စနေသားရဲ့ ဆင်ပေါက် / စေနသားရဲ...

Galing kay Ex_0069

38.3K 1.3K 113

unicode ကျွန်တော့်ရဲ့ တမူမတူညီတဲ့စာရေးပုံနဲ့ မတူညီတဲ့ဇာတ်အိမ်လေးမို့ ဖတ်ကြည့်ပေးစေချင်တယ်ဗျ zawgyi ကြၽန္ေတာ့္... Higit pa

Author Ex's အမှာစာ / အမွာစာ 😁
Episode _ 1
Episode _ 2
Episode _ 3
Epiaode _ 4
Episode _ 5
Episode _ 6
Episode _ 7
Episode _ 8
Episode _ 9
Episode _ 10
Episode _ 11
Episode _ 12
Episode _ 13
Episode _ 14
Episode _ 15
Episode _ 16
Episode _ 17
Episode _ 18
Episode _ 19
Episode _ 20
Episode _ 21
Episode _ 22
No update
Episode _ 23 🚨🚨🚨🚨
Episode _ 24
Episode _ 25
Episode _ 26
Episode _ 27
Episode _ 28
Episode _ 29
🥺🥺
Episode _ 31
Episode _ 32 ( Final episode )
Bye for long time

Episode _ 30

521 26 3
Galing kay Ex_0069

Unicode
Episode _ 30

ကျွန်တော့်အနားကိုဒေါကြီးမောကြီးနဲ့ရောက်လာတဲ့တေလွန်း။ ကျွန်တော့်ကို တစ်ခါမှလက်မပါဘူးပေမဲ့ အခုလို သူ့ပြောစကားကိုနားမထောင်ဘဲ သူ မသိအောင်လယ်ထဲကိုသွားတဲ့အပြင် ဖျားနေတဲ့တေလွန်းက သူ့ကိုနေပူကျဲတဲကြီးထဲမှာတစ်ရွာလုံးအနှံ့လိုက်ရှာရတော့ သူ့ကို တေလွန်းဘယ်လောက်ထိဒေါသထွက်နေမလဲဆိုတာ သူစဥ်းတောင်မစဥ်းစားရဲတော့။

" မင်း.. ပြော၊ မင်း ဘာလို့ မောင့်စကားကိုနားမထောင်ရတာလဲဟင်.. ရွတ်! ဟင့်၊ မင်း မောင့်ကိုအရေးမပါဘူးလို့တွေးနေတာလား... "

တေလွန်းက ကျွန်တော်ထင်သလို ကျွန်တော့်ကိုရိုက်ဖို့လာတာမဟုတ်ဘဲ ကျွန်တော့်ဘေးမှာငုတ်တုတ်ထိုင်ချပြီး ဝမ်းနည်းတကြီးငိုရှိုက်ခြင်းသာဖြစ်သည်။

" မင်း.. မောင့်ကိုဘာလို့အဲ့လိုလုပ်ရက်ရတာလဲ၊ ရွတ်!... မောင့်မှာ မင်းကိုမတွေ့လို့ဘယ်လောက်ထိစိတ်ပူရလဲဆိုတာ မင်းသိရဲ့လား... ဟင့်၊ မောင် နေမကောင်းတဲ့အချိန် မင်းကို မောင့်ဘေးနားမှာပဲရှိနေစေချင်တာ.. မောင့်ကို မင်း ဘာလို့နားလည်မပေးရတာလဲ.... ရွတ်!... ဟင့် "

တေလွန်းက တစ်ကယ်ကိုဝမ်းနည်းတကြီးနဲ့မျက်ရည်တွေဘူးသီးလုံးလောက်ကျသည်အထိ ငိုနေသည်။ ကျွန်တော်လည်း တေလွန်းငိုတာကို တစ်ခါမှမမြင်ဖူးတာမို့ အစက ကြောင်ငေးကြည့်နေပေမဲ့ တေလွန်းငိုသည်က ရှိုက်သံတွေပါ ပါလာတာမို့ ဆက်ပြီးကြည့်နေလို့မရတော့။

" မဟုတ်ပါဘူး.. ငါက မင်းပုစွန်လုံးချက်စားချင်တယ်ဆိုလို့ သွားရှာပေးတာပါ...၊ မင်းကလည်း အိပ်ပျော်နေတော့ မနှိုးမိတော့တာပါ "

" အခြားသူကို သွားရှာခိုင်းလိုက်ပါလား....၊ မောင်က မင်းမရှိမှန်းသိတော့ ဆက်အိပ်လို့မရတော့ဘူး မင်း သိရဲ့လား...ရွတ်! မောင်က မင်းအနားမှာမရှိတာ ကောင်းကောင်းအိပ်မပျော်ဘူးကွ.. ဟင့် "

" ငါ တောင်းပန်ပါတယ်ကွာ.. နော်၊ နောက်တစ်ခါကျရင် အခုလို ငါမလုပ်တော့ပါဘူး ငါကတိပေးတယ်နော်.. "

" မောင့်ကို ပြပါအုန်း....ဟင့် မောင့်ဆင်ပေါက်လက်ကလေး နာသွားပြီလား၊ မောင် တောင်းပန်ပါတယ်နော်... ရွတ်! အစောနက မောင် အရမ်း ဒေါသထွက်သွားလို့ပါ... ခြေထောက်တွေရော ခိုက်မိသွားသေးလား..၊ မောင် မှားတာပါ.. မောင် ဒေါသကိုရှေ့တန်းတင်ပြီး မင်းအပေါ် ဇွတ်တရွတ်တွေလုပ်မိတာ.. မောင့်ကို မုန်းလားဟင်၊ ဟင့်.. ရွတ်! မောင်က မင်းကိုစိတ်ပူလို့အခုလိုတွေဆိုးနေတာပါ... မင်း မောင့်ကိုအမြဲတမ်းကြောက်နေရတယ်မဟုတ်လား.. ဟင် "

ကျုပ်ရဲ့စကားကို ဆင်ပေါက်ကဘာမှမပြောဘဲ ကြောင်တောင်တောင်လေးငေးကြည့်နေသည်။ ထို့နောက်မှ ခေါင်းကိုငုံ့သွားသည်။

" မောင့်မှာလေ.. မင်းကိုမပြောရဲတဲ့စကားတစ်ခွန်းရှိတယ်...၊ မောင် အဲ့စကားကိုပြောလိုက်ရင် မောင့်ကိုယုံပါ့မလားဆိုတာကို မောင် မတွေးရဲဘူး၊ ပြီးတော့ မောင့်ကိုပြန်ပြောလာမဲ့မင်းရဲ့နှုတ်ထွက်စကားကိုလည်း မောင် သံသယဝင်မိမယ်ထင်တယ်.... "

" ငါက မင်းကို ဘယ်တုန်းကလိမ်ဖူးလို့လဲ "

" မောင် သိပါတယ်.. မောင်သိပါတယ် မောင့်အသက်ရယ် "

" ... မောင့်အသက်? "

တေလွန်းရဲ့စကားကို ကျွန်တော် သေချာနားမလည်လိုက်။  တေလွန်းရဲ့မျက်လုံးတွေက ဖျားနေပေမဲ့လည်း အကြည့်စူးစူးတွေကလုံးဝလျော့မသွားတဲ့အပြင် သူ့ရဲ့ရင်ဘတ်ထဲထိ ကျွန်တော်မြင်အောင်ဝင်ကြည့်ပါလို့ဖိတ်ခေါ်နေသယောင်။ ကျွန်တော့်ရဲ့နှလုံးသားကလည်း ခံစားနေမိသည်။ တေလွန်း အခုပြောနေတဲ့စကားတွေက တေလွန်းထုတ်မပြတဲ့ခံစားချက်အစစ်အမှန်တွေဆိုတာကိုပေါ့။

