Fallin'Harder
By blue_berryke
14.2K 1.4K 388
• Ricky fell first but Ji fell harder • Kim Ji Woong+Ricky Shen //WoongRi// written by blue_berryke More
01
02
03
04
05
06
07
08
09
10
11
12
13
14
15
16
17
18
19
302 34 11
By blue_berryke
! UNICODE!
ညဘက်ပါတီက ထင်ထားတာထက် လူပိုများနေသည်။ Hotelဝန်းအကျယ်ကြီးထဲ၌ ကျင်းပ‌နေပင်မဲ့ မြူးကြွတဲ့တီးလုံးသံနှင့်အတူ လူပေါင်းများစွာဟာ ရှုပ်ယှက်ခပ်ကာ ကခုန်ကြလျက်....
မီးရောင်စုံများအောက် တိုက်ခတ်လာသော ပင်လယ်လေအားရှူရှိုက်ရင်း ဝိုင်သောက်ရသည့်အရသာက ဘာနှင့်မျှမလဲနိုင်ချေ။ချွမ်ရွေ့အနည်းငယ်ရီဝေဝေဖြစ်နေတုန်း သူ့ခါးကိုရုတ်တရက်လာဖက်တွယ်သော လက်တစ်စုံကြောင့် လန့်ဖြန့်သွားမိသည်။နောက်လှည့်ကြည့်တော့မှ ထိုလူက Kim Ji Woong သာဖြစ်တာမို့ သူသက်ပြင်းသာချလိုက်တော့၏။
"ဘာဖြစ်လို့လဲ? ရုတ်တရပ်ကြီး မင်းကငါ့ကိုလန့်သေအောင်လုပ်နေတာပဲ!"
"ကြောက်လို့လေ"
အရက်မူးနေသော ကင်မ်ဂျီဝန်းမှာ ကလေးတစ်ယောက်လိုဆူပုတ်ပုတ်ဖြင့် သူ့ပုခုံးပေါ်ခေါင်းမှီလာပြန်သည်။ရစ်သိုင်းထားသော လက်များဟာလည်း ယခုဏထက် ပိုပြီးတင်းတင်းကျပ်ကျပ်.... ။ Ricky ကိုင်ထားသော ဝိုင်ခွက်ကလည်း အနည်းငယ်လှုပ်ခါသွားပြီး ဝိုင်များပင် အပြင်သို့ ဖိတ်စင်သွားတော့သည်။
"Yh! လူတွေအများကြီးနော်။မူးနေရင်လည်း အခန်းထဲပြန်အိပ်တော့!"
"ဘေဘီ လိုက်ခဲ့.....ကိုကိုတစ်‌ယောက်ထဲကြောက်လို့..."
Shen Quan Rui စိတ်ထဲမှာတော့ အကျယ်ကြီး ဟားတိုက်ကာ အော်ရယ်လိုက်မိသည်။ထို့နောက် မျက်လုံးအား90°သို့လှန်ကာ မူးနေသူ၏ ပါးနှစ်ဖက်ကို အုပ်ကိုင်လိုက်ပြီး...
"မင်းကိုဘယ်သူကကြောက်အောင်လုပ်တာလဲ ပြော!"
"ကိုယ် အရင်ကလို ဆေးခတ်ခံရရင်ဘယ်လိုလုပ်မလဲ? ကြောက်တယ်"
Ji Woong ကသူတို့နှင့်မလှမ်းမကမ်း၌ရပ်နေသော Lee Teak တို့မောင်နှမနှစ်ယောက်ကိုလက်ညှိုးထိုးပြပြီး သူ့ပုခုံးပေါ်သို့ ပိုမှီချလာတော့သည်။
"အခု ငါတစ်ယောက်လုံး မင်းဘေးနားမှာရှိနေတာလေ....ဘယ်သူကလာပြီး လုပ်ရဲမှာလဲ?"
"ရွေ့ရွေ့က ကိုကို့ကိုကာကွယ်ပေးမှာလား...."
ထိုစကားကြောင့် ချွမ်ရွေ့နှုတ်ခမ်းစွန်းလေးနှစ်ဖက် သဘောကျစွာကော့တက်သွားပြီးနောက် မီးရောင်စုံများအောက်၌ ချွမ်ရွေ့မျက်ဝန်းကလေးများဟာလည်း တလက်လက်တောက်ပနေခဲ့သည်။
"ငါကမင်းဘေးနားမှာ အမြဲတမ်းရှိနေမှာ....!မင်းကိုဘယ်သူ့လက်ထဲမှ ထည့်ပေးဖို့စိတ်ကူးမရှိဘူး!!
Ji Woong က ငါ့အပိုင်လေ!"
ထိုစကားအားကြားလိုက်ရသောကြောင့်တောင့်တောင့်တင်းတင်းပြန်ဖြစ်သွားသော ကိုလူချောက သူ့အား ရီဝေဝေစိုက်ကြည့်နေလေသည်။
ခါးတစ်ဝိုက်အား ဖက်တွယ်ထားသော လက်နှစ်ဖက်မှာတော့ အခုချိန်ထိ ပြန်မရုတ်သိမ်းသေးချေ။
ရုတ်တရပ် ချွမ်ရွေ့ကဂျီဝန်းနက်ကတိုင်အားဆွဲလိုက်ပြီး နှုတ်ခမ်းကို အရင်နမ်းလိုက်မိသည်။အနမ်းဟာ လျှက်တပြတ်လျှပ်စီးလက်သွားသလို ခဏတာမျှသာ ကြာရှည်ခဲ့၏။သို့ပင်မဲ့ လူနှစ်ဦးကတော့ ပူးကပ်မြဲသာ။
"ရွေ့ရွေ့ ကိုယ့်ကို တာဝန်ယူရတော့မယ်!!"
