💛 Players ( Part - 5 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫
ကျောင်းတက်ခဲ့စဥ်က ပေါင်းခဲ့သော သူငယ်ချင်းတစ်ယောက်၏မင်္ဂလာပွဲမှာ သတို့သမီးအရံလုပ်ပေးရမှာမို့ သွေးသည် စွမ်းHotelမှာ စောစောရောက်နှင့်နေသည်။
ပြင်စရာရှိတာပြင်ဆင်ပြီး အရံဝတ်စုံကိုဝတ်လိုက်တော့ ကိုယ်ဟာ သိပ်လှသည့်ပုံရိပ်လေးတစ်ခု ဖြစ်သွားပြီမို့ မှန်ကိုကြည့်ရင်း ကျေနပ်သွားမိ၏။
"သွေးရေ ပွဲစတော့မယ်နော်"
"လာပြီ"
အဆုံးသတ်နှုတ်ခမ်းနီလေးဆိုးကာ အခန်းအပြင်သို့ ခပ်သွက်သွက်ထွက်လာခဲ့တော့ သွေးနဲ့ဆင်တူ အရံဝတ်စုံဝတ်ထားသည့် စည်း။
စည်းက သွေးကို အမှတ်တမဲ့မြင်လိုက်ပေမယ့် ချက်ချင်းအကြည့်မလွှဲနိုင်သလို တမေ့တမောငေးနေကာ သူ့အကြည့်တွေဟာ ရွှန်းလက်ရီဝေနေ၏။
စည်းအကြည့်တွေကို သိပ်သဘောမကျပေမယ့် ကိုယ့်အလှမှာနစ်မြောသွားရသည်မို့ ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်မိသည်။
"စည်း ရှင်မျက်တောင်ခတ်ဖို့ မေ့နေသလား"
"ဆောရီး"
သွေးပြောလိုက်မှ အားတုံ့အားနာသွားဟန်ဖြင့် လည်ပင်းကိုပွတ်ကာ စည်း မျက်နှာလွှဲသွား၏။
သွေးပြုံးပြုံးလေးနေလိုက်ကာ သူဝတ်ထားသည်ကို သတိထားကြည့်တော့ စည်းကလည်း ဒါကိုသတိထားမိသွားဟန်ဖြင့်...
"သတို့သားအရံလေ"
"Aww သွေးလည်း သတို့သမီးအရံလေ ပွဲစတော့မယ်တဲ့ သွားရအောင်"
"အင်း သွားမယ်လေ"
နှစ်ယောက်သား စကားထပ်မပြောဖြစ်တော့ဘဲ ခန်းမဘက်ကိုထွက်လာခဲ့တော့ ခန်းမရှေ့မှာပဲ သတို့သား၊သတို့သမီးနှင့်တွေ့၏။
ပွဲစဖို့နည်းနည်းလိုသေး၍ သတို့သား၊ သတို့သမီးကို အခမ်းအနားမှူးက သေချာစွာမှာကြားနေချိန် နောက်ထပ်သတို့သမီးအရံဖြစ်သည့် သွေးရဲ့သူငယ်ချင်းက သွေးကို တိုးတိုးကပ်ပြောလာသည်။
"နင်အရမ်းအ,တာပဲ သွေးရယ် မင်းစည်းစိမ်နဲ့ ဘုန်းတန်ခိုးမှာ ဘုန်းတန်ခိုးကိုရွေးသွားတာကိုလေ"
"ဘာဖြစ်လို့လဲ"
"စည်းတို့မိသားစုက အရမ်းချမ်းသာတာ အစုတ်ပလုတ်မရဲ့ Min Groupလေ မောင်နှမနှစ်ယောက်ပဲရှိတာကိုမှ စည်းကအငယ်"
"Min Groupဆိုတာက ကို အလုပ်လုပ်နေတဲ့ကုမ္ပဏီလား"
"အေးလေ အဲ့ဒီမှာဘုန်းတန်ခိုးကို စည်းက နေရာကောင်းပေးပြီးခေါ်ထားတာနော် ပြီးတော့ ဘုန်းတန်ခိုးကလည်း သူ့အရည်အချင်းနဲ့ဆို ရုံးထိုင်လုပ်လို့ရရဲ့သားနဲ့ ဘာလို့ဆိုဒ်ထဲကိုပဲ ဆင်းချင်တာလဲမသိဘူး နင့်လူရဲ့စိတ်ကလည်း အဆန်းပဲ"
ကို့ကို စည်းက နေရာကောင်းပေးသတဲ့လား။
ကို့ရဲ့စိတ်က သူ့အကြောင်းမသိသောသူစိမ်းအတွက်သာ ဆန်းပြားနိုင်ပေမယ့် သွေးအတွက်ကတော့ မဆန်းပြားပါ။
ကိုဟာ ငယ်စဥ်ကတည်းက အင်ဂျင်နီယာအိပ်မက် မက်ခဲ့သူမို့ ထိုအလုပ်ကို သူဘယ်လောက်မက်မောသလဲ သွေးအသိဆုံး။
ဒါကြောင့်လည်း ပြည့်စုံချမ်းသာခြင်းကို သွေးအလိုရှိမှန်းပါလျက် မသိဟန်ဆောင်ပြီး အင်ဂျင်နီယာဆက်လုပ်နေခြင်းဖြစ်သည်။
"စိတ်မကူးမလွဲနဲ့ သွေး ငါကတော့ ဘုန်းတန်ခိုးထက်စာရင် မင်းစည်းစိမ်က ပိုပြီးမိုက်တယ်လို့ထင်တယ်"
"နင်ကလည်း ငါက ကိုနဲ့တွဲနေပြီဥစ္စာ"
"စည်းကလည်း နင့်ကိုစိတ်မပြတ်သေးတဲ့ပုံပါ သွေးရယ် ဒီတစ်ခါ သူနင့်ကိုဖွင့်ပြောလာရင် မငြင်းနဲ့တော့ ငါတို့မိန်းကလေးတွေဘဝက ကိုယ်ကချစ်တဲ့သူထက် ကိုယ့်ကိုချစ်တဲ့သူကိုပဲ ပိုပြီးရွေးချယ်သင့်တာ"
"အင်း"
ထိုစကားကိုကြားလိုက်တော့ သတို့သားနှင့်စကားပြောနေသော စည်းကို သူမ မသိမသာတစ်ချက်ကြည့်မိတော့ စည်းကဘာမှမသိ။
သွေးလိုချင်သည့်အနေအထားသည် ကို့ထက် စည်းမှာရှိနေပေမယ့် သွေး လိုအပ်နေချိန်တိုင်းမှာ စည်းကဦးစားပေးခဲ့သူမဟုတ်၍ မကျေနပ်ချင်ပါ။
မပြည့်စုံခြင်းတစ်ခုကလွဲ၍ ကိုကသာ သွေးအတွက်အမြဲအဆင်သင့်ဖြစ်နေသူမို့ သွေး ကို့အပေါ်သစ္စာဖောက်လို့ကောင်းပါ့မလား…
"တူနှစ်ကိုယ် တဲအိုပျက်မှာနေနေဆိုတာ တချို့လူတွေအတွက်ပဲထင်တယ် ငါတော့မနေနိုင်ဘူးဟယ် ငွေမက်တယ်ပဲပြောပြော"
"အင်း"
တကယ်လည်းနေနိုင်မှာမဟုတ်သော သွေးသည် တစ်ချက်တော့ တွေဝေသွားမိကာ ခရာနဲ့လောင်းကစားလုပ်ထားသည်ကို သတိပြန်ရလိုက်သည်။
ဆုံးဖြတ်ထားသလို ခရာနဲ့မငြိခဲ့ရင် သွေး ကို့ကိုဆက်တွဲမည်၊ ငြိခဲ့လျှင်အဆက်သွယ်ဖြတ်ပစ်မည်။
ဘယ်ဘက်ကတွက်တွက် သွေး အရှုံးမရှိတာမို့ ကျေနပ်သောအပြုံးလေးတစ်ခုက နှုတ်ခမ်းပေါ်ရောက်လာသည်။
မင်္ဂလာပွဲစတော့ သွေးနဲ့စည်းဟာ နီးနီးကပ်ကပ်ရှိခဲ့ရပြီး ကိုယ့်စိတ်ကိုချုပ်တည်းမထားတော့ဘဲ စည်းကိုမကြာခဏပြုံးပြမိသည်။
သွေးပြောခဲ့ဖူးသလို အစစအရာရာပြည့်စုံသောလူတစ်ယောက်ကိုရဖို့ သွေးဘက်မှာ အရံအစီအစဥ်ဆိုတာလည်း ရှိထားသင့်သည်မလား။
စည်းဟာ ကို့ရဲ့သူငယ်ချင်းဖြစ်နေစေဦး၊ သွေး ရှေ့ဆက်တိုးမိမှာ အသေအချာ။
ကြိုးစားလိုက်စမ်း ပန်းထက်အက္ခရာ....