" မောင် မင်းကိုအမြဲတမ်းရည်ညွှန်းပြီးခေါ်ချင်တဲ့နာမ်စားလေးလေ...၊ မောင့်အသက် မောင့်အသက်တဲ့.. ရှင်မွှေးဆိုတဲ့မင်းက မောင့်ရဲ့အသက်ပဲ... မင်းသာမရှိရင် မောင်ဆိုတာကလည်းရှိလာမှာမဟုတ်ဘူး... မင်းရှိနေမှ မောင်ဆိုတဲ့ဖြစ်တည်မှုက ရှိနေတာပါ... မောင် မင်းကို မောင်တို့ရဲ့ပထမဆုံးအကြိမ်ဖြတ်သန်းပြီးတဲ့နေ့ကပြောပြမယ်ဆိုတဲ့စကားကို မောင် အခုပြောမယ် "

ကျွန်တော်လည်း တေလွန်းရဲ့စကားကိုကြားပြီး ထိုနေ့ကအကြောင်းကိုပြန်တွေးမိပြီးရှက်မိပေမဲ့ တေလွန်းပြောပြမယ်ဆိုတဲ့စကားကိုကြားချင်တာကြောင့် တေလွန်းရဲ့မျက်နှာကိုသာကြည့်နေမိတယ်။

" မောင့်အသက် မှတ်မိတယ်မလား၊ အဲ့နေ့က မောင်ပြောခဲ့တာကို.... "

" မှတ်မိတယ်.. အဲ့နေ့က မင်း နောက်ကျမှပြောပြမယ်ဆိုတာ "

" အင်း... မောင်အခုပြောပြမယ်နော် "

ကျွန်တော်လည်း တေလွန်းပြောမဲ့စကားကိုအရမ်းသိချင်နေတာကြောင့် ခေါင်းကိုသာအမြန်ငြိမ့်ပြလိုက်တယ်။

" မောင်.. မင်းကို ချစ်တယ်.. မောင့်အသက် "

" ..... "

" မောင့်ရဲ့အသက်နဲ့ခန္ဓာထက် မောင် မင်းကို ပိုချစ်တယ်...၊ ပိုမြတ်နိုးတယ်... "

" မင်း.. မင်း ဘာလို့အခုမှဒါတွေလာပြောနေတာလဲ..၊ ငါတို့က ဟို.. ငါတို့က လက်ထပ်ပြီးသွားပြီလေ... "

ကျွန်တော် တေလွန်းရဲ့စကားတွေကို ဘယ်လိုတုံ့ပြန်ရမယ်မှန်းမသိ၊ ဒီစကားတွေက တေလွန်းရဲ့ရင်ဘတ်ထဲကလာတဲ့စစ်မှန်တဲ့စကားတွေဆိုတာ ကျွန်တော့်နှလုံးသားကလည်း သိတယ်။ ကျွန်တော် ယုံလည်းယုံတယ်။ တေလွန်းဆီကနေ ချစ်တယ်ဆိုတဲ့စကားကို အခုချိန်ထိ တစ်ခါမှမကြားဖူးဘူးပေမဲ့ ကျွန်တော်တစ်ယောက်တည်းအတွက်သီးသန့်ဖြစ်တည်တဲ့ တေလွန်းရဲ့နွေးထွေးမှုတွေ၊ ကြင်နာမှုတွေကိုအမြဲလိုလိုရခဲ့ပြီးသား။ ဒါပေမဲ့ သူ ကျွန်တော့်ကိုအနိုင်ယူတဲ့အချိန်ခဏမှာတော့ ဝမ်းနည်းမိတာမျိုးရှိပေမဲ့ ခဏတာပါပဲ၊ ပြီးရင် တေလွန်းကို ကျွန်တော် အမြဲတမ်းအကောင်းဘက်ကတွေးပေးပြီး နားလည်ခွင့်လွှတ်အလျော့ပေးခဲ့တာ။

အမှန်အတိုင်းဝန်ခံရရင် ကျွန်တော် တေလွန်းကို ဟိုးအရင်ကတည်းကချစ်နေခဲ့ပြီးသား။ တေလွန်းဘက်က လက်မခံနိုင်မှာကို စိုးရိမ်နေခဲ့တာ။ မိဘချင်းက ကျွန်တော်တို့ကိုလက်ထပ်ပေးဖို့အထိစီစဥ်ထားပေမဲ့ အကယ်၍သာ တေလွန်းက သူတကယ်ချစ်တဲ့မိန်းကလေးတစ်ယောက်ကိုတွေ့သွားခဲ့ရင်ဆိုတဲ့အတွေးက ကျွန်တော့်ကို တေလွန်းအပေါ်မှာ လောဘမတက်မိဖို့အကြိမ်ကြိမ်သတိပေးခဲ့တယ်။ မပိုင်ဆိုင်သေးခင်ကတည်းက စွန့်လွှတ်နိုင်ဖို့အတွက် ကျွန်တော် ကြိုပြီးသတ္တိမွေးခဲ့ရသည်။ ယခု တေလွန်းကပါ ကျွန်တော့်ကို ချစ်တယ်လို့ ထုတ်ဖွင့်ပြောလာတော့ ကျွန်တော့်မှာ ဘာစကားမှပြန်မပြောနိုင်လောက်အောင် ဆွံ့အသွားသည်။

" မောင် သိတာပေါ့၊ မင်းသိရဲ့လား... မောင့်ဘဝရဲ့အပျော်ဆုံးနေ့က မောင်တို့မင်္ဂလာဆောင်တဲ့နေ့ပဲ...၊ မင်းကို မောင်တရားဝင်ပိုင်ဆိုင်သွားရပြီဆိုတဲ့အသိ​က မောင့်နှလုံးသားတစ်ခုလုံးကိုနွေးထွေးသွားတာပဲ... "

တေလွန်းရဲ့စကားတွေကို ကျွန်တော်ဆက်ပြီးနားမထောင်နိုင်တော့။ အကြောင်းမှာ ကျွန်တော့်ပါးပြင်ပေါ်က စိုစွတ်စွတ်အရည်တွေကြောင့်ဖြစ်သည်။ ကျွန်တော် ငိုနေတာလား။ ငိုမိရင်တောင် ဒီမျက်ရည်တွေဟာ ဝမ်းနည်းလို့တော့မဟုတ်၊ တေလွန်းဆီက ချစ်တယ်လို့အပြောခံရတာကြောင့် ဝမ်းသာလွန်ပြီး ပျော်လို့ကျတဲ့မျက်ရည်များသာဖြစ်လိမ့်မည်။

" တကယ်ဆို မောင့်အသက်ကို မောင်ကလေ ဟိုးငယ်ငယ်လေးကတည်း ချစ်ခဲ့တာပါကွာ...၊ အချစ်ဆိုတာကိုမသိခင်အချိန်ကတည်းက မောင် မင်းကိုဖြူစင်ခဲ့ရဲ့လားဆိုတာတောင် မောင် မသိဘူး..၊ ငယ်ငယ်လေးကတည်းက မောင့်အသက်ဟာ မောင်တစ်ယောက်တည်းရဲ့အပိုင်ဆိုပြီး အတ္တကြီးခဲ့တာ ရပ်သိရွာသိပဲမဟုတ်လား...၊ အချစ်ဆိုတာကိုစသိတဲ့အချိန်ရောက်တော့ မောင့်ရဲ့အချစ်ဦးဟာ မောင့်အသက်လေး ဆင်ပေါက်ဆိုတဲ့မင်းက အဆင်သင့်နေရာယူထားပြီ၊ ဒါပေမဲ့ မောင် မင်းကို ဖွင့်မပြောခဲ့ဘူး... အခုတော့ မောင် မင်းဆီကအဖြေကိုကြားရဲသွားပြီ.... "

တေလွန်းက ကျွန်တော့်ပါးပြင်ပေါ်ကမျက်ရည်တွေကိုခပ်ဖွဖွလေးသုတ်ပေးရင်း ပြုံးသည်။

" မောင်... မင်းကို ချစ်တယ် မောင့်အသက်၊ မောင့်ရဲ့အချစ်ကို မင်း လက်ခံပေးနိုင်မလား.... ဟင် "

" မင်းက အရင်တုန်းကမပြောခဲ့တာ ငါငြင်းမှာကိုကြောက်လို့လား... "

" ဟင့်အင်း... မင်း လက်ခံမှာကိုကြောက်တာ "

" ဘာ... "