အမူးပါးကင်မ်ဂျီဝွန်းကြောင့် ချွမ်ရွေ့မျက်ဝန်းကလေးများ ဝိုင်းစက်သွားပြန်၏။
"ဟင်? ငါကမင်းကိုဘယ်လိုတာဝန်ယူရမှာလဲ?"
"ကိုကိုလမ်းမလျှောက်နိုင်တော့ဘူး...အရမ်းမူးနေပြီထင်တယ်.. အခန်းထဲထိလိုက်ပို့"
ထိုနောက် ကင်မ်ဂျီဝန်းက ချွမ်ရွေ့ပခုံးပေါ်သို့ ခေါင်းကြီးထိုးကာ မှီချလိုက်တော့သည်။အရက်မူးနေသလို ယိုင်တိယိုင်တိုင်ဖြင့် သူ့ချစ်သူလက်ကိုလည်း အတင်းဆွဲထားပါ၏။
တီးလုံးသံများဖြင့်ဆူညံနေသော ပတ်ဝန်းကျင်၌ သူတို့အား သတိထားမိသည့်လူများလည်းရှိနိုင်သလို၊ ကိုယ့်အရှိန်ဖြင့်ကိုယ် သိတောင်မသိသည့်လူများလည်းရှိလိမ့်မည်။Gyuvinနှင့်Yujinကိုလည်း ခုထိ ချွမ်ရွေ့မတွေ့မိသေး.....။ဘယ်နေရာကိုများ ရောက်နေပါလိမ့်......
"နေအုန်း...ငါခုထိ ယူဂျင်းတို့ကိုမတွေ့ရသေးဘူး..."
"ဘေဘီ...မင်းညီက ကလေးမှမဟုတ်တော့တာကွာ..ကိုယ့်ကိုပဲအာရုံစိုက်ပေးလို့မရဘူးလား...?..ဟင်?"
Kim Ji Woong ရဲ့ခေါင်းက သူ့လည်တိုင်ကြားအတင်းတိုးဝှေ့ကာ ပွတ်သက်နေသည်။အသက်ရှူသံကြောင့် ယားကျိကျိဖြစ်နေသည့်အပြင်....စကားပြောလျှင် လှုပ်ရှားရသော နှုတ်ခမ်းဟာ သူ့လည်တိုင်အား အနမ်းပေး‌သလို ခဏခဏ ထိခတ်နေသည်ကြောင့် Shen Quan Rui ပင် မနေတတ်တော့ချေ။
"အာ...ဟုတ်ပြီ။ငါ့မှာမင်းပဲရှိတာလေ.....လာ..လာ..အခန်းထဲထိလိုက်ပို့ပေးမယ်နော် အဲ့နေရာကိုထပ်မထိနဲ့တော့ ယားတယ်"
ချွမ်ရွေ့ခင်မျာလည်ပင်းအား တွန့်လိမ်လျှက် Ji Woong လက်အားဆွဲကာ ခပ်သုတ်သုတ် သွားရလေတော့သည်။ဒီနားမှာကြာကြာဆက်နေလျှင် Kim Ji Woong ကြောင့် လူတိုင်း အကုန်သူတို့နှစ်ယောက်ကိုသတိထားမိကုန်တော့မည်။
ဟော်တယ်ထဲသို့ဝင်သွားသော ထိုပုံရိပ်လေးနှစ်ခုပျောက်သည်အထိ ‌မျက်တောင်မခတ်တမ်းစိုက်ကြည့်နေသော လူနှစ်ယောက်အမှောင်ထဲ၌ရပ်နေကြသည်။
ကောက်ကျစ်စဉ်းလဲသောအပြုံးများဖြင့် ထို‌လူနှစ်ယောက်မှာ မလွဲ‌ဧကန် Lee Teak တို့မောင်နှမနှစ်ယောက်သာ....
"သူတို့သွားပြီ....နင် ရလိုက်လား?"
"ဒါပေါ့မမရယ်။အေးဆေးပါ...ကျွန်တော်တစ်ချိန်လုံးစောင့်ကြည့်နေတာ မလွဲစေရဘူးစိတ်ချ"
"တော်တယ်...အိုက်ရား!!! ပုံကောင်းကောင်းလေးတွေ ခုချက်ချင်းပို့လိုက်တော့နော် မောင်လေး...။မမတို့ မနက်ဖြန်ကျရင် ပွဲကောင်းလေးတစ်ပွဲကြည့်ကတော့မယ်ထင်တယ်...ခစ်ခစ်!!"
