Players

By SummerMaung

832K 26.2K 1.2K

"Real lifeမှာ စကေးကြမ်းလွန်းတဲ့ စနိုက်ကြော်ဆိုတာမရှိဘူး ပျော်ဝင်သွားတဲ့ယောကျာ်းဆိုတာပဲရှိတယ်" "ခေါင်းလေးပဲညိတ... More

Intro
1
2
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42 Unicode
42 Zawgyi code
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65

3

4.7K 156 5
By SummerMaung

💛 Players ( Part - 3 ) 💛
    ▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"မင်းအတွက်"

မျက်စိရှေ့ကိုရောက်လာတာက သွေးကြိုက်တတ်သော ဂဏန်းပီဇာမို့ မသိမသာမျက်ခုံးပင့်ကြည့်တော့ အရယ်အပြုံးမရှိသည့်မျက်နှာဖြင့် တန်ခိုးဆိုသည့်လူဖြစ်သည်။
သူ့ဘေးမှာတော့ သွေးကိုအားနာစွာပြုံးပြသွားသည့်လူဖြစ်ပြီး သူ့လက်ထဲမှာတော့ အဖြူရောင်နှင်းဆီပန်းတစ်စည်းပါသည်။

"ကျေးဇူးပါ ဒါပေမယ့် သွေး ရင်ပြည့်နေလို့မစားတော့ဘူး"

"အဲ့ဒါဆိုလည်း လွှင့်ပစ်လိုက်.. စည်း မင်းပန်းစည်းပေးမှာဆို ပေးလိုက်တော့ ပြီးရင်သွားစို့ .. အတန်းနောက်ကျနေမယ်"

တန်ခိုးဆိုသည့်လူဟာ သွေးရဲ့ရင်ထဲမြန်မြန်ဝင်ရောက်လာသည်က ထိုသို့သောခပ်ကျောကျော အမူအယာတွေကြောင့်ဖြစ်သည်။
နူးညံ့သောစကားကိုမဆိုတတ်သလို တွေ့လိုက်တိုင်း အရယ်အပြုံးကင်းမဲ့သော အေးတိအေးစက်မျက်နှာဖြင့်။
ပုံစံကတော့ ခမ်းနားထည်ဝါသော အရောင်အဝါမျိုးဖြင့် မှေးမှိန်မနေသောကြောင့် သူ့ကို တစ်ခုခုပဲဟု သွေးထင်ခဲ့မိသည်။

"သွေး လက်ခံမယ်မလား"

အတွေးဖြင့် လိုက်ငေးနေမိချိန် စည်းဆိုသည့်လူ၏အသံကြားမှ အသိဝင်လာကာ ဒီလူကတော့ အမြဲနူးညံ့နေတတ်သည့်လေသံဖြင့် သွေးကိုမြတ်နိုးယုယသလို အကြည့်တွေဖြင့်။
ဟိုမာရေကျောရေနိုင်သော ပုဂ္ဂိုလ်သည်လည်း သွေးကိုစိတ်ဝင်စားနေသည်ပဲ။
သို့ပေမယ့် သူက ဘာကိုမာန်တက်နေသလဲမသိဘဲ အမြဲလိုလိုအထက်စီးကမို့ ကြည့်မရသည်ကတော့ အမှန်တရား။

"သူက အဲ့လိုပဲနေတတ်လို့ပါ သွေးရဲ့ တန်ခိုးက မာနမကြီးပါဘူး သဘောကောင်းပါတယ် ကူညီပေးတတ်တယ်"

စည်းဆိုသည့်လူက ရှေ့နေလုပ်ပေးနေပေမယ့် ယောကျာ်းတွေကို ခေါင်းညိတ်ရုပ်တွေဖြစ်သွားစေသည့်သွေးကို ဒီလိုပုံစံနှင့်ဆက်ဆံတာကိုတော့ သဘောမကျ။
သူတို့သူငယ်ချင်းနှစ်ယောက်ဟာ သိပ်ချစ်ကြပုံရပြီး အမြဲလိုလိုတပူးပူးတတွဲတွဲရှိကာ သွေးကိုလိုက်နေသည်ကလည်း နှစ်ယောက်လုံးအတူတူ။

"အဲ့လိုဆို ရှင်တို့စိတ်ဝမ်းမကွဲဘူးလား"

ဟု သွေး မေးလိုက်မိတော့ တန်ခိုးကခေါင်းခါပြပြီး စည်းရဲ့ပခုံးကိုလှမ်းဖက်ကာ...

"တစ်ယောက်ကိုမင်းရွေးရင် ကျန်တဲ့တစ်ယောက်က သူငယ်ချင်းအဖြစ်နေဖို့ သဘောတူထားတယ် ငါတို့ကစိတ်ဝမ်းကွဲစရာမရှိပါဘူး"

ဤဆက်ဆံရေးကို သွေး နည်းနည်းတော့စိတ်ဝင်စားသွားမိသည်။
နှစ်ယောက်လုံးဟာ ပုံစံတမျိုးစီကြည့်ကောင်းပြီး တန်ခိုးရဲ့ပုံစံက ရင့်ကျက်တည်ငြိမ်ကာ စည်းရဲ့ပုံစံကတော့ ခုခေတ်Kpopအဆိုတော်တွေလို နုနုဖတ်ဖတ်လေး။

တွေးနေတုန်းဒိုင်းခနဲအသံနှင့်အတူ ကားသည် အနည်းယိမ်းယိုင်သွား၍ ဘရိတ်ကိုဖိနင်းပစ်လိုက်ကာ အပြင်ထွက်ကြည့်တော့ ဘီးတစ်ဖက်ဟာ ပြားချပ်နေ၏။
ဖေဖေ့ဆီဖုန်းဆက်ဖို့ ဖုန်းထုတ်မိပေမယ့် ဒါဟာစမ်းသပ်ဖို့အကောင်းဆုံးဟု အတွေးတစ်ခုဝင်လာ၍ စည်းဆီကိုအရင်ဖုန်းဆက်လိုက်သည်။

"သွေး လမ်းမှာကားပျက်နေလို့"

"ကိုယ် ဒက်ဒီကိုသွားကြိုပေးရမှာ သွေးရယ် လာလို့အဆင်မပြေသေးဘူး"

"အဲ့ဒါဆိုနေပါစေတော့"

စည်းရဲ့အငြင်းစကားကြောင့် အမြဲလိုလိုဦးစားပေးခံရသော သွေးသည် မကျေမနပ်ဖြစ်သွားမိရင်း ဖုန်းချပစ်လိုက်ကာ တန်ခိုးဆီထပ်ခေါ်လိုက်သည်။
တန်ခိုးကတော့ အတော်ကြာမှဖုန်းကိုင်ကာ သွေး ကားဘီးပေါက်နေကြောင်းကြားသည်နှင့် ချက်ချင်းပြာယာခတ်သွား၏။

