Canolaပန်း​လေးရဲ့အဓိပ္ပါယ် (C...

By A_Di_Nge

1.4K 115 12

Canolaပန်း​လေးရဲ့အဓိပ္ပါယ်က​ပျော်ရွှင်ခြင်းတဲ့ ဒီပန်း​လေးကိုယူပြီးအသက်တစ်ဘဝလုံး​​ပျော်ရွှင်နိုင်ပါ​စေ​နော် ... More

မိတ်ဆက်ခြင်း
intro
🍀ဆုံစည်းခြင်းရဲ့နိဒါန်း🍀
🌸Canolaပန်းချစ်သူ🌸
🍁ပန်း​လေးရဲ့ကတိစကား🍁
🌹ချစ်ရသူနဲ့ပြန်​တွေ့ချိန်🌹
မခွဲခွာခင်အခိုက်အတန့်🥀
🌻လွမ်းဆွတ်ခြင်းရဲ့​နေ့စွဲများ🌻
☘ဆန်းကြယ်​သောကံကြမ္မာ☘
🍂​နောက်ဆုံးအချိန်🍂
❤💚Canolaပန်း​လေးရဲ့အဓိပ္ပါယ် or final
...

ရပ်တန့်ထားချင်​သောအချိန်​လေး🍁

67 7 0
By A_Di_Nge


ဒီအချိန်​လေးကိုရပ်တန့်​ပေးထားကြပါလား

_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

"ကိုကိုအဝတ်​တွေသွားထည့်လိုက်အုံးမယ်အသက်​လေး"

"ဟုတ်ကိုကို.."

​ကိုကိုအခန်းထဲဝက်သွားတာနဲ့ရိ​ပေါ်လည်းမီးဖိုခန်းထဲဝင်ကာချက်ပြုတ်​လေ​တော့တယ်
ကိုကိုနဲ့အတူ​နေရမယ်ဆို​တော့ရိ​ပေါ်စိတ်​တွေအရမ်းရွှင်လန်းပြီးအရမ်း​ပျော်​နေ​လေတယ်

"ကိုကိုဟာကြင်နာတာ​တွေတကယ်ကိုစွမ်း.........
ရင်ခွင်မှာကြိုဆိုပါတယ်ဒီလိုအနမ်း.........
ကိုကို​ရေရူးပြီ.......🎶"

​ရှောင်ကျန့်အဝတ်​တွေသိမ်းပြီးပြန်ထွက်လာ​တော့အသက်​လေးကိုမ​တွေ့
မီးဖို​ခန်းက​နေအသံ​တွေကြား​နေတာ​ကြောင့်​ရှောင်ကျန့်သွားကြည့်​တော့အသက်​လေးက​အေပရွန်ပန်း​ရောင်​လေးနဲ့ချက်ပြုတ်​နေ​လေတယ်
သီချင်းတဆိုဆိုနဲ့​အေး​အေးလူလူချက်ပြုတ်​နေတဲ့အသက်​လေးကတကယ့်ကိုချစ်စရာ​လေး
​ရှောင်ကျန့်လည်းအသက်​လေးနားသွားကာအသက်​လေးခါးကိုဖက်ထားလိုက်​လေတယ်

"ကိုကို! ဘာဖြစ်လို့လည်း"

"ကိုယ့်အိမ်သူ​လေးကချစ်ဖို့​ကောင်းလွန်း​နေလို့​လေ"

"ကျွန်​တော်​နေ့လည်စာချက်​နေတယ်​လေ"

"ချက်​လေ ကိုကိုကဖက်ရုံပဲဖက်ထားမှာ"

"ကိုကိုနှာဗူးကြီး"

"အသက်​လေးကိုပဲဘူးတာပါဗျ"

"ဟွင့်"

နှုတ်ခမ်းဆူလာတဲ့အသက်​လေး​ကြောင့်​ရှောင်ကျန့်လည်းအ​ရှေ့ကိုနည်းနည်းကိုင်းကာအသက်​လေးနှုတ်ခမ်းကိုစုပ်ယူလိုက်​လေတယ် အသက်​လေးက​တော့ပြုံးရုံသာပြုံးပြီးဘာမှမ​ပြော​ပေ

