိုက်တယ်။
"သူမကို ဟိုင်ထန်လို့ ခေါ်တယ်။ ဒီမိန်းကလေးအစေခံက အခုဆိုရင် အသက် ၂၀လောက်တော့ ရှိလိမ့်မယ်၊ သူမရဲ့ အိမ်မှာ မောင်လေး နှစ်ယောက် ရှိတယ်။ သူတို့မိသားစုက ကျောက်ဟွားရွာမှာရှိတဲ့ ယာဂုဆိုင်ဘေးမှာ နေကြတယ်။ ဟိုင်ထန် ကတော့ ပိန်ပြီး အရပ်ရှည်တယ်။၊ သန့်ရှင်းပြီးတော့ အသားဖြူတယ်။ သူမမှာ တကယ် ကြည့်ကောင်းတဲ့ ရုပ်ရည်ရှိခဲ့တယ်"
တုန်အာက စိတ်ရှုပ်စွာနဲ့ ဘေးကနေ နားထောင်နေခဲ့တယ်။ ကျန်းလီနဲ့ ရင်းနှီးတဲ့ အစေခံ မိန်းကလေးဆိုရင်၊ သူမကလည်း သတိရလိမ့်မယ်။ ဒါပေမဲ့ ဟိုင်ထန် လို့ခေါ်တဲ့ မိန်းကလေးအစေခံ အကြောင်းကိုတော့ သူမက တစ်ခါမှ မကြားခဲ့ဘူးဘူး။ သူမကရော ကျန်းအိမ်တော်ကပဲ လာတာလား။
ပိုင်ရွှယ်က အချိန်အတော်ကြာအောင် စဉ်းစားပြီးတဲ့နောက်မှာ၊ သူမရဲ့ ခေါင်းကို ကုတ်ပြီးတော့ ပြုံးပြီး ပြောလိုက်တယ်။
"ဒီလူနဲ့ ပတ်သက်ပြီးတော့ ကျွန်မရဲ့ မှတ်ဉာဏ်ထဲမှာ စဥ်းစားလို့မရဘူး။ ကျောက်ဟွားရွာက ကြီးတယ်လို့ ပြောရအောင်လဲ၊ အဲ့လောက် မကြီးဘူး။ သေးတယ်လို့ပြောရအောင်ကလဲ အဲ့လောက် မသေးဘူး။ ဒါပေမဲ့ သခင်မလေးက မိန်းကလေး ဟိုင်ထန်အကြောင်း သိချင်ရင်တော့၊ ဒီအစေခံက အိမ်က အဖေနဲ့အမေကို စာပြန်ပို့ပေးပါမယ်"
တုန်အာက မမေးဘဲ မနေနိုင်ခဲ့ဘူး။
"နင် စာရေးတတ်တာလား"
"ကျွန်မက ရွာရဲ့ကိုယ်ပိုင်ကျောင်းက သခင်ကြီးဆီကနေ ခိုးကြောင်ခိုးဝှက် သင်ယူခဲ့ရတာပါ"
ပိုင်ရွှယ်က ပွင့်ပွင့်လင်းလင်း ရယ်မောပြီး ပြောလိုက်တယ်။
တုန်အာက ပိုင်ရွှယ်ကို အလွန်အမင်း သဘောကျသွားခဲ့တယ်။ စာရေးတတ်တဲ့ မိန်းကလေး အစေခံတွေက ကျန်းအိမ်တော်မှာ အများကြီး မရှိခဲ့ဘူး။ သူမ မိသားစုရဲ့ သခင်မလေးက တကယ်ကို ထိုးသွင်းဉာဏ်ရှိတဲ့ သူရဲကောင်း တစ်ယောက် ဖြစ်ခဲ့တယ်။ ဒီပိုင်ရွှယ်ရဲ့ ရုပ်ရည်က အံ့အားသင့်စရာ မဟုတ်ခဲ့ပေမဲ့၊ သူမက တကယ့်အရည်အချင်းရှိပြီးတော့ ပထမအဆင့် မိန်းကလေး အစေခံ ဖြစ်ဖို့ဆိုတာက သူမအတွက် မမှားခဲ့ပါဘူး။
ပိုင်ရွှယ်က စာရေးတတ်လိမ့်မယ်လို့ ကျန်းလီက မမျှော်လင့်ထားခဲ့ဘူး။ သူမက ချက်ချင်းပြုံးပြီးတော့ ပိုင်ရွှယ်ကို ပြောလိုက်တယ်။
"အဲဒါဆိုရင်တော့ နင့်ကို ကျေးဇူးအများကြီး တင်ပါတယ်"
သူမက ပိုင်ရွှယ်ကို သူမရဲ့ အနီးကပ် ပြုစုတဲ့ အစေခံမိန်းကလေးအဖြစ်ရွေးချယ်ခဲ့တာက ပိုင်ရွှယ်က ရိုးသားတာကြောင့် ဖြစ်ခဲ့တယ်။၊ အရေးကြီးဆုံးအချက်က ပိုင်ရွှယ်က ကျောက်ဟွားရွာကနေ လာခဲ့တယ်။