"ဘယ်နေရာရောက်နေတာလဲ ကိုယ်အခုလာခဲ့မယ်"

ထိုအခါမှ သွေးစိတ်ထဲကျေနပ်သွားပြီး လက်ရှိရောက်နေသောနေရာကို ပြောပြလိုက်သည်။
တကယ်လည်း တန်ခိုးက သွေးရှိရာနေရာသို့ အပြေးရောက်လာသလို သူကိုယ်တိုင်ကားဘီးလဲပေးပြီး ကားတစ်စီးလုံးကိုပြန်စစ်ပေးသည်။
သူဟာ ကားအကြောင်းတော်တော်နားလည်ပုံရှိပြီး လုပ်တာကိုင်တာလည်းမြန်တာမို့ ထိုအရည်အချင်းကိုတော့ သွေး အတော်လေးသဘောကျသွားမိသည်။

"ကျေးဇူးပါပဲ တန်ခိုးရယ် သွေးတစ်ယောက်တည်းသာဆို ဘာလုပ်ရမှန်းသိမှာမဟုတ်ဘူး"

"ရတယ် မင်းနေရာမှာ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်ကူညီမှာပဲ စည်းက သူ့အဖေကိုတကယ်သွားကြိုနေရလို့ မင်းစိတ်ဆိုးမနေပါနဲ့ ပြန်တော့ သွေး.. မှောင်တော့မယ်"

သွေးခေါင်းလေးညိတ်ပြလိုက်မိကာ ကားပေါ်ပြန်တက်ပြီး မောင်းထွက်လာခဲ့သည်။
တကယ်က ကားပျက်တာလောက်ကို ဖေဖေ့ဆီဖုန်းဆက်လိုက်ရုံနဲ့ပြီးပေမယ့် ဘယ်သူဟာ သွေးအတွက်အမြဲအဆင်သင့်ရှိသလဲဟု သိချင်တာကြောင့် ဒီလိုလုပ်မိခြင်းဖြစ်သည်။
တန်ခိုးဆိုသည့်လူက သွေးလိုအပ်၍ခေါ်လိုက်ချိန်တိုင်း ဘာပဲလုပ်နေနေ ထားခဲ့ပြီးအမြဲရောက်လာတတ်သည်က အမှတ်ပေးချင်စရာ။

"တန်ခိုး (၁) စည်း (၀)"

တကယ်တမ်းတော့ မလိမ်မညာစတမ်းဝန်ခံရလျှင် သွေးသည် တန်ခိုးဆီက ဂရုစိုက်မှုထက် စည်းဆီက ဂရုစိုက်မှုကို ပိုပြီးလိုချင်နေခဲ့မိကာ မရတာမို့ ပိုပြီးလိုအပ်​နေသလားတော့မသိ။
ခဏခဏစမ်းသပ်ချင်စိတ်ဖြင့် ခဏခဏခေါ်လိုက်တိုင်း စည်းထက်အရင် အပြေးရောက်လာသည့်တန်ခိုးကိုတော့အားနာမိသား။

သို့သော် သွေးလက်တွဲရမည့်လူကိုတော့ အမှတ်မြင့်မြင့်ထား၍ စာမေးပွဲစစ်သင့်သည်မလား။
သို့မှသာ ခရာလိုက်မမှီနိုင်သည့် perfect manကိုရမှာလေ...

💛💛▫▫▫💛💛

သွေးသည် တန်ခိုးနဲ့ချစ်သူဖြစ်ခဲ့သည့်အခါ သွေးတို့နှစ်ယောက်လုံးသည် စည်းနဲ့တော့ သူငယ်ချင်းအဖြစ်သာ ဆက်လက်ရှိနေခဲ့သည်။
လက်တွဲပြီးမှ သိလာရသည့်အရာက တန်ခိုးသည် မိဘမဲ့တစ်ဦးလို ကျောင်းစားရိတ်၊ နေစားစားရိတ်အတွက် အပြင်မှာအလုပ်ပေါင်းစုံလုပ်နေသည်ဟု။
လောလောဆယ်သိရသလောက် Medium Automartမှာ ကားမက္ကင်းနစ်အဖြစ် အချိန်ပိုင်းအလုပ်လုပ်ရင်း ကျောင်းတက်နေသူဖြစ်သည်။

"ကို့မိဘတွေကရော"

"အမွေဖြတ်ထားတယ်"

"အဲ့ဒါကိုမေးနေတာမဟုတ်ပါဘူး ကိုရဲ့ ကို့မိဘတွေက ဘာလုပ်တာလဲ"

"အဖေက ခြံလုပ်ငန်းတစ်ခုမှာ အလုပ်သမားတွေကိုဦးစီးတဲ့ အလုပ်သမားခေါင်းဆိုပါတော့.. အမေက ကျောင်းဆရာမ အခုတော့အငြိမ်းစားပါ"

ဒါဟာ ကိုယ့်ချစ်သူရဲ့ဘဝဆိုပေမယ့် သွေး နည်းနည်းတော့စိတ်ပျက်သွားမိသည်။
သို့ပေမယ့် သူကိုယ်တိုင်က အရည်အချင်းရှိသူတစ်ဦးမို့ အလုပ်ခွင်ထဲရောက်သွားသည့်အခါ အောင်မြင်လာမည့်သူတစ်ဦးဟု အလိုလိုခံစားမိနေ၏။
လက်တွေ့မှာလည်း သူဟာ သိပ်တော်သည့် လူငယ်အင်ဂျင်နီယာလောင်းတစ်ယောက် ဖြစ်သည်လေ…

"ကို့မှာ အစ်ကိုတစ်ယောက်ရှိတယ်ဆို"

"အင်း ဒါပေမယ့်မရှိတော့ဘူး ဆုံးသွားပြီ"

သွေးသိသော ကို့ရဲ့မိသားစုအကြောင်းဟာ ဒါပဲဖြစ်ပြီး သူ့ရဲ့သူငယ်ချင်းအရင်းအချာကြီးဖြစ်သော စည်းကိုမေးတော့လည်း သူလည်းရေရေရာရာမသိ။
ကိုဟာ အလုပ်ပေါင်းများစွာကျင်လည်ဖူးသူမို့အပေါင်းအသင်းဆံ့သော သူ့ပုံစံဟာ ရင့်ကျက်တည်ငြိမ်သလိုဖြစ်နေသည်မှာ မဆန်းတော့။
လုပ်ခဲ့သမျှအလုပ်တိုင်းကို ကျွမ်းကျင်မှုရှိခဲ့သလို ကားပြင်ကျွမ်းကျင်သည်ကလည်း Automartမှာ အလုပ်လုပ်နေသောကြောင့်ဖြစ်သည်။။