"ကိုကိုဟိုမှာသွားထိုင်​​စောင့်နေမယ်​နော်"

"ဟုတ်ကိုကို"

​ရှောင်ကျန့်စားပွဲမှာထိုင်​ကာအသက်​လေးကိုတဝကြီး​ငေး​နေလိုက်တယ် ခနအကြာအသက်​လေးက​ခေါက်ဆွဲအိုး​လေးသယ်လို့သူ့နား​ရောက်လာ​လေတယ်

"ပြီးပါပြီ ကျွန်​တော့်ရဲ့ပထမဆုံးအချစ်တွေနဲ့ဖန်တီးထားတဲ့​ခေါက်ဆွဲပြုတ်​လေးပါဗျ"

"​ကောင်း​ကောင်းစားပါ့မယ်"

​ရှောင်ကျန့်လည်း​ခေါက်ဆွဲ​လေးကိုအနည်းငယ်မြည်းစမ်းလိုက်တယ်

"Wo!!အရသာရှိလိုက်တာဗျာ အသက်​လေးအချစ်​တွေပါလို့လားမသိဘူး"

"ကိုကိုက​တော့ပိုပြီ"

ထိုသို့​ပြောပြီးရိ​ပေါ်လည်းခေါက်ဆွဲအနည်းငယ်ကိုစုပ်စားလိုက်တယ်
​ရှောင်ကျန့်က​တော့သူ့​ရှေ့က​ခေါက်ဆွဲစုပ်လိုက်တိုင်းစူထွက်လာတဲ့နှုတ်ခမ်း​လေးဆီကစိတ်က​ရောက်​နေတယ်
စိတ်မထိန်းနိုင်​တော့တဲ့အဆုံးခါးကိုအနည်းငယ်ကိုင်းကာရိ​ပေါ်ရဲ့နှုတ်ခမ်း​လေးကိုနမ်းလိုက်တယ်
ရိ​ပေါ်ကလန့်ပြီး​နောက်ကိုဆုတ်သွား​တော့ရိ​ပေါ်​ခေါင်းလုံး​လေးက​နေထိန်းကိုင်ကာအနမ်း​တွေကိုဆက်မိတယ် နမ်း​နေရင်းနဲ့ပင်ရိ​ပေါ်ပါးစပ်ထဲက​ခေါက်ဆွဲကိုပါလုသွား​လေတယ်

"ကိုကို!"

"​ခေါက်ဆွဲစားချင်လို့"

"အိုးထဲမှာရှိတယ်​လေဗျာ"

"အသက်​လေးပါးစပ်ထဲကပိုချိုတယ်​လေ"

"ရွံစရာကြီးကို"

"အသက်​လေးနဲ့ပတ်သတ်ရင်ကိုကိုကဘာမှမရွံဘူး
အဆုံး အသက်​လေးရဲ့ချီး​တောင်မရွံဘူး"

[Zo : 😑😑😑😑😑😑😑]

"ကိုကိုက​တော့!ရွံစရာကြီး"

"ဟားဟား စတာပါဗျာ"

"အရမ်း​တွေ​ပျော်​နေတယ်​ပေါ့ကိုကိုက"

"​ပျော်တာ​ပေါ့ဗျာ အငက်​လေးက​ဘေးနားရှိ​နေ​တော့ပို​ပျော်တာ​ပေါ့"

​ရှောင်ကျန့်ကရိ​ပေါ်ရဲ့ပါး​လေးကိုခပ်ဖွဖွ​လေးဆွဲညှစ်လို့​ပြော​လေတယ် ထိုအချိန်ခန​​​လေးကဘယ်အရာနဲ့မှမလဲနိုင်​အောင်တန်ဖိုးကြီးလှပါတယ်

_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

"ကိုယ်​ရေချိုး​တော့မလို့"

"ဟုတ်ကဲ့ပါဗျ"

​ကုတင်​​ပေါ်မှာထိုင်ကာသူ့ဘက်လှည့်မကြည့်ဘဲ​ပြောလာတဲ့အသက်​လေး​ကြောင့်​ရှောင်ကျန့်နှုတ်ခမ်းကအလျို​လျောက်စူလျက်ပင်

"အို့ ကိုကို..."