အမှောင်ထဲ၌ ခွက်ချင်းတိုက်လိုက်သောကြောင့် ဝိုင်ခွက်နှစ်ခွက်၏ ချွင်ခနဲမြည်သံဟာ အနည်းငယ်ငြိမ်သက်နေသောပတ်ဝန်းကျင်ကြားအနည်းငယ်လှုပ်ခတ်သွားတော့သည်။နှုတ်ခမ်းပေါ်မှ အပြုံးတို့သည်လည်း အနည်းငယ် ကြောက်ဖို့ကောင်းနေပြန်သည်။နှစ်ယောက်စလုံး အတွေးတစ်ခုထဲဖြင့် တစ်ညတာအားပျော်ရွှင်စွာဖြတ်သန်းလိုက်ကြပြီး မနက်ဖြန်ပေါက်ကွဲမည့် ချိန်ကိုက်ဗုံးအတွက် တိတ်တဆိတ်မျှော်လင့်နေခဲ့ကြသည်။
လိုအပ်သည့် videoနှင့်ပုံများ ပို့သင့်သူဆီသို့ ပို့ပြီးသွားသည့်နောက် တစ်ဖက်လူဆီမှ ဖုန်းဝင်လာခဲ့သည်။ဖုန်းဖြေဆိုပြီးနောက် တစ်ပြိုင်နက်Lee Teakမျက်နှာ၌ ကျောချမ်းစရာအပြုံးတစ်ခု ထပ်မံပေါ်လာခဲ့ပြန်ပြီဖြစ်သည်။
++++++++++++++++++++++
Shen Quan Rui ၏နံနက်ခင်းအခန်းတံခါးအား လာခေါက်သူမှာHan Yujinဖြစ်ပြီး အလောတကြီးနိုင်လှသည်။လက်ထဲမှာလည်းဖုန်းတစ်လုံးကိုကိုင်ထားပြီး သူ့ပုံစံမှာ အလျင်လိုနေသလို.....
"Hyung!! ထတော့!!! ကျွန်တော့်ကို တံခါးဖွင့်ပေး"
"Hyung!!"
'ဒုန်း!!ဒုန်း!ဒုန်း!!'
တံခါးအားပြင်းထန်စွာထုနေတာကြောင့် အိပ်ကောင်းခြင်းဖြင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော Shen Quan Rui မျက်ခုံးများတွန့်ချိုးလျှက် နိုးလာတော့သည်။အိပ်ချင်မူးတူးဖြင့် ဘေးဘီအား လက်ဖြင့်စမ်းတော့မှ သူ့လိုပင် ကိုယ်လုံးတီးဖြင့် လူတစ်ယောက်ရှိနေမှန်းသတိရမိလိုက်သည်။
ထိုသူမှာလည်း နှစ်ခြိုက်စွာအိပ်ပျော်နေသော Kim Ji Woong သာဖြစ်၏။မနေ့ညက ဘယ်သူကစလိုက်မိမှန်းမသိပင်မဲ့ သူတို့နှစ်ယောက်အတူနေဖြစ်ခဲ့ကြသည်။
အပြင်၌ဆူညံသံများသူ့နားထဲသို့ပြန်ရောက်လာသောအခါ ချွမ်ရွေ့ရှက်စိတ်များဝင်ရောက်လာပြီး သူတို့နှစ်ယောက်ပေါ်လွှမ်းခြုံထားသော စောင်အား အနည်းငယ်လှပ်ကာ ရေချိုးခန်းထဲအရင်ပြေးတော့သည်။
နိစ္စဒူဝါဒများအား မြန်မြန်အပြီးသတ်ပြီးနောက် Ji Woong အားနှိုးရပြန်‌၏။
"ထအုန်း!! ထအုန်း!! Kim Ji Woong !!! အပြင်မှာငါ့ညီရောက်နေတယ်!! မင်းမြန်မြန် သန့်ရှင်းရေးလုပ်ပြီး အဝတ်ဝတ်တော့!!!"
"ကိုယ်ကဘာလို့ထပေးရမှာလဲ? အိပ်အုန်းမယ်ကွာ...နော်.....ငါးမိနစ်ပဲ"
'ဒုန်း!!!ဒုန်း!ဒုန်းးးး!!'
"Hyung!!!နိုးနေပြီမှတ်လား!!!! တံခါးဖွင့်ပေးလို့!!"
"အား!!!မင်းရဲ့ညီက အရှုပ်ထုပ်ပဲ!"
ထို့နောက် Kim Ji Woong မကျေမချမ်းဖြင့် ရေချိုးခန်းထဲသို့ဝင်သွားတော့သည်။ထိုမှသာ ချွမ်ရွေ့သက်ပြင်းချလိုက်ပြီး တံခါးအားမလုံမလဲဖြင့်ဖွင့်လိုက်ရသည်။
"ဘာဖြစ်လို့လဲ? Hyung ကိုဖုန်းဆက်ပြောလည်းရရဲ့သားနဲ့ "
ထိုသို့ပြောလိုက်သောအခါ ဧရာမမျက်စောင်းကြီးတစ်ခု ရှန်ချွမ်ရွေ့ဆီဝင့်ခနဲလက်ခနဲပျံသန်းလာ၏။
ဟန်ယူဂျင်း၏မျက်နှာထက်၌ နဂိုထက်အနည်းငယ်ဆူနေသောနှုတ်ခမ်းတို့လည်းရှိနေသေးသည်။သူ့ပုံစံမှာ မကျေမချမ်းဖြင့်....
"ကျွန်တော် ဖုန်းခေါ်ထားသားပဲ။ Hyungက ကိုင်မှမကိုင်ပဲကို..."