💛💛▫▫▫💛💛
"အလုပ်လုပ်မယ်"
"ဟုတ်ကဲ့ ဖေကြီး"
Singaporeရှိဖေကြီးဆီသို့ ခရာပြန်ရောက်နေတာဖြစ်ပြီး မရာကလည်း အစီအစဉ်အတိုင်း ဒီမှာကျောင်းတက်ဖို့အတွက် နှစ်ယောက်အတူတူ ပြန်လာကြခြင်းဖြစ်သည်။
အထူးသဖြင့် ဂိမ်းတစ်ပွဲကစားဖို့ ခရာတို့နှစ်ယောက် သဘောတူညီချက်ကိုယ်စီဖြင့် နားလည်မှူယူလိုက်ကြသည်ဆို ပိုမှန်မလား။
"အဲ့ဒီမှာ ဘာအလုပ်လုပ်မှာလဲ အက္ခရာ"
"ရှေ့နေပဲလုပ်ချင်တာပါ ဒါပေမယ့် ဥပဒေရဲ့အပြင်လောကဟာ ဘယ်လောက်ကျယ်ပြန့်သလဲ သိချင်သေးတယ် ဖေကြီး"
"အဲ့ဒီတော့"
"ခရာ ရတဲ့အလုပ်ကို အရင်လုပ်နှင့်ချင်တယ်"
ဖေကြီးက ခရာ့ကိုမယုံသောကြောင့် သိပ်မသင်္ကာသလိုကြည့်နေပေမယ့် ခရာကတော့ မှင်သေသေဖြင့် ထမင်းစားနေလိုက်သည်။
ဖေကြီးဟာ သံအမတ်ပီပီ စကားအသွားအလာကိုရော၊ စကားပြောနေချိန် အပြုအမူတွေကိုပါ အကဲခတ်ပြီး ဆုံးဖြတ်တတ်သူဖြစ်သည်။
မေကြီးဆီကိုလည်း ဘယ်လိုလဲဆိုသည့်သဘောဖြင့်လှမ်းကြည့်လိုက်ပုံရကာ မေကြီးကတော့ ခေါင်းညိတ်ပြသည်ကိုလည်း မျက်လုံးထောင့်မှ မြင်လိုက်ရ၏။
သို့ပေမယ့် အခုချိန်ထိပါးစပ်ပိတ်နေသော မရာ့ကို တစ်ချက်မကျေနပ်သွားတာမို့ စားပွဲခုံအောက်ကနေ မရာ့ခြေဖမိုးကို ဒေါက်နှင့်နင်းပစ်လိုက်သည်။
Slipperတွေသာစီးတတ်သော မရာ့အတွက် ဆဲလ်ဟီးနဲ့အနင်းခံရခြင်းဟာ အီစိမ့်သွားမှာအသေအချာ။
ကစားပွဲစဖို့ဆိုတာ ခရာ မြန်မာပြည်မှာနေရမှာမို့ မရာ့အနေနဲ့လည်း ခရာ့ကိုခွင့်ပြုပေးဖို့ ဖေကြီးကိုကူပြောသင့်သည်မဟုတ်လား…
"ဟုတ်သားပဲ လေးလေးကလည်း.. ခရာ အဲ့မှာမနေတာကြာပြီကို ချက်ချင်းကြီးရှေ့နေလုပ်လို့လည်း သိပ်အဆင်မပြေဘူးလေ ပြီးတော့ ဖေဖေလည်းရှိနေတာကို"
"အဲ့ဒါကြောင့်ပဲစိုးရိမ်နေတာ ကိုကြီးက အက္ခရာကိုအရမ်းအလိုလိုက်မှာ လေးလေးသိတယ် ဒီကောင်မလေးကခပ်ဆိုးဆိုးနဲ့"
"ဖေကြီးကလည်း"
နှုတ်ခမ်းစူကာ ဆံပင်တိုလေးတွေ လွင့်သွားသည်အထိ မျက်နှာကိုလွှဲပစ်သော သမီးဖြစ်သူကိုကြည့်ကာ ဦးမင်းထက် သက်ပြင်းချမိသည်။
သူ့ဇနီးနှင်းပန်းလို နူးညံ့သိမ်မွေ့သည့် စိတ်သဘောထားနှင့်မျက်နှာနုနုလေးဖြစ်ပေမယ့် သူ့လိုခေါင်းမာပြီး လိုချင်တာကို မရမကပူဆာတတ်သည့် သမီးလေး။
အဖေ့သွေး၊ အမေ့သွေးအပြည့်ပါသူအဖြစ် အများကြီးမျှော်လင့်ထားခဲ့သောကြောင့် အဖေအမေဆီက နာမည်တစ်လုံးစီယူကာ ပန်းထက်အက္ခရာဟု နာမည်ပေးခဲ့သည်။
အခုဆို အရွယ်လည်းရောက်နေပြီ၊ ရှေ့နေလည်းဖြစ်ခဲ့ပြီမို့ တည်တည်တံ့တံ့နေစေချင်ပေမယ့် တစ်ခုခုဆိုကလေးဆိုးလေးလို စိတ်ကောက်တတ်သည့်အကျင့်က မပျောက်သေး။
အကြောက်အလန့်လည်း နည်းပါးလွန်းကာ မှန်တယ်ထင်လျှင် ပြန်ခံပြောတတ်သေးသောကြောင့် လေသံမာမာနှင့်ပြောမှ ခရာက အလျှော့ပေးခေါင်းငုံ့တတ်သည်။
ကိုယ်က သံအမတ်မို့ ကိုယ့်လိုနေရာမျိုးကို ရောက်စေချင်ကာမှ မယ်မင်းကြီးမလေးက ဘာလုပ်ချင်ပြန်ပြီလဲမသိ…
"ဘာအလုပ်လုပ်ဖို့စိတ်ကူးထားလို့လဲ"
"မသိသေးဘူး ခရာဘာပဲလုပ်လုပ် ဖေကြီးရဲ့ဂုဏ်သိက္ခာကိုတော့ မထိခိုက်စေရပါဘူး"
"ဖေကြီးယုံပါတယ် ဒါဆိုကတိပေးမလား သမီးဘယ်ကုမ္ပဏီမှာပဲဝင်ဝင် ဖေကြီးကိုအသိပေးရမယ်လို့"
"ဟုတ်"
