Canolaပန်း​လေးရဲ့အဓိပ္ပါယ် (C...

By Xiao_Wang_Di

1.8K 134 12

Canolaပန်း​လေးရဲ့အဓိပ္ပါယ်က​ပျော်ရွှင်ခြင်းတဲ့ ဒီပန်း​လေးကိုယူပြီးအသက်တစ်ဘဝလုံး​​ပျော်ရွှင်နိုင်ပါ​စေ​နော် ... More

မိတ်ဆက်ခြင်း
intro
🍀ဆုံစည်းခြင်းရဲ့နိဒါန်း🍀
🌸Canolaပန်းချစ်သူ🌸
🍁ပန်း​လေးရဲ့ကတိစကား🍁
🌹ချစ်ရသူနဲ့ပြန်​တွေ့ချိန်🌹
မခွဲခွာခင်အခိုက်အတန့်🥀
🌻လွမ်းဆွတ်ခြင်းရဲ့​နေ့စွဲများ🌻
☘ဆန်းကြယ်​သောကံကြမ္မာ☘
ရပ်တန့်ထားချင်​သောအချိန်​လေး🍁
❤💚Canolaပန်း​လေးရဲ့အဓိပ္ပါယ် or final
...

🍂​နောက်ဆုံးအချိန်🍂

110 7 0
By Xiao_Wang_Di

​နောက်ဆုံးအချိန်​တော့​နောက်ဆုံးအချိန်ပဲ
ဒါ​ပေမယ့်.....

_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

(၃လအကြာ)

အခု​နောက်ပိုင်းကိုကို့ရဲ့အ​ခြေအ​နေကသိပ်မဟန်ချင်​တော့ အရမ်းလည်း​မောဟိုက်လာကာအပင်ပန်းလည်းမခံနိုင်​တော့​ပေ
Doctor ziက​တော့လာ​ပြောသွားတယ်
ဒီတစ်လအတွင်း​ပျော်စရာ​တွေဖန်တီးပြီး​ပျော်ရွှင်​အောင်ထား​ပေးပါတဲ့

အဲ့ဒါ​ကြောင့်ဒီ​နေ့လူစုံတက်စုံခရီးထွက်ဖို့ပြင်​နေကြ​လေတယ်

"ကိုကို​ရေ....သွားကြ​တော့ ......ကိုကို!!"

ရိ​ပေါ်အိမ်ထဲဝင်လာ​တော့ကိုကိုကဆိုဖာခုံ​ပေါ်မှာလှဲ​နေတာ​ကြောင့်ရိ​ပေါ်လန့်သွား​လေတယ်

"ကိုကို..!!ကိုကို ဟင့်!!ထပါအုံးကိုကိုရယ်...ဟင့်"

ရိ​ပေါ်ငိုယိုကာ​တောင်းပန်မိတယ် ကိုကို့ ကိုအတင်းလှုပ်နှိုးရင်းနဲ့​ပေါ့ ရိ​ပေါ်တကယ်​ကြောက်မိပါတယ်ကိုကိုထားသွားမှာကို
ရိ​ပေါ်ရဲ့လှုပ်နှိုးမှု​ကြောင့်ကိုကိုကနိုးလာ​လေတယ်

"အင်းး...အသက်​လေးဘာလို့ငို​နေတာလည်း"

"ကိုကို...ဟင့်..!!"

ရိ​ပေါ်ကိူကို့ရင်ခွင်ကျယ်ထဲတိုးဝင်မိတယ်
ကိုကိုကလည်းရိ​ပေါ်ကိုပြန်ဖက်ထား​လေတယ်

"ကျွန်​တော်လန့်သွားတာ ကိုကိုထားသွားပြီထင်ပြီးဟင့်"

"ကိုကိုကပင်ပန်းပြီးခနအိပ်​ပျော်သွားတာပါအသက်​လေးရယ် မငိုနဲ့​တော့​နော်တိတ်တိတ် "

ရင်ခွင်ထဲကအသက်​လေးကငိုလို့လည်းဝသွားရောမျက်ရည်​တွေကိုဆွဲသုတ်ကာသူမဟုတ်သလိုပြုံးပြလာ​သေးတယ်

"သွားရ​အောင်​လေကိုကို...လူကြီး​တွေ​စောင့်​နေ​ရော​ပေါ့"

အသက်​လေးကသူ့လက်ကိုဆွဲလာတာ​ကြောင့်​ရှောင်ကျန့်လည်းအသက်​လေး​နောက်ကိုငြိမ်ငြိမ်​လေးလိုက်လာလိုက်တယ်

"​ဟော. ​ရောက်လာကြပါပြီ....တက်တက်ကား​ပေါ်မြန်မြန်တက်"

