ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွ...

By phyolay1991

75K 11K 130

reader လေးတို့ရေ Novel အသစ်လေးတစ်ပုဒ်လာပါပြီရှင့်🥰🥰 Title - I'm not human Description အလုပ်ကို Deadlineအမှ... More

ငါကလူသားတစ်ယောက်မဟုတ်ဘူး
ငါကလူသားတစ်ယောက်မဟုတ်ဘူး
ငါကလူသားတစ်ယောက်မဟုတ်ဘူး
ငါကလူသားတစ်ယောက်မဟုတ်ဘူး
ငါကလူသားတစ်ယောက်မဟုတ်ဘူး
ငါကလူသားတစ်ယောက်မဟုတ်ဘူး
ငါကလူသားတစ်ယောက်မဟုတ်ဘူး
ငါကလူသားတစ်ယောက်မဟုတ်ဘူး
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)
chapter 80
chapter 81
chapter 82
chapter 83
chapter 85
chapter 86
chapter 87
chapter 88
chapter 89
chapter 90
chapter 91
chapter 92
chapter 93
chapter 94
chapter 95
chapter 96
chapter 97
chapter 98
chapter 99
chapter 100
chapter 101
chapter 102
chapter 103
chapter 104
chapter 105

chapter 84

291 55 1
By phyolay1991

Chapter 84
September 14, 2023
Chapter 84

အမြင်အာရုံပျောက်ကွယ်မသွားခင် ဖြစ်ပျက်နေသမျှအရာတိုင်းသည်ကား နှေးကွေးလွန်းနေပါသလို။ စက္ကန့်တိုင်းကို အဆုံးမရှိဆွဲဆန့်ထားသည့်နှယ်။ စက္ကန့်လက်တံများ ရှေ့သို့ရွေ့လျားနေပုံက ဖိခံထားရသလို နှေးလွန်းနေခဲ့သည်။

ဤကာလအတွင်း အိုင်းယီမှာ ကိစ္စများစွာကိုတွေးနေခဲ့သည်။

သူ၏ရှေ့ပြေးအမြင်မှာ အနာဂတ်ကာလကိုကြိုတင်သိမြင်နိုင်ပြီး အသုံးချနိုင်သလို ရှောင်လွှဲ၍လည်းရနိုင်သည်။ အိုင်းယီသည် အဆိုပါရှေ့ပြေးအမြင်ကို တိုက်ခိုက်ရာတွင်သာ အသုံးပြုခဲ့သည်။ စက္ကန့်အနည်းငယ်အတွင်း အနာဂတ်ကိုကြိုမြင်နိုင်ခြင်းက အိုင်းယီကိုစစ်ပွဲတိုင်းတွင်တည်ငြိမ်နေစေပြီး ရန်သူများ၏လှုပ်ရှားပုံကိုပါသိမြင်စေနိုင်သည်။

ထိုသို့သော သဘာဝစွမ်းရည်သည် ဇက်မျိုးနွယ်အကြားနှင့်ကြယ်တာရာတခွင်တွင် ပြိုင်ဘက်ကင်းပင်။ ရန်သူကို ထိတ်လန့်သွားအောင်လုပ်နိုင်စွမ်းရှိသည်။ သာမန်ရှေ့ပြေးအမြင်က နောက်စက္ကန့်အနည်းငယ်ကိုသာခန့်မှန်းနိုင်စေကာမူ ၎င်းကအိုင်းယီအတွက်လုံလောက်နေပေပြီ။

မသိသေးသောအရာများအပေါ် သူစိုးရိမ်နေရန်မလိုအပ်တော့ပါချေ။

အိုင်းယီသည်ကုဟွိုက်အားစတွေ့စဉ်တည်းက သူ၏ခန့်မှန်းချက်ပုံရိပ်ယောင်များမှ ရည်ညွှန်းမှုကိုသိနေခဲ့ပြီး သေမင်းနှင့်ရင်ဆိုင်တွေ့ရသည့်တိုင်ပျော်ရွှင်နေမိရသည့် အကြောင်းအရင်းကိုလည်းသိနေခဲ့သည်။ ထို့