"သွေး.. နင့်လူက အလုပ်မျိုးစုံလုပ်ဖူးတယ်ဆိုတာ ကောင်းတော့ကောင်းပါတယ် ဒါပေမယ့် နင်စဥ်းစားနော် အက္ခရာက Singaporeမှာဘဲရသွားရင် အဲ့ဘဲကရေလျှံမှာအသေအချာပဲ ဟိုလေ.. နင့်လူက"

"ကို ကျောင်းမပြီးသေးလို့ပါ ကိုကအရည်အချင်းရှိတယ် ငါယုံတယ် ကိုသာဘွဲ့ရသွားရင် ဒီလိုကြုံတဲ့အလုပ် လုပ်စရာမလိုတော့ဘူး သူ့ဘဝကတစ်ဆစ်ချိုးပြောင်းလဲသွားမှာ"

"နင်ပြောသလိုဖြစ်ရင်ကောင်းတာပေါ့ နင့်လူက တကယ်တော်ပါတယ် ပြတ်စေချင်လို့ပြောတာတော့ မဟုတ်ဘူးနော် အက္ခရာနဲ့နင့်အကြောင်းကိုသိနေလို့"

ထိုသို့သောအကြံပြုစကားတွေကိုလည်း သွေးခေါင်းလေးသာ ညိတ်ပြလိုက်ပြီး ကိုနဲ့အတူနေ့လည်စာစားဖို့ ကဲန်တင်းကိုထွက်လာခဲ့သည်။
သွေးထက်စာလျှင် ကိုက ချို့တဲ့သူမို့ ထမင်းချိုင့်ကိုနှစ်ယောက်စာထည့်ပြီး နေ့လည်စာဖိုးသက်သာအောင် ကို့အတွက်ပါသယ်လာဖူးသည်။
ဒါကို မာနကြီးသောရွှေမင်းသားက စိတ်ဆိုးသွားရုံမက သွေးကိုပါ စကားမပြောတော့၍ သွေးဘက်ကသာ တစ်ထစ်လျှော့ခဲ့ရ၏။

ပြောရလျှင် စည်းစိမ်ဥစ္စာကြွယ်ဝမှုမရှိပါဘဲ ကိုဟာ ဘာကြောင့်ဒီလိုမာနကြီးရသည်မသိ။
တကယ်ဆို ချစ်သူတွေရယ်လို့ လက်တွဲခဲ့ကတည်းက တစ်ယောက်ကသိတတ်သမှုနဲ့ ဖြည့်ဆည်းပေးခြင်းကို လက်ခံသင့်သည်မဟုတ်လား။

"ကို့ကိုသနားတာ၊ ငဲ့ညှာတာတွေမလိုဘူး သွေး
ကိုကယောကျာ်း.. ကိုယ့်ကိုယ်ကိုပဲအားကိုးချင်တယ် မင်းလိုချင်သမျှ ကိုဖြည့်ဆည်းပေးမယ် တစ်ခုပဲ ကို့အချစ်၊ကို့မာနကို နောက်ထပ်မစော်ကားပါနဲ့"

ဆိုကာ သွေးရဲ့ဖြည့်ဆည်းပေးချင်သောလက်ကို ပုတ်ချပစ်ခဲ့သူဖြစ်သည်။
တကယ်လည်း ကိုက သွေးအတွက်အမြဲအဆင်သင့်ရှိပြီး သွေးလိုအပ်သမျှကိုလည်း ဖြည့်ဆည်းပေးတတ်သူဖြစ်ပေမယ့် သွေး လိုအပ်နေသည်က ဒီလိုသဘောထားတွေအပြင် တခြားတစ်ခု။

ကိုဟာ ခရာ့လက်တွဲဖော်ထက် ပြည့်စုံချမ်းသာသည့် လူတစ်ယောက်ဖြစ်လာဖို့....

💛💛▫▫▫💛💛

"ဘယ်လိုလဲ နင့်ကိုကြည့်ရတာ အတော်အလုပ်များနေပုံပဲ"

Skypeမှာ video callပြောဖြစ်တော့ ခရာက ရယ်နေခဲ့ရင်း သူမ၏အနောက်ဘက်ကစာကြည့်စင်ကို Cameraလှည့်ပြသည်။
ဘာစာအုပ်တွေလဲသေချာမသိပေမယ့် ဥပဒေရေးရာစာအုပ်တွေမှန်းတော့ သွေးသိလိုက်ကာ ထိုစာအုပ်တွေအများကြီးကို ခရာကဖတ်နေရသလား။

"ဖေကြီးက Lawယူလိုက်ဆိုလို့ ယူလိုက်တာ တကယ်တမ်းမလွယ်ဘူး စာတမ်းတင်ရတယ် တရားရုံးတွေသွားရတယ်"

"နင်က တော်ပါတယ် ကောင်းကောင်းလိုက်နိုင်တယ်မလား"

"အင်း လိုက်နိုင်ပါတယ် ဒါပေမယ့်Thesisတစ်ခုလုပ်ရဦးမယ် ဘွဲ့လွန်ဆက်တက်ဖို့"

"ဘယ်လိုလဲဟယ် နင်ကမကျေနပ်နိုင်သေးဘူးလား ၆နှစ်တောင်တက်ပြီးပြီပဲ LLBဘွဲ့ရထားပြီမလား"

"အေး ဒါပေမယ့်အဲ့ဒါ NUSကရတာ ငါက Harvardကလိုချင်တာ"
( NUS = National University of Singapore )

NUSကရသည့်ဘွဲ့ကလည်း မြင့်တာပဲမို့ ထိုလောက်နဲ့မကျေနပ်ဘဲ Harvardအထိပါ ခြေဆန့်ချင်သေးသော သူမ။
လောဘကြီးလှချေလား ခရာရယ်...
နှုတ်ခမ်းလေးမဲ့ပစ်ရင်း စိတ်ထဲကပြောလိုက်မိပေမယ့် လက်တွေ့မှာတော့ ဘာမှမပြောဖြစ်ဘဲ ခရာပြောသမျှကိုသာ နားထောင်နေလိုက်သည်။

လေးလေးမင်းထက်ဟာ ခရာ့ကို အတော်မြင့်မြင့်ရောက်ဖို့မှန်းထားပုံရပြီး Harvardမှာကျောင်းတက်ဖို့ ဆန္ဒပြင်းပြနေသောခရာ့ကိုလည်း တားဆီးမှာမဟုတ်။
ဒါ့အပြင်စာအုပ်အပြည့်ရှိနေသော ခရာ့ကျောဘက်က စာကြည့်စင်လေးသည် ခရာ ဘယ်လောက်ထိ ပြင်းပြင်းထန်ထန်ကြိုးစားနေသလဲ သက်သေပြနေသည့်နှယ်။