ဒီခရီးမှာကယိ​ပေါ်တို့ရယ်အမဝမ်လင်းတို့အတွဲရယ်နဲ့ချီချီ၊​ဖေးဖေး၊စန်စန်တို့အပြင်မိန်ဇီယိပါ ပါတာ​ကြောင့်အားလုံး​ပေါင်းလူ၈​ယောက်ဖြစ်တယ်
ခရီးသွားကားရှည်နဲ့သွားကြမှာမို့ကားတစ်စီးတည်းနဲ့လုံ​လောက်​လေတယ် ကား​မောင်းသူကအကိုပိုင်တန်းပေါ့​နော်

ကား​လေးစတင်လို့ထွက်ပြီဆိုတာနဲ့ကိုကိုကအပြင်ကို​ငေးရင်းလိုက်လာ​လေတယ်
ကားရဲ့​ရှေ့ဆုံးဒရိုက်ဘာခန်းမှာအကိုပိုက်တန်းနဲ့အမဝမ်လင်း၊ဒုတိယခန်းမှာမိန်းက​လေး၄​ယောက်၊​နောက်ဆုံးခန်းမှာ​တော့ရိ​ပေါ်နဲ့ကိုကိုနှစ်​ယောက်တည်းသာ

"ကိုကို..."

"​ဘာဖြစ်လို့လည်းအသက်​လေး"

ရိ​ပေါ်ခေါ်မှလှည့်ကြည့်လာတဲ့ကိုကိုကမျပ်နှာ​လေးလည်းအနည်းငယ်ညှိုးလို့ ရိ​ပေါ်လည်းကိုကို​ပျော်အောင်ဘာလုပ်​ပေးရမလည်းဆိုပြီးစဥ်းစား​နေ​လေတယ်

​ရှောင်ကျန့်တစ်​ယောက်သူ့ကို​ခေါ်ပြီးဘာမှ​ပြောမလာတဲ့အသက်​လေး​ကြောင့်စိတ်ရှာ်ရှည်နဲ့အသက်​လေး​ပြောမှာကို​​စောင့်​ပေး​နေလိုက်တယ်

"ကိုကို!"

"ဗျာ..."

"ကျွန်...ကျွန်​တော်ကဘာနဲ့တူ..တူလည်း"

"ဟင်...??"

"ကျွန်​တော်ကမိန်းက​လေးနဲ့တူလား ​ယောကျား​လေးနဲ့တူလား"

"ဟက်္..ကိုကို့အသက်​လေးကကိုကို့အသက်​လေးနဲ့တူပါတယ်ဗျ"

"ဟာ.. ..."

"အသက်​လေးကိုကိုရူး​တော့မယ်သိလား"

"ဘာလို့လည်း"

"အသက်​လေးကချစ်ဖို့​ကောင်းလွန်းလို့ကိုကိုအသည်းယားလွန်းလို့ရူး​တော့မယ်"

"ကို.. အင့်"

မ​ပြောမဆိုနဲ့ဆွဲဖက်လိုက်တဲ့ကိုကို့​ကြောင့်ရိ​ပေါ်မှာအင့်ခနဲ ရိ​ပေါ်တို့ကိုအ​ရှေ့ကလူ​တွေမမြင်ရ​အောင်ကိုကိုကလိုက်ကာစကိုဆွဲပိတ်လိုက်တယ် အ​ရှေ့ကလူ​တွေကလည်းခလူးခ​​လောနဲ့သေ​နေကြ​တော့သူတို့ကိုသတိ​တောင်မထားမိ​ပေ

"ကိုကို..!!"

ရိ​ပေါ်ကို​ပွေ့လို့​ပေါင်​ပေါ်တင်လိုက်တာ​ကြောင့်ရိ​ပေါ်ကကိုကို့ကိုခွထိုင်လျက်သား​လေး ကိုကိုကရိ​ပေါ်ရဲ့လည်တိုင်ကြားတိုးဝင်ကာမျက်လုံး​လေးမှိတ်လို့​မှေး​နေ​လေတယ် ရိ​​ပေါ်ကသာကိုကို့ရဲ့အပြုအမူ​တွေကြား​တောင့်​တောင့်​လေး

"ကိုကိုအိပ်ချင်တယ်အသက်​လေး"

ရိ​ပေါ်ရဲ့ကိုယ်​လေးကို ကိုကိုကသူ့ရဲ့ရင်ဘတ်နဲ့ကပ်သည်အထိတင်းတင်းကျပ်ကျပ်ဖက်လိုက်တာ​ကြောင့်ရိ​ပေါ်တို့ကြား​လေပင်တိုးလို့မရ​ပေ ရိ​ပေါ်ကကိုကို့ရဲ့​ပေါင်​ပေါ်မှာခွထိုင်​နေရတာ​ကြောင့်ကိုကို့ထက်အနည်းမြင့်​နေ​လေသည် ရိ​ပေါ်လည်း​ကိုကို့ရဲ့ပုခုံး​​ပေါ်​မေး​လေးတင်လို့မျက်လုံး​လေးမှိတ်ထားရင်း