နားမလည်တဲ့မျက်ဝန်းတွေနဲ့ ကျုပ်ကိုပြန်ကြည့်တဲ့ကျုပ်ရဲ့ဆင်ပေါက်လေးက တကယ်ကိုချစ်စရာကောင်းတယ်ဗျာ။ ကျုပ်လည်း ကျုပ်ရဲ့ဆင်ပေါက်က်ုယ်လေးကို ကျုပ်ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး အစောက ကျုပ်ငိုထားတဲ့လက်ကျန်မျက်ရည်စတွေကို အရင်သုတ်လိုက်တယ်။ ပြီးရင် ကျုပ်ရဲ့ရင်ခွင်ထဲက ဆင်ပေါက်ရဲ့နဖူးလေးကို ခပ်ဖွဖွလေးနမ်းလိုက်တယ်။

" ဟုတ်တယ်... မောင်က မောင့်အသက် လက်ခံလိုက်မှာကိုကြောက်တာ၊ အဲ့ဒီအချိန်တုန်းက  မောင့်အသက် မောင့်အချစ်ကိုလက်ခံပေးရင်တောင်မှ မောင် မင်းကိုပိုင်ဆိုင်သွားပြီဆိုတဲ့ခံစားချက်မျိုးရမှာမဟုတ်ဘူး၊ မောင့်ကိုကြောက်လို့ မောင့်အသက်က မောင့်အချစ်ကိုလက်ခံပေးတယ်လို့ပဲ မောင် စိတ်ထဲကသံသယဝင်နေခဲ့မှာ... အဲ့တာကြောင့် မောင် မင်းကို အဲ့အချိန်က ဖွင့်မပြောခဲ့တာ "

" အခုရော ငါက မင်းကိုကြောက်လို့လက်ခံလိုက်တယ်ဆိုရင်ရော... "

" ဟား... မောင်က မောင့်အသက်ဆီက အဖြေကိုပြန်လိုချင်လို့ ဖွင့်ပြောတာမဟုတ်ဘူး... တာဝန်အရသာ မေးတာ၊ ပြီးတော့ ဘယ်လိုပဲဖြစ်ဖြစ် မောင့်အသက်ကို မောင်က လူသိရှင်ကြားရော..၊ အသွေးအသားအရရော တရားဝင်ပိုင်ဆိုင်ပြီးသွားပြီလေ... အရင်က မောင်ကြောက်တယ်ဆိုတာ မောင့်ကိုကြောက်လို့ချစ်တယ်ပြောထားပြီးမှ မောင့်အသက် တကယ်ချစ်တဲ့သူကိုတွေ့ပြီး မောင့်ကိုထားခဲ့မှာ ကြောက်တာ...၊ အခု မင်း မောင့်ကိုထားခဲ့လို့မရတော့ဘူး... မောင်ကလည်း မင်းကိုလုံးဝလွှတ်ပေးမှာမဟုတ်ဘူး.. "

" တေလွန်း.. မင်း လူလည်ကောင်!! "

" ဟား.... ဒါပေါ့ကွ၊ မောင်သာ လူလည်မလုပ်ရင် ဖိုးသခွားလေးမောင့်ဆင်ပေါက်ကို မောင် အခုလိုအစောကြီးပိုင်ဆိုင်ခွင့်ရပါ့မလား... "

" မင်း.. တကယ်ကိုမူယာမာယာများတဲ့ကောင်! "

" ဒါပေါ့... ဟိုတစ်ခါက မောင်နဲ့မင်း မင်းရဲ့သူငယ်ချင်းကြောင့်ပြဿနာတက်တာကိုမှတ်မိတယ်မလား... "

" အင်း မင်းဘာသာစိတ်ဆိုးပြီး တိုင်ကိုလက်သီးနဲ့ထိုးလို့ဖျားသေးတယ်လေ... "

" တကယ်တော့ အဲ့နေ့မတိုင်ခင်ညက မောင် မောင့်အသက်ဆီကိုလာခဲ့သေးတယ်.. လာတောင်းပန်မလို့ပဲ.. ဒါပေမဲ့ မောင် စိတ်ပြောင်းသွားပြီး အိမ်ထဲထိမဝင်ခဲ့ဘူး၊ အဲ့နေ့က မောင့်အသက်တို့အိပ်ရာဝင်တာနောက်ကျတယ်လေ... မောင်က အပြင်မှာမောင့်အသက်အိပ်ပျော်သွားတဲ့အထိရှိနေခဲ့တာ... ဟား... မနက်ကျတော့ အအေးပတ်ပြီးဖျားပါလေရော "

" တေလွန်း.. "

" ဗျာ.. ပြောလေ မောင့်အသက် "

" ငါ..ငါလည်း မင်းကိုချစ်တယ်.. မင်း ဖွင့်မပြောခင်ကတည်းက ငါလည်း မင်းလိုချစ်ခဲ့တာပါ.. "

ဆင်ပေါက်ရဲ့စကားကြောင့် ကျုပ် ပြုံးမိသည်။ ကျုပ်နဲ့ကျုပ်ရဲ့ဆင်ပေါက်လေး နှလုံးသားချင်းထပ်တူကျတဲ့အခါ ပျော်ရွှင်ပီတိဖြစ်မှုက ခန္ဓာကိုယ်ကတောင်လိုက်မမှီနိုင်လောက်တော့အောင် အနတ္တဖြစ်နေတော့ ကျုပ်လည်း ပြုံးရုံသာတက်နိုင်တော့တယ်။