"နင်ရော ကျောင်းကဘယ်လိုလဲ"

"ငါက ၅နှစ်ပဲတက်ရတာလေ အခု Architectဖြစ်နေပြီ Experienceယူနေတယ် ငါလည်းအဲ့ဒီကိုလာမလို့"

"Woww အာ့ဆိုနင်နဲ့ငါ အတူနေရဦးမှာပေါ့"

"အေးပေါ့ ဒါနဲ့မေးရပါဦးမယ် နင်အရင်လို ဗရုတ်သုတ်ခနေတုန်းပဲလား ကိုယ့်အဆင့်အတန်းနဲ့ကိုယ် သေသေသပ်သပ်မနေတတ်ဘဲနဲ့လေ"

Screenပေါ်မှာမြင်နေရသော ခရာ့မျက်နှာလေးမဲ့ခနဲဖြစ်ကာ ပခုံးနှစ်ဖက်ကိုတမင်တွန့်ပြပြီး ဆံပင်တိုလေးတွေကိုဆွဲဖွသည်။
ဂုတ်ဝဲမရှိတရှိဆံပင်တိုတွေဟာ ဟိုးအရင်ကတည်းကဖြစ်ပြီး အခုထိလည်းရှည်မလာသေး။
သို့သော် ဆံပင်တိုလေးကြောင့် ခရာ့မျက်နှာလေးဟာ ပိုပြီးနုငယ်နေသလိုဖြစ်ကာ ဘယ်လိုပဲကြည့်ကြည့် ရှေ့နေရုပ်မထွက်…

"တရားရုံးကိုပဲအချိန်ပြည့်ရောက်နေတာနဲ့ အဲ့လိုခွဲခြားဖို့ကို စိတ်မအားသေးဘူး"

"ယုံစရာလား နင်အဲ့ဒီအကျင့်ကိုမပြင်နိုင်ပါဘူး ဒါပဲ ငါအိပ်တော့မယ်"

"Goodnight My Sis"

Video callချပစ်လိုက်တော့ သွေး မဲ့ပြုံးတစ်ချက်ပြုံးမိသွားသည်ဆို လူဆိုးမကြီးဖြစ်ရာကျနေမလား။
နင်မှန်းတာက Harvardတဲ့လား အက္ခရာ...

💛💛▫▫▫💛💛

ပြတင်းပေါက်ကနေ အပြင်ကိုလှမ်းကြည့်မိတော့ ဖြူဖွေးနေသည့်တိမ်စိုင်တွေကြောင့် ကိုယ်မျှော်လင့်ခဲ့ရသည့် အိမ်မက်ကို ပြန်သတိရသွား၏။
ဒီတိမ်တွေလိုမြင့်ခဲ့သော Harvard Universityဆိုသည့် ခရာ့ရဲ့အိမ်မက်တွေ။

"မသွားရဘူး ပန်းထက်အက္ခရာ ဥပဒေပညာတွေသင်ပေးထားတာက တခြားနိုင်ငံမှာအခြေချဖို့မဟုတ်ဘူး နောက်ထပ် ထပ်မပြောနဲ့"

ဖေကြီးက ခရာ့အဖေပီပီ ခရာ့စိတ်ကိုနားလည်နေသူဖြစ်ကာ USမှာဆိုရှေ့နေတစ်ယောက်ဟာ ဘယ်လောက်ထိအောင်မြင်နိုင်သလဲ ခရာသိသည်။
သာမာန်ထက်ကြိုးစားခဲ့ခြင်းသည် သာမာန်နေရာမှာပဲ နေဖို့ မထိုက်တန်ဘူးဟုလည်း သူမ ယူဆမိ၏။

"အခြေမချပါဘူး ဖေကြီးရဲ့ ခရာစာသင်ပြီးရင် ပြန်လာမှာပါ"

"တိတ်စမ်း!! နောက်ထပ် ထပ်မပြောနဲ့ ကိုယ့်သမီးအကြောင်း မသိဘဲနေမလား လုံးဝမသွားရဘူး"

တင်းမာပြတ်သားသော ဖေကြီးအမိန့်ကိုလည်း မလွန်ဆန်ရဲတာမို့ မေကြီးက ပါပါးတို့ဆီမှာ စိတ်ပြေလက်ပျောက် ခဏဖြစ်ဖြစ်သွားနေဖို့ တိုက်တွန်းလာသည်။
ဖေကြီးကို စိတ်ဆိုးတာကြောင့်လည်းပါကာ ပါပါးတို့ဆီမှာလည်းမနေရတာကြာ၍ မြန်မာပြည်ကိုပြန်လာခဲ့ဖို့ သူမခေါင်းညိတ်ပြီး ပြန်လာခဲ့ခြင်းဖြစ်သည်။

ရတယ် ဖေကြီး....
ဒီလမ်းက သွားလို့မရရင် ဟိုဘက်လမ်းကကွေ့သွားမှာပေါ့။
ပါပါးဆီမှာအောင်းပြီး ဖေကြီးကိုရင်ဆိုင်ဖို့ အတွင်းအားတွေစုလိုက်ဦးမယ်..
ပန်းထက်အက္ခရာက ဖေကြီးရဲ့သမီးပါ ဖေကြီးဦးမင်းထက်ရဲ့...