နောက် သူရုတ်တရက်ကြောက်ရွံ့မှုကိုခံစားလာရ၏။ သူသေရတော့မည်ဖြစ်၍ကြောက်ရွံ့ခြင်းမဟုတ်၊ အနာဂတ်တွင်ပြောင်းလဲသွားမည့်အရာကို 'သိနေခဲ့၍' ကြောက်ရွံ့လာရခြင်း။

အိုင်းယီအတွက် အနာဂတ်ကပြောင်းလဲသွားမည်ဖြစ်၍ ကြိုတင်သိမြင်ထားသောအနာဂတ်တွင် စွန့်စားမှုဆန်ဆန်ပြောင်းလဲရန် အမြဲစိုးရိမ်နေခဲ့ရသည်။ နေ့ရက်တိုင်း သူ၏နှလုံးသားအောက်ခြေ၌ နက်ရှိုင်းလွန်းသောအကြောက်တရားကခိုအောင်းနေခဲ့ပေ၏။ ခန့်မှန်းချက်ပုံရိပ်ယောင်မှဖြစ်လာမည့်အရာများကို သူအတိအကျမပြောနိုင်ဘဲ ဖြစ်လာသမျှကိုသာလက်ပိုက်ကြည့်နေခဲ့ရသည်။ မသိနိုင်သောကိစ္စများစွာဖြစ်ပျက်ခဲ့ပြီး ဖြစ်လာသမျှကိုလည်းမြင်တွေ့ခဲ့ရလေ၏။

အနာဂတ်တွင် ကုဟွိုက်က အသက်အန္တရာယ်ကိုခြိမ်းခြောက်လာနိုင်မည့် အခြေအနေကိုကြုံတွေ့ရမည့်ကိစ္စအား အတိအကျသိထားခဲ့သော်လည်း အိုင်းယီကဖုံးကွယ်ထားခဲ့ကာ မည်သူကိုမျှထုတ်မပြောခဲ့။

သူကြိုသိထားသောအရာကိုသာထုတ်ပြောလိုက်မည်ဆိုပါက အနာဂတ်မှာ ပြောင်းလဲသွားလိမ့်မည်ဖြစ်သော်ငြား အဆိုပါပြောင်းလဲမှုကကောင်းသည့်အရာဖြစ်မဖြစ်ကိုမူ မည်သူကမျှ အာမခံပေးနိုင်မည်မဟုတ်။

သူ၏ကြိုမြင်သိမြင်ထားမှုကိုပြောင်းလဲလိုက်လျှင် ကုဟွိုက်ကသူ့အစားသေဆုံးရမည်ဖြစ်ပြီး အိုင်းယီကသူ့ကိုယ်သူဘယ်တော့မှခွင့်လွှတ်နိုင်တော့မည်မဟုတ်ပေ။ တစ်သန်းပုံမှတစ်ပုံသာဖြစ်ခဲ့လျှင်ပင် အိုင်းယီမှာလောင်းကြေးမထပ်နိုင်။

သို့ဖြစ်၍ အရာအားလုံးကစီစဉ်ထားသည့်အတိုင်းဖြစ်ပျက်ခဲ့သည်။ အနာဂတ်တွင်သူသေဆုံးရမည်မှာ သေချာနေစေကာမူ အိုင်းယီမှာအချိန်ကိုက်မဖြစ်မည်ကိုပင် ပို၍စိုးရိမ်နေမိလေ၏။ ထိုအချိန်မှသာ သူသည် အကြောက်တရားမှလွတ်မြောက်နိုင်ပေမည်။

အဆုံး၌ နှေးကွေးလေးလံနေခဲ့သည့်စက္ကန့်မှာ အရှေ့သို့ရွေ့လျားလာခဲ့သည်။ ကျယ်လောင်လှသောပေါက်ကွဲသံနှင့် နားစည်အိမ်ကိုပင်ကွဲအက်သွားစေလောက်မည့် စူးစူးဝါးဝါးအော်မြည်သံတို့၏အလယ် အလင်းရောင်ကိုဖြိုဖျက်လျက်ပေါ်ထွက်လာခဲ့သော ကြီးမားလှသည့်အာကာသသက်ရှိ၏ သံကဲ့သို့မာကြောလှသည့်အခွံပေါ်မှာ နက်ရှိုင်းသောအက်ကွဲရာဖြစ်လာချေပြီ။