သူတို့နှစ်ယောက် အခန်းထဲဝင်လာပြီး ယူဂျင်းမှာ ချက်ချင်းဆိုဖာပေါ်ထိုင်ချလိုက်သည်။ ချွမ်ရွေ့ကတော့ ကုတင်ဘေး၌ရှိနေသော စားပွဲခုံအပုလေးပေါ်မှ ဖုန်းအားယူဖွင့်ကြည့်လိုက်မိ၏။ထိုအခါမှ Missed call ပေါင်း20ကျော်လောက်ဝင်နေခဲ့မှန်းသိလိုက်ရသည်။တစ်ချို့မှာ ဟန်ယူဂျင်းဖြစ်ပြီး အများစုကတော့သူ့အဖေ။ချွမ်ရွေ့ silent လုပ်ထားခဲ့၍မသိလိုက်ခြင်းသာ......
"ကျွန်တော်တို့ပြန်မှဖြစ်မယ်....ဘာကိစ္စလည်းဆိုတာတော့မသိဘူးရယ်"
ဟန်ယူဂျင်းမျက်နှာထက်၌ စိတ်ရှုပ်ထွေးလျှက်
"ဘာဖြစ်လို့လဲ"
"ကြည့်ရတာ အဖေ့အိမ်ထောင်ရေးကိစ္စပဲလားမသိပါဘူး....ဒါပင်မဲ့ ဘာလို့ ခုချက်ချင်းလာဖို့ခေါ်နေလဲဆိုတာ စဉ်းစားမတတ်တော့ဘူး!!"
ရေချိုးခန်းဆီမှတံခါးဖွင့်သံကြားပြီးနောက် တစ်ချိန်တည်းမှာပဲ အခန်းထဲ၌ သူတို့နှစ်ယောက်အပြင် နောက်လူရှိနေမှန်း ဟန်ယူဂျင်းသိလိုက်ပြီ။ရေချိုးခန်းထဲမှထွက်လာသော ကင်မ်ဂျီဝန်းက ချွမ်ရွေ့ကိုပြုံးပြလျှက်......
"ကိုယ့်ကြောင့်အနှောင့်ယှက်ဖြစ်သွားရင်sorry"
"Ji Woong ငါတို့ပြန်မှဖြစ်မယ်"
မဟုတ်လည်း သူတို့တွေအကုန် နောက်သုံးရက်လောက်နေရင် ပြန်ဖို့ စီစဉ်ထားကြတာဖြစ်ပြီး အခုက အနည်းငယ်စောသွားရုံမျှသာရှိမည်။ကင်မ်ဂျီဝန်းက မကျေမနပ်လည်းမဖြစ်သွားသလို၊ ကန့်ကွက်မည့်ပုံလည်းမပြချေ။နှုတ်ခမ်းပါးတို့ကိုစေ့ပိတ်ထားပြီး....ရေစိုနေသောဆံပင်က သူ့နဖူးပေါ် ကပ်တင်နေ၏။
"အရေးကြီးကိစ္စတစ်ခုခုပေါ်လာလို့လား"
"အင်း....ငါနဲ့ယူဂျင်းနဲ့အရင်ပြန်နှင့်လိုက်မယ်။ဒီကကိစ္စတွေကိုတော့ မင်းတို့နှစ်ယောက်ထဲစီမံပေးလို့ အဆင်ပြေတယ်မှတ်လား?"
သူ့ကိုတစ်ယောက်ထဲထားခဲ့ကာ ရှန်ချွမ်ရွေ့ကအရင်ထွက်သွားမည့်စကားအားကြားတော့မှ ကင်မ်ဂျီဝန်းမျက်နှာကြီး မဲကျသွားတော့သည်။သုတ်လက်စ သဘက်အား ဘေးသို့ပစ်ချလိုက်ရင်း bathrobeအား ကြိုးရဲ့ရဲ့သာချည်ထားသော သူ့ခန္ဓာကိုယ်မှာ ချွမ်ရွေ့နားအတင်းပူးကပ်လာတော့သည်။တစ်ဖက်ဆိုဖာ၌ထိုင်နေသော ဟန်ယူဂျင်းကိုလည်း ဂရုစိုက်ပုံမရ....ဂျီဝန်းက သူ့လက်အား အတင်းဆွဲကိုင်ထားပြီး...
"ကိုယ်တစ်ကယ်ပဲအတူတူပြန်လိုက်လို့မရဘူးလား? ကိုကိုက ရွေ့ရွေ့နဲ့ပြန်ချင်တာလေ။ကိုယ့်ကိုတစ်ယောက်ထဲထားခဲ့ရက်တယ်ပေါ့?.....ကိုကိုတစ်ယောက်ထဲဒီမှာ ဘယ်လိုနေခဲ့ရမှာလဲ....."
နေပါအုန်း.....သပ်သပ်စီပြန်မယ်ဆိုတဲ့စကားက ကင်မ်ဂျီဝန်းအပေါ် ကိုယ့်အိန္ဒြေတောင် ကိုယ်မဆယ်နိုင်လောက်တော့တဲ့ထိ သက်ရောက်သွားတာလား?
ဘာကမှားနေတာလဲ???
"ဒါဆိုမင်းက ဘယ်လိုလုပ်ချင်လို့လဲ?"
"ကိုယ်က မင်းနဲ့အတူတူပြန်မယ်.... Gyuvin ကိုတစ်ယောက်ထဲထားခဲ့လိုက်!"
ထိုစကားကြောင့် တစ်လျှောက်လုံးငြိမ်ကုပ်ကာကြည့်နေခဲ့သော ဟန်ယူဂျင်း ငေါက်ခနဲ ထလာပြီးပေါက်ကွဲပြလေတော့သည်။
"သူများကိုကို,ကို တစ်ယောက်ထဲဘယ်လိုလုပ်ထားခဲ့မှာလဲ!!! မရဘူး!!"
