အခန်း (၃၆.၁)
ဆွေးနွေးခြင်း
ကျန်းလီက သူမရှေ့က လူနှစ်ယောက်ကို ကြည့်လိုက်တယ်။
ကျန်းယို့ရောင်နဲ့ ကျိုးယန်ပန်းတို့က တစ်ယောက်နဲ့ တစ်ယောက် နီးနီးကပ်ကပ် မတ်တပ်ရပ်နေခဲ့ကြတယ်။ သူတို့ရဲ့အိမ်ထောင်ရေးက မြို့တော်တစ်ခုလုံးမှာ လူသိများခဲ့ပြီးတော့၊ အဲဒါက မကြာခင်မှာ လက်ထပ်တော့မဲ့ ဇနီးမောင်နှံနှစ်ယောက်က နီးစပ်နေနိုင်တယ်လို့ နားလည်ပေးလို့ရနိုင်ခဲ့တယ်။ ဒါပေမဲ့ ကျိုးယန်ပန်းရဲ့မျက်နှာက အနည်းငယ် နေမကောင်းဖြစ်နေပုံပေါ်ခဲ့တယ်။
ကျန်းယို့ရောင်က ရိုးရိုးရှင်းရှင်းနဲ့ နောက်တစ်ခါ ထပ်ပြောလိုက်တယ်။
"ဒုတိယအစ်မ၊ ခုနက အစ်မတို့နှစ်ယောက်က ဘာအကြောင်းတွေ ပြောနေကြတာလဲ၊ ခံစားချက်တွေက နှလုံးသားနဲ့အပြည့် ဖြစ်နေတာလား။ ငါ ရောက်ပြီးတဲ့ အခါတော့၊ နင်တို့က ဘာလို့ ဆက်မပြောတော့တာလဲ"
ကျန်းလီက ပြောလိုက်တယ်။
"ငါတို့ ဘာမှ မပြောခဲ့ပါဘူး။ အမွေဆက်ခံသူနဲ့ မတော်တဆ တွေ့ဆုံခဲ့ပြီးတော့ နင်က အမြန် မရောက်လာခင်လေးမှာ နှုတ်ခွန်းသရုံလောက်ပါပဲ"
ကျန်းလီက ရယ်ပြီး ပြောလိုက်တယ်။
"တတိယညီမက ဒီနေရာမှာ ရှိနေပြီဆိုတော့၊ တတိယညီမက အမွေဆက်ခံသူနဲ့ ကောင်းကောင်းနေရစ်ပါ။ ငါ အရင်ပြန်သွားတော့မယ်"
သူမ စကားပြောပြီးတဲ့နောက်မှာ၊ ကျိုးယန်ပန်းနဲ့ ကျန်းယို့ရောင်ရဲ့ အဖြေကို မစောင့်ဘဲနဲ့၊ တုန်အာနဲ့ ချက်ချင်းပဲ ထွက်ခွာသွားခဲ့တယ်။
ကျိုးယန်ပန်း က ကျန်းလီရဲ့ ထွက်သွားတဲ့ နောက်ကျောကို မငေးကြည့်ဘဲ မနေနိုင်ခဲ့ဘူး။ ကျန်းယို့ရောင်က အဲဒါကို မြင်လိုက်ပြီးတော့ တိတ်တဆိတ်နဲ့ အံကြိတ်လိုက်တယ်။
အပြန်လမ်းမှာ၊ တုန်အာက ကျန်းလီကို အသံတိုးတိုးနဲ့ တောင်းဆိုလိုက်တယ်။
"သခင်မလေး၊ အမွေဆက်ခံသူကျိုးကို အာရုံမစိုက်တာက သခင်မလေးအတွက် ပိုကောင်းပါတယ်"
"နင် ဘာကို ပြောဖို့ ကြိုးစားနေတာလဲ"
ကျန်းလီက စိတ်မဆိုးတာကို မြင်တော့၊ တုန်အာက သတ္တိ နည်းနည်း ရှိသွားခဲ့ပြီးတော့ ပြောလိုက်တယ်။