ကျုပ်နဲ့ဆင်ပေါက်ကြားက သံယောစဥ်ကြိုးနဲ့အတူတူ အရင်ကတည်းကရှိခဲ့ပေမဲ့ တိမ်မြှုပ်နေသောချစ်ခြင်းမေတ္တာဆိုတဲ့ကြိုးလေးတစ်ချောင်းပါထပ်တိုးလာတော့ ကျုပ်နဲ့ဆင်ပေါက်ဟာ အရင်ကထက်ပိုပြီးနီးစပ်လာသလို အရင်ကထက်လည်းပိုပြီးထပ်တူကျသွားပြီဟု ဆိုရမယ်။

~~~~~~~~~~~~~~~~~~~~~~~~~

" ဟဲ့... အိမ်ပေါ်မှာ လူရှိလား၊ တေလွန်း!!... မောင်လေးရှင်မွှေး!!... "

အိမ်အပြင်က မမစုစုစံရဲ့အသံကြောင့် အိပ်ပျော်နေတဲ့တေလွန်းကိုခဏထားခဲ့ကာ ကျွန်တော်လည်း အိမ်တံခါးမကြီးကို သွားဖွင့်ပေးလိုက်တယ်။ နေ့လည်ကတည်းကပိတ်ထားမိတဲ့တံခါးကို အခုထိ မဖွင့်ရသေး။ အဲ့တာကလည်း တေလွန်းကြောင့်ပင်။

" မမစု... ဘာလို့လဲ "

" အေး.. အေး မောင်လေး၊ ဟိုအကောင်ရော "

ကျွန်တော် မေးတာကိုမဖြေဘဲ မမစုစုစံက ငါးဆင့်ချိုင့်တစ်လုံးကိုဆွဲကာ အိမ်ထဲဝင်ပြီး တေလွန်းကိုလိုက်ရှာသည်။

" တေလွန်းက နေမကောင်းလို့ အိပ်နေတယ် မမစုရဲ့၊ ဘာလို့လဲဟင်... "

" အဲ့အကောင် မောင်လေးကို ဘာလုပ်သေးလဲ...၊ ဟယ်.. မောင်လေးနှုတ်ခမ်းက ဖူးယောင်နေတာပဲ.. "

" အာ့! "

" ပေါက်ပါ ပေါက်နေတာလား...၊ ဗုဒ္ဓေါ..ဘုရားရေ!! ဒါတွေကရော ဘာဖြစ်တာလဲ... မောင်လေး မမကိုအမှန်အတိုင်းပြောစမ်း..၊ ဒါတွေက ဟိုအကောင် မောင်လေးကို လက်ပါထားတာလား... ဟဲ့ တေလွန်း... နင် အခုထွက်ခဲ့စမ်း!! "

မမစုစုစံက ကျွန်တော့်နှုတ်ခမ်းကိုရုတ်တရက်လာထိတော့ တေလွန်းကြောင့်ပေါက်သွားတဲ့နှုတ်ခမ်းကဒဏ်ရာက နာသွားသည်။ ပိုဆိုးတာက ဝတ်ထားတဲ့အင်္ကျီအောက်က လောလောလတ်လတ်ရထားတဲ့ညိုပုတ်ပုတ်အမှတ်တွေကိုပါမြင်သွားတဲ့အခါ​ မမစုက အထင်လွဲကာ သောင်းကျန်းတော့သည်။

စုစုစံ တကယ်ဒေါသထွက်သွားသည်။ သူ့မှာတော့ ဇော်ဝင်းလာပြောတုန်းက အခြေအနေအဲ့လောက်ထိဆိုးလိမ့်မည်ဟုမထင်ခဲ့။ သူ့ရဲ့မောင်က ရှင်မွှေးလေးအပေါ် အနိုင်ကျင့်ဗိုလ်ကျတတ်တာမှန်ပေမဲ့ အခုလိုလက်ပါလိမ့်မည်ဟု သူ လုံးဝမထင်ခဲ့။ မောင်ဖြစ်သူကိုယုံကြည်လွန်းလို့ ဇော်ဝင်းလာပြောတဲ့ကိစ္စကိုတောင် အဘကို အသိမပေးခဲ့။ အဘတို့က ရှင်မွှေးလေးနဲ့ပတ်သတ်ရင် သူ့ရဲ့မောင်ကို မှန်မှန်မှားမှား အကြောင်းပြချက်မမေးဘဲ ရိုက်တတ်သည်မဟုတ်လား။ ဒါ့ကြောင့်ပဲ ဇော်ဝင်းယူလာတဲ့ပုစွန်လုံးတွေကို မောင်ဖြစ်သူစားချင်တယ်ဆိုတဲ့အတိုင်း ချဥ်ပေါင်ရွက်လေးနဲ့ချဥ်စပ်လေးချက်ကာ ညနေစောင်းမှ မောင်ဖြစ်သူရဲ့အိမ်ကိုထွက်လာခြင်း၊ အခုတော့ သူ ထင်မထားတဲ့မောင်ဖြစ်သူရဲ့လုပ်ရပ်ကြောင့် စုစုစံ တော်တော်စိတ်တိုသွားသည်။ နှုတ်ခမ်းလေးဖူးယောင်ကာပေါက်ပြဲပြီး ရင်ဘတ်နဲ့လည်ပင်းပေါ်က အညိုအမဲစွဲရာတွေကိုမြင်တော့ ရှင်မွှေးလေးကိုအားနာပြီးသနားလည်းသနားရသလို တေလွန်းကိုပဲ မှတ်လောက်အောင်ရိုက်နှက်ဆုံးမဖြစ်ချင်လောက်အောင်အထိဖြစ်သွားသည်။ သူ ဒီလိုဖြစ်မယ်မှန်းသာသိရင် အဘကို ဇော်ဝင်းလာပြောကတည်းက တိုင်ပြောပစ်လိုက်မိမှာအမှန်။

" မမစု.. မမစု စိတ်ကိုလျော့ပါအုံး၊ ဒါတွေက မမစု ထင်သလိုမဟုတ်ပါဘူး... မမစု အထင်လွဲနေတာပါ "

" တေလွန်း... ငါ ထွက်လာခဲ့လို့ပြောနေတယ်လေ!! မောင်လေး ဘာမှအဲ့လောက်ကြောက်နေစရာမလိုဘူး...၊ သူ့ဘက်ကနေ ဘာမှကာပြီးပြောနေစရာလည်းမလိုဘူး... မမ မျက်လုံးနဲ့မြင်နေတာကို မောင်လေး ဘာမှထပ်ပြောပြစရာမလိုဘူး.. အဲ့အကောင်ကို မမ အသေသတ်ပစ်မယ်.. အဘနဲ့လည်း တိုင်ပြောမယ်..၊ မောင်လေး အဲ့လိုအကောင်နဲ့ဆက်မနေနဲ့.. အခုပဲ မမ မောင်လေးကို ဦးကြီးသာငြိမ်းတို့ဆီပြန်ပို့ပေးမယ်... "

မမစုစုစံကတော့ သူထင်ချင်ရာတွေထင်ပြီး အကြီးအကျယ်သောင်းကျန်းနေသည်။ ကျွန်တော် ဘာပြောပြော မမစုစုစံက မယုံ၊ တေလွန်းကိုသာ ဇွတ်ရှာနေတော့ ကျွန်တော်လည်း စိတ်ညစ်လာပြီး ငိုချင်တော့တယ်၊ မောင်ဖြစ်သူတေလွန်းကြောင့် ခန္ဓာကိုယ်ကနေရထိုင်ရတာအဆင်မပြေတဲ့အပြင် အခု အမဖြစ်သူအမစုစုစံကြောင့်ပါ စိတ်ပင်ပန်းလာသည်။

" ဟာ.. နားငြီးနေတာပဲ၊ စုစုစံ!... ထပ်ပြီး နင်ပဲလား.. "

* ဖြန်း!.... *

စုစုစံက အခန်းထဲကနေ အိပ်မှုန်စုတ်ဖွားပုံစံနဲ့ထွက်လာတဲ့တေလွန်းအနားကိုဒေါနဲ့မောနဲ့ပြေးသွားကာ တေလွန်းရဲ့ပါးကိုခြေဖျားခုန်ပြီး ရိုက်ချလိုက်သည်။ ကျွန်တော့်မှာ စကားပင်မပြောန်ုင်တော့၊ မမစုရဲ့လုပ်ရပ်ကိုငေးကြောင်ပြီးရပ်ကြည့်နေမိသလို.. တေလွန်းကလည်း အကြောင်းမရှိဘဲပါးအရိုက်ခံလိုက်ရတာကြောင့် အံ့လည်းအံ့သြသွားသလို သူ့အမကိုနားမလည်နိုင်သလိုကြည့်နေတယ်။ ကာယကံရှင်မမစုစုစံကတော့ တေလွန်းကို မျက်ထောင့်နီကြီးနဲ့မျက်ရည်တွေဝေ့သီပြီးဒေါသတကြီးစိုက်ကြည့်ကာ အသက်ကိုပြင်းပြင်းရှူကာ သူ့ဒေါသကိုသူ ထိန်းနေသည်။ ထိုအချိန်အခိုက်အတန့်မှာ အရာအားလုံးရပ်တန့်သွားတယ်လို့ ကျွန်တော်ခံစားလိုက်ရပြီး တစ်ပြိုင်နက် ပတ်ဝန်းကျင်ရဲ့လေထုကပါ အေးစက်သွားသည်ကို ကျောပြင်ကနေစိမ့်ကနဲခံစားလိုက်ရသည်။

Next episode ..............

Zawgyi
Episode _ 30

ကြၽန္ေတာ့္အနားကိုေဒါႀကီးေမာႀကီးနဲ႔ေရာက္လာတဲ့ေတလြန္း။ ကြၽန္ေတာ့္ကို တစ္ခါမွလက္မပါဘူးေပမဲ့ အခုလို သူ႔ေျပာစကားကိုနားမေထာင္ဘဲ သူ မသိေအာင္လယ္ထဲကိုသြားတဲ့အျပင္ ဖ်ားေနတဲ့ေတလြန္းက သူ႔ကိုေနပူက်ဲတဲႀကီးထဲမွာတစ္ရြာလံုးအႏွံ႔လိုက္ရွာရေတာ့ သူ႔ကို ေတလြန္းဘယ္ေလာက္ထိေဒါသထြက္ေနမလဲဆိုတာ သူစဥ္းေတာင္မစဥ္းစားရဲေတာ့။