"ကိုကိုအိပ်ချင်အိပ်လိုက်​လေ ကျွန်​တော်လည်းအိပ်မယ်"

ထိုသို့ဖြင့်​ကောင်​လေးနှစ်ယောက်တစ်​ယောက်ပုခုံး​ပေါ်တစ်​ယောက်မျက်နှာဝှက်လို့ခရီးလမ်းတစ်​လျှောက်အိပ်ရင်းနဲ့ပင်လိုက်လာ​လေတယ်

[ ဒီအခန်းကကိုကိုမင်းခန့်ရဲ့ supernal loveထဲကအခန်း​လေးတစ်ခန်းနဲ့ခပ်ဆင်ဆင်​လေးရယ် တူ​တော့မတူဘူး​နော် ဟုတ်တယ်မလား]

_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

သူတို့​ရောက်လာတဲ့​နေရာကကျူးလစ်ပန်းခင်းကြီး
ကျူးလစ်ပန်း​ရောင်စုံ​တွေကထွက်​ပေါ်စ​နေ​ရောင်​အောက်မှာလှပစွာယိမ်းနွဲ့လျက်ပင်
အိမ်​သေး​လေးတစ်လုံးအပြင်ရဲတိုက်ကြီးကပါပန်းခင်းကြီးထဲရှိ​နေ​သော​ကြောင့်သူတို့အတွက်​နေဖို့စားဖို့မပူရ။ သိပ်လှတဲ့ဒီ​နေရာကို​ရောက်တာနဲ့သူတို့အားလုံးရဲ့မျက်နှာကအပြုံးပန်းများ​ဝေဆာလို့ပင်

"ဓါတ်ပုံထဲမှာထက်ပိုလှ​နေတယ်"

"ဟုတ်ပါ့​နော်"

"​ရေးးး.....ဝိုးးး..လှလိုက်တာ"

​အော်ပြီးပန်းခင်းကြီးထဲ​ပြေးဝင်သွားတဲ့စန်စန့်​နောက်ကိုချီချီနဲ့ဇီယိတို့ကပါ​ပြေးလိုက်သွား​လေတယ်
​ဖေး​ဖေးက​တော့အစကမလိုက်ဘူးဆို​ပေမယ့်doctor zi​ပြေးသွားတာမြင်​တော့သူမ​နောက်ကို​​ပြေးလိုက်သွား​လေတယ်

"ကိုကိုလာ..!"

သူ့လက်ကိုဆွဲကာပန်းခင်းကြီးထဲ​ပြေးဝင်သွားတဲ့အသက်​လေးကအ​တော်​လေးကို​ပျော်​နေပုံပင်

ပန်းခင်းကြီးထဲမှာ​ပြေးလွှားကစား​နေတဲ့က​လေး​တွေကိုကြည့်ကာဝမ်လင်းနှစ်နှစ်ခြိုက်ခြိုက်ပြုံးမိ​လေတယ်

"လင်းအယ်...ဘာ​​တွေငေး​နေတာလည်း"

"ပိုင်ပိုင်ကြည့်စမ်း....က​လေး​တွေဘယ်​လောက်​တောင်​ပျော်​နေလည်းဆိုတာ"

"ကိုယ့်က​လေး​လေးက​ရောမ​ပျော်ဘူးလာယ"

​ပြောရင်းပင်သူမရဲ့ပါးကိုလာညှစ်တဲ့ပိုင်ပိုင့်ရဲ့လက်ကိုအသာ​လေးပုတ်ထုတ်လိုက်​လေတယ်

"သိဘူး ပစ္စည်း​တွေသွားသိမ်းအုံးမယ်"

အိမ်ထဲဝင်သွားတဲ့လင်းအယ်​နောက်ကိုသူလည်းပစ္စည်း​တွေသယ်လို့လိုက်သွား​လေတယ်

_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

"WoW..!!အမြင့်ကြီးပဲ ပျံလိုက်စမ်းပါအမြင့်ကြီးကို......"

စွန်လွှတ်ရင်း​အော်​နေတဲ့အသက်​လေးကိုကြည့်ကာ​ရှောင်ကျန့်ယုန်သွား​လေး​တွေ​ပေါ်သည်အထိရယ်လိုက်​လေတယ် ရယ်တိုင်းသာအသက်ရှည်မယ်ဆိုရင်သူ့အတွက်​နောက်ထပ်နှစ်၅၀​လောက်ကအသာ​လေးပင်

"ဟင့်..."