💛💛▫▫▫💛💛

Part 4 ဆက်ရန်

စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997

~~~~~~~~~~~~~~~~~~~~

  
💛 Players ( Part - 3 ) 💛
    ▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"မင္းအတြက္"

မ်က္စိေရ႔ွကိုေရာက္လာတာက ေသြးႀကိဳက္တတ္ေသာ ဂဏန္းပီဇာမို႔ မသိမသာမ်က္ခံုးပင့္ၾကၫ့္ေတာ့ အရယ္အႃပံုးမရိွသၫ့္မ်က္ႏွာျဖင့္ တန္ခိုးဆိုသၫ့္လူျဖစ္သည္။
သူ႔ေဘးမွာေတာ့ ေသြးကိုအားနာစြာႃပံုးျပသြားသၫ့္လူျဖစ္ၿပီး သူ႔လက္ထဲမွာေတာ့ အျဖဴေရာင္ႏွင္းဆီပန္းတစ္စည္းပါသည္။

"ေက်းဇူးပါ ဒါေပမယ့္ ေသြး ရင္ျပၫ့္ေနလို႔မစားေတာ့ဘူး"

"အဲ့ဒါဆိုလည္း လႊင့္ပစ္လိုက္.. စည္း မင္းပန္းစည္းေပးမွာဆို ေပးလိုက္ေတာ့ ၿပီးရင္သြားစို႔ .. အတန္းေနာက္က်ေနမယ္"

တန္ခိုးဆိုသၫ့္လူဟာ ေသြးရဲ့ရင္ထဲျမန္ျမန္ဝင္ေရာက္လာသည္က ထိုသို႔ေသာခပ္ေက်ာေက်ာ အမူအယာေတြေၾကာင့္ျဖစ္သည္။
ႏူးညံ့ေသာစကားကိုမဆိုတတ္သလို ေတြ့လိုက္တိုင္း အရယ္အႃပံုးကင္းမဲ့ေသာ ေအးတိေအးစက္မ်က္ႏွာျဖင့္။
ပံုစံကေတာ့ ခမ္းနားထည္ဝါေသာ အေရာင္အဝါမ်ိဳးျဖင့္ ေမွးမိွန္မေနေသာေၾကာင့္ သူ႔ကို တစ္ခုခုပဲဟု ေသြးထင္ခဲ့မိသည္။

"ေသြး လက္ခံမယ္မလား"

အေတြးျဖင့္ လိုက္ေငးေနမိခ်ိန္ စည္းဆိုသၫ့္လူ၏အသံၾကားမွ အသိဝင္လာကာ ဒီလူကေတာ့ အၿမဲႏူးညံ့ေနတတ္သၫ့္ေလသံျဖင့္ ေသြးကိုျမတ္ႏိုးယုယသလို အၾကၫ့္ေတျြဖင့္။
ဟိုမာေရေက်ာေရႏိုင္ေသာ ပုဂၢိုလ္သည္လည္း ေသြးကိုစိတ္ဝင္စားေနသည္ပဲ။
သို႔ေပမယ့္ သူက ဘာကိုမာန္တက္ေနသလဲမသိဘဲ အၿမဲလိုလိုအထက္စီးကမို႔ ၾကၫ့္မရသည္ကေတာ့ အမွန္တရား။

"သူက အဲ့လိုပဲေနတတ္လို႔ပါ ေသြးရဲ့ တန္ခိုးက မာနမႀကီးပါဘူး သေဘာေကာင္းပါတယ္ ကူညီေပးတတ္တယ္"

စည္းဆိုသၫ့္လူက ေရ႔ွေနလုပ္ေပးေနေပမယ့္ ေယာက်ာ္းေတြကို ေခါင္းညိတ္ရုပ္ေတျြဖစ္သြားေစသၫ့္ေသြးကို ဒီလိုပံုစံႏွင့္ဆက္ဆံတာကိုေတာ့ သေဘာမက်။
သူတို႔သူငယ္ခ်င္းႏွစ္ေယာက္ဟာ သိပ္ခ်စ္ၾကပံုရၿပီး အၿမဲလိုလိုတပူးပူးတတဲြတဲြရိွကာ ေသြးကိုလိုက္ေနသည္ကလည္း ႏွစ္ေယာက္လံုးအတူတူ။

"အဲ့လိုဆို ရွင္တို႔စိတ္ဝမ္းမကဲြဘူးလား"

ဟု ေသြး ေမးလိုက္မိေတာ့ တန္ခိုးကေခါင္းခါျပၿပီး စည္းရဲ့ပခံုးကိုလွမ္းဖက္ကာ...

"တစ္ေယာက္ကိုမင္းေရြးရင္ က်န္တဲ့တစ္ေယာက္က သူငယ္ခ်င္းအျဖစ္ေနဖို႔ သေဘာတူထားတယ္ ငါတို႔ကစိတ္ဝမ္းကဲြစရာမရိွပါဘူး"

ဤဆက္ဆံေရးကို ေသြး နည္းနည္းေတာ့စိတ္ဝင္စားသြားမိသည္။
ႏွစ္ေယာက္လံုးဟာ ပံုစံတမ်ိဳးစီၾကၫ့္ေကာင္းၿပီး တန္ခိုးရဲ့ပံုစံက ရင့္က်က္တည္ၿငိမ္ကာ စည္းရဲ့ပံုစံကေတာ့ ခုေခတ္Kpopအဆိုေတာ္ေတြလို ႏုႏုဖတ္ဖတ္ေလး။

ေတြးေနတုန္းဒိုင္းခနဲအသံႏွင့္အတူ ကားသည္ အနည္းယိမ္းယိုင္သြား၍ ဘရိတ္ကိုဖိနင္းပစ္လိုက္ကာ အျပင္ထြက္ၾကၫ့္ေတာ့ ဘီးတစ္ဖက္ဟာ ျပားခ်ပ္ေန၏။
ေဖေဖ့ဆီဖုန္းဆက္ဖို႔ ဖုန္းထုတ္မိေပမယ့္ ဒါဟာစမ္းသပ္ဖို႔အေကာင္းဆံုးဟု အေတြးတစ္ခုဝင္လာ၍ စည္းဆီကိုအရင္ဖုန္းဆက္လိုက္သည္။

"ေသြး လမ္းမွာကားပ်က္ေနလို႔"

"ကိုယ္ ဒက္ဒီကိုသြားႀကိဳေပးရမွာ ေသြးရယ္ လာလို႔အဆင္မေျပေသးဘူး"

"အဲ့ဒါဆိုေနပါေစေတာ့"

စည္းရဲ့အျငင္းစကားေၾကာင့္ အၿမဲလိုလိုဦးစားေပးခံရေသာ ေသြးသည္ မေက်မနပ္ျဖစ္သြားမိရင္း ဖုန္းခ်ပစ္လိုက္ကာ တန္ခိုးဆီထပ္ေခၚလိုက္သည္။
တန္ခိုးကေတာ့ အေတာ္ၾကာမွဖုန္းကိုင္ကာ ေသြး ကားဘီးေပါက္ေနေၾကာင္းၾကားသည္ႏွင့္ ခ်က္ခ်င္းျပာယာခတ္သြား၏။

"ဘယ္ေနရာေရာက္ေနတာလဲ ကိုယ္အခုလာခဲ့မယ္"

