chapter 98

190 24 0
                                    

Chapter 98
September 14, 2023
Chapter 98

ဇက်မျိုးနွယ်တွင် ဤကဲ့သို့ နောက်ထပ်သားပေါက်လေး၏အမွှေးများအားဖြီးသင်ပေးခြင်းမှာ ထူးခြားသောလက္ခဏာတရပ်ပင်။ သူ့ခေါင်းထက်မှ ပွယောင်းယောင်းအမွှေးများက အလျက်ခံလိုက်ရသည်။ အလ်ဗ်သည် လျက်နေစဉ် ကုဟွိုက်ခေါင်းပေါ်မှဦးချိုလေးတစုံကိုပါ လျက်ပေးလိုက်လေရာ ကုဟွိုက်မှာ အတော်အတန် ယားကျိကျိဖြစ်သွားရလေ၏။

သူမှီခိုအားထားရသော သားပေါက်လေးက သူ့အမွှေးများကိုလျက်ပေးနေသည်။ အတော်လေးယားယံနေမှုမှအပ ကုဟွိုက်က ပို၍နေထိုင်ရသက်သာလာခဲ့သည်။ ကုဟွိုက်က အိပ်ငိုက်နေခဲ့ပြီး အလ်ဗ်ကသူ့အမွှေးများဖြင့်ဖီးသင်ပေးသည်ကိုခံရင်း တဖြည်းဖြည်းအိပ်ပျော်သွားခဲ့သည်။ ကုဟွိုက်အိပ်ပျော်သွားသည့်အခါ အလ်ဗ်သည်လည်း ဖြီးသင်ပေးနေမှုကို ရပ်တန့်လိုက်သည်။

တွယ်ကပ်နေပြီးမှီခိုအားထားနေခြင်း...အလ်ဗ်မှာ အချိန်တိုအတွင်း ထိုနှစ်ခုကို ခံစားလိုက်ရပြီး ကုဟွိုက်က ကာကွယ်ခံရသင့်သည်ဟု ပို၍သတိပြုမိလာသည်။ သူသာ ကုဟွိုက်ကိုမစောင့်ရှောက်ပါက ဤကဲ့သို့အေးစိမ့်သည့်ရာသီမျိုးတွင် ကုဟွိုက်အသက်ရှင်နိုင်ရန် ခဲယဉ်းပေလိမ့်မည်။

သူ့ကိုယ်သူ စောင့်ရှောက်သူတစ်ယောက်အဖြစ်ခံယူလိုက်ပြီးနောက် အလ်ဗ်က ကုဟွိုက်ကိုရွှေရောင်ဖျော့ဖျော့မျက်လုံးများဖြင့်ကြည့်​နေဆဲ။ သူ၏စိတ်ထဲမှ တိုက်ခိုက်လိုသည့်ဆန္ဒများနှင့်တဖက်ကမ်းခတ် စွမ်းရည်များက ဂူပြင်ပသည် မည်မျှအန္တရာယ်များကြောင်း အလ်ဗ်အား အမြန်ပင်သတိချပ်လာမိ​စေသည်။

အဆုံးတွင် အလ်ဗ်သည် ပို၍မြန်မြန်ပင်ဖွံ့ဖြိုးချင်လာပြီး တိုက်ခိုက်စွမ်းရည်များရှိချင်လာသည်။

သူဂူထဲမှထွက်လိုက်သည်နှင့် မည်သည့်လောကကြီးမျိုးကိုကြုံတွေ့ရမည်မသိ။ သူပို၍အေးစက်လာနိုင်သော်လည်း အနည်းဆုံးတော့ သားပေါက်လေးနှစ်ကောင်ကအပြန်အလှန်အ​နွေးဓာတ်ပေးနေလေသည်။

ဤအကျည်းတန်သည့်စွန့်ပစ််ဂြိုလ်တွင် သူတို့သည် တစ်ဦးကိုတစ်ဦးအတွက် တည်ရှိနေခဲ့ကြပေ၏။

ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)Where stories live. Discover now