သူမက ရွှီဖုန်းဖေး အဖြစ် ရှိခဲ့တုန်းက၊ သူမမှာ ကျောက်ဟွားရွာကလာတဲ့ အနီးကပ်ပြုစုပေးတဲ့ အစေခံမိန်းကလေး ဟိုင်ထန် ရှိခဲ့တယ်။ ရွှီဖုန်းဖေးရဲ့ ကိုယ်ပိုင် အစေခံ လေးယောက်ထဲက နှစ်ယောက်က သေဆုံးသည်အထိ အရိုက်ခံခဲ့ရပြီးတော့၊ ကျန်ရှိနေတဲ့ နှစ်ယောက်ကို ရွှီဖုန်းဖေးက အိမ်တော်ကနေ တိတ်တဆိတ် နှင်ထုတ်ခဲ့တယ်။ တစ်ယောက်က တုကျွမ်း ဖြစ်ခဲ့ပြီးတော့၊ တစ်ခြားတစ်ယောက်က ဟိုင်ထန် ဖြစ်ခဲ့တယ်။ တုကျွမ်းရဲ့ အိမ်တော်မှာ ဘယ်သူမှ မရှိခဲ့ဘူး၊ အဲ့ဒီနောက်ပိုင်းမှာတော့ သူမက ဘယ်နေရာကို ရောက်သွားခဲ့တာလဲဆိုတာကို ဘယ်သူကမှ မသိခဲ့ဘူး။ ဒါပေမဲ့ ရွှီဖုန်းဖေးက ဟိုင်ဖန်ရှိနိုင်မဲ့ အနီးစပ်ဆုံးနေရာကို သိနေခဲ့တယ်။ သူမရဲ့ ဇာတိက ကျောက်ဟွားရွာမှာ ဖြစ်ခဲ့ပြီးတော့ သူမမှာ မောင်လေးနှစ်ယောက်ရှိခဲ့တယ်။
ရှန်းယွီရုန်က ဟိုင်ထန်ရဲ့ အကြောင်းကို မသိခဲ့တာကြောင့်မို့၊ ကျောက်ဟွားရွာကို စစ်ဆေးဖို့က မဖြစ်နိုင်ခဲ့ဘူး။ အဲဒါအပြင်၊ ဟိုင်ထန်က လိမ္မာပါးနပ်ပြီးတော့ သတိကြီးတဲ့ ဖြတ်ထိုးဉာဏ်ကောင်းသူ တစ်ယောက် ဖြစ်ခဲ့တယ်။ သူမက အပြန်ပြန်အလှန်လှန် တွေးကြည့်တဲ့အခါမှာ၊ ဟိုင်ထန်က ကျောက်ဟွားရွာကို ပြန်သွားတာဖြစ်နိုင်တယ်လို့ ခံစားမိလာခဲ့တယ်။
သူမက ရှန်းယွီရုန်နဲ့ မင်းသမီးယုံနင်းတို့ရဲ့ အကျည်းတန်တဲ့ မျက်နှာတွေကို ဖော်ထုတ်ချင်တယ်ဆိုရင်၊ အဲ့ဒိီအချိန်တုန်းက မျက်မြင်သက်သေ တစ်ယောက်ကို ရှာဖွေဖို့ရာတော့ လိုအပ်လိမ့်မယ်။ သူမက ရှန်းမိသားစုကို အခုအချိန်မှာ မချဥ်းကပ်နိုင်သေးတာကတော့ သနားစရာကောင်းခဲ့တယ်။ သူမက သူတို့နဲ့ ရင်းနှီးလာရင်တောင်မှ၊ ရှန်းမိသားစုက လူတွေက သူမကို သက်သေခံအဖြစ် လုပ်ပေးဖို့ ကူညီမှာမဟုတ်ပါဘူး။
ဒါပေမဲ့ ဟိုင်ထန်ကတော့ မတူညီခဲ့ဘူး၊ ဟိုင်ထန်က သူမနဲ့အတူ ကြီးပြင်းလာခဲ့ပြီးတော့ ညီအစ်မတွေလိုမျိုး ရင်းနှီးကျွမ်းဝင်ခဲ့ကြတယ်။ သူမက ဟိုင်ထန်ကို ရွှီဖုန်းဖေးအမှုရဲ့ မျက်မြင်သက်သေအဖြစ် အကူအညီ ပေးစေချင်ရင်၊ ဟိုင်ထန်က သူမကို သေချာပေါက် ကူညီလိမ့်မယ်။
ဒါတွေကြောင့်မို့ ကျန်းလီက သူမရဲ့ ရှေ့မှာရှိနေတဲ့ ရိုးသားပြီးတော့ ဖြူစင်တဲ့ မိန်းကလေးကို ကြည့်လိုက်တယ်။၊ သူမက ကျောက်ဟွားရွာကလာတဲ့ ပိုင်ရွှယ်ကို မှီခိုအားထားဖို့ လိုအပ်လိမ့်မယ်။
Telegram မှာ အပိုင်း ၁၂၄အထိ ရောက်ပါပြီနော်။