ထိုအခါမွ ေသြးစိတ္ထဲေက်နပ္သြားၿပီး လက္ရိွေရာက္ေနေသာေနရာကို ေျပာျပလိုက္သည္။
တကယ္လည္း တန္ခိုးက ေသြးရိွရာေနရာသို႔ အေျပးေရာက္လာသလို သူကိုယ္တိုင္ကားဘီးလဲေပးၿပီး ကားတစ္စီးလံုးကိုျပန္စစ္ေပးသည္။
သူဟာ ကားအေၾကာင္းေတာ္ေတာ္နားလည္ပံုရိွၿပီး လုပ္တာကိုင္တာလည္းျမန္တာမို႔ ထိုအရည္အခ်င္းကိုေတာ့ ေသြး အေတာ္ေလးသေဘာက်သြားမိသည္။

"ေက်းဇူးပါပဲ တန္ခိုးရယ္ ေသြးတစ္ေယာက္တည္းသာဆို ဘာလုပ္ရမွန္းသိမွာမဟုတ္ဘူး"

"ရတယ္ မင္းေနရာမွာ ဘယ္သူပဲျဖစ္ျဖစ္ ကိုယ္ကူညီမွာပဲ စည္းက သူ႔အေဖကိုတကယ္သြားႀကိဳေနရလို႔ မင္းစိတ္ဆိုးမေနပါနဲ႔ ျပန္ေတာ့ ေသြး.. ေမွာင္ေတာ့မယ္"

ေသြးေခါင္းေလးညိတ္ျပလိုက္မိကာ ကားေပၚျပန္တက္ၿပီး ေမာင္းထြက္လာခဲ့သည္။
တကယ္က ကားပ်က္တာေလာက္ကို ေဖေဖ့ဆီဖုန္းဆက္လိုက္ရံုနဲ႔ၿပီးေပမယ့္ ဘယ္သူဟာ ေသြးအတြက္အၿမဲအဆင္သင့္ရိွသလဲဟု သိခ်င္တာေၾကာင့္ ဒီလိုလုပ္မိျခင္းျဖစ္သည္။
တန္ခိုးဆိုသၫ့္လူက ေသြးလိုအပ္၍ေခၚလိုက္ခ်ိန္တိုင္း ဘာပဲလုပ္ေနေန ထားခဲ့ၿပီးအၿမဲေရာက္လာတတ္သည္က အမွတ္ေပးခ်င္စရာ။

"တန္ခိုး (၁) စည္း (၀)"

တကယ္တမ္းေတာ့ မလိမ္မညာစတမ္းဝန္ခံရလ်ွင္ ေသြးသည္ တန္ခိုးဆီက ဂရုစိုက္မႈထက္ စည္းဆီက ဂရုစိုက္မႈကို ပိုၿပီးလိုခ်င္ေနခဲ့မိကာ မရတာမို႔ ပိုၿပီးလိုအပ္​ေနသလားေတာ့မသိ။
ခဏခဏစမ္းသပ္ခ်င္စိတ္ျဖင့္ ခဏခဏေခၚလိုက္တိုင္း စည္းထက္အရင္ အေျပးေရာက္လာသၫ့္တန္ခိုးကိုေတာ့အားနာမိသား။

သို႔ေသာ္ ေသြးလက္တဲြရမၫ့္လူကိုေတာ့ အမွတ္ျမင့္ျမင့္ထား၍ စာေမးပဲြစစ္သင့္သည္မလား။
သို႔မွသာ ခရာလိုက္မမွီႏိုင္သၫ့္ perfect manကိုရမွာေလ...

💛💛▫▫▫💛💛

ေသြးသည္ တန္ခိုးနဲ႔ခ်စ္သူျဖစ္ခဲ့သၫ့္အခါ ေသြးတို႔ႏွစ္ေယာက္လံုးသည္ စည္းနဲ႔ေတာ့ သူငယ္ခ်င္းအျဖစ္သာ ဆက္လက္ရိွေနခဲ့သည္။
လက္တဲြၿပီးမွ သိလာရသည့္အရာက တန္ခိုးသည္ မိဘမဲ့တစ္ဦးလို ေက်ာင္းစားရိတ္၊ ေနစားစားရိတ္အတြက္ အျပင္မွာအလုပ္ေပါင္းစံုလုပ္ေနသည္ဟု။
ေလာေလာဆယ္သိရသေလာက္ Medium Automartမွာ ကားမကၠင္းနစ္အျဖစ္ အခ်ိန္ပိုင္းအလုပ္လုပ္ရင္း ေက်ာင္းတက္ေနသူျဖစ္သည္။

"ကို႔မိဘေတြကေရာ"

"အေမျြဖတ္ထားတယ္"

"အဲ့ဒါကိုေမးေနတာမဟုတ္ပါဘူး ကိုရဲ့ ကို႔မိဘေတြက ဘာလုပ္တာလဲ"

"အေဖက ၿခံလုပ္ငန္းတစ္ခုမွာ အလုပ္သမားေတြကိုဦးစီးတဲ့ အလုပ္သမားေခါင္းဆိုပါေတာ့.. အေမက ေက်ာင္းဆရာမ အခုေတာ့အၿငိမ္းစားပါ"

ဒါဟာ ကိုယ့္ခ်စ္သူရဲ့ဘဝဆိုေပမယ့္ ေသြး နည္းနည္းေတာ့စိတ္ပ်က္သြားမိသည္။
သို႔ေပမယ့္ သူကိုယ္တိုင္က အရည္အခ်င္းရိွသူတစ္ဦးမို႔ အလုပ္ခြင္ထဲေရာက္သြားသၫ့္အခါ ေအာင္ျမင္လာမၫ့္သူတစ္ဦးဟု အလိုလိုခံစားမိေန၏။
လက္ေတြ့မွာလည္း သူဟာ သိပ္ေတာ္သၫ့္ လူငယ္အင္ဂ်င္နီယာေလာင္းတစ္ေယာက္ ျဖစ္သည္ေလ…

"ကို႔မွာ အစ္ကိုတစ္ေယာက္ရိွတယ္ဆို"

"အင္း ဒါေပမယ့္မရိွေတာ့ဘူး ဆံုးသြားၿပီ"

ေသြးသိေသာ ကို႔ရဲ့မိသားစုအေၾကာင္းဟာ ဒါပဲျဖစ္ၿပီး သူ႔ရဲ့သူငယ္ခ်င္းအရင္းအခ်ာႀကီးျဖစ္ေသာ စည္းကိုေမးေတာ့လည္း သူလည္းေရေရရာရာမသိ။
ကိုဟာ အလုပ္ေပါင္းမ်ားစြာက်င္လည္ဖူးသူမို႔အေပါင္းအသင္းဆံ့ေသာ သူ႔ပံုစံဟာ ရင့္က်က္တည္ၿငိမ္သလိုျဖစ္ေနသည္မွာ မဆန္းေတာ့။
လုပ္ခဲ့သမ်ွအလုပ္တိုင္းကို ကၽြမ္းက်င္မႈရိွခဲ့သလို ကားျပင္ကၽြမ္းက်င္သည္ကလည္း Automartမွာ အလုပ္လုပ္ေနေသာေၾကာင့္ျဖစ္သည္။။