" မင္း.. ေျပာ၊ မင္း ဘာလို႔ ေမာင့္စကားကိုနားမေထာင္ရတာလဲဟင္.. ရြတ္! ဟင့္၊ မင္း ေမာင့္ကိုအေရးမပါဘူးလို႔ေတြးေနတာလား... "

ေတလြန္းက ကြၽန္ေတာ္ထင္သလို ကြၽန္ေတာ့္ကိုရိုက္ဖို႔လာတာမဟုတ္ဘဲ ကြၽန္ေတာ့္ေဘးမွာငုတ္တုတ္ထိုင္ခ်ၿပီး ဝမ္းနည္းတႀကီးငိုရိႈက္ျခင္းသာျဖစ္သည္။

" မင္း.. ေမာင့္ကိုဘာလို႔အဲ့လိုလုပ္ရက္ရတာလဲ၊ ရြတ္!... ေမာင့္မွာ မင္းကိုမေတြ့လို႔ဘယ္ေလာက္ထိစိတ္ပူရလဲဆိုတာ မင္းသိရဲ့လား... ဟင့္၊ ေမာင္ ေနမေကာင္းတဲ့အခ်ိန္ မင္းကို ေမာင့္ေဘးနားမွာပဲရိွေနေစခ်င္တာ.. ေမာင့္ကို မင္း ဘာလို႔နားလည္မေပးရတာလဲ.... ရြတ္!... ဟင့္ "

ေတလြန္းက တစ္ကယ္ကိုဝမ္းနည္းတႀကီးနဲ႔မ်က္ရည္ေတြဘူးသီးလံုးေလာက္က်သည္အထိ ငိုေနသည္။ ကြၽန္ေတာ္လည္း ေတလြန္းငိုတာကို တစ္ခါမွမျမင္ဖူးတာမို႔ အစက ေၾကာင္ေငးၾကည့္ေနေပမဲ့ ေတလြန္းငိုသည္က ရိႈက္သံေတြပါ ပါလာတာမို႔ ဆက္ၿပီးၾကည့္ေနလို႔မရေတာ့။

" မဟုတ္ပါဘူး.. ငါက မင္းပုစြန္လံုးခ်က္စားခ်င္တယ္ဆိုလို႔ သြားရွာေပးတာပါ...၊ မင္းကလည္း အိပ္ေပ်ာ္ေနေတာ့ မႏိႈးမိေတာ့တာပါ "

" အျခားသူကို သြားရွာခိုင္းလိုက္ပါလား....၊ ေမာင္က မင္းမရိွမွန္းသိေတာ့ ဆက္အိပ္လို႔မရေတာ့ဘူး မင္း သိရဲ့လား...ရြတ္! ေမာင္က မင္းအနားမွာမရိွတာ ေကာင္းေကာင္းအိပ္မေပ်ာ္ဘူးကြ.. ဟင့္ "

" ငါ ေတာင္းပန္ပါတယ္ကြာ.. ေနာ္၊ ေနာက္တစ္ခါက်ရင္ အခုလို ငါမလုပ္ေတာ့ပါဘူး ငါကတိေပးတယ္ေနာ္.. "

" ေမာင့္ကို ျပပါအုန္း....ဟင့္ ေမာင့္ဆင္ေပါက္လက္ကေလး နာသြားၿပီလား၊ ေမာင္ ေတာင္းပန္ပါတယ္ေနာ္... ရြတ္! အေစာနက ေမာင္ အရမ္း ေဒါသထြက္သြားလို႔ပါ... ေျခေထာက္ေတြေရာ ခိုက္မိသြားေသးလား..၊ ေမာင္ မွားတာပါ.. ေမာင္ ေဒါသကိုေရ႔ွတန္းတင္ၿပီး မင္းအေပၚ ဇြတ္တရြတ္ေတြလုပ္မိတာ.. ေမာင့္ကို မုန္းလားဟင္၊ ဟင့္.. ရြတ္! ေမာင္က မင္းကိုစိတ္ပူလို႔အခုလိုေတြဆိုးေနတာပါ... မင္း ေမာင့္ကိုအၿမဲတမ္းေၾကာက္ေနရတယ္မဟုတ္လား.. ဟင္ "

က်ဳပ္ရဲ့စကားကို ဆင္ေပါက္ကဘာမွမေျပာဘဲ ေၾကာင္ေတာင္ေတာင္ေလးေငးၾကည့္ေနသည္။ ထို႔ေနာက္မွ ေခါင္းကိုငံု႔သြားသည္။

" ေမာင့္မွာေလ.. မင္းကိုမေျပာရဲတဲ့စကားတစ္ခြန္းရိွတယ္...၊ ေမာင္ အဲ့စကားကိုေျပာလိုက္ရင္ ေမာင့္ကိုယံုပါ့မလားဆိုတာကို ေမာင္ မေတြးရဲဘူး၊ ၿပီးေတာ့ ေမာင့္ကိုျပန္ေျပာလာမဲ့မင္းရဲ့ႏႈတ္ထြက္စကားကိုလည္း ေမာင္ သံသယဝင္မိမယ္ထင္တယ္.... "

" ငါက မင္းကို ဘယ္တုန္းကလိမ္ဖူးလို႔လဲ "

" ေမာင္ သိပါတယ္.. ေမာင္သိပါတယ္ ေမာင့္အသက္ရယ္ "

" ... ေမာင့္အသက္? "

ေတလြန္းရဲ့စကားကို ကြၽန္ေတာ္ ေသခ်ာနားမလည္လိုက္။  ေတလြန္းရဲ့မ်က္လံုးေတြက ဖ်ားေနေပမဲ့လည္း အၾကည့္စူးစူးေတြကလံုးဝေလ်ာ့မသြားတဲ့အျပင္ သူ႔ရဲ့ရင္ဘတ္ထဲထိ ကြၽန္ေတာ္ျမင္ေအာင္ဝင္ၾကည့္ပါလို႔ဖိတ္ေခၚေနသေယာင္။ ကြၽန္ေတာ့္ရဲ့ႏွလံုးသားကလည္း ခံစားေနမိသည္။ ေတလြန္း အခုေျပာေနတဲ့စကားေတြက ေတလြန္းထုတ္မျပတဲ့ခံစားခ်က္အစစ္အမွန္ေတြဆိုတာကိုေပါ့။

" ေမာင္ မင္းကိုအၿမဲတမ္းရည္ၫႊန္းၿပီးေခၚခ်င္တဲ့နာမ္စားေလးေလ...၊ ေမာင့္အသက္ ေမာင့္အသက္တဲ့.. ရွင္ေမႊးဆိုတဲ့မင္းက ေမာင့္ရဲ့အသက္ပဲ... မင္းသာမရိွရင္ ေမာင္ဆိုတာကလည္းရိွလာမွာမဟုတ္ဘူး... မင္းရိွေနမွ ေမာင္ဆိုတဲ့ျဖစ္တည္မႈက ရိွေနတာပါ... ေမာင္ မင္းကို ေမာင္တို႔ရဲ့ပထမဆံုးအႀကိမ္ျဖတ္သန္းၿပီးတဲ့ေန့ကေျပာျပမယ္ဆိုတဲ့စကားကို ေမာင္ အခုေျပာမယ္ "

ကြၽန္ေတာ္လည္း ေတလြန္းရဲ့စကားကိုၾကားၿပီး ထိုေန့ကအေၾကာင္းကိုျပန္ေတြးမိၿပီးရွက္မိေပမဲ့ ေတလြန္းေျပာျပမယ္ဆိုတဲ့စကားကိုၾကားခ်င္တာေၾကာင့္ ေတလြန္းရဲ့မ်က္ႏွာကိုသာၾကည့္ေနမိတယ္။

" ေမာင့္အသက္ မွတ္မိတယ္မလား၊ အဲ့ေန့က ေမာင္ေျပာခဲ့တာကို.... "

" မွတ္မိတယ္.. အဲ့ေန့က မင္း ေနာက္က်မွေျပာျပမယ္ဆိုတာ "

" အင္း... ေမာင္အခုေျပာျပမယ္ေနာ္ "

ကြၽန္ေတာ္လည္း ေတလြန္းေျပာမဲ့စကားကိုအရမ္းသိခ်င္ေနတာေၾကာင့္ ေခါင္းကိုသာအျမန္ၿငိမ့္ျပလိုက္တယ္။

" ေမာင္.. မင္းကို ခ်စ္တယ္.. ေမာင့္အသက္ "

" ..... "

" ေမာင့္ရဲ့အသက္နဲ႔ခႏၶာထက္ ေမာင္ မင္းကို ပိုခ်စ္တယ္...၊ ပိုျမတ္ႏိုးတယ္... "

" မင္း.. မင္း ဘာလို႔အခုမွဒါေတြလာေျပာေနတာလဲ..၊ ငါတို႔က ဟို.. ငါတို႔က လက္ထပ္ၿပီးသြားၿပီေလ... "

ကြၽန္ေတာ္ ေတလြန္းရဲ့စကားေတြကို ဘယ္လိုတံု႔ျပန္ရမယ္မွန္းမသိ၊ ဒီစကားေတြက ေတလြန္းရဲ့ရင္ဘတ္ထဲကလာတဲ့စစ္မွန္တဲ့စကားေတြဆိုတာ ကြၽန္ေတာ့္ႏွလံုးသားကလည္း သိတယ္။ ကြၽန္ေတာ္ ယံုလည္းယံုတယ္။ ေတလြန္းဆီကေန ခ်စ္တယ္ဆိုတဲ့စကားကို အခုခ်ိန္ထိ တစ္ခါမွမၾကားဖူးဘူးေပမဲ့ ကြၽန္ေတာ္တစ္ေယာက္တည္းအတြက္သီးသန္႔ျဖစ္တည္တဲ့ ေတလြန္းရဲ့ေနြးေထြးမႈေတြ၊ ၾကင္နာမႈေတြကိုအၿမဲလိုလိုရခဲ့ၿပီးသား။ ဒါေပမဲ့ သူ ကြၽန္ေတာ့္ကိုအႏိုင္ယူတဲ့အခ်ိန္ခဏမွာေတာ့ ဝမ္းနည္းမိတာမ်ိဳးရိွေပမဲ့ ခဏတာပါပဲ၊ ၿပီးရင္ ေတလြန္းကို ကြၽန္ေတာ္ အၿမဲတမ္းအေကာင္းဘက္ကေတြးေပးၿပီး နားလည္ခြင့္လႊတ္အေလ်ာ့ေပးခဲ့တာ။