"သံအမတ်တစ်ယောက်ရဲ့သမီးဖြစ်နေတော့ နေရာတကာမှာ သာမာန်လူလိုမလွတ်လပ်ဘူး ထိန်းသိမ်းရမှာတွေ သမီးသိတယ်မလား လမ်းမမှားစေနဲ့အက္ခရာ"
"ဟင်!! ဘယ်လမ်း"
"သမီးကို ဖေကြီးအများကြီးမှန်းထားတာနော် ဖေကြီးကိုစိတ်မပျက်စေနဲ့"
"ဟုတ်ကဲ့ ဖေကြီး"
ပြုံးရွှင်စွာကတိပေးလာသည့်မျက်နှာက စောစောကနဲ့မတူတာမို့ အခုမှသမီးမျက်နှာလေးကိုကြည့်ပြီး အမောပြေသွား၏။
တူမလေးနှင့်နှင်းပန်းကတော့ ပြုံးစေ့စေ့ဖြင့် ထမင်းဆက်စားနေကြကာ သမီးကတော့ သူ့ပန်းကန်ထဲ ဟင်းတွေလာထည့်ပေး၏။
အပြောင်းအလဲမြန်လိုက်တဲ့ သမီးစုတ်လေး...
💛💛▫▫▫💛💛
"နင့်အတွက် ဘာတွေလိုသေးလဲ ခရာ"
"မလိုဘူး ငါ့ဘာသာပဲစီစဥ်မယ်"
ဖြစ်ရမည်ဟု ယုံကြည်ထားသည်မို့ ခရာ့လေသံတွေပြတ်သားနေသလို အရာရာသည်လည်း တက်တက်ကြွကြွ။
ဖေကြီးဆီက တရားဝင်ခွင့်ပြုချက်လည်းရထားပြီးပြီမို့ ခရာ ဒီကိုပြန်လာတော့ မရာက ကျောင်းတက်ဖို့အကြောင်းပြချက်ဖြင့် ဖေကြီးတို့နှင့်ကျန်ခဲ့သည်။
ခရာတစ်ယောက်တည်းပြန်လာသည်က ဂိမ်းတစ်ခုအစပျိုးဖို့ဖြစ်ကာ ပါပါးတို့ဆီမှာနေလို့မရ၍ အပြင်မှာတိုက်ခန်းတစ်ခုငှားရသည်။
တန်ခိုးဆိုသည့်လူက နာမည်ကကြီးကျယ်သလောက် လူကလည်း အမိုက်စားရုပ်ရည်ဖြင့်။
၆ပေဆိုသောအရပ်ကြီးက ဘယ်နေရာကကြည့်ကြည့် ထင်းနေသောကြောင့် ခရာ သူ့နောက်ကို တကူးတကလိုက်ချောင်းနေစရာပင်မလို။
"လားရှိုးသားဟ ချောတာသာပြောလို့"
"တောင်ကြီးဘက်ကလာတာဆို တောင်ကြီးသားတွေချောတာတော့ လက်တွေ့ပဲ"
"မဟုတ်ဘူး ငါစုံစမ်းပြီးပြီ သူက လားရှိုးကလာတာ"
"Aww"
"မရာနဲ့လိုက်သားပဲနော် ဒါပေမယ့် သူ့နာမည်၊သူ့ပုံစံနဲ့ Backgroundမတောင့်ဘူးဆိုတာ ယုံချင်စရာမရှိဘူး"
ခရာပွင့်လင်းစွာပြောတော့ စားပွဲပေါ်ချထားသော Miniဓာတ်ပုံလေးတွေကိုကြည့်ကာ မိုးစက်ကရယ်ပြီး ခရာ့နားထင်ကို လက်ညှိုးနှင့်တွန်းပစ်၏။
တကယ်… ဒီအဆင်အမိုက်စားကြီးကို မရာ ဘာကြောင့်များမချစ်တာပါလိမ့်…
"ဘာထင်နေတာလဲ နင်က"
"မသိဘူး သိပ်မလိုက်ဖက်ဘူးလို့ပဲထင်နေတာ သူ့backgroundက တကယ်ပဲ"
"အေး ငါတို့ကြားထားသလိုပဲ အဖေကခြံအလုပ် လုပ်တယ် အမေကအငြိမ်းစားကျောင်းဆရာမတဲ့ အသေအချာတော့မသိဘူး ကြားထားသလောက်တော့ အဲ့ဒါပဲ"
"အစ်ကိုရှိတယ်ဆိုတာကရော"
"ရှိတယ်လို့ပဲသိတာ ကျန်တာဘာမှမသိဘူး တန်ခိုးကအတော်လျှိုထားတာနော် သူဒီကိုရောက်တာ ၁၇နှစ်ကတည်းက.. အဲ့ကတည်းကအိမ်မပြန်သလို အိမ်အကြောင်းလည်း လုံးဝမပြောဘူးတဲ့"
"ကျစ်.. ဒီဘဲကဘာလား"
"ဘယ်သူမှမသိတောင် အမရာတော့သိမှာပဲ သူ့ကိုမေးကြည့်ပါလား"
"မမေးတော့ပါဘူး"
တကယ်လည်း မေးစရာမလိုဟု ခရာထင်မိသည်။
တန်ခိုးရဲ့Backgroundဟာ ခရာကြားထားသည်သာအမှန်ဖြစ်လောက်ပြီး ထိုသို့သာမာန်အခြေအနေကြောင့် မရာတစ်ယောက် စိတ်ညစ်နေခြင်းဖြစ်ရမည်။
ပြောလိုက်ရင် 'တန်ခိုးထက်သာတဲ့သူ'ဆိုတာ ပါးစပ်ဖျားကမချ။
"တန်ခိုးထက်သာတဲ့ဘဲကို ရချင်တာလား ငါ့လူထက်သာတဲ့ဘဲကို ရချင်တာလား မရာ"
"၂ခုလုံးပဲ"
မရာ့အဖြေကိုနားထဲပြန်ကြားတော့ ခေါင်းလေးကို အသာယမ်းပစ်လိုက်ကာ စိတ်ရှုပ်ရှုပ်ဖြင့် ဓာတ်ပုံတွေကိုသိမ်းလိုက်သည်။
ထားပါ။
ဘာပဲဖြစ်နေနေ ဒီဂိမ်းဟာ စိတ်ဝင်စားစရာအဆုံးသတ်ရှိသည့်ဂိမ်း...