"ေသြး.. နင့္လူက အလုပ္မ်ိဳးစံုလုပ္ဖူးတယ္ဆိုတာ ေကာင္းေတာ့ေကာင္းပါတယ္ ဒါေပမယ့္ နင္စဥ္းစားေနာ္ အကၡရာက Singaporeမွာဘဲရသြားရင္ အဲ့ဘဲကေရလ်ွံမွာအေသအခ်ာပဲ ဟိုေလ.. နင့္လူက"

"ကို ေက်ာင္းမၿပီးေသးလို႔ပါ ကိုကအရည္အခ်င္းရိွတယ္ ငါယံုတယ္ ကိုသာဘဲြ႔ရသြားရင္ ဒီလိုႄကံုတဲ့အလုပ္ လုပ္စရာမလိုေတာ့ဘူး သူ႔ဘဝကတစ္ဆစ္ခ်ိဳးေျပာင္းလဲသြားမွာ"

"နင္ေျပာသလိုျဖစ္ရင္ေကာင္းတာေပါ့ နင့္လူက တကယ္ေတာ္ပါတယ္ ျပတ္ေစခ်င္လို႔ေျပာတာေတာ့ မဟုတ္ဘူးေနာ္ အကၡရာနဲ႔နင့္အေၾကာင္းကိုသိေနလို႔"

ထိုသို႔ေသာအႀကံျပဳစကားေတြကိုလည္း ေသြးေခါင္းေလးသာ ညိတ္ျပလိုက္ၿပီး ကိုနဲ႔အတူေန့လည္စာစားဖို႔ ကဲန္တင္းကိုထြက္လာခဲ့သည္။
ေသြးထက္စာလ်ွင္ ကိုက ခ်ိဳ႕တဲ့သူမို႔ ထမင္းခ်ိဳင့္ကိုႏွစ္ေယာက္စာထၫ့္ၿပီး ေန့လည္စာဖိုးသက္သာေအာင္ ကို႔အတြက္ပါသယ္လာဖူးသည္။
ဒါကို မာနႀကီးေသာေရႊမင္းသားက စိတ္ဆိုးသြားရံုမက ေသြးကိုပါ စကားမေျပာေတာ့၍ ေသြးဘက္ကသာ တစ္ထစ္ေလ်ွာ့ခဲ့ရ၏။

ေျပာရလ်ွင္ စည္းစိမ္ဥစၥာႂကြယ္ဝမႈမရိွပါဘဲ ကိုဟာ ဘာေၾကာင့္ဒီလိုမာနႀကီးရသည္မသိ။
တကယ္ဆို ခ်စ္သူေတြရယ္လို႔ လက္တဲြခဲ့ကတည္းက တစ္ေယာက္ကသိတတ္သမႈနဲ႔ ျဖၫ့္ဆည္းေပးျခင္းကို လက္ခံသင့္သည္မဟုတ္လား။

"ကို႔ကိုသနားတာ၊ ငဲ့ၫွာတာေတြမလိုဘူး ေသြး
ကိုကေယာက်ာ္း.. ကိုယ့္ကိုယ္ကိုပဲအားကိုးခ်င္တယ္ မင္းလိုခ်င္သမ်ွ ကိုျဖၫ့္ဆည္းေပးမယ္ တစ္ခုပဲ ကို႔အခ်စ္၊ကို႔မာနကို ေနာက္ထပ္မေစာ္ကားပါနဲ႔"

ဆိုကာ ေသြးရဲ့ျဖၫ့္ဆည္းေပးခ်င္ေသာလက္ကို ပုတ္ခ်ပစ္ခဲ့သူျဖစ္သည္။
တကယ္လည္း ကိုက ေသြးအတြက္အၿမဲအဆင္သင့္ရိွၿပီး ေသြးလိုအပ္သမ်ွကိုလည္း ျဖၫ့္ဆည္းေပးတတ္သူျဖစ္ေပမယ့္ ေသြး လိုအပ္ေနသည္က ဒီလိုသေဘာထားေတြအျပင္ တျခားတစ္ခု။

ကိုဟာ ခရာ့လက္တဲြေဖာ္ထက္ ျပည့္စံုခ်မ္းသာသၫ့္ လူတစ္ေယာက္ျဖစ္လာဖို႔....

💛💛▫▫▫💛💛

"ဘယ္လိုလဲ နင့္ကိုၾကၫ့္ရတာ အေတာ္အလုပ္မ်ားေနပံုပဲ"

Skypeမွာ video callေျပာျဖစ္ေတာ့ ခရာက ရယ္ေနခဲ့ရင္း သူမ၏အေနာက္ဘက္ကစာၾကၫ့္စင္ကို Cameraလွၫ့္ျပသည္။
ဘာစာအုပ္ေတြလဲေသခ်ာမသိေပမယ့္ ဥပေဒေရးရာစာအုပ္ေတြမွန္းေတာ့ ေသြးသိလိုက္ကာ ထိုစာအုပ္ေတြအမ်ားႀကီးကို ခရာကဖတ္ေနရသလား။

"ေဖႀကီးက Lawယူလိုက္ဆိုလို႔ ယူလိုက္တာ တကယ္တမ္းမလြယ္ဘူး စာတမ္းတင္ရတယ္ တရားရံုးေတြသြားရတယ္"

"နင္က ေတာ္ပါတယ္ ေကာင္းေကာင္းလိုက္ႏိုင္တယ္မလား"

"အင္း လိုက္ႏိုင္ပါတယ္ ဒါေပမယ့္Thesisတစ္ခုလုပ္ရဦးမယ္ ဘဲြ႔လြန္ဆက္တက္ဖို႔"

"ဘယ္လိုလဲဟယ္ နင္ကမေက်နပ္ႏိုင္ေသးဘူးလား ၆ႏွစ္ေတာင္တက္ၿပီးၿပီပဲ LLBဘဲြ႔ရထားၿပီမလား"

"ေအး ဒါေပမယ့္အဲ့ဒါ NUSကရတာ ငါက Harvardကလိုခ်င္တာ"
( NUS = National University of Singapore )

NUSကရသၫ့္ဘဲြ႔ကလည္း ျမင့္တာပဲမို႔ ထိုေလာက္နဲ႔မေက်နပ္ဘဲ Harvardအထိပါ ေျခဆန႔္ခ်င္ေသးေသာ သူမ။
ေလာဘႀကီးလွေခ်လား ခရာရယ္...
ႏႈတ္ခမ္းေလးမဲ့ပစ္ရင္း စိတ္ထဲကေျပာလိုက္မိေပမယ့္ လက္ေတြ့မွာေတာ့ ဘာမွမေျပာျဖစ္ဘဲ ခရာေျပာသမ်ွကိုသာ နားေထာင္ေနလိုက္သည္။

ေလးေလးမင္းထက္ဟာ ခရာ့ကို အေတာ္ျမင့္ျမင့္ေရာက္ဖို႔မွန္းထားပံုရၿပီး Harvardမွာေက်ာင္းတက္ဖို႔ ဆႁႏၵပင္းျပေနေသာခရာ့ကိုလည္း တားဆီးမွာမဟုတ္။
ဒါ့အျပင္စာအုပ္အျပၫ့္ရိွေနေသာ ခရာ့ေက်ာဘက္က စာၾကၫ့္စင္ေလးသည္ ခရာ ဘယ္ေလာက္ထိ ျပင္းျပင္းထန္ထန္ႀကိဳးစားေနသလဲ သက္ေသျပေနသၫ့္ႏွယ္။

"နင္ေရာ ေက်ာင္းကဘယ္လိုလဲ"

"ငါက ၅ႏွစ္ပဲတက္ရတာေလ အခု Architectျဖစ္ေနၿပီ Experienceယူေနတယ္ ငါလည္းအဲ့ဒီကိုလာမလို႔"