"သခင်မလေးနဲ့ အမွေဆက်ခံသူကျိုးတို့က အရင်က စေ့စပ်ထားခဲ့ပေမဲ့၊ အခုအချိန်မှာ အမွေဆက်ခံသူကျိုးနဲ့ စေ့စပ်ထားတဲ့သူက တတိယသခင်မလေး ဖြစ်သွားခဲ့တယ်။ သခင်မလေးက ပြန်ရောက်လာခဲ့ပေမဲ့၊ သခင်ကြီးက စေ့စပ်ကြောင်းလမ်းမှုကို ပြန်လုပ်ပေးဖို့ ဆန္ဒမရှိပါဘူး။ အိမ်ထောင်ပြုတာက အသေးအဖွဲ့ ကိစ္စမဟုတ်ပါဘူး၊ ပြန်လာပြီးတော့ နှစ်ခါ၊ သုံးခါလောက် စိတ်ပြောင်းသွားတာက ၊ ကျွန်မတို့ ကျန်းမိသားစုက ယန်ကျင်းမှာ လူရယ်စရာတွေ ဖြစ်လာပါလိမ့်မယ်။ သခင်ကြီးက ဒီကိစ္စကို လုံးဝ ခွင့်ပြုမှာ မဟုတ်ပါဘူး"
ဒုတိယအချက်လို့ ပြောနေတဲ့ အချိန်မှာ တုန်အာက ကျန်းလီရဲ့အမူအရာကို ချဲ့ပြီးတော့ ကြည့်လိုက်တယ်။
"အခုလေးတင် သခင်မလေးကိုကြည့်နေတဲ့ အမွေဆက်ခံသူကျိုးရဲ့ အမူအရာတွေက ချစ်ခင်မြတ်နိုးမှုတွေ ပြည့်နှက်နေခဲ့တယ်။ သူက အခု တတိယသခင်မလေးရဲ့ စေ့စပ်ထားသူဖြစ်ပါတယ်။၊ သူက သူ့ရဲ့ အဆင့်အတန်းကို အာရုံမစိုက်ဘဲနဲ့၊ သူက ဒီလိုမျိုးတွေ ပြုမူနေခဲ့တယ်။ သခင်မလေးက သူနဲ့ မလိုက်ဖက်ပါဘူး"
ကျန်းလီက ပြုံးပြီးတော့ ပြောလိုက်တယ်။
"ငါသိပါတယ်။ သူက ငါနဲ့ မလိုက်ဖက်ဘူးဆိုတာကို သေချာသိပါတယ်။ ဒါပေမဲ့ ငါတို့ တုန်အာက အရမ်းတွေးတတ်တာပဲ၊ အမှန်တကယ်တော့ ငါ့ကို ထိုင်ခိုင်ပြီးတော့ သတိပေးဖို့ လုပ်နေတာပဲ "
တုန်အာလို့ခေါ်တဲ့ ဒီကောင်မလေးက ပူပန်ကြောင့်ကြမရှိဘူး။ သာမာန်နေ့တွေမှာဆိုရင်၊ သူမရဲ့ သစ္စာစောင့်သိတာက လွဲပြီးတော့ ဘာမှ ထူးထူးခြားခြား မရှိခဲ့ဘူး။ မထင်မှတ်ဘဲ သူမက သတိလက်လွတ် ဖြစ်တတ်ခဲ့ပေမဲ့၊ သူမက တစ်ခါတစ်ရံမှာ ထက်ထက်မြက်မြက် ဖြစ်ပြီးတော့၊ တစ်ခဏတာ အကျိုးအမြတ်တွေမှာ မျက်စိစုံလုံးကန်းနေမှာ မဟုတ်ခဲ့ဘူး။ ကျန်းလီက အဲဒါကို အရမ်း သဘောကျခဲ့တယ်။
ကျန်းလီက သူမကို ချီးကျူးနေတဲ့ စကားတွေ ကြားတော့၊ တုန်အာက မရယ်ဘဲမနေနိုင်ခဲ့ဘူး။
"သခင်မလေး စိုးရိမ်နေဖို့ မလိုပါဘူး။ ကျွန်မရဲ့ သခင်မကြီးက ကျန်းမိသားစုရဲ့ ပထမဆုံး တရားဝင် ဇနီးကနေ မွေးတဲ့ သခင်မလေးပါ။ အမတ်နင်ယွမ်ရဲ့ အမွေဆက်ခံသူကို ပြောနေဖို့ မလိုအပ်ပါဘူး၊ မင်းသမီးလေးတစ်ပါးတောင်မှ ဖြစ်နိုင်ပါတယ်။ နောက်နေ့တွေမှာ၊ သခင်မလေးနဲ့ လိုက်ဖက်တဲ့ ခင်ပွန်းကောင်းတစ်ယောက်ကို ဖြည်းဖြည်းချင်း ရွေးချယ်လို့ရပါတယ်"