ထိုင်​နေတဲ့အသက်​လေးကိုခ​လေး​လေးတစ်​ယောက်လို​ပွေ့ချီ​လေ​တော့အသက်​လေးကအလန့်တကြားနဲ့​ခေါ်လာ​လေတယ်

"ကိုယ်နဲ့​ရေအတူချိုးမယ်"

"ကိုကိုမလုပ်.....ဗွမ်း!!!"

ရိ​ပေါ်ရဲ့စကားသံတို့က​​ရေချိုးကန်ထဲက​ရေ​တွေနဲ့အတူတိတ်ဆိတ်သွား​လေတယ်

​ရှောင်ကျန့်တစ်​ယောက်သူမြင်လိုက်ရတဲ့မြင်ကွင်း​လေး​ကြောင့်ပါးစပ်အ​ဟောင်းသားပင်
​ရေချိုးကန်ထဲမှာပက်လက်​လေးဖြစ်​နေတဲ့အသက်​လေးက​ရေ​တွေ​ကြောင့်ဝတ်ထားတဲ့အင်္ကျီဖြူ​လေးကအသားမှာကပ်သွားချိန်​ပေါ်လာတဲ့နို့နှစ်​ရောင်အသား​လေး ပြီး​တော့....လှပကျစ်လစ်တဲ့ခန္ဓာကိုယ်​လေးနဲ့အတူ​သေးသွယ်တဲ့ခါး​လေးကပနံသင့်​ပေ ရင်ဘတ်ဖြူဖြူ​ပေါ်ကအနီစက်​လေးနှစ်စက်ဟာဆိုရင်ဖြင့်သူ့ရဲ့သမာဓိအားကိုလာစမ်း​နေသလို မျက်စိ​ရှေ့ကအရာ​တွေအားလုံးဘယ်နတ်ဘုရားရဲ့ဖန်ဆင်းခြင်း​ကြောင့်လည်းမသိ​ပေမယ့်အားလုံးကသဘာဝအလှ​တွေ​ပေ

"ကိုကို နှာ​​ခေါင်း​သွေး!!"

ရိ​ပေါ်ကိုအကြာကြီးစိုက်ကြည့်​နေတဲ့ကိုကိုကနှာ​ခေါင်း​​သွေးကျလာတာကိုသတိမထားမိပုံ ရိ​ပေါ်သတိ​ပေးလိုက်မှ​သွေး​တွေကိြလက်ခုံနဲ့ဆွဲသုတ်​နေတဲ့ကိုကိုပါ​လေ

"ကိုကိုဘာဖြစ်​နေတာလည်း"

"အသက်​လေးရဲ့အလှ​တွေကြားရူး​နေတာ"

​မေးလိုက်တာကရိုးရိုး​လေးပါ
ပြန်​ဖြေလာ​သောစကား​ကြောင့်နားရွက်ဖျား​တွေနီရဲပြီးပူထူသွားသူကရိ​ပေါ်ပင်

"ဘာလို့အဲ့​လောက်​ေတာင်ရှက်​နေရတာလည်း"

​​ရေချိုးကန်ထဲဝင်ထိုင်လို့​မေးလာတဲ့ကိုကိုပါ​လေ
​မေးလည်း​မေးတတ်ပါတယ်

"ကျွန်​တော်မှဒီလိုမ​နေဖူးတာ"

​"​​ယောကျ်ားနဲ့​ရေအတူချိုးတာအဲ့​လောက်ရှက်စရာလိုလို့လား မိန်းမ​လေးရဲ့"

"ဟာ..ကိုကို!!"