"ငါကလည်း ရွေ့ရွေ့ကိုကိုပဲလေ! မကျေနပ်ရင် မင်းလည်းနေခဲ့လိုက်ပေါ့"
"ကျစ်! ခင်ဗျား!!"
ဟန်ယူဂျင်းမှာ လက်ညှိုးကြီးထိုးလျှက် အင်မတန်မှ ဒေါသပုံထနေသည့်အတိုင်း။ကြားထဲက ရှန်ချွမ်ရွေ့က နှစ်ယောက်စလုံးကြားဝင်ရပ်၍ဆွဲတော့မှ ထိုရန်ပွဲအသေးစားလေး ရပ်တန့်သွားတော့သည်။
"တစ်ကယ်လို့Gyuvinတစ်ယောက်ထဲကျန်ခဲ့မယ်ဆို ကျွန်တော်သူနဲ့အတူတူနေခဲ့လိုက်တော့မယ်"
ဟုတ်တယ်လေ......သူကတစ်ယောက်ထဲဘယ်လိုထားခဲ့ရက်မှာလဲ! ပြီးတော့ သူ့အဖေခေါ်တယ်ဆိုတာကလည်း ချွမ်ရွေ့ကိုသာ ပြန်လာစေချင်ကြောင်း၊သူနဲ့အမြန်တွေ့ပြီး ပြောစရာရှိသည့်အကြောင်းသာ.....။ယူဂျင်းကိုတော့ပြန်လိုက်ခဲ့ဖို့ စကားထဲမပါဘူးထင်တာပဲ...။
ထို့နောက် ယူဂျင်းက ချွမ်ရွေ့အား ပစ္စည်းတွေသိမ်းထားရန်နှင့် ဒီမနက်ကိုပင် လေယာဉ်နှင့်ထွက်ခွာရန် နှိုးဆော်လိုက်ပြီး သူကတော့ အခန်းပြင်သို့ထွက်သွားလေတော့သည်။
အခန်း၏အပူချိန်မှာ ရုတ်တရပ်ကျဆင်းနေပြီး ရှန်ချွမ်ရွေ့ကလည်း ဆိုဖာပေါ်၌ တိတ်ဆိတ်လျှက်သား။ကင်မ်ဂျီဝန်း အခန်းထဲ၌ အင်္ကျီမြန်မြန်လဲလိုက်ပြီး....မလှုပ်မရပ်ဖြင့်ထိုင်နေသော သူ့အချစ်အား ပွေ့ဖက်လိုက်သည်။
"ဘာဖြစ်သွားတာလဲ? ကိုကို့ကိုပြောပြပါအုန်း"
"ငါ့စိတ်ထဲလေးနေသလိုပဲ...တစ်ခုခုဖြစ်တော့မလိုခံစားနေရတယ်..."
သူက လက်သူကြွယ်၌ရှိနေသော လက်စွပ်လေးအား အထပ်ထပ်အခါအခါ ပွတ်သပ်နေမိပြီး မျက်တောင်စိပ်ဖျားလေးများ မသိမသာတုန်ယင်နေခဲ့သည်။
Ji Woong က ချွမ်ရွေ့နားဖျားလေးအား အကြိမ်ကြိမ်အနမ်းပေးလိုက်ပြီးနောက် ခန္ဓာကိုယ်လေးအား သူ့ရှေ့သို့ဆွဲယူ၍ မျက်လုံးချင်း ဆုံစေလိုက်သည်။
"ဘာတွေပဲဖြစ်လာဖြစ်လာ....ကိုယ့်ကိုထပ်ပြီးလက်မလွှတ်နဲ့! ပထမတစ်ခါ ကိုယ်တို့ဝေးခဲ့ကြပြီးပြီ။ထပ်ပြီး ကိုယ့်ကိုခွဲမသွားနဲ့နော်.....။ဘယ်ပြဿနာတွေပဲဖြစ်ဖြစ် ကိုယ်တို့နှစ်ယောက်အတူတူရင်ဆိုင်ကျော်ဖြတ်နိုင်မှာပါ"
ချွမ်ရွေ့က ကင်မ်ဂျီဝန်းမျက်ဝန်းများအားစိုက်ကြည့်ပြီး လွတ်လမ်းရှာတွေ့သွားသည့်အပြစ်သားတစ်ယောက်လိုမျိုး စိတ်အားလျှော့ချလိုက်လျှက် ကင်မ်ဂျီဝန်းလည်ပင်းအား သိုင်းဖက်လိုက်မိသည်။
သူ့ရဲ့ခေါင်းက တစ်ဖက်လူ၏ရင်ခွင်ထဲနစ်မြုပ်နေပြီး စည်းချက်ညီညီဖြင့် ခုန်နေသော ကင်မ်ဂျီဝန်းရဲ့ရင်ခုန်သံတွေကိုခိုးနားထောင်နေခဲ့သည်။
"ငါမင်းကို ထပ်ပြီး လက်လွှတ်လိုက်ဖို့ စိတ်ကူးမရှိပါဘူး...ငါ့ဆီမှာ မင်းနဲ့ မားပဲရှိတာလေ။ငါမင်းတို့ကို ကာကွယ်ပေးမှာပါ"