နန်းသွေးအမရာ နှင့် ပန်းထက်အက္ခရာတို့ကြားက တန်ခိုးဆိုသည့်လူတစ်ယောက်အပေါ် လိုသလိုကြိုးဆွဲရမည့်ဂိမ်း။
လောင်းကြေးကြီးသော ဒီဂိမ်းမှာ
မရာလည်း Player
ခရာလည်း Player......
💛💛▫▫▫💛💛
"အသံလုံအခန်းက လုပ်ချင်ရင်တော့ရပါတယ် ဒါပေမယ့် သာမာန်ထက်ပိုအလုပ်ရှုပ်မယ်"
"ဘယ်လိုမျိုးလဲ"
"နံရံတစ်ခုကိုအုတ်နဲ့စီပြီး 50mmခြားပြီး နောက်ထပ်အုတ်နံရံတစ်ခုထပ်စီထားတဲ့ လေဟာနယ်အုတ်ရိုးဆိုပါတော့ အဲ့ဒါအပြင် အဲ့ဒီအုတ်နံရံနှစ်ခုကြားမှာ Rock woolဆိုတဲ့ 50mmအထူရှိတဲ့ ဖန်ဖျင်စ ထည့်ရတယ်
နံရံက လေးဘက်ဆိုတော့ အသံလုံအခန်းရချင်ရင် နှစ်ဆအကုန်ခံရမှာ"
ဩရှသောအသံက တည်ငြိမ်အေးချမ်းနေကာ ရှင်းပြနေသောစကားတွေကလည်း လေးနက်ပြတ်သားနေ၍ သူသည် ဤလုပ်ငန်းအပေါ် အတော်လေးအလေးအနက်ထားဟန်ရှိသည်။
အတိအကျရှင်းပြနေသည်မှာလည်း ဝါရင့်သမ္ဘာရင့်အင်ယာတစ်ယောက်နှင့် တူနေကာ ခရာ့မှာ လှည့်မကြည့်ဘဲမနေနိုင်အောင်ပင်။
"ရတယ် ဖြစ်တယ် ငါ့ညီပဲလုပ်ပေးပါ"
"ကျွန်တော်က ကုမ္ပဏီလုပ်ငန်းရှိသေးတယ် လုပ်လို့မရဘူး တခြားသူကိုပဲငှားလိုက်ပါ"
"အဲ့လိုလည်းမဖြစ်ဘူး မင်းကိုပဲစိတ်ချတာ မင်းအသိထဲက တစ်ယောက်ယောက်ကိုလွှတ်ပေးလို့ရလား"
"အသိတော့ရှိတယ် ဒါပေမယ့် သူလည်းအင်ယာပဲဆိုတော့ ကျွန်တော်ဝင်ပြီးစွက်ဖက်မှာတော့မဟုတ်ဘူး"
"ကျစ်! မင်းကလုပ်ပြီကွာ"
ခရာ နှာခေါင်းလေးရှုံ့လိုက်မိကာ စကားသံကိုဆက်ပြီးနားစွင့်နေမိတော့ သူ့အသံဟာ ခဏတော့တိတ်ကျသွားခဲ့သည်။
ဘယ်လိုအင်ဂျင်နီယာမို့ ဒီလူက ဇွတ်ခေါ်နေတာပါလိမ့်ဆိုသော သိချင်စိတ်တွေကလည်း တနင့်တပိုးကြီးဖြစ်တည်လာခဲ့သည်။
ခရာသာဆို ဒီလောက်ချေမိုးနေသော အင်ယာကို ခခယယခေါ်မိမှာမဟုတ်…
"ကျွန်တော့်နားရက်ကျ လာကြည့်ပေးမယ် Cavity roomကို အဲ့ဒီနေ့မှလုပ်ပေါ့ ဘေးဖယ်ထားလိုက်ပါ"
"OK"
"ဒါဆို ကျွန်တော်သွားတော့မယ်"
နှုတ်ဆက်သံနှင့်အတူ ထရပ်လိုက်ပုံရကာ သူ့ရဲ့အရိပ်ကြီးက ခရာ့စားပွဲပေါ်အထိအုပ်မိုးလာ၏။
ထို့နောက် စည်းချက်ညီသော ရှူးဖိနပ်ခွာသံနှင့်အတူ ခရာ့ဘေးကဖြတ်လျှောက်သွားသော မြင့်မြင့်မားမားကိုယ်ဟန်တစ်ခုကြောင့် ခရာထပ်ကြည့်မိပြန်သည်။
အပြာဖျော့ဖျော့ရှပ်လက်ရှည်ကို စတိုင်ပင်န်အနက်နှင့်တွဲဝတ်ထားကာ ပြောင်လက်နေသောရှူးဖိနပ်ကြောင့် တန်ခိုးဆိုသည့်လူဟာ ဘာကြောင့်ရယ်မသိဘဲ ထည်ဝါနေခဲ့သည်။
သေသပ်သောဆံပင်တိုတွေနှင့် လည်ဂုတ်သားဖြူဖြူတွေက အနောက်ဘက်မှမြင်ရသည့်တိုင် သန့်ပြန့်လင်းလက်နေ၏။
ရှပ်အင်္ကျီကိုလည်း တံတောင်ဆစ်အထိခေါက်တင်ထားသောကြောင့် အစိမ်းရောင်ထင်းနေသော သွေးကြောတွေကလည်း အတိုင်းသား။
"Woww... ခင်ဗျားက တကယ်အမိုက်စားကြီးပါ Brotherရာ"
💛💛▫▫▫💛💛
Part 6 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~~~~~
💛 Players ( Part - 5 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫
ေက်ာင္းတက္ခဲ့စဥ္က ေပါင္းခဲ့ေသာ သူငယ္ခ်င္းတစ္ေယာက္၏မဂၤလာပဲြမွာ သတို႔သမီးအရံလုပ္ေပးရမွာမို႔ ေသြးသည္ စြမ္းHotelမွာ ေစာေစာေရာက္ႏွင့္ေနသည္။
ျပင္စရာရိွတာျပင္ဆင္ၿပီး အရံဝတ္စံုကိုဝတ္လိုက္ေတာ့ ကိုယ္ဟာ သိပ္လွသၫ့္ပံုရိပ္ေလးတစ္ခု ျဖစ္သြားၿပီမို႔ မွန္ကိုၾကၫ့္ရင္း ေက်နပ္သြားမိ၏။
"ေသြးေရ ပဲြစေတာ့မယ္ေနာ္"
"လာၿပီ"
အဆံုးသတ္ႏႈတ္ခမ္းနီေလးဆိုးကာ အခန္းအျပင္သို႔ ခပ္သြက္သြက္ထြက္လာခဲ့ေတာ့ ေသြးနဲ႔ဆင္တူ အရံဝတ္စံုဝတ္ထားသၫ့္ စည္း။
စည္းက ေသြးကို အမွတ္တမဲ့ျမင္လိုက္ေပမယ့္ ခ်က္ခ်င္းအၾကၫ့္မလႊဲႏိုင္သလို တေမ့တေမာေငးေနကာ သူ႔အၾကၫ့္ေတြဟာ ရႊန္းလက္ရီေဝေန၏။
စည္းအၾကည့္ေတြကို သိပ္သေဘာမက်ေပမယ့္ ကိုယ့္အလွမွာနစ္ေျမာသြားရသည္မို႔ ဂုဏ္ယူဝင့္ႂကြားစြာ ႃပံုးလိုက္မိသည္။
"စည္း ရွင္မ်က္ေတာင္ခတ္ဖို႔ ေမ့ေနသလား"
"ေဆာရီး"
ေသြးေျပာလိုက္မွ အားတံု႔အားနာသြားဟန္ျဖင့္ လည္ပင္းကိုပြတ္ကာ စည္း မ်က္ႏွာလႊဲသြား၏။
ေသြးႃပံုးႃပံုးေလးေနလိုက္ကာ သူဝတ္ထားသည္ကို သတိထားၾကၫ့္ေတာ့ စည္းကလည္း ဒါကိုသတိထားမိသြားဟန္ျဖင့္...