"Woww အာ့ဆိုနင္နဲ႔ငါ အတူေနရဦးမွာေပါ့"

"ေအးေပါ့ ဒါနဲ႔ေမးရပါဦးမယ္ နင္အရင္လို ဗရုတ္သုတ္ခေနတုန္းပဲလား ကိုယ့္အဆင့္အတန္းနဲ႔ကိုယ္ ေသေသသပ္သပ္မေနတတ္ဘဲနဲ႔ေလ"

Screenေပၚမွာျမင္ေနရေသာ ခရာ့မ်က္ႏွာေလးမဲ့ခနဲျဖစ္ကာ ပခံုးႏွစ္ဖက္ကိုတမင္တြန႔္ျပၿပီး ဆံပင္တိုေလးေတြကိုဆဲြဖြသည္။
ဂုတ္ဝဲမရိွတရိွဆံပင္တိုေတြဟာ ဟိုးအရင္ကတည္းကျဖစ္ၿပီး အခုထိလည္းရွည္မလာေသး။
သို႔ေသာ္ ဆံပင္တိုေလးေၾကာင့္ ခရာ့မ်က္ႏွာေလးဟာ ပိုၿပီးႏုငယ္ေနသလိုျဖစ္ကာ ဘယ္လိုပဲၾကၫ့္ၾကၫ့္ ေရ႔ွေနရုပ္မထြက္…

"တရားရံုးကိုပဲအခ်ိန္ျပၫ့္ေရာက္ေနတာနဲ႔ အဲ့လိုခဲြျခားဖို႔ကို စိတ္မအားေသးဘူး"

"ယံုစရာလား နင္အဲ့ဒီအက်င့္ကိုမျပင္ႏိုင္ပါဘူး ဒါပဲ ငါအိပ္ေတာ့မယ္"

"Goodnight My Sis"

Video callခ်ပစ္လိုက္ေတာ့ ေသြး မဲ့ႃပံုးတစ္ခ်က္ႃပံုးမိသြားသည္ဆို လူဆိုးမႀကီးျဖစ္ရာက်ေနမလား။
နင္မွန္းတာက Harvardတဲ့လား အကၡရာ...

💛💛▫▫▫💛💛

ျပတင္းေပါက္ကေန အျပင္ကိုလွမ္းၾကၫ့္မိေတာ့ ျဖဴေဖြးေနသၫ့္တိမ္စိုင္ေတြေၾကာင့္ ကိုယ္ေမ်ွာ္လင့္ခဲ့ရသၫ့္ အိမ္မက္ကို ျပန္သတိရသြား၏။
ဒီတိမ္ေတြလိုျမင့္ခဲ့ေသာ Harvard Universityဆိုသၫ့္ ခရာ့ရဲ့အိမ္မက္ေတြ။

"မသြားရဘူး ပန္းထက္အကၡရာ ဥပေဒပညာေတြသင္ေပးထားတာက တျခားႏိုင္ငံမွာအေျခခ်ဖို႔မဟုတ္ဘူး ေနာက္ထပ္ ထပ္မေျပာနဲ႔"

ေဖႀကီးက ခရာ့အေဖပီပီ ခရာ့စိတ္ကိုနားလည္ေနသူျဖစ္ကာ USမွာဆိုေရ႔ွေနတစ္ေယာက္ဟာ ဘယ္ေလာက္ထိေအာင္ျမင္ႏိုင္သလဲ ခရာသိသည္။
သာမာန္ထက္ႀကိဳးစားခဲ့ျခင္းသည္ သာမာန္ေနရာမွာပဲ ေနဖို႔ မထိုက္တန္ဘူးဟုလည္း သူမ ယူဆမိ၏။

"အေျခမခ်ပါဘူး ေဖႀကီးရဲ့ ခရာစာသင္ၿပီးရင္ ျပန္လာမွာပါ"

"တိတ္စမ္း!! ေနာက္ထပ္ ထပ္မေျပာနဲ႔ ကိုယ့္သမီးအေၾကာင္း မသိဘဲေနမလား လံုးဝမသြားရဘူး"

တင္းမာျပတ္သားေသာ ေဖႀကီးအမိန႔္ကိုလည္း မလြန္ဆန္ရဲတာမို႔ ေမႀကီးက ပါပါးတို႔ဆီမွာ စိတ္ေျပလက္ေပ်ာက္ ခဏျဖစ္ျဖစ္သြားေနဖို႔ တိုက္တြန္းလာသည္။
ေဖႀကီးကို စိတ္ဆိုးတာေၾကာင့္လည္းပါကာ ပါပါးတို႔ဆီမွာလည္းမေနရတာၾကာ၍ ျမန္မာျပည္ကိုျပန္လာခဲ့ဖို႔ သူမေခါင္းညိတ္ၿပီး ျပန္လာခဲ့ျခင္းျဖစ္သည္။

ရတယ္ ေဖႀကီး....
ဒီလမ္းက သြားလို႔မရရင္ ဟိုဘက္လမ္းကေကြ့သြားမွာေပါ့။
ပါပါးဆီမွာေအာင္းၿပီး ေဖႀကီးကိုရင္ဆိုင္ဖို႔ အတြင္းအားေတြစုလိုက္ဦးမယ္..
ပန္းထက္အကၡရာက ေဖႀကီးရဲ့သမီးပါ ေဖႀကီးဦးမင္းထက္ရဲ့...

💛💛▫▫▫💛💛

Part 4 ဆက္ရန္

စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997

Continue Reading

You'll Also Like

358K 11K 48
It's been 6 years since the war. Harry and Ginny broke up soon after, and he's living a peaceful quiet life finally not having to fight the bad guys...
47.3K 1.8K 12
To which, as always, Shinobu tells Giyuu that no one likes him, and he finally argues back that someone does like him- no. That someone loves him. An...
52.4K 862 32
Veronica Bella is a 12-year old bookworm girl and Count Olaf's daughter and she can only hope for her unfortunate life to be over and it does when sh...
36.1K 403 40
Helluva Boss is one of my favorite shows now and it's amazing and I want to make this so yeah! Also not my artwork on the cover an like all my books...