​ရှိုက်သံ​လေးထွက်လာတဲ့အသက်​လေးကိုကြည့်လိုက်​တော့​ကောင်းကင်ကိုပဲကြည့်ကာအရည်ကြည်များဝဲ​နေ​လေတယ် အသက်​လေး​မော့ကြည့်​နေတဲ့​နေရာကိုကြည့်လိုက်​တော့အသက်​လေးကစွန်ကကြိုးပြတ်ပြီးအ​ဝေးကိုလွင့်သွားခြင်းပင် ဒါကိုအသက်​လေးကဝမ်းနည်း​နေသည်တဲ့လား

ရိ​ပေါ်တစ်​ယောက်သူ့ရဲ့ကြိုးပြတ်သွားတဲ့စွန်​လေးကိုကြည့်နေရင်းသူ့လက်ထဲ​ရောက်လာတဲ့ရစ်ဘီး​လေးတစ်ခု ရိ​ပေါ်ကြည့်လိုက်​တော့ဒါဟာကိုကို့စွန်ရဲ့ရစ်ဘီးပင် ရိ​ပေါ်​ကြောင်​နေစဥ်မှာပဲကိုကိုကရိ​ပေါ်ရဲ့အ​နောက်မှာ​နေရာယူလို့ရ်ပေါ်လက်​ပေါ်က​နေအုပ်ကိုင်ကာစွန်လွှတ်​နေတယ်

အခုရိ​ပေါ်နဲ့ကိုကို့ပုံစံကအ​ဖေကသားငယ်ကိုစွန်လွှတ်သင်​ပေး​နေတဲ့အတိုင်းပင်

"ကိုကို..!"

"အသက်​လေးဟိုမှာကြည့်စမ်း"

ကိုကိုလက်ညှိုးထိုးပြရာကိုကြည့်လိုက်​တော့​ဝေဟင်မှာလွတ်လပ်စွာပျံသန်း​နေတဲ့ပန်း​ရောင်စွန်​လေးတစ်ခု ဒါချီချီတို့စွန်ပင် ရိ​ပေါ်နားမလည်သလို​လေးကိုကို့ကိုလည်ပြန်ကြည့်လိုက်​တော့ကိုကိုကအဓိပ္ပါယ်ဆိုမရတဲ့အပြုံးမျိုးပြုံး​နေ​လေတယ် အထာနပ်တဲ့ရိ​ပေါ်ကကိုကို့အပြုံးကိုနားလည်ပြီးသူ့ရဲ့မူပိုင်မဲ့ပြုံး​လေးပြုံးလို့ပင်
မိနစ်အနည်းငယ်အကြာ~~~

"ဟင်..စန်စန်​ရေကူအုံးဟ"

"မမ​ရေစန်တို့ဘယ်လိုလုပ်မလည်း သူတို့ကတမင်သတ်သတ်ကြီးလိုက်​နှောင့်ယှက်​နေတာ"

မိန်းက​လေးနှစ်​ယောက်ကသူတို့စွန်ကြိုးလိုက်ဖြတ်​နေတဲ့စွန်ရဲ့ရန်က​နေလွတ်​အောင်ကြိုးပမ်း​နေတုန်း​ကောင်​လေးနှစ်​ယောက်က​တော့အူမြူး​နေကြ​လေတယ်

"ဟင့်...အီးဟီးး"

"အီးဟီးး..."

ထိုမိန်းက​လေးနှစ်​ယောက်ရုတ်တရက်ကြီးထငိုရတဲ့အ​ကြောင်းအရင်းက​တော့သူမတို့ရဲ့စွန်​လေးကကြိုးပြတိပြီးအ​ဝေးကိုလွင့်သွားခြင်း​​ကြောင့်ဖြသ်သည်

​ကောငွ္်​လေးနှစ်​ယောက်က​တော့သူများကိုငို​အောင်လုပ်ပြီးခွက်ထိုးခွက်လန်ရယ်​နေ​လေတယ်
ယုတ်မာရတဲ့ခံစားချက်ကဒီလိုမျိုး​ပျော်ဖို့​ကောင်းတယ်

"ဝမ်ရိ​ပေါ် !!​ရှောင်ကျန့်!!နင်တို့သေဖို့သာပြင်ထားကြတော့"