"သတို႔သားအရံေလ"
"Aww ေသြးလည္း သတို႔သမီးအရံေလ ပဲြစေတာ့မယ္တဲ့ သြားရေအာင္"
"အင္း သြားမယ္ေလ"
ႏွစ္ေယာက္သား စကားထပ္မေျပာျဖစ္ေတာ့ဘဲ ခန္းမဘက္ကိုထြက္လာခဲ့ေတာ့ ခန္းမေရ႔ွမွာပဲ သတို႔သား၊သတို႔သမီးႏွင့္ေတြ့၏။
ပဲြစဖို႔နည္းနည္းလိုေသး၍ သတို႔သား၊ သတို႔သမီးကို အခမ္းအနားမွဴးက ေသခ်ာစြာမွာၾကားေနခ်ိန္ ေနာက္ထပ္သတို႔သမီးအရံျဖစ္သၫ့္ ေသြးရဲ့သူငယ္ခ်င္းက ေသြးကို တိုးတိုးကပ္ေျပာလာသည္။
"နင္အရမ္းအ,တာပဲ ေသြးရယ္ မင္းစည္းစိမ္နဲ႔ ဘုန္းတန္ခိုးမွာ ဘုန္းတန္ခိုးကိုေရြးသြားတာကိုေလ"
"ဘာျဖစ္လို႔လဲ"
"စည္းတို႔မိသားစုက အရမ္းခ်မ္းသာတာ အစုတ္ပလုတ္မရဲ့ Min Groupေလ ေမာင္ႏွမႏွစ္ေယာက္ပဲရိွတာကိုမွ စည္းကအငယ္"
"Min Groupဆိုတာက ကို အလုပ္လုပ္ေနတဲ့ကုမၸဏီလား"
"ေအးေလ အဲ့ဒီမွာဘုန္းတန္ခိုးကို စည္းက ေနရာေကာင္းေပးၿပီးေခၚထားတာေနာ္ ၿပီးေတာ့ ဘုန္းတန္ခိုးကလည္း သူ႔အရည္အခ်င္းနဲ႔ဆို ရံုးထိုင္လုပ္လို႔ရရဲ့သားနဲ႔ ဘာလို႔ဆိုဒ္ထဲကိုပဲ ဆင္းခ်င္တာလဲမသိဘူး နင့္လူရဲ့စိတ္ကလည္း အဆန္းပဲ"
ကို႔ကို စည္းက ေနရာေကာင္းေပးသတဲ့လား။
ကို႔ရဲ့စိတ္က သူ႔အေၾကာင္းမသိေသာသူစိမ္းအတြက္သာ ဆန္းျပားႏိုင္ေပမယ့္ ေသြးအတြက္ကေတာ့ မဆန္းျပားပါ။
ကိုဟာ ငယ္စဥ္ကတည္းက အင္ဂ်င္နီယာအိပ္မက္ မက္ခဲ့သူမို႔ ထိုအလုပ္ကို သူဘယ္ေလာက္မက္ေမာသလဲ ေသြးအသိဆံုး။
ဒါေၾကာင့္လည္း ျပၫ့္စံုခ်မ္းသာျခင္းကို ေသြးအလိုရိွမွန္းပါလ်က္ မသိဟန္ေဆာင္ၿပီး အင္ဂ်င္နီယာဆက္လုပ္ေနျခင္းျဖစ္သည္။
"စိတ္မကူးမလဲြနဲ႔ ေသြး ငါကေတာ့ ဘုန္းတန္ခိုးထက္စာရင္ မင္းစည္းစိမ္က ပိုၿပီးမိုက္တယ္လို႔ထင္တယ္"
"နင္ကလည္း ငါက ကိုနဲ႔တဲြေနၿပီဥစၥာ"
"စည္းကလည္း နင့္ကိုစိတ္မျပတ္ေသးတဲ့ပံုပါ ေသြးရယ္ ဒီတစ္ခါ သူနင့္ကိုဖြင့္ေျပာလာရင္ မျငင္းနဲ႔ေတာ့ ငါတို႔မိန္းကေလးေတြဘဝက ကိုယ္ကခ်စ္တဲ့သူထက္ ကိုယ့္ကိုခ်စ္တဲ့သူကိုပဲ ပိုၿပီးေရြးခ်ယ္သင့္တာ"
"အင္း"
ထိုစကားကိုၾကားလိုက္ေတာ့ သတို႔သားႏွင့္စကားေျပာေနေသာ စည္းကို သူမ မသိမသာတစ္ခ်က္ၾကၫ့္မိေတာ့ စည္းကဘာမွမသိ။
ေသြးလိုခ်င္သၫ့္အေနအထားသည္ ကို႔ထက္ စည္းမွာရိွေနေပမယ့္ ေသြး လိုအပ္ေနခ်ိန္တိုင္းမွာ စည္းကဦးစားေပးခဲ့သူမဟုတ္၍ မေက်နပ္ခ်င္ပါ။
မျပၫ့္စံုျခင္းတစ္ခုကလဲြ၍ ကိုကသာ ေသြးအတြက္အၿမဲအဆင္သင့္ျဖစ္ေနသူမို႔ ေသြး ကို႔အေပၚသစၥာေဖာက္လို႔ေကာင္းပါ့မလား…
"တူႏွစ္ကိုယ္ တဲအိုပ်က္မွာေနေနဆိုတာ တခ်ိဳ႕လူေတြအတြက္ပဲထင္တယ္ ငါေတာ့မေနႏိုင္ဘူးဟယ္ ေငြမက္တယ္ပဲေျပာေျပာ"
"အင္း"
တကယ္လည္းေနႏိုင္မွာမဟုတ္ေသာ ေသြးသည္ တစ္ခ်က္ေတာ့ ေတြေဝသြားမိကာ ခရာနဲ႔ေလာင္းကစားလုပ္ထားသည္ကို သတိျပန္ရလိုက္သည္။
ဆံုးျဖတ္ထားသလို ခရာနဲ႔မၿငိခဲ့ရင္ ေသြး ကို႔ကိုဆက္တဲြမည္၊ ၿငိခဲ့လ်ွင္အဆက္သြယ္ျဖတ္ပစ္မည္။
ဘယ္ဘက္ကတြက္တြက္ ေသြး အရႈံးမရိွတာမို႔ ေက်နပ္ေသာအႃပံုးေလးတစ္ခုက ႏႈတ္ခမ္းေပၚေရာက္လာသည္။
မဂၤလာပဲြစေတာ့ ေသြးနဲ႔စည္းဟာ နီးနီးကပ္ကပ္ရိွခဲ့ရၿပီး ကိုယ့္စိတ္ကိုခ်ဳပ္တည္းမထားေတာ့ဘဲ စည္းကိုမၾကာခဏႃပံုးျပမိသည္။
ေသြးေျပာခဲ့ဖူးသလို အစစအရာရာျပၫ့္စံုေသာလူတစ္ေယာက္ကိုရဖို႔ ေသြးဘက္မွာ အရံအစီအစဥ္ဆိုတာလည္း ရိွထားသင့္သည္မလား။
စည္းဟာ ကို႔ရဲ့သူငယ္ခ်င္းျဖစ္ေနေစဦး၊ ေသြး ေရ႔ွဆက္တိုးမိမွာ အေသအခ်ာ။
ႀကိဳးစားလိုက္စမ္း ပန္းထက္အကၡရာ....