အမွန္အတိုင္းဝန္ခံရရင္ ကြၽန္ေတာ္ ေတလြန္းကို ဟိုးအရင္ကတည္းကခ်စ္ေနခဲ့ၿပီးသား။ ေတလြန္းဘက္က လက္မခံႏိုင္မွာကို စိုးရိမ္ေနခဲ့တာ။ မိဘခ်င္းက ကြၽန္ေတာ္တို႔ကိုလက္ထပ္ေပးဖို႔အထိစီစဥ္ထားေပမဲ့ အကယ္၍သာ ေတလြန္းက သူတကယ္ခ်စ္တဲ့မိန္းကေလးတစ္ေယာက္ကိုေတြ့သြားခဲ့ရင္ဆိုတဲ့အေတြးက ကြၽန္ေတာ့္ကို ေတလြန္းအေပၚမွာ ေလာဘမတက္မိဖို႔အႀကိမ္ႀကိမ္သတိေပးခဲ့တယ္။ မပိုင္ဆိုင္ေသးခင္ကတည္းက စြန္႔လႊတ္ႏိုင္ဖို႔အတြက္ ကြၽန္ေတာ္ ႀကိဳၿပီးသတၲိေမြးခဲ့ရသည္။ ယခု ေတလြန္းကပါ ကြၽန္ေတာ့္ကို ခ်စ္တယ္လို႔ ထုတ္ဖြင့္ေျပာလာေတာ့ ကြၽန္ေတာ့္မွာ ဘာစကားမျွပန္မေျပာႏိုင္ေလာက္ေအာင္ ဆြံ႔အသြားသည္။

" ေမာင္ သိတာေပါ့၊ မင္းသိရဲ့လား... ေမာင့္ဘဝရဲ့အေပ်ာ္ဆံုးေန့က ေမာင္တို႔မဂၤလာေဆာင္တဲ့ေန့ပဲ...၊ မင္းကို ေမာင္တရားဝင္ပိုင္ဆိုင္သြားရၿပီဆိုတဲ့အသိ​က ေမာင့္ႏွလံုးသားတစ္ခုလံုးကိုေနြးေထြးသြားတာပဲ... "

ေတလြန္းရဲ့စကားေတြကို ကြၽန္ေတာ္ဆက္ၿပီးနားမေထာင္ႏိုင္ေတာ့။ အေၾကာင္းမွာ ကြၽန္ေတာ့္ပါးျပင္ေပၚက စိုစြတ္စြတ္အရည္ေတြေၾကာင့္ျဖစ္သည္။ ကြၽန္ေတာ္ ငိုေနတာလား။ ငိုမိရင္ေတာင္ ဒီမ်က္ရည္ေတြဟာ ဝမ္းနည္းလို႔ေတာ့မဟုတ္၊ ေတလြန္းဆီက ခ်စ္တယ္လို႔အေျပာခံရတာေၾကာင့္ ဝမ္းသာလြန္ၿပီး ေပ်ာ္လို႔က်တဲ့မ်က္ရည္မ်ားသာျဖစ္လိမ့္မည္။

" တကယ္ဆို ေမာင့္အသက္ကို ေမာင္ကေလ ဟိုးငယ္ငယ္ေလးကတည္း ခ်စ္ခဲ့တာပါကြာ...၊ အခ်စ္ဆိုတာကိုမသိခင္အခ်ိန္ကတည္းက ေမာင္ မင္းကိုျဖဴစင္ခဲ့ရဲ့လားဆိုတာေတာင္ ေမာင္ မသိဘူး..၊ ငယ္ငယ္ေလးကတည္းက ေမာင့္အသက္ဟာ ေမာင္တစ္ေယာက္တည္းရဲ့အပိုင္ဆိုၿပီး အတၲႀကီးခဲ့တာ ရပ္သိရြာသိပဲမဟုတ္လား...၊ အခ်စ္ဆိုတာကိုစသိတဲ့အခ်ိန္ေရာက္ေတာ့ ေမာင့္ရဲ့အခ်စ္ၪီးဟာ ေမာင့္အသက္ေလး ဆင္ေပါက္ဆိုတဲ့မင္းက အဆင္သင့္ေနရာယူထားၿပီ၊ ဒါေပမဲ့ ေမာင္ မင္းကို ဖြင့္မေျပာခဲ့ဘူး... အခုေတာ့ ေမာင္ မင္းဆီကအေျဖကိုၾကားရဲသြားၿပီ.... "

ေတလြန္းက ကြၽန္ေတာ့္ပါးျပင္ေပၚကမ်က္ရည္ေတြကိုခပ္ဖြဖြေလးသုတ္ေပးရင္း ၿပံဳးသည္။

" ေမာင္... မင္းကို ခ်စ္တယ္ ေမာင့္အသက္၊ ေမာင့္ရဲ့အခ်စ္ကို မင္း လက္ခံေပးႏိုင္မလား.... ဟင္ "

" မင္းက အရင္တုန္းကမေျပာခဲ့တာ ငါျငင္းမွာကိုေၾကာက္လို႔လား... "

" ဟင့္အင္း... မင္း လက္ခံမွာကိုေၾကာက္တာ "

" ဘာ... "

နားမလည္တဲ့မ်က္ဝန္းေတြနဲ႔ က်ဳပ္ကိုျပန္ၾကည့္တဲ့က်ဳပ္ရဲ့ဆင္ေပါက္ေလးက တကယ္ကိုခ်စ္စရာေကာင္းတယ္ဗ်ာ။ က်ဳပ္လည္း က်ဳပ္ရဲ့ဆင္ေပါက္က္ုယ္ေလးကို က်ဳပ္ရင္ခြင္ထဲဆြဲသြင္းလိုက္ၿပီး အေစာက က်ဳပ္ငိုထားတဲ့လက္က်န္မ်က္ရည္စေတြကို အရင္သုတ္လိုက္တယ္။ ၿပီးရင္ က်ဳပ္ရဲ့ရင္ခြင္ထဲက ဆင္ေပါက္ရဲ့နဖူးေလးကို ခပ္ဖြဖြေလးနမ္းလိုက္တယ္။

" ဟုတ္တယ္... ေမာင္က ေမာင့္အသက္ လက္ခံလိုက္မွာကိုေၾကာက္တာ၊ အဲ့ဒီအခ်ိန္တုန္းက  ေမာင့္အသက္ ေမာင့္အခ်စ္ကိုလက္ခံေပးရင္ေတာင္မွ ေမာင္ မင္းကိုပိုင္ဆိုင္သြားၿပီဆိုတဲ့ခံစားခ်က္မ်ိဳးရမွာမဟုတ္ဘူး၊ ေမာင့္ကိုေၾကာက္လို႔ ေမာင့္အသက္က ေမာင့္အခ်စ္ကိုလက္ခံေပးတယ္လို႔ပဲ ေမာင္ စိတ္ထဲကသံသယဝင္ေနခဲ့မွာ... အဲ့တာေၾကာင့္ ေမာင္ မင္းကို အဲ့အခ်ိန္က ဖြင့္မေျပာခဲ့တာ "

" အခုေရာ ငါက မင္းကိုေၾကာက္လို႔လက္ခံလိုက္တယ္ဆိုရင္ေရာ... "

" ဟား... ေမာင္က ေမာင့္အသက္ဆီက အေျဖကိုျပန္လိုခ်င္လို႔ ဖြင့္ေျပာတာမဟုတ္ဘူး... တာဝန္အရသာ ေမးတာ၊ ၿပီးေတာ့ ဘယ္လိုပဲျဖစ္ျဖစ္ ေမာင့္အသက္ကို ေမာင္က လူသိရွင္ၾကားေရာ..၊ အေသြးအသားအရေရာ တရားဝင္ပိုင္ဆိုင္ၿပီးသြားၿပီေလ... အရင္က ေမာင္ေၾကာက္တယ္ဆိုတာ ေမာင့္ကိုေၾကာက္လို႔ခ်စ္တယ္ေျပာထားၿပီးမွ ေမာင့္အသက္ တကယ္ခ်စ္တဲ့သူကိုေတြ့ၿပီး ေမာင့္ကိုထားခဲ့မွာ ေၾကာက္တာ...၊ အခု မင္း ေမာင့္ကိုထားခဲ့လို႔မရေတာ့ဘူး... ေမာင္ကလည္း မင္းကိုလံုးဝလႊတ္ေပးမွာမဟုတ္ဘူး.. "

" ေတလြန္း.. မင္း လူလည္ေကာင္!! "

" ဟား.... ဒါေပါ့ကြ၊ ေမာင္သာ လူလည္မလုပ္ရင္ ဖိုးသခြားေလးေမာင့္ဆင္ေပါက္ကို ေမာင္ အခုလိုအေစာႀကီးပိုင္ဆိုင္ခြင့္ရပါ့မလား... "

" မင္း.. တကယ္ကိုမူယာမာယာမ်ားတဲ့ေကာင္! "

" ဒါေပါ့... ဟိုတစ္ခါက ေမာင္နဲ႔မင္း မင္းရဲ့သူငယ္ခ်င္းေၾကာင့္ျပႆနာတက္တာကိုမွတ္မိတယ္မလား... "

" အင္း မင္းဘာသာစိတ္ဆိုးၿပီး တိုင္ကိုလက္သီးနဲ႔ထိုးလို႔ဖ်ားေသးတယ္ေလ... "

" တကယ္ေတာ့ အဲ့ေန့မတိုင္ခင္ညက ေမာင္ ေမာင့္အသက္ဆီကိုလာခဲ့ေသးတယ္.. လာေတာင္းပန္မလို႔ပဲ.. ဒါေပမဲ့ ေမာင္ စိတ္ေျပာင္းသြားၿပီး အိမ္ထဲထိမဝင္ခဲ့ဘူး၊ အဲ့ေန့က ေမာင့္အသက္တို႔အိပ္ရာဝင္တာေနာက္က်တယ္ေလ... ေမာင္က အျပင္မွာေမာင့္အသက္အိပ္ေပ်ာ္သြားတဲ့အထိရိွေနခဲ့တာ... ဟား... မနက္က်ေတာ့ အေအးပတ္ၿပီးဖ်ားပါေလေရာ "

" ေတလြန္း.. "

" ဗ်ာ.. ေျပာေလ ေမာင့္အသက္ "

" ငါ..ငါလည္း မင္းကိုခ်စ္တယ္.. မင္း ဖြင့္မေျပာခင္ကတည္းက ငါလည္း မင္းလိုခ်စ္ခဲ့တာပါ.. "

ဆင္ေပါက္ရဲ့စကားေၾကာင့္ က်ဳပ္ ၿပံဳးမိသည္။ က်ဳပ္နဲ႔က်ဳပ္ရဲ့ဆင္ေပါက္ေလး ႏွလံုးသားခ်င္းထပ္တူက်တဲ့အခါ ေပ်ာ္ရႊင္ပီတိျဖစ္မႈက ခႏၶာကိုယ္ကေတာင္လိုက္မမွီႏိုင္ေလာက္ေတာ့ေအာင္ အနတၲျဖစ္ေနေတာ့ က်ဳပ္လည္း ၿပံဳးရံုသာတက္ႏိုင္ေတာ့တယ္။

က်ဳပ္နဲ႔ဆင္ေပါက္ၾကားက သံေယာစဥ္ႀကိဳးနဲ႔အတူတူ အရင္ကတည္းကရိွခဲ့ေပမဲ့ တိမ္ျမႇဳပ္ေနေသာခ်စ္ျခင္းေမတၲာဆိုတဲ့ႀကိဳးေလးတစ္ေခ်ာင္းပါထပ္တိုးလာေတာ့ က်ဳပ္နဲ႔ဆင္ေပါက္ဟာ အရင္ကထက္ပိုၿပီးနီးစပ္လာသလို အရင္ကထက္လည္းပိုၿပီးထပ္တူက်သြားၿပီဟု ဆိုရမယ္။