ဇက်စစ်သည်တော်တို့သည်ကား နာကျင်မှုကိုလျစ်လျုရှုထားနိုင်၏။ ချက်ချင်းပင် တကိုယ်လုံးကိုအက်ကြောင်းရာကဖုံးလွှမ်းသွားခဲ့ပြီး အာကာသသက်ရှိကြီး၏ အင်မတန်ကြံ့ခိုင်သောကိုယ်မှာ အပြင်းအထန်ထိခိုက်လာလေသည်။

[အရှင်မင်းကြီး....]

အိုင်းယီသည် သတိကပ်နေစဉ်အတွင်း ခေါ်လိုက်မိပြီး နောက်ဆုံးစကားအားပြောရမည့်အချိန်ရောက်ကာမှ ထိုအချိန်လေးအတွင်းဘာပြောရမည်မှန်းမသိပါချေ။

သူ ဆောင်းရာသီမှ နှင်းရုပ်လေးအကြောင်းပြောပြချင်သည်။ သူမရှိတော့လျှင်ပင် ကုဟွိုက်ကသူ့အတွက် နှင်းရုပ်လေးလုပ်ပေးရန်မျှော်လင့်မိပါ၏။ တူဆာပေါ်မှ ပန်းများအကြောင်းကိုလည်းပြောပြချင်သည်။ ဆောင်းရာသီတွင် ကုဟွိုက်ကသူ့အစားနှင်းရုပ်လေးလုပ်ပေးခဲ့လျှင် နှင်းရုပ်လေးလည်း တူဆာ၏ဆောင်းတွင်းပွင့်သောပန်းလေးများကိုကြည့်နိုင်လိမ့်မည်။ ထိုသို့ဆိုလျှင် သူလည်း၎င်းတို့ကိုကြည့်နိုင်ပေမည်။

တကြိမ်တွေးတောလိုက်လျှင် အချိန်များကမူလသို့ပြန်ရောက်သွားပြီး စက္ကန့်လက်တံကနောက်တကြိမ် ရှေ့သို့ထပ်မံရွေ့သွားခဲ့သည်။ သို့ဖြစ်၍ မည်သည့်စကားကိုပြောရပါစေ၊ အရေးမကြီးတော့ပေ။

မူးဝေနောက်ကျိစေပြီး အဖျက်စွမ်းအားကောင်းသော အဖြူရောင်အလင်းသည်ကား ပြန့်ကားသွားခဲ့၏။ အမြင့်ဆုံးသို့ရောက်သည့်အချိန်တွင်နေ့နှင့်ညဟာ ခဏတွင်းချင်းပြောင်းလဲသွားရသလို၊ အလင်းရောင်မှာဒီရေဆုတ်သွားရသည့်နှယ် ပျောက်ကွယ်သွားခဲ့လေသည်။

အရာအားလုံးဖြစ်ပျက်သွားရန် စက္ကန့်အနည်းငယ်သာကြာမြင့်ခဲ့သည်။ အိုင်းယီ၏ အာကာသသက်ရှိပုံစံဖြင့် ကာကွယ်ပေးမှုအားခံထားရသည့်ကုဟွိုက်သည်ကား ထွက်လာသည့်အသံကြောင့် မျက်လုံးများပြူးကျယ်သွားခဲ့ရသည်။ သည့်နောက် ၎င်း၏ရွှေရောင်မျက်လုံးအိမ်မှာကျဉ်းမြောင်းသွားရပေ၏။

သို့ထိတိုင် ကုဟွိုက်သည်ကားမလှုပ်ရှားခဲ့ပေ။ သူသည်အိုင်းယီ၏ လုပ်ရပ်ကိုအချည်းနှီးမဖြစ်စေရန် အနည်းငယ်ပင်မလှုပ်ခဲ့။ သူ၏ဘေးပတ်လည်မှ စွမ်းအင်များပြန့်ကားနေမှုကပျောက်ကွယ်သွားမှ ကုဟွိုက်အိုင်းယီ၏ကာကွယ်ပေးမှုအောက်မှထွက်လာခဲ့သည်။