ရှက်ရမ်း ရမ်းပြီးရင်ဘတ်ကိုလာထုတဲ့အသက်​လေးရဲ့လက်​လေးကိုဆွဲယူလို့ကိုယ်​သေး​သေးကိုရင်ခွင်ထဲထည့်မိ​တော့ခါးကိုပြန်ဖက်လာ​သောလက်​လေး​တွေ
​မေးဖျား​လေးကကိုင်ကာ​ခေါင်း​လေးကို​မော့​စေ​တော့မျက်နှာနုနု​လေးကရင်ခွင်ထဲက​နေ​မော့ကြည့်လာတယ် အနည်းငယ်စူထွက်​နေတဲ့နှုတ်ခမ်း​လေးကိုသိမ်းပိုက်မိ​တော့မျက်လုံး​လေးမှိတ်ကာငြိမ်ခံ​နေ​သောအသက်​လေး ထို​နေ့မှာ​​ရေချိုးခန်းထဲက​နေမထွက်ဘဲ​အနမ်း​တွေကိုပုံ​ဖော်​နေတဲ့​ကောင်​လေးနှစ်​ယောက်ဟာဆိုရင်ဖြင့်​နောက်​နေ့မနက်မှာအ​​အေးမိပြီးဖျားသွားကြလို့ဆရာဝန်​လေးကိုဒုက္ခသွား​ပေးလိုက်ကြပါ​သေးတယ်

_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

ဒီ​နေ့​လေးဟာဆိုရင်ဖြင့်ကိုကိုနဲ့ရိ​ပေါ်ရဲ့date​လေးပင် ကိုကိုဟာအနက်​ရောင်hoodieလေးဝတ်လို့အနက်​ရောင်maskလေးကိုပင်တပ်ထား​သေးတယ်
ရိ​ပေါ်က​တော့အဖြူ​​ရောင်hoddieလေးနဲ့maskအဖြူ​လေးနဲ့​ပေါ့ နှစ်​ယောက်လုံးကအနက်​ရောင်ဂျင်းဘောင်းဘီကိုဝတ်ဆင်ထားခြင်း​ကြောင့်coupleလေးလိုပင် ကိုကိုနဲ့အတူ​လျှောက်လည်ရမှာမို့ရိ​ပေါ်ရဲ့​ပျော်ရွှင်မှု​တွေကအတိုင်းအဆမသိ​ပေ

"အသက်​လေးသွားရ​အောင်"

"အရင်ဆုံးမုန့်အရင်သွားစားမယ်ကိုကို"

"အသက်​လေးသ​ဘောပါဗျ"

"ဟီးး..."

မျက်လုံး​လေး​တွေမှိတ်သည်အထိရယ်လာတဲ့အသက်​လေးကအ​တော့်ကို​ပျော်​နေပုံပင် မတ်စ်အုပ်ထားတာ​ကြောင့်အသက်​လေးအပြုံးကိုမမြင်ရတာကို​တော့နှ​မြောမိပါတယ်

Busကား​လေးစီးလို့​လျှာက်လည်တာဟာ​ပျော်စရာ​ကောင်း​ပေမယ့်အသက်​လေးကိုလိုက်ငမ်း​နေတဲ့မိန်းက​လေးတချို့​​ကြောင့်​ပျော်စရာ​တွေဟာကြက်​ပျောက်ငှက်​ပျောက်

မနက်ပိုင်း8နာရီဝန်းကျင်မို့လူသိပ်မများ​ပေမယ့်ထိုင်ခုံ​တော့မရ​ပေ အသက်​လေးနဲ့အတူမတ်တပ်ရပ်ကာတီတီတာတာ​တွေ​ပြောရတာ​သာယာပေမယ့်အသက်​လေးအနားကိုတိုးလာတဲ့​ကျောင်းသူတစ်စု​ကြောင့်သာယာမှု​တွေဟာမရှိ​တော့

သူ့အသက်​လေးကိုမိန်းက​လေး​တွေပါမက​ယောကျ်ား​လေး​တွေပါကြည့်လာတဲ့အခါ​ရှောင်ကျန့်အတွက်မအို​ကေ​နေ​တော့ပါ

ပိုင်ရှင်မှန်းသိ​အောင်အသက်​လေးရဲ့ခါးကိုဖက်ဖို့လုပ်​တော့သူ့ပုခုံး​ပေါ်​ရောက်လာတဲ့လက်တစ်စုံ​ကြောင့်ခါးကိြဖက်မယ့်လက်​တွေက​လေထဲမှာတန့်သွား​လေတယ် အသက်​လေးကသူ့ရဲ့မစွပ်ပဲချထားတဲ့​ခေါင်းစွပ်ကိုသူ့​ခေါင်းမှာစွပ်လိုက်တယ်
ရုတ်တရတ်မို့​ကြောင်သွားတဲ့သူ့ကိုကြည့်ကာအသက်​လေးလည်း​ခေါင်းစွပ် စွပ်လိုက်တယ်
ဘာသ​​ဘောလဲလို့မျက်ခုံးပင့်ပြ​တော့မဲ့ပြုံးလှလှ​လေးကိုသာပြန်ရလိုက်​လေတယ်