~~~~~~~~~~~~~~~~~~~~~~~~~

" ဟဲ့... အိမ္ေပၚမွာ လူရိွလား၊ ေတလြန္း!!... ေမာင္ေလးရွင္ေမႊး!!... "

အိမ္အျပင္က မမစုစုစံရဲ့အသံေၾကာင့္ အိပ္ေပ်ာ္ေနတဲ့ေတလြန္းကိုခဏထားခဲ့ကာ ကြၽန္ေတာ္လည္း အိမ္တံခါးမႀကီးကို သြားဖြင့္ေပးလိုက္တယ္။ ေန့လည္ကတည္းကပိတ္ထားမိတဲ့တံခါးကို အခုထိ မဖြင့္ရေသး။ အဲ့တာကလည္း ေတလြန္းေၾကာင့္ပင္။

" မမစု... ဘာလို႔လဲ "

" ေအး.. ေအး ေမာင္ေလး၊ ဟိုအေကာင္ေရာ "

ကြၽန္ေတာ္ ေမးတာကိုမေျဖဘဲ မမစုစုစံက ငါးဆင့္ခ်ိဳင့္တစ္လံုးကိုဆြဲကာ အိမ္ထဲဝင္ၿပီး ေတလြန္းကိုလိုက္ရွာသည္။

" ေတလြန္းက ေနမေကာင္းလို႔ အိပ္ေနတယ္ မမစုရဲ့၊ ဘာလို႔လဲဟင္... "

" အဲ့အေကာင္ ေမာင္ေလးကို ဘာလုပ္ေသးလဲ...၊ ဟယ္.. ေမာင္ေလးႏႈတ္ခမ္းက ဖူးေယာင္ေနတာပဲ.. "

" အာ့! "

" ေပါက္ပါ ေပါက္ေနတာလား...၊ ဗုဒၶေါ..ဘုရားေရ!! ဒါေတြကေရာ ဘာျဖစ္တာလဲ... ေမာင္ေလး မမကိုအမွန္အတိုင္းေျပာစမ္း..၊ ဒါေတြက ဟိုအေကာင္ ေမာင္ေလးကို လက္ပါထားတာလား... ဟဲ့ ေတလြန္း... နင္ အခုထြက္ခဲ့စမ္း!! "