ကင်မ်ဂျီဝန်းက သူ့ကိုရင်ခွင်ထဲမှ ဆွဲထုတ်လိုက်ပြီး နဖူးပေါ်ဝဲကျနေသော ‌ဆံနွယ်တစ်ချို့ကို သပ်တင်ပေးလိုက်သည်။
"မဟုတ်ဘူး ...ကိုကို့ကို မင်းကာကွယ်ပေးစရာမလိုဘူး။ရွေ့ရွေ့လက်ကိုတွဲပြီး ကိုယ်က ကာကွယ်ပေးမှာ"
ထို့နောက် ချွမ်ရွေ့ စိတ်သက်သာရာရသွားသလိုမျိုး ရယ်လိုက်ကာ အဝတ်စားထည့်ဖို့ထွက်သွားတော့သည်။
"ကောင်းပြီ။ငါမင်းကိုယုံတယ်"
******************************
လေယာဉ်ပေါ်မှဆင်းသည်နှင့် ချမ်းစိမ့်စိမ့်လေအေးများ တိုက်ခတ်လာမှုကြောင့် ချွမ်ရွေ့ကိုယ်လေး အနည်းငယ်တုန်ယင်သွားမိသည်။Ji Woong ကအလိုက်တသိဖြင့် ချက်ချင်း သူ့အပေါ်ထပ်အား ချွတ်ကာ ခြုံပေးလိုက်သည်။
ညနေစောင်းအချိန်မို့ ရာသီဥတု၏အပူချိန်ဟာလည်းတဖြေးဖြေးကျဆင်းလျှက်ရှိသည်။ဒီအခြေနေ၌ အင်္ကျီလက်တိုအပါးတစ်ထည်တည်းဖြင့် သွားလာရသည်မှာ လုံးဝအဆင်မပြေနိုင်ချေ။
သို့သော်လည်း ကင်မ်ဂျီဝွန်းမှာ မတွန့်ဆုတ်လေပဲ ချစ်ရသူအား လွှမ်းခြုံပေးခဲ့ပါ၏။
"မင်း အေးနေမှာပေါ့"
"ကိုယ်ကအဆင်ပြေတယ်"
"ငါလည်း အဆင်ပြေတယ်လေ..."
"ဟင့်အင်း မရဘူး။ရွေ့ရွေ့နေမကောင်းဖြစ်ရင် ကိုကိုက ပိုခံစားရလိမ့်မယ်"
ချွမ်ရွေကတော့ မျက်စောင်းတစ်ချက်ထိုးပြီး ဘာမှဆက်ပြောမလာတော့ချေ။ကားပေါ်ရောက်သည်နှင့် ချွမ်ရွေ့က ချက်ချင်း Ji Woong ကို အနမ်းပေးလိုက်သည်။သူ၏လုပ်ရက်ကြောင့် တစ်ဖက်လူမှာကြောင်အလျှက်.....
"ငါ့ရဲ့အနွေးဓာတ်တွေ မင်းကိုပေးနေတာ"
ထို့နောက် ကင်မ်ဂျီဝွန်းက ညစ်ကျယ်ကျယ်ပြုံးလိုက်ပြီး လျှာသပ်လိုက်ကာ....
"မလုံလောက်သေးဘူး။ကိုကိုအေးနေတုန်းပဲ"
ချက်ချင်းပင် ချွမ်ရွေ့လက်အားသူ့ဆီသို့ဆွဲယူလိုက်ကာ ပြင်းပြင်းပြပြနမ်းရှိုက်ပစ်လိုက်တော့သည်။
အနွေးဓာတ်အားခိုးယူခြင်းမှာ လွန်စွာမှအရဿာရှိလှပြီး....ရှန်ချွမ်ရွေ့စလိုက်သောထိုနည်းလမ်းအား ကင်မ်ဂျီဝန်းမှာ တဘောတကျကျဖြင့်....။
ခဏအကြာ ရှုသွင်းဖို့ရန် အောက်ဆီဂျင် လိုအပ်လာပြီမို့....မွတ်သိပ်စွာနမ်းနေသော ကင်မ်ဂျီဝန်းအား ချွမ်ရွေ့အားအကုန်သုံးကာ တွန်းထုတ်ရလေတော့သည်။ထိုအခါမှ ပူးကပ်နေသော ခန္ဓာကိုယ်နှစ်ခုမှာ အနည်းငယ် ကွာသွားပြီး လိုအပ်နေသော လေအား ချွမ်ရွေ့အသည်းအသန်ရှူရလေ၏။ကင်မ်ဂျီဝွန်းကတော့ လျှာသပ်နေမိကာ သူ့အကြည့်များက နီရဲစိုစွတ်နေသော ချွမ်ရွေ့နှုတ်ခမ်းပါး၌ ကျောက်ချလျှက်သား.....။လက်မလွှတ်နိုင်စွာ သူ့အပိုင် ချိုမြိန်မှုလေးအား နှမြောတသစွာ စိုက်ကြည့်လို့နေလေတော့သည်။
"ကိုကို ထပ်နမ်းချင်သေးတယ်။အကြာကြီးနမ်းချင်တာ....! ရွေ့ရွေ့ကို အချိန်တိုင်းနမ်းချင်တာ!!"