💛💛▫▫▫💛💛
"အလုပ္လုပ္မယ္"
"ဟုတ္ကဲ့ ေဖႀကီး"
Singaporeရိွေဖႀကီးဆီသို႔ ခရာျပန္ေရာက္ေနတာျဖစ္ၿပီး မရာကလည္း အစီအစဉ္အတိုင္း ဒီမွာေက်ာင္းတက္ဖို႔အတြက္ ႏွစ္ေယာက္အတူတူ ျပန္လာၾကျခင္းျဖစ္သည္။
အထူးသျဖင့္ ဂိမ္းတစ္ပဲြကစားဖို႔ ခရာတို႔ႏွစ္ေယာက္ သေဘာတူညီခ်က္ကိုယ္စီျဖင့္ နားလည္မွဴယူလိုက္ၾကသည္ဆို ပိုမွန္မလား။
"အဲ့ဒီမွာ ဘာအလုပ္လုပ္မွာလဲ အကၡရာ"
"ေရ႔ွေနပဲလုပ္ခ်င္တာပါ ဒါေပမယ့္ ဥပေဒရဲ့အျပင္ေလာကဟာ ဘယ္ေလာက္က်ယ္ျပန႔္သလဲ သိခ်င္ေသးတယ္ ေဖႀကီး"
"အဲ့ဒီေတာ့"
"ခရာ ရတဲ့အလုပ္ကို အရင္လုပ္ႏွင့္ခ်င္တယ္"
ေဖႀကီးက ခရာ့ကိုမယံုေသာေၾကာင့္ သိပ္မသကၤာသလိုၾကၫ့္ေနေပမယ့္ ခရာကေတာ့ မွင္ေသေသျဖင့္ ထမင္းစားေနလိုက္သည္။
ေဖႀကီးဟာ သံအမတ္ပီပီ စကားအသြားအလာကိုေရာ၊ စကားေျပာေနခ်ိန္ အျပဳအမူေတြကိုပါ အကဲခတ္ၿပီး ဆံုးျဖတ္တတ္သူျဖစ္သည္။
ေမႀကီးဆီကိုလည္း ဘယ္လိုလဲဆိုသၫ့္သေဘာျဖင့္လွမ္းၾကၫ့္လိုက္ပံုရကာ ေမႀကီးကေတာ့ ေခါင္းညိတ္ျပသည္ကိုလည္း မ်က္လံုးေထာင့္မွ ျမင္လိုက္ရ၏။
သို႔ေပမယ့္ အခုခ်ိန္ထိပါးစပ္ပိတ္ေနေသာ မရာ့ကို တစ္ခ်က္မေက်နပ္သြားတာမို႔ စားပဲြခံုေအာက္ကေန မရာ့ေျခဖမိုးကို ေဒါက္ႏွင့္နင္းပစ္လိုက္သည္။
Slipperေတြသာစီးတတ္ေသာ မရာ့အတြက္ ဆဲလ္ဟီးနဲ႔အနင္းခံရျခင္းဟာ အီစိမ့္သြားမွာအေသအခ်ာ။
ကစားပဲြစဖို႔ဆိုတာ ခရာ ျမန္မာျပည္မွာေနရမွာမို႔ မရာ့အေနနဲ႔လည္း ခရာ့ကိုခြင့္ျပဳေပးဖို႔ ေဖႀကီးကိုကူေျပာသင့္သည္မဟုတ္လား…
"ဟုတ္သားပဲ ေလးေလးကလည္း.. ခရာ အဲ့မွာမေနတာၾကာၿပီကို ခ်က္ခ်င္းႀကီးေရ႔ွေနလုပ္လို႔လည္း သိပ္အဆင္မေျပဘူးေလ ၿပီးေတာ့ ေဖေဖလည္းရိွေနတာကို"
"အဲ့ဒါေၾကာင့္ပဲစိုးရိမ္ေနတာ ကိုႀကီးက အကၡရာကိုအရမ္းအလိုလိုက္မွာ ေလးေလးသိတယ္ ဒီေကာင္မေလးကခပ္ဆိုးဆိုးနဲ႔"
"ေဖႀကီးကလည္း"
ႏႈတ္ခမ္းစူကာ ဆံပင္တိုေလးေတြ လြင့္သြားသည္အထိ မ်က္ႏွာကိုလႊဲပစ္ေသာ သမီးျဖစ္သူကိုၾကၫ့္ကာ ဦးမင္းထက္ သက္ျပင္းခ်မိသည္။
သူ႔ဇနီးႏွင္းပန္းလို ႏူးညံ့သိမ္ေမြ့သၫ့္ စိတ္သေဘာထားႏွင့္မ်က္ႏွာႏုႏုေလးျဖစ္ေပမယ့္ သူ႔လိုေခါင္းမာၿပီး လိုခ်င္တာကို မရမကပူဆာတတ္သည့္ သမီးေလး။
အေဖ့ေသြး၊ အေမ့ေသြးအျပၫ့္ပါသူအျဖစ္ အမ်ားႀကီးေမ်ွာ္လင့္ထားခဲ့ေသာေၾကာင့္ အေဖအေမဆီက နာမည္တစ္လံုးစီယူကာ ပန္းထက္အကၡရာဟု နာမည္ေပးခဲ့သည္။
အခုဆို အရြယ္လည္းေရာက္ေနၿပီ၊ ေရ႔ွေနလည္းျဖစ္ခဲ့ၿပီမို႔ တည္တည္တံ့တံ့ေနေစခ်င္ေပမယ့္ တစ္ခုခုဆိုကေလးဆိုးေလးလို စိတ္ေကာက္တတ္သည့္အက်င့္က မေပ်ာက္ေသး။
အေၾကာက္အလန႔္လည္း နည္းပါးလြန္းကာ မွန္တယ္ထင္လ်ွင္ ျပန္ခံေျပာတတ္ေသးေသာေၾကာင့္ ေလသံမာမာႏွင့္ေျပာမွ ခရာက အေလ်ွာ့ေပးေခါင္းငံု႔တတ္သည္။
ကိုယ္က သံအမတ္မို႔ ကိုယ့္လိုေနရာမ်ိဳးကို ေရာက္ေစခ်င္ကာမွ မယ္မင္းႀကီးမေလးက ဘာလုပ္ခ်င္ျပန္ၿပီလဲမသိ…
"ဘာအလုပ္လုပ္ဖို႔စိတ္ကူးထားလို႔လဲ"
"မသိေသးဘူး ခရာဘာပဲလုပ္လုပ္ ေဖႀကီးရဲ့ဂုဏ္သိကၡာကိုေတာ့ မထိခိုက္ေစရပါဘူး"
"ေဖႀကီးယံုပါတယ္ ဒါဆိုကတိေပးမလား သမီးဘယ္ကုမၸဏီမွာပဲဝင္ဝင္ ေဖႀကီးကိုအသိေပးရမယ္လို႔"
"ဟုတ္"
