chapter 100

259 32 0
                                    

Chapter 100
September 14, 2023
Chapter 100



သားပေါက်လေးနှစ်ကောင်က ကြပ်ကြပ်တည်းတည်း စကားပြောနေရသော်လည်း အချင်းချင်းဆော့ကစားလျက်ရှိကြသည် ကုဟွိုက်က အလ်ဗ်၏ အမြီးပေါ်ကို ခုန်အုပ်ပြီး အလ်ဗ်က ပုန်းကွယ်လိုက်သည်။ အနည်းငယ် ပုန်းကွယ်ပြီးကြသည်နှင့် ကုဟွိုက်ကို တမင်တကာထိတွေ့လိုက်ပြီး နောက်ဆုံးတော့ ကုဟွိုက်က အမြီးကို အောင်မြင်စွာ ယူနိုင်ခဲ့သည်။

ကုဟွိုက်က ထိုကစားနည်းကို ကစားရခြင်းအား မပင်ပန်းပေ။ အချိန်တိုင်း စိတ်အားထက်သန်နေခဲ့ခြင်းဖြစ်၏။ အလ်ဗ်၏ အမြီးကိုဖမ်းမိသည့်အချိန်တိုင်း ကုဟွိုက်၏ လုံးဝန်းသော ရွှေရောင်မျက်ဝန်းများက ပို၍ပင် ဝိုင်းစက်လာကာ ဖမ်းမိသည့် အလ်ဗ်၏အမြီးကို လျှာဖြင့်လျက်တော့သည်။ ကုဟွိုက်၏ ရည်ရွယ်ချက်က အလ်ဗ်၏ အမွှေးပွများကို ဖြီးသင်ပေးချင်သော်လည်း အလ်ဗ်အမြီးက သတ္တုသကဲ့သို့ မာကျောပြီး ဖြီးသင်ပေးရန်လိုအပ်နေသည့် အမွေးမရှိသောအမြီးသည် အေးစက်သွားသည်နှင့် ခေတ္တမျှမေ့သွားခဲ့သည်။

အလ်ဗ်၏ ပေါ့ပါးသော ရွှေရောင်ဒေါင်လိုက်မျက်ဆံများသည် ပြူးကျယ်သွားခဲ့သည်။ “ကျိုး..”

ကုဟွိုက် ပင်ပန်းသည်အထိ ဆော့ကစားနေခဲ့ကြပြီးနောက် မလှုပ်ရှားကြတော့ချေ။ အလ်ဗ်က တစ်ဖန်ပြန်၍ သူ့အမြီးကို ကုဟွိုက်ပေါ်တွင်တင်လိုက်သည်။ ထိုအချိန်တွင် အလ်ဗ်၏အမြီးက အနက်ရောင်သားပေါက်လေးကို ဝန်းရံထားလောက်သည်အထိ မရှည်လျားသည့်အတွက် တစ်ဝက်မျှသာရစ်ပတ်ပြီး ကာကွယ်ပေးနိုင်သည်။

ဂူကို ရန်သူများရှာတွေ့သွားလိမ့်မည်ဟု ကုဟွိုက်က တစ်ခါမှမတွေးဖူးကာ အလ်ဗ်နှင့် အတူရှိနေရလျှင် လုံးဝ စိတ်အေးသက်သာနေသည်။ အလ်ဗ်ကလည်း စိတ်သက်သာရာရနေသော်လည်း ဂူနှင့် မလှမ်းမကမ်းကို ပြောင်းရွေ့ရမည်ဆိုသည့်အချက်ကြောင့် နိုးကြားသွားစေခဲ့သည်။

ကုဟွိုက်က ဘာမှမသိပေ။ “ကျိုး..ကျိုး..”

သိသာထင်ရှားသည့် လှုပ်ရှားမှုများကိုမတွေ့သော်လည်း အလ်ဗ်ပြသနေသော သတိရှိမှုသည် ကုဟွိုက်ကို တစ်စုံတစ်ခုအား လျင်မြန်စွာ နားလည်သွားစေခဲ့၏။ သူက ဘာအသံမှမပြုတော့ဘဲ အလ်ဗ်ဘေးတွင် လုံးဝ ရွေ့လျားခြင်းမရှိပဲ တည်ငြိမ်စွာ နေလိုက်သည်။

ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)Where stories live. Discover now