ချီချီကရိ​ပေါ်တို့ကိုလိုက်ရိုက်​တော့ရိ​ပေါ်နဲ့​ရှောင်ကျန့်မှာပန်းခင်းကြီးထဲပတ်​ပြေးရပြန်တယ်
ကန်းခင်းကြီးထဲမှာတစ်​ယောက်လက်ကိုတစ်​ယောက်ဆွဲလို့​ပြေးလွှား​နေသူ​လေး​တွေကငှက်​လေး​တွေလိုလွတ်လပ်တယ် ရယ်သံ​လေး​တွေကြားရသူဖို့နားဝင်ချိုလှတယ် အပြုံး​လေး​တွေက​နေ​ရော၇်ခြည်ထက်​နွေး​ထွေးလို့ ပန်း​ရောင်စုံ​တွေကြားမှာ​​ပျော်ရွှင်မှုကိုပုံ​ဖော်​နေတဲ့လူသား​တွေကိုကြည့်ပြီးငှက်​လေး​တွေကအားကျလို့ လိပ်ပြာ​လေး​တွေ​ပျော်ရွှင်ကာပျား​လေး​တွေကကြည်နူး​နေ​လေတယ် ​လေပြည်​လေး​တွေကလည်း​တိုက်ခတ်​နေကာပန်း​လေး​တွေက​လေပြည်​တွေကြားယိမ်းနွဲ့​နေတယ်

အချစ်ကပူ​လောင်တယ်လို့ဘယ်သူ​ပြောလဲ
​နေတတ်မယ်ဆိုရင်အချစ်ကတကယ်​အေးမြပါတယ်

_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

"ကဲကဲ...​နေ့လည်စာစားကြမယ်"

မြက်ခင်းစိမ်း​လေး​ပေါ်အခင်း​လေးခင်းလို့စားစရာ​တွေချရင်း​ပြော​လေ​တော့မကြာပါဘူး
သူမနားကို​ရောက်လာကြတဲ့က​လေး​တွေ..

"ဝါးး...အကုန်လုံးသားအကြိုက်​တွေကြီးပဲ"

အရမ်း​ပျော်​နေပြီဆိုရင်ကိုယ့်ကိုယ်ကိုသားလို့သုံးနှုန်းတတ်တဲ့ဝမ်​လေး
ပန်း​ရောင်အင်္ကျီ​လေးနဲ့က​လေးဆန်​နေတဲ့ဝမ်​လေးကအ​တော့်ကိုချစ်ဖို့​ကောင်း​နေ​လေတယ်

"သား​ရေ...အာ~~"

ထမင်းလိပ်​​လေးတစ်ခုကိုယူလို့ဝမ်​လေးကိုခွံ​ကျွေးဖို့လုပ်​တော့ဝမ်​လေး​ခေါင်းခါပြီး​ရှောင်ကျန့်ဘက်လှည့်သွား​လေတယ်

"ကိုကိုခွံ​​​ကျွေး...."

"ဟုတ်ပါပြီဗျ...အာ~~~"

​ရှောင်ကျန့်ခွံ​ကျွေးတာကိုသာစားနေ​သောရိ​ပေါ်​ကြောင့်ဝမ်လင်းမှာ​ကြောက်​တောင်​တောင်​လေး
အရင်တုန်းကရိ​ပေါ်ကသူမခွံ​ကျွေးတာကိုသာစား​လေတယ် အခုများ​တော့

"ပိုင်ပိုင်အာ~~~"

"ကိုယ်...အွင့်"

ပြန်​ပြောမလို့ပဲရှိ​သေးပါးစပ်ထဲခိုးထည့်ခံလိုက်ရ​သောထမင်းလိပ်​တွေ လင်းအယ်ကိုကြည့်လိုက်​တော့သူ့ကိုစူးစူးရဲရဲကြည့်​နေ​လေတယ် သူနားလည်လိုက်ပါပြီ"

"ပိုင်ပိုင်​ရော့ ဒါ​လေးစား
အ​အေး​လေး​သောက်အုံး ကိတ်​လေး​ရောပဲ အာရီးဂူးပိုင်ပိုင်ကချစ်ဖို့​ကောင်းလိုက်တာ "

သူ့​ရှေ့မှာတမင်သတ်သတ်လာရိုပြ​နေ​သောမမ​​ကြောင့်ရိ​ပေါ်လည်းအားကျမခံသူ့ရဲ့ညာဏ်နီညာဥ်နက်ညာဏ်ပြာ​တွေကိုထုတ်သုံး​လေတယ်

"ကိုကို တားဒါ​လေးစားချင်တယ် ဒါ​လေး​ရော
ကိတ်မုန့်​​လေးကချိုလိုက်တာ ကိုက်ုခွံ​ကျွေးလို့လားမသိဘူး ကိုကိုကချစ်စရာကြီး"

​နေ့လည်စာစားချိန်မှာလာပြီးပြိုင်​နေ​သော​မောင်နှမနှစ​ယောက်​ကြောင့်ထိုအချိန်​လေးကလည်းအပြုံးမပျက် ရည်သံမ​ပျောက်ဘဲ မှတ်ညာဏ်ထဲမှာသိမ်းထားချင်စရာအခိုက်အတန့်​လေး

_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

​နေ့လည်စာစားပြီးချိန်အားလုံးကအနားယူ​နေကြ​ပေမယ့်သူနဲ့အသက်​လေးက​တော့တစ်​ယောက်လက်ကိုတစ်​ယောက်ဆွဲလို့ပန်းခင်းကြီးထဲလမ်း​လျှောက်​နေ​လေတယ်

"ကိုကို ကျူးလစ်​တွေကလှတယ်​နော်"

"ဟုတ်တာ​ပေါ့ သူတို့ကအရမ်းလှတယ်"

"ကိုကိုကျူးလစ်ပန်းကိုကြိုက်လား"

"ကာနိုလာပန်းကိုပိုကြိုက်တယ်"

"သားကို​ရော..."