"သံအမတ္တစ္ေယာက္ရဲ့သမီးျဖစ္ေနေတာ့ ေနရာတကာမွာ သာမာန္လူလိုမလြတ္လပ္ဘူး ထိန္းသိမ္းရမွာေတြ သမီးသိတယ္မလား လမ္းမမွားေစနဲ႔အကၡရာ"
"ဟင္!! ဘယ္လမ္း"
"သမီးကို ေဖႀကီးအမ်ားႀကီးမွန္းထားတာေနာ္ ေဖႀကီးကိုစိတ္မပ်က္ေစနဲ႔"
"ဟုတ္ကဲ့ ေဖႀကီး"
ႃပံုးရႊင္စြာကတိေပးလာသၫ့္မ်က္ႏွာက ေစာေစာကနဲ႔မတူတာမို႔ အခုမွသမီးမ်က္ႏွာေလးကိုၾကၫ့္ၿပီး အေမာေျပသြား၏။
တူမေလးႏွင့္ႏွင္းပန္းကေတာ့ ႃပံုးေစ့ေစ့ျဖင့္ ထမင္းဆက္စားေနၾကကာ သမီးကေတာ့ သူ႔ပန္းကန္ထဲ ဟင္းေတြလာထၫ့္ေပး၏။
အေျပာင္းအလဲျမန္လိုက္တဲ့ သမီးစုတ္ေလး...
💛💛▫▫▫💛💛
"နင့္အတြက္ ဘာေတြလိုေသးလဲ ခရာ"
"မလိုဘူး ငါ့ဘာသာပဲစီစဥ္မယ္"
ျဖစ္ရမည္ဟု ယံုၾကည္ထားသည္မို႔ ခရာ့ေလသံေတျြပတ္သားေနသလို အရာရာသည္လည္း တက္တက္ႂကြၾကြ။
ေဖႀကီးဆီက တရားဝင္ခြင့္ျပဳခ်က္လည္းရထားၿပီးၿပီမို႔ ခရာ ဒီကိုျပန္လာေတာ့ မရာက ေက်ာင္းတက္ဖို႔အေၾကာင္းျပခ်က္ျဖင့္ ေဖႀကီးတို႔ႏွင့္က်န္ခဲ့သည္။
ခရာတစ္ေယာက္တည္းျပန္လာသည္က ဂိမ္းတစ္ခုအစပ်ိဳးဖို႔ျဖစ္ကာ ပါပါးတို႔ဆီမွာေနလို႔မရ၍ အျပင္မွာတိုက္ခန္းတစ္ခုငွားရသည္။
တန္ခိုးဆိုသၫ့္လူက နာမည္ကႀကီးက်ယ္သေလာက္ လူကလည္း အမိုက္စားရုပ္ရည္ျဖင့္။
၆ေပဆိုေသာအရပ္ႀကီးက ဘယ္ေနရာကၾကၫ့္ၾကၫ့္ ထင္းေနေသာေၾကာင့္ ခရာ သူ႔ေနာက္ကို တကူးတကလိုက္ေခ်ာင္းေနစရာပင္မလို။
"လားရိႈးသားဟ ေခ်ာတာသာေျပာလို႔"
"ေတာင္ႀကီးဘက္ကလာတာဆို ေတာင္ႀကီးသားေတြေခ်ာတာေတာ့ လက္ေတြ့ပဲ"
"မဟုတ္ဘူး ငါစံုစမ္းၿပီးၿပီ သူက လားရိႈးကလာတာ"
"Aww"
"မရာနဲ႔လိုက္သားပဲေနာ္ ဒါေပမယ့္ သူ႔နာမည္၊သူ႔ပံုစံနဲ႔ Backgroundမေတာင့္ဘူးဆိုတာ ယံုခ်င္စရာမရိွဘူး"
ခရာပြင့္လင္းစြာေျပာေတာ့ စားပဲြေပၚခ်ထားေသာ Miniဓာတ္ပံုေလးေတြကိုၾကၫ့္ကာ မိုးစက္ကရယ္ၿပီး ခရာ့နားထင္ကို လက္ၫွိုးႏွင့္တြန္းပစ္၏။
တကယ္… ဒီအဆင္အမိုက္စားႀကီးကို မရာ ဘာေၾကာင့္မ်ားမခ်စ္တာပါလိမ့္…
"ဘာထင္ေနတာလဲ နင္က"
"မသိဘူး သိပ္မလိုက္ဖက္ဘူးလို႔ပဲထင္ေနတာ သူ႔backgroundက တကယ္ပဲ"
"ေအး ငါတို႔ၾကားထားသလိုပဲ အေဖကၿခံအလုပ္ လုပ္တယ္ အေမကအၿငိမ္းစားေက်ာင္းဆရာမတဲ့ အေသအခ်ာေတာ့မသိဘူး ၾကားထားသေလာက္ေတာ့ အဲ့ဒါပဲ"
"အစ္ကိုရိွတယ္ဆိုတာကေရာ"
"ရိွတယ္လို႔ပဲသိတာ က်န္တာဘာမွမသိဘူး တန္ခိုးကအေတာ္လ်ိႈထားတာေနာ္ သူဒီကိုေရာက္တာ ၁၇ႏွစ္ကတည္းက.. အဲ့ကတည္းကအိမ္မျပန္သလို အိမ္အေၾကာင္းလည္း လံုးဝမေျပာဘူးတဲ့"
"က်စ္.. ဒီဘဲကဘာလား"
"ဘယ္သူမွမသိေတာင္ အမရာေတာ့သိမွာပဲ သူ႔ကိုေမးၾကၫ့္ပါလား"
"မေမးေတာ့ပါဘူး"
တကယ္လည္း ေမးစရာမလိုဟု ခရာထင္မိသည္။
တန္ခိုးရဲ့Backgroundဟာ ခရာၾကားထားသည္သာအမွန္ျဖစ္ေလာက္ၿပီး ထိုသို႔သာမာန္အေျခအေနေၾကာင့္ မရာတစ္ေယာက္ စိတ္ညစ္ေနျခင္းျဖစ္ရမည္။
ေျပာလိုက္ရင္ 'တန္ခိုးထက္သာတဲ့သူ'ဆိုတာ ပါးစပ္ဖ်ားကမခ်။
"တန္ခိုးထက္သာတဲ့ဘဲကို ရခ်င္တာလား ငါ့လူထက္သာတဲ့ဘဲကို ရခ်င္တာလား မရာ"
"၂ခုလံုးပဲ"
မရာ့အေျဖကိုနားထဲျပန္ၾကားေတာ့ ေခါင္းေလးကို အသာယမ္းပစ္လိုက္ကာ စိတ္ရႈပ္ရႈပ္ျဖင့္ ဓာတ္ပံုေတြကိုသိမ္းလိုက္သည္။
ထားပါ။
ဘာပဲျဖစ္ေနေန ဒီဂိမ္းဟာ စိတ္ဝင္စားစရာအဆံုးသတ္ရိွသၫ့္ဂိမ္း...