ဤသို့အသေပိတ်ထားသည့်နေရာလွတ်တွင် ဂါဗင်မရှိနေတော့ပေ။ ၎င်း၏ဥက္ကာခဲအစွမ်းက သူ့အားအရိုးပင်မကျန်ခဲ့စေဘဲ ခန္ဓာကိုယ်ပင်အမှုန့်ဖြစ်သွားခဲ့သည်။

ကုဟွိုက်သည် ထိုအရာတစ်ခုကိုပင် အာရုံထဲမရှိ။ သူ၏မျက်လုံးတို့မှာအရှေ့မှ အာကာသသက်ရှိကြီးအပေါ်တွင်သာရှိနေခဲ့သည်။ အဆိုပါအာကာသသက်ရှိကြီး၏ကိုယ်ပေါ်မှ အက်ကွဲကြောင်းကြီးကိုမြင်လိုက်

ရသည့်အခိုက် ကုဟွိုက်၏လည်ချောင်းမှာဆို့နင်သွားရသည်။ စူးတက်လာသောသူ၏လည်ချောင်းကြောင့် စကားပြော၍ပင်မရနိုင်တော့ဘဲ ၎င်း၏ကိုယ်ကိုထိတွေ့ရန် လက်ဆန့်ထုတ်လိုက်မိ၏။

"အိုင်းယီ...?"

ဂွပ်__!

၎င်းမှာ တစုံတခုကျိုးပဲ့သွားသည့်အသံ။ ရုတ်ချည်း ကုဟွိုက်ထိထားသည့်နေရာက ပြုတ်ကျသွားကာ ဂွပ်ကနဲကျိုးသွားပြီးသည့်နောက်အမှုန့်ဖြစ်သွားခဲ့သည်။ ကုဟွိုက်၏နှလုံးသားထဲတွင်တင်းကျပ်နေခဲ့သောကြိုးမျှင်မှာ ရုတ်တရက်ပြတ်တောက်သွားရပြီး သူ၏စိတ်မှာ

လည်း ဗလာအတိ။ ထို့နောက် သူ၏စွမ်းရည်က အထိန်းအချုပ်ကင်းမဲ့သွားကာ အပြင်ဘက်သို့ပေါက်ကွဲထွက်လာခဲ့၏။

နောက်ဆုံးအချိန်အထိ ကုဟွိုက်မျှော်လင့်အထားခဲ့ဆုံးအရာသည်ကား ဇက်တို့က ဆိုးရွားသည်ကိစ္စများနှင့်မကြုံတွေ့ရပဲ သူတစ်ယောက်တည်းသေဆုံးသွားရရန်သာ၊ မည်သို့များ ဤပုံစံဖြစ်ပျက်ရသနည်း။

ကုဟွိုက် သူ့အရှေ့တွင် ဖြည်းဖြည်းချင်းအမှုန့်ဖြစ်လာနေသော အာကာသသက်ရှိကြီးကို ကြည့်နေမိသည်။ သက်ရှိ၏နက်မှောင်နေသည့်မျက်လုံးများက ထပ်မံလှုပ်ရှားလာခြင်းမရှိတော့ဘဲ ဆက်လက်လဲပြို၍ပျက်ဆီးနေခဲ့သည်။

"မဖြစ်..."

ကုဟွိုက်အသံမှာ တုန်ယင်နေလေ၏။

ထပ်ပြီးမပြိုကျပါနဲ့တော့။သူ့ နှလုံးသားသည်ကား စူးနင့်ရသည့်နာကျင်မှုများဖြင့်ပြည့်နှက်နေပြီး ကုဟွိုက်အရှေ့မှမြင်ကွင်းက အသက်ရှူကျပ်စေသည်။ မည်သည့်အရာကများ ဤသို့ပြောင်းလဲစေခဲ့သနည်း။

သူ့အတွေးများဖြင့် ယောက်ယက်ခတ်နေခဲ့၏။ သူအသက်ပင်ဝအောင်မရှူရသေးခင် ကုဟွိုက် ဖြစ်နိုင်ချေကိုခပ်ရေးရေးမျှသိရှိလိုက်သည်။ ယင်းက 'အညီအမျှအသွင်ပြောင်းလဲခြင်း' ပေလား....

