chapter 84

238 47 0
                                    

Chapter 84
September 14, 2023
Chapter 84

အမြင်အာရုံပျောက်ကွယ်မသွားခင် ဖြစ်ပျက်နေသမျှအရာတိုင်းသည်ကား နှေးကွေးလွန်းနေပါသလို။ စက္ကန့်တိုင်းကို အဆုံးမရှိဆွဲဆန့်ထားသည့်နှယ်။ စက္ကန့်လက်တံများ ရှေ့သို့ရွေ့လျားနေပုံက ဖိခံထားရသလို နှေးလွန်းနေခဲ့သည်။

ဤကာလအတွင်း အိုင်းယီမှာ ကိစ္စများစွာကိုတွေးနေခဲ့သည်။

သူ၏ရှေ့ပြေးအမြင်မှာ အနာဂတ်ကာလကိုကြိုတင်သိမြင်နိုင်ပြီး အသုံးချနိုင်သလို ရှောင်လွှဲ၍လည်းရနိုင်သည်။ အိုင်းယီသည် အဆိုပါရှေ့ပြေးအမြင်ကို တိုက်ခိုက်ရာတွင်သာ အသုံးပြုခဲ့သည်။ စက္ကန့်အနည်းငယ်အတွင်း အနာဂတ်ကိုကြိုမြင်နိုင်ခြင်းက အိုင်းယီကိုစစ်ပွဲတိုင်းတွင်တည်ငြိမ်နေစေပြီး ရန်သူများ၏လှုပ်ရှားပုံကိုပါသိမြင်စေနိုင်သည်။

ထိုသို့သော သဘာဝစွမ်းရည်သည် ဇက်မျိုးနွယ်အကြားနှင့်ကြယ်တာရာတခွင်တွင် ပြိုင်ဘက်ကင်းပင်။ ရန်သူကို ထိတ်လန့်သွားအောင်လုပ်နိုင်စွမ်းရှိသည်။ သာမန်ရှေ့ပြေးအမြင်က နောက်စက္ကန့်အနည်းငယ်ကိုသာခန့်မှန်းနိုင်စေကာမူ ၎င်းကအိုင်းယီအတွက်လုံလောက်နေပေပြီ။

မသိသေးသောအရာများအပေါ် သူစိုးရိမ်နေရန်မလိုအပ်တော့ပါချေ။

အိုင်းယီသည်ကုဟွိုက်အားစတွေ့စဉ်တည်းက သူ၏ခန့်မှန်းချက်ပုံရိပ်ယောင်များမှ ရည်ညွှန်းမှုကိုသိနေခဲ့ပြီး သေမင်းနှင့်ရင်ဆိုင်တွေ့ရသည့်တိုင်ပျော်ရွှင်နေမိရသည့် အကြောင်းအရင်းကိုလည်းသိနေခဲ့သည်။ ထို့

နောက် သူရုတ်တရက်ကြောက်ရွံ့မှုကိုခံစားလာရ၏။ သူသေရတော့မည်ဖြစ်၍ကြောက်ရွံ့ခြင်းမဟုတ်၊ အနာဂတ်တွင်ပြောင်းလဲသွားမည့်အရာကို 'သိနေခဲ့၍' ကြောက်ရွံ့လာရခြင်း။

အိုင်းယီအတွက် အနာဂတ်ကပြောင်းလဲသွားမည်ဖြစ်၍ ကြိုတင်သိမြင်ထားသောအနာဂတ်တွင် စွန့်စားမှုဆန်ဆန်ပြောင်းလဲရန် အမြဲစိုးရိမ်နေခဲ့ရသည်။ နေ့ရက်တိုင်း သူ၏နှလုံးသားအောက်ခြေ၌ နက်ရှိုင်းလွန်းသောအကြောက်တရားကခိုအောင်းနေခဲ့ပေ၏။ ခန့်မှန်းချက်ပုံရိပ်ယောင်မှဖြစ်လာမည့်အရာများကို သူအတိအကျမပြောနိုင်ဘဲ ဖြစ်လာသမျှကိုသာလက်ပိုက်ကြည့်နေခဲ့ရသည်။ မသိနိုင်သောကိစ္စများစွာဖြစ်ပျက်ခဲ့ပြီး ဖြစ်လာသမျှကိုလည်းမြင်တွေ့ခဲ့ရလေ၏။

ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)Where stories live. Discover now