နန္းေသြးအမရာ ႏွင့္ ပန္းထက္အကၡရာတို႔ၾကားက တန္ခိုးဆိုသၫ့္လူတစ္ေယာက္အေပၚ လိုသလိုႀကိဳးဆဲြရမၫ့္ဂိမ္း။
ေလာင္းေၾကးႀကီးေသာ ဒီဂိမ္းမွာ
မရာလည္း Player
ခရာလည္း Player......
💛💛▫▫▫💛💛
"အသံလံုအခန္းက လုပ္ခ်င္ရင္ေတာ့ရပါတယ္ ဒါေပမယ့္ သာမာန္ထက္ပိုအလုပ္ရႈပ္မယ္"
"ဘယ္လိုမ်ိဳးလဲ"
"နံရံတစ္ခုကိုအုတ္နဲ႔စီၿပီး 50mmျခားၿပီး ေနာက္ထပ္အုတ္နံရံတစ္ခုထပ္စီထားတဲ့ ေလဟာနယ္အုတ္ရိုးဆိုပါေတာ့ အဲ့ဒါအျပင္ အဲ့ဒီအုတ္နံရံႏွစ္ခုၾကားမွာ Rock woolဆိုတဲ့ 50mmအထူရိွတဲ့ ဖန္ဖ်င္စ ထၫ့္ရတယ္
နံရံက ေလးဘက္ဆိုေတာ့ အသံလံုအခန္းရခ်င္ရင္ ႏွစ္ဆအကုန္ခံရမွာ"
ဩရွေသာအသံက တည္ၿငိမ္ေအးခ်မ္းေနကာ ရွင္းျပေနေသာစကားေတြကလည္း ေလးနက္ျပတ္သားေန၍ သူသည္ ဤလုပ္ငန္းအေပၚ အေတာ္ေလးအေလးအနက္ထားဟန္ရိွသည္။
အတိအက်ရွင္းျပေနသည္မွာလည္း ဝါရင့္သမ႓ာရင့္အင္ယာတစ္ေယာက္ႏွင့္ တူေနကာ ခရာ့မွာ လွၫ့္မၾကၫ့္ဘဲမေနႏိုင္ေအာင္ပင္။
"ရတယ္ ျဖစ္တယ္ ငါ့ညီပဲလုပ္ေပးပါ"
"ကၽြန္ေတာ္က ကုမၸဏီလုပ္ငန္းရိွေသးတယ္ လုပ္လို႔မရဘူး တျခားသူကိုပဲငွားလိုက္ပါ"
"အဲ့လိုလည္းမျဖစ္ဘူး မင္းကိုပဲစိတ္ခ်တာ မင္းအသိထဲက တစ္ေယာက္ေယာက္ကိုလႊတ္ေပးလို႔ရလား"
"အသိေတာ့ရိွတယ္ ဒါေပမယ့္ သူလည္းအင္ယာပဲဆိုေတာ့ ကၽြန္ေတာ္ဝင္ၿပီးစြက္ဖက္မွာေတာ့မဟုတ္ဘူး"
"က်စ္! မင္းကလုပ္ၿပီကြာ"
ခရာ ႏွာေခါင္းေလးရႈံ႔လိုက္မိကာ စကားသံကိုဆက္ၿပီးနားစြင့္ေနမိေတာ့ သူ႔အသံဟာ ခဏေတာ့တိတ္က်သြားခဲ့သည္။
ဘယ္လိုအင္ဂ်င္နီယာမို႔ ဒီလူက ဇြတ္ေခၚေနတာပါလိမ့္ဆိုေသာ သိခ်င္စိတ္ေတြကလည္း တနင့္တပိုးႀကီးျဖစ္တည္လာခဲ့သည္။
ခရာသာဆို ဒီေလာက္ေခ်မိုးေနေသာ အင္ယာကို ခခယယေခၚမိမွာမဟုတ္…
"ကၽြန္ေတာ့္နားရက္က် လာၾကၫ့္ေပးမယ္ Cavity roomကို အဲ့ဒီေန့မွလုပ္ေပါ့ ေဘးဖယ္ထားလိုက္ပါ"
"OK"
"ဒါဆို ကၽြန္ေတာ္သြားေတာ့မယ္"
ႏႈတ္ဆက္သံႏွင့္အတူ ထရပ္လိုက္ပံုရကာ သူ႔ရဲ့အရိပ္ႀကီးက ခရာ့စားပဲြေပၚအထိအုပ္မိုးလာ၏။
ထို႔ေနာက္ စည္းခ်က္ညီေသာ ရႉးဖိနပ္ခြာသံႏွင့္အတူ ခရာ့ေဘးကျဖတ္ေလ်ွာက္သြားေသာ ျမင့္ျမင့္မားမားကိုယ္ဟန္တစ္ခုေၾကာင့္ ခရာထပ္ၾကၫ့္မိျပန္သည္။
အျပာေဖ်ာ့ေဖ်ာ့ရွပ္လက္ရွည္ကို စတိုင္ပင္န္အနက္ႏွင့္တဲြဝတ္ထားကာ ေျပာင္လက္ေနေသာရႉးဖိနပ္ေၾကာင့္ တန္ခိုးဆိုသၫ့္လူဟာ ဘာေၾကာင့္ရယ္မသိဘဲ ထည္ဝါေနခဲ့သည္။
ေသသပ္ေသာဆံပင္တိုေတြႏွင့္ လည္ဂုတ္သားျဖဴႁဖူေတြက အေနာက္ဘက္မျွမင္ရသၫ့္တိုင္ သန႔္ျပန႔္လင္းလက္ေန၏။
ရွပ္အက်ႌကိုလည္း တံေတာင္ဆစ္အထိေခါက္တင္ထားေသာေၾကာင့္ အစိမ္းေရာင္ထင္းေနေသာ ေသြးေၾကာေတြကလည္း အတိုင္းသား။
"Woww... ခင္ဗ်ားက တကယ္အမိုက္စားႀကီးပါ Brotherရာ"
💛💛▫▫▫💛💛
Part 6 ဆက္ရန္
စာဖတ္သူတစ္ဦးခ်င္းစီကိုေလးစားလ်က္
#shinthant1141997