ထိုအတွေးဝင်ရောက်လာသည်နှင့် ကုဟွိုက်သည် တစ်စက္ကန့်ပင်အချိန်မဆွဲနေတော့။ အိုင်းယီ၏ကိုယ်ကလုံးဝပျက်စီးမသွားခင် ကယ်တင်နိုင်မည့်နည်းလမ်းရှိသည်။ ၎င်းက သဲလွန်စလေးသာဖြစ်နေပါစေ။

သူ၏အသက်စွမ်းအင်တစိတ်တပိုင်းကိုပေးရခြင်းက စွမ်းရည်သုံးရခြင်းထက် ပို၍အားအင်ကုန်ခမ်းစေသည်။ ကုဟွိုက်မှာ သူ့စွမ်းရည်အားသုံးနေခြင်းကိုရပ်တန့်လိုက်သည့်နောက် ခဏတာသတိလစ်သွားခဲ့ပြီးနောက်ဆက်တွဲဖြစ်ပျက်သွားခဲ့မှုများကိုမသိနိုင်တော့ပေ။

လူများကို အခြားတနေရာသို့ပြောင်းရွှေ့ပေးရာတွင် ဆယ်မိနစ်ခန့်ကြာမြင့်ပေသည်။ ဆယ်မိနစ်အတွင်း ဇက်တို့သည် ကုဟွိုက်နှင့်အိုင်းယီတို့ပျောက်ဆုံးသွားမှုကြောင့် ဆောက်တည်ရာမရဖြစ်နေခဲ့ကြ၏။ နားနေ

ခန်းထဲတွင် အလ်ဗ်၏မျက်နှာထားက ပို၍ပင်ကြောက်စရာကောင်းနေခဲ့သည်။

ကုဟွိုက်ပျောက်သွားခဲ့ပြီး အရေးကြီးသောရတနာကိုဆုံးရှုံးလိုက်ရသည့် ခံစားချက်က အလ်ဗ်ကို အနားမှအရာတိုင်းအားဖျက်ဆီးပစ်လိုစိတ်များဖြစ်လာစေခဲ့သည်။ သူမကာကွယ်နိုင်ခဲ့...

သူ၏အာရုံကြောများက ရုန်းကြွနေခဲ့သည်၊ ကုန်လွန်ခဲ့သောအချိန်များမှ ပို၍နက်ရှိုင်းပြီး နာကျင်ရသောအတွေ့အကြုံများကဲ့သို့....ယင်းတို့ကအလ်ဗ်၏မှတ်ဉာဏ်များထဲတွင်မရှိနေခဲ့တော့သော်လည်း ထပ်တူညီသောခံစားချက်များကိုမှတ်မိနေသေးသည်။ ကုဟွိုက်က ကြယ်တာရာများထဲမှ မည်သည့်နေရာတွင်ရှိနေပါစေ၊ စိတ်ဝိညာဉ်ဆက်သွယ်မှုနည်းလမ်းဖြင့် သူရောက်နေသည့်နေရာကို ဇက်တို့ထံပြောပြနိုင်သည်။ သို့သော်လည်း ၎င်းတို့ကကုဟွိုက်၏စိတ်ဝိညာဉ်ဆက်သွယ်မှုကိုမရနိုင်

လေရာ ဇက်တို့မှာ ပို၍ပင်ကယောက်ကယက်ဖြစ်နေလေတော့၏။

ရှာဖွေနေမှုက စတင်နေခဲ့သည်မှာကြာခဲ့ပြီဖြစ်လေရာ အလ်ဗ်၏သည်းခံနိုင်မှုက ကုန်ဆုံးလုနီးပါးဖြစ်လာလေပြီ။ သူ၏ဒေါင်လိုက်ဖြစ်နေခဲ့သောမျက်လုံးအိမ်တို့မှာ ပို၍ပင်ကျုံ့ဝင်လာ၏။