"မရဘူး....ကားမောင်းစရာရှိတာသာမောင်းတော့"
ခပ်တည်တည်ဖြင့်အမိန့်ဆန်ဆန်ထိုစကားအား ဂျီဝန်းကြားလိုက်ရတော့ စိတ်မဆိုးမိဘဲ သဘောကျစွာ ခပ်ဟဟရယ်လိုက်တော့သည်။
"ကောင်းပါပြီဗျာ....ခင်ဗျားလေးစကားကိုပဲ ကျုပ်က နာခံရမှာပေါ့"
ချွမ်ရွေ့သည်လည်း မျက်ဝန်းကလေးများ ပိတ်ကျသွားသည်အထိရယ်လိုက်ပြီး ခရီးပင်ပန်းနေမှုကြောင့် ခဏအတွင်း သူအိပ်ပျော်သွားခဲ့သည်။ကားကလေးသည်အတားအဆီးမရှိ လျှင်မြန်စွာမောင်းနှင်နေပြီးနောက် ၃၅မိနစ်အကြာ၌ ချွမ်ရွေ့တစ်ခေါက်ပြန်နိုးလာခဲ့ပြီဖြစ်သည်။အိမ်တော်ကြီးသို့ရောက်ရန်လည်း သိပ်‌‌မလိုတော့ချေ။
ထို့နောက် ချွမ်ရွေ့ကသူ့အားစိုက်ကြည့်နေသလိုခံစားလိုက်ရတာမို့ Ji Woong ချက်ချင်းခေါင်းလှည့်ကြည့်လိုက်ပြီး...
"ဘာဖြစ်လို့လဲ? ခေါင်းကိုက်လို့လား....?"
"ငါ...မင်းလက်ကို ခဏကိုင်ချင်လို့"
ကင်မ်ဂျီဝန်း အနည်းငယ်မျှ မယုံနိုင်သလိုအံ့ဩသွားပြီးနောက် စတီယာရင်အားကိုင်ထားသော သူ့ညာလက်မှာ ချွမ်ရွေ့လက်အား ချက်ချင်းဆုပ်ကိုင်လာလေတော့သည်။နွေးထွေးနူးညံ့လှသော ထိုလက်ဖဝါးလေးမှာ အနည်းငယ် ချွေးစို့နေခဲ့၏။ထို့နောက် ထိုလက်ဖဝါးငယ်အား မသိမသာအားပေးသလိုမျိုး သူခပ်ဖွဖွပွတ်သပ်ပေးနေမိပြန်သည်။
အိမ်တော်ဝန်းထဲသို့ရောက်သည်အထိ သူတို့နှစ်ယောက်လက်တွဲမဖြုတ်မိကြချေ။အဲ့ဒီ့နောက်ကားစက်ရပ်လိုက်တော့မှ ကင်မ်ဂျီဝန်းကအရင် ချွမ်ရွေ့အား ထိုင်ခုံခါးပတ်ဖြုတ်ပေးလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ကိုကို့ကို ဖုံးကွယ်မထားရဘူးနော်...တစ်ခုခုဖြစ်ရင် အရင်ဦးဆုံး ကိုယ့်ကိုပြောပြရမယ်။ကိုယ်တို့အတူတူ ဖြေရှင်းကြမယ်"
"အင်း သိပြီ"
"ချစ်တယ်...အိမ်ပြန်ရောက်ရင်ဖုန်းခေါ်လိုက်မယ်။ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်"
"ကိုကိုရောပဲ"
ဂျီဝန်းက‌ပြုံးလိုက်ပြီးနောက် ချွမ်ရွေ့က ကားပေါ်ကဆင်းလိုက်သည်။အသက်အားဝဝရှူကာ နောက်ပြန်တစ်ချက်လှည့်ကြည့်ပြီးနောက်....တိတ်ဆိတ်နေသော ထိုအိမ်ကြီးထဲသို့ သူဝင်သွားလိုက်တော့သည်။Kim Ji Woong ရဲ့ကားလေးသည်လည်း ထိုနေရာမှထွက်ခွာသွားပြီဖြစ်သည်။
ဧည့်ခန်းထဲ၌ သူ့ကိုစောင့်နေသော မြင်ကွင်းသည် တစ်နေရာထဲ၌ သူ၏Shenမိသားစုဝင်များအား တစ်စုတစ်ဝေးထဲတွေ့လိုက်ရခြင်းပင်.....
အဖိုးကြီးShenကတော့ ထိပ်ဆုံးကဆိုဖာပေါ်မှာထိုင်နေခဲ့ပြီး သူ့မျက်ဝန်းများက မှုန်မှိုင်းနေခြင်းမရှိ၊တည်ငြိမ်အေးစက်မှုများသာရှိနေသည်။ဘေးဆိုဖာ၌ရှိနေသော သူ့အဖေမှာလည်း တူညီသော တုံ့ပြန်မှုများရှိနေပြီး...မတူညီသူနှစ်ယောက်မှာတော့ မျက်နှာချင်းဆိုင်မှာထိုင်နေကြသော သူ့အဖေရဲ့ညီ Shen Min Jooနှင့် ထိုသူ၏သား Min Jeon။
သူတို့နှစ်ယောက်စလုံးက ပြဿနာအကုန်လုံးအား ဘေးမှ ပွဲကြည့်ပရိတ်သတ်တစ်ယောက်လိုမျိုး အခန့်သားဖြင့် ထိုင်ကြည့်နေကြသည်။အထူးသဖြင့် Min Jeon၏မျက်နှာ၌ ရှိသော အပြုံးကြီးသည် လုံးဝဖုံးဖိ၍ပင်မရနိုင်လောက်အောင် အကျဉ်းတန်လို့နေ၏။
ထို့နောက်အဖိုးကြီးရှန်က ပြောလာသည်။
"ကျွန်းပေါ်က ဟော်တယ်စီမံကိန်းပရောဂျက်ကအဆင်ပြေရဲ့လား...?"