တစ်ခနတာစဥ်စား​နေချိန်မှာဘဲသူ့မတ်စ်ကသူ့မျက်နှာ​ပေါ်မှာမရှိ​တော့ဘဲနူးနူးညံ့ညံ့နှုတ်ခမ်း​လေးတစ်ခုကသူ့နှုတ်ခမ်း​တွေကိုလာထိကပ်​လေတယ်
Hoodieခေါင်းစွပ်​ကြောင့်မျက်နှာ​တွေကိုမမြင်ရ​ပေမယ့်သူတို့နမ်း​နေတာကို​တော့busကား​ပေါ်ကလူတိုင်းသိကြ​လေတယ်

အရပ်ချင်းကွာဟမှု​ကြောင့်​ခြေဖျား​ထောက်ထားရတဲ့အသက်​လေးအဆင်​ပြေ​အောင်ခါး​လေးက​နေထိန်းကိုင်​ေပးလိုက်​တော့လည်တိုင်ကိုတွဲခိုလာ​သောလက်​လေး​တွေ အတန်ကြာသည်အထိအနမ်းပင်လယ်ထဲလက်ပစ်ကူး​နေတဲ့သူတို့ဟာပတ်ဝန်းကျင်ကိုလည်း​မေ့​နေသ​ယောင်

အဖြူ​ရောင်​ကောင်​လေးရဲ့igအ​ကောင့်လာ​တောင်းတဲ့မိန်းက​လေးတစ်ချို့ဟာဆိုရင်ဖြင့်ရှက်စိတ်​ကြောင့်မျက်နှာကြီးနီရဲကာအ​ဝေးကိုထွက်သွား​​လေတယ်

_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

"နိ​ဟောင် ဘာများသုံး​ဆောင်ကြမလည်းဗျ"

"အသက်​လေးဘာစားမလဲ"

မီနူးဖတ်​နေရင်းနဲ့ပင်မျပ်လုံး​လေးလှန်ကြည့်လာတဲ့အသက်​လေးကတစ်ကယ့်ကိုချစ်စရာ​လေး ဝိတ်တာ​လေးကလည်းသူတို့ကိုကြည့်ရင်းပြုံး​နေ​လေတယ်

"စ​တော်ဘယ်ရီကိတ်နဲ့​နို့​အေး​ပေးပါ"

"ကိုယ့်လည်းအဲ့တာ​ပဲ​ပေးပါ"

"ဟုတ်ကဲ့ပါဗျ"

ဝိတ်တာ​လေးထွက်သွားသည်နဲ့maskကိုချွတ်ချလိုက်တဲ့အသက်က​တော်​တော်​လေးကိုမွန်းကြပ်သွားဟန် သူလည်းအ​တော်ကို​မောဟိုက်​နေပါပြီ

"ကိုကိုအဆင်​ပြေရဲ့လား ​ေမာ​နေပြီလား"

"ကိုယ်ဘာမှမဖြစ်ပါဘူး နည်းနည်းမွန်းကြပ်သွားရုံပဲ"

"​တောင်းပန်ပါတယ် ကျွန်​တော့်​ကြောင့်...."

"မ​ပြောနဲ့အသက်​လေး အသက်​လေး​ကြောင့်မဟုတ်ဘူး  "

"ဒါပေမယ့်....."

"​တော်​တော့ရှူး!!"

"မှာထားတာရပါပြီ ဟင်...."