အလ်ဗ်၏မျက်နှာထားကလုံးဝအေးခဲမလာခင် တွင်းနက်က အခန်းထဲရှိတနေရာတည်းတွင်ပေါ်လာခဲ့သည်။

အနှီတွင်းနက်ထဲမှ ပုံရိပ်တစ်ခုထွက်လာ၏။ အလ်ဗ်က အမြန်ပင်ထိုလူကိုထိန်းထားလိုက်သည်။ ထွက်လာသူမှာကုဟွိုက်၊ သူ့မျက်လုံးများကတင်းတင်းပိတ်ထားပြီး စွမ်းအင်ကုန်ခမ်းခြင်းကြောင့်အိပ်ပျော်နေခဲ့ကာအသက်ဓာတ်မှာလည်းအနည်းငယ်ယုတ်လျော့နေလေသည်။

နောက်ထပ်စွမ်းအင်တစ်ခုကြောင့် စစ်သဘောမှဇက်တို့ကချက်ချင်းရောက်လာခဲ့ကြသည်။ သူတို့သည် သတိလစ်နေသောကုဟွိုက်ကိုမြင်တွေ့ပြီး အနည်းငယ်မျှစိတ်အေးသွားကြပေသည်။ သို့ထိတိုင် နောက်တစ်ယောက်က ပြန်ပါမလာတော့ပါချေ။

"အရှင် အိုင်းယီရော..?"

လူနှစ်ယောက်က တွင်းနက်ထဲသို့စုပ်ယူခံရပြီး တစ်ယောက်သာပြန်လာနိုင်ခဲ့သည်။ ဇက်တို့က နားလည်သွားပုံရပြီး မယုံကြည်နိုင်ကြတော့ပေ။

အိုင်းယီသည် စစ်တပ်ခေါင်းဆောင်လေးယောက်ထဲမှတစ်ယောက်ဖြစ်ပြီး အယ်လ်ဖာအဆင့်ဇက်များအနက်မှ တစ်ယောက်လည်းဖြစ်သည်။ မည်မျှပင်မယုံနိုင်စရာကောင်းနေပါစေ၊ ဇက်စစ်သည်များအတွက်မှာမူအမှန်တရားပင်။

တွင်းနက်သည် လူများကို မူလအနေအထားဖြင့်ပြန်ပို့ပေးလာခဲ့လျှင် အိုင်းယီပြန်မလာနိုင်ခြင်းက နောက်တစ်ယောက်လည်းအသက်မရှင်ဟုဆိုလိုသည်။

"နေဦး...အရှင်ကိုင်ထားတာက..."

ဇက်စစ်သည်တစ်ယောက်က ရုတ်တရက်ပြောလာခဲ့သည်။ စစ်သည်၏စကားကြောင့် ဇက်တို့အားလုံးက ကုဟွိုက်ရင်ဘတ်ကိုလှမ်းကြည့်လိုက်ကြသည်။

သူတို့အားလုံး ကုဟွိုက်လက်မောင်းထဲမှ အနက်ရောင်ဥလေးတစ်လုံးကိုမြင််လိုက်ကြရပေ၏။

Continue Reading

You'll Also Like

104K 13.7K 72
Title- Who Touched My Tail! Author- Xiao Xuan «筱玄» Total chapter - 206+ 5 Extra Start date : May - 26 -2022 End date : This is my first translatio...
4.4M 501K 92
Title - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ လီချန်းယုံတို့၏ ကြည်နူးဖွယ် ဒဏ္ဍာရီတစ်ပုဒ်... N...
34K 4.4K 44
ဘာသာပြန်သူ- စွဲညို့အသင်း ခေတ်ကာလ အပြောင်းအလဲ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ရုတ်တရက် စည်းပွင့်သွားလို့ နိုးထလာရတဲ့ သရဲဘုရင်ကြီးတစ်ယောက် လူသားလောကမ...