"အသက်​လေးကိုမကြိုက်ဘူး.."

သူ့စကားကိုဆုံး​အောင်နားမ​ထောင်ဘဲလပ်ဖြုတ်သွားတဲ့အသက်​လေး​ကြောင့်သူမြန်မြန်ပင်ရှင်းပြဖို့ပြင်ရ​လေတယ်

"ကိုယ်ကအသက်​လေးကိုမကြိုက်ဘူး​လေ ကိုယ်ကအသက်​လေးကိုချစ်တာ"

"အဲ့တာများတစ်ခါတည်း​​ပြော​တော့ဘာဖြစ်မှာမို့လို့လည်း"

"ဟုတ်ပြီဟုတ်ပြီ ကိုယ်မှားပါတယ်​နော်"

"ကိုကိုကြည့်စမ်း လိပ်ပြာ​လေးကဒီပန်း​လေးနားမှာပဲဝဲ​နေတယ်"

ကျူးလစ်အဖြူ​လေးနားမှာပဲဝဲ​နေတဲ့လိပ်ပြာ​ပန်း​ရောင်လေးကိုကြည့်ပြီး​ရှောင်ကျန့်သ​တောတကျပြုံးလိုက်​လေတယ်
အသက်​လေးက​တော့ဒါကိုစိတ်ဝင်တစားကြည့်​နေတယ်

"ကိုကို.."

"ဗျာ.. "

"ကိုကိုကပန်း​လေးဆိုရင်သားကလိပ်ပြာ​လေးလုပ်မယ်"

"ဟင်~~~"

အသက်​လေးစကား​ကြောင့်​ရှောင်ကျန့်​ကြောင်သွား​လေ​တော့အသက်​လေးကသူ့အင်္ကျီကိုမျက်စပသ်ပြ​လေတယ် ထို​တော့မှသူ့အင်္ကျီသူပြန်ကြည့်မိ​တော့အင်္ကျီကအဖြူ​ရောင်​လေး အသက်​လေးကပန်း​ရောင်​လေးဝတ်ထားတာ​ကြောင့်သူချက်ချင်းနားလည်သွားတယ် အသက်​လေးဆိုလိုတာက သူကကျူးလစ်ပန်းအဖြူ​လေးဖြစ်ပြီးအသက်​လေးကလိပ်ပြာပန်း​ရောင်​ပေါ့