သူမပြောတာကို ကြားလိုက်တဲ့အခါမှာ၊ ကျန်းလီက ပြုံးလိုက်တယ်။ အဆုံးသတ်မှာတော့၊ တုန်အာက အနည်းငယ် နုံအနေဆဲ ဖြစ်ပြီးတော့ အတင်းအဖျင်းတွေက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲ ဆိုတာကို သူမက မသိခဲ့ဘူး။ အရင်က သူမရဲ့မိထွေးကို သတ်ရန် ကြံစည်မှုဆိုတဲ့ သူမအပေါ် စွဲချက်တစ်ခုထဲနဲ့၊ ယန်ကျင်းမှာ သူမကို အာရုံမစိုက်စေရုံမျှနဲ့တင် လုံလောက်သွားခဲ့တယ်။ မဟုတ်ရင် အဲ့ဒီအချိန်တုန်းက ကျန်းယွမ်ပိုင်က သူမကို သီလရှင်ကျောင်းကို ပို့လိမ့်မည်မဟုတ်။ အဲ့လိုပို့ခဲ့တာက ဘာလို့လဲဆိုရင် သူမက ယန်ကျင်းမှာဆိုရင် ကောင်းကောင်း အသက်ရှင်နိုင်မှာ မဟုတ်တာကို သူက သိနေခဲ့တယ်။
ဘယ်လိုပဲဖြစ်ဖြစ်၊ သူမက ဒီဘဝမှာတော့ လက်ထပ်ဖို့ အစီအစဥ်မရှိခဲ့ဘူး။
ထိုအချိန်တွင် နွေးထွေးပြီး ကျက်သရေရှိတဲ့ ခြံဝင်းမှာ ကျိရှီနှင့် ကျိချန်းကျီတို့က စကားပြောနေခဲ့ကြတယ်။
(ကျိရှီက ကျိရှုရန် ဖြစ်ပြီးတော့ ကျိချန်းကျီက သူ့ညီမပါ)
ဧည့်သည်တွေ အားလုံးက လူစုကွဲသွားခဲ့တယ်။ ဒီနေ့ ကျန်းယို့ရောင်ရဲ့ မွေးနေ့ အခမ်းအနားက ရှုပ်ပွသွားခဲ့ပြီးတော့၊ အရာအားလုံးက ကစဉ့်ကလျား ဖြစ်နေခဲ့တယ်။ အခြားသူတွေက အဲဒါကို မြင်တဲ့အခါမှာ၊ သခင်မကြီးတစ်ယောက်ဖြစ်တဲ့ သူမက အိမ်ကိစ္စကို မစီမံနိုင်တဲ့အပြင်၊ အိမ်နောက်ဖေးကလည်း စည်းစနစ်မကျဘူးလို့ ပြောခဲ့ကြတယ်။
သူထွက်သွားနေတဲ့အချိန်မှာ ကျန်းယွမ်ပိုင်ရဲ့မျက်လုံးတွေက ကျိရှီကို ဒေါသထွက်နေခဲ့တယ်။ ကျန်းယွမ်ပိုင်က သူမကို သေချာပေါက် အပြစ်တင်ခဲ့တယ်။
အစက သူမက ကျန်းလီကို ကောင်းကောင်း ပညာပေးချင်ခဲ့ပေမဲ၊ မထင်မှတ်ဘဲ ကျန်းလီက သူမကိုယ်သူမ လွတ်မြောက်သွားအောင် လုပ်နိုင်ခဲ့ပြီးတော့ နောက်ဆုတ်သွားခဲ့တယ်။ လမ်းတစ်လျှောက်လုံးမှာ၊ သူမက သူမရဲ့ အစေခံ မိန်းကလေး ဖြစ်တဲ့ ရှန်းချောင် ကိုပါ ဆုံးရှုံးသွားခဲ့တယ်။ အဲဒါတင်မကဘဲ၊ ဒီနေ့ခေတ်လူငယ်တွေက အလှည့်အပြောင်းတွေကို သေချာ သိမြင်နိုင်ခဲ့ကြတယ်။ သခင်မကြီးတွေနဲ့ သခင်မလေးတွေက အိမ်နောက်ဖေးက ပြဿနာတွေကို ပြောရတာကို ကြိုက်နှစ်သက်ခဲ့ကြတယ်။ဉာဏ်ကောင်းတဲ့သူတွေက တစ်ခုခု ထူးဆန်းနေတယ်ဆိုတာကို သိနိုင်ခဲ့ကြတယ်။