ဝိတ်တာ​လေးကရိ​ပေါ်မျက်နှာကိုမြင်​တော့အံ့သြသွားပြီးပါးစပ်အ​ဟောင်းသား​လေး
ရိ​ပေါ်လည်ူနှူတ်လမ်း​ပေါ်ကိုလက်ညှိုးတင်ကာတိတ်တိတ်​လေး​နေဖို့အရိပ်အကဲပြလိုက်ရတယ်
ထို​တော့မှဝိတ်တာ​လေးကခေါင်းတဆတ်ဆတ်ငြိမ့်လို့သူ့အလုပ်သူသွားပြန်လုပ်​လေတယ် မသွားခင်လည်းတိုးတိုး​လေး​ပြောသွား​သေးတယ်

"ကျွန်​တော့်ကိုအပြန်ကျရင်ဝမ့်ရဲ့လက်မှတ်​လေးထိုး​ပေးခဲ့ပါအုံးဗျ ကျွန်​တော်ကဝမ့်ရဲ့fanboy​လေးပါဒီနားကိုလူ​တွေမလာ​အောင်ကျွန်​တော်ကြည့်ရှင်းထားမှာမို့ဝမ့်​ကောင်​လေးနဲ့လွတ်လွတ်လပ်လပ်ဒိတ်ပါ"တဲ့

"အဆင်​ပြေပါ့မလားအသက်​လေး"

"​ပြေ​လောက်ပါတယ်"

"အသက်​လေး..အာ...."

ကိတ်မုန့်​ပေါ်ကစ​တော်ဘယ်ရီ​သီး​လေးကိုခွံလာတဲ့ကိုကို​ကြောင့်အလိုက်တသိ​လေးစား​ပေးလိုက်တယ်

"နှုတ်ခမ်းမှာ​ပေကုန်ပြီ"

"ဟင်..ဘယ်နားမှာလည်း"

"ဒီနား​လေး...."

​ပေ​နေတဲ့​နေရာ​လေးကို ကိုကိုကလက်မ​လေးနဲ့ဖွဖွ​လေးသုတ်​ပေး​တော့ရင်တလှပ်လှပ်ဖြစ်ရသူကရိ​ပေါ်ပင် ကိုကိုက​တော့ရိ​ပေါ်ကိုနှလုံး​ရောဂါရ​အောင်လုပ်​နေတာပဲ

"ရပြီ...."

"ဟုတ်...ဟုတ်ကဲ့"

အူ​ကြောင်​ကြောင်​လေးနဲ့​ခေါင်းငြိမ့်လာတဲ့အသက်​လေးကတကယ့်ကိုချစ်စရာ​​လေးပင်
ဤမျှ​လောက်ချစ်ဖို့​ကောင်း​နေတဲ့အသက်​လေးကိုဘယ်နားမှာသွားဖွတ်ထားရမလဲတကယ်ကိုစဥ်းစားလို့မရ​ပေ

_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

ကစားကွင်း​ရောက်ပြန်​တော့လည်းက​လေး​လေး​တွေနဲ့​ရောကာ​ဆော့​နေ​သောအသက်​လေး
မတ်စ်ချွတ်ထားတဲ့အသက်​လေး​ကြောင့်ကစားကွင်းကမိန်းက​လေးပါမကျန်​ယောက်ျား​​လေး​တွေပါလာဖို့ပြင်​နေကြတယ်
အသက်​လေးရဲ့လက်ကိုသူလှမ်းဆွဲလိုက်​တော့အံ့သြသွားတဲ့မျက်နှာ​တွေ သူလည်း ငါ့အပိုင် ဆိုတဲ့အပြုံးကြီးနဲ့အသက်​လေး​ဘေးကကပ်​လျှောက်​နေလိုက်တယ် အသက်​လေးကလည်းဒီ​နေ့ကျမှအ​တော့်ကိုချစ်ဖို့​ကောင်း​နေ​လေသည်

"ကိုကို...ကိုကို.."

သူ့လက်​မောင်းကိုဆွဲကာချွဲနွဲ့ကာ​ပြောလာ​သောအသက်​လေး​ကြောင့်​ရှောင်ကျန့်အပြုံးကြီးကဖြီးလို့

"​ပြော​လေအသက်​လေးရဲ့"

"ကျွန်​တော်...​ရေခဲမုန့်စားချင်လို့"

Puppy eyes​လေးလုပ်ကာ​က​လေး​လေးလို​တောင်းဆိုလာတဲ့အသက်​လေးကတကယ့်ကိုဖျစ်ညှစ်ချင်စရာ​လေး ​ရှောင်ကျန့်လည်းအသက်​လေးရဲ့ပါးကိုအသာ​လေးဆွဲညှစ်လို့