"လိပ်ပြာ​လေးလိုအနားမှာဝဲ​နေ~~~~
ဆွဲ​ဆောင်လွန်းတဲ့မင်းရဲ့နှုတ်ခမ်းပါးလေး~~~~
~~~~~~~~~~🎶"

သီချင်း​လေူဆိုလို့သူ့အနား​လေးကိုလိပ်ပြာ​လေးဝဲသလိုဝဲလာတဲ့အသက်​လေး​ကြောင့်​ရှောင်ကျန့်ရဲ့​​ပျော်ရွှင်မှုကအတိုင်းအဆမသိ​ပေ

လိပ်ပြာ​လေးရဲ့ပုံစံကိုအတုခိုးလို့သီချင်းတဆိုဆို​နေတဲ့​ပျော်ရွှင်​​​နေတဲ့​ကောင်​လေးကိုကြည့်ကာ​ယုန်သွား​လေး​တွေ​ပေါ်သည်အထိပြုံး​နေတဲ့​ကောင်​လေးတစ်​ယောက်

အရိပ်အမိုးလုံးဝမရှိတဲ့ပန်းခင်းကြီးထဲမှာ​နေ​​လောင်မှာမ​ကြောက် အပူဒဏ်ကိုမဖြုံတဲ့​ကောင်​လေး​တွေကအလှပဆုံးအပြုံး​တွေနဲ့ပင်

အချစ်က​ကြောက်စိတ်ကိုဖယ်ရှား​ပေးနိုင်ပါတယ်

"ပိုင်ပိုင် လင်းအယ်တို့လက်ထပ်ပြီးရင်းသား​လေး​မွေးမလားသမီး​လေး​မွေးမလား"

ဝမ်​လေးတို့အတွဲကိုကြည့်​ရေးပင်ရုတ်တရတ်ကြီးထ​မေးလာတဲ့လင်းအယ်​ကြောင့်ပိုင်တန်းမှာ​ကြောင်အမ်းအမ်း

"လင်းအယ်ကဘာ​လေးလိုချင်လည်း"

"လင်းအယ်က​တော့အမွှာပူး​လေးလိုချင်တယ်"

"ဒါဆိုကိုယ်တို့ကြိုးစားရမှာ​ပေါ့"

"ပိုင်ပိုင်​နော် လင်းအယ်ကိုယုတ်မာဖို့စဥ်းစား​နေတာလား"

"လင်းအယ်ခွင့်ပြုမှပါ"

"ဒါနဲ့လက်ထက်ပွဲကိုဘယ်​နေ့လုပ်မလည်း"

"မြန်​လေ​ကောင်း​လေပဲ ​ရှောင်ကျန့်ကိုလည်းတက်​​စေချင်လို့"

"အွန်း လက်ထပ်ပွဲကြရင်ဘယ်မှာလုပ်မလည်း"

"ကမ်း​ခြေမှာဆိုရင်​ရော"

"အင်း အဲ့အကြံ​ကောင်းတယ် လက်ထပ်ပွဲကိုလူရင်း​တွေပဲဖိတ်မယ် ကြီးကြီးမားမားမလုပ်ပဲနဲ့"

"ဟုတ်ပါပြီဗျ"

"ပွဲကိုအဖြူ​ရောင်အဓိကထားသုံးပြီးပန်း​လေး​တွေကိုကျူးလစ်အဖြူ​လေးသုံးမယ်"

"လင်းအယ်သ​ဘောပါဗျ"

"ဟီးး..တကယ်လို့အမွှာ​လေး​မွေးဖြစ်ရင် သားသားကိုပိုင်​ရှောင်ရိလို့နာမည်​ပေးမယ် သမီး​လေးကိုပိုင်လင်းဘို လို့နာမည်​ပေးမယ်"

"အွန်း အရမ်းလှတယ်နာမည်​လေးက"

"လင်းအယ်ရဲ့အကြံ​တွေ​လေ"

"ဟုတ်တာ​ပေါ့ဗျာ"

လင်းအယ်ရဲ့ပါး​လေးကိုအသည်းတယားယားနဲ့ဆွဲညှစ်မိ​တော့လင်းအယ်ကပြုံးလို့ပင်

အချစ်ကထူးခြားပါတယ်

_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

ညဘက်​ရောက်​တော့​ကောင်းကင်က​မှောက်မိုက်​နေတာမျိုးမဟုတ်ဘဲအပြာနက်​ရောင်​လေးပင်
တိမ်​တွေကင်းစင်ပြီးကြယ်​လေး​တွေကလည်း​တောက်ပလို့
လ​ရောင်​အောက်မှာ​ကောင်​လေးနှစ်​ယောက်ကကြယ်​လေး​တွေကိုကြည့်လို့​ရေတွက်​နေတယ်

လက်​မောင်း​ပေါ်​ခေါင်းအုံးလို့လက်ညှိုးတထိုးထိုးနဲ့ကြယ်​လေး​တွေကို​ရေတွက်​နေတဲ့အသက်​လေးကိုကြည့်ရင်းသူပြုံးမိတယ် မျက်ဝန်းကမျက်ရည်တချို့ကပျော်လို့ကျခြင်းပင်

"အင့်..ကိုကို"

ကြယ်​လေး​တွေကို​ရေတွက်​နေရင်းဆွဲဖက်ခံလိုက်ရတာ​ကြောင့်လူကအင့်ခနဲ

"ကိုကိုအသက်​လေးကိုချစ်လွန်းလို့ဘယ်လိုလုပ်ရမလည်း"

"ကိုကိုချစ်ရင်ထားမသွားပါနဲ့"

ရိ​ပေါ်ခံစားမိပါတယ်
ကိုကို့ရဲ့လက်​တွေ​အေးစက်​နေတယ် နှုတ်ခမ်း​တွေကလည်းဖြူ​ဖျော့လို့အသပ်ရှူသံကလည်းခပ်ပြင်းပြင်း
သူ့ကိုဖက်ထားရင်းနဲ့ပင်ကိုကိုကမျက်လုံး​လေးမှိတ်လို့​မှေး​နေ​လေတယ်

"ကိုကိုမအိပ်နဲ့အုံး​နော် ကျွန်​တော်​ပြောစရာရှိ​သေးတယ်"