မမစုစုစံက ကြၽန္ေတာ့္ႏႈတ္ခမ္းကိုရုတ္တရက္လာထိေတာ့ ေတလြန္းေၾကာင့္ေပါက္သြားတဲ့ႏႈတ္ခမ္းကဒဏ္ရာက နာသြားသည္။ ပိုဆိုးတာက ဝတ္ထားတဲ့အက်ႌေအာက္က ေလာေလာလတ္လတ္ရထားတဲ့ညိုပုတ္ပုတ္အမွတ္ေတြကိုပါျမင္သြားတဲ့အခါ​ မမစုက အထင္လြဲကာ ေသာင္းက်န္းေတာ့သည္။

စုစုစံ တကယ္ေဒါသထြက္သြားသည္။ သူ႔မွာေတာ့ ေဇာ္ဝင္းလာေျပာတုန္းက အေျခအေနအဲ့ေလာက္ထိဆိုးလိမ့္မည္ဟုမထင္ခဲ့။ သူ႔ရဲ့ေမာင္က ရွင္ေမႊးေလးအေပၚ အႏိုင္က်င့္ဗိုလ္က်တတ္တာမွန္ေပမဲ့ အခုလိုလက္ပါလိမ့္မည္ဟု သူ လံုးဝမထင္ခဲ့။ ေမာင္ျဖစ္သူကိုယံုၾကည္လြန္းလို႔ ေဇာ္ဝင္းလာေျပာတဲ့ကိစၥကိုေတာင္ အဘကို အသိမေပးခဲ့။ အဘတို႔က ရွင္ေမႊးေလးနဲ႔ပတ္သတ္ရင္ သူ႔ရဲ့ေမာင္ကို မွန္မွန္မွားမွား အေၾကာင္းျပခ်က္မေမးဘဲ ရိုက္တတ္သည္မဟုတ္လား။ ဒါ့ေၾကာင့္ပဲ ေဇာ္ဝင္းယူလာတဲ့ပုစြန္လံုးေတြကို ေမာင္ျဖစ္သူစားခ်င္တယ္ဆိုတဲ့အတိုင္း ခ်ဥ္ေပါင္ရြက္ေလးနဲ႔ခ်ဥ္စပ္ေလးခ်က္ကာ ညေနေစာင္းမွ ေမာင္ျဖစ္သူရဲ့အိမ္ကိုထြက္လာျခင္း၊ အခုေတာ့ သူ ထင္မထားတဲ့ေမာင္ျဖစ္သူရဲ့လုပ္ရပ္ေၾကာင့္ စုစုစံ ေတာ္ေတာ္စိတ္တိုသြားသည္။ ႏႈတ္ခမ္းေလးဖူးေယာင္ကာေပါက္ၿပဲျပီး ရင္ဘတ္နဲ႔လည္ပင္းေပၚက အညိုအမဲစြဲရာေတြကိုျမင္ေတာ့ ရွင္ေမႊးေလးကိုအားနာၿပီးသနားလည္းသနားရသလို ေတလြန္းကိုပဲ မွတ္ေလာက္ေအာင္ရိုက္ႏွက္ဆံုးမျဖစ္ခ်င္ေလာက္ေအာင္အထိျဖစ္သြားသည္။ သူ ဒီလိုျဖစ္မယ္မွန္းသာသိရင္ အဘကို ေဇာ္ဝင္းလာေျပာကတည္းက တိုင္ေျပာပစ္လိုက္မိမွာအမွန္။

" မမစု.. မမစု စိတ္ကိုေလ်ာ့ပါအံုး၊ ဒါေတြက မမစု ထင္သလိုမဟုတ္ပါဘူး... မမစု အထင္လြဲေနတာပါ "

" ေတလြန္း... ငါ ထြက္လာခဲ့လို႔ေျပာေနတယ္ေလ!! ေမာင္ေလး ဘာမွအဲ့ေလာက္ေၾကာက္ေနစရာမလိုဘူး...၊ သူ႔ဘက္ကေန ဘာမွကာၿပီးေျပာေနစရာလည္းမလိုဘူး... မမ မ်က္လံုးနဲ႔ျမင္ေနတာကို ေမာင္ေလး ဘာမွထပ္ေျပာျပစရာမလိုဘူး.. အဲ့အေကာင္ကို မမ အေသသတ္ပစ္မယ္.. အဘနဲ႔လည္း တိုင္ေျပာမယ္..၊ ေမာင္ေလး အဲ့လိုအေကာင္နဲ႔ဆက္မေနနဲ႔.. အခုပဲ မမ ေမာင္ေလးကို ၪီးႀကီးသာၿငိမ္းတို႔ဆီျပန္ပို႔ေပးမယ္... "

မမစုစုစံကေတာ့ သူထင္ခ်င္ရာေတြထင္ၿပီး အႀကီးအက်ယ္ေသာင္းက်န္းေနသည္။ ကြၽန္ေတာ္ ဘာေျပာေျပာ မမစုစုစံက မယံု၊ ေတလြန္းကိုသာ ဇြတ္ရွာေနေတာ့ ကြၽန္ေတာ္လည္း စိတ္ညစ္လာၿပီး ငိုခ်င္ေတာ့တယ္၊ ေမာင္ျဖစ္သူေတလြန္းေၾကာင့္ ခႏၶာကိုယ္ကေနရထိုင္ရတာအဆင္မေျပတဲ့အျပင္ အခု အမျဖစ္သူအမစုစုစံေၾကာင့္ပါ စိတ္ပင္ပန္းလာသည္။

" ဟာ.. နားၿငီးေနတာပဲ၊ စုစုစံ!... ထပ္ၿပီး နင္ပဲလား.. "

* ျဖန္း!.... *

စုစုစံက အခန္းထဲကေန အိပ္မႈန္စုတ္ဖြားပံုစံနဲ႔ထြက္လာတဲ့ေတလြန္းအနားကိုေဒါနဲ႔ေမာနဲ႔ေျပးသြားကာ ေတလြန္းရဲ့ပါးကိုေျခဖ်ားခုန္ၿပီး ရိုက္ခ်လိုက္သည္။ ကြၽန္ေတာ့္မွာ စကားပင္မေျပာႏ္ုင္ေတာ့၊ မမစုရဲ့လုပ္ရပ္ကိုေငးေၾကာင္ၿပီးရပ္ၾကည့္ေနမိသလို.. ေတလြန္းကလည္း အေၾကာင္းမရိွဘဲပါးအရိုက္ခံလိုက္ရတာေၾကာင့္ အံ့လည္းအံ့ၾသသြားသလို သူ႔အမကိုနားမလည္ႏိုင္သလိုၾကည့္ေနတယ္။ ကာယကံရွင္မမစုစုစံကေတာ့ ေတလြန္းကို မ်က္ေထာင့္နီႀကီးနဲ႔မ်က္ရည္ေတြေဝ့သီၿပီးေဒါသတႀကီးစိုက္ၾကည့္ကာ အသက္ကိုျပင္းျပင္းရႉကာ သူ႔ေဒါသကိုသူ ထိန္းေနသည္။ ထိုအခ်ိန္အခိုက္အတန္႔မွာ အရာအားလံုးရပ္တန္႔သြားတယ္လို႔ ကြၽန္ေတာ္ခံစားလိုက္ရၿပီး တစ္ၿပိဳင္နက္ ပတ္ဝန္းက်င္ရဲ့ေလထုကပါ ေအးစက္သြားသည္ကို ေက်ာျပင္ကေနစိမ့္ကနဲခံစားလိုက္ရသည္။

Next episode ..............

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

1.5K 95 4
စိတ်ကူးပေါက်တိုင်း ရေးရေးတင်ဖြစ်မည့် ဝတ္ထုတိုများ စုစည်းမှုဖြစ်ပါသည်။
7.3M 302K 38
~ AVAILABLE ON AMAZON: https://www.amazon.com/dp/164434193X ~ She hated riding the subway. It was cramped, smelled, and the seats were extremely unc...
226M 6.9M 92
When billionaire bad boy Eros meets shy, nerdy Jade, he doesn't recognize her from his past. Will they be able to look past their secrets and fall in...
43.7M 1.3M 37
"You are mine," He murmured across my skin. He inhaled my scent deeply and kissed the mark he gave me. I shuddered as he lightly nipped it. "Danny, y...