ချွမ်ရွေ့က အဖိုးကြီးရှန်မျက်နှာချင်းဆိုင်ရှိဆိုဖာပေါ်၌ ထိုင်လျှက် ခေါင်းငြှိမ့်လိုက်သည်။
"ဟုတ်ကဲ့ဖိုးဖိုး"
"Kimလုပ်ငန်းစုကကလေးကရော?...မင်းနဲ့အတူတူပဲလား"
"ဗျာ"
ချွမ်ရွေ့ ရုတ်တရပ်စွံ့အသွားသည်မို့ သူ့အဖိုးအားနားမလည်နိုင်စွာ မော့ကြည့်လိုက်မိသည်။ထိုခဏ သူတို့နှစ်ယောက်အကြည့်ချင်းဆုံသွားခဲ့ပြီး အဖိုးကြီးShenဟာ သက်ပြင်းငွေ့ငွေ့ချလိုက်ပြီး..
"ဒီဓာတ်ပုံတွေကို တစ်ချက်ကြည့်လိုက်ပါအုန်း.....။
ဒါက မင်းနဲ့Kimလုပ်ငန်းစုကကလေးရဲ့ ပုံတွေလား?"
အဖိုးကြီးရဲ့စကားအဆုံး ဓာတ်ပုံတစ်ချို့ သူ့ရှေ့ရှိစားပွဲခုံပေါ်ပြန့်ကျဲလာခဲ့သည်။ပုံအများစုမှာ အနည်းငယ်မှုန်ဝါးနေသော ပတ်ဝန်းကျင်၌လူနှစ်ယောက်ပွေ့ဖက်နေကြသည့်ပုံများပင်ဖြစ်သည်။တစ်ခါတစ်ရံနမ်းရှုံနေကြသည့်ပုံများပင် ပါနေခဲ့၏။ဓာတ်ပုံများမှာ မကြည်လင်၊မပြတ်သားသည့်တိုင် ထိုလူနှစ်ယောက်မှာ ချွမ်ရွေ့နဲ့ ကင်မ်ဂျီဝွန်းမှန်း ထင်ရှားနေလေသည်။ငြင်းဖို့ရန်ပင် မဖြစ်နိုင်တော့ချေ......
မည်မျှပင် ချွမ်ရွေ့ ဂရုမစိုက်ဘူးဆိုဆို မိဘအဖိုးအဖွားရှေ့ ယခုကဲ့သို့ ဖွင့်ချခံရသည်ကြောင့် ရေခဲရေပုံးကြီး ခေါင်းပေါ်လောင်းချခံလိုက်ရသလို ‌ဦးခေါင်းမှခြေဖျားထိ ပူထူကာ ထုံကျင်သွားမိတော့သည်။
ထို့နောက်သူ့အကြည့်များမှာ သူ့အားတစ်လျှောက်လုံး ခပ်လှောင်လှောင်စိုက်ကြည့်နေသော Min Jeon ထံသို့......
ချွမ်ရွေ့နဲ့ သူ အကြည့်ချင်းဆုံသွားသည့်တစ်ခဏ ထိုလူဟာ နှုတ်ခမ်းများကော့တက်သည်အထိသူ့အား နှစ်လိုဖွယ်ပြုံးပြလာပြီး....တစ်စုံတစ်ခုအား တိုးတိုးတိတ်တိတ်ရေရွတ်လိုက်သည်။
"လက် ဆောင်"
-TBC-
! ZAWGYI!
"ကြောက်လို့လေ"
Ji Woong က ငါ့အပိုင်လေ!"
++++++++++++++++++++++
"Hyung!!"
'ဒုန်း!!ဒုန်း!ဒုန်း!!'
'ဒုန်း!!!ဒုန်း!ဒုန်းးးး!!'
"ဘာဖြစ်လို့လဲ"
နေပါအုန်း.....သပ်သပ်စီပြန်မယ်ဆိုတဲ့စကားက ကင်မ်ဂျီဝန်းအပေါ် ကိုယ့်အိန္ဒတြောင် ကိုယ်မဆယ်နိုင်လောက်တော့တဲ့ထိ သက်ရောက်သွားတာလား?
ဘာကမှားနေတာလဲ???
"ကျစ်! ခင်ဗျား!!"
"ကောင်းပြီ။ငါမင်းကိုယုံတယ်"
******************************
"မင်း အေးနေမှာပေါ့"
"ကိုယ်ကအဆင်ပြေတယ်"
"ငါလည်း အဆင်ပြေတယ်လေ..."
"မလုံလောက်သေးဘူး။ကိုကိုအေးနေတုန်းပဲ"
"အင်း သိပြီ"
"ကိုကိုရောပဲ"
"ဟုတ်ကဲ့ဖိုးဖိုး"
"ဗျာ"
"လက် ဆောင်"
-TBC-
Continue Reading
You'll Also Like
7.1K 656 16
Minamz Start Date-23.5.23
886K 51.2K 81
"A Master without a submissive is a guy. Just a guy. " #Quotestest.com
660K 40.3K 104
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
250K 6.1K 52
⎯⎯⎯⎯⎯⎯⎯ જ⁀➴ 𝐅𝐄𝐄𝐋𝐒 𝐋𝐈𝐊𝐄 .ᐟ ❛ & i need you sometimes, we'll be alright. ❜ IN WHICH; kate martin's crush on the basketball photographer is...