​ခေါင်းတစ်ချက်ငြိမ့်လိုက်တဲ့ကိုကိုကနား​ထောင်​နေသည့်သ​ဘောပင် ရိ​ပေါ်လည်းမျက်ရည်မကျ​အောင်မျက်​တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လို့ထိန်းလိုက်ပြီး

"ကျွန်​တော်ကိုကို့ ကိုအရမ်းချသ်တယ်
ကျွန်တော်​တောင်မသိလိုက်ခင်မှာပဲကျွန်​တော်ကိုကို့ကိုအရမ်းချစ်မိသွားပြီ တကယ်အံ့သြစရာကြီးပဲ
ကိုကိုကျ့န်​တော့်ကိုလမ်းခွဲစကား​ပြောပြီး​ပျောက်သွား​ပေမယ့်ကျွန်​တော်ကကိုကို့ကိုမုန်းရမယ့်အစားချစ်​နေမြဲပဲ ကျွန်​တော်ကိုကို့ကိုတစ်မိနစ်​လောက်မ​တွေ့ရရင်ကိုသိပ်လွမ်းတာသိလား ကိုကို့အနားမှာပဲတစ်ချိန်လုံးကပ်​နေချင်တာ ကျွန်​တော်ကိုကို့အပြုံးကိုအရမ်းသ​ဘောကျတယ် ကိုကိုပြုံး​နေတာ​လေးပဲမြင်ချင်တယ် အင့်"

ခါး​ပေါ်ကလက်​တွေကအား​လျော့လို့​အောက်ကိုပြုတ်ကျသွားချိန်ရိ​ပေါ်ရဲ့မျက်ရည်​တွေကတာပျိုးသလိုစီးကျလာ​လေတယ် ကိုကို့ရဲ့ခန္ဓာကိုယ်ကြီးကိုအတင်း​တွေဖက်တွယ်လို့

"ကိုကို့ ကိုအရမ်းချစ်တယ် အသက်ထက်ချစ်တယ် ဘာနဲ့မှနှိုင်းယှဥ်မရ​အောင်ချစ်တယ် ကိုကိုကလွဲပြီးဘယ်သူ့ကိုမှချစ်​​ပေးစရာအချစ်​တွေမရှိ​တော့​လောက်အောင်ချစ်တယ် ကိုကိုသိလား ကျွန်​တော်ကကိုကိုကလွဲပြီးဘယ်သု့ကိုမှချစ်လို့မရ​တော့ဘူးဆိုတာ ကိုကိုကကျွန်​တော့်​ပျော်ရွှင်မှုပဲ ကိုကိုမရှိပဲကျွန်​တော်မ​ပျော်ရွှင်နိုင်ဘူး ကိုကိုရယ် ကျွန်​တော့်ကိုထားမသွားပါနဲ့
အီးဟီး... ဟင့် ကိုကို...!!"

ငိုရှိုက်သံတို့ကတိတ်ဆိတ်သွားတယ် မျက်ရည်​တွေက​တော့ပါးပြင်နုနု​ပေါ်စီးကျတုန်း ကိုကို့ရဲ့ရင်ခွင်ထဲတိုးဝင်ကာခါးကိုတင်းကြပ်​အောင်ဖက်ထားမိတယ်

"ဒါအိမ်မက်ပဲ
မနက်ကျရင်အားလုံးကအဆင်​ပြေသွားမှာ
ကိုကိုကလည်းငါ့ကိုလုံးဝထားသွားမှာမဟုတ်ဘူး
ဟီးး..ကိုကိုကငါ့ကိုသိပ်ချစ်တာ ဟင့်..ထားသွားမှာမဟုတ်ဘူး"

တစ်ယောက်တည်းရယ်လိုက်ငိုလိုက်ဖြင့်​ရေရွတ်​နေတဲ့စကားသံ​တွေက​ခြောက်ကပ်သွာပင်

အချစ်ကတစ်ခါတစ်​လေကျရင်လူကိုရူး​ေစပါတယ်
လိုတာထက်ပိုချစ်မိရင်လူကိုရူး​စေနိုင်တဲ့အဆိပ်တစ်ခုလိုပါပဲ

_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

Words - 3252

Update - 11,4,2024

Arthur - di






















Continue Reading

You'll Also Like

846K 26.5K 40
A traveller from Mondstadt has just reached Liyue on a quest to explore all of Teyvat. They expect to only spend two nights at Wangshu Inn before se...
1.3M 47.7K 82
(this book has a lot of side chapters sorry) I need you. Your smile, your laugh, your hair, your touch, your company, your everything. I need you to...
1.2M 27.6K 60
A collection of Genshin Impact oneshots made by yours truly! ^^ ▄ █ ▄ █ ▄ ▄ █ ▄ █ ▄ █ ┊  ┊  ┊  ┊ ┊  ┊  ┊  ★ ┊  ┊  ☆ ┊  ★ ☆ This is my first time doin...
168K 3.9K 10
Wanna Play Sex Game ? *Zhanyi Smut Fiction* Fic cover full credit to owner!