"စားချင်ရင်ဝယ်စား​လေအသက်​လေးရဲ့"

​ရှောင်ကျန့်ရဲ့စကား​ကြောင့်ရိ​ပေါ်ရဲ့မျက်နှာ​လေးပချက်ချင်းကိုမဲ့ကျသွားတယ် ​ရှောင်ကျန့်ရဲ့လက်ကိုဖြုတ်ချကာစကားတစ်ခွန်းမှမ​ပြောဘဲ​​ဆောင့်​အောင့်ကာခုံ​လေးမှာသွားထိုင်​နေလိုက်တယ်

နှုတ်ခမ်းကိုတစ်တောင်​လောက်စူလို့​ကောက်ချိတ်​နေတဲ့အသက်​လေး​ကြောင့်​ရှောင်ကျန့်အသံမထွက်​အောင်ရယ်လိုက်မိတယ် သူကစလိုက်တာကိုအသက်​လေးကစိတ်ဆိုးသွားသည်တဲ့

"ဘာဖြစ်တာလည်းအသက်​လေးက"

"လာမထိနဲ့"

​​ပြောပြီးလက်ပိုက်ကာသူ့ကို​ကျော​ပေးသွား​​​သောအသက်​လေး

"စိတ်မဆိုးနဲ့​လေကွာ ကိုယ်ကစတာကို"

သူ့ဘက်ကိုလှည့်လာတဲ့အသက်​လေးရဲ့မျက်နှာကပြို​တော့မဲ့​ကောင်းကင်လို မျက်ဝန်း​လေး​တွေကလည်းအရည်လဲ့လို့  သူစတာများသွားပြီထင်တယ်

"မသဓာဘူး"

"ဟင်..."

"ကိုကိုက​ရေခဲမုန့်​လေးတစ်ခွက်​တောင်ကျွန်​တော့်ကိုမသဓာဘူး အီးဟီးး...ဟင့်"

​ပြောရင်းပင်မျက်ရည်​ပေါက်ကြီးငယ်ကျကာငိုလာ​သောအသက်​လေး​ကြောင့်​ရှောင်ကျန့်ပျာယာခတ်သွား​လေတယ် အသက်​လေးကိုရင်ခွင်ထဲထည့်လို့​ကျော​လေးပွတ်ကာ​ချော့မိ​တော့ပိုလို့ပင်ငိုလာ​သောအသက်​လေး ​ရှောင်ကျန့်လည်းအသက်​လေးပါးပြင်​ပေါ်ကမျက်ရည်​တွေကိုလက်မ​လေးနဲ့ခပ်ဖွဖွ​လေးသုတ်​ပေးမိ​တယ်

"ကိုကိုကစတာပါဗျာ"

"ဟင့်....!!"

ရှိုက်သံ​လေးတစ်စွန်းတစ်စသာထွက်လို့ငြိမ်ကျသွား​သောအသက်​လေးကအိပ်​ပျော်သွားသည်တဲ့
​ရှောင်ကျန့်လည်းအသက်​လေးကို​ပွေ့ချီကာtaxiငှားလို့ကွန်ဒိုကိုသာအမြန်ပြန်လာလိုက်တယ် သူလည်းအ​တော့်ကို​ေမာ​နေ​လေပြီ

_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

Words - 2536

Update - 8,4,2024

Arthur - Zora_virgo
























Continue Reading

You'll Also Like

720M 11.4M 114
Tessa Young is an 18 year old college student with a simple life, excellent grades, and a sweet boyfriend. She always has things planned out ahead of...
172K 17.8K 23
"𝙏𝙤𝙪𝙘𝙝 𝙮𝙤𝙪𝙧𝙨𝙚𝙡𝙛, 𝙜𝙞𝙧𝙡. 𝙄 𝙬𝙖𝙣𝙣𝙖 𝙨𝙚𝙚 𝙞𝙩" Mr Jeon's word lingered on my skin and ignited me. The feeling that comes when yo...
466K 31.5K 47
♮Idol au ♮"I don't think I can do it." "Of course you can, I believe in you. Don't worry, okay? I'll be right here backstage fo...
305K 9.2K 100
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...